A poem that is not a poet's poem
前往频道在 Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
显示更多缅甸33 000未指定类别
313
订阅者
-224 小时
-67 天
-2330 天
帖子存档
သို့"မမမေ"
မမမေ
လူတိုင်းနဲ့ အဆင်မပြေတဲ့ငါက
မမမေ ရှေ့ရောက်မှ
အသံကို ညင်သာအောင် သင်ယူတတ်ခဲ့တယ်။
မမမေ
မင်းနာမည်ကို ခေါ်တိုင်း
"ဟုတ်ကဲ့" ဆိုတဲ့ စကားလေးက
ရိုသေမှုထက်ပိုတဲ့ အချစ်ဖြစ်နေတယ်။
မမမေက လှတယ်...
ဒါပေမယ့် လှတာက မျက်လုံးနဲ့မြင်ရတာ။
မမမေက ချစ်ဖို့ကောင်းတာကတော့
ရင်ဘတ်နဲ့ပဲ သိနိုင်တဲ့ အလင်းမျိုး။
မမမေဟာ
နံရံပေါ်က ပန်းချီမဟုတ်ဘူး၊
နေ့တိုင်း ငါ့စိတ်ထဲ
အရောင်ပြောင်းပြီး ရှင်သန်နေတဲ့ ရာသီ။
မမမေဟာ
နေဝင်ဆည်းဆာမဟုတ်ဘူး၊
နေ့တစ်နေ့လုံး ပင်ပန်းခဲ့တဲ့ငါ
အဆုံးမှာ ပြန်လာချင်တဲ့ အလင်း။
ဒီကဗျာက
မမမေအတွက်ဆိုတော့
စကားလုံးတွေကို အလှဆင်မထားဘူး။
မမမေကို ချစ်တယ်ဆိုတာ
ကြီးကျယ်တဲ့ ဥပမာတွေထက်
နေ့တိုင်း မမမေကို
တိတ်တိတ်လေး ရွေးချယ်နေတဲ့ စိတ်တစ်ခုပဲ။
မမမေ
ငါ့ကမ္ဘာလို့ ပြောရင်
မယုံသေးလည်း ရတယ်။
တစ်နေ့နေ့မှာ
ငါ့ဘဝတစ်ခုလုံးကို ဖွင့်ဖတ်ကြည့်ရင်
စာမျက်နှာတိုင်းရဲ့ ခေါင်းစဉ်က
"မမမေ" ပဲ ဖြစ်နေလိမ့်မယ်။
-နွေဦး
အရုဏ်ဦးက
ဓမ္မသံနဲ့ ကမ္ဘာကိုနှိုးတယ်။
ငါ့စိတ်ကတော့
တရားတစ်ပုဒ်မှ မရဘဲ
မင်းနာမည်ကိုပဲ
မန္တန်လို တိတ်တိတ်ရွတ်နေခဲ့တယ်။
အဲ့ဒီမနက်မှာ
ငါ မျက်နှာမူခဲ့တာ
ဘုရားမဟုတ်ခဲ့ဘူး
မင်းကိုပဲ။
-နွေဦး
အေးစက်စက် လေပြည်တစ်ချက်မှာ
ငါ့စိတ်ဝိညာဉ် လွင့်ပြယ်ပါစေ။
နွေးဓာတ်ထွက် ရောင်ခြည်နုမှာ
ငါ့အသက်နှလုံး ပျောက်ကွယ်ပါစေ။
မှေးစက်လျက် ချစ်တဲ့သူရေ
ဒီဘဝမှာ ငါလိုလူနဲ့ လွဲပါစေ။
-အံ့လွန်းပျို
အိပ်မက်ထဲက နေကြာဝါတွေ [ ၂ ]
ဝိုးတိုးဝါးတား
ပုံရိပ်ယောင်တွေထဲက
ကိုယ့်ရဲ့ အပြုံးနတ်သမီးလေး
ညဘက်တွေမှာ ရင်ခုန်စွာနဲ့
အိပ်ပျော်စေသူလေး...
