ch
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

前往频道在 Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

显示更多
缅甸32 877未指定类别
313
订阅者
-124 小时
-67 天
-2230 天
帖子存档
မနေ့ညကအုံနာအိပ်ပျော်သွားလို့ ဒီညကိုအကြင်သူသည်ဆက်ဖတ်ပြမယ်နော်

ည 𝗚ֺ𝘄 လုပ်ပေးမယ်နော် 😊😊 🌊🌊🔤GW (🌊🔤 🌊ယောက်ပေးမှာဖြစ်ပါတယ်) 𝗣𝝾ֺ𝘀ׅ𝘁ֺ 𝗥𝝴ֵ𝗰 ပေး 𝗡𝝤.1 TO 100 ​မန့်❤️😂 𝗦ֺ𝘁ֺ𝝾ֺ𝞀 𝗧𝗶𝗺︣︢𝝴ֵ ည 10:10 𝗡𝝾ֺ. ထပ်ရင် အရင်မန့်သူပဲရပါမယ်"🤩 ချယ်နယ်ကို JOIN တဲ့သူပဲရမှာပါ🫀 ဒီည ၁၀နာရီ မှာကဗျာရွှတ်နေရင်းနဲ့ မဲဖောက်ပေးသွားပါမယ်ဗျ💸🎁 CHANNAL JOIN ရန်လင့် https://t.me/WhiteSunflowe share ပေးကြအုံးနော်🥰 မဲပေါက်လျှင်ထုတ်ရန်@MgKyaw1452 🌟

ကိုယ့်ဇာတ်လမ်းနဲ့ကိုယ်ဆိုပင်မဲ့ တစ်ခါတစ်ခါ ဗီလိန်ဖြစ်ရလိုက် တစ်ခါတစ်ခါ သေပေးရလိုက်နဲ့ ဇာတ်လိုက်မဖြစ်ခဲ့ရတာတစ်ခုပဲ။ - နေကြာဖြူ

လွမ်းရစ်ရသော "ကလေးငယ်" ဝိုင်းစက်တဲ့ မျတ်ဝန်း စင်းနေတဲ့နှာတံ ဖူးငုံတဲ့ နှုတ်ခမ်း နဲ့ ပါးမို့မို့ အလှတရားတွေ ကျောပြင်သေးသေးလေးနဲ့ နုနယ်တဲ့ လက်ဖဝါး အစုံကိုလည်း တမ်းတမိရဲ့.. မင်းဆီကရတဲ့ ကိုယ်သင်းရနံ့ပါးပါး မင်းမြတ်နိုးတတ်တဲ့ အရာရာတိုင်းမှာ ငါ့ရဲ့ အလွမ်းတွေ ခိုတွယ်လို့ အချိန်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ မင်းရဲ့ ပုံရိပ်လွှာ အပိုင်းအစတိုင်းဟာ ဒီနေ့တိုင် ငါ့ရင်ထဲမှာ ''လွမ်းဆွတ်ခြင်း'' အဖြစ် အသက်ဝင်နေဆဲပါ ''ကလေးငယ်''ရေ။
-ကျော်ကြီး

ဘဝပေးကံကြောင့်လား ငါပဲဉာဏ်မကောင်းခဲ့တာလား အချစ်နဲ့ပတ်သက်လာရင် အမြဲတမ်းချန်ခဲ့ခံရတာပဲ သင်ခန်းစာရလိုက်တာကလွဲရင် ကျန်တဲ့ အချိုအချောင် မေတ္တာလေးတစ်ခုတောင် ပြန်အမ်းမခံခဲ့ရဘူး။ - နေကြာဖြူ

