Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)
前往频道在 Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ
显示更多未指定国家未指定类别
📈 Telegram 频道 Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) 的分析概览
频道 Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) 是活跃参与者。目前社区聚集了 27 002 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 27 002 名订阅者。
根据 20 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -5 629,过去 24 小时变化为 6 706,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 3.75%。内容发布后 24 小时内通常能获得 4.05% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 012 次浏览,首日通常累积 1 094 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန်
Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”
凭借高频更新(最新数据采集于 21 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
27 002
订阅者
+6 70624 小时
+3 2837 天
-5 62930 天
帖子存档
Repost from Dream world Movies Channel(MM Sub)
ဒိုင်နိုဆော တစ်ကောင်၏ ကလဲ့စား
R_a-p_t-o_r A-t-t-a_c-k (2-0-2-6)
အိုင်းရစ်ဆိုတဲ့ အမျိုးသမီးက ဒိုင်နိုဆောတွေကို အရှင်လတ်လတ် မြင်တွေ့နိုင်ဖို့ ရူးသွပ်နေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ပါ။
အစိုးရက ပရောဂျက်ကို ရပ်လိုက်ပြီးတာတောင် သူက ဇွဲမလျှော့ဘဲ ဆက်ကြိုးစားနေတုန်းပါပဲ။
တစ်ရက်မှာတော့ သူ့ရဲ့ ရူးသွပ်မှုက အကျိုးပြုလာခဲ့ပါတယ်။
သူ ပီတာနဲ့ ရောဘတ်ဆိုတဲ့ ဒိုင်နိုင်ဆော ၂ ကောင်ကို တခြားရုပ်ကြွင်းတွေ၊ DNA အကြွင်းအကျန်တွေကနေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဖန်တီးတဲ့ ဒိုင်နိုဆောတွေက မျိုးပွားနှုန်း၊ ကြီးထွားနှုန်း အရမ်း မြန်ပြီး ထိန်းသိမ်းရ ခက်လာပါတယ်။
အဲဒါကြောင့် သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့က ပရောဂျက်ကို အဆုံးသတ်ပြီး အန္တရာယ်များတဲ့ ဒီဒိုင်နိုဆောတွေကို သတ်ပစ်ဖို့ စီစဉ်လိုက်ပါတော့တယ်။
ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ပီတာကို သတ်နေတာကို ရောဘတ်က မြင်သွားပြီး စိတ်ရိုင်းဝင်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတော့တယ်။
အိုင်းရစ်လည်း ဒီသားရဲကြီးကို ကိုင်တွယ်ဖို့ ကျရှုံးသွားပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့သမီးနဲ့ မြေးတွေ အိမ်ကိုလာလည်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အခါ...
ကလဲ့စားချေချင်နေတဲ့ လူသားတွေနဲ့ ကလဲ့စားချေချင်နေတဲ့ ဒိုင်နိုဆော
နောက်ဆုံး ဘယ်ဘက်က အနိုင်ရသွားမလဲ...
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/346
Repost from Dream world Movies Channel(MM Sub)
ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်လမ်းကောင်းကို ခမ်းနားထည်ဝါလှတဲ့ visual effects တွေ၊ သဘာဝကျလှတဲ့ ပုံရိပ်တွေနဲ့အတူ လူသားစစ်စစ် သရုပ်ဆောင်တွေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Live-Action စွန့်စားခန်း ကားကောင်းကြီး!
⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨
၂၀၂၆ ခုနှစ်ထွက် သမုဒ္ဒရာနောက်ခံ လျှို့ဝှက်ဆန်းပြားမှုတွေ၊ တစ်ကွက်ချင်းစီမှာ စိတ်လှုပ်ရှားကြည်နူးစရာ အပြည့်နဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ရဲရင့်ဖျတ်လတ်တဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးငယ်လေးဟာ မိမိတို့ကျွန်းစုနဲ့ လူမျိုးစုတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်ဆိုးကြီးကနေ ကယ်တင်ဖို့အတွက် ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ကာ စွန့်စားခန်းထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီခရီးစဥ်မှာ သူမဟာ တန်ခိုးစွမ်းအားကြီးမားပြီး အသွင်ပြောင်းလဲနိုင်တဲ့ တန်ခိုးရှင်တစ်ဦးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ပြီး ပူးပေါင်းမိသွားပါတော့တယ်။
ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲက အန္တရာယ်ရှိတဲ့ သတ္တဝါဆန်းတွေ၊ ကြောက်မက်ဖွယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း သူတို့နှစ်ဦး ရည်မှန်းချက်အောင်မြင်အောင် ဘယ်လိုဉာဏ်ကစားပြီး အားပြိုင်ဖြတ်ကျော်မလဲဆိုတာ ဇာတ်ရှိန်တက်တက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည်ရန်🔽🔽🔽
