cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

إظهار المزيد
مشاركات الإعلانات
10 511
المشتركون
+2224 ساعات
+1767 أيام
+60530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

05:54
Video unavailableShow in Telegram
ဓါးသွေးလို့အားမွေးထားကြ
တေးရေး တေးဆို ဆန်းမင်း (အညာသားတို့တိုက်ပွဲ ခေါ်သံ) ဒါရိုက်တာ ကိုနန်း (ဂျပန်) #KyimyindaingNetworks
إظهار الكل...
👍 14 3🫡 3
Photo unavailableShow in Telegram
တို့ပြည်သူရဲ့ ဒုက္ခအစုံကို ပွင့်တော်မူပြီးသမျှ ဗုဒ္ဓ အကုန်လုံး မကယ်နိုင်တဲ့ နွေဦး .......... ကတုံးကဲနေတဲ့ ခေတ်မှာ ဗုံးကျဲခံနေရတာကိုလည်း ဝဋ်ကြွေးလို့ မဆိုချင်ဘူး ......... ဘုရားစေတီပေါပြီး တရား သန္ဓေမတည်တဲ့ လူ့ အန္ဓ အပေါများဆုံး နိုင်ငံမှာ လူလာဖြစ်တာကိုက အရင်ဘဝကများ ငါတို့ အကုသိုလ် ကြီးခဲ့နေရော့သလား .......... နှစ် ၇၀ ကျော်ဖြစ်နေတဲ့ စစ်မှာ စစ်တဲ့ အချိန်ကစစ်ပြီး ပစ်ချင်တဲ့ အချိန်မှပစ်တော့ အပြစ်မဲ့ ပြည်သူရဲ့ ဘဝ မြေစာပင်တွေဖြစ်လိုက် သေရွာရှင်ကို ဦးခိုက်လိုက်နဲ့ ဝေဒနာရှင်တွေသာ တိုးပွားနေဆဲ ......... ဒီ နွေဦး တခေတ်မှာမှ နွံနစ်က မရုန်းနိုင်ရင် ကျွန်စနစ်က အသက်ရှည်ပြီး ငါတို့ သားစဥ်မြေးဆက် ခွေးကတက်က တက်နိုင်ဖို့တော့မမြင်တော့ဘူး ........... ဓမ္မနဲ့ အဓမ္မ ပြိုင်တဲ့ပွဲမှာ တရားသောစစ် ဆင်နွှဲဖို့ သား ခွဲသင့် ခွဲ မယား ကွဲသင့် ကွဲ ဓားဆွဲသင့် ဆွဲ ဒါ နောက်ဆုံး တိုက်ပွဲပဲ ။ ဖိုးစိုးကြီး #KyimyindaingNetworks
إظهار الكل...
💯 15👍 7🫡 1
Photo unavailableShow in Telegram
ပြည်တွင်းစစ်ခဏခဏဖြစ်ခဲ့တဲ့ ပြည်ပနိုင်ငံတစ်ခုက မိတ်ဆွေတစ်ယောက်နဲ့ Online ကနေ ပြောဖြစ်တယ်.. .. မင်းတို့တွေက စစ် ဆိုတာကို ဘာထင်နေသလဲ.တဲ့.. .. ကြည့်လိုက်ရင် ကိုယ်လုပ်စရာရှိတာကိုယ်လုပ် စားစရာရှိတာ စားသောက် ပျော်လိုက်ပါးလိုက်၊ ခရီးထွက်လိုက်နဲ့ ရောင်းတာ ဝယ်တာ လုပ်ပြီး အေးချမ်းနေကြတာ .. Plan B မရှိ Plan C မရှိ၊.. ငါတို့ဆီကနဲ့ မတူဘူး..