ar
Feedback
Federal FM (ဖက်ဒရယ် FM)

Federal FM (ဖက်ဒရယ် FM)

الذهاب إلى القناة على Telegram

ဖက်ဒရယ် FM ၏ တရားဝင် ချယ်နယ် ဖြစ်ပါသည်။

إظهار المزيد
1 180
المشتركون
-124 ساعات
-57 أيام
+130 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
سبتمبر '26
سبتمبر '26
+12
في 0 قنوات
أغسطس '26
+62
في 1 قنوات
Get PRO
يوليو '26
+122
في 1 قنوات
Get PRO
يونيو '26
+64
في 1 قنوات
Get PRO
مايو '26
+69
في 1 قنوات
Get PRO
أبريل '26
+59
في 1 قنوات
Get PRO
مارس '26
+59
في 0 قنوات
Get PRO
فبراير '26
+88
في 0 قنوات
Get PRO
يناير '26
+57
في 0 قنوات
Get PRO
ديسمبر '25
+119
في 1 قنوات
Get PRO
نوفمبر '25
+77
في 2 قنوات
Get PRO
أكتوبر '25
+72
في 2 قنوات
Get PRO
سبتمبر '25
+84
في 1 قنوات
Get PRO
أغسطس '25
+49
في 1 قنوات
Get PRO
يوليو '25
+85
في 0 قنوات
Get PRO
يونيو '25
+71
في 1 قنوات
Get PRO
مايو '25
+43
في 1 قنوات
Get PRO
أبريل '25
+56
في 1 قنوات
Get PRO
مارس '25
+60
في 1 قنوات
Get PRO
فبراير '25
+89
في 1 قنوات
Get PRO
يناير '25
+96
في 1 قنوات
Get PRO
ديسمبر '24
+134
في 2 قنوات
Get PRO
نوفمبر '24
+94
في 2 قنوات
Get PRO
أكتوبر '24
+68
في 1 قنوات
Get PRO
سبتمبر '24
+244
في 1 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
07 سبتمبر+1
06 سبتمبر+1
05 سبتمبر+3
04 سبتمبر0
03 سبتمبر+4
02 سبتمبر+1
01 سبتمبر+2
منشورات القناة
ဖက်ဒရယ်FMရဲ့ စက်တင်ဘာလ ၇ ရက်နေ့ အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီအစဉ်ကနေကြိုဆိုပါတယ် မင်္ဂလာပါရှင်။ ပြီးခဲ့တဲ့စက်တင်ဘာ ၆ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က “KIA အဖွဲ့က စင်းခန်းတတားကို မိုင်းခွဲဖျက်ဆီးတယ်” ဆိုပြီးတော့ သတင်းဖြန့်ချိနေပါတယ်။ #factcheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

2
မူးယစ်ဆေး ဝင်ရောက်မှုကိုတားဆီးဖို့ မြန်မာနယ်စပ်ကို ပိတ်ဆို့တင်းကြပ်သွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြော
မူးယစ်ဆေး ဝင်ရောက်မှုကိုတားဆီးဖို့ မြန်မာနယ်စပ်ကို ပိတ်ဆို့တင်းကြပ်သွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြော
28
3
မူးယစ်ဆေး ဝင်ရောက်မှုကိုတားဆီးဖို့ မြန်မာနယ်စပ်ကို ပိတ်ဆို့တင်းကြပ်သွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြော ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံဘက်အခြမ်းကနေ မူးယစ်ဆေးဝါး ဝင်ရောက်နေမှုကိုတားဆီးဖို့ အိန္ဒိယရဲ့နယ်စပ်တွေကို ပိတ်ဆို့တင်းကြပ်သွားမှာဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Times of India က ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြို့တော် Goa မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ အိန္ဒိယအစိုးရအနေနဲ့ မူးယစ်ဆေးဝါးကင်းစင်တဲ့နိုင်ငံဖြစ်လာဖို့ ၂၀၂၆ ခုနှစ် ဇူလိုင်လကနေ ၂၀၂၉ ခုနှစ် ဇွန်လအထိ ၃ နှစ်တာ လမ်းပြမြေပုံ ရေးဆွဲထားပြီးကြောင်းနဲ့ ပြည်နယ်အားလုံးကို ကိုယ်တိုင်သွားရောက်မှာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။ “မူးယစ်ဆေးဝါးထုတ်လုပ်မှုက တစ်ခုတည်းသောပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရာ ဗဟိုနေရာတွေဖြစ်နေတဲ့ နယ်စပ်နှစ်ခုကြားမှာ ရှိနေပါတယ်။ မူးယစ်ဆေးဝါးတွေဟာ မြန်မာဘက်ခြမ်းကနေ ဝင်ရောက်လာပြီး အခြားတစ်ဖက်ကတော့ အာဖဂန်နစ္စတန်ဘက်ကနေ ဝင်ရောက်လာပါတယ်။ မြန်မာနယ်စပ်က ဖွင့်ထားပါတယ်။ အစိုးရက နယ်စပ်ကို ပိတ်ဆို့/တင်းကျပ်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အဲဒီနယ်စပ်က