Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)
前往频道在 Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ
显示更多未指定国家未指定类别
📈 Telegram 频道 Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) 的分析概览
频道 Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) 是活跃参与者。目前社区聚集了 27 002 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 27 002 名订阅者。
根据 20 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -5 629,过去 24 小时变化为 6 706,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 3.75%。内容发布后 24 小时内通常能获得 4.05% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 012 次浏览,首日通常累积 1 094 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန်
Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”
凭借高频更新(最新数据采集于 21 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
27 002
订阅者
+6 70624 小时
+3 2837 天
-5 62930 天
帖子存档
Repost from Dream Word Indian Movies (MM sub)
ကောင်ဇိုးလေး ကာသစ်
B_a-d B-o_y K_a-r-t_h-i-k (2-0-2-6)
============================
IMDB ⭐️ 7.1/10
"ဆိုးပေပေ ကောင်လေးတစ်ယောက်က မိသားစုအတွက်ဆိုရင် ဘယ်လောက်ထိ ကြမ်းပြမလဲ"
Telugu Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားချော Naga Shaurya, မင်းသမီး Vidhi Yadav နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Samuthirakani တိုက အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ ဒါရိုက်တာ Ramesh Desina ရဲ့ ပွဲဦးထွက် ရိုက်ကူးရေး လက်ရာလေးလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့...
ဇာတ်ကားနာမည်နဲ့ လိုက်အောင်ပဲ ဇာတ်လိုက်ကျော် ကာသစ်ဟာ စည်းကမ်းမရှိဘဲ ဆိုးပေနေတဲ့ ပြဿနာကောင်လေး တစ်ယောက်ပါ။ ဘွဲ့ရပညာတတ်ပေမဲ့ ဘာမှမယ်မယ်ရာရာမလုပ်ဘဲ အပေါင်းအသင်တွေနဲ့ပျော်ပါး လူမိုက်တွေပညာပေး ရန်ဖြစ်လိုက်နဲ့ ဘဝကိုဖြတ်သန်းနေသူ
သူ့ဘဝမှာ အရေးကြီးဆုံးက အနာဂတ်လည်းမဟုတ် ဘဝလည်းမဟုတ် အစ်မဖြစ်သူအနားမှာ အမြဲနေရဖို့ပါပဲ။
တစ်နေ့မှာတော့ သူဟာ ဒေသခံ ရာဇဝတ်ကောင် လူမိုက်ဂိုဏ်းတစ်ခုနဲ့ အကြမ်းပတမ်း ထိပ်တိုက် တွေ့ပြီး ပြဿနာတွေ တက်ပါတော့တယ်။
အစကတော့ ခပ်ပေါ့ပေါ့ သဘောထားပေမဲ့ ဒီလူမိုက်ဂိုဏ်းက သူချစ်ရတဲ့အစ်မကို ပစ်မှတ်ထားနေတာကို သိလိုက်ရချိန်မှာတော့...
"မိသားစုကို ထိရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘူး" ဆိုတဲ့ စိတ်နဲ့ ကာသစ်တစ်ယောက် လူမိုက်ဂိုဏ်းကို ဘယ်လို အပြတ်ရှင်းပြီး မိသားစုကို ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရှုစားရမှာပါ။
Action Comedy အမျိုးအစားဖြစ်လို အက်ရှင်ခန်းတွေ အကြမ်းစား ပါဝင်သလို၊ ပေါ့ပေါ့ပါးပါး ရယ်မောရမဲ့ ဇာတ်ကားလေးမို့ အကြိုက်တွေ့စေမှာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/236
Repost from Dream world Movies Channel(MM Sub)
K›uttey (2023)
ဒီတစ်ခေါက်မှာတော့ "Kuttey" ဆိုတဲ့ ထိတ်လန့်သည်းဖိုအက်ရှင်ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂိုပယ်ဟာ အကျင့်ပျက်နေတဲ့ရဲတစ်ယောက်ဖြစ်ပြီးတော့ ပိုက်ဆံအတွက်ဆိုရင်ဘာမဆိုလုပ်တတ်တဲ့သူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဂိုပယ်တစ်ယောက်မူးယစ်ဆေးအမှုမှာဝင်ပတ်သက်ရင်း အလုပ်ပြုတ်တော့မလိုဖြစ်သွားပါတယ်။
ဂိုပယ်တစ်ယောက်အလုပ်ပြန်ရနိုင်ဖို့အတွက်ဆိုရင် အနည်းဆုံး ၁၀ သန်းလောက် လိုအပ်မှာဖြစ်ပါတယ် ဒါကြောင့်ပိုက်ဆံ ၁၀ သန်း အလွယ်ရနိုင်မယ့်နည်းလမ်းကို ကြံစည်ရတာတော့တာပေါ့
အဲဒီအချိန်မှာပဲ အေတီအမ်တွေကို ပိုက်ဆံလိုက်ဖြည့်တဲ့ ပိုက်ဆံသန်း ၄၀ လောက်အနည်းဆုံးသယ်လာတဲ့ကားကို ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။