ဆိုပဲ.. .. အဲဒါ မင်းတို့ကိုးကွယ်တဲ့ ဘာသာရေးနဲ့ဆိုင်သလား လို့ မေးတော့လည်း ကိုယ်က ဘယ်လိုဖြေရမှန်းမသိ.. .. သေချာတာတော့ ဗုဒ္ဓရှင်တော်က ဖာသိဖာသာနေဖို့ ဘယ်သူသေသေ ငတေမာဖို့ ကိုယ်အဆင်ပြေပြီးရော တကိုယ်ကောင်း‌ဆန်ဖို့ မဟောကြားခဲ့တာတော့အမှန်ပါ.. .. လက်ရှိအနေအထားမှာ တချို့သော ဘုရားသားတော်အမည်ခံတွေတောင် ပြာပုံတွေ တဖြေးဖြေးများလာတဲ့ ဒီနိုင်ငံကြီးကို ကျောခိုင်း စပွန်ဆာမျိုးစုံနဲ့ အသစ်အသစ်သော .. ကောင်းပေ့ ညွန့်ပေ့သော ပစ္စည်း အသစ်အဆန်းတွေကိုအသုံးပြုပြီး ပြည်ပခရီးတွေ Vacation တွေ ထွက် ကမ္ဘာလှည့်အလှူခံ၊ စားသောက်၊ လည်ပတ်ပြီး တကိုယ်ကောင်းဆန်ခြင်းတရားကို လက်တွေ့ကျင်သုံးနေကြတာတွေ့နေတော့လည်း... သာမန် ပုထုဇဉ်လူ့အဖွဲ့အစည်းက တကိုယ်ကောင်း‌ဆန်ဆန် နေတတ်နေသွားတာ အပြစ်ပြောစရာမရှိပေါ့။ - ဒီဖက်မျိုးဆက်တွေမှာ လုံးဝမကြုံဖူးတဲ့ စစ် ဆိုတဲ့ အတွေ့အကြုံမို့ အချိန်တန် ပြီးသွားမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေ မရှိတဲ့နေ့. ပြင်ဆင်ချိန် နောက်ကျတဲ့ နေ့မှ. ဘာလုပ်ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေဖြစ်လာရင်.. .. တာလီဘန်တွေ တမြို့ပြီးတမြိုသိမ်းလာတုန်းက သွားလာစားသောက်မပျက်ပဲ.. ကဘူးမြို့ကိုသိမ်းလိုက်ပြီဆိုတော့မှ.. အန္တရာယ်ကို လက်တွေ့ကြုံရပြီး ကြောက်လန့်တကြား.. ငါ့ကိုခေါ်သွားပါဆိုပြီး.. အမေရိကန်လေယာဉ်. ဘီးဖက်လိုက်တဲ့ အာဖဂန်လူကုံထံ တွေလို... .. ဗီယက်နမ်ပြည်တွင်းစစ်မှာ ပထမတော့ နိုင်မှာပဲ..ဆိုပြီး အေးဆေးပေမယ့် ဆိုင်ဂုံမြို့ကြီးကနေ အမေရိကန်တွေဆုတ်ခွာတော့မှ.. တိုက်ခေါင်မိုးပေါ်တွေပေါ်ကနေ ရဟတ်ယာဉ်တွေကို အသည်းအသန် ခိုတက်တဲ့ ဗီယက်နမ်သား လူကုံထံတွေလိုမျိုးပေါ့။ .. ဆက်လက်ဖတ်ရှု.ရန်⏺
إظهار الكل...
👍 10💯 3❤‍🔥 1🔥 1👏 1
00:06
Video unavailableShow in Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၃ရက် ရှိပြီဖြစ်
မေလ 2️⃣8️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
إظهار الكل...
🫡 3❤‍🔥 1👍 1🔥 1
إظهار الكل...
