ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
868
订阅者
无数据24 小时
-17 天
+230 天
帖子存档
photo content

EHS Myanmar's Monthly Theme: What is it for June? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်နေပါသည်။ 🐬 ယခု ဇွန်လအတွက် theme ကတော့ "Environmental Justices and Ethics" ဖြစ်ပါသည်။ 🇲🇲 ‌သဘာဝပတ်ဝန်းကျင်အတွက် တရားမျှတမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် ကျင့်ဝတ်သိက္ခာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိများတွင် ရှိသင့်သည့် ကျင့်ဝတ်သိက္ခာများ စသည့်ပညာပေးဆောင်းပါးများ ရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်သွားပါမည်။ ✌️ Environmental Justics and Ethics နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #Justice #Ethics #SDGs #sustainability

photo content

🌲လှပသော ဂေဟစနစ်ဝန်ဆောင်မှုများအား ကောင်းမွန်စွာရရှိနိုင်ရန်အလို့ငှာ ဂေဟစနစ်တစ်ခုအား ကျန်းမာအောင်ထားရှိကန်လိုအပ်ပါသည်။ ထို့သို့ထားရှိနိုင်ရန်အလို့ငှာ ဂေဟစနစ်တစ်ခု၏ ကျောရိုး‌ဖြစ်သော ဇီဝမျိုးစုံမျိုးကွဲများ (Biodiversity) မှာလွန်စွာအရေးပါလှပါသည်။ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) အားအဓိပ္ပါယ်ဖွင့်ဆိုရာတွင် ဂေဟစနတ်တစ်ခုအတွင်းမှီတင်းနေထိုင်နေကြသော အမျိုးမျိုးသော သက်ရှိသတ္တဝါများကိုဆိုလိုပါသည်။ ထိုဇီဝမျိုးစုံမျိုးကွဲများ ကျန်းမာစေရန်အတွက်လည်း ဂေဟစနစ်များကွဲပြားမှု (Ecosystem Diversity)၊ မျိုးစိတ်များကွဲပြားမှု (Species Diversity)၊ မျိုးရိုးများကွဲပြားမှု (Genetic Diversity) တို့အား ကြည့်ဖို့လိုအပ်ပါသည်။ ဂေဟစနစ်ကွဲပြားမှုတွင် ဂေဟစနစ်တစ်ခုအတွက် အမျိုးအစားစုံလင်သော ဂေဟစနစ်အသေးအလေးများတည်ရှိမှု၊ မျိုးစိတ်များကွဲပြားမှုတွင် မျိုးစိတ်တစ်ခုနှင့် တစ်ခုအကြား အမျိုးအစားစုံလင်မှုနှင် မျိုးရိုးများကွဲပြာမှူ‌တွင် မျိုးရိုးများအကြားကွဲပြားမှုတို့ဖြစ်ပါသည်။ ထိုသို့သောကွဲပြာမှုများရှိမှာမှ ဇီဝမျိုးစုံမျိုးကွဲများ များပြား၍ ဂေဟနစ်တစ်ခုသည်လည်း ကျန်းမာမည်ဖြစ်ပါသည်။ လူသားတစ်ဦး၏ ခန္ဓာကိုယ်တွင် အရိုး၊ သွေး၊ သား၊ အူကလီစာ စသည်တို့အများအပြားရှိပြီး အရေးကြီးသကဲ့သို့ ဂေဟစနစ်တစ်ခု၊ ဇီဝမျိုးစုံမျိုးကွဲမှုတွင်လည်း မည်သို့ပင် သေးငယ်စေပါမှု အရေးကြီးပါသည်။ Hector မှရေးသားသည်။ ကိုးကားချက် - The Earth Day Network Myanmar ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #biodiversity #Myanmar

