Sint Nyi
الذهاب إلى القناة على Telegram
အားလုံးနဲ့အဆက်သွယ်မပြတ်အောင်ထောင်ထားတဲ့ Telegram Link လေးပါ။ ကျွန်တော်ရေးတဲ့စာလေးတွေလည်း ဒီပေ့ချ်မှာတင်ပေးသွားပါမယ်။
إظهار المزيد2 954
المشتركون
لا توجد بيانات24 ساعات
-67 أيام
-4830 أيام
أرشيف المشاركات
2 954
အကုန်လုံးကို Investment ထဲကို
ထည့်မှာဖြစ်ကြောင်းနဲ့
Fern လည်း တတ်နိုင်သလောက်ထည့်ပြီး
အကျိုးအမြတ်ရတာနဲ့ ဘန်ကောက်မှာပဲ
ခြံနဲ့ ဝန်းနဲ့ ဝယ်ပြီးတော့ အတူတူနေကြမယ်
လို့ပြောတော့
ဖန်းလည်း တကယ်ယုံသွားတာနဲ့
နေဖို့ အငှားအခန်းတစ်ခန်း ရှာပြီးတော့
အဲဒီအခန်းကို သူ့ပစ္စည်းတွေ ရွှေ့ပြီးတာနဲ့၊
သူပိုင်တဲ့ အိမ်ရယ်၊ကားရယ်ကိုပါ
ရောင်းပြီးတော့ ရလာတဲ့ငွေ
ဘတ် (၄) သန်းလောက်ကို
သူ့ကောင်လေးဆီကို
လွှဲပေးလိုက်ပါတော့တယ်။
ကောင်လေးကလည်း သူ့ကို
ယုံကြည်တာကျေးဇူးတင်ကြောင်းနဲ့
သုံးရက်အတွင်းသူဘန်ကောက်ကို
လာမယ်ပြောပြီးတော့ ဖုန်းချသွားတယ်။
ဒီလို့နဲ့ တစ်ရက်စောင့်တယ်။
သူ့ကောင်လေး လိုင်းပေါ်တက်မလာဘူး။
နှစ်ရက်စောင့်တယ် ပေါ်မလာဘူး။
သူဘာများဖြစ်လို့လဲဆိုပြီး
ဖုန်းတွေခေါ်တော့လည်း ဖုန်းက
စက်ပိတ်ထားတယ်။
စာတွေပို့တော့လည်း လိုင်းပေါ်မှာ
မရှိဘူး။
အဲဒီအချိန်ကျမှ အသိစိတ်ဝင်ပြီးတော့
အသိမိတ်ဆွေတွေနဲ့ တိုင်ပင်တော့မှ
လိမ်သွားတာ ဖြစ်ကြောင်းသိရတော့မှ
ရဲကိုတိုင်၊ ဟိုစုံစမ်း ဒီစုံစမ်း
လုပ်ဖြစ်တော့မှ သူ့လို Case တွေ
အများကြီးရှိနေတာကို သိရတာပါ။
သူနောက်ဆုံးငွေလွှဲခဲ့တဲ့ ဘဏ်အကောင့်ကို
ပိတ်ဖို့ရာ ရဲကလိုက်ပြန်တော့လည်း
တခြားနိုင်ငံက ဟွန်ဒီတစ်ယောက်ရဲ့
အကောင့်ဖြစ်ပြီးတော့ ငွေလွှဲပြီးတာနဲ့
ချက်ချင်း ထုတ်သွားတာဖြစ်လို့
ဘာမှဆက်လုပ်လို့မရတော့ပါဘူး။
ဒီလိုနဲ့ ဖန်းတစ်ယောက် အသဲကွဲရတဲ့
နာကျင်မှုရယ်၊ ငွေကြေးဆုံးရှုံးရတဲ့
ခံစားချက်ရယ်နဲ့ မအိပ်နိုင်မစားနိုင်နဲ့
အိပ်ယာထဲ ဘုံးဘုံးလဲခဲ့ရပါတယ်။
ဒီလိုနဲ့ အရာရာအဆင်ပြေနေတဲ့ဘဝ၊
အိုးပိုင် အိမ်ပိုင်ရှိတဲ့ ဘဝကနေ
အိမ်ငှား ဘဝပြန်ရောက်ပြီးတော့
ဘဝကို အစကနေပြန်စခဲ့ရပါတယ်။
သူ့အကြောင်းကိုကြားတော့
တော်တော်လည်း စိတ်မကောင်းတာရယ်
သင်ခန်းယူစရာတွေရယ်
များတာကြောင့် လူလိမ်တွေအကြောင်း
ရေးပေးနေတဲ့ လူလိမ်ကြီးများရွာ
အစီအစဥ်မှာ ရေးပေးဖြစ်ခဲ့တာပါ။
အခုခေတ်လူလိမ်တွေက
အွန်လိုင်းသက်သက်ကို လိမ်တာ
မဟုတ်တော့ဘူး။
အဖွဲ့လိုက်ကို စနစ်တကျနဲ့
လိမ်နေတာပါ။
ချက်တင်မှာ အလှည့်ကျ နေ့စဥ်
စကားပြောနေတာက တစ်ဖွဲ့။
Videocall ပြောဖို့လိုရင် လူအစစ်က
ပြောပေးပါတယ်။
အပြင်မှာတွေ့ဖို့ လိုအပ်ရင်လည်း
လူအစစ်က လိုက်တွေ့ပါတယ်။
ပေးစရာရှိရင် သူတို့ဘက်က
အရင်စပြီးတော့ ပေးပါတယ်။
ဒီလိုနဲ့ အချိန်ယူပြီး ယုံကြည်မှု
တည်ဆောက်ပြီးတော့မှ အချီကြီး
လိမ်တာပါ။
ဖန်းက ငွေအများကြီးထည့်ပေးလို့
တော်သေးတယ်ပြောရမယ်။
ငွေမထည့်ပေးတော့မှ ငါ့ကိုမယုံရကောင်းလား
ဆိုပြီးတော့ အတူနေစဥ်က Video တွေ
ဖြန့်တာတို့၊ လက်ထပ်မယ်ပြောပြီး
နယ်စပ်ကိုခေါ်ပြီးရောင်းစားတာတို့
လုပ်တဲ့ Case တွေပါ အများကြီးကို
ရှိပါတယ်။
နိုင်ငံခြားကနေ ဒေါ်လာတစ်သိန်းနဲ့
ရွှေချောင်းတွေ ပါဆယ်ပို့လိုက်မယ်။
လေဆိပ်မှာသွားရွေးပါ။ ရွေးရင်တော့
အခွန်အရင်ဆောင်ရမယ်ဆိုပြီး လိမ်တဲ့
အဆင့် မဟုတ်တော့ပါဘူး။
အဖွဲ့လိုက်ကြီး တကယ့်လူအစစ်တွေနဲ့
စနစ်တကျကို လိမ်နေကြတာပါ။
ဒါကြောင့် သတိပေးချင်တာက
Online ကလူဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ်
နောက်ဆုံး ပြည်တွင်းကလူဆိုရင်တောင်
တကယ်ချစ်လို့ပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ် ငွေရေးကြေးရေးတွေ
လုပ်ကြခါနီးဆိုရင် သတိထားပါ။
လူတွေက အချစ်နဲ့ပတ်သက်ရင်
ယုံတတ်ကြ မွှန်တတ်ကြတာကိုသိတော့
လူလိမ်တွေက နှလုံးသားကို
ကစားတဲ့နည်းတွေနဲ့ လိမ်လာကြပါတယ်။
ပြည်တွင်းမှာဆိုရင်တော့
Lonely ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့
ငွေကြေးပြည့်စုံတဲ့ပုံပေါက်တဲ့
ပင်စင်စားတွေကို Target ထားကြပါတယ်။
ဒါတွေရေးပြတာကလည်း
လုံးဝမသိသေးတဲ့လူတွေ သိလာဖို့ရယ်
သိထားပြီးသားလူတွေ သတိရှိဖို့ရယ်
ငွေရေးကြေးရေးနဲ့ အချစ်ရေးကို
ရောလိုက်မိရင် အခုလိုဖြစ်တတ်တယ်
ဆိုတာကို သတိထားဆင်ခြင်
စေချင်တာပါ။
ချစ်တာ ရပါတယ်။
ကြိုက်တာလည်း ရပါတယ်။
သူများကို ကိုယ့်ကိုယ်ကိုထက်
ပိုချစ်မိတဲ့အခါ မျိုးတွေမှာတော့
ဘဝပျက်တာမျိုးတွေအထိပါ
ရှိတတ်လို့ သတိထားစေချင်ရုံပါ။
ချစ်လို့ ကြည်ဖြူလို့ ပေးရင် ကျွေးရင်တောင်
ဘဝပျက်လောက်တဲ့အထိတော့
မစွန့်စားကြဖို့ရယ်၊
Some people love your wallet
more than your heart ဆိုတဲ့ အကြောင်းကို
လူလိမ်ကြီးများရွာရဲ့
အပိုင်း (၃) အနေ နဲ့ Sharing လုပ်ပေး
လိုက်ပါတယ်။
Sint Nyi
9.11.25
2 954
လူလိမ်ကြီးများရွာ ၊ အပိုင်း (၃)
" နှလုံးသား ကျားဖြန့် "
ကျွန်တော့မှာ" ဖန်း " ဆိုတဲ့
ထိုင်းသူငယ်ချင်းတစ်ယောက်ရှိတယ်။
သူနဲ့က ဘန်ကောက်က ပစ္စည်းတွေ
မြန်မာပြည်ကိုသွင်းရင်းနဲ့ သိလာကြရင်းနဲ့
စိတ်ဓာတ်ကောင်းတော့ သူငယ်ချင်း
အရင်းကြီးလို ပေါင်းဖြစ်သွားကြတာ။
ဒါနဲ့ တစ်ရက် ဘန်ကောက်မှာ
ရှာဘူ သွားစားကြရင်းနဲ့ သူအလိမ်ခံရတဲ့
အကြောင်းပြောပြလာတာနဲ့
စိတ်မကောင်းဖြစ်မိတာရယ် ..
စာဖတ်သူ ညီ၊ ညီမတွေလည်း သူ့လို့
ဒုက္ခမရောက်ရအောင် သူ့ကိုခွင့်တောင်းပြီး
တော့ဒီအကြောင်းလေးကို ရေးဖြစ်ခဲ့တာပါ။
လူတွေကအချစ်နဲ့ထိတွေ့တဲ့အခါ
မိုးမမြင် လေမမြင် အန္တရာယ်ပါ
မမြင်တော့ဘဲ မွှန်သွားတတ်ကြတယ်
ဆိုတာကို သတိပေးချင်တာပါ။
ဖန်းက ချင်းမိုင်မှာ ဘွဲ့ရပြီးတော့
ကျောင်းပြီးကတည်းက ဘန်ကောက်က
ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်နေတာ
ကြာပြီ။
ထိုင်းလူမျိုးတွေရဲ့ ထုံးစံအတိုင်း
အလုပ်ရတာနဲ့ Installment နဲ့အိမ်ကော
ကားကော ဝယ်ထားပြီးတော့
ရတဲ့လစာနဲ့ အရစ်ကျလေးဆပ်ရင်း
နဲ့ နှစ်တွေကြာလာတော့ ကွန်ဒိုလေး
တစ်ခန်းနဲ့ ကားလေးတစ်စီးတော့
အဖတ်တင်ခဲ့တာပေါ့။
ဒီလိုနဲ့ အိမ်ပိုင်ကားပိုင်နဲ့ ဖန်းက
သူ့လက်ရှိတွဲနေတဲ့ ရည်းစားနဲ့ပြတ်တော့
စိတ်လေနေတာနဲ့ စိတ်ပြေလက်ပျောက်
Dating App တစ်ခု သုံးမိပါတယ်။
ပြီးတော့ အဲဒီ App ထဲက ဟောင်ကောင်က
လူတစ်ယောက်နဲ့ Match ဖြစ်ပြီး
စကားပြောဖြစ်ကြတယ်။
အဲဒီလူက ပုံထဲမှာလူချော။
သူ့ Social Media အကောင့်အထဲမှာလည်း
နာမည်ကြီးအဆင့်မြင့်ဟိုတယ်တွေ
Luxury trip တွေသွားနေတဲ့ ဓာတ်ပုံတွေ
အများကြီးတင်ထားတော့
ပုံတွေကိုကြည့်ပြီး ဆုံးဖြတ်ရုံနဲ့
လူချော၊ လူချမ်းသာပုံ ပေါက်ပါတယ်။
ဒါနဲ့ သူတို့နှစ်ယောက် သုံးလ လောက်
ဆက်တိုက်စာတွေပို့ကြ၊တစ်ယောက်
အကြောင်းတစ်ယောက်ပိုသိအောင်
လုပ်ကြရင်းနဲ့ Online ချစ်သူတွေ
ဖြစ်သွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ရက်ကျ တော့
သူ့ကောင်လေးက ရင်းနှီးမြှုပ်နှံမှုတွေ
အကြောင်း စပြီးပြောလာတယ်။
သူအခုလို အဆင်ပြေပြေနေနိုင်နေတာက
Online ရင်းနှီမြှုပ်နှံမှုတစ်ခုကြောင့်
ဖြစ်ကြောင်းနဲ့ အဲဒီ လုပ်ငန်းအကြောင်းကို
တော်ရုံ ဘယ်သူ့ကိုမှ မပြောပေမယ့်
ဖန်းကိုတော့ သူ့ချစ်သူဖြစ်လို့
အခုလိုထုတ်ပြောတာဖြစ်ကြောင်း
ပြောပြလာတော့ ..
ဖန်းလည်း စိတ်ဝင်စားသွားတယ်။
ဒါနဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုအကြောင်းကို
ပြောပြရင်းနဲ့ သူ့ကောင်လေးက
ကိုယ်မင်းကို လက်တွေ့ သက်သေ
ပြမယ်ဆိုပြီးတော့ ..
