Bioscope Vibes
关闭频道
Well
显示更多未指定国家未指定类别
📈 Telegram 频道 Bioscope Vibes 的分析概览
频道 Bioscope Vibes 是活跃参与者。目前社区聚集了 15 505 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 15 505 名订阅者。
根据 28 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 599,过去 24 小时变化为 57,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 5.27%。内容发布后 24 小时内通常能获得 1.67% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 815 次浏览,首日通常累积 259 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 1。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Well”
凭借高频更新(最新数据采集于 29 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
15 505
订阅者
+5724 小时
+2707 天
+59930 天
帖子存档
15 505
သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ်
(入凶宅) Haunted House 2026 Movie
အားလုံးအတွက် ဒီတစ်ခါ ခြောက်ခြားစရာကောင်းလှတဲ့ အိမ်အိုကြီးထဲက ထူးဆန်းဆန်းပြားတဲ့ လျှို့ဝှက်ချက်တွေ ကျောချမ်းစရာ ဝိညာဉ်လောကရဲ့ သွေးအေးအကွက်ချမှုတွေနဲ့အတူ သရဲအကောင်းစား ကြည့်ချင်သူတွေအတွက် ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ သရဲကမ္ဘာသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
အမျိုးသမီးလေး Song Hui ဟာ ထူးဆန်းတဲ့ အကြောင်းအရင်းအချို့ကြောင့် လူသူကင်းဝေးပြီး သွေးပျက်စရာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သရဲအိမ်ကြီးတစ်ခုထဲမှာ လူမသိသူမသိ တိတ်တဆိတ် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ပါတယ်
ဒါပေမဲ့ သူမ နေထိုင်ပြီး မကြာခင်မှာပဲ အိမ်ကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းအီလည်လည်နဲ့ သန်းခေါင်ယံအချိန်မတော်ကြီး ထွက်ပေါ်လာတတ်တဲ့ ဝိညာဉ်ခြောက်လှန့်မှုတွေ ကျောချမ်းစရာ ထူးဆန်းတဲ့ ဖြစ်ရပ်ဆိုးတွေကို ဆက်တိုက်ဆိုသလို ရင်ဆိုင်လာရပါတော့တယ်
တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရားတွေ ရက်ရက်စက်စက် အကွက်ချ သတ်ဖြတ်ခံခဲ့ရတဲ့ လျှို့ဝှက်ချက်တွေ တရွေ့ရွေ့ ပေါ်ထွက်လာတဲ့အခါမှာတော့.....
ဒီရှာဖွေခြင်း ခရီးစဉ်ဟာ သာမန်ဝိညာဉ်ခြောက်လှန့်မှုတင်မကဘဲ သူမရဲ့ ရင်ထဲက အတိတ်က နာကျင်စရာ စိတ်ဒဏ်ရာဟောင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးမယ့် ထိတ်လန့်စရာ စွန့်စားခန်းခရီးစဉ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်
ဉာဏ်ပညာချင်းပြိုင်ပြီး ဒီသေမင်းတမန် သရဲအိမ်ကြီးထဲကနေ သူမ ဘယ်လို လမ်းစရှာပြီး အသက်ဘေးက ရုန်းထွက်မလဲဆိုတာ....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1125
15 505
လေယာဉ်ပေါ်ကဂြိုလ်သားမိစ္ဆာများ လက်မလွှတ်တမ်းကြည့်ရမဲ့ကားသစ်
B*l*a*c*k B*o*x (2026)
လေယာဉ်ပေါ်မှာ အဖြစ်အပျက်တွေအကုန်လုံး ဇာတ်အိမ်တည်ထားပြီး ကြည့်နေရင်းနဲ့ ရင်တမမဖြစ်စေမယ့် ဇာတ်ကားမျိုး ကြိုက်တတ်လား။ ဒါဆိုရင်တော့ Black Box (2026) ကိုသာ ကြည့်လိုက်ပါ။