ရှုပ်ထွေးပါတယ်” လို့ ဝန်ကြီး အမစ်ရှာက ပြောထားတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံထဲကို မူးယစ်ဆေးဝါး ၁ ဂရမ်တောင် အဝင်ခံမှာမဟုတ်သလို နိုင်ငံအတွင်းက လမ်းကြောင်းတွေကို အသုံးပြုပြီး မူးယစ်ဆေး ၁ ဂရမ်တောင် အပြင်ထွက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဝန်ကြီးက ကြွေးကြော်ပါသေးတယ်။ ဒါကြောင့် လာမယ့် ၃ နှစ်အတွင်းမှာ လျှို့ဝှက် မူးယစ်ဆေးဝါးဓာတ်ခွဲခန်း ၁၀၀ ကို ဖျက်ဆီးမယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း တန်ဖိုး ရူပီ ဘီလီယံ ၄၀၀ ရှိတဲ့ မူးယစ်ဆေးဝါး ၂ ဒသမ ၆ သန်း ကီလိုဂရမ်ကိုသာ ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း တန်ဖိုး ရူပီ ၁ ဒသမ ၈၉ ထရီလီယံရှိတဲ့ မူးယစ်ဆေးဝါး ၁၁ ဒသမ ၉ သန်း ကီလိုဂရမ် ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ ပါဝင်ပတ်သတ်နေတဲ့ ရာဇဝတ်သား ၁၀၀ ကျော်ကိုလည်း အိန္ဒိယနိုင်ငံကို ပြန်ခေါ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရေးသူ - မော်တခဲ ဓါတ်ပုံ - India MOHA #အိန္ဒိယ #မြန်မာ #မူးယစ်ဆေးဝါး #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
26
4
September 7, 2026 | Monday Radio Production📻 ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက် (တနင်္လာနေ့) နားဆင်ရမည့် အကြောင်းအရာများ 🎙ဖက်ဒ
September 7, 2026 | Monday Radio Production📻 ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက် (တနင်္လာနေ့) နားဆင်ရမည့် အကြောင်းအရာများ 🎙ဖက်ဒရယ် FM နေ့စဉ်သတင်း 🎙နွေဦးကဗျာ“မင်းငိုပါ ချိုမြတင်” 🎙တအာင်း-ပအိုဝ်း-ကရင်နီ သတင်းပူးပေါင်းထုတ်လွှင့်မှု 🎙အပွေးမြင် အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီအစဉ် #DailyRadioProduction #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
20
5
NUG က တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၉၂ ဦးကို ဘွဲ့ ၊ ဆု နဲ့ တံဆိပ်တွေ ပေးအပ်+9
NUG က တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၉၂ ဦးကို ဘွဲ့ ၊ ဆု နဲ့ တံဆိပ်တွေ ပေးအပ်
28
6
NUG က တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၉၂ ဦးကို ဘွဲ့ ၊ ဆု နဲ့ တံဆိပ်တွေ ပေးအပ် ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် ပြီးခဲ့တဲ့ တော်လှန်ရေးကာလ ၅ နှစ်အတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၉၂ ဦးကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဘွဲ့ ၊ ဆု နဲ့ တံဆိပ်တွေ ဒီကနေ့ ပေးအပ်လိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution/HPR) ကို ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution/LPR) ကို ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)ကို ၁၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)ကို ၈၁ ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) ကို ၄၂ ဦးတို့ထံ အသီးသီး ပေးဆပ်လိုက်တာလို့ ဆိုပါတယ်။ ဆုရသူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ၁၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)က ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦးတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဆုတွေပေးအပ်ဖို့အတွက် အဆိုပြုလွှာတွေကို ပထမအဆင့်အဖြစ် ကွပ်ကဲမှုအဆင့်အလိုက်စိစစ်ခဲ့ပြီး ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနတွင်း ကနဦးစိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ တတိယအဆင့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ “စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် စိစစ်ရွေးချယ်ရေးကော်မတီ” က ထပ်ဆင့်စိစစ်ပြီး အတည်ပြုရွေးချယ်ခဲ့တာလို့ ဆိုထားပါတယ်။ NUG အနေနဲ့ သူရဲကောင်း ဆု၊ ဘွဲ့ နဲ့ တံဆိပ်တွေကို နှစ်စဉ်ပေးအပ်သွားမယ်လို့လည်း ဆိုထားပါတယ်။ ရေးသူ- သုပီ ဓာတ်ပုံ- NUG #NUG #ဆုတံဆိပ် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