အကောင့်တစ်ခုထဲကို ဘတ် ၅၀၀
ထည့်ခိုင်းတယ်။
ဒါနဲ့ ချစ်သူချင်းလည်းဖြစ်နေတာရယ်
သူပြောတဲ့ Investment က
ဟုတ်လား မဟုတ်လားလည်း
သိချင်တာရယ်နဲ့ သူပေးတဲ့အကောင့်ထဲကို
ဖန်း ဘတ် ၅၀၀ စမ်းထည့်ကြည့်လိုက်မိတယ်။
ဒါနဲ့ နောက်ရက်မှာပဲ ဖန်းအကောင့်ထဲကို
ဘတ် ၁၀၀၀ ပြန်ဝင်လာတော့
ဖန်းလည်း စိတ်ဝင်စားသွားတယ်။
ဒီလိုနဲ့ သူ့ကောင်လေးက ငါ့ကိုမယုံသေးဘူး
မလား။ ဒါဆို နောက်တစ်ခါ ထပ်ပြီး
စမ်းကြည့် ဒီတစ်ခါ ဘတ် ၅၀၀၀
ထည့်ကြည့်လို့ပြောတာနဲ့။
ဘတ် ၅၀၀၀ ကလည်း သူ့လစာနဲ့
ယှဥ်ရင် ဘယ်လောက်မှ မရှိတာဆိုတော့
ကိုယ်ချစ်သူဖြစ်နေတာရယ်၊
တကယ်ရပါ့မလားသေချာချင်တာနဲ့
ဘတ် ၅၀၀၀ ကို သူပြောတဲ့
အကောင့်ထဲ ထည့်လိုက်ပါတယ်။
ဒါနဲ့ နောက်သုံးရက်နေတော့
ဖန်းအကောင့်ထဲကို ဘတ် (၂၀၀၀၀) တိတိ
ပြန်ဝင်နေတော့ဖန်းအရမ်း အံ့သြသွားတယ်။
ထည့်တာမှ (၅၀၀၀) ပဲကို
သုံးရက်အတွင်း (၂၀၀၀၀) တောင်
ပြန်ဝင်နေတော့ ဒီ Investment
လုပ်ငန်းကို သူစပြီးတော့ တကယ်
စိတ်ဝင်စားလာတယ်။
ဒါနဲ့သူ့ကောင်လေးက Investment
အကြောင်း လုံးဝထပ်မပြောတော့ဘဲ
တစ်ပတ်လောက်နေပြီးတော့
တခြားအကြောင်းတွေပဲ အရင်လို
ပြောကြတယ်တဲ့။
တစ်ရက်ကျတော့ သူ့ကောင်လေးက
ဖန်းကို အသိမပေးဘဲနဲ့ ဘန်ကောက်ကို
လာပြီးတော့ ဖန်းရဲ့ရုံးအောက််မှာ
ပန်းစည်းတွေနဲ့ ဖန်းကို Surprise
လုပ်ပါတယ်။
ဒါက သူက ကျားဖြန့်မဟုတ်ဘူး။
လူအစစ်ဆိုတာကို Confirm
လာလုပ်တဲ့သဘောပေါ့။
ပုံထဲကလူနဲ့ အပြင်ကလူ
တစ်ယောက်ထဲပါပဲ။
တကယ်ချောတဲ့ လူအစစ်ပါ။
ကောင်လေးက ဘန်ကောက်ရဲ့
တကယ် စျေးကြီးတဲ့ Luxury ဟိုတယ်မှာ
နေတဲ့အပြင် ဖန်းအတွက်လည်း
Gucci အိတ်တစ်လုံး လက်ဆောင်
ပေးခဲ့ပါတယ်။
ဖန်းဘဝရဲ့ ပျော်စရာကောင်းတဲ့
အခိုက်အတန့် တွေပေါ့။
သူ့ကောင်လေးက ဘန်ကောက်မှာ
နှစ်ရက်နေပြီးတော့ Investment ကိစ္စတွေ
ရှိလို့ဆိုပြီး ဟောင်ကောင်ကို
ပြန်သွားခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့တွေ စာတွေ အပြန်အလှန်
ပို့ကြနဲ့ချစ်သူရည်းစား ဖြစ်တာ (၆) လ
လောက်ကြာသွားတဲ့အချိန်ကျတော့
ဖန်းကောင်လေးက ဖန်းကို ဘဝတစ်ခု
အတူတူတည်ဆောက်ချင်တယ် သူ့မိဘ
တွေနဲ့လည်းမိတ်ဆက်ပေးချင်တယ်
ဆိုပြီးပြောလာတော့ ဖန်း ထပ်ပြီး
Surprise ဖြစ်ရတာပေါ့။
ပြီးတော့ ကောင်လေးက
အတူတူဘဝတည်ဆောက်ဖို့အတွက်
ငွေပိုပြီးရှာကြမယ် စုကြမယ်ဆိုပြီး
စည်းရုံးတာနဲ့ ဘယ်လို ငွေရှာကြမလဲ
တိုင်ပင်ရင်းနဲ့ အရင်က လုပ်ဖူးတဲ့
Investment လုပ်ငန်းအကြောင်းကို
ပြန်အသက်သွင်းလာပါတယ်။
ဒါနဲ့ ဒီတစ်ခါတော့ သူတို့ဘဝအတွက်
Investment အကြိီးကြီးထည့်ပြီး
အတူတူ တည်ဆောကိကြမယ်
ပြောလာတာနဲ့။
ချစ်တဲ့စိတ်ရယ်၊ ယုံကြည်တဲ့စိတ်ရယ်
အားကိုးချင်တဲ့စိတ်ရယ်နဲ့
သူပြောသမျှကို ဖန်းလက်ခံမိခဲ့ပါတယ်။
ဒါနဲ့ ကောင်လေးက သူ့ဆီမှာတော့
ဘတ် ငါးသန်း ရှိတယ်။ အဲဒါတွေ
2 954
" လိုင်းမတူလည်း ဥာဏ်ရည်တူရင်
ပေါင်းလို့ရပါတယ် "
အခုအနီးကပ်ပေါင်းနေတဲ့
ဘော်ဒါ (၇) ယောက်ရှိကြတာ
တကယ်ကို တစ်ယောက်တစ်မျိုးစီ။
တစ်ယောက်က ကရတာကို
ငယ်ငယ်ကတည်းက ဝါသနာပါတယ်။
အက နယ်ပယ်မှာလည်း အောင်မြင်နေတဲ့သူ။
စီးပွါးရေးကို စိတ်မဝင်စားဘူး။
နောက်တစ်ယောက်က နာမည်ကြီး
စာရေးဆရာ။ ကုမ္ပဏီကြီးတစ်ခုမှာ
လူရိုသေ ရှင်ရိုသေ ရာထူးတစ်ခုရှိသလို
သူရေးထားတဲ့စာအုပ်ကလည်း
ရုပ်ရှင်ပါရိုက်ရတဲ့အထိ အောင်မြင်တယ်။
သူကကျတော့ တကယ့်အနုပညာသမား။
နောက်တစ်ယောက်က စီးပွါးရေးကလွဲရင်
အနုပညာရော၊ လူမှုရေးကောနားမလည်တဲ့
တစ်ကိုယ်ကောင်းသမား ကျွန်တော်။
နောက်ထပ် (၄)ယောက်ကလည်း
သူ့နယ်ပယ်မှာသူ အထိုက်အလျောက်
အောင်မြင်နေတဲ့ သူတွေချည်းပဲ။
အဲဒီအဖွဲ့အထဲမှာ ဘီယာမသောက်ရရင်
မနေနိုင်တဲ့ ဘီယာသမားပါတယ်။
ဝေါ်ကိကို သာမန်ဆေးလိပ်သောက်သလို
သောက်နေတဲ့ ဝေါ်ကိသမားပါတယ်။
အားနေ ဖူဆယ်ကန်ချင်နေတဲ့ဘဲလည်း
ပါသလို ၊ ဝေါ်ကိကော ဘီယာကော တစ်ခါမှ
မသောက်ဖူးပေမယ့် အဲဒါတွေ
လုပ်တဲ့လူတွေထက် အမှားတွေအများကြီး
ခဏခဏလုပ်တတ်တဲ့ လူလည်းပါတာပဲ။
တကယ့်ကို (၇)ယောက်မှာ ဝါသနာ
(၇) မျိုး။ ဘာဆိုဘာမှကို မတူကြတာ။
ထူးဆန်းတာကအဲဒီ (၇) ယောက်က
အခု မှခင်ကြပြီး ပေါင်းနေကြတာပေမယ့်
ခဏလေးအတွင်းမှာပဲ
ညီအကိုအရင်းတွေလောက်အထိကို
ရင်းသွားကြတာပဲ။
ပေါင်းနေတဲ့ ၃-၄ နှစ်အတွင်း
ရန်ဖြစ်တာလည်း တစ်ခါမှကိုမရှိဖူးဘူး။
( အသက်အကြ်ိီိးဆုံးပေမယ့်
စိတ်အကောက်တတ်ဆုံး စာရေးဆရာ
တစ်ယောက်ရှိပေမယ့် အငယ်တွေက
သည်းခံကြပါတယ်)
အဲဒီလူ (၇) ယောက်စလုံးက Backgoundတွေ
မတူကြဘူး။ ဖြတ်သန်းလာကြတဲ့
ဘဝပေးအ ေခြအနေတွေ မတူကြဘူး။
လုပ်နေကြတဲ့အလုပ်လည်း မတူသလို
ဝါသနာလည်း တစ်ယောက်နဲ့တစ်ယောက်
ဘာဆို ဘာမှကိုမတူဘူး။
မတူတာတွေ စုနေကြတဲ့
လူတွေပေမယ့် ပေါင်းကြည့်ကြ
ပြန်တော့လည်း အဆင်ပြေတာထက်ကို
ပိုနေပြန်ရော။
လူတွေက လိုင်းမတူရင်ပေါင်းလို့မရဘူးလို့
ပြောကြပေမယ့် ငါတို့ကျတော့ ဘာဆို
ဘာမှကိုမတူဘဲ ဘာလို့ပေါင်းလို့
ရနေကြတာလဲဆိုပြီး ဝိုင်းပြီး စဥ်းစားကြတော့
အဖြေတစ်ခု ထွက်လာတယ်။
" လိုင်းမတူ Type မတူကြရင် အများစုက
ပေါင်းလို့ မရကြတာမှန်ပေမယ့် ...
ဥာဏ်ရည်တူပြီး ၊ နှိမ့်ချမှု ရှိရင်ကျတော့
လိုင်းမတူ Type မတူလည်း ပေါင်းလို့ရတာကို
သွားတွေ့ရပါတယ်။ "
အခုပေါင်းနေကြတဲ့ ဘော်ဒါတွေ
အားလုံးက သူ့နေရာနဲ့သူ အနေအထား
တစ်ခုရှိကြပေမယ့် အချင်းချင်း
တွေ့ကြတဲ့ အချိန်မှာတော့ ဘယ်သူက
ဘာကောင်ဆိုတာတွေ လုံးဝမရှိကြဘူး။
မင်းလည်း $ ပေါ။
ငါလည်း $ ပေါ။
ဟိုကောင်လည်း $ ပေါပဲ။
ဆိုတဲ့ ပုံနဲ့ပဲ စကြနောက်ကြ
ပျော်ကြ ခွီနေကြတာပဲ။
ဘော်ဒါတွေ တွေ့ကြဆုံကြတာက
ရယ်ချင် မောချင် ခွီချင်လို့
တွေ့ကြတာဆိုတော့ ကြွားတတ်တဲ့လူ
ကိုယ်ရည်လာသွေးတဲ့ လူမျိုးဆို
ကိုယ်တွေနဲ့က ကီးမကိုက်ပြန်ဘူး။
နောက်တစ်ချက်က အဓိကဖြစ်တဲ့
ဥာဏ်ရည်ပေါ့။
ကျန်တာမတူတာ ရအောင်သည်းခံပြီး
ပေါင်းလို့ရပေမယ့် ဥာဏ်ရည်တအား
နိမ့်နေရင်လည်း ပေါင်းမရပြန်ဘူး။
" ကိုယ်တွေအဖွဲ့က လူနေမှု အဆင့်အတန်းသာ
အဆင့်အတန်းမခွဲတာ ဥာဏ်ရည်တော့
သေချာခွဲပြီးမှ ပေါင်းဖြစ်တယ်။ "
ဥာဏ်ရည်အရမ်းနိမ့်နေရင်၊
အတွေးအခေါ်က တဖက်ပိတ်နေရင်လည်း
ဘာကောင်ကြီးဖြစ်နေနေ
သူနဲ့ပေါင်းလို့ ဘာအခွင့်အရေးရနေနေ
စိတ်အပင်ပန်းခံပြီး မပေါင်းကြဘူး။
" အရွယ်တစ်ခုရောက်လာကြတော့
ကြွားတဲ့ဒဏ်နဲ့ ဥာဏ်ရည်နိမ့်တဲ့ဒဏ်ကို
မခံနိုင်ကြတော့တာတွေ
တူသွားတာလည်းပါမယ်ထင်တယ်။ "
ပိုက်ဆံ မချမ်းသာရင်နေပါစေ
စိတ်ချမ်းချမ်းသာသာ နေရရင်ပဲ
ရပါပြီဆိုတဲ့ အဖွဲ့ပေါ့။
" ဒီအဖွဲ့နဲ့ပေါင်းရတာရဲ့ အကောင်းဆုံး
အချက်က ကိုယ့်မကောင်းကြောင်းကို
ကိုယ့်ရှေ့မှာ ဒဲ့ပဲပြောကြသလို
ကိုယ်မပါတဲ့ စကားဝိုင်းတွေမှာ
ကိုယ်မကောင်းကြောင်း ပြောနေရင်တောင်
ငါဘော်ဒါက ဒီလိုကောင်မျိုးမဟုတ်ဘူး
ဆိုတာ ပြောရဲတဲ့ သူတွေချည်းပဲ။ "
တကယ်က လိုင်းတူမှပေါင်းလို့ရတာ
မဟုတ်ဘူး။ ဥာဏ်ရည်တူပြီး ၊
အကြွားမထူဘဲ နှိမ့်ချတတ်ရင်လည်း
ပေါင်းလို့ရတာတော့ အမှန်ပဲဗျ။
Sint Nyi
7.11.25
2 954
ကို့အမတစ်ယောက်ရဲ့မြေကွက်
ကူရောင်းရင်းနဲ့ ရောင်းမထွက်လည်း
ကန်ထရိုက်ဆောက်မယ်ဆိုပြီး
ကြော်ငြာတင်လိုက်တော့...
စိတ်ဝင်စားတဲ့သူများတာနဲ့
အရောင်းပြလိုက် ဆောက်ဖို့ပြလိုက်နဲ့ အလုပ်ရှုပ်နေတုန်း ...
ကန်ထရိုက်တစ်ယောက်က
မြေနေရာကြည့်ချင်လို့ဆိုပြီး (၃) နာရီ
ချိန်းတော့ ကိုယ်လည်းအလုပ်တွေခဏရပ်ပြီး
(၃) နာရီမတိုင်ခင်ကတည်းက
သွားစောင့်နေတာပေါ့။
ဒါနဲ့ ( ၃:၃၀) အထိရောက်မလာတော့
သူတို့ဆီဆက်တော့ အရေးကြီးကိစ္စ
တစ်ခုပေါ်လာလို့ အခုတော့
မလာဖြစ်တော့ဘူး။
မနက်ဖြန် ဘယ်အချိန်ကြည့်လို့ရမလဲ
ပြောလာတာနဲ့ အချိန်မတိကျလို့ရယ်
Respect မရှိလို့ရယ် ခင်ဗျားကို
ထပ်အချိန်မပေးနိုင်ဘူးပဲ
ဒဲ့ပြောဖြစ်လိုက်တယ်။
မြေနေရာလေးကြည့်ဖို့ ချိန်းတာတောင်
စကားမတည်တဲ့ ကန်ထရိုက်လက်ထဲ
သိန်းသောင်းဂဏန်း အဆောက်အဦး
သွားအပ်မိရင် ကိုယ့် thay တွင်း
ကိုယ်တူးတာပဲလေ။
အဲဒီမြေကွက်ကိုပဲ အရင်ရက်က
ကုမ္ပဏီအကြီးတစ်ခုက
စိတ်ဝင်စားလို့ပါဆိုပြီး
ချိန်းလို့ သွားပြတုန်းကဆို
ဆယ်နာရီချိန်းတာကို ကုမ္ပဏီ ရဲ့
CEO က ကိုးနာရီခွဲကတည်းက
အဲဒီကို ရောက်နှင့်နေပြီ။
တချို့ လူတွေ၊ ကုမ္ပဏီတွေ
ဘာလို့ သားစဥ်မြေးဆက်
အောင်မြင်နေကြလဲဆိုတော့
အချိန်နဲ့ ကတိကို တန်ဖိုးထားလို့ပဲ။
အောင်မြင်တဲ့ လူတွေ၊ ကုမ္ပဏီတွေက
အချိန်နဲ့ ကတိကို လေးစားသလို
ဂျပလွတ်လူတွေ၊ ကုမ္ပဏီတွေ က
အချိန်ကော ကတိကိုပါ မလေးစားကြဘူး။
ကတိ ဆိုတာက စာမေးပွဲလိုပဲ။
ဘယ်နှစ်ဘာသာရှိရှိ တစ်ဘာသာ
မဖြေနိုင်ရင် ကျတာပဲ။
အရင်က ဘယ်လောက်ပဲ
ကတိတွေတည်ခဲ့ တည်ခဲ့
နောက်ပိုင်း တစ်ခု မတည်မိရင်လည်း
အာပလာကောင် ဖြစ်သွားတာပါပဲ။
လူမှုရေးဖြစ်ဖြစ်၊ စီးပွါးရေးဖြစ်ဖြစ်
ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ်
မတည်နိုင်တဲ့ကတိဆိုရင် ဘယ်သူ့ကိုမှ
မပေးတာအကောင်းဆုံးပဲ။
ပေးပြီးရင်လည်း တည်နိုင်မှပဲ
Image ကကောင်းလာတာ။
ကိစ္စ သေးသေးလေးတွေမှာ
ကတိမတည်တဲ့လူက ကိစ္စအကြီးကြီး
တွေမှာလည်း ကတိတည်မှာ
မဟုတ်ဘူး။
ဒီတော့ ဘာအလုပ်ပဲလုပ်လုပ်
Respect ရှိရှိ အချိန်လေးစားပြီး
လုပ်ဖို့ လိုတယ်ဆိုတာရယ်..