ကဗျာဆရာ မဟုတ်တဲ့ ငါ ကဗျာဆရာလို့ ဘယ်သူ‌ခေါင်းစဉ်တပ် လိုက်သလဲ ငါမသိဘူး ဒီနှစ်အတွင်းမှာတော့ ဆရာအခေါ်ခံရပေါင်းများပြီ ဝေဖန်အကြံပြုချက်တွေများပြီ ဖတ်ရတဲ့ကဗျာတွေများပြီ ရေးရတဲ့ကဗျာတွေများပြီ ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး ကဗျာဆရာလို့ ဘယ်သူ‌ခေါင်းစဉ်တပ် လိုက်သလဲ ငါမသိဘူး တပည့်မရှိတဲ့ရပ်ဝန်းမှာ ငါဆရာဖြစ်ခဲ့တာတော့ ငါသိတယ် ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး မြတ်နိုးတိုင်း ဆရာဖြစ်ရကြေးဆိုရင် တပည့်မရှိတဲ့ တိုင်းပြည်ဖြစ်သွားလိမ့်မယ် ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး ကဗျာဆရာဆိုတာ ကိုယ့်ကိုယ်ကိုယ်ပေးရတဲ့ ဂုဏ်ပုဒ်လား စာဖတ်သူကပေးရတဲ့ ဂုဏ်ပုဒ်လား သေချာမသည်းကွဲတဲ့ လောကကြီးထဲလမ်းလျှောက်ရင်း လမ်းပျောက်နေရတဲ့ သာမန်‌လူငယ်တစ်ယောက်ပါပဲ ကဗျာရေးနေလို့ ကဗျာဆရာဖြစ်မသွားဘူး ကာရန်လေးမတောက်တခေါက်နဲ့ ဂန္ထဝင်လောကထဲဝင်ချင်လို့မရဘူး မော်ဒန်တွေဈေးကျသွားလိမ့်မယ် မော်ဒန်ဈေးတက်အောင် သတ်ပုံတွေလည်းမှားရေးမလာနဲ့ဦး တလောကလုံး ကဗျာဆရာတွေကြီးဖြစ်ကုန်မယ် ကာရန်မမှန်ပဲ လင်္ကာစပ်မနေနဲ့ဦး ဂန္ထဝင်လောကကြီးဈေးကျသွားဦးမယ် ၄-၃-၂လောက်နဲ့ ဂန္ထဝင်သမား လာလုပ်မနေစမ်းပါနဲ့ကွာ ဂန္ထဝင်လောကကြီးထကြွလာဦးမယ် ချိမ့်လိုဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့် ကူးမချနဲ့ ချိမ့်မဖြစ်ဘူး ကဗျာရေးနေလို့ ကဗျာဆရာဖြစ်မသွားဘူး မြတ်နိုးတိုင်း ဆရာဖြစ်ရကြေးဆိုရင် တပည့်မရှိတဲ့ တိုင်းပြည်ဖြစ်သွားလိမ့်မယ် မြန်မာစာလေးက မတောက်တခေါက်နဲ့ စာပေသမားမဖြစ်ချင်စမ်းပါနဲ့ ဒီလောကကြီးက အထင်‌နဲ့အမြင်ဟာတခြားစီပဲ အချိန်တွေကိုမဖြုန်းပါနဲ့ ကဗျာဆရာမဟုတ်တဲ့ ငါ့ကိုဆရာမတင်ပါနဲ့ ကဗျာကိုမမြတ်နိုးတဲ့ မင်းတို့ကိုလဲ ငါ့တပည့်မလုပ်ခိုင်းဘူး မြတ်နိုးတာနဲ့ ကြိုက်တာမတူဘူး ခွဲခြားကြည့်လိုက်ပါဦး ကဗျာဆရာတွေ များတဲ့လောကကြီးထဲ ကဗျာတွေဈေးကျနေတယ်ကွာ။ - လိပ်ပြာ ဇွန်လ၊ ၁၂ရက်၊ ၂၀၂၆ [ ၇နာရီ ၃၃မိနစ် ည ]

၉ခွဲကျရင် "အကြင်သူသည်" ဆက်ဖတ်ပြပါမယ်

''နှလုံးသားအကြွေ'' ​ပန်းလေးတစ်ပွင့် ချိုးခံရတာထက် မပိုင်ဆိုင်ခဲ့ရခြင်းက ရင်ကို ပိုနာစေတယ်။ မျှော်လင့်ချက်မဲ့ အိပ်မက်တွေနဲ့ ကိ
''နှလုံးသားအကြွေ'' ​ပန်းလေးတစ်ပွင့် ချိုးခံရတာထက် မပိုင်ဆိုင်ခဲ့ရခြင်းက ရင်ကို ပိုနာစေတယ်။ မျှော်လင့်ချက်မဲ့ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရင်း သူ့ကမ္ဘာမှာ ငါဟာ အရေးပါလှပြီလို့ ထင်မိခဲ့တဲ့ ငါ့ရဲ့ မိုက်မဲမှုတွေကို ငါဟာမေ့ပစ်မိချင်ရဲ့။
-ကျော်ကြီး