Y-12

ပြည်သူ့အချစ်တော် ဆရာကြီးနေဝင်းအောင်နဲ့ Y-12 ဆိုတဲ့ခေါင်းစဥ်ဖြင့် မနေ့က ကချင်ပြည်နယ်အတွင်းက ကြားသိရတဲ့လေယာဥ်ပျက်ကျမှုသတင်းတွေ၊ စစ်ကောင်စီရဲ့ လေတပ်အခြေအနေတွေကိုပြောဆိုထားပါတယ်ဗျ.... #Y-12 #လေတပ် #စကစ #BBM

👍 7 2🫡 1
00:48
Video unavailableShow in Telegram
The News of 🔤🔤🔤🔤🔤🔤
မေလ 2️⃣7️⃣ရက် 📍ရန်ကုန် ©ရန်ကုန်မြိုလယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေ အ ကြောင်း ပြ၍ နယ်မြေခံစစ်အရာရှိနှင့် အုပ်ချုပ်ရေးအဖွဲများက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ်ဖြစ်နေ ■ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၅၀၀ အထိ တောင်းခံ ငွေညှစ်မှုများဖြစ်ပွားနေ ➡️ရန်ကုန်မြို့လယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ မြိုနယ်စစ်ကောင်စီအရာရှိနှင့် အုပ်ချုပ်ရေးအဖွဲများက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း ရန်ကုန်မြိုမှ ပြည်သူများက ပြောဆိုကြသည်။ ရန်ကုန်တိုင်း၊ အင်းစိန်မြိုနယ်၊ အရှေ့ကြိုကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ်စဉ် ၁ ခေါ်ယူစဉ် ဧပြီလကလည်း စစ်မှုမထမ်းလိုသော လူငယ်များ၏ မိဘများထံမှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းရယူခဲ့ပြီး စစ်မှုမထမ်းစေရေး လုပ်ဆောင်ပေးသည်ဟုဆိုကာ ငွေများ လိုက်လံ တောင်းခံခဲ့ကြောင်း ၊ စစ်မှုထမ်း အပတ်စဉ် ၂ ခေါ်ယူသော ယခု မေလတွင်လည်း ရပ်ကွက်အတွင်းရှိ လူငယ်များ၏ စာရင်းနှင့်ဓာတ်ပုံများ ရယူပြီး တစ်အိမ်တက်ဆင်း စစ်မှုမထမ်းလိုပါ ငွေကျပ် ၃ သိန်းပေးရမည်ဟုဆိုကာ တောင်းခံခဲ့ကြောင်း သိရှိရသည်။ "အရှေ့ကြိုကုန်းရပ်ကွက်၊ ဝပ်ရှော့ ၂ မှာ နေတဲ့ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ် စဉ် ၁ ပထမအကြိမ်မှာလည်း စစ်မှုထမ်းကိစ္စနဲ့ လူငယ်တစ်ဦး ငွေကျပ် ၃သိန်းကျပ် တောင်းခဲ့တယ်။ စစ်မှုထမ်း အပတ်စဉ် ၂ ဒုတိယအသုတ်မှာလည်း လူငယ်တွေကို စာရင်းနဲ့ဓာတ်ပုံတွေ ရယူပြီးတော့ တပ်ပြေး မလုပ်နဲ့ပြောပြီး ငွေ ၃ သိန်း လိုက်တောင်းပြန်တယ်။ ငွေပေးရင် ၆လ လောက်တော့ စစ်ထဲ လိုက်စရာမလိုဘဲ အေးဆေးနေလို့ိရမယ်ဆိုပြီး ငွေလိုက်ညှစ်ပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။©KTM 📍ရန်ကုန် ©ရန်ကုန်ယူဂျီ FLA အဖွဲဝင်ရဲဘော်တွေ ပြင်ဆင်မှုလုပ်ပြီး ရန်ကုန်ကိုပြန်ဝင်မည်ဟုဆို ➡️ရန်ကုန်ယူဂျီအဖွဲတစ်ခုဖြစ်တဲ့ Freelance Attack Force (FLA) အဖွဲက တပ်ဖွဲဝင်တွေ ပြင်ဆင်မှုတွေလုပ်ပြီး ရန်ကုန်ကိုပြန်လာမယ်လို အဆိုပါအဖွဲကပြောပါတယ်။ ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
إظهار الكل...
