The Standard Time Digital
الذهاب إلى القناة على Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
إظهار المزيدلم يتم تحديد البلدالفئة غير محددة
275
المشتركون
لا توجد بيانات24 ساعات
+27 أيام
+2630 أيام
أرشيف المشاركات
◾️"ဝ"အဖွဲ့ နိုင်ငံတော်မှလုံးဝခွဲထွက်မည်မဟုတ်၊ မြန်မာစာနှင့် ဝ စာတို့ကို အထူးသင်ယူရန် ညွှန်ကြားထားဟုဆို
"ဝ" အဖွဲ့ (UWSA) ၏ ရပ်တည်ချက်ဖြစ်သည့် "နိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ်" ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် "ဝ" စာကို အထူးသင်ယူကြဖို့ ညွှန်ကြားထားကြောင်း ဟိုပန်ခရိုင်၊ ခရိုင်လုပ်ငန်း နှစ်ချုပ်အစည်းအဝေးအရ သိရကြောင်း "ဝ" ဒေသတွင်း သတင်းဌာနဖြစ်သည့် Wa News Land က ဖော်ပြထားသည်။
အဆိုပါ ခရိုင်လုပ်ငန်းအစည်းအဝေးကို မတ် ၃ ရက်တွင်စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အချက် ၄ ချက်ကို အဓိကထား ပြောဆိုသွားကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသည်။
"ပြည်သူတွေအပေါ် ဖိနှိပ်တာ၊ အာဏာအလွှဲသုံးစားလုပ်တာ၊ ကျားဖျန်နဲ့ မူးယစ်ဆေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာတွေ လုံးဝ မလုပ်ကြဖို့။ အရေးကြီးတဲ့ အချက်အနေနဲ့ "ဝ" တပ်ရဲ့မူလ ရပ်တည်ချက်အတိုင်း နိုင်ငံတော်ကနေ ခွဲထွက်တာမဟုတ်တဲ့အတွက် ပထမ ဦးစားပေးကိုမြန်မာစာနဲ့ ဒုတိယကို "ဝ" စာ သင်ယူကြဖို့ ညွှန်ကြားပြောဆိုလာပါတယ်"ဟု အဆိုပါ တာဝန်ရှိသူကဆိုကြောင်း ဖော်ပြထားသည်။
အဆိုပါ အချက်များသည် ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)တွင် ငါးရက်ကြာပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ "ဝ" ပြည်နယ် ဗဟိုလုပ်ငန်းနှစ်ချုပ်အစည်းအဝေး ညွှန်ကြားချက်အပေါ် အခြေခံ၍ ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုကြောင်း ဖော်ပြထားသည်။
အဆိုပါ ဗဟိုလုပ်ငန်း နှစ်ချုပ်အစည်းအဝေးနှင့် ပတ်သက်၍ UWSA/UWSP ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - WSTV
#ပြည်တွင်းသတင်း
◾️လူထုအုံကြွမှုအလွန်ကာလလွှတ်တော် ရွေးကောက်ပွဲများ နီပေါ၌ကျင်းပ
နီပေါနိုင်ငံ၌ မတ် ၅ ရက်တွင် လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲ များကျင်းပခဲ့ရာ နီပေါ ပြည်သူများ အရုဏ်တက်ချိန်မှစ၍ ပါဝင်မဲပေးခဲ့ကြကြောင်းသိရသည်။
ဇက်မျိုးဆက် လူငယ်များဦးဆောင်သော အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကြောင့် အစိုးရအဖွဲ့ပြုတ်ကျခဲ့ပြီး ခြောက်လအကြာတွင် လွှတ်တော်သစ် ရွေးကောက်ပွဲ များကို နီပေါနိုင်ငံ၌ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နီပေါပြည်သူ ၁၉သန်းနီးပါးတို့က လွှတ်တော်အမတ်လောင်းများကို မဲပေးရွေးချယ်ကြရမည်ဖြစ်သည်။