ဒါပေမယ့် ဒီကားကိုမျက်စိကျနေတဲ့သူဟာ ဂိုပယ်တစ်ယောက် တည်း မဟုတ်တဲ့အချိန်မှာတော့။ ဒပိုက်ဆံသန်း ၄၀ ဟာ နောက်ဆုံးမှာဘယ်သူ့အပိုင်ဖြစ်သွားမလဲ၊ မွန်ဘိုင်းမြို့ပြင်က ပိုက်ဆံလုတဲ့ပွဲမှာ ဘယ်သူတွေက အနိုင်ရပြီးဘယ်သူတွေကအရှုံးနဲ့ရင်ဆိုင်သွားရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/320
Repost from Dream world Movies Channel(MM Sub)
ဝေဟင်ယံမှ သေမင်းတမန်
(万米危机) Wings of Dread 2026 Movie
ဒီတစ်ခါမှာတော့ ဝေဟင်ထက်က အသက်ရှူမှားလောက်မဲ့ ပြန်ပေးဆွဲမှုတွေ သွေးပျက်စရာ ရင်တထိတ်ထိတ် အက်ရှင်ဇာတ်ကွက်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အက်ရှင်မင်းသားကြီး Ashton Chen ရဲ့ ရုပ်ရှင်ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း
လေကြောင်းရဲအရာရှိ Gu Zhaoyang ဟာ လမ်းခွဲသွားခဲ့တဲ့ ချစ်သူကောင်မလေး Dong Lu ကို ပြန်လိုက်ဖို့အတွက် အရေးပေါ် ဆုံးဖြတ်ချက်ချကာ သူမ လိုက်ပါသွားတဲ့ Uraya သို့ ပျံသန်းမယ့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ပေါ်ကို အပြေးအလွှား တက်ရောက်ခဲ့ပါတယ်
ဒါပေမဲ့ သူ မသိခဲ့တာကတော့ ဒီလေယာဉ်ကြီးပေါ်မှာ တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေမယ့် ကြီးမားတဲ့ အန္တရာယ်ဆိုးကြီး ကိန်းဝပ်နေတာပဲ ဖြစ်ပါတယ်
လေယာဉ်မြေပြင်ကနေ မီတာသောင်းချီမြင့်တဲ့ ဝေဟင်ထက် ရောက်ရှိနေတဲ့ အချိန်မှာပဲ စနစ်တကျ အကွက်ချ ကြံစည်ထားတဲ့ ပြန်ပေးဆွဲ အကြမ်းဖက်သမားတစ်စုဟာ လေယာဉ်ကို ဓားစာခံလုပ်ဖို့ စတင်လှုပ်ရှားပါတော့တယ်
ဆက်သွယ်ရေးလိုင်းတွေ အားလုံး အဖြတ်ခံလိုက်ရပြီး တစ်လောကလုံးနဲ့ အဆက်အသွယ်ပြတ်ကာ လေယာဉ်တစ်စင်းလုံး သွေးပျက်ခြောက်ခြားစရာ သေမင်းတမန် အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်
ဒီလို အကျပ်အတည်းကြားထဲမှာ အတွေ့အကြုံရင့်ကျက်တဲ့ လေကြောင်းရဲဖြစ်သူ Gu Zhaoyang ဟာ ပတ်ဝန်းကျင်ရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို ချက်ချင်းရိပ်မိသွားခဲ့ပြီး လေယာဉ်ပေါ်က ကျန်ရှိတဲ့ လေကြောင်းလုံခြုံရေးတွေ လေယာဉ်အမှုထမ်းတွေနဲ့ အမြန်ဆုံး လျှို့ဝှက်ပူးပေါင်းကာနောက်ကွယ်က ကောက်ကျစ်တဲ့ ရန်သူတွေကို စတင်ခုခံတိုက်ခိုက်ပါတော့တယ်
သူတို့တွေဟာ ခရီးသည် ရာပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် သေမင်းတမန် အကြမ်းဖက်သမားတွေကို ဘယ်လို နှိမ်နင်းပြီး ဘေးကင်းရာဆီ ဦးတည်မောင်းနှင်မလဲဆိုတာ.....
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/317
#Credit
Repost from Dream Word Indian Movies (MM sub)
Tiktok ပေါ်နမည်ကြီးနေတဲ့ အိန္ဒိယရုံတင်အက်ရှင်ဇာတ်ကားသစ်
Alpha (2-0-2-6)
===============
"ခေါင်းမာတဲ့မိန်းကလေးတွေက ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်"
ကဲ... Ac.ti.on ကားကြမ်းကြမ်း မျှော်နေတဲ့ ဘော်ဒါတွေအတွက်... အထူးသဖြင့် YR.F Spy U.niv.erse ရဲ့ အမာခံပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ အသစ်စက်စက် အက်ရှင်ကားကြီး "Alp.ha" ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာ အဓိက ခေါင်းဆောင်ပါဝင်ထားတာကတော့ ပရိသတ်တွေရဲ့ အချစ်တော် Al.ia Bh.att နဲ့ S.harv.ari Wagh တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရင့်မင်းသားကြီး A.nil Kap.oor နဲ့ Bobby De.ol ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။
စီတာဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက မိသားစုဆီကနေ အဓမ္မခွဲခွာခံခဲ့ရပြီး ဖာတေ့ဆိုတဲ့ စစ်တပ်အရာရှိဟောင်းရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပါ။
ဖာတေ့ရဲ့ ရည်ရွယ်ချက်ကတော့ ဒဏ်ရာတွေကို အမြန်ဆုံးပြန်ကောင်းစေတဲ့ "Alp.ha" လို့ခေါ်တဲ့ အထူးဆေးရည်ကိုသုံးပြီး သာမန်လူတွေထက် အဆပေါင်းများစွာ သန်မာတဲ့ စူပါစစ်သားတွေ မွေးထုတ်ဖို့ပါပဲ။