ကိစ္စ သေးသေးလေးတွေမှာ
ကတိမတည်တတ်တဲ့သူဆိုရင်
ဘာကောင်ကြီး ဖြစ်နေနေ
သတိထားပြီး ဆက်ဆံဖို့လိုတယ်ဆိုတာ
ကို သိသလောက်လေး
Sharing လုပ်ပေးလိုက်ပါတယ်။
Sint Nyi
26.10.25
2 954
လူလိမ်ကြီးများရွာ ၊ အပိုင်း - ( ၁ )
" အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပါ "
ငွေကြေးပြည့်စုံတဲ့
ငယ်သူငယ်ချင်း အတွဲတစ်တွဲ
သူတို့ အသိတွေနဲ့ ဘားဖွင့်ဖြစ်လို့
သွားပြီးအားပေးဖြစ်တယ်။
ဘားက နေရာကလည်းကောင်းတယ်။
အရင်းအနှီးကလည်း များတော့
လူ (၆) ယောက်လောက်
ရှယ်ယာ ထည့်ပြီး အလုပ်လုပ်ကြရတာပေါ့။
ကိုယ်တိုင်လည်း အသိဆိုင်တွေဆိုရင်
ပိုပြီး အားပေးချင်စိတ်ရှိတာနဲ့
အဲဒီဘားကို မကြာမကြာ ရောက်ဖြစ်ပါတယ်။
ရောက်လိုက်တိုင်းလည်း
ဘားက လူအပြည့်ဆိုတော့
တော်တော်အောင်မြင်နေပြီလို့ပဲ
ထင်ခဲ့မိတာ။
ဒီလိုနဲ့ တစ်နှစ်လောက်လည်းကြာရော
ဆိုင်က ပိတ်သွားတာနဲ့ ပိုင်ရှင်က
ဆက်မငှားလို့ပဲနေမယ်လို့ တွေးမိနေတုန်း
အဲဒီ သူငယ်ချင်းက စာပို့လာတယ်။
" ဘားက အမှုဖြစ်လို့ ပိတ်ထားရတယ် "တဲ့။
" ဘယ်လိုအမှုဖြစ်တာလဲ" မေးတော့
ရှယ်ယာရှင်တွေက ဘော်ဒါတွေပဲဆိုတော့
ယုံကြည်လို့ သူတို့နဲ့ပဲ လွှတ်ထားမိတာ
ဝင်ငွေနဲ့ ထွက်ငွေ မကိုက်ဘူးဆိုပြီး
စာရင်းပြပြနေလို့ လတိုင်းလိုလိုကို
သိန်းရာဂဏန်း ဝိုင်းပြီးစိုက်ရတယ်တဲ့။
" ငါတို့လည်း ယုံကြည်တော့
စာရင်းပဲ ကြည့်ပြီး စိုက်စိုက်ပေးနေတာ
တစ်နှစ်ကြာပြီ " တဲ့။
ဒါနဲ့ တစ်ရက် သူတို့လည် အားနေတာနဲ့
ဆိုင်သွားထိုင်ရင်း စာရင်းတွေ
ကူလုပ်ပေးရင်းနဲ့ အဲဒီ
တစ်ရက်ရဲ့ ဝင်ငွေ ထွက်ငွေကို
အမှတ်တမဲ့ ပုံရိုက်ထားမိတယ် တဲ့။
ဒိီလိုနဲ့ လကုန် အရှုံးအမြတ်စာရင်း
ပို့လာတဲ့အချိန် သူဓာတ်ပုံရိုက်ခဲ့တဲ့ရက်ရဲ့
ဝင်ငွေထွက်ငွေ စာရင်းကို
တိုက်ကြည့်လိုက်တော့ အများကြီး
ကွာနေတာတွေ့ရပါတယ်တဲ့။
ဝင်ငွေနေရာမှာ ကျတော့ အများကြီး
လျှော့ပြီးပြထားသလို
ထွက်ငွေကနေရာမှာ ကျတော့
အများကြီး ပိုပြီးပြထားတာပေါ့။
ဒါနဲ့ စာရင်းတွေ မှားနေတယ်ဆိုပြီး
စပြီး သံသယဝင်ရာကနေ စစ်ကြ
ဆေးကြရင်းနဲ့မှ တကယ့်စာရင်းနဲ့
ရှယ်ယာရှင်တွေကို လိမ်တဲ့စာရင်း
ဆိုပြီး စနစ်တကျ လိမ်ထားတာကို
တွေ့ရတာပေါ့။
အဲဒီတော့မှ အလိမ်ခံရတဲ့ သုံးယောက်က
Audit တွေခေါ်ပြီး စစ်ကြဆေးကြရင်းနဲ့
လိမ်တဲ့ သုံးယောက်ရဲ့ မရိုးသားမှုတွေ
အကုန်ပေါ်လာတော့တာ။
ဒိီလိုနဲ့ အမှုတွေဖြစ်ကြ၊ တရားတွေစွဲကြရင်း
ဆိုင်လည်းပိတ်လိုက်ရတော့တာပဲ။
အဲဒီလိုတွေဖြစ်ပြီးတော့မှ ဘာလုပ်ရမလဲ
လာတိုင်ပင်လို့ အစကတည်းက
ကိုယ်တိုင် ဝင်မလုပ်နိုင်ရင်တောင်
နေ့စဥ်စာရင်းတော့ စစ်ဖို့လိုကြောင်း၊
ကိုယ့်လူယုံရှိဖို့လည်း လိုကြောင်းလောက်ပဲ
အကြံပေးဖြစ်တော့တယ်။
အခုခေတ်လိမ်တဲ့လူ အများစုက
စာရင်းကအစ စနစ်တကျကို
လိမ်တတ်ကြပါတယ်။
ဒီတော့ကိုယ်တိုင်ကလည်း
စနစ်တကျ အလုပ်လုပ်တတ်ဖို့ရယ်၊
အလွန်အကြူးမယုံမိဖို့ရယ် လိုပါတယ်။
" သိတဲ့လူနဲ့ပဲဖြစ်ဖြစ်၊ မသိတဲ့လူနဲ့ဘဲဖြစ်ဖြစ်
ရှယ်ယာ အလုပ် အတူတူလုပ်မယ်ဆိုရင်
အလုပ်ကို အလုပ်နဲ့တူအောင်
လုပ်ဖို့ အရေးကြီးပါတယ်။ "
ခင်တာကခင်တာ၊ အလုပ်ကတော့
အလုပ်ပဲပေါ့။
အစကတည်းက ရှင်းအောင်လုပ်ထားမှ
နောက်ပိုင်း မရှုပ်တော့မှာ၊
မိတ်မပျက်တော့မှာပါ။
" ချစ်တုန်း မုန်းစကားပြောပါ "
ဆိုတဲ့အတိုင်း မစခင်ကတည်းက
ပွင့်ပွင့်လင်းလင်းပြောကြ ၊ ဆိုကြ
စာချုပ်ချုပ်ထားကြတာကတော့
အကောင်းဆုံးပါပဲ။
ကိုယ်တိုင်လည်း ရှယ်ယာခဏခဏ
လုပ်ခဲ့ဖူးပြီး အလိမ်အမျိုးမျိုးခံရဖူးလို့
ခံရပါများပြီးသိလာတာပါ။
ဒီနှစ်ထဲမှာတင်ကို ထပ်ပြီး
အလိမ်ခံရတာတွေရှိနေတာ ဆိုတော့
"သူတို့တောင် လိမ်ရက်တာ ငါလည်း
ရေးရက်ရမှာပေါ့ " ဆိုပြီး ဒီအကြောင်းတွေကို
ရေးဖို့ စဥ်းစားနေတုန်း ..
သူငယ်ချင်းကပါ လာတိုင်ပင်တာနဲ့
ရေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။
အခုလို လူလိမ်တွေရဲ့ စနစ်တကျ
လိမ်ပုံလိမ်နည်းတွေကို သီးသန့်
ရေးပေးထားမှ သူတို့တွေ နောက်လူတွေကို
ထပ်လိမ်လို့ မရမှာပါ။
ဒါနဲ့ပဲ ကျွန်တော် အလိမ်ခံရတာတွေကော
အသိမိတ်ဆွေတွေ အလိမ်ခံရတာတွေကော
အကုန်စုထားပြီးတော့ ..
" လူလိမ်ကြီးများရွာ " ဆိုတဲ့ ခေါင်းစဥ်နဲ့
အပိုင်းဆက်လေးတွေ
ရေးပေးသွားပါမယ်။
ဒါမှလည်း နောက်လူတွေ
ရှောင်လို့ရမှာ မလို့ပါ။
ကျွန်တော့မှာက ရေးစရာတွေ
အများကြီးပေမယ့် မိတ်ဆွေတို့ရဲ့
အလိမ်ခံရတဲ့ ဇာတ်လမ်းတွေရှိရင်လည်း
Cb ကပို့ပေးလို့ရပါတယ်။
အများပြည်သူ သတိထားစရာ
ဖြစ်ရပ်မှန်မျိုးဆိုရင် အများပြည်သူ
ဆောင်ဖို့ ရှောင်ဖို့အတွက် ကျွန်တော့်ရဲ့
လူလိမ်ကြီးများရွာ အခန်းဆက်တွေအထဲမှာ
ထည့်ရေးပေးသွားပါမယ်။
လူလိမ်တွေမှာ ချိုပါတာ မဟုတ်လို့
လူလိမ်တွေကို တားဆီးလို့ မရပေမယ့်
လိမ်ပုံလိမ်နည်းတွေကို သိထားရင်တော့
အလိမ်ခံနိုင်ရချေနည်းမှာဖြစ်လို့
သိသလောက်လေး ဆက်လက်
ရေးသားပေးသွားပါဥ်ီိးမယ်။
Sint Nyi
4.11.25
2 954
လူလိမ်ကြီးများရွာ၊ အပိုင်း- (၂)
" မိအေး နှစ်ခါနာ"
ဒီဖြစ်ရပ်လေးကတော့ ကျွန်တော့အသိ
အမတစ်ယောက် ခံလိုက်ရတဲ့
ဖြစ်စဥ်လေး ဖြစ်တဲ့အပြင်
ဒါမျိုးမရေးပေးမိရင် မိအေးနှစ်ခါနာ
တွေ ခဏခဏ ဖြစ်နေကြမှာစိုးလို့
ရေးပေးဖြစ်တာပါ။
အခုဖြစ်စဥ်က တကယ်ဖြစ်ခဲ့တာ
ဆိုပေမယ့် နာမည်တွေ ထည့်ရေးရင်
ကိုယ်ပါ အထဲဝင်သွားရမှာဖြစ်လို့
ဥပမာလေးနဲ့ပဲ နားလည်လွယ်အောင်
ရေးပြပေးသွားပါမယ်။
ဒေါ်ဖြူဖြူနဲ့ ဒေါ်ညိုညို ဆိုတဲ့
သူငယ်ချင်းနှစ်ယောက်ရှိတယ်။
နှစ်ယောက်လုံးက လုပ်ငန်းရှင်တွေဖြစ်သလို
ငယ်ငယ်ကတည်းက ပေါင်းလာတဲ့
သူငယ်ချင်းတွေဆိုတော့
တစ်ယောက်အကြောင်းတစ်ယောက်
အရမ်းသိကြပြီး ယုံကြည်မှု
အထိုက်အလျောက် အပြန်အလှန်
ရှိကြတယ်။
ဒါနဲ့တစ်ရက် ဒေါ်ဖြူဖြူက အလုပ်အတွက်
အရေးပေါ်ငွေလိုတော့ ဒေါ်ညိုညိုဆီမှာ
သိန်း (၂၀၀၀) အတိုးနဲ့ ချေးပါတယ်။
ဒေါ်ညိုညိုကလည်း
သူငယ်ချင်းအချင်းချင်းဖြစ်နေတာရယ်၊
ဒေါ်ဖြူဖြူ့ အခက်အခဲကိုလည်း
ကူညီချင်တာရယ်၊ အတိုးလည်း
ရမှာရယ်ဆိုတော့ ယုံကြည်မှုနဲ့ပဲ
အပေါင်ပစ္စည်းမယူဘဲ
(၅) ကျပ်တိုး နဲ့ သိန်း (၂၀၀၀)
ချေးပေးလိုက်တယ်။
သူလည်း တစ်လကို သိန်း(၁၀၀) ရမယ်။
သူ့သူငယ်ချင်းလည်း အဆင်ပြေမယ်ပေါ့။
ဒါနဲ့ ဒေါ်ဖြူဖြူကလည်း
(၂) လလောက်အထိ တစ်လကို
သိန်း(၁၀၀) နဲ့ အတိုးမှန်မှန်ပေးပြီးတော့
နောက်ပိုင်း (၃) လလောက်အထိ
အတိုးကိုလုံးဝ မပေးတော့ပါဘူး။
ဒါနဲ့ ဒေါ်ညိုညိုကလည်း
သူငယ်ချင်းအချင်းချင်းလည်း
ဖြစ်နေတာက တစ်ကြောင်း၊
သူ့အခက်ခဲကို လည်း ပိုမခက်ခဲ
စေချင်တာတစ်ကြောင်းကြောင့်
အစပိုင်းတော့ သေသေချာချာ
ညှိညှိနှိုင်းတောင်းပေမယ့် ..
နောက်ထပ် လေးငါးခြောက်လအထိ
အတိုးကော အရင်းကော မရလာတဲ့အခါ
မှာတော့ ဒေါသတွေထွက်လာပြီး
မိတ်ဆွေ ကဏ္ဍစပြီးပျက်ကြပါတယ်။
ဒီလိုနဲ့ ချော့တောင်းလိုက်
ခြောက်တောင်းလိုက်နဲ့ မရတော့တဲ့အဆုံး
ဒေါ်ညိုညိုက " ငါ့ငွေတွေမပေးရင် FB မှာ
ပိုစ့်တင်ပြီး အရှက်ခွဲမယ် " ဆိုပြီးတော့
ခြိမ်းခြောက်မိပါတယ်။
အဲဒီလိုပြောတော့ ဒေါ်ဖြူဖြူဘက်က
" ဒါဆိုလည်း နင်ကြိုက်တဲ့နေရာမှာတိုင်၊
တင်ချင်တာတင် " လို့မချေမငံ
ပြန်ပြောတော့ ..
ဒေါ်ညိုညိုက ဒေါသထွက်ပြီးတော့
သူ့ Fb အကောင့်မှာ ဒေါ်ဖြူဖြူပုံကြီးနဲ့
အကြွေးလာဆပ်ပါ ဘာညာရေးပြီး
ပို့စ်ကြီးတင်လိုက်မိပါတယ်။
အဲဒါက ဥပဒေနားမလည်တဲ့
ဒေါ်ညိုညိုရဲ့ မဟာအမှား ဖြစ်သွားပြီးတော့
ဒေါ်ဖြူဖြူရဲ့အကွက်ထဲကို
ဒေါ်ညိုညို လုံးဝ ဝင်သွားမိတာပါ။
ဒါနဲ့ ဒေါ်ဖြူဖြူက ဒေါ်ညိုညိုတင်တဲ့
ပို့စ်ကို Ss ယူပြီးတော့ ရဲစခန်းမှာ
၆၆ (ဃ) နဲ့ အမှု သွားဖွင့်ပါတယ်။
အဲဒီကာလက ၆၆ (ဃ) က
အာမခံမရတဲ့ အမှုဆိုတော့
ပို့စ်တင်မိတဲ့ ဒေါ်ညိုညိုကိုစခန်းက
လာဖမ်းသွားလို့ ဒေါ်ညိုညို အချုပ်ထဲ
အရင်ရောက်သွားပါတယ်။
( ဒီနောက်ပိုင်းတော့ အာမခံရပါပြီလို့
သိရပါတယ်)
ပြီးတော့ အချုပ်ထဲက ထွက်ရဖို့အတွက်
ဒေါ်ဖြူဖြူကို အမှုကြေအေးပေးဖို့
ဒေါ်ညိုညိုဘက်က ပြန်ပြီးတောင်းပန်ရ၊
ညှိနှိုင်း ခဲ့ရပါတယ်။
အဲလိုညှိနှိုင်း တဲ့အချိန်မှာ တော့
ပေးစရာရှိတာတွေကို လျှော်ပေးရင် ၊
အမှုကြေအေးပေးမယ်လို့ ဒေါ်ဖြူဖြူက
တောင်းဆိုလို့ ဒေါ်ညိုညိုဖက်က
သဘောတူပြီးတော့ ကြေအေးပေးလို့
အမှုပြီးသွားပါတယ်။
ဒီလိုနဲ့ ဒေါ်ညိုညိုက ချေးထားတဲ့ငွေ
ဆုံးတဲ့အပြင် အချုပ်ထဲပါ
ဝင်လိုက်ရလို့ မိအေး (၂) ခါနာခဲ့ရပါတယ်။
တကယ်က ဒါမျိုးတွေ မရေးပေးချင်ပေမယ့်
ဒါကို မသိဘဲ အကြွေးမရလို့
ပုံကြီးနဲ့ FB မှာတင်တင်နေကြတာက
သိပ်ပြီး အန္တရာယ်များတယ်ဆိုတာကို
ပြောပြချင်တာပါ။
✅ အကြွေးရစရာရှိရင် တခြားနည်းနဲ့ပဲ
ရအောင်တောင်းပါ။ FB မှာဖြစ်ဖြစ်
ဘယ်လို Social Media မှာဖြစ်ဖြစ်
ပို့်စ်မတင်မိပါစေနဲ့။
❌တင်မိလိုက်တာနဲ့ သူ့အမှားကနေ
ကိုယ့်အမှားဖြစ်ပြီးတော့ ကိုယ်ပဲ
နှစ်ခါနာတတ်ပါတယ်။
အကြွေးကိစ္စက သပ်သပ်
အသရေဖျက်မှုက သပ်သပ်
တစ်ကန့်စီ ဖြစ်နေလို့ပါ။
အကြွေးပြန်မရလို့ သူ့ပုံကြီးနဲ့
ပို့စ်တင်မိသွားတော့ သူ့အမှားကနေ
ကိုယ့်အလွန်ဖြစ်သွားတာပါ။
(တင်ချင်ရင်တောင် ကိုယ့်အကောင့်
အစစ်နဲ့ မတင်မိဖို့ သတိပြုစေချင်တာပါ😉)
ဒီဖြစ်စဥ်ကနေ ဘာသင်ခန်းစာ
ရလဲဆိုတော့
✅ငွေကိုအလွတ်အနေနဲ့ အတိုးနဲ့ချေးတာ
Risk ရှိပါတယ်။
အကြွေးမရလို့ ဒေါသအလျောက်
ပို့စ်ပါထပ်တင်မိတော့ သူ့အမှားကနေ
ကိုယ့်အမှားဖြစ်ပြီး အားလုံး
ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် အကြွေးကြောင့်ဖြစ်ဖြစ်၊
မကျေနပ်တဲ့ ကိစ္စရှိလို့ပဲဖြစ်ဖြစ်၊
အပြင်မှာ စော်ကားခံရလို့ပဲ ဖြစ်ဖြစ်၊
လူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ပုံကိုဖြစ်စေ
နာမည်ကို ဖြစ်စေ Social Media မှာ
တင်မိတာက ၆၆ဃ နဲ့ ငြိတယ်ဆိုတာ
အသိပေးချင်တာပါ။
✅ချေးထားတာတွေ ပြန်မရရင်
လိုင်းပေါ်မတင်ဘဲ တခြားနည်းလမ်းနဲ့
ပြန်ရဖို့ကိုပဲ ကြိုးစားဖို့ပဲ အကြံပေးချင်တာပါ။
