Bioscope Vibes
关闭频道
Well
显示更多未指定国家未指定类别
📈 Telegram 频道 Bioscope Vibes 的分析概览
频道 Bioscope Vibes 是活跃参与者。目前社区聚集了 15 505 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 15 505 名订阅者。
根据 28 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 599,过去 24 小时变化为 57,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 5.27%。内容发布后 24 小时内通常能获得 1.67% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 815 次浏览,首日通常累积 259 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 1。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Well”
凭借高频更新(最新数据采集于 29 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
15 505
订阅者
+5724 小时
+2707 天
+59930 天
帖子存档
15 519
ရှယ်ကြမ်း ယူကရိန်း-ရုရှားစစ်ကား
M_a-n O-f W_a-r ( 2-0-2-6 )
IMDB ⭐️ 5.6/10
စစ်ပွဲထဲကလူ
ဒီဇာတ်ကားလေးကတော့ ယူကရိန်း ရုရှားစစ်ပွဲကို နောက်ခံထားရိုက်ကူးထားတဲ့ စစ်ကားလေးပါပဲ
စစ်ကားဆိုပေမဲ့ တစ်ကိုယ်တော်ကြမ်းပြရမ်းပြပြီး ယူကရိန်းရုရှားစစ်ပွဲမှာ အမေရိကန်ဘက်ကလူတစ်ယောက် ဘယ်လိုရှင်းသွားမလဲဆိုတာ ရိုက်ပြထားပါတယ်
ဇာတ်လမ်းလေးကတော့ ယူကရိန်းကိုရုရှားဘက်မှ စတင်ပစ်ခတ်ချိန်မှာ မိုက်ရဲ့တူမရိုင်လီဟာ ယူကရိန်းဘက်က မိဘမဲ့ဂေဟာကို လုပ်အားပေးကူညီရင်းကနေ တိုက်ပွဲထဲပိတ်မိပြီး ဓားစာခံအဖြစ် ခေါ်သွားခံရပါတော့တယ်
မိုက်ဟာ သူ့မှာ ဆွေမျိုးလိုဖြစ်နေတဲ့လူဆိုလို့ ရိုင်လီတစ်ယောက်ပဲရှိတဲ့အခါ ဘယ်လိုမှမတတ်သာဘဲ သူကိုယ်တိုင်သွားခေါ်ရမဲ့ အခြေအနေထိ ဖြစ်လာပါတော့တယ်
အဲဒါအပြင် သူ့တူမကိုဖမ်းသွားတာက တကယ်ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ရုရှားစစ်သားတွေ ဖြစ်နေတဲ့အခါမှာတော့ မလောက်ငှတဲ့အချိန်အတွင်းမှာ ခြေလွန်လက်လွန်တွေမဖြစ်ခင် မိုက်တစ်ယောက် စစ်ဖြစ်တဲ့နေရာကိုဘယ်လိုဝင်ပြီး တိုက်ပွဲတွေကြားက ဘယ်လိုကယ်ဆယ်သွားမလဲ
ရုရှားကြေးစားတွေကို ဘယ်လိုတစ်ကိုယ်တော် ဖြုတ်ပြသွားမလဲ သူ့တူမဆိုသူကို ကယ်တင်နိုင်မလားဆိုတာကတော့ ဇာတ်လမ်းမှာဆက်လက် ကြည့်ရှုလိုက်ကြပါ
အက်ရှင်ကားတောင့်တနေသူတွေအတွက်တော့ ဒီဇာတ်ကားဟာ အချိန်ပေးကြည့်ရတန်တဲ့ ဇာတ်ကားလေးပါ
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/426
15 519
အမှောင်ထုဝါးမျိုရာ သုသာန်အိမ်
(祭屋) The Sacrificial House 2026 Movie
ဒီတစ်ခါမှာတော့ တရုတ်ရိုးရာ ယုံကြည်မှု အယူအဆတွေ ကျောချမ်းစရာ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့အတူ သွေးပျက်ခြောက်ခြားဖွယ်ကိုမှ ကြည့်ချင်သူတွေအတွက် ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ရုပ်ရှင်အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