စီတာဟာ အဲဒီ "Alp.ha" ပရိုဂရမ်ရဲ့ အအောင်မြင်ဆုံးနဲ့ အတော်ဆုံး လူသတ်လက်နက်လေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်နဲ့ မိသားစုအကြောင်း အမှန်တရားတွေကို သိလိုက်ရတဲ့အခါ... ဖာတေ့ကို ဖခင်တစ်ယောက်လို သဘောထားခဲ့တဲ့ စီတာတစ်ယောက် လမ်းကြောင်းပြောင်းသွားပါတော့တယ်။
ကိုယ့်ရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့ ဖာတေ့ကို လက်စားချေဖို့နဲ့ သူ့ရဲ့ ရက်စက်တဲ့ စစ်တပ်ပရိုဂရမ်ကြီးကို ဖျက်ဆီးပစ်ဖို့အတွက် စီတာတစ်ယောက် သူတစ်ခါမှ မြင်ခွင့်မရခဲ့တဲ့ ဖခင်ဖြစ်သူ ဗစ်ခရန့်နဲ့ ညီမဖြစ်သူ ဒူရ်ဂါတို့နဲ့ ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်သွားမလဲဆိုတာ ရှုစားရမှာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/230
#Credit
Repost from Dream world Movies Channel(MM Sub)
D_h-u_r-a_n-d_h-ar-: T-h_e R-e-v-e_n-g_e (2-0-2-6)
IMDB ⭐️ 8.5/10
"အငြိုးအတေးတွေနဲ့ ပြန်လာတဲ့ ဒဏ်ရာရဖူးတဲ့ ခြင်္သေ့တစ်ကောင်ကို တရားဥပဒေနဲ့ တားဆီးလို့မရနိုင်တော့ဘူး"
Adventure/Spy အမျိုးအစားကိုမှ အကြမ်းပတမ်း Vibe မျိုး ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၆ မှာ ထွက်ရှိထားတဲ့ Dhurandhar 2 ဆိုတဲ့ ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ Bollywood ရဲ့ အလန်းစားမင်းသား Ranveer Singh နဲ့အတူ မင်းသမီးချော Preity Zinta တို့က အဓိက အားပြိုင်ထားကြတာပါ။
အရင် Part 1 တုန်းကတော့ နိုင်ငံတော်အတွက် လျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း သစ္စာဖောက်ခံခဲ့ရတဲ့ အေးဂျင့်တစ်ယောက်ရဲ့ နိမ့်ပါးတဲ့ဘဝနဲ့ ရုန်းကန်မှုကို မြင်တွေ့ခဲ့ရတာ မှတ်မိကြဦးမှာပါ။
အခု ဒုတိယပိုင်းမှာတော့ အဲဒီအငြိုးတွေ၊ နာကျင်မှုတွေကို လက်စားချေမှုအဖြစ် ပြောင်းလဲပြီး ဘယ်လိုမျိုး အက်ရှင်အလန်းစားတွေနဲ့ ပြန်လာမလဲဆိုတာကို ရှုစားရမှာပါ။
ဇာတ်လမ်းကတော့ အိန္ဒိယရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလောကထဲက အရှုပ်အထွေးတွေ၊ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် စွန့်စားခန်းတွေနဲ့အတူ ဇာတ်ရှိန်က အစကနေ အဆုံးထိ တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ "အနီးဆုံးလူရဲ့ဓားက အနက်ဆုံးဖြစ်နေတတ်တယ်" ဆိုတဲ့ လူယုံသတ်တဲ့ Plot Twist လေးတွေလည်း ပါဝင်ဦးမှာဆိုတော့ ဘယ်လိုတွေ ရင်ဖိုရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Runtime နည်းနည်းရှည်တယ် ထင်ရပေမဲ့ ဇာတ်လမ်းတည်ထားပုံနဲ့ Visual Effects တွေက Quality အလွင့်ကြီးမို့ ကြည့်ရတာ လုံးဝတန်စေမှာပါ။ Netflix မှာလည်း 'Raw and Unseen' ဗားရှင်းအနေနဲ့ ထွက်ရှိထားတာမို့ အက်ရှင်ကိုမှ မိုက်မိုက်ကမ်းကမ်း ဒဲ့ဖြုတ်ပြတာမျိုးမှ တဖြုတ်ဖြုတ်ကြွေတဲ့သူတွေအတွက်တော့ Hidden Gem လေးပါပဲ။
သည်းထိတ်ရင်ဖို Spy Thriller ဇာတ်ကားကောင်းတစ်ကားရဲ့ အရသာကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီ Weekend မှာ ဒီဇာတ်ကားလေးဟာ watch list ထဲမဖြစ်မနေပါသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/314
Repost from Dream world Movies Channel(MM Sub)
ကြောက်တက်သူများမကြည့်ရ
မေစီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီးဆီမှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီပြန်ပေးသမားကြီးက မေစီ့ကို သူ့ရဲ့ ကိုယ်ပိုင်ကလေးတစ်ယောက်လို မွေးစားဖို့ ကြံရွယ်ထားတာပါ။ ဒီလို အခြေအနေဆိုးကြီးထဲကနေ မေစီတစ်ယောက် ဘယ်လို ရုန်းထွက်မလဲ၊ ကြောက်စရာကောင်းတဲ့ အတုအယောင် မိသားစုဘဝကြီးကို အသက်လုပြီး ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။
ဒီကားက သွေးထွက်သံယိုတွေနဲ့ အသည်းယားစရာ အခန်းတွေ အများကြီးပါတဲ့ ကားမျိုးဆိုတော့ အကြမ်းစား သည်းထိတ်ရင်ဖို ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ အစအဆုံး အမောတကောနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ချင်တဲ့ ပရိသတ်မျိုးနဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ...