အိပ်မက်ထဲက
အပြုံးနတ်သမီးလေး...။
- လိပ်ပြာ
တစ်ယောက်တည်းနေရခြင်းကို
အရိုးထဲအထိ ကျက်မှတ်ထားပြီးမှ
ကံကြမ္မာက
လူတစ်ယောက်ကို
ခဏတာ ရာသီအဖြစ် ငါ့ဆီချထားခဲ့တယ်။
လေပြေလို ဝင်လာပြီး
မြူလို ပျောက်သွားတဲ့နောက်
ငါကတော့
ကိုယ့်အထီးကျန်ခြင်းကို
အစကနေ ပြန်အလွတ်ကျက်နေရပြန်တယ်။
နှလုံးသားတစ်ခုလုံးနဲ့
"အမြဲ" ဆိုတဲ့ စကားကို ယုံတတ်တဲ့သူအတွက်တော့
နှုတ်ဆက်ခြင်းဟာ
လမ်းခွဲတာ မဟုတ်ဘူး၊
ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ရတဲ့
ဒုတိယမွေးဖွားခြင်းပဲ။
-နွေဦး
"ဆရာဝန်ကြောက် လူနာ"
ကျွန်တော် ဆေးရုံဆေးခန်း
ဝေးဝေးကရှောင်ပါတယ်
ပွမ်းရာပဲ့ရာ ငရုတ်ကောင်းမှုန့်သိပ်ပါတယ်
ဖျားတာနာတာ
ကားလမ်းမအပေါ်
ဝေးနိုင်သမျှပြေးပါတယ်။
သောက်ဆေးထိုးဆေးမကြောက်တဲ့သူက
ဆေးရုံဆေးခန်းတွေကိုကြောက်ပါတယ်။
အသက်ကြီးလို့သေရင်လဲ
အိမ်ကနေတစ်ဆင့်
မြေကြီးထဲရောက်မဲ့လမ်းကိုရွေးမှာပါ။
- နေကြာဖြူ
အကယ်၍ ကျွန်တော့်ချစ်သူ အမွှာလေးတွေမွေးရင်
အကယ်၍ ကျွန်တော့်ချစ်သူ အမွှာလေးတွေမွေးရင်
ကျွန်တော်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို
ဖေဖေလို့ သူတို့ခေါ်မယ်။
ကျွန်တော်ပေးခဲ့တဲ့ နာမည်က
အသုံးမတည့်လေတော့
သူ့အဖေမှာပါတဲ့ နာမည့်ကို
မှည့်ပေးလိမ့်မယ်။
သမီးလေးမွေးရင် "ကိုကို" ထိန်းပေး
သားလေးမွေးရင် "ဘေဘီ" ထိန်းပေးမယ် ဆိုတဲ့
စကားလည်း တစ်ခြားသူကိုသူပြောနေလိမ့်မယ်။
သူသိပ်သနားတတ်တဲ့ လှောင်ချိုင့်ထဲက စာကလေးတွေတွေ့ရင်
ဝယ်ပြီး လွှတ်လိုက်တဲ့ ကုသိုလ်တွေ
သူ့မိသားစုဆီ အမျှဝေပေးလိုက်မယ်...
အကယ်၍ ကျွန်တော့်ချစ်သူ အမွှာလေးတွေမွေးရင်
-နွေသစ်လွင်
မင်းကိုချစ်နေရခြင်းမှာ
ငါ့ရဲ့မေတ္တာ
မင်းကိုမေ့မရခြင်းဟာ
ငါ့ရဲ့သစ္စာ
တကယ်တမ်းကြ
မဖြစ်နိုင်ခြင်းတွေပါပဲ။
-မြနန်းစံ
ကိုကို
မီးခြစ်ဟာ ဖယောင်းတိုင်ကို မေ့မယ်
ဖယောင်းတိုင်ကတော့ မီးခြစ်ကိုမမေ့ဘူး ကိုကို။
သာသနာနဲ့ဝေးပါတယ်။
အသာအယာနဲ့လှမ်းပါတယ်။
ကိုကိုနဲ့တော့ မဝေးနိုင်
အကာလ မရဏဘေးမှ အထိုက်မခံနိုင်ပဲ။
ကျွန်မ အဘိဓာန်က စကားလုံးသောင်းချီမဖွဲ့ဘူး။