Fang Chengcheng ဟာ သူမရဲ့ စေ့စပ်ထားသူ ချစ်သူ Su Xing နဲ့အတူ အနာဂတ်ရဲ့ ယောက္ခမလောင်းတွေနဲ့ တွေ့ဆုံနှုတ်ဆက်ဖို့အတွက် ဝေးလံပြီး ခြောက်ခြားစရာကောင်းလှတဲ့ အိမ်ဟောင်းကြီးဆီကို လိုက်ပါသွားခဲ့ပါတယ်
ဒါပေမဲ့ သူတို့ ရောက်ရှိသွားတဲ့အချိန်ကစပြီး အိမ်ကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ထူးဆန်းအီလည်လည်နဲ့ အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံနေရသလို ခံစားခဲ့ရပါတယ်
အဆိုးဆုံးကတော့ ညသန်းခေါင်ယံ အချိန်မတော်ကြီးမှသာ ရုတ်တရက် ထွက်ပေါ်လာတတ်တဲ့ ချစ်ရသူ Su Xing ရဲ့ မိခင်ဖြစ်သူဟာ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရက်ရက်စက်စက် သေဆုံးသွားခဲ့ရှာပြီး ယနေ့အထိ ဘယ်တုန်းကမှ နာရေးရိုးရာဈာပနပွဲ မလုပ်ပေးခဲ့ရသေးတဲ့ ဝိညာဉ်စိမ်းတစ်ကောင် ဖြစ်နေတာကို Fang Chengcheng တစ်ယောက် ထိတ်လန့်ဖွယ်သိရှိသွားခဲ့ရပါတယ်
ဒါတင်မကသေးဘဲ ပိုပြီးကျောချမ်းစရာကောင်းတာကတော့ ချစ်ရသူရဲ့ဖခင်ဖြစ်သူဟာ အပြင်ပန်းမှာ အသက်ထင်ရှား ရှင်သန်နေဆဲဖြစ်ပေမဲ့ ဘာဖြစ်လို့လဲမသိဘဲ မိမိကိုယ်ကိုယ် သေဆုံးသွားသူတစ်ယောက်လို သတ်မှတ်ပြီး သွေးအေးအကွက်ချကာ သေခြင်းတရား ပူဇော်ပွဲကြီးကို အတင်းအဓမ္မ မဖြစ်ဖြစ်အောင် ကျင်းပဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်
အိမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လို သွေးချင်းချင်းနီစရာ လျှို့ဝှက်ချက်တွေ ရှိနေမလဲ ? ဉာဏ်ပညာချင်းပြိုင်ပြီး ဒီသေမင်းတမန် အိမ်ဂေဟာကနေ သူမ ဘယ်လို လမ်းစရှာပြီး အသက်ဘေးက ရုန်းထွက်မလဲဆိုတာ.....
15 519
သေကံထိုက် ကြမ္မာသွေးကြွေး
The Bizarre Homicide Case
(九叔之离奇命案) 2026 Movie
ဒီတစ်ခါမှာတော့ ပြည်သူ့သမ္မတခေတ်နောက်ခံထားပြီး ခြောက်ခြားစရာ အမှုအခင်းပဟေဠိတွေ တရုတ်ရိုးရာ ယုံကြည်မှုတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ဉာဏ်ချင်းပြိုင်ရမဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
ပြည်သူ့သမ္မတခေတ်ရဲ့ အေးချမ်းလှတဲ့ Fuhong မြို့ပြလေးထဲမှာ လူထုတစ်ရပ်လုံးကို သွေးပျက်ခြောက်ခြားသွားစေမယ့် ထူးဆန်းဆန်းပြားလှတဲ့ လူသတ်မှုကြီးတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်
သင်္ချိုင်းဂူတွေကို တူးဆွပြီး အလောင်းတွေကို ရက်ရက်စက်စက် ကြာပွတ်နဲ့ရိုက်နှက်တာတွေ ကဇာတ်ရုံက မင်းသမီးချောလေး Wen Xiaoe တစ်ယောက် အရှင်လတ်လတ် မြေမြှုပ်ခံရပြီး သေဆုံးသွားတာတွေအပြင် မြို့က ဩဇာအာဏာကြီးမားတဲ့ သူဌေးကြီးကပါ သွေးအေးအကွက်ချ သတ်ဖြတ်ခြင်း ခံလိုက်ရပါတော့တယ်
ဒီလို မြို့ပြကြီးတစ်ခုလုံး အမှောင်ဖုံးပြီး ပဟေဠိဆန်နေတဲ့ လူသတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ရဲအရာရှိ Li Changqing ဟာ ကဇာတ်ရုံပိုင်ရှင်လည်းဖြစ် နာမည်ကျော် ဆရာကြီးလည်းဖြစ်တဲ့ အတွေ့အကြုံရင့်ကျက်သူ He Jiu ဆရာကြီး ကို အကူအညီတောင်းပြီး လျှို့ဝှက်စုံစမ်းပါတော့တယ်