https://t.me/dreamworld2/344
Repost from Dream Word Indian Movies (MM sub)
B*R*O (20*23)
=========
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခုလုံးကို မိသားစုအတွက်ပဲပေးဆပ်လာခဲ့ပြီးတော့ အမြဲတမ်းအလုပ်များနေတဲ့သူတစ်ယောက်ပါ
သူ့ညီအစ်ကိုမောင်နှမကိစ္စတွေဆိုရင်လည်း အားလုံးကိုပဲ သူပဲလိုက်စီမံထိန်းချုပ်ပြီး သူ့အလိုအတိုင်းပဲလုပ်တတ်တဲ့သူတစ်ယောက်ပေါ့
ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုင်ဇက်ကနေ ဟိုက်ဒရာဘတ်ကိုသွားတဲ့အချိန် လမ်းမှာအက်စီးဒင့်ဖြစ်ခဲ့ပါတယ် သူနိုးလာတဲ့အချိန်မှာတော့
အနက်ရောင်အင်္ကျီဝတ်ထားတဲ့၊ သူ့ကိုယ်သူ "အချိန်"လို့ပြောတဲ့လူတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီလူကနေမှ သူကမ္ဘာပေါ်မှာနေရမယ့်အချိန်တွေကုန်သွားပြီလို့
ပြောလာခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့မိသားစုကိုစိတ်မချဘူး၊ သူ့မှာလုပ်စရာတွေကျန်သေးတယ်လို့ပြောပြီး နောက်ဆုံးမှာ အချိန်ရက် ၉၀ ပေးဖို့ညှိနိုင်ခဲ့ပါတယ်
မာ့ခ်တစ်ယောက်သူ့ရဲ့နောက်ဆုံးရက် ၉၀ အတွင်းမှာ ဘာတွေကိုပြင်ဆင်သွားမလဲ၊ အသက်ရှင်နေစဉ် သူသတိမထားမိခဲ့တဲ့
ဘယ်လိုဖြစ်ရပ်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/256
Repost from Dream Word Indian Movies (MM sub)
ပက်ဒီ" အကြည်ရပါပြီ
P_e-d-d_i (2-0-2-6) Telugu
IMDB ⭐️ 6.1/10
"ကိုယ့်ရွာ၊ ကိုယ့်မြေ၊ ကိုယ့်ဂုဏ်သိက္ခာအတွက်ဆိုရင်... အားကစားကလည်း အကောင်းဆုံး လက်နက်တစ်ခုပါပဲ ကိုယ့်ရဲ့တောင်းဆိုတဲ့အသံကို မကြားဘူးဆိုရင် လူတိုင်းမြင်ရတဲ့ထိပ်ဆုံးကနေ တက်ပြောဖို့ ဝန်မလေးဘူး"
ကဲ... တောင်ပိုင်း Action ကားကြမ်းကြမ်းတွေ၊ ရွာအခြေခံ Period Drama ကားကောင်းကောင်းတွေ မျှော်နေတဲ့ ကျွန်တော်တို့ ပရိသတ်ကြီးအတွက် အခုမှ အသစ်စက်စက် ထွက်ရှိလာတဲ့ ဇာတ်ကားကြီးရဲ့ hdtc version လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာဆိုရင်တော့ RRR တို့၊ Magadheera တို့လို ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်နေတဲ့ Mega Power Star မင်းသားကြီး Ram Charan ကိုယ်တိုင် အကြမ်းစား ရွာသားကာရိုက်တာနဲ့ ပါဝင်အားဖြည့်ထားတာဆိုတော့ အက်ရှင်ခန်းတွေ၊ ဒိုင်ယာလော့ဂ်တွေကတော့ လုံးဝအနှစ်ပါပဲ။
ဇာတ်လမ်းကတော့ ၁၉၈၀ ခုနှစ်ဝန်းကျင် အန်ဒရာပရာဒေ့ရှ် ပြည်နယ်က ဝေးလံတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ တက်ကြွပြီး သွေးဆူလွယ်တဲ့ ရွာသားလေးတစ်ယောက် ပက်ဒီဟာ ... ဒီရွာတစ်ဝိုက်မှာတော့ လူတိုင်းအားကျရတဲ့သူ။
အားကစားနည်းတော်တော်များများမှာ ကျွမ်းကျင်လွန်းတဲ့ ပက်ဒီဟာ ရွာလူငယ်တွေရဲ့စံနမူနာပေါ့။
ဒါပေမဲ့ ပက်ဒီတို့ရွာလေးဟာ အစိုးရရဲ့သတ်မှတ်ပြည်နယ်ထဲမပါသလို သတ်သတ်မှတ်မှတ် နာမည်တောင်မရှိရှာပါဘူး။ သူတို့ရွာဘေးမှာရှိနေတဲ့ရထားလမ်းကနေ နေ့စဉ်ဖြတ်နေတဲ့ ရထားကတောင် သူတို့ကို လူရာမသွင်းတဲ့အပြင် ဘေးပတ်ဝန်းကျင်ကရွာတွေကလည်း ပက်ဒီတို့ရွာသားဆို တောင်အောက်ကရွာသား အောက်တန်းစားလို့ပဲ သတ်မှတ်ထားကြတာပါ။
သူတို့ရွာလေးမှာ ဘူတာလေးဆိုက်ဖို့ နှစ် ၃၀ တိုင်တိုင် ကြိုးစားခဲ့တဲ့ အပ်ပလာဆူရီတစ်ယောက် ဒီရထားဘူတာဆိုက်ဖို့အတွက်နဲ့ အသက်ကိုပါပေးသွားချိန်မှာ ပက်ဒီတစ်ယောက် ရင်ထဲကရည်မှန်းချက်တွေပြောင်းသွားပါတော့တယ်။
ငါ့အသံက သေးနုပ်လွန်းနေတယ် ငါ့ဖြစ်တည်မှုက သိမ်ဖျင်းလွန်းနေတယ်ဆို မင်းတို့မြင်ရတဲ့နေရာကို ငါတက်လှမ်းခဲ့မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အားကစားဘက်ကို ဇောက်ချလုပ်ပါတော့တယ်။
ပက်ဒီတစ်ယောက် သူတို့ရွာအတွက် အမှတ်အသားတစ်ခုရရေးအတွက် ဘယ်လိုကြိုးပမ်းမလဲဆိုတာ သာမန် ရိုက်ခုတ် သတ်ပုတ်နေတဲ့ အက်ရှင်တွေချည်းပဲ မဟုတ်ဘဲ ရွာသူရွာသားတွေရဲ့ သံယောဇဉ်၊ စည်းလုံးမှုနဲ့ အားကစားပြိုင်ပွဲရဲ့ အကြိတ်အနယ် ရှိမှုတွေကိုပါ ခံစားရမယ့် Period Drama ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အခုပဲ မလွတ်တမ်းရှုစားလိုက်ကြပါဦးခင်ဗျာ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/254
Repost from Dream world Movies Channel(MM Sub)
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ...