ကိုကို ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ဖွဲ့တာ။
-မြတ်နွယ်
အိပ်မက်ထဲက နေကြာဝါတွေ [ ၁ ]
နူးညံ့ခြင်းကို
အချစ်လို့ အဓိပ္ပါယ်ဖွင့်မယ်ဆို
ပျော်ရွှင်ခြင်းတွေကိုတော့
အသက်ရဲ့ ပါးမို့မို့ထက်က
ပါးချိုင့်ခွက်ကလေးလို့ ခေါင်းစဉ်
တပ်လိုက်မယ်။
- လိပ်ပြာ
နှိုးထရမယ့်
မနက်ခင်းတွေကို မုန်းတယ်
မင်းမရှိတဲ့ ဘဝက
ခါးသက်လွန်းလို့
ဒီညလည်း အိပ်မက်ကမ္ဘာထဲ
အမြန်ပြေးဝင်ပြီး
မင်းကိုပဲ စောင့်ကြိုနေဦးမယ် ချစ်သူ။
-ကျော်ကြီး(ကျော်ရိပ်ညို)
အပြတ်ပြတ်ပါပဲ
သူလည်း ကိုယ့်အတွက်
သားလေး မမွေးပေးနိုင်တော့ဘူး
ကိုယ်လည်း ကိုယ့်အတွက်
အားဆေးတောင် မသွင်းနိုင်တော့ဘူး။
- သူရဇ္ဇနီ
ငါ့ကဗျာထဲမှာ မင်းပါရင်
ပါလိမ့်မယ်။ဒါပေမဲ့ မင်းက
ငါ့ကဗျာမဟုတ်ဘူး။
ငါကဗျာကို ချစ်သလို
ကဗျာကသာ ငါ့ကိုချစ်ပါစေ။
-အံ့လွန်းပျို
အမေ...
တကယ်တော့
ကဗျာဆရာဆိုတာ
နာကျင်မှုတွေကို တီးခတ်ဖို့
ဘဝက ချည်ပေးထားတဲ့ ကြိုးတစ်ချောင်းပါ။
အမေရယ်
ဒီလောကကြီးထဲမှာ
အမေမွေးတဲ့သားက
အိပ်မက်တွေကို စာလုံးတွေနဲ့ ရှင်သန်ခွင့်ယူခဲ့တာ
အပြစ်တစ်ခုလားဗျာ
သားရဲ့အချစ်က
ဓားမဟုတ်ပါဘူးအမေ
ကမ္ဘာကြီးတစ်ခုလုံး နစ်မြုပ်သွားရင်တောင်
ငြိမ်းချမ်းခြင်းကိုပဲ ရှာဖွေမယ့်
နှလုံးသားတစ်စုံဘဲ။
-နွေဦး
လွတ်မြောက်လမ်းတွေရှိခဲ့ပေမဲ့
ငါထွက်မလာခဲ့ဘူး အသက်....
ဘာဖြစ်လို့ဆို..
ချစ်လို့... ချစ်လို့.. သိပ်ချစ်လို့..
လှောင်လိုက်စမ်းပါဦး
ပြုံးလိုက်စမ်းပါဦးကွာ
ငါ့ကို ဟားတိုက်ရယ်လိုက်ပါဦး။
- လိပ်ပြာ
ရူးရူးမိုက်မိုက်ချစ်ရင်း
ရူးရူးမိုက်မိုက်နစ်ခဲ့ရတဲ့
နေ့ရက်တွေကို သတိရလျက်။
- လိပ်ပြာ
ဆူးလေကို ဖြတ်သွားတိုင်း၊
နာရီစင်က အချိန်ကိုရေတွက်တယ်။
ငါကတော့
မင်းကိုသတိရတဲ့အကြိမ်တွေပဲ။
-နွေဦး
ကျွန်တော်တို့လွဲနေခဲ့တာလို့
မထင်ဘူးလားမမယွန်း
ဒဏ်ရာရတာချင်းတော့မတူနိုင်ပင်မဲ့
မမယွန်းနဲ့ရှိနေရတာဟာ
ကမ္ဘာဦးအစကရင်ခုန်သံလိုပဲ
အပိုတွေပြောတယ်လို့
မမယွန်းအတွက်
ထင်ကောင်းထင်နိုင်သလို
ရီကောင်းရီရပါလိမ့်မယ်
မမယွန်းနဲ့
အဲ့လိုစကားစမြည်ပြောနေရရင်တောင်
နှလုံးသားကခုန်ရလွန်းလို့
ဘယ်နားသိမ်းထားရမှန်းတောင်မသိတော့ဘူး။
- နေကြာဖြူ
