A poem that is not a poet's poem
前往频道在 Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
显示更多缅甸33 000未指定类别
313
订阅者
-224 小时
-67 天
-2330 天
帖子存档
အနာတွေ တဖြည်းဖြည်း
ပျောက်စပြုလာပါပြီ။ ခင်ဗျားတို့
ပြောသလို သွေးသံရဲရဲမဟုတ်ပေမဲ့
အမာရွတ်ကတော့သေရာပါပဲ
မဟုတ်လား။တစ်ခါတစ်လေလဲ
သွေးမထွက်တဲ့ ဒဏ်ရာတွေက
ပိုနာကျင်ရပါတယ်။
-အံ့လွန်းပျို
၂၂၊ ၆၊ ၂၅
တစ်ယောက်တည်းနဲ့ပဲ
ဒီလမ်းရှည်ကြီးကို ဖြတ်သန်းတော့မယ်
နောက်ပြန်မလှည့်တဲ့ ခြေလှမ်းတွေထဲမှာ
အတိတ်က အရိပ်တွေကို ချန်ထားခဲ့တယ်
မရှိတော့တဲ့လက်တစ်စုံကို မရှာတော့ဘူး
လေထဲမှာပဲ မျှော်လင့်ချက်တွေ ပျံသန်းနေတယ်
ငါ့လမ်း ငါပဲ ဆုံးဖြတ်မယ်
တိတ်ဆိတ်ခြင်းနဲ့အတူ ဆက်သွားမယ်။
-နွေဦး
ခင်...
ဆုပ်ကိုင်ခြင်းရဲ့ အဆုံးမှာ
ငါက လွှတ်တင်ခြင်းကို ရွေးခဲ့တယ်။
ခင့်အတောင်တွေ
ကောင်းကင်ရဲ့ အမြင့်ဆုံးအလင်းကို ထိပါစေ။
ငါကတော့
ကြိုးဖြတ်သံတစ်ချက်ရဲ့ နောက်မှာကျန်ခဲ့တဲ့
တိတ်ဆိတ်မှုကို ပွေ့ထားရင်း၊
ခင် ပျံသန်းသွားတဲ့ ကောင်းကင်ကိုပဲ
အိပ်မက်လို ငေးနေမယ်။
-နွေဦး
သေနတ်တစ်လက် ပေးပါ့မယ်
ပစ်တဲ့အခါ နှလုံးသားကိုပဲ
မှန်အောင်ပစ်ပါ ခင်...
မှတ်ဉာဏ်ကို မပစ်ပါနဲ့
တမြေ့မြေ့သတိရနေတာထက်
တခါထဲ ပျောက်ကွယ်သွားရခြင်းက
ကောင်းကောင်းမွန်မွန်ရှိပေမည်။ ။
-နောင်းရိပ်
လေညှင်းတွေထဲ
တိုးတိုးလေးပဲဖြစ်ဖြစ်
အော်ပြီးပဲဖြစ်ဖြစ်
အမြဲတမ်း ပြောနေချင်တာက
''ကိုယ်မင်းကိုချစ်တယ်''
ဆက်ပြီးချစ်နေအုံးမယ်။
-ကျော်ကြီး(ကျော်ရိပ်ညို)
မင်းနဲ့ ငါ့ရဲ့ အကွာအဝေးကို
ဘာနဲ့တိုင်းတိုင်း အဖြေဟာ
တူညီပါတယ် အသက်ရေ...။
- လိပ်ပြာ
မိန်းမတွေက အားရင်
သူတစ်ပါးကိုစိတ်ညစ်အောင်လုပ်တာ
ပုံမှန်ပဲလားခမျ။
#Crd
မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ
မတတ်နိုင်တာတွေ အများကြီးနဲ့
ဒါ့ကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ။
-အောင်ချိမ့်
အိပ်မရတဲ့ နေ့တွေများခဲ့ပြီ
အဆင်မပြေတဲ့ ရက်တွေမှာ
ကိုယ်ဟာတစ်ယောက်ထဲ ချာချာလည်နေပြီ။
အဆင်ပြေမယ်ပြောပြီး
လည်မျိုချနင်းခံလိုက်ရတဲ့ နေ့စွဲတွေ
မင်းထားခဲ့တဲ့ ဒဏ်ရာတွေနဲ့ နေသားကျသင့်နေပါပြီ။
အောင်သင့်သလောက်အောင်ပါစေ။
ကျဆုံးသင့်သလောက်ကျဆုံးပါစေ...
