ch
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

前往频道在 Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

显示更多
缅甸32 877未指定类别
313
订阅者
-124 小时
-67 天
-2230 天
帖子存档
ခင်ဗျားတို့ကမ္ဘာကြီးတော့မသိဘူး ကျွန်တော့်ကမ္ဘာကြီးကတော့ ရပ်တန့်နေတယ်ထင်ပါရဲ့ ဝေးသွားပီးကတည်းက အခုချိန်အထိ ပြန်မတိုက်မိသေးဘူး -နွေဦး

အရံလူ အချစ်မှာ ပထမလူမဖြစ်ရင်နေပါ ဒုတိယလူဖြစ်ရလည်းရပါတယ် အရံလူတော့ မဖြစ်ပါရစေနဲ့။ - လိပ်ပြာ မင်းမချစ်တဲ့လူ ဖြစ်ရတာထက် မင်းပျင်
အရံလူ အချစ်မှာ ပထမလူမဖြစ်ရင်နေပါ ဒုတိယလူဖြစ်ရလည်းရပါတယ် အရံလူတော့ မဖြစ်ပါရစေနဲ့။ - လိပ်ပြာ မင်းမချစ်တဲ့လူ ဖြစ်ရတာထက် မင်းပျင်းတဲ့အခါမှ သတိရတဲ့လူ ဖြစ်ရတာက ပိုနာတယ်။ - မြနန်းစံ

သူ့ပါးပေါ်က လိမ့်ကျလာတော့ မျက်ရည် ကိုယ့်ရင်ဘတ်ပေါ် ရောက်တော့ အက်စစ်။ ကိုယ့်လက်ကောက်ဝတ်ကို စမ်းကြည့်တော့ သူ့ သွေးခုန်နှုန်းကို စမ်းမိတယ်။ သူဆိုချင်တဲ့ သီချင်းတိုင်း ကိုယ်က အသံထွက်ပေးရတယ်။ တခြားသော အလှတရားတွေဟာ သူ့မျက်တောင်လေးနဲ့ ကာထားတော့ မမြင်ရဘူး။ တစ်ကိုင်းစီ နားနေပေမယ့် တစ်ကောင်ထိရင် နှစ်ကောင်လုံး ကျပါတယ်။ -နွေဦး

အချစ်အရေခြုံပြီး လိင်စိတ်အတက်အကျကို ရယူနေကြတဲ့ ကမ္ဘာထဲ ရင်ခုန်သံအတက်အကျဖြစ်စေတဲ့ မင်းမျက်နှာလေးကိုသာ ငါ့မှာ ခိုးခိုးငေးရ ။ -နွေဦး

မီးပွိုင့်မှာ မီးနီမိတာကို မုန်းတယ် မိုးတိတ်မယ့်အချိန်ကို စောင့်ရတာမျိုး တန်းစီပြီး စောင့်ရတာမျိုး ရုပ်ရှင်အစ စောင့်ရတာမျိုး အတန်းဆင်းမယ့်အချိန် စောင့်ရတာမျိုး စူပါမားကတ် ဖွင့်မယ့်အချိန်ကို စောင့်ရတာမျိုး ရထားနောက်ကျလို့ စောင့်ရတာမျိုး နောက်ဆုံး.... မင်းဆီက စာပြန်မယ့်အချိန်ကို စောင့်ရတာမျိုး " စောင့်ဆိုင်းရူးမိခြင်း"
-ပန်းရိပ်ငြိမ်