ဝဋ်ဆိုတာရှိနေဦးမှာပါ လူတွေက သူတို့ဖြစ်မှ ခံစားတတ်ကြတာ နာတတ်ကြတာ ခင်ဗျားလည်း တစ်နေ့ ကျွန်တော့်လိုမျိုး တစ်စုံတစ်ယောက်အပေါ် အရူးအမူးဖြစ်ဦးမှာပါ။ ကျွန်တော်စောင့်နေပါတယ် အဲ့ဒီလူဆီကနေ ခင်ဗျားငိုပြီးပြန်လာမဲ့ အချိန်ကို..... -မြနန်းစံ

အဟံ တွံ ပိယာမိ။ " မင်းကို ငါချစ်တယ်" သို့သော်... ဧကံ သံယောဇနံ မဟာတပနီယာ။ " သံယောဇဉ်ကြိုးလေးတမျှင်ဟာ အရမ်း ပူလောင်ရ၏" ခွဲခွာခြင်းရဲ့အစက ချစ်မြတ်နိုးခြင်းပဲ တစ်ယောက်ယောက်ကို ပိုင်ဆိုင်ဖို့အတင်းကြိုးစားမိရင် ကိုယ်တိုင်ကပိုနာကျင်ရတယ် ပိုပူလောင်ရတယ်။ ကိုယ့်မှာဘာမှမပိုင်ဆိုင်သေးပဲ သူတစ်ပါးကိုပိုင်ဆိုင်ဖို့ကြိုးစားမဲ့အစား အဲ့လူအတွက်ပန်းတွေသာစိုက်ပေးပါ။ - မြစမ်းကြည်

"တွေ့ဆုံမှု ရင်ခုန်မှု ခံစားချက်တွေ နောက်မှာ ခွဲခွာခြင်း မျက်ရည် နောင်တ လွမ်းဆွတ်မှု တစ်ယောက်ထဲပဲ ကောင်းပါတယ် ငါ့ပုံစံအတိုင်းပဲ ငါနေတော့မယ်" -ပန်းရိပ်ငြိမ်

လွမ်းတယ်ဆိုတာ အနားမရှိတော့မှလွမ်းရတာ တကယ်ချစ်ရင် အနားအတူရှိနေမှာပေါ့ - နေကြာဖြူ

ဝေဟင်ထက်မှာ လမင်းကြီးက အလှပဆုံး လင်းပွင့်လို့နေပေမယ့် အတူတူငေးမောမယ့် မင်းမရှိတဲ့နောက် ဒီလရောင်က ငါ့အတွက်တော့ ခြောက်ကပ်လွန်းလှတယ်။
-ကျော်ကြီး

