ch
Feedback
ဖိုးမှန်

ဖိုးမှန်

前往频道在 Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

显示更多
未指定国家未指定类别
1 370
订阅者
无数据24 小时
无数据7
无数据30
帖子存档
🚆 ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် အမှတ် (၂၃) အစုန် DEMU ရထား ကျောက်ခဲဖြင့် ပစ်ပေါက်ခံရ 📌 ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင
+1
🚆 ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် အမှတ် (၂၃) အစုန် DEMU ရထား ကျောက်ခဲဖြင့် ပစ်ပေါက်ခံရ 📌 ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် ပြေးဆွဲနေသည့် အမှတ် (၂၃) အစုန် DEMU လူစီးအမြန်ရထားသည် သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာကြား၌ ကျောက်ခဲဖြင့် ပစ်ပေါက်ခံခဲ့ရ၊၊ 🔹 ပစ်ပေါက်ခံရသဖြင့် ပထမတန်းတွဲရှိ အတက်/အဆင်း တံခါးပေါက် အောက်ဆုံးမှန်မှာ ကြေမွအက်ကွဲခဲ့။ 🔸 ခရီးသည်များ ထိခိုက်မှု မရှိခဲ့ဘဲ ရထား ၅ မိနစ်ခန့်သာ ကြန့်ကြာခဲ့ကာ ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲခဲ့။ 🔸 ကျူးလွန်သူများကို ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ။ 💡 အကြံပြု တိုက်တွန်းချက်
ပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် နိုင်ငံပိုင် မီးရထားနှင့် ပစ္စည်းများကို ထိန်းသိမ်းရာတွင် ပြည်သူများအနေဖြင့်လည်း စည်းကမ်းရှိကြရန်နှင့် ဤကဲ့သို့ အဖျက်အဆောင့် လုပ်ရပ်များ မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ကြည့်ကြရန် တိုက်တွန်းလိုက်ရပါတယ်
#ဖိုးမှန် #Myanmar #MyanmaRailways #DEMUTrain #LocalNews

🏡 အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဖလမ်းမြို့ ပြန်လည်တည်ဆောက်ရေး 📌 အကြမ်းဖက်သမားများ ဝင်ရောက်ခဲ့မှုကြောင့် ဖ
+9
🏡 အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဖလမ်းမြို့ ပြန်လည်တည်ဆောက်ရေး 📌 အကြမ်းဖက်သမားများ ဝင်ရောက်ခဲ့မှုကြောင့် ဖလမ်းမြို့လေးမှာ အဘက်ဘက်မှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး မြင်တွေ့ရသူများအဖို့ ရင်နာစရာကောင်းလှပါတယ်၊၊ ယခုအခါတွင်မူ အသစ်မှစတင်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ မကြာခင်မှာပင် နဂိုမူလအတိုင်း နေချင်စဖွယ်ကောင်းသည့် တောင်ပေါ်မြို့လေးအဖြစ်သို့ ပြန်လည်ရောက်ရှိတော့မည် ဖြစ်ပါတယ်၊၊ ⚠️ ပြည်သူများ သတိပြုဆင်ခြင်သင့်သည်များ🚨 🔸 အကြမ်းဖက်သမားများ ဝင်ရောက်ခဲ့သည့် မည်သည့်နေရာတွင်မဆို အကောင်းအတိုင်း မကျန်ရစ်ခဲ့ဘဲ ပျက်စီးခဲ့ရသည်ကို ပြည်သူများအနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်သင့်ပေပါတယ်၊၊ 🔸 သို့ဖြစ်ပါ၍ အကြမ်းဖက်သမားများကို မြင်တွေ့သည်နှင့် ချက်ချင်း သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ကာ တပ်မတော်နှင့်အတူ ကိုယ့်မြို့ကိုယ့်ရွာကို ဝိုင်းဝန်းကာကွယ်ကြရန် တိုက်တွန်းအပ်ပါတယ်၊၊ #ဖိုးမှန် #Myanmar #Falam #ChinState #LocalNews