လူသားများအတွက် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု --------------------------------------------------------------- EHS Myanmar | 30.5.2022 ဆောင်းပါး၏ခေါင်းစဉ်အား ဘာသာပြန်ရာတွင် ဂေဟစနစ် (Ecosystem) တစ်ခုတွင် ဇီဝမျိုးစုံကွဲပြားမှု (Biodiversity) သည် ၎င်း၏ ဂေဟစနစ်တစ်ခုအတွက် ကျောရိုး (Backbone) မျှသကဲ့သို့ လွန်စွာမှအရေးပါလှပါသည်ဟူ၍ဖြစ်ပါသည်။ ဂေဟစနစ်တစ်ခုတွင် မည်သို့ပင်အမျိုးအစားစုံလင်ပါသော်ငြားလည်း၊ မတူညီပါသော်လည်း၊ လမ်းပေါ်ရှိ ရေဗွက်အိုင်လေးမှစ၍ ကမ္ဘာပေါ်ရှိကြီးမားလှသည့် Amazon ကဲ့သို့သော အပူပိုင်းဒေသသစ်တောကြီး (Rainforest) အထိ ဇီဝမျိုးစုံမျိုးကွဲမှုသည် လွန်စွာမှအရေးပါလှသည်။ သို့သော် ထိုသို့ဘာကြောင့် အရေးပါသည် မရှင်းပြခင် ကျွန်ုပ်တို့အနေဖြင့် ဂေဟစနစ်တစ်ခုနှင့် ၎င်း၏အလုပ်လုပ်ပုံအား ပထမဦးစွာ နားလည်ရန်လိုအပ်ပါသည်။ 🌲 ဂေဟစနစ် (Ecosystem) တစ်ခုဆိုသည်မှာ။ ဂေဟစနစ်တစ်ခုအား အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သက်ရှိ (Living Components) များ (ဥပမာ တိရိစ္ဆာန်များ၊ အပင်များ)နှင့် သက်မဲ့ (Non-living Components) များ (ဥပမာ ကျောက်ဆောင်များ၊ မြေကြီးများ) တစ်ခုနှင့် တစ်ခုရှုပ်ထွေးစွာ ချိတ်ဆက်နေတဲ့ ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ ထိုသို့သော ရှုပ်ထွေးမှုကြောင့်ပင် ဂေဟစနစ်ကြီးတစ်ခု အလုပ်လုပ်ပုံအား လူ၏ သာမှန်မျက်စိဖြင့်ကြည့်ပါက မမြင်နိုင်ပါ။ လေ့လာသူများနှင့် ပညာရှင်များ၏ လေ့လာမှုများ၊ စမ်းသပ်မှုများ၊ စောင့်ကြည့်မှုများလုပ်မှသာ ထိုအလုပ်လုပ်ပုံအားသိမြင်နိုင်မည်ဖြစ်သည်။ ထို့ကဲ့သို့ ဂေဟနစ်ကြီးတစ်ခု၏ အလုပ်လုပ်ပုံအား ပထမဦးစွာရှာဖွေတွေ့ရှိခဲ့သည့်သူမှာ ဂရိရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်သည့် Theophrastus ဖြစ်ပါသည်။ ကျွန်ုပ်တို့ သတိမထားမိ‌သော်ငြားလည်း ထိုကမ္ဘာတစ်ဝန်းရှိ ဂေဟစနစ်ကြီးအား ကမ္ဘာပေါ်ရှိလူသားများအားလုံးသည် အနည်းနှင့်အများ မှီတင်းနေထိုင်နေကြသည်သာ။ အဘယ်ကြောင့်ဆိုသော် ထိုဂေဟစနစ်များသည် ကျွန်ုပ်တို့၏ လူသားများအတွက် ဂေဟစနစ်ဝန်ဆောင်မှုများဟုခေါ်သော Ecosystem Services များကို အခကြေးငွေမယူပဲ ထောက်ပံ့ပေးနေသောကြောင့်ဖြစ်ပါသည်။ 🌲ဂေဟစနစ်ဝန်ဆောင်မှုများ (Ecosystem Services) ဂေဟစနစ်ဝန်ဆောင်မှုများ (Ecosystem Services) အား ဖော်ပြရမည်ဆိုပါက ကျွန်ုပ်တို့ လူသားများမှီတင်းနေထိုင်နေကြသည့် ဂေဟစနစ်များမှ အခကြေးငွေမယူပဲ ထောက်ပံ့ပေးနေသော ဝန်ဆောင်မှုများကို ဂေဟစနစ်ဝန်ဆောင်မှုများဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ဂေဟစနစ်ဝန်ဆောင်မှုများတွင် အမျိုးအစားအားဖြင့် - (၁) လူတို့အတွက် သစ်၊ သတ္တု၊ အစားအသောက်၊ အဝတ်ကဲ့သို့သော သဘာဝသယံဇာတများထောက်ပံ့ပေးသော ဂေဟစနစ်ဝန်‌ ဆောင်မှုများ (Provisioning Ecosystem Services) (၂) လူတို့အတွက် သန့်ရှင်း‌သော သောက်ရေများရရှိနိုင်ရန်အတွက်သော်လည်းကောင်း၊ ကောင်းမွန်စွာနေထိုင်နိုင်ရန် ရာသီဥတုများပုံမှန်ဖြစ်စေရန် စီစစ်ပေးသော၊ ထိန်းညှိပေးသော ဂေဟစနစ်ဝန်ဆောင်မှုများ (Regulating Ecosystem Services) (၃) လူသားတို့အတွက် အပန်းဖြေနိုင်ရန်သော်လည်းကောင်း၊ ဘာသာရေးအတွက်သာ်လည်းကောင်း ထောက်ပံ့ပေးနေသော ဂေဟစနစ်ဝန်ဆောင်မှုများ (Cultural Ecosystem Services) (၄) ထို့သို့သော အပေါ်ရှိဝန်ဆောင်မှုများ ကောင်းမွန်စွာလှည်ပတ်နိုင်ရန်ကူညီထောက်ပံ့ပေးသော ဝန်ဆောင်မှုများ (Supporting Ecosystem Services) ထိုသို့သော ဂေဟစနစ်ဝန်ဆောင်မှုများသည် လူသားများပေါ်တွင်များစွာကိုမှ တန်ဖိုးကြီးလှသည်။ ထိုတန်ဖိုးအား ပိုက်ဆံတန်ဖိုးဖြင့်တွက်ကြည့်ရပါက World Economic Forum အရ တစ်နှစ်ကို 125 trillion အမေရိကန်ဒေါ်လာဖြင့်နှိုင်းယှဉ်နိုင်ပါသည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၏ GDP တန်ဖိုးတို့အားပေါင်းကြည့်ပါကလည်း ထိုတန်ဖိုးအား မမှီသေးပါ။ ဤကဲ့သော လူသားများအတွက် များစွာတန်ဖိုးရှိလှပါသည်။ .

