ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
868
订阅者
无数据24 小时
无数据7 天
+230 天
帖子存档
photo content

Calling Volunteers For Data Enumerators Position (online Part-time positions) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🌍ရာသီဥတုဖောက်ပြန်ပြောင်းလဲလာသည်နှင့်အမျှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများသည် ရာသီဥတုဖောက်ပြန်ခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်းနှင့် အပြစ်ရှိကြောင်း ခံစားလာကြရသည်။ ထို့ကြောင့် EHS Myanmar အနေဖြင့် 2022-2023 ခုနှစ်အတွက် ထိုပြဿနာအပေါ် ထိရောက်သော ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် "A Review and Assessment of Climate Change Anxiety in Yangon Region" ဆိုသည့်ခေါင်းစဉ်ဖြင့် (Mini Research) သုတေသနစာတမ်းငယ်တစ်စောင်အား ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ . 🌍 ထိုကဲ့‌သို့ သုတေသနစာတမ်း ပြုစုရာတွင် စာပေပြန်လည်သုံးသပ်ခြင်း (Literature review)၊ ရာသီဥတုပြောင်းလဲမှုဒဏ်အပေါ် လူများ၏ ထင်မြင်ယူဆချက်များကို မေးခွန်းများ (Questionnaires) မေးခြင်းဖြင့် စစ်တမ်းကောက်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့၏ မြို့ပြ ခရိုင်များ (ကမာရွတ်၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ သင်္ဃန်းကွန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်၊ တွံတေး) မှ စုစုပေါင်း ဒေတာအရေအတွက် ၄၂၀ ကို ကောက်ယူရန် လိုအပ်ပါသည်။ အဆိုပါမြို့နယ်များမှ မေးခွန်းများ (Online Questionnaires)များကို စစ်တမ်းကောက်ယူရန် စေတနာ့ဝန်ထမ်း ( Volunteer) ၁၃ ဦးကို ခေါ်ယူသွားမည်ဖြစ်ပါသည်။ . 📢 Volunteer တစ်ယောက်အနေနဲ့ ဘာတွေလုပ်ရမလဲ? (၁) Volunteer တစ်ဦးလျှင် သတ်မှတ်ရက်အတွင်း မိမိတာဝန်ယူထားသော မြို့နယ်မှ အနည်းဆုံး လူ(၃၅)ဦးထံ Online Questionnaires ဖြင့် စစ်တမ်းကောက်ယူရန် လိုအပ်ပါသည်။ (၂) Volunteer များသည် ဒေတာစုဆောင်းခြင်း (Data Collection) လုပ်ငန်းစဉ်ကို Google Form မှ လုပ်ဆောင်ပေးရမှဖြစ်ပြီး အွန်လိုင်းအချိန်ပိုင်းအလုပ်လုပ်ရန်သာ လိုအပ်ပါသည်။ (၃) Volunteer များသည် မိမိ Supervisor ထံ ဒေတာကောက်ယူခြင်းနှင့်ပတ်သတ်၍ နေ့စဉ်သတင်းပို့ရန် လိုအပ်ပါသည်။ (၄) Volunteer များသည် ဒေတာအပြည့်အစုံ လူ(၃၅)ဦးထံမှ စုဆောင်းပြီးနောက် Supervisor များထံ Microsoft Excel format ဖြင့် ပေးပို့ရန် လိုအပ်ပါသည်။ 📢 Volunteer လျှောက်ထားနိုင်သူများ (၁) Environmental (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ) သို့မဟုတ် Sustainability-related Subjects (‌ရေရှည်တည်တံ့မှုနှင့်ပတ်သက်သော ဘာသာရပ်များ) ကိုစိတ်ဝင်စားသော ဘွဲ့ကြိုကျောင်းသားများဖြစ်ရပါမည်။ (လုပ်ငန်းအတွေ့အကြုံရှိရန်မလိုအပ်ပါ) (၂) Zoom Conference အပါအဝင် အွန်လိုင်းတူးလ်များ၊ Microsoft Excel၊ Google Forms နှင့် Google Sheets တို့တွင် အခြေခံကျွမ်းကျင်မှု ရှိရပါမည်။ (၃) Laptop သို့မဟုတ် Desktop PC ရှိပြီး Wi-Fi သို့မဟုတ် Mobile Internet ကောင်းမွန်စွာအသုံးပြုနိုင်သော သူများကို ဦးစားပေးပါမည်။ 📢 EHSမှာ Volunteer လုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ (၁) သုတေသနတွင် ပါဝင်ကူညီပေးသော Certificate of Participation ရရှိခြင်း။ (၂) Internet Allowance ရရှိခြင်း။ (၃) သုတေသီများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်ပူပန်မှု အကြောင်းအရာတို့ကို အနီးကပ်လေ့လာနိုင်ခွင့်ရှိခြင်း။ (၄) EHS Myanmar ၏ (၃ လ) Internship Program တွင် တိုက်ရိုက်ရွေးချယ်ခံရမည့် အခွင့်အလမ်းရရှိနိုင်ခြင်း တို့ ဖြစ်ပါသည်။ 📌 Volunteer လျှောက်လိုပါက အောက်ပါ Google Form တွင် ဝင်ရောက်ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။ (မှတ်ချက်။ ။အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်မှန်မှန်ကန်ကန် ဖြည့်ရန် လိုအပ်ပါသည်။) Apply here ‼️ https://forms.gle/S71XoZ81wvRLb33y9 📌 Application Deadline - February 7, 2023 (5:00 PM) 📌 ရွေးချယ်ခံရသူများအား ဖေဖော်ဝါရီ ၁၂ ရက်‌နေ့မတိုင်မီ ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် အကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါ Linkထဲမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ 👇 https://drive.google.com/file/d/10v5aU39WzcJk8agE4fc3WjG7p0D7i8T8/view?usp=share_link Myanmar Information Management Unit (MIMU) မှာလဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ 👇 http://themimu.info/jobs-for-myanmar-nationals --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #volunteer #climateanxiety #dataenumerator #online #partime