မတ် ၅ ရက် လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲဝါဒီဝန်ကြီးချုပ်ဟောင်း တစ်ဦး၊ လူငယ် များ၏ ထောက်ခံမှု အခိုင်အမာရရှိထားသော ရက်ပါအဆိုတစ်ဖြစ်လဲ မြို့တော်ဝန်တစ်ဦးနှင့် နီပေါကွန်ဂရက်ပါတီ ခေါင်းဆောင်သစ်တို့ အဓိက အားပြိုင်ကြရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့ပြီး အနည်းဆုံး လူ ၇၇ဦး သေဆုံးခဲ့ရသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲများကြောင့်အစိုးရအဖွဲ့ ပြုတ်ကျခဲ့ရပြီးနောက် နီပေါနိုင်ငံကို ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီ၏ အစိုးရအဖွဲ့က ဦးဆောင်မှုပေးခဲ့ပြီး မတ် ၅ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တရုတ်(တိုင်ပေ)အနီး တရုတ်လေတပ်လှုပ်ရှားမှု သိသိသာသာကျဆင်း
တရုတ် (တိုင်ပေ)အနီး ပြုလုပ်နေသောတရုတ်လေတပ်လှုပ်ရှားမှုများ သိသိသာသာ ကျဆင်းလာခဲ့ရာ ပြီးခဲ့သည့် သီတင်းပတ်က ဆိုလျှင် ပျံသန်းမှုများ လုံး၀မရှိခဲ့ကြောင်း မတ် ၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ယခုနှစ်အတွင်း လက်ရှိအချိန်ထိ တရုတ်နိုင်ငံသည် တရုတ် (တိုင်ပေ)၏ လေကြောင်းရန် ကာကွယ်ရေးစိစစ် ဇုန်အတွင်းသို့ တိုက်လေယာဉ်များမှသည် မောင်းသူမဲ့လေယာဉ်များ အထိ ပါဝင်သော လေယာဉ် စင်းရေ ၄၆၀ အထိ စေလွှတ်ခဲ့ရာယမန်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါကစစ်လေယာဉ်စေလွှတ် မှု ၄၆ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တရုတ်(တိုင်ပေ) အစိုးရကိန်းဂဏန်းများအရ သိရ သည်။
ယခုနှစ် ဖေဖော်ဝါရီလ တစ်လလုံးတွင်တရုတ်(တိုင်ပေ)အနီး လှုပ်ရှားပျံသန်းခဲ့သော တရုတ်စစ်လေယာဉ် အရေအတွက်မှာ ၁၉၀အထိသာရှိခဲ့ရာ ၂၀၂၂ ခုနှစ်နောက်ပိုင်း လစဉ် စေလွှတ်မှုနှုန်းအရ အနည်းဆုံးဖြစ်ကြောင်းတရုတ်(တိုင်ပေ)တာဝန်ရှိသူများက ပြောကြား သည်။
တရုတ်(တိုင်ပေ)အနီး တရုတ်လေတပ်လှုပ်ရှားမှုများ ကျဆင်းလာခြင်းသည် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့၏ လာမည့်လအတွင်း ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်နေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဧပြီလအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ သွားရောက်၍ သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရေနံတင်သင်္ဘောအများအပြား ပင်လယ်ကွေ့ ၌ ပဉ္စမမြောက်နေ့အဖြစ် ပိတ်မိနေ
အီရန် စစ်ရေးပဋိပက္ခ ပိုမိုကျယ်ပြန့်လာချိန်တွင် ရေနံတင်သင်္ဘောနှင့် သဘာ၀ဓာတ်ငွေ့ရည် တင်သင်္ဘော အများအပြားသည်လည်း ပင်လယ်ကွေ့ဒေသ၌ ပဉ္စမမြောက်နေ့အဖြစ် မတ် ၄ ရက်တွင်ဆက်လက် ပိတ်မိနေကြဆဲဖြစ်ကြောင်း သိရသည်။
အီရန် စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာချိန်တွင် ရေနံတင်သင်္ဘောနှင့် သဘာ၀ဓာတ်ငွေ့ရည် တင်သင်္ဘောများအပါအဝင် အနည်းဆုံး သင်္ဘောအစင်း ၂၀၀ ခန့်မှာ အီရတ်၊ ဆော်ဒီ အာရေဗျနှင့် ကာတာ အပါအဝင်ပင်လယ်ကွေ့နိုင်ငံများ၏ ကမ်းလွန်များ၌ ကျောက်ချ ရပ်နားနေရကြောင်းပင်လယ်ရေကြောင်း သွားလာမှုစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်များမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။