ထိုစကားသာ နှုတ်ဖျားမှ ခပ်ဖွဖွသာ ပြောနိုင်တော့သည်။
-နွေသစ်လွင်
မဟုတ်မမှန်၊ ဧကန်လိမ်ခြင်း
မုသားတွင်းတွင်၊ အဆင်းမက
နှလုံးဉာဉ်ပင် ရွံရှာသွင်။
လိမ်လည်လှည့်ခြင်း၊ ကင်းစေသော်ဝ်။
အဟုတ်မမှား၊ ရိုးသားတတ်မှု
ဖြူစင်ပြုက၊ နှိုင်းတုလျှံထက်
လေးနက်စိတ်လျှင် မြတ်နိုးမင်။
ဖြောင့်မတ်စင်ခြင်း၊ သင်းစေသော်ဝ်။
-အံ့လွန်းပျို
ဘဝဟာ
ငယ်ငယ်တုန်းက
ဆရာမရေးခိုင်းတဲ့
"My Self"လောက်ပျော်စရာမကောင်းတော့ဘူး
ပြီးတော့
ငါတို့ဟာမငယ်တော့ဘူး။
- နေကြာဖြူ
"မမ နွယ်" က မင်းအသက်ငယ်ပါသေးတယ်လို့
ပြောခဲ့တဲ့ကောင်လေးက အခုဆို
လူပျိုအရွယ်ကောင်လေးဖြစ်နေပြီ "မမ နွယ်" ရဲ့။
အခုဆို "မမ နွယ်"လည်း
အကိုကြီးတစ်ယောက်ရင်ခွင်မှာ
မှီပြီး ကလေးတစ်ယောက်လို ချွဲနေမလား။
ကျွန်တော် ချစ်ပေးခဲ့သလောက်
အဲ့အစ်ကို "မမ နွယ်" ကို
မချစ်ပေးမှာ စိတ်ပူမိတယ်။
"မမ နွယ်" သိပ်ကြိုက်တဲ့ပန်းလေးလဲ မျှော်နေရှာပြီ...
မိုးဦးနေလည်းးညိုပြီ...
လာရာလမ်းလဲ လွမ်းနေလောက်ပြီ။
တမ်းတဆဲပါ "မမ နွယ်"
-နွေသစ်လွင်
မင်းနဲ့ကိုယ်နဲ့ကြားက
ပေါင်းကူးတံတားလေးဟာ
ကိုယ့်ခေါင်းအုံးပေါ်မှာကျန်နေခဲ့တဲ့
မင်းရဲ့ဆံနွယ်စတွေဖြစ်မယ်
ကိုယ့်အိပ်ယာပေါ်မှာကျန်ခဲ့တဲ့
မင်းရဲ့ကိုယ်သင်းရနံ့တွေဖြစ်မယ်
ညဉ့်နတ်သန်းခေါင်းမှာကျတဲ့
မင်းရဲ့မျက်ရည်တွေဖြစ်လိမ့်မယ်
မနက်ခင်းကိုယ့်ဘေးနားမှာ
အိပ်ချင်မူးတူးဖြစ်တဲ့အသံနဲ့ပြောနေတဲ့
မင်းရဲ့စကားတွေဖြစ်မယ်
အခုတော့
အဲ့ပေါင်းကူးတံတားလေးဟာ
လှည်းတောင်မကူးနိုင်တော့ဘူး။
- နေကြာဖြူ
ခြစ်ခြစ်ကုပ်ကုပ်စုမိထားတဲ့
တစ်ခုတည်းသော အသက်ဘူးလေးဟာ
မင်း။
-မြတ်နွယ်
အိပ်မက်ထဲက နေကြာဝါတွေ [ ၃ ]
တိတ်ကလေး ချစ်ပြီး
တိတ်တိတ်ကလေး ကြည်နူးနေရတဲ့
အခိုက်တန့်တွေမှာ ကိုယ်ဟာ
ငြီးငွေ့သွားတယ်လို့ မရှိခဲ့ရပါဘူး။
နေကြာဝါဝါတွေနဲ့ တွေ့လေတိုင်း
ဒီနှလုံးသားဟာ ဦးနှောက်ကို အမြဲ
အနိုင်ရပါတယ်။
- လိပ်ပြာ