International Zerbra Day, January 31 ================================================ International Zebra Day takes place eve
International Zerbra Day, January 31 ================================================ International Zebra Day takes place every year on January 31st and exists for one purpose; to raise conservation efforts for these amazing, yet endangered animals. #EHSMyanmar #internationaldays #zebra

photo content
+2

Environmental Sustainability Online Course Batch-5 --------------------------------------------------------- 🌐 ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ Environmental Sustainability Course Batch 5 (Intermediate Level) ကို သင်ရိုးအသစ်ဖြင့် ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။ 🌐 EHS Myanmar သည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ရပ်ရွာလူထု၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ၎င်းတို့ကို လျှော့ချခြင်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှ တန်ဖိုးရှိသည့် အသိပညာများကိုမျှဝေပေးလျက်ရှိသော ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 🌐 ဘာတွေသင်မှာလဲ? - Life Cycle Assessment (LCA), - Circular Economy, - Environmental Sustainability practices, - Environmental Hazards and Public Health, - Environmental health risk assessment (EHRA), - etc. 🌐 Life Cycle Assessment ဆိုတာဘာလဲ? https://www.instagram.com/p/Cn9c-KorrRe/?igshid=MDJmNzVkMjY= 🌐 ဘယ်သူတွေသင်မှာလဲ? နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားလျက်ရှိတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ အတွေ့အကြုံရှိ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🌐ဘယ်သူတွေတက်သင့်သလဲ? Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်များလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ 🌐 ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ? ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။ အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ နေ့ရက်။ ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ) သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing မှတ်ချက်။ ။ ဆရာ/ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၂နာရီမှ ၂နာရီခွဲဝန်းကျင် ကြာမြင့်နိုင်ပါသည်။ 🌐သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၃၈ ၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေနိုင်ပါတယ်။ 🤩 EHS Myanmar ၏ Partnership Organizations များမှ Members များ နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ 🌐 သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေး ဖို့တော့လိုပါမယ်နော်။ 🌐 သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။ မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ​၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန် လိုအပ်ပါသည်။ 📌 Registration Form - https://forms.gle/DmQyCT81QgWBd4Sa6 Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ Batch 1 မှ Review များ - https://www.facebook.com/ehsmyanmar/posts/438878044313618 Batch 3 မှ Review များ - https://www.facebook.com/108833677318058/posts/521757932692295/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability

photo content

[English Below] EHS Myanmar Research Team မှ မကြာခင်ရက်ပိုင်းအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပိုင်းတွင်လုပ်ကိုင်နိုင်မည့် "လူငယ် Volunteer" များခေါ်ယူသွားဖို့ရှိပါတယ်။ Telegram Channel နှင့် Facebook Page တို့မှတဆင့်ကြေငြာပေးသွားပါမှာဖြစ်တဲ့အတွက် Stay tuned ပါ။ The EHS Myanmar Research Team will recruit young volunteer participants. In the near future, it will be announced via the Telegram Channel and Facebook Page. Stay tuned. EHS Myanmar's Telegram Channel - https://t.me/ehsmyanmar #EHSMyanmar #ResearchTeam #volunteer