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/312
#Credit
Repost from Dream world Movies Channel(MM Sub)
The Guardian (2026)
ဖိလစ်ပိုင်နိုင်ငံမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂင်မီဂျင်း (Park Eun-Hye) ဟာဆိုရင်
ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ထောင်ချောက်ဆင်မှုကြောင့် လောင်းကစားရဲ့ ကျေးကျွန်ဘဝကို ရောက်ပြီး
အကြွေးပုံထဲ နစ်မွန်းသွားခဲ့ရပါတယ်။ တစ်ဖက်မှာ နိုင်ငံ့ကိုယ်စားပြု တိုက်ကွမ်ဒိုကစားသမားဖြစ်လာဖို့
အိပ်မက်မက်နေတဲ့ သားဖြစ်သူ ဒိုဂျွန်း (Nam Woo-Hyun) ကလည်း လောင်းကစားစွဲနေတဲ့
အမေဖြစ်သူအပေါ် မုန်းတီးနာကျည်းစိတ်တွေပဲ ပိုပိုပြီး ကြီးထွားလို့လာနေတာပေါ့။
အဲဒီအချိန်မှာပဲ သွေးအေးရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ချာဒုံချော (Han Jae-Suk) ဆိုသူက
အကြွေးကို အကြောင်းပြပြီး မီဂျင်းကို ပြန်ပေးဆွဲသွားပါတော့တယ်။
ဒိုဂျွန်းတစ်ယောက် သတ်မှတ်ချိန် ၄၈ နာရီအတွင်း အမေ့ကို ကယ်တင်ဖို့အတွက် သက်စွန့်တိုက်ပွဲဝင်ရတဲ့အခါမှာတော့...
တကယ်ပဲ ဒိုဂျွန်းက အမေဖြစ်သူကို ဘေးမသီရန်မခဘဲ ပြန်လည် ကယ်တင်လာနိုင်ပါ့မလား...
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/310
Repost from Dream world Movies Channel(MM Sub)
ငရဲဘုံက မိစ္ဆာနှင်သူ Master Zhong 2026 Animated Movie
=====
အခုတင်ဆက်ပေးမှာက နာမည်ကြီး ရုံတင်ကားတစ်ကားဖြစ်ပြီး တရုတ်ဒဏ္ဍာရီလာ မိစ္ဆာနှိမ်နင်းသူ နတ်ဘုရား Zhong Kui ရဲ့ဒဏ္ဍာရီကို ပြန်လည်ဆန်းသစ်ထားတဲ့ 3D Animation ရုပ်ရှင်ကားသစ်လေးတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
====
နတ်မင်းကြီး Zhong Kui တို့မျိုးနွယ်ဟာ လူသားလောကနဲ့ မိစ္ဆာလောကအကြား တည်ငြိမ်အေးချမ်းမှုကို ရှေးအစဉ်အဆက်ကတည်းက အမှောင်နောက်ကွယ်ကနေ သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်လာခဲ့ကြတာ ဖြစ်ပါတယ်
တစ်နေ့မှာတော့ အန္တရာယ်များလှတဲ့ မိစ္ဆာတစ်ကောင်ကို လိုက်လံဖမ်းဆီးရင်းနဲ့ Zhong Kui ဟာ လူသားလောကက မိန်းကလေးငယ်လေး Chu Jiu ကို မတော်တဆ အသက်ဘေးက ကယ်တင်ခဲ့မိပြီး ဒဏ်ရာတွေကို ကုသပေးဖို့အတွက် လူသားတွေ ခြေချခဲလှတဲ့ ငရဲဘုံအောက်ကမ္ဘာ ဆီကို ခေါ်ဆောင်လာခဲ့ပါတော့တယ်
ဒီဆန်းကြယ်လှတဲ့ ငရဲပြည်ကြီးထဲမှာ ထက်မြက်ဖျတ်လတ်တဲ့ Chu Jiu တစ်ယောက် အလွန်ထူးခြားပြီး အဆန်းတကြယ် ဖြစ်စရာကောင်းတဲ့ သူငယ်ချင်းအုပ်စုအသစ်ကြီးနဲ့ ဆုံတွေ့ခွင့် ရရှိခဲ့ပါတယ်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/308
Repost from Dream world Movies Channel(MM Sub)
Tom and Jerry: Forbidden Compass (2025)
အားလုံးအတွက် ကလေးဘဝကအချစ်တော်လေးတွေဖြစ်တဲ့ Tom And Jerryကာတွန်းရဲ့ Chinese Version အသစ်စက်စက်စွန့်စားခန်းရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ Tom ကရှေးဟောင်းပြတိုက်မှူးဖြစ်ပြီးတော့ Jerryကရှေးဟောင်းပစ္စည်းမက်မောတဲ့ကြွက်ကလေးဖြစ်တယ်။ ထုံးစံအတိုင်းရှေးဟောင်းပြတိုက်ထဲမှာ
ပြေးရင်းလိုက်ရင်းနဲ့ ဆန်းကြယ်တဲ့လျှို့ဝှက်တံခါးဖြစ်တဲ့ ကြယ်တာရာသံလိုက်အိမ်မြှောင်ပွင့်သွားပြီးတော့ ၂ကောင်သား ရှေးခေတ်တရုတ်ပြည်ကိုရောက်သွားကြပါတယ်။
ပြေးရင်းလိုက်ရင်းနဲ့ Tom က ကြယ်တာရာသံလိုက်အိမ်မြှောင်ကိုပိုင်တဲ့ ကျင်းချန်မြို့ရဲ့ကယ်တင်ရှင်သူရဲကောင်းကြီးဖြစ်သွားပါတယ်။ ဒီဘက်ခေတ်မှာမွှေရတာတင်အားမရလို့
ကြောင်နဲ့ကြွက်တို့ ရှေးခေတ်ထိသွားပြီး နတ်ဘုရားတွေကိုတောင်မွှေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ကြောင်နဲ့ကြွက်ရဲ့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံရင်း အလွဲလွဲအချော်ချော်တွေလုပ်ကြရင်း ပုံစံဟောင်းအတိုင်းအပြင် ဒီဘက်ခေတ်Visual Effectsတွေနဲ့
ပေါင်းစပ်ထားပြီး ဆန်းသစ်တောက်ပအောင်ပုံဖော်ထားပါတယ်။ ကလေးရောလူကြီးပါ တပျော်တပါး ထိုင်ကြည့်ပြီး ပါးစပ်မစေ့အောင်ရယ်ရမယ့် ကာတွန်းကားကောင်းလေးပဲဖြစ်ပါတယ်
Filesize : 2.21 GB / 1.20 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Animation, Comedy, Family, Fantasy, and Adventure
Runtime : 1h 39 min
Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/306
Repost from Dream World Horror Movies (MM sub)
None Shall Escape 2026
အခုတင်ဆက်ပေးမှာကတော့ Horror ပရိသတ်တွေကြားထဲမှာ တကယ့်ကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ သွေးထွက်သံယို ခြောက်လှန့်မှုတွေထက် လူ့ရဲ့စိတ်ကို ကလိပြီး ကျောချမ်းစေမဲ့
psychological horror အမျိုးအစား ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဆေးကျောင်းသူလေး စူးယင့်ရွှယ်ဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သူမရဲ့ အမြွှာအစ်မ
စူးချင်းဟယ်ကို လိုက်လံရှာဖွေရင်း စစ်ဘေးဒဏ်သင့် မြို့ပျက်ကြီးရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ချောက်ချားဖွယ်ရာ ယန်အိမ်ဟောင်းကြီးဆီကို ရောက်ရှိလာခဲ့ပါတယ်
ထူးဆန်းတာက အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့သူတွေဟာ တစ်ယောက်မှ ပုံမှန်မရှိကြပါဘူးမူမမှန်တဲ့ အိမ်ပိုင်ရှင် အစ်မဖျင် စိတ်မမှန်တဲ့ အိမ်ပိုင်ရှင်ကြီး ဆွံ့အနားမကြားတဲ့
အစေခံ အားကျန်း နဲ့ အမှောင်ထုထဲမှာတင် တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်တဲ့ ကလေးငယ် ဝမ်ချိုးတို့ပဲ ဖြစ်ပါတယ်
အစ်မဖြစ်သူကတော့ တခြားနေရာကို ပြောင်းရွှေ့သွားပြီလို့ အိမ်ပိုင်ရှင်မက ပြောပေမဲ့လည်း ယင့်ရွှယ်တစ်ယောက် အခန်းထဲမှာ အစ်မဖြစ်သူကို ကိုယ်တိုင်ပေးခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်
ကလောင်တံကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရတဲ့အခါမှာတော့....မသင်္ကာစရာ သံသယတွေ ကြီးထွားလာတာနဲ့အမျှ ယင့်ရွှယ်ကိုယ်တိုင်ပါ နောက်ထပ် ထောင်ချောက်ဆင်
သားကောင်ပြုလုပ်ခြင်း ခံရတော့မဲ့အခြေအနေဆိုးကြီးထဲကို သက်ဆင်းသွားပါတော့တယ်
ထောင်ချောက်ထဲက လွတ်မြောက်အောင် အသည်းအသန် ရုန်းကန်ရမဲ့ အမြွှာညီမဖြစ်သူရဲ့ အသက်လုပွဲကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့လို့... သရဲကားအမာခံ ပရိသတ်တွေနဲ့
ဇာတ်လမ်းဆန်းဆန်း ကြိုက်နှစ်သက်သူတွေအဖို့ တကယ့်ကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်
Filesize : 1.03 GB / 557 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Mystery, Thriller, and Crime
Runtime : 1h 32 min
Subtitle : Myanmar Subtitle ( Hardsub )
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/223
Repost from Dream world Movies Channel(MM Sub)
Detective Chen 2 (2026)
ကွန်ဖူးပရိသတ်တွေရဲ့ရှောင်လင်ကိုယ်တော်လေး Ashton Chenရဲ့ ဒါရိုက်တာအဖြစ်ရော မင်းသားအဖြစ်နဲ့ပါဖန်တီးအားထုတ်ထားတဲ့ ဒုတိယကားလေးပါ။
Fight Back to School အငွေ့အသက်တွေနဲ့ ပီပြင်တဲ့တိုက်ခိုက်ခန်းတွေ အက်ရှင်ဝေဝေဆာဆာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