26
7
ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်းတွေ ကျန်းမာရေးစောင့်ရှောက်မှုမရတာနဲ့ အတင်းအကြပ် အလုပ်ခိုင်းစေမှု ပိုဆိုးလာ
ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်းတွေ ကျန်းမာရေးစောင့်ရှောက်မှုမရတာနဲ့ အတင်းအကြပ် အလုပ်ခိုင်းစေမှု ပိုဆိုးလာ
27
8
ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်းတွေ ကျန်းမာရေးစောင့်ရှောက်မှုမရတာနဲ့ အတင်းအကြပ် အလုပ်ခိုင်းစေမှု ပိုဆိုးလာ ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာနဲ့ အတင်းအကျပ် အလုပ်စေခိုင်းခံရတာတွေ ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ (WOPP) က ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အစားအသောက်နဲ့ ဆေးဝါးရရှိမှုကို ကန့်သတ်ထားသလို ထောင်ဝင်စာပါဆယ်ပေးပို့ခွင့်ကိုလည်း ပိတ်ထားတယ်လို့ WOPP က ဆိုပါတယ်။ ဒါ့အပြင် အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေကို မြောင်းဆွဲတာ၊ ပန်းရံလုပ်ငန်းလုပ်တာ၊ အကျဉ်းထောင်နံရံတွေမှာရှိတဲ့ ရေညှိတွေကို တိုက်ချွတ်တာ၊ ထုံးသုတ်တာ၊ တောင်ယာလုပ်ငန်းနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို နေပူမိုးရွာမရှောင် အတင်းအကြပ် စေခိုင်းနေတယ်လို့လည်း ဆိုပါတယ်။ “ဒါတွေဟာ စစ်တပ်အာဏာစသိမ်းကတည်းက ဖြစ်ခဲ့ပေမယ့် မီဒီယာအားကောင်းလာရင် ဖြေလျော့လိုက်၊ ပြန်လည်ပိတ်ပင်လိုက် လုပ်နေခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကနေ ယနေ့အချိန်အထိမှာ ဆက်တိုက်ပြုလုပ်နေပြီး ပိုမိုဆိုးရွားလာတာပါ” လို့ WOPP ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ဖက်ဒရယ် FM ကို ပြောပါတယ်။ အကျဉ်းသားတွေ အာဟာရချို့တဲ့တာ၊ မကြာခဏ မူးဝေတာ၊ ကိုယ်ခံအားကျဆင်းပြီး ရောဂါဖြစ်လွယ်တာနဲ့ နေ့စဉ်လိုအပ်တဲ့ ဆေးဝါးတွေ ရရှိဖို့ခက်ခဲတာတွေကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး စနစ်တကျမပြုလုပ်နိုင်တာကြောင့် အမျိုးသမီးအကျဉ်းသူတွေမှာ မျိုးပွားအင်္ဂါလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ အရေပြားမှိုစွဲတာနဲ့ ယားနာတွေ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကျဉ်းထောင်ကနေ ပေးအပ်တဲ့ ဆေးဝါးတွေထဲမှာ Paracetamol နဲ့ C-vit လို အခြေခံဆေးဝါးတွေတောင် မပေးတော့ဘဲ B-1 ဆေးတစ်မျိုးတည်းကိုသာ အရေအတွက်နဲ့ ပေးနေတယ်လို့ ဆိုပါတယ်။ " ရိုက်နှက်ညှင်းပမ်းတာ၊ တိုက်ပိတ်၊ ထောင်ဝင်စာပါဆယ်ပိတ်တာမျိုးတွေလည်း အကျဉ်းထောင်အာဏာပိုင်တွေဘက်က လုပ်ဆောင်ဆဲပါ" လို့ သူကဆက်ပြောပါတယ်။ အမျိုးသမီးအကျဉ်းသူတွေကိုလည်း အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ဆောင်မှုရှိ၊ မရှိတွေကို ထည့်သွင်းစဉ်းစားတာမရှိဘဲ အလုပ်ကြမ်းတွေ အတင်းအကျပ်စေခိုင်းပြီး လူ့ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ WOPP က ပြောပါတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ဝင်ရောက်စစ်ဆေးပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့လည်း WOPP က တောင်းဆိုထားပါတယ်။ ရေးသူ-ခွါညို ၊ မောင်ရိပ် ဓာတ်ပုံ - လူမှုကွန်ရက် (ပုံအဟောင်း) #WOPP #နိုင်/ကျဉ်း #ဒိုက်ဦးထောင် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _ _________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
29
9
ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ဖို့ သားဖြစ်သူက FREE HER ကမ်ပိန်း စတင်
ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ဖို့ သားဖြစ်သူက FREE HER ကမ်ပိန်း စတင်
35
10
ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ဖို့ သားဖြစ်သူက FREE HER ကမ်ပိန်း စတင် ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်တွေ နဲ့ ခြွင်းချက်မရှိ လွတ်မြောက်ဖို့တောင်းဆိုတဲ့ FREE HER ကမ်ပိန်းကို စတင်ပြုလုပ်ကြောင်း All in One Peace အဖွဲ့ကိုယ်စား သားငယ် ကင်အဲရစ်(ခ)ကိုထိန်လင်းက ထုတ်ပြန်လာပါတယ်။ ကင် အနေနဲ့ မိခင်အတွက် ရပ်တည်ပေးကြတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ မိခင်ဖြစ်သူ အသက်ရှိသေးလား ဆိုတဲ့အပေါ်မှာ အဖြေတစ်ခုရအောင် ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေကိုလည်း မမေ့ကြောင်း ပြောဆိုထားပါတယ်။ “ဒီအကူအညီတွေကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး။ မကြာသေးခင်က ICRC နဲ့တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာ အနည်းငယ်ရစေခဲ့ပေမယ့် မေမေက လွတ်လပ်မှုမရသေးပါဘူး။ မေမေက အခုအသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျနော်လည်း အမေနဲ့တွေ့ခွင့်၊ စကားပြောခွင့်မရသေးပါဘူး။ ဒါကြောင့် အခု ကျနော် နောက်တစ်ဆင့်တက်ရပါမယ်” လို့ ကင်အဲရစ် က ပြောပါတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည် မတရားထိန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး သားဖြစ်သူက Proof of Life ကမ်ပိန်းပြုလုပ်ခဲ့ပြီး အခုတစ်ခေါက်မှာလည်း ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုစတင်နေပြီလို့ သိရပါတယ်။ “Proof of Life က အစပဲဖြစ်ပါတယ်။ အခုတော့ အမေ့ရဲ့ လွတ်မြောက်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ ကျနော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့အသံကို ထပ်မံပါဝင်ပေးကြဖို့ မျော်လင့်ပါတယ်” လို့ ကင်အဲရစ်က ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ၅ နှစ်ကျော်အတွင်း ၃ ကြိမ်သာ ဓာတ်ပုံအနည်းငယ်ထုတ်ပြခဲ့ပြီး ဒီထက်တိကျတဲ့ အချက်အလက်နဲ့ အကြောင်းအရာတွေကိုတော့ တစုံတရာထုတ်ပြောတာ မရှိသေးပါဘူး။ ရေးသူ- သုပီ၊ မေဇင် ဓာတ်ပုံ - FFM(ပုံအဟောင်း) #ဒေါ်အောင်ဆန်းစုကြည် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
32
11
လေးမျက်နှာနဲ့ရခိုင်ရိုးမအစပ် ပန်းတောကြီးရွာကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ စစ်ရှောင်သားအဖ ၂ ဦး သေဆုံး
လေးမျက်နှာနဲ့ရခိုင်ရိုးမအစပ် ပန်းတောကြီးရွာကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ စစ်ရှောင်သားအဖ ၂ ဦး သေဆုံး
30
12
လေးမျက်နှာနဲ့ရခိုင်ရိုးမအစပ် ပန်းတောကြီးရွာကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ စစ်ရှောင်သားအဖ ၂ ဦး သေဆုံး ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နဲ့ ရခိုင်ရိုးမအစပ်မှာရှိတဲ့ ပန်းတောကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်ကဗုံးကြဲလို့ ရခိုင်စစ်ရှောင်သားအဖ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ပန်းတောကြီးကျေးရွာကို စက်တင်ဘာ ၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာ ဂွမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလှရွှေနဲ့ ၃၀ ကျော်အရွယ် ကိုမင်းထွေး တို့ သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ လေးမျက်နှာမြို့နယ်မှာ စစ်ရှောင်နေတဲ့ ရခိုင်ဒေသခံတစ်ဦးက “ကျနော်တို့ တော်တော်ဒုက္ခရောက်ရပါတယ်။ အရင်ကလည်း ရခိုင်-ဧရာဝတီအစပ်နေရာတွေကို ဗုံးကြဲလို့ သေတာတွေရှိတယ်။ ဂွမြို့နယ်ကစစ်ရှောင်တွေက အခု ရခိုင်အစပ်ရွာတွေမှာ များပါတယ်။ အရင် ဒေသခံရွာသားတွေကတော့ စစ်ရှောင်နေကြပြီ။ အခု ဂွက စစ်ရှောင်သားအဖ ပွဲချင်းပြီးသေတယ်” လို့ ဖက်ဒရယ် FM ကိုပြောပါတယ်။ ဗုံးကြဲမှုကြောင့် ရွာမှာရှိတဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ပန်းတောကြီးရွာဟာ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း အစွန်အဖျား နယ်စပ်နေရာဖြစ်ပြီး AA နဲ့ ဧရာဝတီPDF တို့ရဲ့ စိုးမိုးနယ်မြေထဲမှာရှိနေတယ်လို့ သိရပါတယ်။ ရေးသူ - တောက်ထွန်းလူနီ ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်(ပုံအဟောင်း) #လေးမျက်နှာ #ပန်းတောကြီးရွာ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
29
13
နတ်မောက်မှာ စစ်တပ်ကား ၂ စီး မိုင်းဆွဲခံရပြီးနောက် စစ်ဆေးမှုတွေ လုပ်နေ
နတ်မောက်မှာ စစ်တပ်ကား ၂ စီး မိုင်းဆွဲခံရပြီးနောက် စစ်ဆေးမှုတွေ လုပ်နေ
19
14
နတ်မောက်မှာ စစ်တပ်ကား ၂ စီး မိုင်းဆွဲခံရပြီးနောက် စစ်ဆေးမှုတွေ လုပ်နေ ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကမ်းပြိုကျေးရွာကနေထွက်လာတဲ့ အာဏာသိမ်းစစ်တပ် အင်အား ၂၀ ခန့်ပါ ကား ၂ စီးကို နယ်မြေခံတော်လှန်ရေးတပ်တွေက စက်တင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ အဲဒီကားတွေမှာ ကမ်းပြိုရွာကနေ ကုလားရှင်ရွာကိုလာတာဖြစ်ပြီး ရွာနှစ်ရွာအကြားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပထမကားတစ်စီးဟာ Jammer ကြောင့် မိုင်းမထိခဲ့ပေမဲ့ နောက်တစ်စီးကတော့ ထောင်ထားတဲ့မိုင်းထိခဲ့ပြီး တပ်သားတချို့ ဒဏ်ရာရနိုင်တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ မြို့သစ်မြို့နယ် ပကဖ နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်တို့က သတင်းထုတ်ပြန်ပါတယ်။ “မိုင်းဆွဲတိုက်ခိုက်တာ ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းကွင်းတွေပါ။ သတင်းရတာနဲ့ ချက်ချင်း ပြင်ဆင်တာပါ။ ထိခိုက်သေဆုံးမှုတော့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ပြင်းထန်ဒဏ်ရာရသူတွေ၊ ထိခိုက်သူတွေ သေချာပေါက်ရှိတယ်ဆိုတာ ပြောနိုင်ပါတယ်” လို့ မြို့သစ်မြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။ ကားတစ်စီးမိုင်းထိပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ လမ်းတစ်လျှောက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး နတ်မောက်မြို့ဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ မိုင်းဆွဲခံရပြီးနောက် ကုလားရှင်ရွာနဲ့ ကမ်းပြိုရွာတို့မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ လမ်းပိုင်းတစ်လျှောက် ကင်းပုန်းချတာ၊ စစ်ကြောင်းထိုး ရှာဖွေစစ်ဆေးတာတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ဒေသခံပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းကိုသွားလာရာမှာ သတိရှိကြဖို့နဲ့ တတ်နိုင်သမျှ ရှောင်ရှားကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့တုန်းကလည်း နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ ရေးသူ - ခွါညို၊ လွန်းရှေး ရုပ်သံ - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် #နတ်မောက် #မြို့သစ် #ဗိဿနိုး #မိုင်းဆွဲ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
15
15
သံတွဲကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
သံတွဲကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
23
16