အခုအသိမိတ်ဆွေတွေအထဲမှာကို
အဲဒီလို ပို့စ်တင်နေကြတာတွေ
ခဏခဏ တွေ့နေရလို့ ဒေါ်ညိုညိုလိုမျိုး
မိအေးနှစ်ခါနာ မဖြစ်စေရဖို့ ၊
လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းဝေးစေဖို့ရာ လူလိမ်တွေအကြောင်း
ရေးပေးဖြစ်နေတဲ့ လူလိမ်ကြီးများရွာ၊
အစီအစဥ်ရဲ့ အပိုင်း-(၂) အနေနဲ့
သိသလောက်လေး ပြန်ပြီး
Sharing လုပ်ပေးလိုက်ပါတယ်။
Sint Nyi
5.11.25
2 954
" Be your own light "
လွန်ခဲ့တဲ့ (၅)နှစ်လောက်တုန်းက
ရန်ကုန် - ပုသိမ် Highwayလမ်းမကြီးမှာ
လူကြီးယာဥ်တန်းတစ်ခု နောက်ကနေ
ကပ်ပြီး လိုက်မောင်းခဲ့ဖူးတယ်။
ရန်ကုန် ပုသိမ်လမ်း ဆိုတော့
ထုံးစံအတိုင်း လမ်းကကျဥ်းတော့
တခြားကားကိုကျော်တက်ဖို့ဆို
သတိထားပြီးကျော်ရသလို၊
ဆိုင်ကယ်တွေ၊ သုံးဘီးတွေကိုလည်း
တော်တော်သတိထားပြီးမောင်းရတာဆိုတော့
ရုတ်တရက် လူကြီးယာဥ်တန်းက
ကိုယ့်အရှေ့မှာ ရောက်လာတော့
ယာဥ်ကြောက ချက်ချင်းရှင်းသွားတာနဲ့
အဲဒါယာဥ်တန်းရဲ့နောက်ဆုံးအပိတ်
ကားနောက်ကနေ ခပ်လှမ်းလှမ်းက
လိုက်မောင်းကြည့်ဖူးတာ
တော်တော်ကို မောင်းလို့ကောင်းတာဗျ။
ကိုယ်တွေကားတွေ လာတာနဲ့
လာသမျှကားတွေ ဆိုင်ကယ်တွေ
အကုန်ရပ်။ လမ်းမှာရှိသမျှ
ယာဥ်ထိန်းတွေက လမ်းရှင်းပေး။
အရှေ့က လူကြီးတွေကားကို
အလေးပြုကြနဲ့ တော်တော်ကြီးကို
မိုက်တာ။
ဒါတောင် ကိုယ်က ဘာကောင်မှ
မဟုတ်တဲ့ လူကြီးယာဥ်တန်း
နောက်က လိုက်ကပ်မောင်းတဲ့
ဘာမှမဟုတ်တဲ့ကောင်။
အဲလိုမောင်းနေရင်းနဲ့ တစ်နာရီလောက်
ကြာလာတော့ ကိုယ်ကပါ မဆီမဆိုင်
ဘဝင်မြင့်ချင်လာတယ်။
တစ်ဖက်လမ်းက ကားတစ်စီးက
ယာဥ်ထိန်းတွေ တားနေတဲ့ကြားကနေ
ဖြတ်တက်လာတော့ " ဟာ့ ဒီကောင်
ဘာကောင်လဲဟ " လို့ စိတ်ထဲကနေ
တွေးမိလာတယ်။
တကယ်က အဲဒီကောင်က
ဘာကောင်မှ မဟုတ်သလို
ကိုယ်ကလည်း ဘာမှမဟုတ်တဲ့ကောင်
ဆိုတာကို မေ့သွားတာ။
ကိုယ်လို ဘာမှ မဟုတ်တဲ့ကောင်က
လူကြီးကားတန်းနောက်မှာ
တစ်နာရီလောက် ကပ်လိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကို အရေးပါအရာရောက်တယ်လို့
စိတ်ကြီးဝင်ပြီး သာယာမိလာတာကို
ပြန် သတိဝင််လာတော့
အတော်လေး ရှက်မိပါတယ်။
တကယ်က အရှေ့ကယာဥ်တန်းဆိုတဲ့
အရိပ်သာ မရှိရင် ကိုယ်က
ဘာမှမဟုတ်တဲ့ကောင်
ဆိုတာကို ခဏတာ မေ့သွားခဲ့တာ။
-----------------
ဘော်ဒါတွေ အထဲမှာ နာမည်ကြီးမင်းသား
တစ်ယောက်ရှိတယ်။
ဒီကောင်ရဲ့ ရှုတင်တွေကို သွားလည်တိုင်း
ကိုယ့်ကို လူတွေက မင်းသားသူငယ်ချင်း
ဆိုပြီး အရေးတယူ ဆက်ဆံကြတယ်။
ခေါ်ကြတယ်ပြောကြတယ်။ ရယ်ကြတယ်။
မောကြတယ်။
ဘာမှမဟုတ်တဲ့ ကိုယ်လိုလူကို
တခြားလူတွေကပါ လူရာသွင်းပြီး
ဆက်ဆံလာကြတာများလာတော့
ကိုာ့်ကိုယ်ကို အဟုတ်ကြီးမှတ်လာတယ်။
သာယာမိလာတယ်။ မင်းသားနဲ့အတူတူ
သွားရလာရမှ လူရာဝင်နေတာ။
စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာကို
သတိမထားမိဘဲ ကိုယ့်ကိုယ်ကို
အထင်ကြီးလာတယ်။
ဒါပေမယ့် အဲဒီမင်းသား
ကိုယ့်အနားမှာ မရှိရင် ကိုယ်က
Nobody ပါပဲ။
ဘယ်သူမှလည်း အရေးတယူလိုက်ပြီး ဆက်ဆံ မနေကြသလို
မေးထူးခေါ်ပြောအဆင့်ထက်လည်း
မပိုတော့ပါဘူး။
အဲဒီအချိန်မှာ သိလိုက်ရတာက
ကားမောင်းတတ်တိုင်း
လူကြီးယာဥ်တန်းနောက်က
လိုက်မောင်းပြီး ခဏတာ လူရာဝင်လို့
ရနိုင်ပေမယ့် အဲဒါက အစစ်အမှန်
မဟုတ်တဲ့အတွက် ခဏလေးပဲ
လူရာဝင် သလို၊
မင်းသားဘေးမှာ လိုက်နေသရွေ့တော့
မင်းသားသူငယ်ချင်းဆိုပြီး
အလေးပေးဆက်ဆံ ခံရနိုင်ပေမယ့်
မင်းသားကကိုယ့်အနားမှာ ရှိမနေရင်တော့
လူရာက မဝင်တော့ပြန်ပါဘူး။
အဲဒီတော့မှ ကျွန်တော်
သဘောပေါက် လာတာက ..
" လောကမှာ သူများအရိပ်မှာ
ခိုပြီးမှ လူရာဝင်ရတာတွေက
အစစ်အမှန် မဟုတ်လို့ ခဏတာပဲ
ခံတတ်တယ် ဆိုတာကိုပဲ။ "
သူတပါးရဲ့ အာဏာရာထူး အရိပ်။
သူတပါးရဲ့ ဥစ္စာငွေကြေး အရိပ်။
သူတပါးရဲ့ ထင်ပေါ်ကျော်ကြားမှုအရိပ်။
အစရှိတဲ့ အရိပ်အမျိုးမျိုးပေါ့။
ကျွန်တော်တော့ သာယာခဲ့ဖူးပြီးမှ
အဲဒီ အရိပ်တွေပေါ် မှီခိုတာများလာရင်
ကိုယ်ပိုင်အစွမ်းအစတွေ
ကိုယ်ပိုင်အလင်းရောင်တွေ
ပျောက်တတ်တယ်ဆိုတာကို သိလာတော့မှ
ဘယ်သူ့အရိပ်မှာမှ မသာယာမိဖို့
ဆင်ခြင်ပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ
လူရာဝင်ဖို့ စပြီးကြိုးစားဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုယ်ပိုင်အလင်းရောင်လေးနဲ့
လင်းနိုင်ဖို့ ကြိုးစားရင်း ရုန်းကန်ရင်း
လင်းလိုက် မှိန်လိုက်အမျိုးမျိုးတွေကို
ဖြတ်သန်းရင်းနဲ့ ...
အချိန်တစ်ခု ရောက်လာတော့လည်း
ဘယ်သူ့အရိပ်ကိုမှ အားကိုးစရာ
မလိုတော့ဘဲ ကိုယ်ပိုင်အလင်းလေး
မှိန်ပျပျလေးနဲ့ လူရာလေးနည်းနည်းတော့
ဝင်လာခဲ့တာပါ။
" တကယ်တမ်းက ကျွန်တော်က
ဘယ်သူ့ရဲ့ဘာပါလို့ မိတ်ဆက်ရတာထက်
ကျွန်တော် ကတော့ ဘယ်သူပါလို့
မိတ်ဆက်ရတဲ့ ဖီလင်က
ပိုပြီး မိုက်ပါတယ်။ "
ဒီစာကိုရေးတာကလည်း
အစွမ်းအစရှိရဲ့သားနဲ့
သူများအရိပ်အောက်မှာ နေရတာကို
သာယာမိနေတဲ့ တချို့ညီအကို
မောင်နှမတွေနဲ့
ကိုယ့်မှာ အစွမ်းအစရှိပေမယ့်
ဖြစ်မှ ဖြစ်ပမလားလို့ တွေးကြောက်မိရင်းနဲ့
လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို
မလုပ်ရဲတဲ့ သူတချို့အတွက်
အားပေးချင်လို့ရေးဖြစ်တာပါ။
ကိုယ်ပိုင်အလင်းနဲ့ လင်းရတဲ့ဖီလင်က
သူများအရိပ်ကြောင့်လူရာဝင်ရတဲ့
ဖီလင်ထက်အများကြီးပိုမိုက်တယ်ဆိုတာ
သိသလောက်လေး Sharing
ပြန်လုပ်ပေးလိုက်ပါတယ်။
Be your own light
brothers and sisters 💪
Sint Nyi
15.10.25
2 954
" သေးသေးက စ။ ဖြေးဖြေး သွား။
ကိုယ့်အလုပ်အပေါ်ပဲကိုယ် အာရုံထား ။ "
လုပ်ငန်းလေးတစ်ခု စလုပ်ခါနီးတုန်းက
ညီအကိုလိုခင်ရတဲ့ အကိုဆရာ
တစ်ယောက်ဆီမှာ အကြံဥာဏ်
တောင်းဖူးခဲ့တယ်။
သူက အရင်းအနှီး အရမ်းနည်းနေတဲ့
ကိုယ့်အနေအထားကို ကြည့်ပြီး
လိုက်နာရမယ့် အချက် (၃)ချက်
ပြောပြပေးခဲ့တယ်။
အဲဒီအချက်တွေက ကိုယ့်အတွက်တော့
အရမ်းအသုံးဝင်ခဲ့လို့
ကိုယ်လို အရင်းအနှီးနည်းနည်းနဲ့
လုပ်ငန်းသေးသေးလေး စချင်နေတဲ့
သူတွေအတွက် အကျိုးရှိမယ် ထင်လို့
ပြန်ပြီး ပြောပြပါရစေ။
ပထမချက်က -
✅ " သေးသေးလေးနဲ့ စတင်ပါ "
ကိုယ်က ရှိစုမဲ့စုလေးတွေ နဲ့
လုပ်ငန်း စမှာ ဆိုရင် သေးသေးလေးနဲ့
စတင်ပါတဲ့။
ဒါမှ တစ်ခုခု ချွတ်ချော်ခဲ့ရင်တောင်
ဆုံးရှုံးမှု မကြီးမားမှာတဲ့။
ဘယ်သူမှ ကိုယ့်လုပ်ငန်းကို
သေးသေးလေးလို့ ပြောတာ
မခံချင်ကြပေမယ့် အခု အောင်မြင်နေတဲ့
လုပ်ငန်းစုကြီးတွေကို ကြည့်လိုက်ရင်လည်း
အခန်းကျဥ်းကျဥ်းလေးတွေ အထဲမှာ
လူ နှစ်ယောက်၊ သုံးယောက်နဲ့
စပြီးလုပ်ကြည့်ကြရင်းနဲ့ International
ကုမ္ပဏီကြီးတွေ ဖြစ်လာကြတာပဲတဲ့။
You can always go big any time တဲ့။
မင်းလုပ်ငန်းက လည်ပတ်သွားပြီဆိုရင်
အချိန်မရွေး ဝုန်းကနဲ ထပြီး
ချဲ့လိုက်လို့ရပါတယ်တဲ့။
ဒါပေမယ့် သေးသေးကနေ စသွားပြီး
နည်းနည်းစီချဲ့သွားတာတော့
ပိုကောင်းတာပေါ့တဲ့။
ဒုတိယအချက်က -
✅ " Step by Step တစ်လှမ်းချင်းစီ
ဖြေးဖြေးသွား "
သေးသေးလေး နဲ့စ။
ပြီးရင် ဖြေးဖြေးသွားပါတဲ့။
အောင်မြင်ချင် လွန်းအားကြီးပြီး
မြန်မြန်တွေ ခြေလှမ်းကျဲ တာက
အလှမ်းမတော်ရင်
ချော်လဲကျ နိုင်တယ်တဲ့။
ကိုယ့်ရဲ့ ရောင်းအားကိုကြည့်။
Customer ရဲ့အသံက်ိုနားထောင်။
ကိုယ့်အားနည်းချက်တွေကို လေ့လာပြီးမှ
ပိုကောင်းအောင် ပြင်ဆင်ပါတဲ့။
အခြေခိုင်ပြီ ဆိုမှ ခပ်သွက်သွက်လေး
သွားလိုက်ပေါ့တဲ့။
တတိယအချက်ကတော့ -
✅ " လုပ်ငန်းတူ လုပ်လာတဲ့သူတွေအပေါ်
အာရုံမများနဲ့။ Copy မကူးနဲ့။ "
ကိုယ်က စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု
စလုပ်ရင်းနဲ့ အဆင်ပြေလာ
အောင်မြင်လာရင် ကိုယ့်အလုပ်ကို
အကုန် ကော်ပီကူးတဲ့လူတွေနဲ့
ဆိုင်တွေလည်း ပေါ်လာဦးမှာပဲ။
ဒါပေမယ့် မင်းလုပ်ငန်းကို ရေရှည်
အောင်မြင်ချင်ရင် အဲဒီလူတွေအပေါ်မှာ
အာရုံသိပ်မထားနဲ့တဲ့။
ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံး
ကိုယ်ဆက်လုပ်နေပါတဲ့။
လုပ်ငန်းတူ ပေါ်လာရင် အဲဒီပေါ်လာတဲ့
လုပ်ငန်းကို တိုက်ခိုက်ဖို့ပဲတွေးနေရင်
ကိုယ့်လုပ်ငန်း ရှေ့မရောက်တော့ဘဲ
တန့်သွားတတ်တယ်။
ဒီတော့ ကိုယ်က အခုမှစမယ့်
လုပ်ငန်းသေးသေးလေးဆိုရင်
အခြေခိုင်ဖို့ ကိုယ့်လုပ်ငန်းအပေါ် ကိုပဲ
ပိုပြီးအာရုံစိုက်ပါတဲ့။
လုပ်ငန်းက အရမ်းကြီးလာပြီ
အခြေခိုင်လာပြီ ငွေကြေးအင်အား
တောင့်တင်းလာပြီဆိုရင်
လုပ်ငန်းတူတွေရဲ့ ကုမ္ပဏီတွေကိုပါ
ဝယ်လိုက်လို့ရပါတယ်တဲ့။
ဥပမာ အရှေ့တောင်အာရှမှာဆိုရင်
Grab ကနေ Uber ကို ပြန်ဝယ်လိုက်တဲ့
ပုံစံမျိုးတွေပေါ့။
ပြီးရင် ကိုယ့် Customer တွေအပေါ်မှာ
ပိုပြီး ဂရုစိုက်တဲ့။
" သူများကို တိုက်ခိုက်တဲ့ လုပ်ငန်းတွေက
ရေရှည်မှာ ကျရှုံးတာများပြီး ၊
Customer တွေရဲ့ စကားသံကိုနားထောင်ပြီး
ကိုယ့်အလုပ်ကိုယ်ပဲ အကောင်းဆုံး
လုပ်သွားတဲ့ လုပ်ငန်းတွေက
ရေရှည်မှာ ပိုအောင်မြင်တယ်တဲ့။ "
သိပြီးသား စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ
အတွက်တော့ ဒီအချက်တွေကတော့
မှန်ချင်မှ မှန်ပါလိမ့်မယ်။
ဒါပေမယ့် အခုပြောသွားတဲ့ အချက်
(၃) ချက်စလုံး က ကျွန်တော့်အတွက်တော့
အရမ်းမှန်ကန်နေလို့ လုပ်ငန်းစမယ့်
ညီငယ် ညီမငယ်တွေအတွက်
သိသလောက်လေး ပြန်ပြီး Sharing
လုပ်ပေးလိုက်ပါတယ်။
သေးသေးက စ။
ဖြေးဖြေး သွား။
ကိုယ့်အလုပ်အပေါ်ပဲကိုယ်
အာရုံထား ။
Sint Nyi
3.10.24
Memory
2 954
ကိုယ်တွေလို ဘဝတူ ညီအကိုမောင်နှမ
တွေအတွက်ပြန်ပြီး Sharing
လုပ်ပေးလိုက်ပါတယ်။
Keep going Brothers & Sisters 💪
Sint Nyi
4.10.24
Memory
2 954
" ကိုယ့်မှာ Background မရှိရင်
ကိုယ်က Background ဖြစ်ဖို့
ကြိုးစားပေါ့။ "
ကျောထောက်နောက်ခံ ရှိတဲ့သူတွေရဲ့
ဘဝက အမြန်လမ်းပေါ်က
ကိုယ်ပိုင်ကားတွေနဲ့ ပုံသဏ္ဍာန်တူတယ်။
ကားထဲမှာလည်း ဆီက အပြည့်။
လက်ထဲမှာလည်း သုံးဖို့ငွေက
အလုံအလောက် နဲ့ ဆိုတော့ ..
