ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 781
المشتركون
-1324 ساعات
-1157 أيام
-29330 أيام
أرشيف المشاركات
4 781
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ မလေးရှားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆို။
4 781
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံက ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
4 781
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ
နေပြည်တော်၊ အောက်တိုဘာ ၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပိုဆောင်နှုတ်ဆက်ခဲ့ကြ။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်။
4 781
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်
4 781
တော်လှန်ရေးရဲ့ မြေပြင်အခြေအနေကို သိချင်ရင် ဒါတွေကိုသာကြည့်လိုက်ပါ။ ပြည်သူတွေရဲ့ အမြန်ငြိမ်းချမ်းချင်တဲ့ ဆန္ဒတွေ မကြာတော့ပါဘူး။ အလင်းဝင်လာတဲ့ PDF တွေကနေတစ်ဆင့် ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ဘဝကို ကြားသိလာကြပြီး အလင်းဝင်သူတွေ များပြားလာပါပြီ။ အမြန်ဆုံး ငြိမ်းချမ်းကြပါစေ။
4 781
ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို မကြိုးစားကြပါနဲ့ လို အိန္ဒိယဆို
အောက်တိုဘာ - ၆ ( အင်္ဂါနေ့ )
ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို အတွက် အိန္ဒိယကို စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေး အကြပ်ကိုင်မှုတွေ ပြုလုပ်နေတဲ့ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို လက်တွေ့ကျတဲ့ အမှန်တရား စကားတစ်ခွန်းသုံးပြီး တုံပြန်လိုက်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က အိန္ဒိယမြိုတော်မှာ စုဝေးရောက်ရှိနေကြတဲ့ အနောက်နိုင်ငံများမှ ထိပ်သီးပုဂ္ဂိုလ်များ အပါအဝင် ကမ္ဘာ့နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ သီတင်းပတ်ကုန် အစည်းအဝေးမှာ သူတို မကြားချင်တဲ့ အမှန်တရားတစ်ခုကို ပြောကြားခဲ့ပါတယ် - အဲဒါကတော့ အိန္ဒိယနဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ "လွယ်လွယ်နဲ့ မေ့ပစ်လိုမရနိုင်တဲ့ ဆက်ဆံရေး" ဖြစ်တယ်ဆိုတာပါပဲ။
4 781
ပြင်ဦးလွင်မြိုရှိ POWER ထီဆိုင်ကြီးတွင် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား
ပြင်ဦးလွင်မြို သီရိပဒေသာကားကြီးကွင်းအနီးရှိ POWER ထီဆိုင်ကြီး(ပြင်ဦးလွင်)သို အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၁ ရက်ထွက်ရှိသည့် (၉၁) ကြိမ်မြောက် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် လာရောက်လိမ်လည်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
4 781
ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြန်တွဲဆက်ပေးသည့် ခွဲစိတ်ကုသ အောင်မြင်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားခဲ့သည့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ခွဲစိတ်ကုသ၍ ပြန်လည်တွဲဆက်ခြင်း (Replantation Surgery)ကို စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
4 781
Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား
အောက်တိုဘာ ၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Govern-ment လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေး ညှိနှိင်းအစည်းအဝေးတွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
4 781
နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံနေလို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ
အောက်တိုဘာ - ၇
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချောက အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
4 781
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
4 781
အသတ်ခံထားရသည်ဟု ယူဆရသည့် အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ညီအစ်ကိုသုံးဦး၏ ရုပ်အလောင်းများတွေ့ရှိ
𝙊𝘾𝙏~𝟔
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြိုနယ်၊ ဖန်နားပိုကျေးရွာတွင် အသတ်ခံထားရသည်ဟု ယူဆရသည့် အသက် (၅) နှစ်အရွယ် အားဖြို၊ (၉) နှစ်အရွယ် ယားပါလုံးနှင့် (၁၂) နှစ်အရွယ် လော်နောင် (ခ) လော်ဖူ ဆိုသူ ကလေးငယ် ညီအစ်ကိုသုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာသတင်းများအရ သိရသည်။
4 781
လားရှိးမြို နယ်မြေ(၄)သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို နယ်မြေ(၄) သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၌ အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးရာ အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
4 781
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အယ်လ်နီညို ကိစ္စရပ်များညှိနှိင်းဆွေးနွေး
ပုသိမ်၊ အောက်တိုဘာ ၆
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက် များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အယ်လ်နီညို ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိင်းဆွေးနွေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် Video Conferencing ဖြင့်တက်ရောက် ရှင်းလင်းညှိနှိင်းဆွေးနွေးသည်။
4 781
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖျက်ဆီးရန်ကျန်ရှိသည့်အဆောက်အအုံများကို ဒုတိယပိုင်းအနေဖြင့် ထပ်မံဖြိုချဖျက်ဆီး
ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံများကို ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် ဒုတိယပိုင်းအနေဖြင့် စတင်ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
4 781
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မည်
𝙊𝘾𝙏~𝟔
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါအီဘရာဟင်ကလည်း အောက်တိုဘာ ၆ ရက် မလေးရှားလွှတ်တော်တွင် လာမည့်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံသမ္မတ မလေးရှားသို လာရောက်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
4 781
ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးကို ကျားဖျန့်လုပ်ငန်းသို ပိုဆောင်ရောင်းစားသည့် မြန်မာနိုင်ငံသားငါးဦးအား အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီချမှတ်
ကျန်ကျူးလွန်သူ မြန်မာနိုင်ငံသားသုံးဦးနှင့် တာဂျစ်ကစ္စတန်နိုင်ငံသား နှစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိ ရသည်။ လူမှုကွန်ရက်စာမျက်နှာ Hlaing Info မှ "မြန်မာကျားဖျန့်ဂိုဏ်းတွေက ဘီလာရုစ်အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူသွားခဲ့တယ်လို သတင်းထွက်" ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ကျော်သူ(ခ)စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း(ခ) ဆိုဖီယာ(ခ)Li Li(ခ) ကျင်းကျင်းတို ငါးဦးက ဘီလာရုစ်နိုင်ငံသူ တစ်ဦးအား ငွေကြေးဖြင့် မက်လုံးပေးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ၀သုန်အောင်(ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ) အငယ်လေး၊ Tajikistan နိုင်ငံသား MUKAIR SHOEVRUSTAM နှင့် ODINAEN ALUDN တိုငါးဦးနှင့် ချိတ်ဆက်၍ Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို ပိုဆောင်ကာ အဓမ္မအလုပ်ခိုင်းစေ၍ လုပ်အားခအပေါ်အကျိုးအမြတ်ရယူရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
4 781
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်သည်။
မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