သမိုင်းထဲကသမိုင်းတစ်ခု သီပေါမင်းကြီးက စုသဘောတဲ့ဗျာ ဒါပေမဲ့ သူတကယ်ချစ်တာက ဒိုင်းခင်ခင်ပါတဲ့ အသက်ရေ ကိုယ်ရောသီပေါမင်းဖြစ်နေပြီလ
သမိုင်းထဲကသမိုင်းတစ်ခု သီပေါမင်းကြီးက စုသဘောတဲ့ဗျာ ဒါပေမဲ့ သူတကယ်ချစ်တာက ဒိုင်းခင်ခင်ပါတဲ့ အသက်ရေ ကိုယ်ရောသီပေါမင်းဖြစ်နေပြီလား မင်းကိုရင်ဘတ်ထဲထည့်ပြီး အဲ့ကောင်မလေးနဲ့လက်ထပ်လိုက်ပြီးထဲက ကိုယ်ဟာ သီပေါမင်းကြီးဖြစ်လို့နေပြီလား။ - လိပ်ပြာ သီပေါမင်းကြီးက ဒိုင်းခင်ခင်ကို ရင်ထဲထည့်ထားရင်း ရတနာဂီရိကို ထွက်သွားခဲ့ရတယ်တဲ့။ အချစ်ရေ... ကိုယ်လည်း ရတနာဂီရိမဟုတ်တဲ့ အဝေးတစ်နေရာမှာ မင်းကိုရင်ထဲထည့်ထားရင်း နေ့တွေကိုဖြတ်သန်းနေရတယ်။ ကွာခြားတာက သီပေါမင်းကြီးမှာ ဒိုင်းခင်ခင်အကြောင်း သတိရစရာသမိုင်းရှိတယ်။ ကိုယ့်မှာတော့ မင်းကိုလွမ်းကြောင်း ရေးမှတ်ထားမယ့် စာမျက်နှာတောင်မရှိဘူး။ တစ်ခါတလေ ကိုယ်ဟာ သီပေါမင်းကြီးထက် ပိုသနားစရာကောင်းတယ်ထင်မိတယ်။ သူက ချစ်ခဲ့ဖူးကြောင်း သမိုင်းမှာကျန်ခဲ့သေးတယ်။ ကိုယ်ကတော့ မင်းကိုချစ်ခဲ့ဖူးကြောင်း မင်းတောင် မသိလိုက်ဘူးလေ။ - မြနန်းစံ

ဘဝနဲ့နောက်ဆုံးအချိန်ဆိုရင်တောင် နောက်ဆုံးအကြိမ်အဖြစ် မင်းမျက်နှာကိုမြင်ခွင့်ရသွားချင်တယ် မင်းအသံကိုကြားသွားချင်တယ်။ - နေကြာဖြူ

မနက် ၅ နာရီ… မနိုးသေးတဲ့ မြို့လေးထက် နိုးနေတဲ့ ငါ့နှလုံးသား​က ပိုဆူညံတယ်။ -ကျူး

မေ့လိုက်ချင်ပင်မဲ့လဲ တချို့အရာတွေက ဦးနှောက်ထဲကပ်ပါးတစ်ခုပဲ ကပ်ကျန်နေခဲ့တာမျိုး။ - နေကြာဖြူ
မေ့လိုက်ချင်ပင်မဲ့လဲ တချို့အရာတွေက ဦးနှောက်ထဲကပ်ပါးတစ်ခုပဲ ကပ်ကျန်နေခဲ့တာမျိုး။ - နေကြာဖြူ

မိန်းမတွေကပန်းကြိုက်တတ်တာကို မှတ်သားထားပြီး မင်းဆီကိုချဉ်းကပ်ခဲ့တာမဟုတ်ဘူး ပန်းတွေရဲ့စကားမှာ သူတို့ကိုမချစ်ရင်တောင် အချိန်တန်လို့ညိုးရင်ညိုး မညိုးရင်က‌ကြွေကုန်ကျမှာပဲ အဲ့တာကြောင့် ကိုယ်ချစ်တဲ့သူနားမှာနေပေးပါတဲ့လေ။ ပန်းတွေအစား အနမ်းချိုချိုပေးရင်ရော ငြင်းမှာလား ကမ္ဘာကြီးအစား ဘဝကြီးပေးရင်ရော ငြင်းမှာလား "ခိုင်" အချဉ်ပေါင်းတစ်ထုပ်နဲ့ ဘုရင်မတစ်ယောက်လိုအရှေ့ကိုသွားတာမြင်တော့ သူ့နောက်ကနေ အိတ်သယ်ရင်းလိုက်ရတာဟာလဲ တစ်ကမ္ဘာပါပဲ။ - နေကြာဖြူ