photo content

(၄) ကျူးကျော် ငါးမျိုးစိတ် - ၁၈မျိုး ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဇီဝမျိုးစုံမျိုးကွဲများ စုံလင်စွာ တည်ရှိနေခြင်းသည် သဘာဝပတ်ဝန်ကျင်းအတွက် ကောင်းမွန်သော အရာတစ်ခုဖြစ်သော်လည်း ဒေသတစ်ခု၏မျိုးရင်းမဟုတ်သော၊ ဒေသရင်းမျိုးစိတ်များကို အန္တရာယ်ပေးသော ‌ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းသည် သဘာဝဂေဟစနစ်နှင့် ဇီဝမျိုစုံမျိုးကွဲများကို ထိခိုက်မှုများရှိစေနိုင်သည်။ သို့ဖြစ်‌ပါသောကြောင့် ထူးဆန်းသော အပင်များ၊ တိရစ္ဆာန်များ ( Exotic Species) မွေးမြူကာ စနစ်မဲ့ တောထဲသို့လွှတ်လိုက်ခြင်းများကို ရှောင်ကြဉ်ကြပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံး နည်းလမ်းများကို ရွေးချယ်နေထိုင်ဖို့လိုအပ်ကြောင်း အသိပေးလိုပါသည်။ . မေသရ မှ ပြုစုရေးသားသည်။ ကိုးကား - National Geographic, Status Forest Invasive Species in Myanmar ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #invasivespecies #introducedspecies #exoticspecies