အထက်ပါ သတင်းအချက်အလက်များက ဟော်မုဇ်ရေလက်ကြားပြင်ပတွင်လည်း သက်ဆိုင်ရာဆိပ်ကမ်းများသို့ ဝင်ရောက်နိုင်ရန်စောင့်ဆိုင်းနေကြရသည့် သင်္ဘော စင်းရေမှာလည်း ရာနှင့်ချီ ရှိနေကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ၂၈ ရက်တွင် စစ်ရေးအရ စတင် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ပင်လယ်ကွေ့ ရေပြင် အတွင်း၌ အနည်းဆုံး ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘောရှစ်စင်း ထိခိုက် ပျက်စီးခဲ့ ရသည်။
ပင်လယ်ကွေ့ ဒေသသည်ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု လုပ်ငန်းများအတွက် အဓိက ရေလမ်းကြောင်းများတည်ရှိရာ ဒေသဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️သမ္မတဒေါ်နယ်ထရန့်၏ အီရန်စစ်ပွဲကို ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်များ ထောက်ခံ
သမ္မတဒေါ်နယ်ထရန့်၏ စစ်ပွဲဆင်နွှဲခွင့်အာဏာကို ကန့်သတ်ပိတ်ပင်ရန်ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အမေရိကန် အထက်လွှတ်တော်ကမတ် ၄ ရက်တွင် မဲခွဲခဲ့ရာ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်များကကန့်ကွက်မဲပေးခဲ့ကြကြောင်း သိရသည်။
မတ် ၄ ရက် မဲခွဲပွဲတွင် အီရန်စစ်ပွဲ ရပ်ဆိုင်းပေးရန်နှင့် အီရန်ကို စစ်ရေးအရတိုက်ပါက ကွန်ဂရက်လွှတ်တော်သဘောတူညီချက်ရယူရန် တောင်းဆို ထားသောအထက်ပါ ဆုံးဖြတ် ချက်ကို အထက်လွှတ်တော် အမတ် ၅၃ ဦးတို့ကကန့်ကွက်မဲပေးခဲ့ကြပြီး ၄၇ ဦးတို့က ထောက်ခံမဲပေးခဲ့ကြသည်။
သမ္မတ၏ စစ်ပွဲဆင်နွှဲခွင့်အာဏာကန့်သတ်ရေး ဆုံးဖြတ်ချက်ကို မဲခွဲရာတွင် ရီပတ်ဘလီ ကန် အထက်လွှတ်တော်အမတ်များအနက် တစ်ဦးကသာထောက်ခံမဲပေးခဲ့ကြပြီး ဒီမို ကရက်တစ်အထက်လွှတ်တော်အမတ်များအနက်တစ်ဦးကသာ ကန့်ကွက်မဲပေးခဲ့သည်။
စစ်ကြေညာရေးတာဝန်ကို ကွန်ဂရက်လွှတ်တော် ပြန်လည်ရယူရေးအတွက်ရီပတ်ဘလီ ကန် အမတ်အချို့ နှင့် ဒီမိုကရက်တစ်လွှတ်တော်အမတ်အချို့တို့ကအထက်ပါ ဆုံးဖြတ်ချက် ကို လွှတ်တော်သို့ ပူးတွဲတင်သွင်းထားခြင်းဖြစ်သည်။
သို့ရာတွင် သမ္မတဒေါ်နယ်ထရန့်၏ အီရန်ကို စစ်ရေးအရတိုက်ခိုက်မှု မှာတရားဝင်မှုရှိပြီး အမေရိကန်ပြည်ထောင်စုကို ကာကွယ်ရေးအတွက် စစ်သေနာပတိချုပ်တစ်ဦး၏ လုပ်ပိုင် ခွင့်အာဏာအရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်းရီပတ်ဘလီကန်အမတ်များက ပြောကြားထားသည်။
သမ္မတ၏ စစ်ပွဲဆင်နွှဲမှု အခွင့်အာဏာများ ကန့်သတ်ရေး ဆုံးဖြတ်ချက်ကို ရီပတ်ဘလီကန် အမတ်များ အင်အားသာသော အမေရိကန်အောက်လွှတ်တော်ကလည်း မတ် ၅ ရက်တွင် မဲခွဲအဆုံးအဖြတ်ယူရန် စီစဉ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရန်ကုန်ဆိပ်ကမ်းသို့ ယခုလအတွင်း ကုန်သေတ္တာတင် သင်္ဘော ၆၀ ခန့် ဝင်ရောက်မည်
ရန်ကုန် ဆိပ်ကမ်းများသို့မတ်လအတွင်း ကုန်သေတ္တာတင်ပင်လယ်ကူးသင်္ဘော စုစုပေါင်း ၆၀နီးပါး ဝင်ရောက်လာရန် စီစဉ်ထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