ကျေးလက်ညာချီ ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ကျေးလက်အညာ၊ တောရွာဓလေ့ တွေ့ဖူးစရှင်။ မတွေ့ဖူးလို့ တွေ့ဖူးလိုလျှင် ရွှေငင်စပါး၊ ပေါများစနှင့် မြရည်သစ်ခက်၊ စိမ်းဖျတ်စနှင့် စမ်း‌လှရွှင်အေး၊ ပြုံးဆေးစနှင့် ချစ်ဖြင့်ဆင်မြန်း၊ ကျေးလက်ပန်းတည့်။ တောမူထုံးတမ်း၊ ကျေးသံလွမ်းခါ နာဖူးစရှင်။ ကြားနာဖူးဖို့ နာဖူးလိုလျှင် ရွက်ကိုကြွေချီ၊ ချွေးသီသီနှင့် ‌လေပြည်ဆောင်တိုင်၊ ရေအိုင်အိုင်နှင့် ချမ်းလှိုင်ပြည့်ဝ၊ အေးမြမြနှင့် နှစ်လရာသီ ပြောင်းလဲချည်တည့်။ ချစ်ညာဇာတ်လမ်း၊ ဝမ်းထက်မေတ္တာ ရှာဖူးစရှင်။ မရှာဖူးလို့ ရှာတွေ့လိုလျှင် မောင့်ရင်ချစ်ဦး၊ ခင်ပျိုထူးကို ချစ်ရူးသူမှာ၊ မြေယာကွက်ငယ် ယှက်နွား‌အိုနှင့်၊ ချစ်သူလင့်ဖို့ တောင်းလို့စမေး၊ ‌နှင်ရသေးကို မနှေးနှုတ်ချက်၊ တင်းကြော‌ဆက်သည် ကျေးလက်နံ့သင်းပါဘိလေး။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-အိုင်ချင်း

11:11

မမသိစေရန် ကောင်းကင်ပေါ်မှာ ပျံသန်းနေကြတဲ့ကျေးငှက်တို့ကို ကြည့်ရင်းငိုခဲ့မိတဲ့အခိုက်တန့်တွေမှာ မမဟာမရှိမဖြစ်ငိုစေရတဲ့ အကြောင်း
မမသိစေရန် ကောင်းကင်ပေါ်မှာ ပျံသန်းနေကြတဲ့ကျေးငှက်တို့ကို ကြည့်ရင်းငိုခဲ့မိတဲ့အခိုက်တန့်တွေမှာ မမဟာမရှိမဖြစ်ငိုစေရတဲ့ အကြောင်းပြချက်ကလေး ဖြစ်ခဲ့လေတယ် ချစ်ရကြောင်းမှာ မမပါသလို လွမ်းရကြောင်းမှာလည်း မမပါတယ် မမဟာ မရှိမဖြစ်လေး ကျွန်တော့်အတွက်တော့ မိုးရွာပြီးစမြေသင်းရနံ့လေးပေါ့။ - လိပ်ပြာ မမမသိပါဘူး... ညတွေက ဘယ်လောက်ရှည်ရှည် မမနာမည်ကိုတွေးရင်း အိပ်မပျော်ခဲ့တဲ့အကြိမ်တွေကို။ လေပြေတစ်ချက်ဝင်လာတိုင်း မမရဲ့အသံလေးကြားရသလိုနဲ့ ရင်ဘတ်ထဲက လွမ်းခြင်းတွေဟာ အရွက်ကြွေသံလို တဖွဖွမြည်နေတတ်တယ်။ မမဟာ ကျွန်တော်မပိုင်ဆိုင်ဖူးတဲ့ အိပ်မက်လေးတစ်ခုဖြစ်ပေမဲ့ ကျွန်တော့်အတွက်တော့ မိုးတိတ်ပြီးနောက် ကောင်းကင်မှာကျန်ခဲ့တဲ့ သက်တံရောင်လေးလိုပဲ - မြနန်းစံ