မြန်မာနိုင်ငံတွင်း ကျူးကျော်မျိုးစိတ် (Invasive Species) ဘယ်လောက်များများရှိမည်နည်း။ ---------------------------------------------------------------------------------- EHS Myanmar| 28.5.2022 မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသော ကျူးကျော်မျိုးစိတ်များ မည်မျှရှိနေသည်ကို မဖော်ပြခင်မှာ ကျူးကျော်မျိုးစိတ် (Invasive Species)ဆိုတာဘာလဲ။ မိတ်ဆက်မျိုးစိတ် (Introduced Species) မှာကော ဘာတွေပါလဲစသည်တို့ကို အရင်ဦးစွာ လေ့လာကြည့်ရအောင်။ 🌴ကျူးကျော်မျိုးစိတ် (Invasive Species) ကျူးကျော်မျိုးစိတ်ဆိုသည်မှာ ဒေသတစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော မျိုးစိတ်ဖြစ်ပြီး ထိုဒေသတစ်ခုအတွက် ဌာနေရင်းမျိုးစိတ်မဟုတ်ဘဲ အသစ်ဖြစ်သော သက်ရှိတစ်မျိုးဖြစ်သည်။ ကျူးကျော်မျိုးစိတ်ဟုဆိုလျှင် အများအားဖြင့် တိရစ္ဆာန် အကောင်များကို ပထမဦးစွာမြင်တတ်သော်လည်း မှို၊ ဘတ်တီးရီးယား၊ အပင် စသည်တို့လည်းပါဝင်လျက်ရှိပါသည်။ များသောအားဖြင့် ကျူးကျော်မျိုးစိတ်များသည် ထိုဒေသအသစ်အတွက် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးစွာထိခိုက်စေနိုင်သည်။ သို့သော်လည်း ကျူးကျော်မျိုးစိတ်အားလုံးသည်လဲ အန္တာရာယ် ရှိသည်မဟုတ်ပါ။ ဥပမာအားဖြင့် လူကြိုက်များသော ဂျုံ၊ ခရမ်းချဉ်သီးနှင့် ဆန်များ အပါအဝင် အမေရိကန်တွင် စိုက်ပျိုးသော အစားအစာ သီးနှံအများစုသည် ထိုဒေသအတွက် ဌာနေရင်းမျိုးစိတ်မဟုတ်ပါ။ အန္တရာယ်ရှိသော ကျူးကျော် မျိုးစိတ်တစ်ခုသည် ဧရိယာအသစ်နှင့် အလွယ်တကူ လိုက်လျောညီထွေရှိခြင်း၊ မြန်မြန်မျိုးပွားခြင်း၊ ၎င်းသည် ဒေသတွင်းရှိ ဌာနေရင်းအပင်များနှင့် တိရစ္ဆာန်များကို ထိခိုက်နစ်နာစေခြင်း စသည့် ဂုဏ်လက္ခဏာအင်္ဂါရပ်များ ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာဆိုရင် စုပ်ခွက်ငါး၊ လိပ်ပါးနီ၊ ကန္တာရနှင်းဆီတို့သည် အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များဖြစ်သည်။ . 🐢မိတ်ဆက်မျိုးစိတ် (Introduced Species) မိတ်ဆက်မျိုးစိတ် (Introduced Species) များသည် မကြာခဏဆိုသလို ပိုးမွှားထိန်းချုပ်ရန်၊ အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် အလှဆင်ပြသမှုများပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ဒေသအသစ်သို့ ခေါ်ဆောင်ခြင်းခံကြရသည်။ ဤမျိုးစိတ်များကို တင်သွင်းသော လူများနှင့် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏အကျိုးဆက်များကို မျှော်မှန်းမထားပေ။ သိပ္ပံပညာရှင်များပင်လျှင် မျိုးစိတ်တစ်ခုသည် ပတ်ဝန်းကျင်အသစ်နှင့် မည်သို့လိုက်လျောညီထွေဖြစ်အောင်နေမည်ကို အမြဲသေချာစွာမသိနိုင်ပါ။ မိတ်ဆက်လိုက်သောမျိုးစိတ်များသည် အလွန်လျင်မြန်စွာ များပြားလာပြီး ဒေသရင်းမျိုးစိတ်များကို အန္တရာယ်ပေးသောအခါ အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များဖြစ်လာသည်။ ဥပမာအားဖြင့် 1949 ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ တောင်အာဖရိက၏အစိတ်အပိုင်းဖြစ်သော Marion ကျွန်းသို့ ကြွက်များကို နှိမ်နင်းရန်အတွက် ကြောင်ငါးကောင်ကို ခေါ်ဆောင်ခဲ့သည်။ 1977 ခုနှစ်တွင် ကျွန်းပေါ်တွင် ကြောင်ဦးရေအဆမတန်တိုးပွားလာကာ ကြောင် 3,400 ခန့် နေထိုင်ခဲ့ပြီး ဒေသခံ ငှက်များကို အန္တရာယ် ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အဝေရာပင်ဟု လူသိများသော ဘောစကိုင်းပင် Leucaena leucocephala, (Bawzagaing) သည် ၁၉၇၈ ခုနှစ်ဝန်းကျင်က ဘက်စုံသုံးနှင့် လောင်စာထင်းအတွက် စတင်မိတ်ဆက်ခြင်းခံခဲ့ရသည်။ ဘောစကိုင်းပင်သည် တစ်နှစ်ပတ်လုံး ၈ လနီးပါး ပန်းပွင့်ပြီး သဘာဝအတိုင်း ပေါက်ရောက်နိုင်ခြင်းအပြင် အခြားအပင်မျိုးစိတ်များနှင့် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခြင်း၊ ဒေသခံအပင်များကို အနှောင့်အယှက်ဖြစ်စေနိုင်သော အန္တာရယ်ရှိသော မျိုးစိတ်ဖြစ်လာသည်။ . ထို့အပြင် ဖိုင်းကပ်ပင် Ficus spp မျိုးစိတ်သည်လည်း အိန္ဒိယမျိုးစိတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ထိုးဖောက်ဝင်ရောက်သည့် မျိုးစိတ်တစ်မျိုးဖြစ်သည်။ ငှက်များသည် ထိုအပင်၏ အသီးအနှံများကို စားသုံးရခြင်းဖြင့် ငှက်များအတွက် အကျိုးကျေးဇူးများစွာရှိသော်လည်း ငှက်မစင်မှတစ်ဆင့်‌သော်လည်းကောင်း ကြွေကျခြင်းဖြင့် တိုက်ရိုက်သော်လည်းကောင်း အစေ့များသည် မြေကြီးသို့ရောက်ရှိပြီး အမြစ်များ ပေါက်ရောက်ပြီး အပင်များ ပေါက်ရောက်သောကြောင့် ဒေသခံ သစ်ပင်များအတွက် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသည်။ ထို့အပြင့် အဆောက်အဦများပေါ်တွင် ကြွေကျခြင်းတို့ကြောင့် အဆောက်အဦးများအပေါ်တွင် အပင်များပေါက်ကာ အဆောက်အဦများကိုပင် နောက်ဆုံးတွင် ဖျက်ဆီးပစ်ခဲ့သည်။ သစ်တောဦးစီးဌာန၏ နှစ်စဉ်လုပ်ဆောင်မှုများထဲမှတစ်ခုမှာ ficus ကို ရှင်းလင်းခြင်းဖြစ်သည်။ . မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေသော ကျူးကျော်မျိုးစိတ်အရေအတွက်များကို လေ့လာကြည့်မည်ဆိုလျှင် (၁) ကျူးကျော် ပေါင်းပင်၊ မြက်ပင်၊ အပင် မျိုးစိတ် - ၆၀မျိုး (၂) ကျူးကျော် အင်းဆက်နှင့် ပိုးမွှား မျိုးစိတ် - ၂၈မျိုး (၃) ကျူးကျော် ငှက်မျိုးစိတ် - ၃မျိုး