T_h-e S_w-o_r-d_s-m_a-n (2020)IMDb…7.0
ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….
တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…
ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်…
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/340
#Credit
Repost from Dream Word Indian Movies (MM sub)
ဘိုင်ရာဘာမင်းသားရဲ့ ရှယ်ကြမ်းတဲ့ရုံတင်ကားသစ်
Peddi (2-0-2-6) အကြည်ဗားရှင်းရပါပီ
ဇာတ်လမ်းကတော့ ၁၉၈၀ ခုနှစ်ဝန်းကျင် အန်ဒရာပရာဒေ့ရှ် ပြည်နယ်က ဝေးလံတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ တက်ကြွပြီး သွေးဆူလွယ်တဲ့ ရွာသားလေးတစ်ယောက် ပက်ဒီဟာ … ဒီရွာတစ်ဝိုက်မှာတော့ လူတိုင်းအားကျရတဲ့သူ။
အားကစားနည်းတော်တော်များများမှာ ကျွမ်းကျင်လွန်းတဲ့ ပက်ဒီဟာ ရွာလူငယ်တွေရဲ့စံနမူနာပေါ့။
ဒါပေမဲ့ ပက်ဒီတို့ရွာလေးဟာ အစိုးရရဲ့သတ်မှတ်ပြည်နယ်ထဲမပါသလို သတ်သတ်မှတ်မှတ် နာမည်တောင်မရှိရှာပါဘူး။ သူတို့ရွာဘေးမှာရှိနေတဲ့ရထားလမ်းကနေ နေ့စဉ်ဖြတ်နေတဲ့ ရထားကတောင် သူတို့ကို လူရာမသွင်းတဲ့အပြင် ဘေးပတ်ဝန်းကျင်ကရွာတွေကလည်း ပက်ဒီတို့ရွာသားဆို တောင်အောက်ကရွာသား အောက်တန်းစားလို့ပဲ သတ်မှတ်ထားကြတာပါ။
သူတို့ရွာလေးမှာ ဘူတာလေးဆိုက်ဖို့ နှစ် ၃၀ တိုင်တိုင် ကြိုးစားခဲ့တဲ့ အပ်ပလာဆူရီတစ်ယောက် ဒီရထားဘူတာဆိုက်ဖို့အတွက်နဲ့ အသက်ကိုပါပေးသွားချိန်မှာ ပက်ဒီတစ်ယောက် ရင်ထဲကရည်မှန်းချက်တွေပြောင်းသွားပါတော့တယ်။
ငါ့အသံက သေးနုပ်လွန်းနေတယ် ငါ့ဖြစ်တည်မှုက သိမ်ဖျင်းလွန်းနေတယ်ဆို မင်းတို့မြင်ရတဲ့နေရာကို ငါတက်လှမ်းခဲ့မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အားကစားဘက်ကို ဇောက်ချလုပ်ပါတော့တယ်။
ပက်ဒီတစ်ယောက် သူတို့ရွာအတွက် အမှတ်အသားတစ်ခုရရေးအတွက် ဘယ်လိုကြိုးပမ်းမလဲဆိုတာ သာမန် ရိုက်ခုတ် သတ်ပုတ်နေတဲ့ အက်ရှင်တွေချည်းပဲ မဟုတ်ဘဲ ရွာသူရွာသားတွေရဲ့ သံယောဇဉ်၊ စည်းလုံးမှုနဲ့ အားကစားပြိုင်ပွဲရဲ့ အကြိတ်အနယ် ရှိမှုတွေကိုပါ ခံစားရမယ့် Period Drama ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အခုပဲ မလွတ်တမ်းရှုစားလိုက်ကြပါဦးခင်ဗျာ။...
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/251
#Credit
Repost from Dream world Movies Channel(MM Sub)
The Last Apocalypse (2026)
ဇာတ်လမ်းက တိုကျိုက ဂျပန်ဒေါက်တာတစ်ယောက်ရဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ဗို-င်းရ-ပ်စ်တစ်ခုဟာ
မတော်တဆ အပြင်ကို ပျံ့နှံ့သွားရာကနေ စတာပါပဲ။
အစပိုင်းမှာတော့ ဒါက သာမန် ဆေးဘက်ဆိုင်ရာ ထူးဆန်းမှုတစ်ခုလို့ပဲ ထင်ရပေမယ့်၊ ဗို-င်းရ-ပ်စ်က အရှိန်အဟုန်နဲ့ ဗီ-ဇပြောင်းလဲသွားပြီး
တစ်ကမ္ဘာလုံးကို ကူ-းစ-က်ကု-န်တော့တာပါပဲ။
ဒီဗို-င်းရ-ပ်စ်ရဲ့ ထူးခြားချက်က ကူ-းစ-က်ခံရတဲ့သူတွေကို ထူးထူးဆန်းဆန်းနဲ့ ရင်တထိတ်ထိတ်ဖြစ်စရာ ကမောက်ကမပုံစံမျိုးစုံ ပြောင်းလဲသွားစေတာပါ။
အာရှနဲ့ အမေရိက တိုက်ကြီးနှစ်ခုလုံးမှာ ဒီဗို-င်းရ-ပ်စ်ဒ-ဏ်ကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပရ-မ်းပ-တာဖြစ်ပြီး ကမ္ဘာပျ-က်က-ပ်ဆို-က်မှုကို ရင်ဆိုင်ကြရတဲ့
ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။
ခြုံပြောရရင်တော့ သိပ္ပံနဲ့ သည်းထိတ်ရင်ဖို (Sci-Fi Horror) ကို ပေါင်းစပ်ထားပြီး ၇၈ မိနစ်ပဲ ကြာတဲ့အတွက် ဇာတ်ရှိန်ခပ်သွက်သွက်နဲ့
ကြည့်ရမယ့် B-grade ရုပ်ရှင်မျိုး ဖြစ်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/337