လမ်းပေါ်ကို နည်းနည်းလေးပဲ
အာရုံစိုက်ပြ်ိီးမောင်းလိုက်တာနဲ့
သွားချင်တဲ့နေရာကို ခဏလေးနဲ့
ရောက်သွားနိုင်တယ်။
ကျောထောက်နောက်ခံ
မရှိတဲ့လူတွေရဲ့ဘဝကကျတော့
တောထဲကနေ ကတ္တရာလမ်းပေါ်
တက်မောင်းချင်တဲ့ ဆိုင်ကယ်အစုတ်လေးနဲ့
ပုံသဏ္ဍာန် တူတယ်။
ကတ္တရာလမ်းပေါ် ရောက်ဖို့အရေးကိုတောင်
လယ်ကွင်းတွေထဲ ဖြတ်မောင်းလိုက်၊
ကန်သင်းရိုးတွေပေါ် ဖြတ်မောင်းလိုက်၊
ဗွက်တောတွေထဲ ဖြတ်မောင်းလိုက်၊
ဘီးပေါက်သွားလို့ တွန်းလိုက်၊
ဆီပြတ်သွားလို့ တွန်းလိုက်နဲ့
ကတ္တရာ လမ်းပေါ်ရောက်ဖို့တောင်
မနည်း ကြိုးစားနေရတယ်။
အဲဒီလို ပင်ပင်ပန်းပန်း ကြိုးစားရင်းနဲ့
လမ်းကောင်းပေါ် ရောက်ပြန်တော့လည်း
သူများတွေလို ဝူးခနဲ့ချက်ချင်း
မောင်းလို့က မရသေးပြန်ဘူး။
လမ်းတလျောက် ဗွက်တွေထဲဖြတ်
လယ်ကွင်းတွေထဲ မောင်းထားလို့
ချိန်းကြိုးတွေထဲ ၊
ဘီးတွေ ကြားတွေထဲ
အထပ်လိုက်ဝင်နေတဲ့ ရွှံ့တွေကို
အချိန်ပေးပြီး သန့်ရှင်းရေး
လုပ်ရပြန်ရော။
မလုပ်ရင် အဲဒီဗွက်တွေ
ရွှံ့တွေကြောင့် ကောင်းကောင်းလည်း
မောင်းရဦးမှာ မဟုတ်ပြန်ဘူး။
အဲဒါတွေကိုအချိန်ပေးပြီး
သန့်ရှင်းရေးလုပ်၊
ဆီလေးထပ်ရှာ ဝယ်ထည့် ပြီးတော့မှ
လမ်းအကောင်းပေါ်မှာ
စပြ်ိီးမောင်းရကြတာပါ။
ဒါက်ို ဆိုင်ကယ်အစုတ်စီးပြီး
တိုင်ပတ်ဖူးတဲ့သူတွေပဲသိတယ်။
ကျောထောက်နောက်ခံ ရှိတဲ့လူတွေနဲ့
မရှိတဲ့လူတွေရဲ့ ဘဝလည်း အဲဒီကားနဲ့
ဆိုင်ကယ်အစုတ်လေးလိုပဲ
အများကြီး ကွာခြားပါတယ်။
ကားနဲ့လူအတွက် လွယ်ကူတဲ့ သာမန်
ကိစ္စလေးတွေက ဆိုင်ကယ်အစုတ်နဲ့လူ
အတွက်တော့ ကြီးမားတဲ့ ပြဿနာတွေ
ဖြစ်နေတာပေါ့။
ဒါပေမယ့် အဲဒီလို ဖြစ်တည်မှုတွေ
ကွာခြားနေလို့ ဆိုင်ကယ်နဲ့လူက
သူသွားချင်တဲ့ လိုရာခရီးကို
မရောက်နိုင်တော့တာလည်း
မဟုတ်ပြန်ဘူး။
ဇွဲ မလျော့ရင် ရောက်နိုင်ပါတယ်။
အရှံးမပေးချင်တဲ့စိတ် ရှိနေရင်
လိုရာခရီးကို ရောက်နိုင်ပါတယ်။
အချိန်တစ်ခုတော့ လိုတယ်ဆိုတာကို
ပြောပြချင်တာ။
လိုရာခရီးကို ကားနဲ့သွားလို့ မြန်မြန်
ရောက်တာမှန်ပေမယ့် ဆိုင်ကယ်
အစုတ်နဲ့သွားလည်း အချိန်တန်ရင်
ရောက်မှာပါပဲ။
လိုရာခရီးကို ကားနဲ့သွားနေတဲ့လူတွေကို
ကြည့်ပြီး ငါ့မှာသူတို့လို
ကားမှ မရှိတာဆိုပြီး ...
စိတ်ဓာတ်တွေကျပြီး ဗွက်တောထဲမှာ
ရပ်နေရင်တော့ ဘယ်ကိုမှ ရောက်လိုက်မှာ
မဟုတ်ပါဘူး။
သူများတွေလို ကားမရှိတာက
ကိုယ့်အပြစ်လည်းမဟုတ်သလို
ကိုယ့်မိဘတွေရဲ့အပြစ်လည်း
မဟုတ်ပြန်ဘူး။
ကိုယ့်မှာ ကားမရှိလို့ ဆိုပြီး
ကားရှိနေတဲ့လူတွေ ကို မနာလိုဖြစ်ဖို့
မလိုသလို မုန်းဖို့လည်း
မလိုအပ်ဘူး။
သူ့ဘဝက သူ။
ကိုယ့်ဘဝက ကိုယ်။
ငါတို့မိသားစုကျတော့ သူတို့မိသားစုလို
ဘာလို့ မချမ်းသာတာလဲဆိုပြီး
လိုက်စဥ်းစားမနေနဲ့။
ဘဝပေးတွေ မတူကြဘူး။
အကောင်းဆုံးက ကိုယ်လုပ်စရာရှိတာကို
ရှိတာလေးနဲ့ ဖြစ်အောင်လုပ်ဖို့ပဲ။
ဆိုင်ကယ် မှောက်ရင် ကိုယ့်ဟာကိုပြန်ထူ။
ပျက်ရင် ကိုယ့်ဟာကို ပြင်။
ဆီပြတ်ရင် ကိုယ့်ဟာကိုတွန်း။
Drama တွေ မခင်းနဲ့။
ဘယ်သူမှ လာကူညီတာ မစောင့်နဲ့။
အမြင်မတော်လို့ လာကူညီရင်တောင်
ကူညီမယ့်လူက တစ်ဘဝလုံးစာ
အမြဲတမ်း မကူညီနိုင်ဘူး။
မင်းမှာ ကျောထောက်နောက်ခံ
မရှိဘူးဆိုရင် You are on your own ပဲ
လို့သာ မှတ်ထားပါ။
ဒီတော့ ...
ကိုယ့်ကိုယ်ကို ရပ်တည်တတ်အောင်
လေ့ကျင့်ပါ။
ကိုယ့်ကိုကူညီနိုင်တာ
ကိုယ်ပဲရှိတယ်ဆိုတဲ့ စိတ်ကိုမွေးပါ။
လောကကြီးမှာရှိတဲ့ လူတွေရဲ့ ၇၀%
လောက်ကလည်း ကိုယ်တွေလို
ကျောထောက်နောက်ခံ မရှိကြတဲ့လူတွေက
ပိုများပါတယ်။
အဲဒီလို လူတွေအများကြီးထဲမှာမှ
ကိုယ့်အား ကိုယ်ကိုးပြီး
ကိုယ်သွားစရာရှိတဲ့ လမ်းကို
တစိုက်မတ်မတ် သွားနေကြတဲ့
လူတွေက လိုရာပန်းတိုင် ရောက်ကြတာပါပဲ။
ကျောထောက်နောက်ခံ မရှိတဲ့
လူတွေဘဝက သူများတွေထက်
အဆပေါင်းများစွာ ပိုပင်ပန်းပါမယ်။
ခက်ခဲ ပါမယ်။
ဆင်းရဲ ပါမယ်။
ဒုက္ခတွေလည်း ခဏခဏ
တွေ့ပါလိမ့်မယ်။
ဒါတွေက ကိုယ်တစ်ယောက်ထဲ
ကြုံနေရတာမဟုတ်ဘူး။
ငွေမရှိတဲ့ လူတိုင်းကြုံနေရတဲ့
အခက်အခဲတွေပါ။
အဆင်ပြေနေတဲ့ လူအနည်းစုကိုကြည့်ပြီး
ငါတစ်ယောက်ထဲ ကွက်ပြီး
ဒုက္ခရောက်နေတယ်မထင်နဲ့။
လူတိုင်းမှာက ကိုယ့်ပြဿနာနဲ့ကိုယ်။
ထုတ်ပြောတာနဲ့ မပြောကြတာပဲရှိတာ။
အဆင်ပြေအောင် နေနေကြရတာ။
အဲဒီလို နေ့စဥ်ကြုံနေရတဲ့ ပြဿနာတွေကို
ကြံ့ကြံံခံ့ပြီး လိုရာ ခရီးရောက်အောင်
သွားနိုင်တဲ့လူတွေပဲ ဒုက္ခဆင်းရဲတွင်းက
လွတ်ကြတာ။
လွတ်ပြီဟေ့ ဆိုရင်လည်း
ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူး။
ကိုယ့်မိသားစုတွေကော
ကိုယ့်မျိုးဆက်တွေကော
အကုန်လွတ်ကြတာ မလို့
အခု အပင်ပန်းခံစေချင်တာ။
" မင်းမှာ Background မရှိရင်
မင်းက Background ဖြစ်ဖို့
ကြိုးစားပေါ့။ ရှင်းရှင်းလေးပဲ။ "
ကျောထောက်နောက်ခံမရှိလို့
စိတ်ပင်ပန်းဆင်းရဲရတဲ့ ဒဏ်တွေကို
ကိုယ့်မျိုးဆက်တွေ သားသမီးတွေကိုပါ
မခံစားစေချင်ရင် ကိုယ်ဘက်က
ပိုကြိုးစားပါ။
ရပ်မနေတဲ့လူတွေအတွက်
ပန်းတိုင်ဆိုတာ ဝေးနေရင်တောင်
ရှိနေပါသေးတယ် ဆိုတာကို
ကျောထောက်နောက်ခံ မရှိတဲ့
2 954
" စိတ်ကိုနိုင်တဲ့လူက
အရာရာကို နိုင်ပါတယ် "
အရင်ကထက် အလုပ်တွေ
အဆင်ပြေနေတာကို မြင်တော့
မန်နေဂျာလေး က
" အကို့အနေ အထားကြ်ီးနဲ့
ဘာလို့ ဒီကားလေး စီးနေတာလဲ။
ဒီထက်ကောင်းတဲ့ကားတွေ
စီးသင့်နေပြီ" လို့ ပြောလာလို့ ...
" စီးနိုင်တိုင်း မစီးတာ ပညာပဲညီလေး"
လို့ ပြန်ပြောဖြစ်ခဲ့တယ်။
ကုန်ပစ္စည်းတစ်ခုကို မဝယ်နိုင်လို့
မဝယ်တာက ပညာ မဟုတ်ပေမယ့်၊
ဝယ်နိုင်ရဲ့သားနဲ့ မဝယ်တာကသာ
ပညာပါ။
ကိုယ့်ဘဏ်အကောင့်ထဲမှာ
သိန်းဆယ် ဂဏန်းရှိနေတဲ့အချိန်
နောက်ဆုံးပေါ်ဖုန်း မဝယ်မိအောင်
ထိန်းဖို့ထက်
ဘဏ်အကောင့်ထဲမှာ သိန်းထောင်ဂဏန်း
ရှိနေတဲ့အချိန် မဝယ်မိအောင်
ထိန်းဖို့က ပိုခက်ပါတယ်။
မဝယ်နိုင်လို့ မဝယ်တာထက်
ဝယ်နိုင်ရဲ့သားနဲ့ ဒါကငါ့အတွက်
တကယ် လိုအပ်လား၊ မလိုအပ်ဘူးလား။
သေချာ စဥ်းစားချင့်ချိန်တတ်ဖို့လည်း
လိုပါတယ်။
ဒါကြောင့်လည်း ငွေရှာရတာထက်
ရှာထားတဲ့ငွေကို ထိန်းသိမ်းရတာ
ပိုခက်တယ်လို့ အမြဲပြောဖြစ်နေတာ။
ကိုယ်လည်း အရမ်းရင့်ကျက်လွန်းလို့
ဒါတွေပြောနေတာ မဟုတ်ပါဘူး။
အကောင့်ထဲမှာ သိန်းရာဂဏန်းလေး
ရှိလာပြီဆိုရင် ကိုယ်ပိုင်အိမ်တောင်
မရှိသေးဘဲနဲ့ ၊
ကားမော်ဒယ်အမြင့်လေး စီးချင်
ဖုန်းအသစ်ထွက်တိုင်း ကိုင်ချင်
ပြည်ပ ခရီးစဥ်လေးသွားချင်တွေ
လုပ်ခဲ့ရင်း ခွေးဖြစ်ဖူးလို့
ကိုယ့်လိုမဖြစ်စေချင်လို့
ပြန်သတိပေးတာပါ။
ကိုယ့်ဘဝမှာ ဘယ်အရာက
ပိုအရေးကြီးလဲဆိုတာကို
ကိုယ်တိုင် သိစေချင်တာ။
အဓိက နဲ့ သာမညကို
ကွဲစေချင်တာ။
ငွေရေးကြေးရေး တစ်သက်တာ
စိတ်မပူရတော့တဲ့လူတွေအတွက်
ကားထည်လဲ စီးတာ
ဖုန်းထည်လဲ ဝယ်တာ
ကိစ္စမရှိပေမယ့် ၊
ပုံမှန်ဝင်ငွေ ၊ ကိုယ်ပိုင်အိမ်၊
ကိုယ်ပိုင်ကား၊ မိသားစု
ကျန်းမာရေးအတွက် အရေးပေါ်ငွေ၊
အလုပ်မလုပ်ချင်လို့ အိပ်နေရင်တောင်
ငွေဝင်နေမယ့် Investment မျိုးတွေ
မရှိထားသေးရင် စိတ်ကို ထိန်းစေချင်တာပါ။
ဝယ်နိုင်တိုင်း ဝယ်လိုက်တာ
ပညာ မဟုတ်ဘူး။
ဝယ်နိုင်ရဲ့နဲ့ လိုအပ်လား မလိုအပ်ဘူးလား
သေချာစဥ်းစားချင့်ချိန်တတ်တာကသာ
ပညာပါ။
ဒီလိုပြောလို့ ရှာသမျှအကုန်လုံး
မစားရက် မသောက်ရက်နဲ့
ခြစ်ကုတ်ပြီး စုရမယ်။ အငတ်ခံရမယ်
ပြောချင်တာမဟုတ်ဘူး။
ကိုယ့် Level လေးနဲ့ကိုယ်နေပြီး
ကိုယ့်ဘဝကိုယ်သိဖို့ ပြောချင်တာ။
လိုအပ်တဲ့အရာအတွက် သုံးပြီး
မလိုအပ်တဲ့အရာအတွက်
မသုံးဖို့ သတိပေးချင်တာ။
" မလိုအပ်တာတွေ ဝယ်တာများရင်
လိုအပ်နေတဲ့ အရာတွေပါ
ထုတ်ရောင်းရတတ်တယ်" ဆိုတာကို
မမေ့ပါနဲ့။
ကျွန်တော်တို့တွေ အများစုက
ငွေရှာနိုင်ပေမယ့် ငွေကို မစီမံ
မခန့်ခွဲတတ်လို့ ပြဿနာတက်နေကြတာပါ။
ငွေဘယ်လောက်ပဲရှာနိုင် ရှာနိုင်
မစီမံမခန့်ခွဲတတ်ရင် ပြန်ကုန်တာပါပဲ။
ငွေကို စီမံခန့်ခွဲတတ်ဖို့ကလည်း
ဘာသင်တန်း ညာသင်တန်းတွေ
လျောက်တက်နေတာထက်
ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့
လေ့ကျင့်တာသည်သာ အကောင်းဆုံးပါ။
စိတ်မနိုင်ဘဲနဲ့ ဘာသင်တန်းတက်တက်
ဘယ်ဆရာဆီမှာ တပည့်ခံခံ
ဘာမှမထူးပါဘူး။
စိတ်ကို နိုင်ဖို့ အရင်လေ့ကျင့်ပါ။
စိတ်ကိုနိုင်တဲ့ လူက အရာရာကို
နိုင်ပါတယ်။
ဘဏ်အကောင့်ထဲမှာ ရှိတဲ့
သိန်း ဆယ်ဂဏန်းကို ပိုတိုးပွါးလာဖို့
စီမံခန့်ခွဲ နိုင်ဖို့ ကြိုးစားပါ။
ဆယ်ဂဏန်းကို စီမံခန့်ခွဲတတ်သွားရင်
ရာဂဏန်း Level ကိုရောက်လာမယ်။
ရာဂဏန်းကို စီမံခန့်ခွဲတတ်သွားရင်
ထောင်ဂဏန်း Level ကိုရောက်လာမယ်။
ထောင်ဂဏန်း Level ကိုစီမံခန့်ခွဲတတ်သွားရင်
သိန်းသောင်းဂဏန်း Level ကို
ရောက်လာမယ်။
အခု ဘဏ်အကောင့်ထဲမှာ
ဆယ်ဂဏန်းပဲရှိသေးလို့ မထူးပါဘူး
ဒါလေးပဲ ဝယ်လိုက်တော့မယ်။
ပြီးမှ အစက ပြန်စုမယ် ဆိုတဲ့စိတ်
ရှိနေရင် သေချာ ပြန်ထိန်းပါ။
Level တစ်ခုရောက်ဖို့
သုညက စရတာထက် ဆယ်ဂဏန်းက
စရတာပိုလွယ်ကူပါတယ်။
ငွေရှာရတာ တစ်နေ့ထက်တစ်နေ့
ပိုခက်ခဲနေတဲ့ခေတ်ကြီးမှာ
မလိုအပ်တာတွေ မဝယ်မိဖို့။
ပတ်ဝန်းကျင်မှာ သုံးပြနေတာတွေကို
အားမကျမိဖို့။ ကိုယ့်ဘဝကိုယ်သိဖို့။
ဒီစာလေးနဲ့ သတိပေးချင်တာပါ။
Sint Nyi
23.9.25
2 954
မွဲသာ မမွဲမိခဲ့ရင်
အရင်က အကျင့်ဆိုးတွေကြောင့်
အခုလို အဆင်ပြေနေတဲ့ ဘဝကို
ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
ဒီတော့ သဘာဝဘေးအန္တရာယ်ကြောင့်ပဲ
ယာယီ ဆင်းရဲဆင်းရဲ၊
ကိုယ့် အပြစ်ကြောင့်ပဲ
ယာယီ ဆင်းရဲဆင်းရဲ၊
သူတပါး အပြစ်ကြောင့်ပဲ
ယာယီဆင်းရဲသွားပါစေ ...