International Reducing CO2 Emissions Day, January 28 ================================================ International Reducing
International Reducing CO2 Emissions Day, January 28 ================================================ International Reducing CO2 Emissions Day set by the United Nations falls on January 28th. It is meant to promote the development and application of measures aiming to reduce greenhouse gas emissions. It is linked with the 13th Sustainable Development goal, 'Climate Action'. The amount of CO2 derives from human activity, and comes from fossil fuels, agriculture, transport. It needs to be reduced to preserve food systems, terrestrial and wetland ecosystems, freshwater resources, human health, and more. #EHSMyanmar #internationaldays #reduceCO2 #CO2emission

photo content

ကမ္ဘာ့အကြီးအဆုံးအမြဲစိမ်းတော အမေဇုန်ကြီး ၏ ဟက်တာပေါင်း (၁ ၂၀၀ ၀၀၀) ကျော်ပျက်ဆီးဦးမည်ဖြစ်ကြောင်းခန့်မှန်းထားပါတယ်။ ဟုတ်ပြီ... ခု စာရေးသူတို့မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကဏ္ဍကို ခန့်မှန်းသုံးသပ်ကြည့်ကြပါစို့။ ၁။ လျှပ်စစ်ကဏ္ဍမှာတော့ Clean Energy ကို ယခုနှစ်များမှာ အသုံးပြုနိုင်ဖို့ခက်ခဲနေပါဦးမယ်။ ဆိုလာစွမ်းအင်ကို မြန်မာပြည်အထက်ပိုင်းအချို့မှာ project တွေအကောင်အထည်ဖော်နေသည်ဟုသိရသော်လည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ခက်ခဲ့ပါဦးမယ်။ ၂။ လျှပ်စစ်ကားသုံးစွဲမှုကဏ္ဍမှာလဲ မူဝါဒဥပဒေများချမှတ်မည်ဟု သတင်းများထွက်နေသော်လည်း လက်တွေ့မှာ အောင်မြင်နိုင်ချေနည်းနေပါသေးသည်။ တနိုင်ငံလုံးမဆိုထားနှင့် မြို့ပြကြီတွေမှာတောင် လျှပ်စစ်မီးမမှန်တဲ့ပြဿနာကြောင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် လျှပ်စစ်ကားများကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ကအလှမ်းဝေးနေဆဲပါ။ ၃။ သဘာဝဘေးအန္တရာယ်ခြိမ်းခြောက်မှုမှာဆိုလျှင်လဲ မြန်မာနိုင်ငံ Vulnerability အဖြစ်ဆုံးနိုင်ငံတွေမှာ ပါနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုန်းမုန် တိုင်းများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း စတဲ့ natural hazards တွေကို ခံစားနေရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၂၂) ခုနှစ်အတွေ့အကြုံများအရ ငလျင်ဒဏ်ကိုလဲသတိထားဖို့လိုပါမယ်။ ၄။ ပလတ်စတစ်နှင့်အမှိုက်ပြသနာကတော့ ဆက်လက်ရှိနေပါဦးမယ်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာကထွက်ရှိတဲ့ Organisation for Economic Co-operation and Development (OECD) ၏ အစီအရင်ခံစာအရ မြန်မာနိုင်ငံတစ်လုံးမှာထွက်ရှိတဲ့အမှိုက်များရဲ့ (၁၆%) က ပလတ်စတစ်အမှိုက်တွေဖြစ် ပါတယ်။ (၂၀၃၀) ခုနှစ်တွင် တစ်နိုင်ငံလုံးအတွက် Waste Collection ရာနှုန်းပြည့် လုပ်ဆောင်မည်ဟု ချမှတ်ထားသော်လည်း ယခုနိုင်ငံရေးအခင်းအကျင်းများကြောင့် အနည်းငယ်နှောင့်နှေးသွားမည်။ တဖက်မှာလဲ The National Plastic Action Plan ကိုရေးဆွဲနေသည်ဟုသိရပြီး ဘယ်တော့ပြဌာန်းမလဲဆိုတော့မသိရပါ။ ၅။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ သန့်ရှင်းသောရေရှားပါးမှု နဲ့ ကောင်းမွန်သော မိလ္လာစနစ်ရရှိမှုတို့အတွက် EHS Myanamar အပါအဝင် INGO နှင့် NGO များကဝိုင်းဝန်းလုပ်ဆောင်နေကြသော်လည်း ပြည့်စုံဖို့အတွက်ကတော့ လိုအပ်နေပါဦးမယ်။ အထူးသဖြင့် လေထုညစ်ညမ်းမှုအတွက် ကဏ္ဍအလိုက်တိကျသောမူဝါဒများမရှိသေးသလို မော်တော်ယာဉ်ညစ်ညမ်းမှုများ အတွက်လဲ enforcement မရှိနိုင်သေးပါ။ ၆။ Global Forest Watch အဖွဲ့ကြီး၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှာ (၂၀၀၁) ခုနှစ်မှာ (၂၀၂၁) ခုနှစ်အထိ သစ်တော (၅၇%) ကိုဆုံးရှူံးခဲ့ပြီးဖြစ်ပါတယ်။ သစ်တောဆုံးရှုံးမှုမှာ ရှမ်းပြည်နယ်တွင် (၁.၄၇) Mha ဖြင့် အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းမှာ (၄၈၇) kha ဖြင့်ဒုတိယနေရာမှာရှိပါတယ်။ (၂၀၂၃) မှာလဲ သစ်တောပြုန်းတီး မှုများဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး မတည်ငြိမ်သောဒေသတွေမှာ ပိုမိုအဖြစ်များလာကြောင်းသုံးသပ်ထားကြပါတယ်။ နိဂုံးချုပ်ရသော် (၂၀၂၃) ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုတ်ယုတ်မှုတွေကို တွေ့ကြုံခံစားလာရနိုင်ပါ တယ်။ ဒီအချက်ကြောင့်ကနေပဲ တွန်းအားတစ်ခုသဖွယ်ဖြစ်ပြီး Sustainable Developement ဖြစ်အောင် ကမ္ဘာ့နိုင်ငံအသီးသီးက မရွေ့ချင်လဲရွေ့နေရသလိုဖြစ်လို့လာနေပါတယ်။ ဒါကတော့အကောင်းဖက်က မြင်ကြည့်တာပါ။ စာရေးသူတို့နိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကဏ္ဍက ခေတ်အဆက်ဆက် နောက်ဆုံးမှစဉ်းစားတဲ့ အလေ့အကျင့်ကရှိနေခဲ့တာဖြစ်တဲ့အတွက် ယခုနှစ်လဲ သိသာသောပြောင်းလဲမှုတွေ တွေ့ရမယ်လို့မထင်မိပါ။ သိသာသောပြောင်းလဲမှုတွေလို့ဆိုလိုတာဖြစ်တဲ့အတွက် အရွေ့အနည်းငယ်တော့ ၂၀၂၁၊ ၂၀၂၂ ထက်တော့ ဖြစ်လာလိမ့်မည်ဟုယူဆရပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ... သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုတွေကတော့ ကျွန်ုပ်တို့လို NGO တွေက ဆက်လက်လုပ်ဆောင်ပေးနေရဦးမှာဖြစ်ပါတယ်။ ။ ရေးသားသူ - နိုင်ကျော်လူ ကိုးကား - Quantum Commodity Intelligence, Forrester.com, Theguardian.com, Environmental Defence,Global Waste Index 2022, The World Bank, Organisation for Economic Co-operation and Development. -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Environmental #ClimateChange #Global #Myanmar #2023