ဝင်ရောက်မည့်သင်္ဘောများအနက် M/S COCCO SHIPPING LINE မှ သင်္ဘော ၁၃ စင်း ဖြင့် အများဆုံးပါဝင်မည်ဖြစ်ပြီး M/S MAERSK A/S နှင့် M/S SITC CONTAINER
LINE တို့မှ ခုနစ်စင်းစီ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် M/S ONE နှင့် M/S SAMUDERA SHIPPING တို့မှခြောက်စင်းစီ ပါဝင် မည်ဖြစ်ပြီး အခြားလိုင်းများမှလည်း သင်္ဘောအချို့ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်လာသော သင်္ဘောများမှ ဆောက်လုပ်ရေးသုံးကုန်ကြမ်းများနှင့် အထည်အလိပ် လုပ်ငန်းသုံးကုန်ကြမ်းများကို အများအားဖြင့်တင်သွင်းလျက်ရှိပြီး ပြန်လည်တင်ပို့မှုအဖြစ် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်များကို ပို့ဆောင်လေ့ရှိကြောင်း သိရသည်။
ယခင်လများအတွင်းတွင်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင်သင်္ဘောများ ဆက်တိုက်ဝင်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီ လတွင် ၅၃ စင်း၊ ဇန်နဝါရီလတွင် ၆၂ စင်း ဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် နိုင်ငံတကာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တံတား ၂၇ စင်းရှိပြီး ရန်ကုန်-သီလဝါ ဆိပ်ကမ်းဧရိယာအပါအဝင်စုစု ပေါင်း ၄၆ စင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းသိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MDN
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မဟာချိုင်တွင် မြန်မာအလုပ်သမား ခြောက်ဦး၏လစာ ဘတ်တစ်သိန်းကျော် ပြန်ရ
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မဟာချိုင်မြို့နယ်ရှိ အွန်လိုင်းပစ္စည်းထုပ်ပိုးသည့် စက်ရုံတစ်ရုံက မြန်မာအလုပ်သမားခြောက်ဦးအား ဘတ်တစ်သိန်းကျော် (၁၁၅၃၁၈)ကို သက်တမ်း တိုးရန် ဟုဆိုကာ ဖြတ်တောက်ခဲ့ပြီး ပြန်ရရန် ကူညီပေးခဲ့ကြောင်း အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း (LRF) က ထုတ်ပြန်သည်။
အလုပ်သမား တစ်ဦးလျှင်စုစုပေါင်း ၂၈၉၀၀ ဘတ် ဖြတ်တောက်မည်ဟု စက်ရုံဘက်က အသိပေးခဲ့ပြီးအလုပ်သမားများ တစ်ဦးလျှင်၁၆၀၀၀ ဘတ်ဖြတ်တောက်ခဲ့ကြောင်း၊ ကျန်ရှိ နေသည့် ၁၂၀၀၀ဘတ်ကို တစ်ခါတည်းပေးရန် တောင်းခံခဲ့သည့်အတွက် အလုပ်သမားများ က ဖေဖော်ဝါရီ ၂ ရက်တွင် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း LRF မှ သိရသည်။
အလုပ်ရှင်ဘက်မှ စာရွက်စာတမ်းကြေးအဖြစ် ဖြတ်တောက်ထားသည့်ငွေ ၉၉၉၄၉ ဘတ်၊ လုပ်အားခလက်ကျန်ငွေ ၁၅၃၆၉ ဘတ်နှင့် စုစုပေါင်း ၁၁၅၃၁၈ ဘတ်ကို မတ် ၃ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ ကြောင်း LRF အဖွဲ့မှ သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- LRF
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ဇနီးကို ခေါ/င်းဖြ/တ်သ/တ်သူအား သေဒဏ်အမိန့်ချမှတ်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ဇနီးဖြစ်သူကို ခေါ/င်းဖြ/တ်သ/တ်သည့် အမျိုးသားအားမသေမချင်း ကြိုးကွင်းစွပ်သ/တ်ရန် ယမန်နေ့(မတ် ၄ ရက်)တွင် အမိန့်ချမှတ်လိုက်ကြောင်း ယင်းအမှုအားလိုက်ပါ ကူညီပေးနေသူထံမှသိရသည်။