7👍 1🔥 1
#️⃣ရန်ပုံငွေရှာဖွေပြီးဝယ်ယူတပ်ဆင်ပေးသည့် မောင်းပြန်သေနတ် ၂၅လက်ရရှိဟု CDF မင်းတပ် အသိပေး https://t.me/kyimyindaingnetworks/40551 #️⃣ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ ■ ချင်းအမျိုးသားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို ဖိတ်ခေါ် https://t.me/kyimyindaingnetworks/40552 #️⃣အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၃ သိန်းကျော်အထိ ထပ်မံ စံချိန်ချိုးသွားပြန်၊ ရွှေနှင့် ဒေါ်လာစျေး ကွက်တွင် ကြိတ်ရောင်းကြိတ်ဝယ်လုပ်နေရပြီး ကုန်သည်များ တိမ်းရှောင် ■ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမနိုင် သိမ်းမရဖြစ်နေ https://t.me/kyimyindaingnetworks/40568 #️⃣ပခုက္ကူ၊ ဖလမ်အိုကျေးရွာ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်စီး၊ အကြမ်းဖက်စစ် သား ၁၀ ဦးသေဆုံး https://t.me/kyimyindaingnetworks/40571 #️⃣မတ္တရာမြိုနယ်တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက် https://t.me/kyimyindaingnetworks/40572 #️⃣အကြမ်းဖက်စစ်တပ်ရဲ့ သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦး ရာထူးမှအနားပေးခံရ https://t.me/kyimyindaingnetworks/40575 #️⃣Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/40578 #️⃣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/40579 #️⃣Up To Date🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၅ ဦးသေဆုံး https://t.me/kyimyindaingnetworks/40580
إظهار الكل...
Kyimyindaing Networks

ရန်ပုံငွေရှာဖွေပြီးဝယ်ယူတပ်ဆင်ပေးသည့် မောင်းပြန်သေနတ် ၂၅လက်ရရှိဟု CDF မင်းတပ် အသိပေး မေလ 2️⃣7️⃣ရက် ချင်းပြည်နယ် မင်းတပ်မြိုနယ် ချင်းကာကွယ်ရေးတပ်ဖွဲ(CDF)အတွက် ရန်ပုံငွေ ရှာဖွေပြီး ဝယ်ယူပေးအပ်လာသည့် မောင်းပြန်သေနတ် ၂၅ရက်နှင့် ကျည်ဆန်များရရှိအပ်နှံပြီးဖြစ်ကြောင်း CDFမင်းတပ်က ယနေ့(မေလ ၂၇ရက်)တွင် ထုတ်ပြန်သည်။ CDF မင်းတပ်အတွက် လက်နက်ခဲယမ်းတပ်ဆင်ပေးရန်ရည်ရွယ်လျက် NUG၊ CRPH ရန်ပုံငွေရှာဖွေရေးအဖွဲ၊ Heal The World(ဒေါက်တာအငြိမ်း)၊ International Mindat Kcho Organization(IMCO)၊ CEA(Europe) တိုဦးစီးပြီး Project Mindat 2024 ခေါင်းစဥ်ဖြင့် ရန်ပုံငွေရှာဖွေကာ ယခုကဲ့သို လက်နက်များ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရန်ပုံငွေရှာဖွေမှု၌ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ (တသိန်းလေးထောင်)ရရှိခဲ့ရာ သက်ဆိုင်ရာများမှ အဆိုပါ ရန်ပုံငွေများဖြင့် မောင်းပြန်သေနတ် ၂၅လက်နှင့်ကျည်ဆန်များဝယ်ယူပြီး CDF မင်းတပ်ထံသို မေလ ၂၄ရက်တွင် အပ်နှံခဲ့ကြောင်း အသိပေးသည်။ ရန်ပုံငွေထည့်ဝင်ခဲ့ကြသော တော်လှန်ပြည်သူများကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မင်းတပ်CDFက ထုတ်ပြန်သည်။ " ချင်းကာကွယ်ရေးတပ် - မင်းတပ်ကို ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများနဲ့ တိုင်းရင်းသားပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် အခုလို အကြမ်းဖက်စစ်ကောင်စီအား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များစွာ အောင်မြင်စွာ ခုံခံတော်လှန်နိုင်ခဲ့ပြီးဖြစ်ပါတယ်"ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ဧပြီ ၂၄ရက်က ပြုလုပ်သည့် မင်းတပ် CDF၏ (၃)နှစ်ပြည့် တော်လှန်ရေး နေ့ အခမ်းအနား၌ ပြောထားသည်။ CDF မင်းတပ်သည် ၎င်း၏ မဟာမိတ်ချင်းညီနောင်အဖွဲဝင်အဖွဲများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ ဧပြီအတွင်းက ကန်ပက်လက်မြိုနယ် ကျင်ဒွေးမြိုသိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည်။ #PeopleSpring #KyimyindaingNetworks

👍 5 2🫡 2
Photo unavailableShow in Telegram
🩸🩸🩸🅰️ Headline News