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ပဲခူးမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ်ရေကြီးမှု အ‌ခြေအနေ။ 🚨 ဧရာဝတီမြစ်ရေ ဟင
+6
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ပဲခူးမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ်ရေကြီးမှု အ‌ခြေအနေ။ 🚨 ဧရာဝတီမြစ်ရေ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် ရောက်ရှိ။ ☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။ 🌧 နေရာကွက်၍ မိုးကြီးနိုင်။ https://t.me/phoehmann007 #ဖိုးမှန်

+5
30.7.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ‌ပေးဆောင်ရန် တာဝန်ရှိသည်။ https://t.me/phoehmann007 #ဖိုးမှန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက် https://t.me/phoehmann007 #ဖိုးမှန်
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက် https://t.me/phoehmann007 #ဖိုးမှန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပါဠိကာရီတုလွှတ်ကျောင်း၊ ပဓာန နာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ ဟောကြားတော်မူသော “ဓမ္မစက္ကပဝတ္တနသုတ်တရားတော်” 🙏🙏🙏 https://t.me/phoehmann007 #ဖိုးမှန်

တရားဦး လမြတ်ဝါဆို မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သိဒ္ဓတ္ထမင်းသားသည် နေရဉ္ဇရာမြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောတော်မူသည်။ ‘‘ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။’’ ဟူ၍ လယ်တီဆရာတော်ကြီးက ကြည်ညိုအထူး ညွတ်နူးဖွယ်ရာ ဖွဲ့ဆိုခဲ့သည်။ ပွင့်တော်မူ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်အနီးတွင် သတ္တသတ္တာဟ ခုနစ်ရက် ခုနစ်ဌာန သီတင်းသုံးစံပယ်တော်မူပြီးနောက် ၄၉ ရက်မြောက်သောနေ့တွင် အလွန်တရာနက်နဲလှစွာသော တရားတော်၏သဘောကို ဆင်ခြင်စောကြောကာ လောဘ၊ ဒေါသ၊ မောဟတို့ ထူပြောလှသည့် ပုထုဇဉ်တို့ နားလည်သဘောပေါက်ရန် ခဲယဉ်းလှသည်ကို သိမြင်တော်မူခဲ့သည်။ သဟမ္ပတိဗြဟ္မာက တရားဦးဟောကြားပေးပါရန် ပန်ကြားလျှောက်ထားခြင်းကြောင့် ဘုရားရှင်က မည်သူအား ဟောကြားရမည်ကို ဆင်ခြင်သည့်အခါ ရှေးဦးစွာ အာဠာရရသေ့နှင့် ဥဒကရသေ့ တို့အားမြင်တော်မူသည်။ သို့ရာတွင် ထိုရသေ့နှစ်ပါးတို့ အသီးသီးစုတေကုန်၍ အရူပဘုံသို့ ရောက်ကြသည်ကိုသိတော်မူ၍ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့စဉ်က အလုပ်အကျွေးပြုဖူးခဲ့ကြသည့် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောတော်မူရန် ဆင်ခြင်တော်မူကာ မြောက်ဘက် ၁၈ ယူဇနာကွာဝေးသည့် မိဂဒါဝုန်တောဆီသို့ ခြေကျင်ခရီး ကြွမြန်းတော်မူသည်။ မြတ်ဗုဒ္ဓ၏ ပထမဦးဆုံးသောတရားဖြစ်သည့် ဓမ္မစကြာကို ဟောကြားတော်မူသည့်နေရာသည် ဈာနလာဘီ ယောဂီရသေ့တို့ ကောင်းကင်မှသက်ဆင်းရာဖြစ်၍ ဣသိပတနဟူ၍လည်းကောင်း၊ သမင်တို့အား ဘေးမဲ့ပေးရာအရပ်ဖြစ်၍ မိဂဒါယ ဟူ၍လည်းကောင်း အမည်နာမနှစ်မျိုးရှိသည့် တောဖြစ်သည်။ တရားဦးဓမ္မစကြာ ဟောကြားတော်မူသည့်အချိန်အခါသည် ဝါဆိုလပြည့်နေ့ ဆည်းဆာ အရှေ့ဘက်ကောင်းကင်ယံတွင် လပြည့်ဝန်းနှင့် အနောက်ဘက် ကောင်းကင်တွင် နေဝင်စအခါသမယဖြစ်၍ တရားနာပရိသတ်တို့မှာ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသည့် လူသား ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာပေါင်း တစ်ရာ့ရှစ်ကုဋေတို့ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် ရဟန်းတို့ရှောင်ကြဉ်ရမည့် အစွန်းတရားနှစ်ပါးနှင့် ကျင့်ဆောင်ရမည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကိုညွှန်ပြသည်။ အစွန်းနှစ်ပါးသည် ကာမသုခလ္လိကာနု ယောဂဟူသည့် ကာမဂုဏ်စည်းစိမ်တို့ကို လွန်ကျူးစွာခံစားသည့် အစွန်းတစ်ပါးနှင့် အတ္တကိလမထာနုယောဂဟူသည့် မိမိကိုယ်ကို ညှဉ်းဆဲကာ တရားရှာဖွေသည့် အစွန်းတစ်ပါးတို့ဖြစ်ပြီး အကျိုးမရှိသည့် အယုတ်တရားများအဖြစ် သတ်မှတ်သည်။ ရဟန်းတို့ ကျင့်သုံးရမည့် မဇ္ဈိမပဋိပဒါသည် ရှစ်ခုသောလမ်းစဉ်ဖြစ်သည့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ဖြစ်သည်။ မဇ္ဈိမပဋိပဒါလမ်းစဉ်သည် ဉာဏ်စက္ခုအလင်းကိုရစေသည်။ အသိဉာဏ်ကို တိုးပွားစေသည်။ ကိလေသာတို့ကို ငြိမ်းအေးစေသည်။ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင် သိမြင်စေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေသည်ဟု ဟောကြားတော်မူသည်။ တရားဦး ဓမ္မစကြာတွင် သစ္စာလေးပါးဖြစ်သော ဆင်းရဲခြင်း အမှန် - ဒုက္ခသစ္စာ၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန် - သမုဒယသစ္စာ၊ ဆင်းရဲငြိမ်းရာအမှန် - နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာရောက်ကြောင်း အကျင့်ကောင်းအမှန်-မဂ္ဂသစ္စာတို့ကို ဟောကြားတော်မူခဲ့သည်။ အရိယသစ္စာလေးပါးခေါ် စတ္တာရိ အရိယ သစ္စာနိတွင် ဗုဒ္ဓဒေသနာ တော်၏ အဆီအနှစ်တို့ ကိန်းအောင်းတည်ရှိနေသည်ဟု ဆရာတော် သံဃာတော်များက လမ်းညွှန်ဟောကြားတော်မူကြသည်။ အရိယသစ္စာလေးပါးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စလေးရပ်ရှိရာ ဒုက္ခသစ္စာကို ရှင်းလင်းပြည့်စုံစွာ သိနားလည်ရန်၊ သမုဒယသစ္စာကို စွန့်ပစ်ပယ်ဖျောက် အမြစ်မှနုတ်ပယ်ရန်၊ နိရောဓသစ္စာအတွက် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်၍ မဂ္ဂသစ္စာဟူသည် မည်မျှပင် စုံလင်စွာ သိနားလည်သည်ဖြစ်စေ ကိစ္စမပြီးမြောက်ဘဲ လမ်းစဉ်အတိုင်း ကျင့်ကြံလိုက်နာ အားထုတ်ဆောင်ရွက်ကြရန်ဖြစ်သည်ဟုလည်း ဆုံးမလမ်းညွှန်ထားသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆို လပြည့်နေ့တွင် တရားဦးဓမ္မစကြာ ဟောတော်မူသည်မှ အစပြုကာ သက်တော်ထင်ရှားရှိခဲ့သည့် ၄၅ ဝါပတ်လုံး အမျိုးဇာတိ ရာထူးဂုဏ်သိန် ယောက်ျား မိန်းမ ဆင်းရဲ ချမ်းသာ ခွဲခြားမှုမရှိဘဲ ငြိမ်းအေးရာအမှန် မြတ်သောနိဗ္ဗာန်သို့ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ မဂ္ဂင်ရှစ်ပါး လမ်းရှစ်သွယ် တရားတို့ကို ကျင့်သုံးခြင်းဖြင့် လောကီလောကုတ်နှစ်ဖြာသော အကျိုးတရားတို့ ရရှိနိုင်ကြပါစေကြောင်း။ ။ Crd.