Final Destination 5 နဲ့ Into the Storm တိုကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Steven Quale ရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုပါပဲ။
ဇာတ်လမ်းက New Orleans ကနေ Seattle ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းက ခရီးစဉ်အမှတ် ၂၉၈ (Flight 298) အကြောင်းပါ။
သာမန်ပြည်တွင်းခရီးစဉ်လေးတစ်ခုကနေ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို မြင်ရမှာပါ။ လေယာဉ်ပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ချိုယွင်းချက်တွေ ဆက်တိုက်ဖြစ်လာတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်နေရတယ်။
နောက်ပိုင်းမှာတော့ သာမန်ချိုယွင်းချက်မဟုတ်ဘဲ သဘာဝလွန် သတ္တဝါတွေ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုဆိုတာ သိလာရတဲ့အခါ ခရီးသည်တွေ အသက်ရှင်ဖို ဘယ်လိုရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။
အဓိကဇာတ်ကောင် ဂျယ်ရမီ (Jeremy) နေရာမှာ Tom Brittney က သရုပ်ဆောင်ထားပါတယ်။ သူက အစပိုင်းမှာတော့ သာမန်ခရီးသည်တစ်ယောက်ပုံစံပေမယ့် အခြေအနေတွေ ဆိုးရွားလာတဲ့အခါမှာတော့ တော်တော်လေး အားကိုးရတဲ့သူဖြစ်လာတယ်။
သူ့အပြင် လေယာဉ်မယ် အမ်မာ (Emma) နဲ့ လေကြောင်းလုံခြုံရေးအရာရှိ လော်ရင် (Lauren) တိုကလည်း ဇာတ်လမ်းကို ပိုပြီးအသက်ဝင်အောင် ပံ့ပိုးပေးထားပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/444
15 505
လေယာဉ်ပေါ်ကဂြိုလ်သားမိစ္ဆာများ လက်မလွှတ်တမ်းကြည့်ရမဲ့ကားသစ်
B*l*a*c*k B*o*x (2026)
15 505
The Furious (2026)
၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။
ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကု-န်ကူ-းတဲ့ ပြ-န်-ေ-သ-း-သ-မားတွေက ဖ-မ်းသွားရာကနေ စတာပါ။
ဒေသခံ ရဲ-တွေကလည်း အကျ-င့်ပျ-က်-ခြစ-ားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး
ကယ်တင်ဖို့ ဆုံးဖြ-တ်လိုက်ပါတယ်။
လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကု-န်ကူ-းဂို-ဏ်းအကြောင်း စုံစမ်းရင်းနဲ့
လျှို့ဝှက်ဆန်းကြယ်စွာ ပျော-က်ဆုံ-းသွားခဲ့တာပါ။
ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြ-န်-ေ-ပ-းသ-မာ-းတွေနဲ့ လူသ-တ်ကော-င်တွေကို အ-ေ-သ-အ-ကြေ လိုက်လံနှိ-မ်န-င်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ဒီကားရဲ့ အဓိက အသ-က်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography)
တွေကို တကယ့်ကို အမို-က်-စား ပုံဖော်ပေးထားပါတယ်။ The Raid လိုမျိုး အကြ-မ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ
ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။
မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊
ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တို-က်ခို-က်ရေးဟန်တွေ
ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။
ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက
တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျ-င်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။
လူဆို-းတွေကို အပြ-တ်ရှ-င်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြ-န်-ေ-ပ-းသ-မာ-းတွေ၊ လူသ-တ်သမားတွေကို လ-က်န-က်ပေါင်းစုံ၊
တို-က်ကွ-က်ပေါင်းစုံနဲ့ ရှ-င်းထု-တ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။
ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြ-မ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။
၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။
15 505
Reborn Rookie (2026)
2022 ခုနှစ်တုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Reborn Rich ရဲ့ မူရင်းဝတ္ထုစာရေးဆရာ San Kyeong
ရေးသားတဲ့ Web Novel ကို အခြေခံရိုက်ကူးထားတဲ့ ဒရမ်မာသစ်လေး ထွက်ရှိလာပါပြီ။
Main Cast များအနေနဲ့ When Life Gives You Tangerines ထဲက မင်းသား Lee Jun-Young,
Twenty Five Twenty One ထဲက မင်းသမီး Lee Ju-Myoung, Not Others ထဲက
မင်းသမီး Jeon Hye-Jin, Descendants of The Sun ထဲက မင်းသား Jin Goo နဲ့
The WONDERfools ထဲက မင်းသားကြီး Son Hyun-Joo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
- ဇာတ်လမ်းအကျဉ်း -
စီးပွားရေးလောကရဲ့ နတ်ဘုရားလို့ တင်စားခံထားရတဲ့ ချွဲဆောင်းလုပ်ငန်းစု ဥက္ကဌ ဂန်ယုံးဟို
(Son Hyun-Joo) ဟာ လူငယ်လေးတစ်ယောက်နဲ့ ခေါင်းချင်းတိုက်မိရာကနေ
ခန္ဓာကိုယ်ချင်းလဲသွားပြီး သူ့ရဲ့ မူလခန္ဓာကိုယ်ကတော့ ကိုမာအခြေအနေ ဖြစ်သွားခဲ့ရပါတယ်။
အဲဒီလူငယ်လေးကတော့ တခြားမဟုတ်ဘဲ သူ့ရဲ့ အမြွှာသားသမီး နှစ်ယောက်ဖြစ်တဲ့
ဂန်ဂျယ်ဂယောင်း (Jeon Hye-Jin) နဲ့ ဂန်ဂျယ်ဆောင်း (Jin Goo) တို့ ကျူးလွန်ခဲ့တဲ့ ကားတိုက်ပြေးမှုကြောင့်
ဘောလုံးကစားသမားဘဝ အဆုံးသတ်သွားခဲ့ရတဲ့ ဟွမ်ဂျွန်ဟျွန်း (Lee Jun-Young) ဆိုသူပါပဲ။
အမွေဆက်ခံသူကို မကြေညာရသေးတဲ့ ဥက္ကဌဂန်က အခုထိ အဆင်သင့်မဖြစ်သေးတဲ့
မိသားစုဝင်တွေလက်ထဲ ကုမ္ပဏီကို မအပ်လိုက်နိုင်တာကြောင့် ဝန်ထမ်းသစ်လေး
ဟွမ်ဂျွန်ဟျွန်းအဖြစ်နဲ့ ချွဲဆောင်းလုပ်ငန်းစုထဲ အလုပ်ဝင်လာတဲ့အခါမှာတော့...
အေးချမ်းခြင်းကင်းမဲ့နေတဲ့ ချွဲဆောင်းလုပ်ငန်းစု မိသားစုဝင်တွေကြားက အာဏာလုပွဲရဲ့ အဆုံးမှာ
ဘယ်သူက အာဏာကို အပိုင်သိမ်းနိုင်သွားမှာလဲဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း
စောင့်မျှော်အားပေးကြပါဦးနော်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/87
15 505
ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ်
Red Rabbit Lodge (2026)
(ဒီဇာတ်ကားတွင် သွေးသံရဲရဲ အသတ်အဖြတ် အခန်းများနှင့် လူကြီးကြည့် အခန်းအချို့ ပါဝင်သဖြင့် မိသားစုဝင်များ၊
ကလေးငယ်များနှင့်အတူ ကြည့်ရှုရန် လုံးဝ မသင့်တော်ပါကြောင်း ကြိုတင်သတိပေးပါရစေ..)