ဒီဒုတိယကားမှာတော့ ချန်ဟူဟာလူသတ်မှုတစ်ခုရဲ့လူသတ်သမားအဖြစ်ချောက်ချခံရပြီး ထောင်ထဲကိုရောက်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကံကြမ္မာကအဲဒီမှာတင်
အဆုံးသတ်မသွားပါဘူး။ သူ့အသက်ဘေးကနေသီသီလေးလွတ်မြောက်လာပြီးနောက်မှာတော့ ကြောက်စရာကောင်းတဲ့ပူးပေါင်းကြံစည်ကြီးကိုစတင်ဖော်ထုတ်ပါတော့တယ်
အဲဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို အသွင်ယူစုံစမ်းစစ်ဆေးဖို့ တစ်ဖန်ပြန်ရောက်လာပြီး သူငယ်ချင်းဖြစ်တဲ့ လီသာနဲ့ ပိုင်ခယ်တို့ရဲ့အကူအညီနဲ့ သူအပြစ်မရှိကြောင်းကို
သက်သေပြဖို့ အမှုမှန်ကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်
Filesize : 1.19 GB / 672 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Action, Comedy, Mystery, and Crime
Runtime : 1h 26 min
Subtitle : Myanmar Subtitle ( Hardsub )
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/303
Repost from Dream world Movies Channel(MM Sub)
အဟော့ဆုံးနဲ့ အကြမ်းဆုံး ရုံတင်ကားကြီး 🔥🔥
Obsession (2026)
IMDb Rating (8.1) / Rotten Tomatoes (94%)
၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့
"Obsession" ကိုပဲ ပြရမှာပါ။
ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့
ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/301
Repost from Dream world Movies Channel(MM Sub)
The Scarlet Letter (2004)
🔞အချစ်ကြောင့်ပျက်စီးရသူများ
ဇာတ်လမ်းသွားနဲ့ plot twist တွေက အ တော် လေးမိုက်ပါတယ်၊ အဖော်အပြ 🔞 လည်း ကြမ်းသလို သွေးသံရဲရဲ တွေလည်း ပါဝင်ပီးတော့ မထင်ထားတဲ့plot twistအဆန်း တွေကြိုက်ရင် ဒီဇာတ်ကားကို သေချာ ပေါက် ညွှန်းလိုရပါတယ်။ သရုပ် ဆောင် တွေအ နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu ပါဝင်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/299
Repost from Dream World Horror Movies (MM sub)
The Evil Twin (2006)
ကင်အိမ်တော်ကသခင်ကြီးကင်ဇနီးဖြစ်သူကသားယောင်္ကျားလေးမမွေးဘဲ သမီးအကြီးဆိုးယွန်းကိုမွေးလို့စကားမပြောနိုင်ဖြစ်ခဲ့ပေမယ့်သမီးအငယ်လေးဟိုဂျင်းလေးကိုတော့သည်းသည်းလှုပ်ချစ်ခဲ့ပါတယ်။
ကလေးသဘာဝသူများကိုချစ်ပြီးကိုယ့်ကိုအချစ်မခံရတဲ့အခါဆိုးယွန်းကဟိုဂျင်းကိုမုန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ဆိုးယွန်းကသူငယ်ချင်းတွေကို ဟိုဂျင်းကိုရေကန်ထဲတွန်းချပေးပါဆိုပြီး ခိုင်းခဲ့တယ်။ ဒါပေမယ့် ဆိုးယွန်းလက်ကောက်ကိုသဘောကျလို့ဟိုဂျင်းကဝတ်ကြည့်ပြီး ညီအစ်မနှစ်ယောက်လုကြရင်းနဲ့မတော်တဆရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။
အဲဒီအချိန်မှာအမေဖြစ်သူရောက်လာပြီး နှစ်ယောက်တည်းကတစ်ယောက်ကိုပဲ ကယ်တင်လို့ရမယ့်အခြေအနေမို့ လူအများရဲ့ချစ်ခြင်းကိုမခံရတဲ့ဆိုးယွန်းလေးကိုကယ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါနဲ့လက်ကောက်ဝတ်ထားတာကဆိုးယွန်းပဲဆိုပြီးကယ်တင်ခဲ့တယ်။ ၁၀နှစ်ကြာတဲ့အချိန်မှာ ဆိုးယွန်းကပြန်သတိရလာခဲ့ပြီးမှတ်ဉာဏ်တွေပျောက်သွားခဲ့တယ်။ ဆိုးယွန်းသတိရလာပြီးနောက်ပိုင်းရွာမှာထူးထူးဆန်းဆန်း လူသေမှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။ မိခင်ကြီးကယ်တင်ခဲ့တဲ့သူကဆိုးယွန်းမဟုတ်ဘဲဟိုဂျင်းဖြစ်နေပြီးဆိုးယွန်းရဲ့အမုန်းတရားတွေကြီးထွားလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ?