ကုသိုလ်ကောင်းမှုမှာ ပျော်မွေ့နိုင်ကြပါစေ 🙏🙏🙏 https://t.me/phoehmann007 #ဖိုးမှန်
ကုသိုလ်ကောင်းမှုမှာ ပျော်မွေ့နိုင်ကြပါစေ 🙏🙏🙏 https://t.me/phoehmann007 #ဖိုးမှန်

မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ဖြေကြားချက် PPIB https://t.me/phoehmann007 #ဖိုးမှန်

🌸 မြန်မာ့မြေမှ ဆာကူရာ 🌸 https://t.me/phoehmann007 #ဖိုးမှန်

⚡️ ဘားအံမြို့တွင် ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub များ ဖွင့်လှစ် 📌 ဘားအံမြို့၌ ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub
+5
⚡️ ဘားအံမြို့တွင် ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub များ ဖွင့်လှစ် 📌 ဘားအံမြို့၌ ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub (1) နှင့် Hub (2) တို့ကို ဇူလိုင် ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ Hub (1): စည်ပင်ရန်ပုံငွေ ကျပ် ၁၀၆၅ ဒသမ ၄၇ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး Level-3 အဆင့်ရှိ 60 KW Charger ၅ လုံးနှင့် ထရန်စဖော်မာ ၁ လုံး တပ်ဆင်ကာ EV ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်သည်။ Hub (2): Level-3 အဆင့်ရှိ 60 KW Charger ၄ လုံးနှင့် ထရန်စဖော်မာ ၁ လုံး တပ်ဆင်ထားကာ EV ၈ စီး တစ်ပြိုင်နက် အားသွင်းနိုင်သည်။ 🏢 ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အဆောက်အဦ ဖွင့်ပွဲ 📌 ဆက်လက်၍ မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အသိပညာပေးစင်တာနှင့် သိုလှောင်ရုံ RCC (၂) ထပ် အဆောက်အဦဖွင့်ပွဲကိုလည်း ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။ #ဖိုးမှန် #Myanmar #Kayin #HpaAn #EVChargingHub #LocalNews

အလုပ်အကိုင် အခွင့်အလမ်းများအတွက် https://t.me/phoehmann007 #ဖိုးမှန်
အလုပ်အကိုင် အခွင့်အလမ်းများအတွက် https://t.me/phoehmann007 #ဖိုးမှန်

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ဧရာဝတီမြစ်ရေ ဆိပ်သာမြို့၌ စိုးရိမ်ရေမှတ်အောက်‌ ရောက်ရှိ။ ☔️ နေရာအနှံ့အပြား မိုးထစ်ချုန်း
+5
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ဧရာဝတီမြစ်ရေ ဆိပ်သာမြို့၌ စိုးရိမ်ရေမှတ်အောက်‌ ရောက်ရှိ။ ☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။ 🌧 နေရာကွက်၍ မိုးကြီးနိုင်။ https://t.me/phoehmann007 #ဖိုးမှန်

+5
29.7.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်

🌿"ရေလုံလောက်အောင် သောက်ဖို့ မေ့နေပြီလား? (Stay Hydrated!)" မင်္ဂလာပါခင်ဗျာ... 🙃 အလုပ်တွေ အရမ်းများပြီး ရေသောက်ဖို့ မေ့နေတတ်တဲ့ အကျင့်လေးများ ရှိနေလား ခင်ဗျာ? 😞 လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်မှု ကျဆင်းတာနဲ့ အသားအရေ ခြောက်သွေ့တာတွေ ချက်ချင်း ဖြစ်ပေါ်လာတတ်ပါတယ်။ 💁‍♀️ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက်၊ (၂) လီတာ ခန့် သောက်ဖြစ်အောင် ဖုန်းထဲမှာ Water Reminder လေးတွေ သုံးပြီး အလေ့အကျင့် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။🕑 နေမကောင်းဖြစ်တာတွေ ကင်းဝေးပြီး ကျန်းမာလန်းဆန်းစေဖို့ ဒီနေ့ပဲ ရေများများ သောက်ကြပါစို့နော်။ အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။🧘‍♀️ ချစ်ခင်လေးစားလျက် https://t.me/phoehmann007 #ဖိုးမှန်

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု”(Short Video) ပြိုင်ပွဲ