Repost from Dream world Movies Channel(MM Sub)
Confession (2022)
IMDB (7/10)
ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
ဇာတ်လမ်းအကျဉ်း ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်
ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်
ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/335
Repost from Dream world Movies Channel(MM Sub)
ရှယ်ကြမ်း ယူကရိန်း-ရုရှားစစ်ကား
M_a-n O-f W_a-r ( 2-0-2-6 )
IMDB ⭐️ 5.6/10
စစ်ပွဲထဲကလူ
ဒီဇာတ်ကားလေးကတော့ ယူကရိန်း ရုရှားစစ်ပွဲကို နောက်ခံထားရိုက်ကူးထားတဲ့ စစ်ကားလေးပါပဲ
စစ်ကားဆိုပေမဲ့ တစ်ကိုယ်တော်ကြမ်းပြရမ်းပြပြီး ယူကရိန်းရုရှားစစ်ပွဲမှာ အမေရိကန်ဘက်ကလူတစ်ယောက် ဘယ်လိုရှင်းသွားမလဲဆိုတာ ရိုက်ပြထားပါတယ်
ဇာတ်လမ်းလေးကတော့ ယူကရိန်းကိုရုရှားဘက်မှ စတင်ပစ်ခတ်ချိန်မှာ မိုက်ရဲ့တူမရိုင်လီဟာ ယူကရိန်းဘက်က မိဘမဲ့ဂေဟာကို လုပ်အားပေးကူညီရင်းကနေ တိုက်ပွဲထဲပိတ်မိပြီး ဓားစာခံအဖြစ် ခေါ်သွားခံရပါတော့တယ်
မိုက်ဟာ သူ့မှာ ဆွေမျိုးလိုဖြစ်နေတဲ့လူဆိုလို့ ရိုင်လီတစ်ယောက်ပဲရှိတဲ့အခါ ဘယ်လိုမှမတတ်သာဘဲ သူကိုယ်တိုင်သွားခေါ်ရမဲ့ အခြေအနေထိ ဖြစ်လာပါတော့တယ်
အဲဒါအပြင် သူ့တူမကိုဖမ်းသွားတာက တကယ်ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ရုရှားစစ်သားတွေ ဖြစ်နေတဲ့အခါမှာတော့ မလောက်ငှတဲ့အချိန်အတွင်းမှာ ခြေလွန်လက်လွန်တွေမဖြစ်ခင် မိုက်တစ်ယောက် စစ်ဖြစ်တဲ့နေရာကိုဘယ်လိုဝင်ပြီး တိုက်ပွဲတွေကြားက ဘယ်လိုကယ်ဆယ်သွားမလဲ
ရုရှားကြေးစားတွေကို ဘယ်လိုတစ်ကိုယ်တော် ဖြုတ်ပြသွားမလဲ သူ့တူမဆိုသူကို ကယ်တင်နိုင်မလားဆိုတာကတော့ ဇာတ်လမ်းမှာဆက်လက် ကြည့်ရှုလိုက်ကြပါ
အက်ရှင်ကားတောင့်တနေသူတွေအတွက်တော့ ဒီဇာတ်ကားဟာ အချိန်ပေးကြည့်ရတန်တဲ့ ဇာတ်ကားလေးပါ
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/333
Repost from Dream Word Indian Movies (MM sub)
ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင်
ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို
လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...
အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့
သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်...
တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို
စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...
တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို
အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့
မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...
ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်
အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး
ကယ်လို့မရဘူးဖြစ်နေတယ်...
အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ
သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...
ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ
တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....
ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ
အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/246
Repost from Dream world Movies Channel(MM Sub)
We Can Be Heroes (2020)
=========================
IMDB - 4.7/10
ဇာတ်လမ်းကတော့.....
ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်နေကြတဲ့ စူပါဟီးရိုးကြီးတွေ (The Heroics) ကို ဂြိုဟ်သားတွေက ရုတ်တရက် ကျူးကျော်ဝင်ရောက်ပြီး ဖမ်းဆီးသွားတဲ့အခါ ဇာတ်လမ်းစတင်ပါတယ်။ ဟီးရိုးတွေရဲ့ ကလေးတွေကိုတော့ အစိုးရက လုံခြုံရေးအရ မြေအောက်စခန်းတစ်ခုမှာ သွားရောက်ထိန်းသိမ်းထားလိုက်ပါတယ်။
ဒါပေမယ့် စူပါဟီးရိုး မားကပ်စ် မိုရီနို ရဲ့ သမီးဖြစ်သူ မစ်ဆီ ဟာ အစိုးရရဲ့ အစီအစဉ်ကို ငြိမ်ပြီး လက်မခံဘဲ သူမရဲ့ အဖေနဲ့ တခြားဟီးရိုးတွေကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ်ဆီ မှာ တခြားကလေးတွေလို စွမ်းအား (Superpower) မရှိပေမယ့် သူမရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို သုံးပြီး စွမ်းအားကိုယ်စီရှိကြတဲ့ ကလေးတွေအားလုံးကို စုစည်းလိုက်ပါတယ်။
သူတို့ကို ထိန်းသိမ်းထားတဲ့ အစိုးရအေးဂျင့် မစ္စစ် ဂရန်နာဒါ ရဲ့ လက်ကနေ လွတ်မြောက်အောင် ကြိုးစားရင်း၊ ကလေးတွေချည်းပဲ သက်သက် သူတို့ရဲ့ မိဘတွေနဲ့ ကမ္ဘာကြီးကို ဂြိုဟ်သားတွေလက်ကနေ ဘယ်လို ကယ်တင်မလဲဆိုတာကို ရိုက်ကူးထားတာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/330
Repost from Dream World Horror Movies (MM sub)
ထောင်ချောက် [၂၀၂၆] ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုံတင်ကားသစ်
Pitfall (2026)
တောထဲတောင်ထဲမှာ ထော-င်ချော-က်တွေကြား ပိ-တ်မိပြီး တစ်ယောက်ချင်းစီ အ-မဲလို-က်-ခံရမယ့် Survival Horror ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။
ဇာတ်လမ်းကတော့ မိဘတွေဆုံးပါးသွားလို့ စိ-မ်းကားနေတဲ့ မောင်နှမနှစ်ယောက် ပြန်အဆင်ပြေအောင်ဆိုပြီး သူငယ်ချင်းတွေနဲ့အတူ တောတွင်းခရီးထွက်ခဲ့ကြတာပါ။
ဒါပေမဲ့ မထင်မှတ်ဘဲ အစ်ကိုဖြစ်သူက လှံစူ-းတွေအပြည့်ရှိတဲ့ ဆယ်ပေအနက် ထော-င်ချော-က်တွင်းထဲ ပြု-တ်ကျ-ပြီး ဒ-ဏ်ရာအပြ-င်းအထ-န်နဲ့ ပိ-တ်မိသွားတဲ့အခါမှာတော့
တစ်ဖွဲ့လုံးရဲ့ ပျော်စရာခရီးစဉ်က င-ရဲခ-န်းအလား ပြောင်းလဲသွားပါတော့တယ်။
ဖုန်းလိုင်းတွေလည်း ဖြ-တ်တော-က်-ခံရပြီး သူတို့ကို ကူညီမယ့်သူမရှိတဲ့အပြင် တောကြီးတစ်ခုလုံးမှာ ထော-င်ချော-က်မျိုးစုံဆင်ပြီး တစ်ယောက်ချင်းစီကို သွေ-းအေးအေးနဲ့
အ-မဲ-လိုက်မယ့် ဆွံ့အ နားမကြား လူသ-တ်သမားရ-က်စ-က်ကြီးတစ်ယောက် ရှိနေမှန်း သိလိုက်ရတဲ့အခါ...။
တွင်းထဲမှာ သွေ-းသံ-ရဲ-ရဲ-နဲ့ ပိ-တ်-မိနေတဲ့ အစ်ကိုဖြစ်သူကို သူတို့ ကယ်တင်နိုင်မလား? သွေ-းပျ-က်-စရာ ထေ-ာင်ချော-က်တွေကြားကော အသ-က်ရှ-င်အောင်
ဘယ်လိုရု-န်းက-န်ကြမလဲဆိုတာကို သွေ-းရဲ-ရဲ ခြေ-ာက်ခြ-ားဖွယ် ဇာတ်ဝင်ခန်းတွေနဲ့အတူ ရင်တထိတ်ထိတ် ကြည့်ရှုရမှာမို့ Horror ပရိသ-တ်တွေ
လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/242
Repost from Dream Word Indian Movies (MM sub)
Tiktok ပေါ်နမည်ကြီးနေတဲ့ အိန္ဒိယရုံတင်အက်ရှင်ဇာတ်ကားသစ်
Alpha (2-0-2-6)
===============
"ခေါင်းမာတဲ့မိန်းကလေးတွေက ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်"
ကဲ... Ac.ti.on ကားကြမ်းကြမ်း မျှော်နေတဲ့ ဘော်ဒါတွေအတွက်... အထူးသဖြင့် YR.F Spy U.niv.erse ရဲ့ အမာခံပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ အသစ်စက်စက် အက်ရှင်ကားကြီး "Alp.ha" ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာ အဓိက ခေါင်းဆောင်ပါဝင်ထားတာကတော့ ပရိသတ်တွေရဲ့ အချစ်တော် Al.ia Bh.att နဲ့ S.harv.ari Wagh တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရင့်မင်းသားကြီး A.nil Kap.oor နဲ့ Bobby De.ol ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။
စီတာဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက မိသားစုဆီကနေ အဓမ္မခွဲခွာခံခဲ့ရပြီး ဖာတေ့ဆိုတဲ့ စစ်တပ်အရာရှိဟောင်းရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပါ။
ဖာတေ့ရဲ့ ရည်ရွယ်ချက်ကတော့ ဒဏ်ရာတွေကို အမြန်ဆုံးပြန်ကောင်းစေတဲ့ "Alp.ha" လို့ခေါ်တဲ့ အထူးဆေးရည်ကိုသုံးပြီး သာမန်လူတွေထက် အဆပေါင်းများစွာ သန်မာတဲ့ စူပါစစ်သားတွေ မွေးထုတ်ဖို့ပါပဲ။
စီတာဟာ အဲဒီ "Alp.ha" ပရိုဂရမ်ရဲ့ အအောင်မြင်ဆုံးနဲ့ အတော်ဆုံး လူသတ်လက်နက်လေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်နဲ့ မိသားစုအကြောင်း အမှန်တရားတွေကို သိလိုက်ရတဲ့အခါ... ဖာတေ့ကို ဖခင်တစ်ယောက်လို သဘောထားခဲ့တဲ့ စီတာတစ်ယောက် လမ်းကြောင်းပြောင်းသွားပါတော့တယ်။
ကိုယ့်ရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့ ဖာတေ့ကို လက်စားချေဖို့နဲ့ သူ့ရဲ့ ရက်စက်တဲ့ စစ်တပ်ပရိုဂရမ်ကြီးကို ဖျက်ဆီးပစ်ဖို့အတွက် စီတာတစ်ယောက် သူတစ်ခါမှ မြင်ခွင့်မရခဲ့တဲ့ ဖခင်ဖြစ်သူ ဗစ်ခရန့်နဲ့ ညီမဖြစ်သူ ဒူရ်ဂါတို့နဲ့ ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်သွားမလဲဆိုတာ ရှုစားရမှာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/242
#Credit
Repost from Dream World Horror Movies (MM sub)
ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ်
Red Rabbit Lodge (2026)
(ဒီဇာတ်ကားတွင် သွေးသံရဲရဲ အသတ်အဖြတ် အခန်းများနှင့် လူကြီးကြည့် အခန်းအချို့ ပါဝင်သဖြင့် မိသားစုဝင်များ၊
ကလေးငယ်များနှင့်အတူ ကြည့်ရှုရန် လုံးဝ မသင့်တော်ပါကြောင်း ကြိုတင်သတိပေးပါရစေ..)