ပေါက်တဲ့သူတွေရောမပေါက်တဲ့သူတွေရော ချန်နယ်လေးကိုရှဲပေးနော် လူလေးထည့်သွားပေးကျနော်

ဂေ့ဝေးစပါပြီ

ဖွင့်ဆိုချက် ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်ဖွင့်ပြတဲ့အခါ မမ ပေါ်လာတယ်။ - လိပ်ပြာ "လွမ်းဆွတ်ခြင်း" ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖ
ဖွင့်ဆိုချက် ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်ဖွင့်ပြတဲ့အခါ မမ ပေါ်လာတယ်။ - လိပ်ပြာ "လွမ်းဆွတ်ခြင်း" ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်တဲ့အခါလည်း မမပဲပေါ်လာပြန်တယ်။ "မရနိုင်ခြင်း" ဆိုတဲ့ စကားလုံးအောက်မှာလည်း မမရဲ့နာမည်ကို တွေ့ရတယ်။ နောက်ဆုံးတော့ သိလိုက်ရတာက ကျွန်တော့်ဘဝရဲ့ အဘိဓာန်တစ်အုပ်လုံးမှာ မမဟာ အဓိပ္ပါယ်ဖြစ်နေခဲ့တယ်။ - မြနန်းစံ

ကဗျာရွတ်ကျမယ်

ဖတ်ကျမယ်ဝေ့

Feeling ဘာမှ မခံစားရဘူးလားတဲ့ ခံစားရတာပေါ့ နင့်နေအောင်ခံစားရတယ် ဒါပေမယ့် ချစ်တယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ နေနေတာ ဖန်ပုလင်းလေးကျကွဲ
Feeling ဘာမှ မခံစားရဘူးလားတဲ့ ခံစားရတာပေါ့ နင့်နေအောင်ခံစားရတယ် ဒါပေမယ့် ချစ်တယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ နေနေတာ ဖန်ပုလင်းလေးကျကွဲသွားတဲ့ တစ်နေ့တော့ကျွန်တော်လှည့်ထွက်ခဲ့မှာပါ။ - လိပ်ပြာ မမသိရဲ့လား... စောင့်နေခဲ့တဲ့ညတွေ များလွန်းလာတော့ မျှော်လင့်ချက်တွေတောင် ကြယ်ကြွေသလို တစ်စင်းပြီးတစ်စင်း ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့်... ထွက်သွားတဲ့နေ့မှာတောင် မမကိုမုန်းနေမှာမဟုတ်ဘူး။ တိတ်တိတ်လေး လွမ်းနေဦးမှာပါ။ - မြနန်းစံ

မတူညီသောချစ်ခြင်း ချစ်ပုံချစ်နည်းချင်း မတူတာနေမှာပါလေ ကိုယ့်အချစ်ကတော့ ရိုးရှင်းပါတယ် သူပျော်ရွှင်နေဖို့ပါပဲ။ - လိပ်ပြာ ငါ့အတ
မတူညီသောချစ်ခြင်း ချစ်ပုံချစ်နည်းချင်း မတူတာနေမှာပါလေ ကိုယ့်အချစ်ကတော့ ရိုးရှင်းပါတယ် သူပျော်ရွှင်နေဖို့ပါပဲ။ - လိပ်ပြာ ငါ့အတွက်တော့ မင်းကိုပိုင်ဆိုင်ရဖို့ထက် မင်းရဲ့အပြုံးလေး မပျောက်သွားဖို့က ပိုအရေးကြီးပါတယ်။ - မြနန်းစံ