photo content

International Day for Biological Diversity, May 22 ===================================== "Building a shared future for all life'" is the theme for 2022. The tagline expresses the notion that biodiversity is the foundation upon which we may rebuild better in the context of the ongoing United Nations Decade on Restoration, which stresses that biodiversity is the answer to various sustainable development concerns. #EHSMyanmar #internationalDay #Biodiversity #2k22

ထိုင်းနိုင်ငံ ဆောင်းခလန်ရေကန်အတွင်း ဧရာဝတီလင်းပိုင်အကောင်ရေ (၁၄)ကောင်သာကျန်ရှိတော့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက (၁၀) နှစ်အတွင်း အကောင်‌ရေ (၃၀) ထိတိုးတက်လာမည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ် (Conservation Plan) ကို အတည်ပြုပြဌာန်းခဲ့သည်။ သုတေသီများ၊ သက်ဆိုင်ရာ အေဂျင်စီများနှင့် အတူ (၂၀၁၅) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ဆောင်းခလန်ရေကန်အထက်ပိုင်းရှိ ဧရာဝတီလင်းပိုင်များကို စစ်တမ်းကောက်ယူပြီးနောက် အကောင်ရေ ကျဆင်းလာကြောင်း တွေ့ရှိလာကြသည်။ (၂၀၁၅) ခုနှစ်တွင် (၂၇) ကောင်ခန့်သာရှိကြောင်း သိရသည်။ ယခုလို မျိုးသုဉ်းမှုဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းအရင်းမှာ တရားမဝင်ငါးဖမ်းကိရိယာများကြောင့် (၁၄) ကောင်မှ အကောင် (၂၀)ထိသာ ကျန်တော့သည်။ တရားမဝင်ငါးဖမ်းမှုများကို လျှော့ချနိုင်လျှင် ဧရာဝတီလင်းပိုင် ဦးရေသည် (၁၀) နှစ် အတွင်း အကောင်ရေ (၃၀) ကျော် တိုးလာမည်ဟု ခန့်မှန်းထားကြသည်ဟု The Reporters သတင်းဌာနတွင်ဖော်ပြထားပါသည်။ Reference - www.thereporters.com ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #irrawaddy #Dolphin #thailand #extinction