သို့သော် ချစ်ပါသည် အလွမ်းမဲ့ညနက်တွေဟာ ငါ့ဘဝထဲ မင်းရောက်လာတည်းက ကွယ်ပျောက်ခဲ့ပြီးပြီ။နေ့တွေလတွေ အရာရာမတည်မြဲတဲ့ လောကကြီးမှာ ငါတို့ဟာ အခိုင်မြဲဆုံးအပ်ချည်လေးပေါ့။ မင်းငိုတဲ့အခါ ငါနှစ်သိမ့်ပါမယ်။ မင်းဝမ်းနည်းတဲ့အခါ ပုခုံးထိုးပေးပြီး ငါပင်ပန်းတဲ့အခါမှာတော့ မင်းက ခပ်ပြုံးပြုံးလေးသာနေပေးပါ။ မချစ်ဖူးသူမှာ ချစ်တတ်လာတော့ တီတီတာတာ ချစ်စကားတွေကအစ ရင်ခုန်စရာ အခိုက်အတန့်လေးတွေအဆုံး ဒီအမှတ်တရတွေဟာ ငါ့နှလုံးသားမှာ ရောင်ပြန်ဟပ်ပါတယ်...။ ငါတို့ချစ်ခဲ့တာလဲ ကြာရောပေါ့။ သစ္စာတရားအကြောင်းပြောတဲ့အခါ သက်မဲ့ပြက္ခ‌ဒိန်ပေါ်ကခုနှစ်တွေအစား ခန္ဓာချင်းဝေးလဲ လက်တွဲမဖြုတ်တဲ့ ငါတို့ လက်တစ်စုံကိုသာ ပြချင်ပါတယ်။ မင်းဟာ ငါမပိုင်ခဲ့တဲ့နေမင်းကြီး မဟုတ်သလို ငါဟာလဲ မင်းလက်လွှတ်ခဲ့ရတဲ့ နေကြာလေး ဖြစ်မနေပါဘူး။ မင်းရှိရာကို ဦးမော့လို့ မင်းရှိရာအရပ်မှာ ငါ့နှလုံးသားကို ပေးဆပ်ထားပါတယ်... မင်းယူသွားပါ အချစ်ရေ။ သွေးထွက်မှ နာတာမဟုတ်ပါဘူး။ တချို့အတွင်းဒဏ်ရာတွေက သွေးမထွက်ပေမဲ့ ပိုနာကျင်ရတယ်။ အဲ့ဒီ့နေ့က မင်းမျက်နှာလေးညှိုးနေတယ်...။ မင်းက သိပ်အ‌တွေးလွန်တာပဲ။ အနက်မရှိဒြပ်မရှိ အတွေးလှိုင်းတွေကြား ငေးကြည့်ခွင့်ရရုံနဲ့ မင်းကို ငါဘယ်လိုများပြောပြရပါ့မလဲ။ နစ်လေ မြုပ်လေပါပဲလား။ ဒီအချစ်ချောက်နက်ကြီးထဲ ခေါ်သွားသူဟာ မင်းဖြစ်ပြီး ရုန်းမထွက်နိုင်သူကတော့ ငါဖြစ်ခဲ့ပုံပဲ။ မင်းကိုချစ်ခဲ့ဖူးသူရဲ့ အတိတ်မှာ အဲ့ဒီ့မျက်ဝန်းတွေက သုခပါကွယ်...။ -အံ့လွန်းပျို

ကဗျာဆရာ ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ ကဗျာဆရာပါပေါ့လေ စကားအပြောကောင်းပြီး စာလေးကလည်းစီတတ် မြန်မာစာလေးကလည်းတော် ကာရန်လေးကမတောက်တခေါက်နဲ့ ဝတ္ထုတို... ဝတ္ထုတိုဆိုပြီးလည်း အချစ်အကြောင်းတွေက ရေးလာသေးတယ် သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ချိမ့်ကဗျာလေးဖတ်လိုက် ကဗျာရေးနည်းလေးပြေးကြည့်လိုက်နဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကာရန်ကြတော့ ၄-၃-၂ကမတက်ဘူး မော်ဒန်ရေးရင်လည်း အချစ်ရေးက မထွက်တဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကဗျာဆရာနာမည်နဲ့ မျက်နှာတောင် တွဲမမှတ်မိတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ တိုတိုထွာထွာလေးတွေရေးပြီး သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သတ်ပုံတောင်ကိုယ့်ဘာသာ စစ်ရမှာပျင်းတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ နူးနူးညံ့ညံ့လေးရေးတတ် ချစ်ကြောင်းကြိုက်ကြောင်းလေး လှအောင်စီတတ်လာတော့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ရယ်ရပါတယ်... ကဗျာဆရာတွေများတဲ့လောကကြီးက ဆရာတွေ‌... ဆရာတွေ... သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကျောင်းစာကြတော့သေချာမလုပ်ချင် ကဗျာပဲစပ်ချင်နေတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ အမှောင်ဖုံးနေတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ စိတ်တူကိုယ်တူရှိတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ အေးချမ်းမှုနည်းတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ စိတ်ညစ်စရာတွေများတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ရယ်ရပါတယ် အားရပါးရရယ်ချလိုက်ရင်း သူ့ကိုယ်သူတော့ကဗျာဆရာတဲ့။ - လိပ်ပြာ ၁၁ရက်၊ ၆လ၊ ၂၀၂၆ [ ၉နာရီ ၂၅မိနစ် မနက် ]