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/218
Repost from Dream World Horror Movies (MM sub)
King Kaew ( 2026 )
၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ "กิ่งแก้ว" (Kingkaew) ရုပ်ရှင်ကားကတော့ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ ဒုတိယမြောက် သေဒဏ်ပေးခြင်းခံခဲ့ရတဲ့ အမျိုးသမီးအကျဉ်းသား "ကင်ကဲယောက်"ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
၁၉၇၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးကို ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ကင်ကဲယောက်ဟာ သူချစ်ရတဲ့သူ "ဟင်းမ်"က သူ့ကို အသည်းခွဲခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဲဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ကင်ကဲယောက်က သူ မလုပ်ရကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကြောင့် တရားရုံးက သူ့ကို သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ်။
သူ့ကို ကွပ်မျက်တဲ့နေ့မှာ ပိုတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ကွပ်မျက်ပြီးနောက်မှာ သေပြီအထင်နဲ့ ရင်ခွဲရုံကို ပိုဆောင်တဲ့အချိန် သူက မသေသေးဘဲ ရုန်းကန်ငိုယိုနေခဲ့လို့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ပြီးမှ သေဆုံးသွားခဲ့ရတာပါ။
သူ သေဆုံးသွားပြီးနောက်မှာတော့ အကျဉ်းထောင်အတွင်းနဲ့ အဲဒီအမှုမှာ ပတ်သက်ခဲ့သူတွေဆီမှာ ထိတ်လန့်စရာ ဝိညာဉ်ခြောက်လှန့်မှုတွေနဲ့ နာကျင်စွာ အော်ဟစ်ငိုကြွေးသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး မာယာထောင်ချောက်ကြီးတစ်ခုလို အသက်အန္တရာယ်ပြု ခြောက်လှန့်လာခဲ့ပါတော့တယ်။
သေဆုံးခြင်းနောက်ကွယ်က အမှန်တရားနဲ့ သေဆုံးပြီး တစ်ဖန်ပြန်လာတဲ့ ဝိဉာဥ်ရဲ့ အငြှိုးအာဃာတစိတ်တွေကြားမှာ ဘယ်လို တုန်လှုပ်ခြောက်ခြားရမလဲဆိုတာ....
ဇာတ်လမ်းတစ်လျှောက်လုံး အသက်ရှူဖို့တောင် မေ့သွားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/215
Repost from Dream World Horror Movies (MM sub)
ဒီဇာတ်ကားကတော့ ထိုင်းနောက်ခံ သမိုင်းကြောင်းနဲ့အတူ သွေးပျက်ခြောက်ချားဖွယ် ရိုက်ကူးထားတဲ့ ဇွန်ဘီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️
၁၅၆၅ ခုနှစ်၊ အယုဒ္ဓယခေတ် မဟာချက်ကရာဖတ်မင်းကြီး နန်းစံစဉ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစား ရွာတစ်ရွာမှာ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါဆိုးကြီး ပျံ့နှံခဲ့ပါတယ်။ ဒီရောဂါဆိုးဟာ အရေပြားပေါ်မှာ အမည်းစက်တွေ ထွက်လာပြီးနောက် လူတွေကို ကြမ်းတမ်းတဲ့ သရဲတစ္ဆေ (ဇွန်ဘီ) တွေလိုမျိုး ဖြစ်သွားစေတာပါ။
ဒီလိုမျိုး တစ်ရွာလုံး ကပ်ရောဂါဆိုးဒဏ်ကြောင့် သေဆုံးသူတွေ၊ ကူးစက်ခံရသူတွေနဲ့ အမှောင်ဖုံးနေတဲ့အချိန်မှာပဲ ရွာသားတစ်စုဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် အသည်းအသန် ကြိုးစားရုန်းကန်ကြရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ဒဏ်ရာကို ဖုံးကွယ်ထားသူတွေ၊ ချစ်ရသူကို ကာကွယ်ချင်သူတွေနဲ့ အသက်လု ထွက်ပြေးနေကြရတဲ့ သူတို့တစ်စုဟာ ရွာထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလားဆိုတာတော့........
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/213
Repost from Dream world Movies Channel(MM Sub)
အရမ်းကောင်းလို့မျက်ရည်ခိုင်မှကြည့်ပါ😭
အဖေသို့တမ်းချင်း မိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံး စွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ။
ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။
အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ။
စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်။
ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ် ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား ...
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/294
Repost from Dream world Movies Channel(MM Sub)
"ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာတဲ့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဈေးဘယ်လိုရောင်းလည်းဆိုတာ မြင်တွေ့ရမယ့် ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိရုပ်ရှင် "
The Wolf of Wall Street (20/13)