လေယာဥ်ပျံသန်းမှုများလျှော့ချပေးရန် သဘာဝပတ်ဝန်းကျင်တက်ကြွသူများမှဆန္ဒထုတ်ဖော် ---------------------------------------------------------------------- EHS Myanmar | 17.5.2022 မေလ (၁၅) ရက်နေ့က နယ်သာလန်နိုင်ငံ Amsterdam မြို့ရှိ Schiphol လေဆိပ်တွင် သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူများက အနီရောင်ဝတ်စုံများဝတ်ကာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ "We are flying too much" ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြပြီး ကမ္ဘာတဝှမ်းရှိအစိုးရများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုတောင်းဆိုခဲ့ကြသည်။ လေယာဉ်ပျံသန်းမှုအလွန်အကျွံများခြင်းကြောင့် ဆူညံမှု (Noise Pollution) နှင့် လေထုညစ်ညမ်းမှု (Air Pollution) တို့ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်းပြောဆိုခဲ့ကြသည်။ နှစ်စဉ် ကာဗွန်ထုတ်လုပ်မှု (Carbon Emission) ၏ (၃) ရာခိုင်နှုန်းနီးပါးသည် လေယာဉ်ကဏ္ဍ (Aviation) မှဖြစ်ပါသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.ruptly.tv/en/videos/20220514-031-Netherlands-We-are-flying-too-much-Environmental-activists-rally-at-Schiphol-Airport ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Netherlands #Amsterdam #noisepollution #airpollution #aviation

photo content

[English Below] EHS Myanmar အနေဖြင့် "A study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဥ်ဖြင့် အသေးစား သုတေသနစာတမ်း တစ်ခုကို Self-Funded ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြုစုရေးသားထုတ်ဝေနိုင်ခဲ့ပါသည်။ . ကျွန်ုပ်တို့ စာတမ်း၏ရည်ရွယ်ချက်များမှာ - ၁။ မြန်မာနိုင်ငံသားများ၏ အင်တာနက်သုံးစွဲပုံအခြေအနေ နှင့် အမြင်များအားလေ့လာရန်၊ ၂။ မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အင်တာနက်နည်းပညာကဏ္ဍ နှင့် အလုပ်လုပ်ပုံများကို လေ့လာရန်၊ ၃။ အင်တာနက်အသုံးပြုခြင်းကြောင့် လူသားများ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာသည့် အကောင်းအဆိုးများကိုလေ့လာရန်၊ ၄။ အင်တာနက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျှော့ချနိုင်မည့်နည်းလမ်းများကို အကြံပြုရန်၊ တို့ဖြစ်ကြပါသည်။ . သုတေသနစာတမ်းအပြည့်အစုံကို Academia.edu တွင်လည်း ဖတ်ရှုနိုင်ပါပြီ။ https://www.academia.edu/s/3e82c00092?source=link ......................................................................................................................... In April 2022, EHS Myanmar had authored and published a self-funded Research Paper titled "A Study on Environmental Impacts of Internet Emissions: A Case Study of Yangon, Myanmar". The objectives of our Research Paper are - 1) To study the Information ato examine Myanmar citizens' behaviors toward the internet and how they use it, 2) To learn more about how the internet works in Myanmar and ASEAN Countries, 3) To review the internet emissions affects to the environment, 4) To determine the positive and negative effects on people and the environment, and 5) To recommend better ways to avoid environmental issues. If you would like to read the full report, please visit the academia.edu website or go to this link. https://www.academia.edu/s/3e82c00092?source=link ----------------------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #MIMU #SLCAdvocates #researchpaper #internetemissions