အရာရာက ပိုကောင်းဖို့
ဖြစ်လာတာ ...
ဒီအဖြစ်ဆိုးတွေကြောင့်သာ
ငါကပိုပြီး သန်မာလာတာ ...
ဒီအဖြစ်ဆိုးတွေကြောင့်သာ
အရင်ထက် အဆပေါင်းများစွာ
သာတဲ့ဘဝကို ငါရလာတော့မှာ
ဆိုတဲ့စိတ်ကို မွေးပါ။
" ကိုယ့်ကိုယ်ကို ချစ်ပါ။
ကိုယ့်ကိုယ်ကို မပျက်စီးအောင်နေပါ။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။
ငွေရေးကြေးရေး ကတိတည်ပါ။
အပူစာရှောင်ပြီး သမ္မာအာဇီဝအလုပ်
အကုန် လုပ်ပါ။
ကိုယ်ချင်းစာတရား ထားပါ။
သူတပါးကို တတ်နိုင်တာကူညီပါ။ "
ကျွန်တော်တော့ မွဲနေတဲ့ကာလအတွင်း
အရာရာ ကောင်းဖို့ဖြစ်လာတာဆိုတဲ့
စိတ်ကို ခေါင်းထဲရိုက်ထည့်ပြီး ၊
လုပ်န်ိုင်သလောက် လုပ်ရင်းနဲ့
အရင်ဆုံးရှုံးခဲ့တာတွေထက်
ဆယ်ဆမကကို ပြန်ရှာနိုင်ခဲ့ပါတယ်။
ဒီလိုပြန်ရှာနိုင်တာကလည်း
သူများထက်တော်နေလို့ တတ်နေလို့
လူကောင်းသူကောင်းဖြစ်နေလို့
ပြန်ရှာနိုင်ခဲ့တာမဟုတ်ပါဘူး။
ထိုင်ပြီးစိတ်ညစ်နေလို့လည်း
ဘာမှမထူးမယ့်အတူတူ
အရာရာကောင်းဖို့ဖြစ်လာတာပဲ
ဆိုတဲ့ စိတ်လေးနဲ့ နိုင်သလောက်လေး
လုပ်ရင်းနဲ့ ပြန်အဆင်ပြေလာတာပါ။
ကျွန်တော့လို ဘာမှမဟုတ်တဲ့လူတောင်
သုညမက အနှုတ်ပြနေတဲ့
ရေဘေးဒုက္ခသည်ဘဝကနေ
ပြန်ပြီးအဆင်ပြေလာခဲ့တာ၊
မိတ်ဆွေတို့လည်း
မဖြစ်လာနိုင်စရာ မရှိပါဘူး။
မဖြစ်လာသေးတာပဲရှိတာပါ။
လူတိုင်းမှာ သူ့အချိန်နဲ့သူရှိတယ်။
အခုကျွန်တော့အချိန်ရောက်လို့
ကျွန်တော်ကစောပြီး အဆင်ပြေလာသလို
မိတ်ဆွေရဲ့အချိန်ရောက်ရင်လည်း
မိတ်ဆွေ ပြန်အဆင်ပြေလာမှာဆိုတာ
ကျွန်တော် ယုံကြည်ပါတယ်။
ဒီခရီးက ကျွန်တော် လျှောက်ခဲ့ဖူးတဲ့
လမ်းမလို့ ဆောင်ရန်ရှောင်ရန်
လေးတွေကို သိသလောက်လေး
Guideline ပြန်လုပ်ပေးတာပါ။
ကျွန်တော်ပြောနေကျစကားတစ်ခွန်း
ရှိတယ်။
" စိတ်ကို နိုင်အောင်လုပ်။
စိတ်ကိုနိုင်တဲ့လူက အရာအားလုံးကို
နိုင်တယ် " ဆိုတဲ့ အတိုင်း ..
မိမိစိတ်ကို အမြဲတမ်း
အကောင်းဘက်ကတွေးနိုင်ဖို့ ကြိုးစားပြီး
ဘဝကို အစကပြန်ကြိုးစားဖို့
ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ပြန်ပြီး
အားပေးလိုက်ပါတယ်။
ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အခါ
ဆက်ပြီးသန်မာဖို့ကိုပဲ ရွေးချယ်ပါ
ညီအကိုမောင်နှမတို့။
Sint Nyi
18.9.25
2 954
" ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အခါ
ဆက်ပြီးသန်မာဖို့ကိုပဲ ရွေးချယ်ပါ "
ဘဝမှာ ကိုယ့်အပြစ်ကြောင့် မဟုတ်ပဲ
ဆင်းရဲမွဲတေ သွားတာမျိုးတွေဆိုတာ
ကြုံလာရတတ်ပါတယ်။
တချို့က သဘာဝဘေး
အန္တရာယ်ကြောင့် ...
တချို့က မိသားစုဝင်
တစ်ဦးဦးရဲ့ အမှားကြောင့် ...
တချို့က ကျန်းမာရေးကြောင့် ..
အမျိုးမျိုးပေါ့။
ကိုယ်တိုင်လည်း
အဲဒီလို အဖြစ်မျိုးကြုံခဲ့ရဖူးတော့
အဲဒီခံစားချက်ကို ကောင်းကောင်း
နားလည်ပါတယ်။
အသုံးနဲ့အဖြုန်းကို မချင့်ချိန်တတ်လို့
ယိုင်နဲ့နဲ့ ဖြစ်နေချိန်မှာ
သဘာဝဘေးနဲ့ ကြုံတော့
ကုန်းကောက်စရာ မရှိအောင်ကို
မွဲခဲ့ဖူးပါတယ်။
ကိုယ်မွဲတာကတော့
ကိုယ်အသုံးမကျလို့က များများ
ရေဘေးကြောင့်က နည်းနည်းဆိုတော့
ခံသာသေးပေမယ့် ...
ဘာအမှားမှလည်း မလုပ်ထားမိဘဲ
စစ်ဘေး၊ မီးဘေး၊ ရေဘေး၊
ငလျင်ဘေးတွေကြောင့်
ရှိသမျှအရာအားလုံး
ဆုံးရှုံးသွားရတဲ့ လူတွေဆို
ပိုလို့တောင် ခံရခက်ကြမှာပါ။
" ငါတို့ဘာများ မှားသွားလို့လဲ။"
" ငါတို့ အရင်ဘဝက သူများကို
ဘာလုပ်ခဲ့မိလို့လဲ။"
" ငါတို့ဒီလောက် ကောင်းအောင်
နေထိုင်နေတာတောင် ဘာလို့
ဒီလိုအဖြစ်ဆိုးမျိုး ကြုံရတာလဲ "
အစရှိတဲ့ မေးခွန်းတွေ ပြန်မေးမိကြမှာပဲ။
ကိုယ့်တုန်းကလည်း " ငါဘာအပြစ်
လုပ်မိလို့ ငါ့မှာရှိတာတွေ အကုန်
ရေထဲပါသွားတာလဲ " လို့ ခဏခဏ
ပြန်မေးမိပြီး ကိုယ့်ကိုယ်ကို
ခဏခဏ အပြစ်တင်မိတယ်။
" ငါက မရှိသင့်တဲ့နေရာမှာ
ရှိနေမိလို့ အခုလိုကြုံရတာလား။"
" ငါ့ဘဝကို ဘယ်လိုပြန်စရမလဲ "
စတဲ့မေးခွန်းပေါင်းများစွာနဲ့ ..
အိပ်မပျော်ခဲ့ရတဲ့ညတွေ
များခဲ့ဖူးပါတယ်။
ကိုယ့်တုန်းက ရေကြီးလို့
ပါသွားတာပိုင်ဆိုင်မှု အကုန်နီးနီး
ဖြစ်တဲ့အပြင် သူများဆီက
ချေးထားတာတွေပါ ပါသွားတာဆိုတော့
မွဲရုံတင်မကဘူး အကြွေးပါ
တင်ပြီး ကျန်ခဲ့တာ။
ဒီကြားထဲ တရားစွဲခံရတဲ့
အမှုက (၂) မှု။
ဘဝက တော်တော်ကြီးကို
စုတ်ပျက်သတ်သွားခဲ့တာ။
ဒီတော့ နေ့တိုင်း ပြန်စဥ်းစားမိတယ်။
" ငါ့ကျမှ ဘာလို့ ဒါမျိုးတွေ
ကြုံရတာလဲ "
" ငါ့မှာ ဘာအပြစ်ရှိလို့လဲ"
အမျိုးမျိုးတွေးပေမယ့် အဖြေမရ
ခဲ့ပါဘူး။
စိတ်က ဘယ်အချိန်မှ ပြန်အဆင်ပြေလဲ
ဆိုတော့ " ဘာကြောင့်ဖြစ်ဖြစ်
ထားလိုက်တော့ "
" အဖြေရှာမရတာကြီးကို
ထိုင်စဥ်းစားပြီး ထိုင်စိတ်ညစ်နေလို့လည်း
ဆုံးရှုံးသွားတာ တွေ
ပြန်ရလာမှာမှ မဟုတ်တာ။ "
Everything happens for a reason
ဆိုတဲ့ စကားအတိုင်း တစ်နေ့နေ့
သူ့ဟာနဲ့သူ ပြန်သိလာရမှာပဲ။
ဒီတော့ ငါလည်း လုပ်စရာရှိတာ
ဆက်လုပ်နေမှ ဖြစ်မယ်လို့
တွေးမိရင်းနဲ့ ကိုယ်ကိုယ်ကို
အားတင်းပြီး ရှေ့ဆက်ဖြစ်ခဲ့တာပါ။
" ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အခါ
ဆက်ပြီးသန်မာဖို့ကိုပဲ ရွေးချယ်ပါ "
ဆိုတဲ့ ကျွန်တော့ ဆောင်ပုဒ်အတိုင်း
တခြားရွေးစရာလည်း လမ်းမရှိတော့
ဆက်ပြီးပဲ သန်မာရတော့တာပေါ့။
ရှိသမျှအကုန် ဆုံးရှုံးသွားတဲ့
အချိန်မှာ ဘဝကို ပြန်စဖို့
အရင်ဆုံးလိုအပ်တဲ့ အရာက
" စိတ်ဓာတ်ပါ။"
အရင်ကလည်း ငါသုညက
စခဲ့ပြီး သုညဘဝ ပြန်ရောက်သွားခဲ့တာ။
အခုလည်း သုညကပြန်စမယ်
အရင်ထက် သာတဲ့ Level
ရောက်တဲ့အထိ ငါပြန်ကြိုးစားမယ်ဆိုတဲ့
ခိုင်မာတဲ့စိတ်ကလေးတော့
လိုအပ်ပါတယ်။
ဖြစ်လာသမျှကို " ငါမကောင်းလို့"
" အတိတ်ဘဝက ဘာလုပ်မိလို့ "
ဆိုပြီး ကိုယ့်ကိုယ်ကို
အပြစ်တင်နေတာထက်
" အရာအားလုံးက ကောင်းဖို့
ဖြစ်လာတာ။ ငါဒီထက်ကောင်းတဲ့
ဘဝကို ရဖို့ ဒါတွေ ကြုံခဲ့ရတယ် "
ဆိုတဲ့ Mindset ကို ရအောင်မွေးပါ။
ဘဝ ပြန်တည်ဆောက်ရမယ့်
ကာလက ခဏလေး မဟုတ်ပါဘူး။
နှစ်နဲ့ချီကြာမှာမလို့ စိတ်ဓာတ်ကို
အထူးသန်မာအောင် ထားနိုင်ဖို့
လိုပါတယ်။
ကျွန်တော် အမြဲပြောနေကျစကားလိုပဲ
ဘဝမှာ အမှောင်ဆုံးအချိန်
ရောက်ခဲ့ပြီးပြီဆိုရင် ဒီထက်
ပိုမှောင်လာစရာ မရှိတော့ပါဘူး။
ရှေ့လျှောက် ဒီထက်ပိုပြီး
လင်းလာဖို့ပဲ ရှိတော့မှာပါ။
ကျွန်တော် ကိုယ်တွေ့အတွေ့အကြုံ
အရတော့ လုံးဝ မွဲပြာကျသွားတဲ့
ဘဝကနေ သန့်ရှင်းတဲ့ဝင်ငွေနဲ့
အရင်ထက် အဆပေါင်းများစွာ
မြင့်မားတဲ့ ဘဝကို ပြန်ရနိုင်တာတော့
ကိုယ်တွေ့ပါ။
( ငွေကိုဘယ်လိုလုပ်ငန်းတွေနဲ့
ပြန်ရှာခဲ့လဲဆိုတဲ့အကြောင်း
အသေးစိတ်ကို သဘက်ခါထွက်မယ့်
TRUST စာအုပ်ထဲမှာ ရေးပေးထားလို့
ကြုံကြိုက်ရင် ဝယ်ဖတ်ကြည့်ဖို့
တိုက်တွန်းချင်ပါတယ်)
မွဲမှာကို မကြောက်ပါနဲ့။
မွဲသွားတဲ့ အချိန်မှာမှ ဘယ်သူက
အပေါင်းအသင်းကောင်း
မိတ်ဆွေကောင်းဆိုတာ သိလာရတာ။
မွဲသွားတဲ့ အချိန်မှာမှ
ငွေကို စိစစ်ပြီး
သုံးတတ်လာတာ။
မွဲသွားတဲ့ အချိန်မှာမှ အောက်ခြေ
လူတန်းစားတွေရဲ့ ဘဝတွေကို
ကိုယ်ချင်းစာတတ်လာတာ။
မွဲသွားတဲ့ အချိန်မှာမှ
မိုးရွာတုန်း ရေခံရတယ်ဆိုတာကို
နားလည်လာတာ။
" လူတိုင်းရဲ့ဘဝမှာ ခဏတာ
မွဲတဲ့အချိန်ဆိုတာ ကြုံရတတ်ပါတယ်။ "
အဲဒီ ခဏတာကာလလေးဆ်ိုတာကလည်း
လူတစ်ယောက်ကို လောကကြီးက
အောက်သက်ကြေဖို့
ပြုပြင်ပေးတဲ့ အကောင်းဆုံး
ကာလလေးပဲ။
အဲဒီကာလလေးမှာ သေသေချာချာ
ဘဝအကြောင်းကို သင်ယူပြီး
အမူအကျငိ့ဆိုးတွေကို ပြင်လိုက်နိုင်တဲ့လူ
အများစုက မွဲတာမရှည်တော့ဘဲ
အရင်ထက်သာတဲ့ ဘဝကို
ခဏလေးနဲ့ ပြန်ရတတ်ပါတယ်။
ကျွန်တော်လည်း ခဏတာမွဲဖူးတဲ့
အဲဒီကာလလေးမှာမှ ငွေသုံးကြမ်းတဲ့
အကျင့်တွေ၊
လက်ဖွာတတ်တဲ့ အကျင့်တွေ၊
ကတိမတည်တဲ့ လုပ်ရပ်တွေ၊
လိမ်ညာပြောတတ်တဲ့ အကျင့်တွေ
အားလုံးကို ပြုပြင်နိုင်ခဲ့တာပါ။
2 954
" ကိုယ့်ဘဝ ကိုယ်သိပါ "
ဘော်ဒါတွေအထဲမှာ ငယ်ငယ်ကတည်းက
အရက်မသောက် ၊ ဆေးလိပ်မသောက်၊ ဆေးလည်း မချတဲ့ ဘော်ဒါ တစ်ယောက်ရှိတယ်။
သူ့ဘော်ဒါတွေ အရက်သောက်ပြီဆိုရင်
အအေးသောက်လိုက် ရေသောက်လိုက်နဲ့
အတူတူလိုက်ထိုင်ပေးတယ်။
ဘော်ဒါထဲက တချို့ကောင်တွေ
ကလပ်သွားပြီ ၊ ဆေးချပြီဆိုရင်
အကြောင်းအမျိုးမျိုးပြပြီး
မလိုက်တော့ဘူး။ အတင်းခေါ်ကာမှ
ဆယ်ခါမှာ တစ်ခါလောက်ပဲ
အတူတူ လိုက်ပေးတတ်တယ်။
ဘော်ဒါတွေ လောင်းကစား
လုပ်တာတို့ ဖဲရိုက်တာတို့လုပ်ရင်လည်း
ဘေးကနေ လိုက်ထိုင်ပေးပေမယ့်
သူဘယ်တော့မှဝင်မဆော့ဘူး။
ဘော်ဒါတွေကလည်း
အစပိုင်းတော့ အတူတူလုပ်ဖို့
ပြောကြပေမယ့် ဘယ်လိုပြောပြော
ဘာမှကို လိုက်မလုပ်တဲ့သူဆိုတော့
နောက်ပိုင်းကျတော့ လုပ်ဖို့
မတိုက်တွန်း ကြတော့ဘူး။
ငယ်ငယ်တုန်းကတည်း
မင်းဘာလို့ ဒါတွေမလုပ်တာလဲ
မေးရင် ငါမလုပ်ချင်လို့လို့ ပဲ
အမြဲဖြေတတ်တဲ့ကောင်။
ဒိကောင်ကအလုပ်လုပ်တဲ့နေရာမှာလည်း
စေ့စပ်သေချာတဲ့သူဆိုတော့
အလုပ်ကိစ္စ တိုင်ပင်စရာရှိလို့
သူနဲ့ သွားတိုင်ပင်ရင်းနဲ့ ပြန်မရနိုင်တော့တဲ့
ငယ်ဘဝတုန်းက အကြောင်းတွေ
ပြန်ပြောကြတော့မှ ..