မေလ 2️⃣7️⃣ရက် #️⃣အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၂ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/40529 #️⃣တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ၅၉ မြို့ https://t.me/kyimyindaingnetworks/40531 #️⃣တီးတိန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF ဇိုလဲန်းနှင့် ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက် https://t.me/kyimyindaingnetworks/40532 #️⃣အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော https://t.me/kyimyindaingnetworks/40533 #️⃣ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ ၁၉၅ ဖွဲ၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာ ရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက် https://t.me/kyimyindaingnetworks/40534 #️⃣ရန်ကုန်တွင် "တရားတဲ့သူသာ နိုင်ကြေးဟေ့" စစ်အာဏရှင်ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေကို မီးရှိနေစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ တော်လှန်ရေးလူငယ်များ အထိအခိုက်မရှိ လွတ်မြောက် https://t.me/kyimyindaingnetworks/40537 #️⃣စစ်ကိုင်း-ရွှေဘို လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် မတ္တရာမြိုနယ်မှ ထွက် လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို https://t.me/kyimyindaingnetworks/40538 #️⃣Up To Date🔄တီးတိန်မြိုတွင်း တိုက်ပွဲတွင် နတလရုံးနှင့် ရဲစခန်းကို သိမ်းပိုက်ရရှိပြီး ရဲ ၇ ဦးသေဆုံးကာ အရှင်ဖမ်းဆီးရရှိသူများရှိ၊ အထိနာနေသော အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ https://t.me/kyimyindaingnetworks/40540 #️⃣ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးမြိုတွင်းနှင့် ကျိုက်မရောမြိုနယ်တို တွင် တော်လှန်ရေးတပ်များက လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးရေး လုပ်ဆောင် https://t.me/kyimyindaingnetworks/40541 ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
إظهار الكل...
👍 3
Photo unavailableShow in Telegram
🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
မေလ 🔤🔤ရက် မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် အကြမ်းဖက်စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KhitThitMedia #KyimyindaingNetworks
إظهار الكل...
👍 4🫡 3❤‍🔥 1🔥 1
Photo unavailableShow in Telegram
We Are 🌷🔤🔤🔤🌷🔤🔤🌹
တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ မေလ 2️⃣7️⃣ရက် 🌷ကရင်နီဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀စာအတွက် အလှူရှင်တစ်ဦးရဲ့ မွေးနေ့အမှတ်တရအနေနဲ့ Fundraising by YTUSUမှ အာဟာရ အသားဟင်းနှင့် ထမင်းတစ်နပ် လှူဒါန်းခဲ့တယ်လို့ သိရပါသည်။ 🌷ဆားလင်းကြီးမြိုနယ်တွင် စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲက အလှူရှင်ကိုယ်စား ထမင်တစ်နပ်ကို သွားရောက်ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 🌷ဆားလင်းကြီးမြိုနယ်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆားလင်းကြီးမြိုနယ်- လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့က လိုအပ်သော ရိက္ခာ၊ ရေအလှူ၊ ထမင်းနှင့်ဟင်းများကို နေ့စဉ် ထောက်ပို့ လှူဒါန်းနေကြကြောင်း သိရသည်။ 🌷မကွေးတိုင်း၊ စလင်းမြိုနယ်၊ ကင်မွန်းခြုံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် Mission 21 - Magway တိုမှ လူသားချင်းစာနာမှု အကူအညီများ နှင့် အဟာရကျွေးမွေးခြင်းများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Kamlaat-Kayah IDPs Assistance Network (ကမ်းလက်) အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Clean Yangon အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သင်တန်းများပြန်လည်ပိုချပေးခြင်း၊ကလေးငယ်များအား စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ #Together #KyimyindaingNetworks
إظهار الكل...
7❤‍🔥 2🫡 2👍 1