photo content

World Migratory Bird Day, May 14 ======================================= World Migrating Bird Day (WMBD) is an annual awareness-raising effort that emphasizes the importance of migratory bird conservation and habitat preservation. It has a global reach and is an excellent instrument for raising global awareness of migratory bird problems, ecological value, and the need for international cooperation to protect them. Light Pollution will be the focus of the World Migratory Bird Day 2022 campaign. Ref - www.worldmigratorybirdday.org #EHSMyanmar #world #migratoryBird #2k22

photo content

Biodiversity Conservation နှင့်ဆိုင်သည့် Free Online Class များလမ်းညွှန် (၁) ============================================ EHS Myanmar | 12.5.2022 National Geographic Channel (သို့မဟုတ်) NatGeo ဟုဆိုလျှင်မသိသူမရှိ။ စာရေးသူငယ်ငယ်တုန်းကဆိုလျှင် NGC တို့ Discovery Channel တို့ မြန်မာဘာသာပြန်လာပြီဆိုလျှင် စောင့်ပြီးကြည့်ခဲ့ရတာပေါ့။ ထားပါတော့...အခုပြောပြပေးချင်တာက NGC မှဦးစီးပြီး အပင်လေးများ၊ တောရိုင်းတရိစ္ဆာန်များစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရည်ရွယ်ပြီး National Geographic Channel ၏ website တွင် အခမဲ့လေ့လာလို့ရနိုင်မည့် Free Online Courses များကိုလမ်းညွှန်ပေးချင်ပါတယ်။ မြန်မြန် Enroll လုပ်ဖို့တော့တိုက်တွန်းလိုပါတယ်...ဘာလို့ဆို Course တစ်ခုချင်းဆီအလိုက် သင်တန်းသားအရေအတွက်ကန့်သတ်ထားတာကြောင့်ပါ။ သတ်မှတ်အရေအတွက်ပြည့်သွားလျှင် Enroll လုပ်လို့မရတော့ပါ။ Assessment ပြီးမြောက်သွားလျှင် Certificate ပါရဦးမှာမို့ လက်မလွှတ်သင့်ပါ။ . 🟩 Prioritizing Species and Spaces Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Exploring conservation, Species and spaces, United for wildlife, Zoological society of london သင်တန်းလင့် - https://account.nationalgeographic.org/.../prioritizing.../ . 🟩 Understanding Illegal Wildlife Trade Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Illegal wildlife trade, Zoological society of london, United for wildlife, Conservation သင်တန်းလင့် - https://account.nationalgeographic.org/.../understanding.../ . 🟩 Ocean Challenges and Solutions Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - Exploring conservation, National geographic society, United for wildlife, Zoological society of london သင်တန်းလင့် - https://account.nationalgeographic.org/.../ocean.../ . 🟩 Scientific Expeditions for Conservation Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Scientific expeditions, United for wildlife, Zoological society of london, Exploring conservation သင်တန်းလင့် - https://account.nationalgeographic.org/.../scientific.../ . 🟩 Conservation Project Planning Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Project planning, United for wildlife, Zoological society of london, Conservation သင်တန်းလင့် - https://account.nationalgeographic.org/.../conservation.../ Enroll လုပ်တဲ့အခါမှာ အခက်အခဲရှိရင် Page Chat မှာလာမေးလို့ရပါတယ်။ တခြား လေ့လာလို့ရမယ့် Free Online Courses တွေကိုလဲ နောက် ဝေမျှပေးသွားဦးမှာဖြစ်လို့ See First လုပ်ထားပါဦး။ သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #biodiversity #conservation #free #onlineCourse #NatGeo

photo content

မြန်မာအပါအဝင် တောင်အာရှနိုင်ငံများ၏ အပူချိန်သည် လာမည့်နှစ်များအတွင်း ယခုထက်ပိုဦးမည်ဟု ခန့်မှန်းထားပါသည်။ဥပမာ - ပါကစ္စတန်နိုင်ငံတွင် (၅၀) ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်သည် ဟု ရာသီဥတုပညာရှင် Scott Duncan က သူ၏ Facebook တွင်ရေးသားထားသည်။ #EHSMyanmar #climatechange #weather #scottDuncan