သူ့ရဲ့ ခံယူချက်အမှန်ကို
ထုတ်ပြောလာတာ။
" မင်းတို့တွေ သောက်ကြ၊ စားကြ
မူးနေကြတဲ့အချိန် ငါလည်း
သောက်ချင်၊ စားချင် ၊ မူးချင်
ပျော်ချင်တာပေါ့ သူငယ်ချင်းရာ " တဲ့။
" ဒါပေမယ့် ငါ့ဘဝက မင်းတို့လို
မဟုတ်ဘူး။ ငါတို့မိသားစုအထဲမှာက
အရက်သောက်တဲ့သူ၊ ဆေးချတဲ့သူ
ရှိပြီးသား။
အဖေနဲ့အမေဝင်ငွေကလည်း
သူတို့ကုန်ကျစရိတ်တွေ ဆေးဖိုးတွေနဲ့တင်
တစ်လ တစ်လ မလောက်တဲ့အပြင်
သူများဆီကပါချေးနေရတာ။
ဒီကြားထဲ မိသားစုဝင်တစ်ယောက်က
ဆေးမှုနဲ့ ထောင်ကျလိုက်သေးတော့
ပိုပြီး ကြပ်တည်းတာပေါ့။
တစ်လ တစ်လ အိမ်စရိတ်နဲ့
ထောင်ဝင်စာတွေ့ရတဲ့စရိတ်တွေက
ဝင်ငွေထက်များနေတော့
အရမ်းစိတ်ညစ်ခဲ့ရလို့ အဲဒီ
အရက်တို့ ၊ ဆေးတို့ကို
ငါမလုပ်ခဲ့တာပါ " တဲ့။
" ငါလည်း လူငယ်ပဲကို။
မင်းတို့နဲ့ စိတ်တူကိုယ် သောက်စား
ပျော်ပါး ချင်တာပေါ့။
ဒါပေမယ့် အဲဒီပျော်ပါးမှုတွေက
လူတချို့အတွက် ဘာမှမဟုတ်ပေမယ့်
မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင်
ဆိုတဲ့အတွေးတွေကြောင့်
ငါ့စိတ်ငါနိုင်အောင်ထိန်းနေတာ " တဲ့။
" ငါ့ ဘဝကြီးက သူများတွေလို
ခဲဖျက်ကြီးကြီး မရှိတော့
ခဏခဏ မှားခွင့်မရှိဘူး။
တစ်ခါလေးမှားမိတာနဲ့ တစ်မိသားစုလုံး
ချောက်ကမ်းပါး အစွန်းကနေ
ပြုတ်ကျသွားနိုင်လို့ ငါ့မှာ
သတိထားနေရတာ " တဲ့။
ငယ်ငယ်တုန်းကမှတော်သေးတယ်။
ကိုယ်ကိုယ်ကို မပျက်စီးအောင်နေရုံနဲ့
မိသားစုကို ကူညီတာ။
အခုဆို မပျက်စီးအောင်နေရုံနဲ့
မရတော့ဘူး။ တစ်အိမ်လုံးမှာ
ငါတစ်ယောက်ထဲ အလုပ်လုပ်ရတာ
ဆိုတော့ မိသားစုတာဝန်ကြီးပါ
ငါ့ပုခုံးပေါ်ကျလာတာဆိုတော့
အရင်ထက်ပိုပြီး သတိထားရတယ်။
ငါ မတော်တဆ လဲသွားရင်
ငါ့နောက်မှာ ငါ့မိသားစု၊
ငါ့ဝန်ထမ်းတွေ၊ ငါ့ဝန်ထမ်းတွေအပေါ်
မှီခိုနေကြတဲ့ သူတို့မိသားစုတွေ၊
ရှယ်ယာရှင်တွေပါ အကုန်လုံး
တသီတတန်းကြီး အပြုံလိုက်
လဲကုန်မှာစိုးလို့ အနေအထိုင် ပိုပြီး
သတိထားနေရတယ် " တဲ့။
" ငယ်ငယ်ကတော့ ငါ့ကြောင့်
မိသားစု ဒုက္ခရောက်မှာစိုးလို့
ဒါတွေမလုပ်ခဲ့ပေမယ့်
အခုငါအဆင်ပြေလာတဲ့
အချိန်ကျတော့လည်း ဒါတွေလုပ်ချင်ရင်
လုပ်လို့ရပေမယ့် မလုပ်လက်စနဲ့
မလုပ်ဖြစ်တော့တာပါကွာ " တဲ့။
" တကယ်က ဒါတွေမပါဘဲနဲ့လည်း
ပျော်လို့ရနေတာ ငါသိနေပြီပဲ။
အခုလည်း ပျော်ပါတယ်ကွာ " တဲ့။
လေးလေးနက်နက်မပြောတတ်တဲ့
ကောင်ရဲ့ပါးစပ်ကနေ မထင်မှတ်ဘဲ
လေးနကိတဲ့စကားတွေ
ထွက်လာပြန်တော့လည်း အတော်
အံ့သြမိပါတယ်။
သူပြောတာလည်း အမှန်ပဲ။
ကျွန်တော်တို့အများစုရဲ့
ပြဿနာက ကိုယ့်ဘဝကိုယ်မသိကြတာပဲ။
ကိုယ့်ဘဝ အခြေအနေ
ကိုယ့်မိသားစု အခြေအနေ
ကိုယ့်ရဲ့လုပ်နိုင်စွမ်းအခြေအနေတွေကို
တော်ရုံမသိကြ မသုံးသပ်တတ်ကြဘူး။
ဒီကောင့်ရဲ့ အားသာချက်က
သူ့ဘဝသူသိတယ်။
သူ့ဘဝမှာ သူမှားလို့ မရဘူးဆိုတာ
သူငယ်ငယ်ကတည်းက သိတယ်။
သူ့ဟာနဲ့သူပျော်အောင်နေပေမယ့်
သူ့အတွက် Risk ယူပြီးမှ
ပျော်ရမယ့်အရာဆိုရင် သူဝင်မပါတော့ဘူး။
မပျော်ချင်လို့မဟုတ်ဘူး။
မပျော်ရဲတာ။ Risk မယူနိုင်တာ။
သူလဲသွားရင် သူ့နောက်ကလူတွေပါ
လဲသွားနိုင်တဲ့ Risk ကို ခဏတာ
အပျော်နဲ့ သူမလဲတာ။
အဲဒီလိုတွေ သူဆင်ခြင်ခဲ့လို့လည်း
အခုဘော်ဒါတွေကြားထဲမှာ
ပိုမြင့်တဲ့ Level မှာသူရှိနေတာ။
ဒီလိုသူ့အကြောင်းကိုရေးပြလို့လည်း
မင်းတို့တွေ အရက်ဘီယာဆေးလိပ်
မူးယစ်ဆေးမလုပ်ကြနဲ့ ပြောချင်တာ
မဟုတ်ပါဘူး။
ဘာပဲလုပ်လုပ် Limit နဲ့လုပ်ဖို့ရယ်၊
ကိုယ့်ဘဝကိုယ်သိဖို့ရယ်၊
စိတ်နိုင်ဖို့လိုတယ်ဆိုတာကို
သတိထားဖို့ ပြောပြချင်တာ။
လူငယ်သဘာဝ ပျော်ချင်ပါးချင်တာ
ပြဿနာမရှိပေမယ့် ..
ယူရမယ့် Risk နဲ့
ပြန်ရလာမယ့် ပျော်ရွှင်မှုကို
တန်လား မတန်ဘူးလားလည်း
အရင်ဆန်းစစ်ဖို့ လိုတယ်ဆိုတာ
သိသလောက်လေး ပြန်ရေးပြပြီး
သတိပေးချင်တာပါ။
Sint Nyi
16.9.25
2 954
အခုကျွန်တော်ပိုင်ထားတဲ့ အိမ်နဲ့ကား
တန်ဖိုးကလည်း သူဌေးတွေစီးနေတဲ့
ကားတစ်စီးစာတောင် မရှိလို့
ဝါကြွားစရာတစ်ခုမှမရှိပါဘူး။
ကျွန်တော်က ကိုယ်ကျင့်တရားကလွဲရင်
ကျန်တာတွေကို ဝါကြွားစရာတွေလို့
ကိုမမြင်တာပါ။
ကိုယ့်အလှည့်တုန်းကလည်း
ဘယ်သူမှလာပြောပြတာ
သင်ပေးတာ မရှိခဲ့လို့ ဝါးတားတား
လုပ်နေရင်းနဲ့ ဘဝက
လိမ်ဖယ် လိမ်ဖယ်နဲ့ တက်လာခဲ့ရတာမလို့၊
ဒါမျိုးလေးတွေ လုပ်သွားလို့လည်း
ရတယ်ဆိုတဲ့ Message ကိုပေးတာပါ။
ဒါကြောင့် ဝင်ငွေ တစ်ခုရှိနေပြီး
အိမ်ဝယ်ဖို့ ကားဝယ်ဖို့
ပိုက်ဆံမလောက်ရင် Installmentနဲ့
ဝယ်တာက ပိုကောင်းတယ်ဆိုတာကို
ကိုယ်တွေ့လေးနဲ့ ပြန်ပြီး
Sharing လုပ်ပေးလိုက်ပါတယ်။
Sint Nyi
8.9.25
2 954
" ရှိပြီးသားတွေကို Upgrade လုပ်ပါ "
အိမ်မဝယ်ဖြစ်သေးတဲ့ သူငယ်ချင်း
တစ်ယောက် အိမ်ဝယ်ဖို့လာတိုင်ပင်လို့
ငွေမလောက်ရင် Installment နဲ့
ဝယ်ဖို့ အကြံပေးဖြစ်တယ်။
သူများတွေအတွက် မသိပေမယ့်
ကျွန်တော့အတွက် ဘဝစဖို့
Installment ကသိပ်အရေးပါခဲ့တယ်။
ဘဝပြန်စခဲ့တဲ့ အချိန်မှာ အလိုချင်ဆုံးက
ကိုယ်ပိုင် အိမ်နဲ့ ကိုယ်ပိုင်ကားပဲ။
ကိုယ့်မှာ ပုံမှန်ဝင်ငွေလည်းရှိပြီ၊
အဲဒီငွေက သုံးလို့လောက်တဲ့အပြင်
ပိုလျှံနေပြီ ဆိုရင်တော့ Installmentနဲ့
တစ်ခုခု ဝယ်စေချင်ပါတယ်။
ကျွန်တော့တုန်းကတော့၂၀၁၉ လောက်မှာ
Installment စနစ်နဲ့ တိုက်ခန်းလေးတစ်ခန်း
စပြီးဝယ်ဖြစ်တယ်။
အိမ်ကော ၊ ကားကောလိုပေမယ့်
အိမ်ပိုင်က ပိုအရေးကြီးတယ်ယူဆလို့။
ဒါနဲ့ ကိုယ်လိုချင်တဲ့ သိန်း(၅၀၀) တန်
တိုက်ခန်းလေးကို တစ်လ သိန်း(၅၀) နဲ့
ဆယ်လပေးစနစ်ညှိပြီး ဝယ်ဖြစ်ခဲ့တယ်။
အဲဒီကာလက ကိုယ့်ဝင်ငွေက
တစ်လမှ (၅၀) လောက်ပဲဆိုတော့
စားတာသောက်တာကိုခြွေတာတယ်။
သုံးတာကိုလည်းမရှိသလောက်
နည်းအောင် အဲဒီတစ်နှစ်လုံး
အပင်ပန်းအဆင်းရဲခံခဲ့ရတာပေါ့။
စျေးရောင်းတာ အရောင်းပါးတဲ့
မိုးတွင်းကာလဆိုရင် သိန်း(၅၀)
မပြည့်လို့ အပြင်ကနေ ချေးပြီး
ပေးခဲ့ရတဲ့ လတွေရှိတယ်။
လူတကာလိုချင်တဲ့ အိမ်ဆိုတာကို
လိုချင်ရင် လူတကာ မပေးဆပ်ချင်တဲ့
ပင်ပန်းဆင်းရဲမှုကို ခံရတယ်ပြောချင်တာ။
ဒါနဲ့ပဲ ဆယ်လကြာတဲ့အခါမှာ
အဲဒီအခန်းလေး ပိုင်လာခဲ့တယ်။
တိုက်ခန်းလေးရပြီဆိုတော့
ကားဘက်ကို ထပ်လှည့်တယ်။
ကားကကျတော့ အိမ်လောက်
မပင်ပန်းတော့ဘူး။
အဲဒီကာလက အရမ်းhot နေတဲ့
Ertiga ကို ကိုကြည်သာဟန်တို့ဆီကနေ
တစ်လ ငါးသိန်းသွင်းစနစ်နဲ့
ငါးနှစ် Installment ဝယ်ဖြစ်တယ်။
အိမ်ဖိုး တစ်လ (၅၀) သွင်းရာကနေ
ကားဖို့ တစ်လ (၅) သိန်းသွင်းရတော့
တော်တော်တော့ ဝန်ပေါ့သွားတာပေါ့။
ဒီလိုနဲ့ ဘာမှ မရှိတဲ့ ဘဝကနေ
အိမ်ပိုင်နဲ့ ကားပိုင် ရလာတဲ့အချိန်မှာ
ဒီအိမ်နဲ့ ကားကို ငွေထပ်မစိုက်ဘဲနဲ့
ပိုကောင်းတဲ့ အိမ် ၊ ပိုကောင်းတဲ့ကား
ဖြစ်လာဖို့ Upgrade လုပ်ဖို့ စပြီး
စီစဥ်ဖြစ်ခဲ့တယ်။
ဒါနဲ့ သိန်း(၅၀၀) နဲ့ဝယ်ထားတဲ့
ကိုယ်နေတဲ့ အိမ်ကို နေနေရင်းနဲ့
အရောင်းလည်းတင်ထားတာပေါ့။
ကံကောင်းတယ် ပြောမလား..
အဲဒီ သိန်း (၅၀၀) တန်အိမ်က
သိန်း (၉၀၀) နဲ့ရောင်းထွက်သွားတယ်။
( ဒီအရောင်းအဝယ် စကားပြောပုံ
စျေးညှိနှိုင်းပုံ အကြောင်းတွေ
အသေးစိတ် ကို အခုထွက်မယ့်
TRUST စာအုပ်မှာ ရေးပေးထားပါတယ်)
အဲဒီကာလက (၂၀၂၁) ခုနှစ်
ကိုဗစ်ကာလဆိုတော့ စျေးတွေ
ကျနေတဲ့အချိန်ပေါ့။
ဒါနဲ့ အဲဒီ ရိုးရိုးတိုက်ခန်းကို
ရောင်းရတဲ့ငွေ သိန်း(၉၀၀) နဲ့ ..