📱IMDb Rating _8.2/10, Rotten _80%
The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာဖြစ်ပြီး …
အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာဘယ်လိုတွေ လူလည်ဖျံကျပုံအချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ…
ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ…
မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။
ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.မင်းသားလီယိုနာဒိုကြောင့် လို့ပြောရင်မမှားဘူး .Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး…လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။
မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်…အဲ့ဒါပိုက်ဆံပဲ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/292
Repost from Dream Word Indian Movies (MM sub)
K-a-r-u-p-p-u (2026) ကာရပ်ပူ
Karuppu (2026) ကာရပ်ပူ
ကုဋေ ၂၀၀ ကျော်ထိ အမြတ်ပြန်ရထားတဲ့ မင်းသားကြီးဆူရီယာရဲ့ တရားရုံးဒရာမာ ရုံတင်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
သမီးဖြစ်သူရဲ့ အသည်းအစားထိုးကုသမှုအတွက် ရွှေတွေ သယ်ပြီး ချန်နိုင်းကို ရထားနဲ့လာခဲ့တဲ့
သားအဖနှစ်ယောက်ဟာ လမ်းခရီးမှာ သူတို့ရဲ့ ရွှေတွေ အ-လု-ခံ-လိုက်ရပါတယ်။ ရဲစ-ခ-န်-းက သူခို-းတွေကိုဖ-မ်းမိပေမဲ့
ပြန်ရတဲ့ ကျပ်သားမပြည့်တဲ့ ရွှေတွေကို တ-ရ-ားရုံ-းကနေတစ်ဆင့်ပဲ ပြန်ထုတ်ပေးမယ်လို့ ပြောလာပါတယ်။
အဲဒီမှာ သူတို့သားအဖဟာ တရားရုံးတစ်ခုလုံးကို ငွေကြေး၊ အ-ာဏ-ာတွေနဲ့ လွှ-မ်းမိုးခြ-ယ်လှ-ယ်ပြီး
ဆ-င်းရဲသာ-းတွေရဲ့ သွေ-းစု-ပ်နေတဲ့ ဘေဘီကန်နန်ဆိုတဲ့ လူမို-က်ရှေ့နေနဲ့ တွေ့ပါတော့တယ်။
ဘေဘီကန်နန်ဟာ ကူညီသယောင်နဲ့ သားအဖနှစ်ယောက်ကို ငွေညှ-စ်ပြီး အ-မှု-ဆွဲဆန့်နေတာကြောင့်
သမီးဖြစ်သူ အသ-က်အ-န္တ-ရာ-ယ်ဟာ တဖြည်းဖြည်း စို-းရိ-မ်လာရပါတယ်။
မ-တရ-ားမှုတွေကြားမှာ လုံ-းဝမျှော်လင့်ချက်မဲ့သွားတဲ့အခါ အဖေဖြစ်သူဟာ အစေ-ာင့်အရှေ-ာက်န-တ်ဘုရားဖြစ်တဲ့
အရှင်ကာရပ်ပါ ဆီမှာ ဒူးထောက်အကူအညီတော-င်း-ခံလိုက်တဲ့အခါမှာတော့ ကာရပ်ပါဘုရားဟာ
လူ့လောကထဲကို ဆာရာဗာနန်ဆိုတဲ့ရှေ့နေအဖြစ် ဖန်ဆင်းပြီး မ-တရ-ားတဲ့ ဥ-ပ-ဒေစနစ်ကို တ-ရားဥ-ပ-ဒေအတိုင်း ပြန်လည်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/214
Repost from Dream world Movies Channel(MM Sub)
ကွန်တိန်နာထဲက အတိတ်မေ့နေသူ
ကွန်တိန်နာထဲက အတိတ်မေ့နေသူ
L_a de-s_co-no_ci-da ( 2-0-2-6 )
IMDB ⭐️ 5.4/10
ဒီကားလေးကတော့ စုံထောက်အက်ရှင်ကိုမှ ဇာတ်အေးအေးပုံစံမျိုးနဲ့ နောက်ပိုင်းအရှိန်မြင့်လာမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ
စပိန်ရိုက်ဇာတ်ကားလေးဖြစ်ပြီး La desconocida ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ
အမည်နောက်တစ်မျိုးကတော့ the marked woman အဖြစ်လည်း ဒီရုပ်ရှင်ကို သိကြပါတယ်
ဇာတ်လမ်းကတော့ ဘာစီလိုနာဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ကွန်တိန်နာထဲမှာ နှိပ်စက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့ပါတယ်
အဲဒီအမျိုးသမီးမှာ သူ့ရဲ့အတိတ် သူနဲ့ပတ်သက်တဲ့အကြောင်း ဘာဆိုဘာမှ မမှတ်မိတော့တာကြောင့် သူပါလာတဲ့ကွန်တိန်နာ တာထွက်လာတဲ့
နေရာကလွဲရင် ရဲတွေလည်း ဘာသဲလွန်စမှမရလို့ အကျပ်ရိုက်နေပါပြီ
အယ်ဂီစီရက်ကနေ လာတဲ့ သင်္ဘောဆိုတာကလွဲရင် ဘာသဲလွန်စမှ မရတဲ့အခါ ဒီအမျိုးသမီးဘယ်သူလဲ ဘာလဲ နောက်ကြောင်းကိုစုံစမ်းဖို့
အတွက် မောင်သေလို့ စိတ်ထိခိုက်နေတဲ့ ရစ်ပိုဆိုတဲ့ စုံထောက်မကို တာဝန်ပေးလိုက်ပါတော့တယ်
သူနဲ့အတူ အယ်ဂီစီရက်က ကိစ္စတစ်ခုကြောင့် အစစ်ဆေးခံနေရတဲ့ ဇာရာတေးဆိုတဲ့ရဲကပါ ရောက်လာတဲ့အခါမှာတော့...
အတိတ်မေ့နေတဲ့ကောင်မလေး စိတ်ထိခိုက်နေတဲ့ စုံထောက်မနဲ့ ပြည်ထဲရေးဌာနက အစစ်ဆေးခံနေရတဲ့ ဇာရာတေးတို့သုံးယောက်ဟာ အချင်းချင်း မတည့်ဘဲကိုက်ကြရင်း အဲဒီကြားထဲကနေ ဒီလျှို့ဝှက်ချက်များနေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ
ဘာလို့ကွန်တိန်နာထဲမှာ လူတစ်ယောက်ပါလာရသလဲ ဒီကောင်မလေးရဲ့ အတိတ်မှာရော ဘယ်လိုလူဖြစ်ခဲ့လဲ
လျှို့ဝှက်ချက်များစွာကို တဖြည်းဖြည်းဖြည်ချရင်း ဖော်ထုတ်ပြသွားမှာဖြစ်လို့ လျှို့ဝှက်ဆန်းကြယ်စုံထောက်ကားမျိုး ကြည့်ချင်နေသူရှိရင်တော့
ဒီကားလေးက သင်တို့အတွက်ပါပဲ
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/289