ဒီကားဟာ ၂၀၂၆ ခုနှစ် ဧပြီလပိုင်းကမှ Digital Platform တွေမှာ ထွက်ရှိထားတဲ့ ဩစတြေးလျ သွေးထွက်သံယို ထိတ်လန့်စရာ (Slasher Horror)
ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့ ဗီဒီယိုခေတ် သွေးစွန်းစလတ်ရှာ (Retro Slasher) ပုံစံမျိုးကို ရိုးရာမပျက် ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။
ဇာတ်လမ်းက ဆစ်ဒနီမြို့က ကြီးမားပြီး သမိုင်းကြောင်းနက်နဲတဲ့ အိမ်ကြီးတစ်အိမ်ကနေ စတင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဲဒီအိမ်မှာ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့ ရော်ဘာမျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားတစ်ယောက်ရဲ့
ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အိမ်ပိုင်ရှင်ဖြစ်သူ ဗစ်တိုးရီးယား (Miss Victoria) ဟာ အိမ်လခကြွေးမြီတွေ တက်လာတာကြောင့် ဒီအိမ်ကြီးကို နိုင်ငံခြားကျောင်းသားတွေ
တည်းခိုဖို့ "Red Rabbit Lodge" ဆိုတဲ့ အမည်နဲ့ အဆောင်အဖြစ် ပြောင်းလဲငှားရမ်းခဲ့ပါတယ်။
ပစ္စုပ္ပန်ကာလမှာတော့ မိမိရဲ့ စိတ်ဒဏ်ရာရစရာ အတိတ်တွေကို မေ့ပစ်ချင်လို့ လာရောက်အခြေချတဲ့မိန်းကလေး အက်ဘီဂေးလ် (Abigail)
အပါအဝင် နိုင်ငံခြားသားကျောင်းသားလူငယ်တစ်စုဟာ ဒီအဆောင်ကို ရောက်လာကြပါတယ်။ အဆောင်ပိုင်ရှင် ဗစ်တိုးရီးယားကတော့ အတိတ်က
အဖြစ်ဆိုးကြောင့် ကျောင်းသားတွေကို အရမ်းတင်းကျပ်တဲ့ အိမ်စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။
ဒါပေမဲ့ သွေးကြွနေတဲ့ လူငယ်သဘာဝအတိုင်း သူတို့တွေက စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘဲ အခန်းထဲမှာ ပါတီပွဲတွေလုပ်၊ ကမ်းခြေသွားပြီး
အပျော်ကြူးနေကြပါတယ်။
သူတို့ ပျော်ပါးနေတုန်းမှာပဲ သူတို့မသိတာတစ်ခုက အဲဒီအိမ်ကြီးရဲ့ နံရံတွေနောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတာပါပဲ။ ကျောင်းသားတွေက
စည်းကမ်းဖောက်ဖျက်ပြီး သောင်းကျန်းလာတဲ့အခါမှာတော့ ဒီမျက်နှာဖုံးစွပ်လူသတ်သမားကြီးဟာ အမှောင်ထဲကနေ ထွက်လာပြီး ကျောင်းသားတွေကို
တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အမဲလိုက် သတ်ဖြတ်ပါတော့တယ်။ အက်ဘီဂေးလ်တစ်ယောက် လက်ရှိ ကြောက်မက်ဖွယ်လူသတ်ပွဲကြီးကနေ
လွတ်မြောက်ဖို့ ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။
ဒီကားက ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ထားတဲ့ Slasher ကားစစ်စစ် ဖြစ်ပါတယ်။ ဇာတ်လမ်းအိမ်ကတော့ ရိုးရှင်းပြီး ရိုးအီနေသလို ရှိပေမယ့် ၁၉၈၀ ရိုးရာစတိုင်
Synth-driven တေးဂီတတွေ၊ သွေးထွက်သံယိုအခန်းတွေနဲ့ ဇာတ်သိမ်းပိုင်းမှာပါဝင်တဲ့ လွှစက် (Chainsaw) ဝှေ့ယမ်းပြီး သတ်ဖြတ်တဲ့ အက်ရှင်အခန်းတွေက