ဒီကားဟာ ၂၀၂၆ ခုနှစ် ဧပြီလပိုင်းကမှ Digital Platform တွေမှာ ထွက်ရှိထားတဲ့ ဩစတြေးလျ သွေးထွက်သံယို ထိတ်လန့်စရာ (Slasher Horror)
ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့ ဗီဒီယိုခေတ် သွေးစွန်းစလတ်ရှာ (Retro Slasher) ပုံစံမျိုးကို ရိုးရာမပျက် ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။
ဇာတ်လမ်းက ဆစ်ဒနီမြို့က ကြီးမားပြီး သမိုင်းကြောင်းနက်နဲတဲ့ အိမ်ကြီးတစ်အိမ်ကနေ စတင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဲဒီအိမ်မှာ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့ ရော်ဘာမျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားတစ်ယောက်ရဲ့
ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အိမ်ပိုင်ရှင်ဖြစ်သူ ဗစ်တိုးရီးယား (Miss Victoria) ဟာ အိမ်လခကြွေးမြီတွေ တက်လာတာကြောင့် ဒီအိမ်ကြီးကို နိုင်ငံခြားကျောင်းသားတွေ
တည်းခိုဖို့ "Red Rabbit Lodge" ဆိုတဲ့ အမည်နဲ့ အဆောင်အဖြစ် ပြောင်းလဲငှားရမ်းခဲ့ပါတယ်။
ပစ္စုပ္ပန်ကာလမှာတော့ မိမိရဲ့ စိတ်ဒဏ်ရာရစရာ အတိတ်တွေကို မေ့ပစ်ချင်လို့ လာရောက်အခြေချတဲ့မိန်းကလေး အက်ဘီဂေးလ် (Abigail)
အပါအဝင် နိုင်ငံခြားသားကျောင်းသားလူငယ်တစ်စုဟာ ဒီအဆောင်ကို ရောက်လာကြပါတယ်။ အဆောင်ပိုင်ရှင် ဗစ်တိုးရီးယားကတော့ အတိတ်က
အဖြစ်ဆိုးကြောင့် ကျောင်းသားတွေကို အရမ်းတင်းကျပ်တဲ့ အိမ်စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။
ဒါပေမဲ့ သွေးကြွနေတဲ့ လူငယ်သဘာဝအတိုင်း သူတို့တွေက စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘဲ အခန်းထဲမှာ ပါတီပွဲတွေလုပ်၊ ကမ်းခြေသွားပြီး
အပျော်ကြူးနေကြပါတယ်။
သူတို့ ပျော်ပါးနေတုန်းမှာပဲ သူတို့မသိတာတစ်ခုက အဲဒီအိမ်ကြီးရဲ့ နံရံတွေနောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတာပါပဲ။ ကျောင်းသားတွေက
စည်းကမ်းဖောက်ဖျက်ပြီး သောင်းကျန်းလာတဲ့အခါမှာတော့ ဒီမျက်နှာဖုံးစွပ်လူသတ်သမားကြီးဟာ အမှောင်ထဲကနေ ထွက်လာပြီး ကျောင်းသားတွေကို
တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အမဲလိုက် သတ်ဖြတ်ပါတော့တယ်။ အက်ဘီဂေးလ်တစ်ယောက် လက်ရှိ ကြောက်မက်ဖွယ်လူသတ်ပွဲကြီးကနေ
လွတ်မြောက်ဖို့ ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။
ဒီကားက ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ထားတဲ့ Slasher ကားစစ်စစ် ဖြစ်ပါတယ်။ ဇာတ်လမ်းအိမ်ကတော့ ရိုးရှင်းပြီး ရိုးအီနေသလို ရှိပေမယ့် ၁၉၈၀ ရိုးရာစတိုင်
Synth-driven တေးဂီတတွေ၊ သွေးထွက်သံယိုအခန်းတွေနဲ့ ဇာတ်သိမ်းပိုင်းမှာပါဝင်တဲ့ လွှစက် (Chainsaw) ဝှေ့ယမ်းပြီး သတ်ဖြတ်တဲ့ အက်ရှင်အခန်းတွေက
Slasher/Gore ကားကြိုက်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/239
Repost from Dream World Horror Movies (MM sub)
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး
P_a-n_o-r 2 (2-0-2-6)
IMDB ⭐️ 6.2/10
"အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ့ ဝဋ်ကြွေးတွေကိုတော့ ရှောင်ပုန်းလို မရနိုင်ဘူးလေ"
ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး "Panor 2" ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။
ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။
ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။
ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။
ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့…
မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့…
ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/237
Repost from Dream World Horror Movies (MM sub)
သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ်
(入凶宅) Haunted House 2026 Movie
အားလုံးအတွက် ဒီတစ်ခါ ခြောက်ခြားစရာကောင်းလှတဲ့ အိမ်အိုကြီးထဲက ထူးဆန်းဆန်းပြားတဲ့ လျှို့ဝှက်ချက်တွေ ကျောချမ်းစရာ ဝိညာဉ်လောကရဲ့ သွေးအေးအကွက်ချမှုတွေနဲ့အတူ သရဲအကောင်းစား ကြည့်ချင်သူတွေအတွက် ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ သရဲကမ္ဘာသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