သူတို့နှစ်ယောက် ဉာဏ်ပညာချင်းပြိုင်ပြီး ကန့်လန့်ကာနောက်ကွယ်က အမှန်တရားကို လိုက်လံကောက်ကြောင်းဆွဲတဲ့အခါမှာ ဘာတွေ ရှာဖွေတွေ့ရှိလာမလဲ
ဆရာကြီး Jiu Shu တစ်ယောက် ဒီကလဲ့စားချေပွဲ ဝင်္ကပါထဲကနေ တရားခံကို ဘယ်လို ဖမ်းဆီးပြီး မြို့ကလေးကို ဘေးကင်းရန်ကင်းဖြစ်အောင် ကယ်တင်မလဲဆိုတာ.....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/62
15 519
ဝေဟင်ယံမှ သေမင်းတမန်
(万米危机) Wings of Dread 2026 Movie
ဒီတစ်ခါမှာတော့ ဝေဟင်ထက်က အသက်ရှူမှားလောက်မဲ့ ပြန်ပေးဆွဲမှုတွေ သွေးပျက်စရာ ရင်တထိတ်ထိတ် အက်ရှင်ဇာတ်ကွက်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အက်ရှင်မင်းသားကြီး Ashton Chen ရဲ့ ရုပ်ရှင်ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
လေကြောင်းရဲအရာရှိ Gu Zhaoyang ဟာ လမ်းခွဲသွားခဲ့တဲ့ ချစ်သူကောင်မလေး Dong Lu ကို ပြန်လိုက်ဖို့အတွက် အရေးပေါ် ဆုံးဖြတ်ချက်ချကာ သူမ လိုက်ပါသွားတဲ့ Uraya သို့ ပျံသန်းမယ့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ပေါ်ကို အပြေးအလွှား တက်ရောက်ခဲ့ပါတယ်
ဒါပေမဲ့ သူ မသိခဲ့တာကတော့ ဒီလေယာဉ်ကြီးပေါ်မှာ တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေမယ့် ကြီးမားတဲ့ အန္တရာယ်ဆိုးကြီး ကိန်းဝပ်နေတာပဲ ဖြစ်ပါတယ်
လေယာဉ်မြေပြင်ကနေ မီတာသောင်းချီမြင့်တဲ့ ဝေဟင်ထက် ရောက်ရှိနေတဲ့ အချိန်မှာပဲ စနစ်တကျ အကွက်ချ ကြံစည်ထားတဲ့ ပြန်ပေးဆွဲ အကြမ်းဖက်သမားတစ်စုဟာ လေယာဉ်ကို ဓားစာခံလုပ်ဖို့ စတင်လှုပ်ရှားပါတော့တယ်
ဆက်သွယ်ရေးလိုင်းတွေ အားလုံး အဖြတ်ခံလိုက်ရပြီး တစ်လောကလုံးနဲ့ အဆက်အသွယ်ပြတ်ကာ လေယာဉ်တစ်စင်းလုံး သွေးပျက်ခြောက်ခြားစရာ သေမင်းတမန် အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်
ဒီလို အကျပ်အတည်းကြားထဲမှာ အတွေ့အကြုံရင့်ကျက်တဲ့ လေကြောင်းရဲဖြစ်သူ Gu Zhaoyang ဟာ ပတ်ဝန်းကျင်ရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို ချက်ချင်းရိပ်မိသွားခဲ့ပြီး လေယာဉ်ပေါ်က ကျန်ရှိတဲ့ လေကြောင်းလုံခြုံရေးတွေ လေယာဉ်အမှုထမ်းတွေနဲ့ အမြန်ဆုံး လျှို့ဝှက်ပူးပေါင်းကာနောက်ကွယ်က ကောက်ကျစ်တဲ့ ရန်သူတွေကို စတင်ခုခံတိုက်ခိုက်ပါတော့တယ်
သူတို့တွေဟာ ခရီးသည် ရာပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် သေမင်းတမန် အကြမ်းဖက်သမားတွေကို ဘယ်လို နှိမ်နင်းပြီး ဘေးကင်းရာဆီ ဦးတည်မောင်းနှင်မလဲဆိုတာ.....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1098
15 519
ရင်ကိုအေးပြီး ဖျင်ကိုနွေးစေမဲ့ ဟင်ဒီအချစ်ကား
C_h-a_n-d M_e-r_a D_i-l (2-0-2-6)
============================
IMDB ⭐️ 7.7/10
"တချိုသော ဇာတ်လမ်းတွေက စာသားတွေနဲ့ ရေးဖွဲထားတာမဟုတ်ဘဲ နှလုံးသားနဲ့ တစိမ့်စိမ့်ခံစားရတာပါတဲ့..."