Slasher/Gore ကားကြိုက်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1116
15 505
ထောင်ချောက် [၂၀၂၆] ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုံတင်ကားသစ်
Pitfall (2026)
တောထဲတောင်ထဲမှာ ထော-င်ချော-က်တွေကြား ပိ-တ်မိပြီး တစ်ယောက်ချင်းစီ အ-မဲလို-က်-ခံရမယ့် Survival Horror ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။
ဇာတ်လမ်းကတော့ မိဘတွေဆုံးပါးသွားလို့ စိ-မ်းကားနေတဲ့ မောင်နှမနှစ်ယောက် ပြန်အဆင်ပြေအောင်ဆိုပြီး သူငယ်ချင်းတွေနဲ့အတူ တောတွင်းခရီးထွက်ခဲ့ကြတာပါ။
ဒါပေမဲ့ မထင်မှတ်ဘဲ အစ်ကိုဖြစ်သူက လှံစူ-းတွေအပြည့်ရှိတဲ့ ဆယ်ပေအနက် ထော-င်ချော-က်တွင်းထဲ ပြု-တ်ကျ-ပြီး ဒ-ဏ်ရာအပြ-င်းအထ-န်နဲ့ ပိ-တ်မိသွားတဲ့အခါမှာတော့
တစ်ဖွဲ့လုံးရဲ့ ပျော်စရာခရီးစဉ်က င-ရဲခ-န်းအလား ပြောင်းလဲသွားပါတော့တယ်။
ဖုန်းလိုင်းတွေလည်း ဖြ-တ်တော-က်-ခံရပြီး သူတို့ကို ကူညီမယ့်သူမရှိတဲ့အပြင် တောကြီးတစ်ခုလုံးမှာ ထော-င်ချော-က်မျိုးစုံဆင်ပြီး တစ်ယောက်ချင်းစီကို သွေ-းအေးအေးနဲ့
အ-မဲ-လိုက်မယ့် ဆွံ့အ နားမကြား လူသ-တ်သမားရ-က်စ-က်ကြီးတစ်ယောက် ရှိနေမှန်း သိလိုက်ရတဲ့အခါ...။
တွင်းထဲမှာ သွေ-းသံ-ရဲ-ရဲ-နဲ့ ပိ-တ်-မိနေတဲ့ အစ်ကိုဖြစ်သူကို သူတို့ ကယ်တင်နိုင်မလား? သွေ-းပျ-က်-စရာ ထေ-ာင်ချော-က်တွေကြားကော အသ-က်ရှ-င်အောင်
ဘယ်လိုရု-န်းက-န်ကြမလဲဆိုတာကို သွေ-းရဲ-ရဲ ခြေ-ာက်ခြ-ားဖွယ် ဇာတ်ဝင်ခန်းတွေနဲ့အတူ ရင်တထိတ်ထိတ် ကြည့်ရှုရမှာမို့ Horror ပရိသ-တ်တွေ
လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/435
15 505
ရက် ၄၀ နဲ့ ည ၄၀ ရဲ့ အချစ်စိန်ခေါ်မှု [၂၀၂၆]
40-Dates-and-40-Nights (2026)
ဒီရက်ပိုင်း အလုပ်တွေပင်ပန်းလို့ အရမ်းကြည်နူးရတဲ့ဇာတ်ကားလေးကို စောင်ကိုက်ပြီး အသည်းတယားယား ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်း....လီယာဟာ ဆယ်ကျော်သက်ဘဝမှာ မိဘတွေ အိမ်ထောင်ရေးအဆင်မပြေခဲ့ရာကနေ အရွယ်ရောက်လာတဲ့အခါမှာ သူ့အရွယ် တခြားလူတွေလို အပြင်ထွက် ပျော်ပါး သောက်စား ဘာညာမရှိဘဲ အချစ်ကိုလည်း မယုံကြည်တော့တဲ့အတွက် အခင်ဆုံးသူငယ်ချင်းကလွဲရင် လူသစ်ဆိုလို့ ဘယ်သူနဲ့မှ မတွေ့တော့ပဲ တစ်ယောက်တည်း အရိုးထုတ်နေတဲ့ကောင်မလေး ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူမနဲ့အတူ တိုက်ခန်းစပ်တူ စုငှားထားတဲ့ကောင်မလေးက ပြောင်းသွားတဲ့အတွက် သူ့မှာ လကုန် အိမ်ငှားခမပေးခင် တစ်လအတွင်း လူသစ်ရှာရရင်ရ မရရင် သူ့တစ်ယောက်တည်း အိမ်ငှားခပေးဖို့ ဖြစ်လာပါတော့တယ်။ဒီတော့ သူ့အနေနဲ့ အိမ်ငှားခကို တစ်ယောက်တည်း