၂၀၂၃ မှာ ကမ္ဘာနှင့်မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ကြိုခန့်မှန်းကြည့်ရာဝယ် ------------------------------------------------------------------------------ EHS Myanmar | 26.1.23 ၁။ သန့်ရှင်းသောစွမ်းအင်ပိုမိုသုံးလာနိုင်ခြင်း ယခုနှစ်သစ်မှာ စွမ်းအင် ကဏ္ဍမှာအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် လောင်စာစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအစား Clean Energy ဖြစ်တဲ့ ပြန်လည်ပြည့်ဖြိူးမြဲစွမ်းအင် (Renewable Energy) တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများက ပိုမိုအသုံးပြုလာနိုင်ပါတယ်။ ရုရှ နဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲတွေကြောင့်လဲ ကမ္ဘာ့ရေနံ နှင့် ဥရောပနိုင်ငံများ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်မှုများဖြစ်ပေါ် ခဲ့တဲ့ အတွက် ရေနံဈေးတွေမြင့်တက်ခြင်း၊ လျှပ်စစ်လုံလောက်မှုမရှိခြင်းတို့ကြောင့် Renewable Energy သုံးဖို့အတွက် ဥရောပနိုင်ငံတွေကို ပိုမိုတွန်းအားပေးသလိုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် (၂၀၂၃) ခုနှစ်မှာ Clean Energy ကဏ္ဍတွင်ကျယ်လာလိမ့်မယ်လို့ခန့်မှန်းပါတယ်။ ၂။ လျှပ်စစ်ကားအသုံးပြုမှုများလာနိုင်ခြင်း (၂၀၂၂) ခုနှစ်နှစ်ဝက်ကိန်းဂဏန်းများအရ တကမ္ဘာလုံးမှာ Battery-powered Electric Vehicles (BEVs) နှင့် plug-in hybrid electric vehicles (PHEVs) ပေါင်း (၄.၃) သန်းကိုရောင်းချခဲ့ပြီးဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်နှစ်ကုန်မှာ ကားပေါင်း (၁၀.၆) သန်းထိရောင်းချဖို့မျှော်မှန်းထားကြောင်း စာတမ်းအချို့မှာတွေ့ရပါတယ်။ ထို EVs များသုံးစွဲမှုအများဆုံးနိုင်ငံမှာ နော်ဝေးနိုင်ငံဖြစ်ပြီး ရောင်းချမှုအားလုံး၏ (၈၆%) ထိရှိပါတယ်။ တရုတ်နိုင်ငံက (၁၆%) နှင့် အမေရိကန်နိုင်ငံက (၅%) သာရှိပါတယ်။ ထိုကိန်းဂဏန်းများနှင့် အထက်ကပြောခဲ့တဲ့ ရေနံထုတ်လှပ်မှုလျှော့ချလာခြင်း နှင့် ရေနံဈေးမြင့်တက်မှုများ ကိုပေါင်းစပ်လိုက်သည့်အတွက် BEVs နှင့် PHEVs အသုံးပြုမှုက (၂၀၂၃) ခုနှစ်မှာ ဆက်လက်မြင့်တက်လာဦးမယ်လို့ခန့်မှန်းရပါတယ်။ ၃။ ကာဗွန်ဈေးကွက် (သို့မဟုတ်) Carbon Credit တွင်ကျယ်လာနိုင်ခြင်း Carbon Offset ကဏ္ဍ ပိုမိုကျင့်သုံးလာမယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါသေးတယ်။ အထူးသဖြင့် Fashion ကဏ္ဍ မှာ ပိုမိုအသုံးပြုလာကြပါလိမ့်မယ်။ ကမ္ဘာ့ကုမ္ပဏီကြီးအများအပြားသည် ကာဗွန်ခရက်ဒစ်များ ဖန်တီးခြင်း၊ စစ်ဆေးအတည်ပြုခြင်းနှင့် ရောင်းချခြင်းအတွက် ငွေစုဆောင်းခြင်း စသည့်အလေ့အကျင့်များကို (၂၀၂၃) တွင်ပိုမိုအသုံးပြု လာကြမယ်လို့ ခန့်မှန်းထားပါတယ်။ ၄။ ကမ္ဘာ့အပူချိန်မြင့်တက်လာနိုင်ခြင်း ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် ကမ္ဘာကြီးပူနွေးလာခြင်း (Global Warming) တို့က တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာတာကိုသိပြိးသားဖြစ်ကြမှာပါ။ (၂၀၂၂) ခုနှစ် မှာဆိုလျှင် ကမ္ဘာ့အပူအချိန် သည် (0.84°C) ပိုမိုမြင့်လာခဲ့ပြီး၊ ယခုနှစ် (၂၀၂၃) မှာလဲ (1.2°C) ထပ်၍ မြင့်လာနိုင်ကြောင်း သုတေသီများကခန့်မှန်းထားပါတယ်။ ၅။ သဘာဝဘေးအန္တရာယ်များပိုမိုခံစားလာရနိုင်ခြင်း အချက် (၄) ကဖော်ပြခဲ့သလို ရာသီဥတုပြောင်းလဲခြင်းနှင့်ကမ္ဘာကြီးပူနွေးလာခြင်း တို့၏ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးအန္တရာယ်များကိုပိုမိုခံစားလာရနိုင်ပါတယ်။ အထူးသဖြင့် Mega City မြို့ပြကြီးတွေမှာ ရေကြီးရေလျှံမှုတွေများလာမယ်၊ ပူလွန်ခြင်း၊ အေးလွန်ခြင်းတွေဖြစ်လာမယ်။ ငလျင်လှုပ်မှုခြင်းနဲ့ ဟာရကိန်းမုန်တိုင်း တို့တွေလဲ ပိုမိုဖြစ်လာနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။ ၆။ စွန့်ပစ်အမှိုက်ပြသနာကိုဖြေရှင်းနိုင်ဖို့ခက်ခဲနေပါဦးမည် (၂၀၂၂) ခုနှစ် ကိန်းဂဏန်းများကိုလေ့လာကြည့်တဲ့အခါ တကမ္ဘာလုံးတွင်စွန့်ပစ်အမှိုက်ထုတ်လုပ်မှု (Global Waste Generation 2022) က (၂.၀၁) ဘီလျံတန် အထိရှိခဲ့ပါတယ်။ ဒီထကမှ (၃၀၀) မီလီယံက ပလတ်စတစ်အမှိုက်တွေပဲဖြစ်ပါ တယ်။ ဒီအမှိုက်များတွေအများစုက အမေရိကန်နိုင်ငံမှာဖြစ်ပြီး ထိုစွန့်ပစ်အမှိုက်များရဲ့ တဝက်က Landfill မှာပဲစုပုံနေလျက် ရှိပါတယ်။ စစ်တမ်းတစ်ခုအရ (၂၀၃၀) ခုနှစ်မှာ ယခုထွက်ရှိနေသောစွန့်ပစ်အမှိုက်များ၏ (၇၀%) ကျော်ထက် ပိုမိုများပြားလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ အဲ့ဒီအတွက်လဲ ယခု (၂၀၂၃) ခုနှစ်မှာ စွန့်ပစ်အမှိုက်ထွက်ရှိမှုကိုလျှော့ချနိုင် ဖို့ မရှိနိုင်သေးသလို စနစ်တကျစွန့်ပစ်ခြင်းများကလဲ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Marine Plastics Pollution ကလဲပိုမိုဆိုးရွားလာနိုင်ပြီး အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှုကိုလဲ ထိန်းချုပ်နိုင်ဖို့ခက်ခဲနေဦးမှာဖြစ် ကြောင်းခန့်မှန်းထားကြပါတယ်။ ၇။ သစ်တောပြုန်းတီးမှုများဆက်ဖြစ်နေဦးမည် Global deforestation statistics 2022 ကိုလေ့လာကြည့်လိုက်လျှင် (၂၀၂၂) ခုနှစ်၌တကမ္ဘာလုံးအတိုင်းအတာ အရ သစ်တော ဟက်တာပေါင်း သန်း (၄၂၀)ကျော်ဆုံးရှုူံးခဲ့ပီဲးဖြစ်ပါတယ်။ ဒီဆုံးရှုူံးမှုက လွန်ခဲ့စောနှစ် (၃၀) ရဲ့ သစ်တောပြုန်းတီးမှု၏ (၁၀.၃၄) ရာခိုင်နှုန်းရှိကြောင်းတွေ့ရပါမယ်။ (၂၀၂၃) ခုနှစ်မှာလဲ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူသားတွေကြောင့်ဖြစ်စေ သစ်တောပြုန်တီးမှုများဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပါတယ်။