ရင်ထဲကို အေးစိမ့်ပြီး ဖီးလ်လာစေမဲ့ အချစ်ဒရာမာကားကောင်းကောင်းလေးတွေကို မျှော်နေတဲ့သူတွေအတွက် လတ်တလော နာမည်ကြီးနေတဲ့ ဟင်ဒီရိုမန့်စ် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးကတော့ ၂၀၂၆ ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance အမျိုးအစားဖြစ်ပြီး ခေါင်းဆောင်မင်းသမီးအနေနဲ့ ပရိသတ်တွေရဲ့အချစ်တော် Ananya Panday နဲ့ မင်းသားချောလေး Lakshya တိုက အဓိကပါဝင်အားဖြည့်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကို အကြမ်းဖျင်းပြောရရင်တော့... "Forever Starts Tonight" ဆိုတဲ့ စာသားလေးလိုပဲ မမျှော်လင့်ဘဲ ဆုံတွေ့လာရတဲ့ လူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်နဲ့ ခံစားချက်တွေကို နူးနူးညံ့ညံ့လေး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။
တက္ကသိုလ်မှာ ချစ်ဖူးစာဆုံခဲ့ကြတဲ့ အာရက်နဲ့ ချန်နီဆိုတဲ့ လူငယ်စုံတွဲ
မမျှော်လင့်ဘဲ အချစ်နယ်ကျွံရာကနေ ချန်နီ့ဆီမှာ ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ သူတို့ဘဝရဲ့ ပလန်တွေအကုန်လုံး ကမောက်ကမဖြစ်ကုန်ပါတော့တယ်။
ဒါပေမဲ့ ခေါင်းမာတဲ့ချန်နီကတော့ အားလုံးတားနေတဲ့ကြားက ဒီကလေးကိုမွေးဖို့ကြိုးစားရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝရဲ့သင်ခန်းစာတွေကို လက်တွေ့သင်ယူရခြင်းနောက်မှာ သူတို့ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကတော့…
Ananya Panday ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ Lakshya ရဲ့ မျက်ဝန်းတွေကတစ်ဆင့် ပေးပိုတဲ့ ခံစားချက်တွေက ပရိသတ်ကို တောက်လျှောက် ဖမ်းစားထားမှာ အသေအချာပါပဲ။ အချစ်ဆိုတာ မျှော်လင့်မထားတဲ့အချိန်မှာ ဝင်လာတတ်ပြီး ကိုယ့်ဘဝကြီးတစ်ခုလုံးကို ဘယ်လိုတောက်ပသွားစေလဲဆိုတာကို လှပတဲ့ မြင်ကွင်းတွေနဲ့အတူ ဇာတ်ရှိန်လေးမှန်မှန်နဲ့ ဆွဲခေါ်သွားမှာပါ။
15 519
သင်္ချိုင်းမြေမှ ရီဝေဝေည
K_a-r_a-k_k-a_m (2-0-2-6) Malayalam
================================
IMDB ⭐️ 8.3/10
"အရက်မူးရင် လမ်းဘေးပဲသွားအိပ်လိုက်... သင်္ချိုင်းထဲသွားပြီး ဗရုတ်မကျမိစေနဲ့..."
ကဲ... Horror Comedy ကားကောင်းကောင်းလေးတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ် ဟာသသရဲကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းအစကတော့ New Year ညကြီးမှာ အမူးလွန်ပြီး ဗရုတ်ကျတဲ့ ယမကာလုလင်တစ်သိုက်ကနေ စတာပါပဲ။
မူးမူးရူးရူးနဲ့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး သင်္ချိုင်းထဲက အုတ်ဂူတွေပေါ်မှာစိုက်ထားတဲ့ သန့်စင်တဲ့ လက်ဝါးကပ်တိုင်တွေကို သွားနှုတ်ပစ်လိုက်ကြပါတယ်။
သူတိုလုပ်လိုက်တဲ့ အသိမဲ့နောက်ပြောင်မှုလေးက အိပ်မက်ဆိုးကြီးတစ်ခုကို ဆွဲခေါ်လာမယ်ဆိုတာ သူတို မသိခဲ့ကြပါဘူး။
လက်ဝါးကပ်တိုင်တွေ အနှုတ်ခံလိုက်ရတဲ့အတွက် အုတ်ဂူထဲမှာ ငြိမ်သက်နေတဲ့ ဝိညာဉ် ၅ ကောင် ရုတ်တရက် နိုးထလာပြီး သူတို့ နောက်ကနေ လိုက်ပါလာပြီးတော့ အဲဒီအချိန်ကစလို့ ဝိညာဉ် ၅ ကောင်က သူတို့သွားလေရာ ခြေလှမ်းတိုင်းမှာ နောက်ကနေ အရိပ်လို လိုက်ခြောက်လှန့်ပါတော့တယ်။
သရဲခြောက်ခံရတဲ့ အလွဲလွဲအချော်ချော် အခန်းတွေနဲ့အတူ သူတိုနှစ်ယောက် ဒီဝိညာဉ်တွေကို ပြန်လည်ငြိမ်းချမ်းအောင် ဘယ်လို တောင်းပန်မလဲ...