လချီမချုပ်နိုင်တဲ့အတွက် သူမအဖွားဖြစ်သူဆီကို သွားပြီး ပိုက်ဆံချေးပါတော့တယ်။ ဒါပေမဲ့ အဖွားဖြစ်သူက မြေးလေးတစ်ယောက် ဒီလိုတစ်ယောက်တည်း ဖြစ်နေတာကို မကြည့်ရက်တဲ့အတွက် သူ့မြေးလေး လီယာကို ကောင်လေးအယောက် ၄၀ နဲ့ ဒိတ်လုပ်ကြည့်ဖို့ အပေးအယူလုပ်ပါတော့တယ်။အပေးအယူကတော့ အဖွားဖြစ်သူက ဒီအယောက် ၄၀ ထဲမှာ လီယာ တကယ်သဘောကျရတဲ့သူ ရှာတွေ့ကိုတွေ့စေရမယ်၊ ရှာမတွေ့ခဲ့ရင် အိမ်ငှားခ တစ်နှစ်စာ ထုတ်ပေးမယ်လို့ပဲ ဖြစ်ပါတယ်။ဒီတော့ အချစ်ကိုမယုံကြည်တဲ့ လီယာတစ်ယောက် ညပေါင်း ၄၀ မှာ ကောင်လေး ၄၀ နဲ့ ဘယ်လိုဒိတ်မလဲ၊ သူမအနေနဲ့ တကယ်ချစ်ရတဲ့သူကိုရော ရှာတွေ့သွားမလားဆိုတာကို အူမြူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
15 505
အငွေ့လူသား စဆုံး
H_u-m-a_n V-a_p-o-r (2-0-2-6)
"တံခါးတွေ ဘယ်လောက်ပဲ လုံအောင်ပိတ်ထားပါစေ... လေဝင်ပေါက်လေး တစ်ပေါက်ရှိရုံနဲ့ သင့်အသက်ကို နှုတ်ယူသွားမဲ့သူ တစ်ယောက်ရှိနေရင်..."
ကဲ... သည်းထိတ်ရင်ဖို Sci-Fi Thriller ကားကောင်းကောင်း မျှော်နေသူတွေအတွက် နက်ဖုလစ် ကနေ အခုပဲ ပူပူနွေးနွေး ထွက်ရှိလာတဲ့ ဂျပန်စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းကတော့ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Live အစီအစဉ်တစ်ခုမှာ လူတစ်ယောက်ဟာ ရုတ်တရက်ကြီး ခန္ဓာကိုယ်ဖောင်းကားလာပြီး ပေါက်ကွဲသေဆုံးသွားရာကနေ အစပျိုးထားပါတယ်။
တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေတဲ့ ဒီကြောက်မက်ဖွယ် လူသတ်မှုကြီးရဲ့ တရားခံကတော့ သာမန်လူမဟုတ်ပါဘူး။ သူ့ကိုယ်သူ "Human Vapor" (အငွေ့လူသား) လို့ ခေါ်တဲ့ လူတစ်ယောက်ပါ။ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို အခိုးအငွေ့အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပြီး ဘယ်လို အတားအဆီး၊ ဘယ်လိုလုံခြုံရေး တံခါးမျိုးကိုမဆို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်သူ ဖြစ်နေတဲ့အခါ…
ဒီလူသတ်သမားရဲ့ အဆိုးဆုံးအချက်က လူတစ်ယောက်ကို မသတ်ခင်မှာ ဘယ်တော့သတ်မယ်ဆိုတာကို ကြိုတင်ကြေညာလေ့ရှိတာပါပဲ။ ရဲတွေ၊ အာဏာပိုင်တွေက သေချာစောင့်ကြပ်ပြီး ဘယ်လောက်ပဲ တားဆီးကာကွယ်ပါစေ သူ့ရဲ့ ကြေညာထားတဲ့အတိုင်း လွတ်လွတ်ကျွတ်ကျွတ် ဝင်ရောက်သတ်ဖြတ်ပြီး အာဏာပိုင်တွေကို လှောင်ပြောင်လေ့ရှိပါတယ်။
ပုံသဏ္ဌာန်မရှိတဲ့ ဒီအငွေ့လူသားက တကယ်တော့ ဘယ်သူလဲ။ ဘာရည်ရွယ်ချက်နဲ့ ဒီလို ရက်စက်တဲ့ လူသတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာလဲ။ မျက်စိနဲ့တောင် သေချာမမြင်ရတဲ့၊ ဖမ်းဆုပ်လို့မရနိုင်တဲ့ ဒီလူသတ်သမားကို အာဏာပိုင်တွေကရော ဘယ်လိုနည်းလမ်းတွေနဲ့ ဖမ်းဆီးမလဲဆိုတာ…
ရဲတွေနဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်သမားကြားက "Cat & Mouse" ကစားပွဲကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး ဂျပန် Thriller တွေရဲ့ ထုံးစံအတိုင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်း Plot Twists တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အမှောင်ခြမ်းတွေကိုပါ ထိထိမိမိ ရိုက်ပြသွားမှာပါ။
နာမည်ကြီး ဂျပန်သရုပ်ဆောင်တွေ ကိုယ်တိုင် ပါဝင်အားဖြည့်ထားပြီး Acting ပိုင်းရော, CGI ပိုင်းပါ သေသပ်လှတဲ့ ဒီစီးရီးလေးက အပိုင်း (၈) ပိုင်းတည်းသာ ပါဝင်တာမို့ ဒီတစ်ပတ် Weekend မှာ Binge-watch လုပ်ဖို့ အကောင်းဆုံး Choice တစ်ခုအနေနဲ့ ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/71
15 505
လမ်းကြုံလိုက်လာတဲ့ခရီးသည် ဆိုပေမဲ့
P_a-s_s-e_n-g_e-r (2-0-2-6)
IMDB ⭐️ 5.6/10
"လမ်းကြုံလိုက်လာတဲ့ခရီးသည် ဆိုပေမဲ့ …."
Horror ကားကောင်းကောင်းလေးတွေ ရှာကြည့်နေတဲ့ ဘော်ဒါတိုအတွက် ဒါရိုက်တာ André Øvredal ရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် Horror ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းက ရိုးရှင်းပေမဲ့ ကျောချမ်းစရာကောင်းပြီး မွန်းကြပ်လာတဲ့ vibe ကတော့ လုံးဝကို ခံစားရစေမှာ အသေအချာပါပဲ။
ဇာတ်လမ်းလေးကတော့…. ချစ်သူစုံတွဲနှစ်ယောက်ဟာ သူတိုရဲ့ Van ကားလေးနဲ့ အေးအေးလူလူ Road Trip ထွက်လာကြပါတယ်။
ခရီးစဉ်စလို့ သီတင်းပတ်အနည်းငယ်အကြာမှာတော့ သူတိုရဲ့သာယာလှတဲ့ခရီးစဉ်လေးဟာ မမျှော်လင့်ထားတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် စတင်ပြောင်းလဲသွားပါတော့တယ်။
တောလမ်းခရီးတစ်ခုမှာ သူတိုရဲ့ ကားပေါ်ကို မဖိတ်ခေါ်ထားတဲ့ "ခရီးသည်" တစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ အရာအားလုံးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။
ဒီခရီးသည်က ဘယ်ကလာတာလဲ... အမှောင်ထုထဲက အရိပ်မည်းကြီးကရော ဘာကြီးလဲ... သူတိုဆီက ဘာလိုချင်တာလဲ...
ကားကျဉ်းကျဉ်းလေးထဲမှာ အပြင်ကိုလည်း ထွက်ပြေးလိုမရ၊ အထဲမှာလည်း အတူတူရှိနေတဲ့ အရာကြီးက ခြောက်လှန့်နေတဲ့ Claustrophobic Vibe မျိုးကို သွေးပျက်စရာကောင်းအောင် ရိုက်ပြထားတာပါ။
ညဘက် ကားမောင်းရင်း ခရီးသွားရတာ ဝါသနာပါတဲ့သူတွေ၊ Van Life ကို စိတ်ကူးယဉ်နေတဲ့ ချစ်သူစုံတွဲတွေ ဒီကားလေးကြည့်ပြီးရင်တော့ Dream road trip လေးထွက်ဖို့ ဆယ်ခါလောက် ပြန်စဉ်းစားရပါလိမ့်မယ်။ အချိန် ၁ နာရီခွဲစာ ရင်တမမနဲ့ ကြည့်ရှုရမဲ့ Survival Horror ကားလေးဖြစ်လို ညဘက်အမှောင်ထဲမှာ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1107