သံတွဲကို အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် ဒီကနေ့မနက်က ရခိုင်ပြည်၊ သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သံတွဲမြို့ကို ဒီကနေ့မနက် ၁၀ နာရီခန့်မှာ တစ်ကြိမ်၊ ၁၀ နာရီခွဲခန့်မှာ တစ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ်(၈/ခ)ရပ်ကွက်၊ (၁)လမ်း၊ အံတော်ဘုရားလမ်းသစ်ထိပ်နဲ့ ၃ လမ်းထိပ်ကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ ဒေသခံအရပ်သား အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ “အံတော်ဘုရားလမ်းနဲ့ သုံလမ်းထိပ်ကိုကျတာ။ လူတွေမကပ်နိုင်သေးဘူး။ ဒဏ်ရာရတဲ့ ၄ ယောက်ကို ဆေးကုသဖို့ ခေါ်သွားတယ်။ အမျိုးသားရော အမျိုးသမီးရောပါတယ်လို့ သိရတယ်။ သေဆုံးတာ အမျိုးသမီးတစ်ယောက်။ အံတော်က တချို့လူတွေ ရှောင်ကြပါပြီ” လို့ ဒေသခံ လူမှုကူညီရေးသမားက ဖက်ဒရယ် FM ကိုပြောပါတယ်။ အလားတူ ဒီကနေ့မနက် ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီအတွင်းမှာလည်း အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နေရာတချို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုမှာတော့ အထိအခိုက်ရှိ/မရှိ မသိရသေးပါဘူး။ ရေးသူ - တောက်ထွန်းလူနီ ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်(ပုံအဟောင်း) #သံတွဲမြို့ #ဗုံးကြဲ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
25
17
ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး+5
ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး
35
18
ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး ဖက်ဒရယ် FM | စက်တင်ဘာလ ၇ ရက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေရဲ့ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကိုပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ မိနစ်လောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ကျိုက်ထိုအခြေစိုက် ခြေမြန်တပ်မဌာနချုပ်(တပ်မ ၄၄)ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ ညောင်‌ဒေါက်ကျေးရွာ၊ ကွက်သစ်ပိုင်း တံတားသစ်အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ဒေသခံ မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ရဲ့ မိခင်တော်စပ်သူကတော့ ယာဘက်တင်ပါးမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ “တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာကတော့ ခွေးစိတ်ပေါက်နေတဲ့ စစ်တပ်လို့ပဲပြောချင်တယ်။ ဘာမှမသိတဲ့ အပြစ်မဲ့ကလေးတွေသေတယ်။ ကျနော်တို့ဘက်ကတော့ အခုအထိ စစ်တပ်ထဲကလိုင်းခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဘူး။ အဲဒီမှာ မိသားစုတွေ၊ ကလေးတွေ ရှိတယ်ဆိုတာ သိနေတာပဲလေ။ ပစ်ရင် ကလေးတွေထိကုန်မှာပေါ့။ အဲဒါကြောင့် စစ်တပ်ကိုလည်း ပြောချင်ပါတယ် လူစိတ်မွေးကြပါ” လို့ အမှတ် ၂၇ စစ်ဗျုဟာ၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။ အာဏသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အထက်ပါအတိုင်း အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေလည်း နီးစပ်ရာစစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ရေးသူ - သုပီ ဓာတ်ပုံ - ဒေသခံ(ပေးပို့) #ကျိုက်ထိုမြို့ #လက်နက်ကြီး #အာဏာသိမ်းစစ်တပ် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
41
19
"အမည်မသိ - သူ - ငါ" (နွေဦးကဗျာကဏ္ဍ) ရေး /ရွတ် - Jasmine #နွေဦးကဗျာ #အမည်မသိ - သူ - ငါ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
35
20
⭕️ မယ်ဟောင်ဆောင်မှာ ဒီးကူပွဲ ပထမဆုံးအကြိမ် ကျင်းပ #ဒီးကူပွဲ #အဲ့ဒိုပေါ်မီ #မယ်ဟောင်ဆောင် #ကရင်နီ #Karenni #FederalFM #FFM #Wh
⭕️ မယ်ဟောင်ဆောင်မှာ ဒီးကူပွဲ ပထမဆုံးအကြိမ် ကျင်းပ #ဒီးကူပွဲ #အဲ့ဒိုပေါ်မီ #မယ်ဟောင်ဆောင် #ကရင်နီ #Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
40