"ခေါ/င်းဖြ/တ်သ/တ်သည့်အမှုကို မှော်ဘီခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ်-၈/၂၀၂၆ တွင်စစ်ဆေးပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)အရ သေဒဏ်ချမှတ်ပြီး မသေမချင်းကြိုးကွင်းစွပ်သ/တ်စေရန် အမိန့်ချမှတ်ပြီး" ဟု ၎င်းကလူမှုကွန်ရက်တွင်ရေးသားထားသည်။
မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်နေထိုင်သူ ဦးသူရဇော်ဇော်နှင့်ဇနီဖြစ်သူမဟေမာန်သူတို့သည် ယခုနှစ်ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းတွင်စကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားရှည်ဖြင့်ခုတ်၍ ခေါင်းဖြတ်သတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက်အမျိုးသားဖြစ်သူက သေဆုံးသူ၏ဦးခေါင်းကိုဆွဲကာ ကားလမ်းမဘက် လမ်းလျှောက်ထွက်လာပြီး လက်ထဲတွင်ကိုင်ဆွဲလာသည့်ဦးခေါင်းကို လမ်းလယ်ခေါင်တွင်ချကာ ငုတ်တုတ်ထိုင်နေသည့်ဗီယိုဖိုင်မှာ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။
သေဆုံးသူအမျိုးသမီးမှာအသက်(၃၃) နှစ်အရွယ်ရှိပြီဖြစ်ပြီး သာယာဝတီဇာတိဖြစ်ကြောင်း၊ ၎င်းတွင် အသက်(၁၀) နှစ်ကျော်အရွယ်ရှိကလေးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ အသက်(၃၀) အရွယ်ရှိအမျိုးသားဖြစ်ပြီး သေဆုံးသူ၏ဒုတိယအိမ်ထောင်ဖြစ်ကြောင်း အခင်းဖြစ်ပွားစဉ်ကသွားရောက်ကူညီခဲ့သည့် မြို့မလူမှုကူညီရေးအသင်းထံမှသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
◾️အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြောက်ကိုရီးယားရေတပ်က ဒုံးကျည်စမ်းသပ်ပစ်ခတ်
မြောက်ကိုရီးယားရေတပ် ဖျက်သင်္ဘောအသစ်မှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ် ခတ်ခြင်းကို ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြသည်။
မြောက်ကိုရီးယားရေတပ်သည် မတ်လ ၄ ရက်က ဘက်စုံသုံးဖျက်သင်္ဘောအသစ်ဖြစ်သည့် Choe Hyon ဖြင့် ပင်လယ်ပြင်မှမြေပြင်ပေါ်သို့ ခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်စောင့်ကြည့်ပြီး ကြီးကြပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့်အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှု၊ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရှေ့ အလယ်ပိုင်းဒေသ၌ စစ်ရေးပဋိပက္ခများမြင့်တက်နေချိန်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ရေတပ်ရဲ့ ရေပေါ်၊ ရေအောက် တိုက်ခိုက်နိုင်စွမ်းတွေက အရှိန်အဟုန်နဲ့တိုးတက်လာ မှာပါ”ဟု ကင်ဂျုံအန်းက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့်ပြောသည်။
ထို့ပြင် ရေတပ်၏ နျူလက်နက်တပ်ဆင်မှုသည် ကျေနပ်ဖွယ်ရာတိုးတက်မှုရှိနေသည်ဟုလည်း ၎င်းက ပြောသည်။