သူတိုကိုယ်တိုင်ရော ဒီအကျပ်အတည်းကနေ ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်မလဲဆိုတာကိုတော့
Supernatural Fantasy, Thriller နဲ့ Comedy ကို အချိုးကျကျ ပေါင်းစပ်ထားတာမို ရယ်လည်းရ ကြောက်လည်းကြောက်ရမယ့်အပြင် ဇာတ်လမ်းသွားကပါ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားကောင်းလေးမို ပိတ်ရက်မှာ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1093
15 519
တတိယအရွယ်က ထိမ်းမြားမင်္ဂလာ
D_a-a_d-i K_i S-h_a-a_d-i (2-0-2-6)
"အချစ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးဆိုပေမဲ့ ကိုယ့်မင်္ဂလာဆောင်မဲ့အချိန်ကျမှ အဘွားကပါ အိမ်ထောင်ပြုမယ်ဆိုပြီး ထကြွတဲ့အခါ..."
ကဲ... မိသားစုအလွဲအချော်တွေနဲ့ ဟာသကားကောင်းကောင်း ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် အသစ်စက်စက် Comedy Telefilm ဇာတ်ကားလေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော Aleezay Shah နဲ့ မင်းသား Ahmed Randhawa တိုက အဓိကပါဝင်အားဖြည့်ထားတာပါ။
ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ မိသားစုဒရာမာကို ဟာသအခွီလေးတွေနဲ့ ပေါင်းစပ်ထားတာမျိုးလေးပါ။
မြေးမလေးဖြစ်သူက မကြာခင် မင်္ဂလာဆောင်တော့မယ်ဆိုပြီး ကြည်နူးနေတဲ့အချိန်မှာပဲ၊ အိမ်က အဘွားဖြစ်သူက "ငါလည်း အိမ်ထောင်ပြန်ပြုတော့မယ်" ဆိုပြီး ဖေ့စ်လွတ်မှာ ဇာတ်လမ်းစတာပါပဲ။
အဘွားရဲ့ ဒီလိုရုတ်တရက် အိမ်ထောင်ပြုမယ့် ဆုံးဖြတ်ချက်ကြောင့် တစ်ဖက်က သတို့သားမိသားစုနဲ့လည်း မပြေမလည်တွေဖြစ် ဖြစ်ချင်တော့ သတို့သားလောင်းလေး ကောင်မလေးကိုကြွေနေတာဆိုတော့ မတော်ရသေးတဲ့ ဇနီးလောင်းရဲ့ အဘွားဖြစ်သူရှိတဲ့အိမ်ကို အုပ်စုလိုက် ချီတက်ကြတော့တာပေါ့။
အဘွားကရော အသက်အရွယ်ကြီးပေမဲ့ အချစ်စိတ်မကုန်သေးတာလား။ မင်္ဂလာဆောင်ပျက်ပြီဆိုပြီး အဘွားကိုမြှောက်ပေးနေတဲ့ မြေးမလေးနဲ့ ပွဲပျက်မှာကြောက်တဲ့အဖေနဲ့အမေတို့ကတစ်ဖက် တစ်ဖက်က ကျောင်းတုန်းထဲက အသည်းအသန်ခရက်ရှ်ခဲ့ရတဲ့ ဆရာဝန်မလေးနဲ့ လွဲမှာစိုးလို့ ကောက်ကောက်ပါအောင်လိုက်လာတဲ့ မြေးသမက်က တစ်ဖုံနဲ့ ဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်မလဲဆိုတာ ဟောဒီ Telefilm ဟာသကားလေးမှာ ပေါ့ပေါ့ပါးပါးလေး ရှုစားလိုက်ကြပါဦးစို။
15 519
A C*o*m*p*a*n*y M*a*n (20*12)
IMDB...- -6.7/10