အမျိုးသမီးလေး Song Hui ဟာ ထူးဆန်းတဲ့ အကြောင်းအရင်းအချို့ကြောင့် လူသူကင်းဝေးပြီး သွေးပျက်စရာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သရဲအိမ်ကြီးတစ်ခုထဲမှာ လူမသိသူမသိ တိတ်တဆိတ် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ပါတယ်
ဒါပေမဲ့ သူမ နေထိုင်ပြီး မကြာခင်မှာပဲ အိမ်ကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းအီလည်လည်နဲ့ သန်းခေါင်ယံအချိန်မတော်ကြီး ထွက်ပေါ်လာတတ်တဲ့ ဝိညာဉ်ခြောက်လှန့်မှုတွေ ကျောချမ်းစရာ ထူးဆန်းတဲ့ ဖြစ်ရပ်ဆိုးတွေကို ဆက်တိုက်ဆိုသလို ရင်ဆိုင်လာရပါတော့တယ်
တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရားတွေ ရက်ရက်စက်စက် အကွက်ချ သတ်ဖြတ်ခံခဲ့ရတဲ့ လျှို့ဝှက်ချက်တွေ တရွေ့ရွေ့ ပေါ်ထွက်လာတဲ့အခါမှာတော့.....
ဒီရှာဖွေခြင်း ခရီးစဉ်ဟာ သာမန်ဝိညာဉ်ခြောက်လှန့်မှုတင်မကဘဲ သူမရဲ့ ရင်ထဲက အတိတ်က နာကျင်စရာ စိတ်ဒဏ်ရာဟောင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးမယ့် ထိတ်လန့်စရာ စွန့်စားခန်းခရီးစဉ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်
ဉာဏ်ပညာချင်းပြိုင်ပြီး ဒီသေမင်းတမန် သရဲအိမ်ကြီးထဲကနေ သူမ ဘယ်လို လမ်းစရှာပြီး အသက်ဘေးက ရုန်းထွက်မလဲဆိုတာ....
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/235
Repost from Dream world Movies Channel(MM Sub)
T*h*e Fu*ri*o*us [၂၀၂၆] ရဲ့ အကြမ်းဆုံး ရုံတင်ကားကြီး
++++++++++++++++
၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။
ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။
ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး
ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့
လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။
ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography)
တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Ra*id လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ
ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။
မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊
ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ
ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။
ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက
တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။
လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊
တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။
ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြမ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။
၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/323
Repost from Dream Word Indian Movies (MM sub)
ကောင်ဇိုးလေး ကာသစ်
B_a-d B-o_y K_a-r-t_h-i-k (2-0-2-6)
============================
IMDB ⭐️ 7.1/10
"ဆိုးပေပေ ကောင်လေးတစ်ယောက်က မိသားစုအတွက်ဆိုရင် ဘယ်လောက်ထိ ကြမ်းပြမလဲ"
Telugu Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားချော Naga Shaurya, မင်းသမီး Vidhi Yadav နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Samuthirakani တိုက အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ ဒါရိုက်တာ Ramesh Desina ရဲ့ ပွဲဦးထွက် ရိုက်ကူးရေး လက်ရာလေးလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့...
ဇာတ်ကားနာမည်နဲ့ လိုက်အောင်ပဲ ဇာတ်လိုက်ကျော် ကာသစ်ဟာ စည်းကမ်းမရှိဘဲ ဆိုးပေနေတဲ့ ပြဿနာကောင်လေး တစ်ယောက်ပါ။ ဘွဲ့ရပညာတတ်ပေမဲ့ ဘာမှမယ်မယ်ရာရာမလုပ်ဘဲ အပေါင်းအသင်တွေနဲ့ပျော်ပါး လူမိုက်တွေပညာပေး ရန်ဖြစ်လိုက်နဲ့ ဘဝကိုဖြတ်သန်းနေသူ
သူ့ဘဝမှာ အရေးကြီးဆုံးက အနာဂတ်လည်းမဟုတ် ဘဝလည်းမဟုတ် အစ်မဖြစ်သူအနားမှာ အမြဲနေရဖို့ပါပဲ။
တစ်နေ့မှာတော့ သူဟာ ဒေသခံ ရာဇဝတ်ကောင် လူမိုက်ဂိုဏ်းတစ်ခုနဲ့ အကြမ်းပတမ်း ထိပ်တိုက် တွေ့ပြီး ပြဿနာတွေ တက်ပါတော့တယ်။
အစကတော့ ခပ်ပေါ့ပေါ့ သဘောထားပေမဲ့ ဒီလူမိုက်ဂိုဏ်းက သူချစ်ရတဲ့အစ်မကို ပစ်မှတ်ထားနေတာကို သိလိုက်ရချိန်မှာတော့...