နျူကလီးယားလက်နက်အင်အားကို မြှင့်တင်တည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်းမည် ဖြစ် ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသည့် ကိုရီးယားအလုပ်သမားပါတီညီလာခံအပြီး စစ်ရေးပြ ချီတက်ပွဲတွင် ကင်ဂျုံအန်းကကြွေးကြော်ထားသည်။
အထက်ပါ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွင် မြောက်ကိုရီယားအနေဖြင့် ၎င်းတို့၏ နျူကဘီးယားစွမ်းရည် ကို ထုတ်ဖော်ပြသရန်အတွက် ဗျူဟာမြောက်လက်နက်များကို အသုံးပြုခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနတစ်ခုဖြစ်သည့် Yonhap က မှတ်ချက်ပြုသည်။
ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ ထင်ရှားသော ဆိပ်ကမ်းမြို့ နမ်ပိုရှိ သင်္ဘောကျင်းသို့ နှစ်ရက်ကြာ သွားရောက်ကာ တန်ငါးထောင်အလေးချိန်ရှိ Choe Hyon အတန်းအစား ဖျက်သင်္ဘောအသစ် တည် ဆောက်နေမှုကိုလည်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလအတွင်းက အဆိုပါအမျိုးအစား ဖျက်သင်္ဘောအသစ်တစ်စီး ဖွင့်ပွဲကျင်းပချိန် တွင် မတော်တဆမှုဖြစ်ကာ သင်္ဘောအစိတ်အပိုင်းတစ်ချို့ ပျက်စီးခဲ့သဖြင့် အခမ်းအနားတွင်ရှိနေသည့် ကင်ဂျုံအန်းက တာဝန်ရှိသူများကို ပြစ်တင်ပြောဆိုခဲ့ဖူးသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား-အယ်ဂျားဇီယား
#နိုင်ငံတကာသတင်း
◾️ပင်လယ်ကွေ့နိုင်ငံများ တိုက်ခိုက်ခံနေရမှုကြောင့် အီရန်စစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်
ပင်လယ်ကွေ့နိုင်ငံများကို အီရန်နိုင်ငံကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေမှုကြောင့် အမေရိကန်ပြည်ထောင်စုဘက်တွင် ရပ်တည်မည့်မဟာမိတ်ညွန့်ပေါင်းအုပ်စုတစ်စု ပေါ်ထွက်လာနိုင်ပြီး အီရန်စစ်ရေးပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း စစ်ရေးအကဲခတ် များက မတ် ၃ ရက်တွင်သတိပေးလိုက်သည်။
အီရန်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုကို တုံ့ပြန် သည့်အနေဖြင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများရှိဆိပ်ကမ်းများ၊ မြို့တော်များနှင့် ရေနံ လုပ်ငန်းအခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် အထက်ပါ သတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်နေသောပင်လယ်ကွေ့နိုင်ငံ ခြောက်နိုင်ငံတို့မှာ အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များဖြစ်သလို အမေရိကန်စစ်စခန်းများကိုလည်း လက်ခံထားသည့် နိုင်ငံများဖြစ်ကြသည်။
စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်ပြည်ထောင်စုကို ဖိအားပေးရန် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအား တိုက်ခိုက်နေခြင်းဖြစ်ပါက အီရန်နိုင်ငံအနေဖြင့် အတွက်အချက် မှားသွားနိုင်ကြောင်းလေ့လာသူများက သုံးသပ်ထားသည်။
လက်ရှိအချိန်တွင် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှာ အီရန်ကို တုံ့ပြန်ရေးအတွက် အမေရိ ကန်ပြည်ထောင်စု၏ စစ်ရေးလှုပ်ရှားမှုများတွင်ပေါ်ပေါ်ထင်ထင် ပါဝင်ရမည့် အခြေအနေတွင်ရှိနေကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