photo content

Reference - ISO.org,ISO Global, Greenly.Earth, Quality(The Green Business Standard) ------------------------------------------------------------------------------ Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/ #EHSMyanmar #ISO14001:2015 #Article

ပတ်၀န်းကျင်ဆိုရင်စီမံခန့်ခွဲမှုစနစ်ဖြစ်သည့် ISO 14001:2015 အကြောင်း တစေ့တစောင်း ==================================================== EHS Myanmar | 24.1.2023 ISO ဆိုတာ International Organization for Standardization ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။ ISO ကတော့ ၁၉၄၆ခုနှစ် လန်ဒန်မြို့မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၅နိုင်ငံမှ ကိုယ်စားလှယ် ၆၅ယောက်ဟာ အနာဂတ် နိုင်ငံတကာစံသတ်မှတ်ခြင်းနဲ့ပက်သက်ပြီး ဆွေးနွေးဖို့တွေ့ဆုံရင်း ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ခုနှစ်မှာတော့ ISO ဟာ ကျွမ်းကျင်သူတွေပါ၀င်တဲ့ နည်းပညာကော်မတီ ၆၇ခုနဲ့ တရား၀င်ဖွဲ့စည်းခဲ့ပါတယ်။ ဆက်ပြီးတော့ ISO 14000 အုပ်စုအကြောင်း အနည်းငယ်ဝေမျှပေးချင်ပါတယ်။ ဒီအုပ်စုဟာ ပတ်၀န်းကျင်နဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုတွေ၊လမ်းညွှန်ချက်တွေနဲ့ စံချိန်စံညွှန်းတွေဘက်ကို အဓိက အသားပေးတဲ့အုပ်စုပဲဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာမှ ISO 14001 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management System)၊ ISO 14010-14015 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ စာရင်းစစ်ခြင်း (Environmental Audits)၊ ISO 14020-14025 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ တံဆိပ်ကပ်ခြင်း (Environmental Labeling) နဲ့ ISO 14040/14044 ဖြစ်တဲ့ သက်တမ်းစက်၀န်းအား အကဲဖြတ်ခြင်း (Life Cycle Assessment) တို့ပဲဖြစ်ပါတယ်။ ဒီထဲမှာမှ ပြောမယ့်အကြောင်းကတော့ ISO 14001 ပတ်၀န်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်အကြောင်းပဲ ဖြစ်ပါတယ်။ International Organizations For Standardization (ISO) 14001 ဟာ ထိရောက်တဲ့ ပတ်၀န်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်အတွက် လိုအပ်ချက်တွေကို ရှင်းပြထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ISO 14001 မှာတော့ အဓိက အကြောင်းအရာ ၅ခု ပါ၀င်ပါတယ်။ 1. ပတ်၀န်းကျင်ဆိုင်ရာ မူဝါဒ (Environmental Policy) 2. စီစဉ်ဆောင်ရွက်ခြင်း (Planning) 3. အကောင်အထည်ဖော်ခြင်း (Implementing) 4. သင့်လျော်သော လုပ်ဆောင်ချက် (Corrective Action) နှင့် 5. စီမံမှုပြန်လည်ဆန်းစစ်ခြင်းအောက်တွင် စောင့်ကြည့်ခြင်း (Monitoring Under Management Review) တို့ပဲဖြစ်ပါတယ်။ ISO 14000 အုပ်စုထဲမှာပါတဲ့ ISO 14001 Environmental Management System ပတ်၀န်းကျင်စီမံခန့်ခွဲမှုစနစ်ဆိုတာ ဘာလဲ? ပတ်၀န်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့အတွက်နဲ့ ရေရှည်တည်တံ့မှုကို အကျိုးပြုစေဖို့အတွက် စနစ်တစ်ခုဖြစ်ပါတယ်။ EMS ကတော့ ကုမ္ပဏီတစ်ခုကနေထွက်တဲ့ 