အကြင်သူသည်ဖတ်ပြရင်ကောင်းမလားပဲ

ဘယ်နိုင်ငံရောက်နေတာလဲ‌မေးရင် ရဲတွေကအမှုမဖော်နိုင်ရင် ကြုံရာဆွဲဖမ်းတဲ့နိုင်ငံမှာ နေပါတယ်လို့ဖြေမယ် လမ်းဘေးကဘုရားပန်းလေးကိုင်ပြီး တစ်ကုံးကိုဘလောက်လဲမေးတော့ စံပယ်ပန်းတစ်ကုံးအလကားပေးရှာတယ်။ ငရဲကြီးလဲမတက်နိုင်တော့ဘူး မြန်မာနိုင်ငံမှာ IOS အများဆုံးကိုင်တာက အမှားအမှန်လမ်းပြနေတဲ့ ဘုန်းကြီးတွေတဲ့လေ ဟုတ်စ ပန်းတစ်ကုံးဖိုးစာလောက်တောင် ပြန်မပေးနိုင်တဲ့လူတွေရှိတဲ့နိုင်ငံ။ - နေကြာဖြူ

ငါတို့ဖြစ်နိုင်ပါတယ်။

တစ်ခါက နှလုံးသားတစ်ခု ကျိုးပဲ့ခဲ့ဖူးတယ်။ အချစ်ကို ကြောက်တတ်လာခဲ့ဖူးတယ်။ လူတစ်ယောက်ကို ယုံကြည်ဖို့ ခက်ခဲလာခဲ့ဖူးတယ်။ ဒါပေမဲ့ မင်း ရောက်လာတဲ့နောက် ခြောက်သွေ့နေတဲ့ ရင်ခွင်မှာ ပန်းတစ်ပွင့်ပြန်ဖူးပွင့်လာသလိုပဲ။ အချစ်ဟာ မသေဆုံးခဲ့ဘူး။ ခဏတာ အိပ်ပျော်နေခဲ့တာ.. -ကျူး -နှလုံးသာတစ်စုံပြန်မွေးဖွားလာခြင်း

ကျွန်တော်ခင်ဗျားကို မချစ်ဘူး ကမ္ဘာကြီးရဲ့ မတူညီတဲ့ အပိုင်းခြားက ကျွန်တော်တို့ ၂ယောက်ဟာ အချိန်တွေ လွဲခဲ့ကြတယ် ထင်တယ်။ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မထင်မှတ်ထားပဲ ဆုံတွေ့ခဲ့ပြီး မထင်မှတ်ထားပဲ... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ကျွန်တော်တို့ မချစ်ခဲ့ကြပါဘူး။ မချစ်ခဲ့ဖူးဘူး... မတွေ့ခဲ့ဖူးဘူး... အတူတူမရယ်မောခဲ့ကြဘူး... အိပ်မက်တွေပါ.. အိပ်မက်... တကယ် မဟုတ်ခဲ့ဘူးလို့ မှတ်ပေးလိုက်ပါ... မှတ်လိုက်ပါ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ နေဝင်ချိန်နဲ့ နေထွက်ချိန် မတူဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အိပ်မက်လေးတစ်ခုပမာ အိပ်မက်လေးတစ်ခုသာသာ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ကျွန်တော်တို့ တွေ့လိုက်တိုင်း အတူတူမရယ်မောခဲ့ကြဘူး စကားကောင်းကောင်းမပြောခဲ့ကြဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အချိန်တွေလွဲကောင်း လွဲသွားပါလိမ့်မယ် အချစ်တွေကတော့ တကယ်မစစ်ခဲ့ကြပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မမုန်းပေမဲ့ မချစ်ပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မာနကြီးတဲ့မိန်းမ.. အတ္တတွေနဲ့မိန်းမ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မာနတွေကြောင့်... မာနတွေကြောင့်... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ချစ်တယ်လို့ မပြောမချင်း Relationship မဟုတ်ပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အချစ်တွေကတော့ တကယ်မစစ်ခဲ့ကြပါဘူး မာနတွေ... အတ္တတွေ... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ - လိပ်ပြာ ၁၀ရက်၊ ၆လ၊ ၂၀၂၆ [ ၁၁နာရီ ၂၁မိနစ် ည ]