"မိသားစုကို ထိရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘူး" ဆိုတဲ့ စိတ်နဲ့ ကာသစ်တစ်ယောက် လူမိုက်ဂိုဏ်းကို ဘယ်လို အပြတ်ရှင်းပြီး မိသားစုကို ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရှုစားရမှာပါ။
Action Comedy အမျိုးအစားဖြစ်လို အက်ရှင်ခန်းတွေ အကြမ်းစား ပါဝင်သလို၊ ပေါ့ပေါ့ပါးပါး ရယ်မောရမဲ့ ဇာတ်ကားလေးမို့ အကြိုက်တွေ့စေမှာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/236
Repost from Dream world Movies Channel(MM Sub)
K›uttey (2023)
ဒီတစ်ခေါက်မှာတော့ "Kuttey" ဆိုတဲ့ ထိတ်လန့်သည်းဖိုအက်ရှင်ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂိုပယ်ဟာ အကျင့်ပျက်နေတဲ့ရဲတစ်ယောက်ဖြစ်ပြီးတော့ ပိုက်ဆံအတွက်ဆိုရင်ဘာမဆိုလုပ်တတ်တဲ့သူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဂိုပယ်တစ်ယောက်မူးယစ်ဆေးအမှုမှာဝင်ပတ်သက်ရင်း အလုပ်ပြုတ်တော့မလိုဖြစ်သွားပါတယ်။
ဂိုပယ်တစ်ယောက်အလုပ်ပြန်ရနိုင်ဖို့အတွက်ဆိုရင် အနည်းဆုံး ၁၀ သန်းလောက် လိုအပ်မှာဖြစ်ပါတယ် ဒါကြောင့်ပိုက်ဆံ ၁၀ သန်း အလွယ်ရနိုင်မယ့်နည်းလမ်းကို ကြံစည်ရတာတော့တာပေါ့
အဲဒီအချိန်မှာပဲ အေတီအမ်တွေကို ပိုက်ဆံလိုက်ဖြည့်တဲ့ ပိုက်ဆံသန်း ၄၀ လောက်အနည်းဆုံးသယ်လာတဲ့ကားကို ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။
ဒါပေမယ့် ဒီကားကိုမျက်စိကျနေတဲ့သူဟာ ဂိုပယ်တစ်ယောက် တည်း မဟုတ်တဲ့အချိန်မှာတော့။ ဒပိုက်ဆံသန်း ၄၀ ဟာ နောက်ဆုံးမှာဘယ်သူ့အပိုင်ဖြစ်သွားမလဲ၊ မွန်ဘိုင်းမြို့ပြင်က ပိုက်ဆံလုတဲ့ပွဲမှာ ဘယ်သူတွေက အနိုင်ရပြီးဘယ်သူတွေကအရှုံးနဲ့ရင်ဆိုင်သွားရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/320
Repost from Dream world Movies Channel(MM Sub)
ဝေဟင်ယံမှ သေမင်းတမန်
(万米危机) Wings of Dread 2026 Movie
ဒီတစ်ခါမှာတော့ ဝေဟင်ထက်က အသက်ရှူမှားလောက်မဲ့ ပြန်ပေးဆွဲမှုတွေ သွေးပျက်စရာ ရင်တထိတ်ထိတ် အက်ရှင်ဇာတ်ကွက်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အက်ရှင်မင်းသားကြီး Ashton Chen ရဲ့ ရုပ်ရှင်ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း
လေကြောင်းရဲအရာရှိ Gu Zhaoyang ဟာ လမ်းခွဲသွားခဲ့တဲ့ ချစ်သူကောင်မလေး Dong Lu ကို ပြန်လိုက်ဖို့အတွက် အရေးပေါ် ဆုံးဖြတ်ချက်ချကာ သူမ လိုက်ပါသွားတဲ့ Uraya သို့ ပျံသန်းမယ့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ပေါ်ကို အပြေးအလွှား တက်ရောက်ခဲ့ပါတယ်
ဒါပေမဲ့ သူ မသိခဲ့တာကတော့ ဒီလေယာဉ်ကြီးပေါ်မှာ တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေမယ့် ကြီးမားတဲ့ အန္တရာယ်ဆိုးကြီး ကိန်းဝပ်နေတာပဲ ဖြစ်ပါတယ်
လေယာဉ်မြေပြင်ကနေ မီတာသောင်းချီမြင့်တဲ့ ဝေဟင်ထက် ရောက်ရှိနေတဲ့ အချိန်မှာပဲ စနစ်တကျ အကွက်ချ ကြံစည်ထားတဲ့ ပြန်ပေးဆွဲ အကြမ်းဖက်သမားတစ်စုဟာ လေယာဉ်ကို ဓားစာခံလုပ်ဖို့ စတင်လှုပ်ရှားပါတော့တယ်
ဆက်သွယ်ရေးလိုင်းတွေ အားလုံး အဖြတ်ခံလိုက်ရပြီး တစ်လောကလုံးနဲ့ အဆက်အသွယ်ပြတ်ကာ လေယာဉ်တစ်စင်းလုံး သွေးပျက်ခြောက်ခြားစရာ သေမင်းတမန် အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်
ဒီလို အကျပ်အတည်းကြားထဲမှာ အတွေ့အကြုံရင့်ကျက်တဲ့ လေကြောင်းရဲဖြစ်သူ Gu Zhaoyang ဟာ ပတ်ဝန်းကျင်ရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို ချက်ချင်းရိပ်မိသွားခဲ့ပြီး လေယာဉ်ပေါ်က ကျန်ရှိတဲ့ လေကြောင်းလုံခြုံရေးတွေ လေယာဉ်အမှုထမ်းတွေနဲ့ အမြန်ဆုံး လျှို့ဝှက်ပူးပေါင်းကာနောက်ကွယ်က ကောက်ကျစ်တဲ့ ရန်သူတွေကို စတင်ခုခံတိုက်ခိုက်ပါတော့တယ်
သူတို့တွေဟာ ခရီးသည် ရာပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် သေမင်းတမန် အကြမ်းဖက်သမားတွေကို ဘယ်လို နှိမ်နင်းပြီး ဘေးကင်းရာဆီ ဦးတည်မောင်းနှင်မလဲဆိုတာ.....
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/317
#Credit