1. Carbon footprint တွက်ချက်ခြင်း (Calculating Carbon Footprint) 2. ခွဲခြမ်းစိတ်ဖြာခြင်း (Analysis) တွေအပြင် 3. သဘာ၀ပတ်၀န်းကျင်ဆိုင်ရာရည်မှန်းချက်အသစ်တွေကို ပြီးမြောက်စေဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုပါ တွက်ချက်ပေးခြင်း (Calculation for the functions that need to be done for new environmental goals) တို့ပဲ ဖြစ်ပါတယ်။ ISO 14001:2015 စံနှုန်းက ဘာလဲ? ISO 14001 မှာ နှစ်မျိုးရှိပါတယ်။ ISO 14001:2004 နဲ့ ISO 14001:2015 ပဲ ဖြစ်ပါတယ်။ အခုစာရေးသူက 2015 အကြောင်းလေးပြောပြချင်ပါတယ်။ ISO 14001:2015 မှာတော့ 1. ခေါင်းဆောင်မှုပိုင်းဆိုင်ရာအတွက် လိုအပ်ချက်အသစ်တွေ (New requirements for leadership engagement) 2. ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ (Interactions with third parties) 3. အန္တရာယ်စီမံခန့်ခွဲမှုအတွက် လိုအပ်တာချက်များ (Necessity for risk-management)နဲ့ 4. လိုအပ်တဲ့စာရွက်စာတမ်းတွေ ထည့်သွင်းခြင်း (Adding essential documentations) တို့ ပါ၀င်ပါတယ်။ ISO 14001 လက်မှတ်ကို ဘာကြောင့် ကုမ္ပဏီတိုင်း ဆောင်ထားသင့်တာလဲ? ISO 14001 လက်မှတ်ရရှိထားတဲ့ကုမ္ပဏီဟာ သင့်ကုမ္ပဏီရဲ့ပတ်၀န်းကျင်အပေါ် ကောင်းတဲ့‌ အကျိုးသက်ရောက်ပုံတွေကြည့်ပြီး‌တော့ ရင်းနှီးမြှုပ်နှံသူတွေ၊ အလုပ်သမားတွေနဲ့ ပတ်၀န်းကျင်ကသူတွေရဲ့ ယုံကြည်မှုကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ ISO 14001 လက်မှတ်ရရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ? ISO လက်မှတ်ရခြင်းက သင့်လုပ်ငန်းကို ပိုမိုထိရောက်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အမှိုက်တွေကို အများအပြား လျှော့ချနိုင်မှာဖြစ်ပြီးတော့ ကုမ္ပဏီကနေ ထွက်လာတဲ့ Carbon footprint တွေကိုလဲ လျော့နည်းစေမှာဖြစ်ပါတယ်။ ISO 14001:2015 မှာတော့ ကုမ္ပဏီကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သိသိသာသာလျှော့ချဖို့ လိုအပ်ပါတယ်။ ဥပမာ မလိုအပ်ပဲ စက်ယန္တရားကြီးတွေအသုံးပြုတာလျှော့ချဖို့နဲ့ တတ်နိုင်တဲ့အခါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း (ဥပမာ Solar Power)တို့ပဲ ဖြစ်ပါတယ်။ ISO 14001 လက်မှတ်ကို ဘယ်ကနေ ရနိုင်မလဲ? American Standards Institute, the International Accreditation Forum (IAF) နဲ့ BSI(Business Standard Company) Group တွေမှာ ရနိုင်ပါတယ်။ သုံးနှစ်အထိသက်တမ်းတိုးနိုင်ပြီးတော့ နောက်ဆက်လုပ်မယ့်အချိန်မှာလဲ သက်တမ်းတိုးနိုင်ပါတယ်။ ယောနသန်မှ ရေးသားသည်။

photo content
+3

Environmental Management and Planning (EMP01) Batch 1 မှ သင်တန်းသူသင်တန်းသားများ၏ review အချို့ကိုဖော်ပြလိုက်ရပါတယ်။ EMP Batch 1 နှင့် မကြာခင်ဖွင့်မည့် Batch 2 အကြောင်း ဖတ်ချင်လျှင် - https://www.facebook.com/ehsmyanmar/posts/pfbid0buBmUUCpKmwigrADmzw3Vc1CbEgu6FbFGshDcgdfxGvrviu4LhF8EmzNoRk684xql ------------------------------------------------------------------------------ Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse

photo content

အနီ နှင့် လိမ္မော်ရောင်အဆင့်ရောက်နေသည့် ရန်ကုန် AQI level -------------------------------------------------------------------------------- EHS Myanmar | 18.1.23 IQ Air ၏ အစီရင်ခံစာများအရ ရန်ကုန်မြို့၏ PM2.5 level သည် WHO guideline ထက် (၉.၆) ဆ ပိုမိုများနေပြီး 47.8µg/m3 ထိရှိနေကြောင်းသိရသည်။ ထို့အပြင် AQI level ကိုလေ့လာကြည့်သည့်အခါမှာလဲ ဇန်နီဝါရီ (၁၅) ရက်နေ့တွင် 151 ဖြင့် အနီရောင်အဆင့်၊ (၁၆) ရက်နေ့တွင် 139 ဖြင့် လိမ္မော်ရောင်အဆင့် နှင့် (၁၇) ရက်နေ့တွင် အနီရောင်အဆင့်တို့အထိရှိခဲ့ပါသည်။ နောက်ရက်များကို ခန့်မှန်းကြည့်သည့်အခါ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ၁၁၃၊ (၂၀) ရက်နေ့တွင် ၁၁၀၊ (၂၁) ရက်နေ့တွင် ၁၁၂၊ (၂၂) ရက်နေ့တွင် ၁၁၀ နှင့် (၂၃) ရက်နေ့တွင် ၁၀၂ AQI ညွှန်းကိန်းများဖြစ်လာနိုင်ပါသည်။ AQI ညွှန်းကိန်းများအရ လိမ္မော်ရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိသော လေထုအရည်အသွေးဖြစ်ပါသည်။ အနီရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအပါအဝင် သာမာန်ကျန်းမာသော လူအုပ်စုအတွက်ပါ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတစ်ခုဖြစ်ပါသည်။ . ရန်ကုန်လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုရှိအောင် ဘယ်လိုလုပ်သင့်သလဲ။ ၁။ အပြင်သွားတိုင်း PM2.5 ကိုစစ်ထုတ်ပေးနိုင်သည့် အရည်အသွေးမြင့် Mask များတပ်ဆင်ပါ။ ၂။ လေအရည်အသွေးဆိုးရွားနိုင်သည့်ဟုထင်သည့် ကားလမ်းနှင့်နီးကပ်သည့် နေအိမ်များတွင် တံခါးတွေပိတ်ထားပါ။ ၃။ အိမ်အတွင်း နှင့် လုပ်ငန်းခွင်တို့တွင် လေသန့်စင်စက် (Air Purifier) များအသုံးပြုပါ။ ၄။ တက်နိုင်လျှင်အပြင်မထွက်ပါနှင့်။ နိုင်ကျော်လူ ရေးသားသည်။ ကိုးကား - IQair Yangon Report 2023 ------------------------------------------------------------------------------ Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/ #EHSMyanmar #Airquality #aqi #yangon #airpollution

photo content

သင်သိပြီးပြီလား?! ______________________ [English Below] မြန်မာနိုင်ငံမှာ Instagram အသုံးပြုသူပေါင်း (၁.၅) သန်းနီးပါရှိပါတယ်။ ဒီထဲမှာ အသက် (၁၈) နှစ်ကနေ (၃၄) ကြား လူငယ် လူလတ်ပိုင်း user တွေက (၇၆) ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီ User တွေကို Target ထားတဲ့အနေနဲ့ EHS Myanmar မှ Instagram Profile အသစ်စတင် launch လုပ်လိုက်ပြီဖြစ်ပါတယ်။ EHSMyanmar Instagram Profile မှာဆိုလျှင်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း တွေကို Facebook၊ Telegram နှင့် LinkedIn တို့မှာတင်တာတွေနဲ့ မတူညီတဲ့ ဆန်းသစ်တီထွင်မှုအသစ်များနှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ကျွန်မတို့ရဲ့ Instagram ကို ယခုပဲ follow လုပ်လိုက်ပါ။ Instagram "ehsmyanmar" ဆိုပြီး search လုပ်ပြီလဲ follow လုပ်လို့ရပါတယ်။ EHS Myanmar Instagram Account - https://www.instagram.com/ehsmyanmar/ . According to data from 2021, there are around 1.5 million Instagram users in Myanmar, more than 76% of whom are youthful middle-aged users between the ages of 18 and 34. EHS Myanmar has developed a new Instagram profile aimed at these individuals. Environmental and Sustainability awareness will be given on the EHSMyanmar Instagram profile with fresh innovations and modernized presentations distinct from those shared on Facebook, Telegram, and LinkedIn. Please now follow our Instagram. You can also type as "ehsmyanmar" on instagram search bar and follow. EHS Myanmar Instagram Account - https://www.instagram.com/ehsmyanmar/ Source: NapoleonCat.com #EHSMyanmar #instagram #launching

EHS Myanmar - Telegram 频道 @ehsmyanmar 的统计与分析