သာမန်ရုံးဝန်ထမ်းတစ်ယောက်အဖြစ် အသွင်ယူထားပြီး ကြေးစားလူသတ်သမားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။သူဟာ အလုပ်ကို အလွန်ကျွမ်းကျင်ပြီးတော့ သွေးအေးအေးနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တတ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ငယ်ရွယ်တဲ့လုပ်ဖော်ကိုင်ဖက် Hun (Kim Dong-jun) ကို သတ်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရတဲ့ အချိန်မှာတော့ သူ့ရဲ့ဘဝဟာ စတင်ပြောင်းလဲလာခဲ့ပါတယ်။Hun နောက်ဆုံးဆန္ဒအတိုင်း Hun စုထားတဲ့ ပိုက်ဆံတွေ တစ်ဆင့်ပေးဖို့အတွက် Hun ရဲ့ မိသားစုကို သွားရောက်တွေ့ဆုံရာကနေ Hunရဲ့ မိခင်ဖြစ်သူ Yu Mi-yeon (Lee Mi-yeon) နဲ့ ချစ်ကြိုက်မိသွားပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/412
15 519
ရဲရင့်ခြင်းမည်သော
(庄蹻演义) The Legend of Zhuang Qiao 2026 Movie
အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းက ဖရိုဖရဲဖြစ်နေတဲ့ စစ်မက်ခေတ်ကြီးထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရင်း ရက်စက်လှတဲ့ ကံကြမ္မာကို ဉာဏ်ပညာနဲ့ အနိုင်ယူကာ သွေးအေးအကွက်ချ ချေမှုန်းမယ့် သူရဲကောင်းတစ်ယောက်ရဲ့ အကြောင်း ဖြစ်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
စစ်ပြိုင်ခေတ်ရဲ့ နယ်မြေလုပွဲတွေ ပြင်းထန်နေတဲ့ ခေတ်ကြီးကို နောက်ခံထားပြီးChu ပြည်နယ်ရဲ့ ပြိုင်ဘက်ကင်း သောင်းကျန်းသူ စစ်သူကြီး Zhuang Qiao ရဲ့ ဒဏ္ဍာရီဆန်ဆန် ဘဝဖြတ်သန်းမှုကို ပုံဖော်ထားတာဖြစ်ပါတယ်၊
စစ်မီးတောက်တွေ ဝါးမြိုနေတဲ့ အဲဒီခေတ်ကြီးထဲမှာ စစ်သူကြီး Zhuang Qiao ဟာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု မိသားစုနဲ့ တိုင်းပြည်အတွက် တာဝန်ယူမှုတွေကြားမှာ ခက်ခဲကျပ်တည်းလှတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်ခဲ့ရရှာပါတယ်
သူဟာ အမိနိုင်ငံတော်ကို သစ္စာရှိရှိ ကာကွယ်ခဲ့ပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြောင့် အရှက်ကွဲ နာကျင်မှုတွေကို ရင်ဝယ်ပိုက်ပြီး ရန်သူတွေ မရိပ်မိအောင် အင်အားတွေကို တိတ်တဆိတ် စုဆောင်းခဲ့ရပါတယ်၊
ဒီလိုဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေဆိုးကြီးထဲကနေ မဆုတ်မနစ်တဲ့ ယုံကြည်ချက် ထက်မြက်လှတဲ့ ဉာဏ်ပညာတွေနဲ့အတူ နောက်ဆုံးမှာတော့ ရက်စက်တဲ့ စစ်မက်ကမ္ဘာကနေ မေတ္တာတရားနဲ့ ယဉ်ကျေးမှုတွေကို ပျိုးထောင်ပေးပြီး လူမျိုးစုတွေအကြား သွေးစည်းညီညွတ်မှုကို တည်ဆောက်မယ့် ခေါင်းဆောင်တစ်ဦးအဖြစ် ရုန်းထွက် ထွန်းတောက်လာခဲ့ပါတယ်
ပြိုပျက်လုနီးပါး ဖြစ်နေတဲ့ အမိမြေကို ပြန်လည်ထူထောင်ဖို့နဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကမ္ဘာသစ်တစ်ခုကို သူ ဘယ်လို လမ်းစရှာပြီး တည်ဆောက်သွားမလဲဆိုတာကတော့.....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/50