မီနီကွန်ဒို တိုက်အသစ်မှာ
သိန်း(၉၀၀) တန် အခန်းတစ်ခန်းဝယ်ပြီး
သွားနေဖြစ်လိုက်တယ်။
ရိုးရိုးတိုက်ခန်းကနေ မီနီကွန်ဒို
နေလိုက်ရတာအမြတ်ပေါ့။
ဒါနဲ့ အဲဒီ သိန်း(၉၀၀) နဲ့ဝယ်တဲ့
အခန်းကို (၂၀၂၄) မှာပြန်ရောင်းတာ
သိန်း (၃၁၀၀) ပြန်ရတယ်။
ပြီးတော့ အဲဒီအခန်းထပ်
နှစ်ဆ ပိုကျယ်တဲ့ မီနီကွန်ဒိုကိုပဲ
သိန်း (၃၂၀၀) နဲ့ ပြန်ဝယ်ပြီး
ပိုကျယ်တဲ့ နေရာမှာ သွားနေ
ဖြစ်လိုက်တယ်။
ကျွန်တော်ကတော့ အိမ်နဲ့
ပတ်ဝန်းကျင်ကို သိပ်ပြီး
အစွဲလန်း မကြီးတော့ မြတ်ရင်
ရောင်းထုတ်ပြီး ပိုကောင်းတာ
ဝယ်နေဖြစ်တာပဲ။
ဒီလိုနဲ့ (၂၀၂၄) မှာ သိန်း(၃၂၀၀)နဲ့
ဝယ်တဲ့အခန်းကိုအခု (၂၀၂၅) မှာ
သိန်း (၄၃၅၀) နဲ့ ရောင်းပြီးတော့
အခုနေတဲ့ ပန်တျာလမ်းက ကွန်ဒိုကို
သိန်း (၄၃၅၀) နဲ့ ပြန်ဝယ်နိုင်ခဲ့တယ်။
ကိုယ်ဝယ်တာ သိန်း (၄၃၅၀) ပေမယ့်
တကယ်တမ်း ဒီတိုက်က အခန်းတွေရဲ့
တန်ကြေးက သိန်း (၈၀၀၀)-(၁၀၀၀၀)
တန်ပါတယ်။
ကျွန်တော့အောက်ထပ်အခန်းဆိုရင်
သိန်း (၁၀၀၀၀) နဲ့ရောင်းသွားတာ။
ပြီးတော့ ငါးနှစ်အရစ်ကျနဲ့
ဝယ်ထားတဲ့ Ertiga က အရင်း (၃၅၀)
လောက်ပဲကျခဲ့ပေမယ့်
စီးရင်းနဲ့ပြန်ရောင်းတော့
(၄) နှစ်ကြာသွားတဲ့အချိန်မှာ
သိန်း (၁၃၀၀) နဲ့ ပြန်ရောင်းထွက်သွားတယ်။
ဒါနဲ့ သိန်း (၅၀) ထပ်စိုက်ပြီး (၁၃၅၀) တန်
Toyota Bz4X Ev ကို ကိုကြည်သာဟန်
ဆီကနေ Preorder မှာပြီး
ထပ်ဝယ်စီးဖြစ်တယ်။
Ev ကားတွေ ပေါ်ပေါ်ချင်းကာလ
ဆိုတော့ ကားရဖို့ကိုတော့
အချိန်တစ်ခုတော့စောင့်လိုက်ရတာပေါ့။
သက်သာချင်တာကိုး။
ကျွန်တော့ရဲ့ အိမ် Installment
သိန်း(၅၀၀) နဲ့ဝယ်ခဲ့တဲ့ ခရီးစဥ်နဲ့
သိန်း(၃၅၀) တန်ကားဝယ်ခဲ့တဲ့
ခရီးစဥ်တစ်လျောက် ..
ငွေအများကြီး ထပ်မစိုက်ရဘဲနဲ့
ဒီလို Upgrade လုပ်သွားလို့
ရတယ်ဆိုတဲ့ ဖြစ်စဥ်ကို ဗဟုသုတ
အနေ နဲ့ ပြန်ပြောပြပေးတာပါ။
Installment ရဲ့ဆိုးတဲ့တစ်ချက်က
စိတ်ချရတဲ့ ကုမ္ပဏီနဲ့ အလုပ်လုပ်မိဖို့တော့
လိုပါတယ်။
လိမ်မယ့် ကုမ္ပဏီနဲ့တွေ့ရင်တော့
အကုန်ပါသွားနိုင်လို့ သေချာတော့
သတိပြုပါ။
နောက်ထပ် အကြံပေးချင်တာတစ်ခုက
ရေရှည် Investment ဆိုရင်တော့
ရွှေနဲ့မြေပဲဝယ်စုပါ။ ရေရှည်မှာ အခန်းတွေ
ကားတွေက ရွှေတွေ မြေတွေလောက်
မမြတ်ပါဘူး။
မြေမဝယ်နိုင်မှသာ အခန်းကို
ဝယ်တာကောင်းပါတယ်။
အခုရေးပေးနေတာကလည်း
သွားရင်းလာရင်း တန်တာတွေတွေ့ရင်
ကိုယ်နေနေတဲ့ အိမ်ကို
ဝယ်လိုက်ရောင်းလိုက်
လုပ်နေရင်းနဲ့ ပိုကောင်းတဲ့နေရာကို
ရွှေ့လို့ရတယ်ပြောချင်တာပါ။
ဘာလုပ်လုပ် ရွှေစျေးနဲ့တွက်ဖို့လည်း
မမေ့နဲ့ပေါ့။
ဒီလိုရေးပြလို့ ကျွန်တော်က
တော်ပါတယ်။ တတ်ပါတယ်။
ဆရာကြီးပါလို့ ပြောချင်တာ
မဟုတ်ဘူး။
2 954
" ကိုယ့်အထဲကို ဝင်လာမယ့်
အရာတွေကို စိစစ်ပါ "
ခွေးဆိုရင် ဘာခွေးဖြစ်ဖြစ်
အကုန် ချစ်တတ်ပေမယ့် ..
Hachiko ဆိုတဲ့ ဖြစ်ရပ်မှန်ကို
ပြန်ရိုက်ထားတဲ့ ခွေးလိမ္မာ
ဇာတ်လမ်းလေးကြည့်ပြီး ကတည်းက ၊
တိရိစ္ဆာန်ဇာတ်လမ်းဆိုရင်
ဘယ် တိရိစ္ဆာန် ဇာတ်လမ်းမှကို
မကြည့်ဖြစ်တော့တာ။
မျောက်လိမ္မာကားလည်း
မကြည့်တော့သလို
ဆင်လိမ္မာကားလည်း
မကြည့်ဖြစ်တော့ဘူး။
ဖြစ်နိုင်ရင် ဘာတိရိစ္ဆာန် လိမ္မာကားမှ
မကြည့်ဖြစ်အောင် သတိထားပြီး
နေဖြစ်လိုက်တယ်။
ဇာတ်လမ်းတွေရဲ့သဘာဝက
လူတွေ စိတ်ဝင် စားအောင်၊
လွမ်းအောင် ဆွေးအောင်၊
ရင်ထဲဟာတာတာ ဖြစ်အောင်
ရိုက်တာဆိုတော့ ဇာတ်သိမ်းမလှတဲ့
ဇာတ်လမ်းတွေကြည့်မိပြီ ဆိုရင် ..
တစ်ပတ် နှစ်ပတ်လောက်အထိကို
စိတ်မကောင်း ဖြစ်နေတတ်လို့။
ဒါနဲ့ နောက်ဆိုရင် အဲဒီလိုဇာတ်လမ်းတွေ
မကြည့်မိအောင်နေဖို့ အထူးသတိထား
ဖြစ်သွားတယ်။
အားတဲ့အချိန်လေး စိတ်အမောလေး
ပြေမလားဆိုပြီး ရုပ်ရှင်ကြည့်ကာမှ
ပိုပြီး စိတ်မော လူမော စိတ်ပင်ပန်းနေရတာ
တော်တော် အဆင်မပြေဘူး။
ကြည့်နေရင်း Negative Feeling ကြီး
ဝင်ချလာကတည်းက
ကိုယ်ကြည့်မယ့် ရုပ်ရှင်တွေ
ကိုယ်ဖတ်မယ့် စာအုပ်တွေကို အရမ်း
သတိထားဖို့လိုတယ်ဆိုတဲ့အသိ
ဝင်လာခဲ့တာ။
ဒီလိုပြောလို့ ခွေးဇာတ်ကား
မကြည့်ရဘူးပြောချင်တာ
မဟုတ်ပါဘူး။
ကိုယ်က အရမ်းခံစားတတ်ရင်
ရုပ်ရှင်ထဲမှာ အရမ်းချစ်ကြပြီး
သေကွဲကွဲမယ့် ရုပ်ရှင်မျိုးကြည့်တာတွေ
ရှောင်သင့်တယ် ပြောချင်တာ။
ရုပ်ရှင်ကို အပန်းဖြေဖို့
စိတ်ပျော်ရွှင်ဖို့ Dopamine ထွက်ဖို့
ကြည့်သင့်တယ် ပြောချင်တာပါ။
အဲဒီမှာ သတိထားမိတာကတစ်ခုက
စိတ်ရောကိုယ်ပါ ကြည်လင်စေဖို့
အတွက်က လူတွေနဲ့ပေါင်းသင်း
ဆက်ဆံရတာ တစ်ခုတင်မဟုတ်ဘဲ၊
ကိုယ်ဖတ်နေတဲ့ စာတွေ
ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်တွေ
ကိုယ်ကျင်လည်နေတဲ့
ပတ်ဝန်းကျင်တွေကိုလည်း
သတိထားမိဖို့ လိုတယ်ဆိုတာကိုပါ။
ကိုယ့်ဟာကိုယ်တောင်
စိတ်အဆင်ပြေအောင် မနည်း
နေထိုင်နေကြရတဲ့ ကာလကြီးမှာ၊
အဲဒီလို Negative Vibe တွေ
မတော်တဆတောင် ဝင်မလာဖို့
သေချာ သတိထားသင့်ပါတယ်။
ကျွန်တော်ကတော့ ကိုယ့်စိတ်ကိုကော
ကိုယ့် ကျန်းမာရေး ကိုကော
ကိုယ် ပျော်ရွှင်နေဖို့ကိုကော
ပထမဦးစားပေး အနေနဲ့ ဂရုစိုက်ဖြစ်တယ်။
ကိုယ့်စိတ် အဆင်မပြေရင်
အလုပ်ကော ၊ လူမှုရေးရော
စီးပွါးရေးကော ဘာမှကို
အဆင်မပြေတော့ဘူး။
ကိုယ့်စိတ်သည်သာ အဓိကဆိုတော့
ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့
စိတ်ချမ်းသာဖို့ အရင်ဂရုစိုက်တယ်။
ဒီတော့မှ ကိုယ့်ပတ်ဝန်းကျင်ကို
ပြန်ပြီး ကြည့်ပေးလို့ အဆင်ပြေတာ။
ကိုယ်တိုင် စီးပွါးရေးအဆင်မပြေရင်
သူများကိုလည်း ကူညီပေးလို့ မရသလို
ကိုယ်တိုင်စိတ် အဆင်မပြေရင်လည်း
ဘယ်လိုလုပ်သူများကို အကောင်းမြင်ပြီး
Positive Energy ပေးနိုင်မလဲ။
ကိုယ်က ဘူနေရင် ၊ စိတ်မကြည်ရင်
ငွေကြေးအဆင်မပြေရင်
ကိုယ့်ပတ်ဝန်းကျင်က လူတွေ
အပေါ်မှာလည်းအဲဒီ Effect တွေက
သွားပြီး ထိတာပါပဲ။
ဒီတော့ ကိုယ့်ကိုယ်ကို
သေချာ ဂရုစိုက်တယ်။
ကိုယ့်အတွေးတွေရယ်
ကိုယ့်ခေါင်းထဲဝင်လာမယ့် အရာတွေကို
စိစစ်ပြီးမှ အဝင်ခံတယ်။
ကိုယ့်ကို စိတ်အခြေအနေ
မကောင်းဖြစ်စေမယ့် လူတွေနဲ့လည်း
ဝေးဝေးနေသလို၊
ကိုယ့်ကို စိတ်ဒုက္ခ ပေးနိုင်မယ့်
ဘယ်အရာနဲ့မဆို ဝေးဝေးက
နေဖြစ်ပါတယ်။
အားမနာဘူး၊ မသနားဘူး။
အတ္တကြီးတယ် ပဲပြောပြော
တကိုယ်ကောင်းဆန်တယ်ပဲ ဆိုဆို၊
ကိုယ့်စိတ်အဆင်ပြေမှ လုပ်ငန်းတွေနဲ့
ကိုယ့်ပတ်ဝန်းကျင်ပါ
အဆင်ပြေတတ်တာမလို့၊
ကိုယ့်စိတ်ကို အဆင်မပြေစေမယ့်
အရာတွေနဲ့ ခပ်ဝေးဝေးပဲ
နေထိုင်တာက ပိုအဆင်ပြေပါတယ်။
ဒါကြောင့်မလို့
ကိုယ့်အထဲကို ဝင်လာမယ့်အရာတွေကို
စိစစ်ပြီးမှ အဝင်ခံပါလို့
သတိပေးချင်တာပါ။
Sint Nyi
10.9.25
2 954
" ရှိပြီးသားတွေကို Upgrade လုပ်ပါ "
အိမ်မဝယ်ဖြစ်သေးတဲ့ သူငယ်ချင်း
တစ်ယောက် အိမ်ဝယ်ဖို့လာတိုင်ပင်လို့
ငွေမလောက်ရင် Installment နဲ့
ဝယ်ဖို့ အကြံပေးဖြစ်တယ်။
သူများတွေအတွက် မသိပေမယ့်
ကျွန်တော့အတွက် ဘဝစဖို့
Installment ကသိပ်အရေးပါခဲ့တယ်။
ဘဝပြန်စခဲ့တဲ့ အချိန်မှာ အလိုချင်ဆုံးက
ကိုယ်ပိုင် အိမ်နဲ့ ကိုယ်ပိုင်ကားပဲ။
ကိုယ့်မှာ ပုံမှန်ဝင်ငွေလည်းရှိပြီ၊
အဲဒီငွေက သုံးလို့လောက်တဲ့အပြင်
ပိုလျှံနေပြီ ဆိုရင်တော့ Installmentနဲ့
တစ်ခုခု ဝယ်စေချင်ပါတယ်။
ကျွန်တော့တုန်းကတော့၂၀၁၉ လောက်မှာ
Installment စနစ်နဲ့ တိုက်ခန်းလေးတစ်ခန်း
စပြီးဝယ်ဖြစ်တယ်။
အိမ်ကော ၊ ကားကောလိုပေမယ့်
အိမ်ပိုင်က ပိုအရေးကြီးတယ်ယူဆလို့။
ဒါနဲ့ ကိုယ်လိုချင်တဲ့ သိန်း(၅၀၀) တန်
တိုက်ခန်းလေးကို တစ်လ သိန်း(၅၀) နဲ့
ဆယ်လပေးစနစ်ညှိပြီး ဝယ်ဖြစ်ခဲ့တယ်။
အဲဒီကာလက ကိုယ့်ဝင်ငွေက
တစ်လမှ (၅၀) လောက်ပဲဆိုတော့
စားတာသောက်တာကိုခြွေတာတယ်။
သုံးတာကိုလည်းမရှိသလောက်
နည်းအောင် အဲဒီတစ်နှစ်လုံး
အပင်ပန်းအဆင်းရဲခံခဲ့ရတာပေါ့။
စျေးရောင်းတာ အရောင်းပါးတဲ့
မိုးတွင်းကာလဆိုရင် သိန်း(၅၀)
မပြည့်လို့ အပြင်ကနေ ချေးပြီး
ပေးခဲ့ရတဲ့ လတွေရှိတယ်။
လူတကာလိုချင်တဲ့ အိမ်ဆိုတာကို
လိုချင်ရင် လူတကာ မပေးဆပ်ချင်တဲ့
ပင်ပန်းဆင်းရဲမှုကို ခံရတယ်ပြောချင်တာ။
ဒါနဲ့ပဲ ဆယ်လကြာတဲ့အခါမှာ
အဲဒီအခန်းလေး ပိုင်လာခဲ့တယ်။
တိုက်ခန်းလေးရပြီဆိုတော့
ကားဘက်ကို ထပ်လှည့်တယ်။
ကားကကျတော့ အိမ်လောက်
မပင်ပန်းတော့ဘူး။
အဲဒီကာလက အရမ်းhot နေတဲ့
Ertiga ကို ကိုကြည်သာဟန်တို့ဆီကနေ
တစ်လ ငါးသိန်းသွင်းစနစ်နဲ့
ငါးနှစ် Installment ဝယ်ဖြစ်တယ်။
အိမ်ဖိုး တစ်လ (၅၀) သွင်းရာကနေ
ကားဖို့ တစ်လ (၅) သိန်းသွင်းရတော့
တော်တော်တော့ ဝန်ပေါ့သွားတာပေါ့။
ဒီလိုနဲ့ ဘာမှ မရှိတဲ့ ဘဝကနေ
အိမ်ပိုင်နဲ့ ကားပိုင် ရလာတဲ့အချိန်မှာ
ဒီအိမ်နဲ့ ကားကို ငွေထပ်မစိုက်ဘဲနဲ့
ပိုကောင်းတဲ့ အိမ် ၊ ပိုကောင်းတဲ့ကား
ဖြစ်လာဖို့ Upgrade လုပ်ဖို့ စပြီး
စီစဥ်ဖြစ်ခဲ့တယ်။
ဒါနဲ့ သိန်း(၅၀၀) နဲ့ဝယ်ထားတဲ့
ကိုယ်နေတဲ့ အိမ်ကို နေနေရင်းနဲ့
အရောင်းလည်းတင်ထားတာပေါ့။
ကံကောင်းတယ် ပြောမလား..
အဲဒီ သိန်း (၅၀၀) တန်အိမ်က
သိန်း (၉၀၀) နဲ့ရောင်းထွက်သွားတယ်။
( ဒီအရောင်းအဝယ် စကားပြောပုံ
စျေးညှိနှိုင်းပုံ အကြောင်းတွေ
အသေးစိတ် ကို အခုထွက်မယ့်
TRUST စာအုပ်မှာ ရေးပေးထားပါတယ်)
အဲဒီကာလက (၂၀၂၁) ခုနှစ်
ကိုဗစ်ကာလဆိုတော့ စျေးတွေ
ကျနေတဲ့အချိန်ပေါ့။
ဒါနဲ့ အဲဒီ ရိုးရိုးတိုက်ခန်းကို
ရောင်းရတဲ့ငွေ သိန်း(၉၀၀) နဲ့ ..
မီနီကွန်ဒို တိုက်အသစ်မှာ
သိန်း(၉၀၀) တန် အခန်းတစ်ခန်းဝယ်ပြီး
သွားနေဖြစ်လိုက်တယ်။
ရိုးရိုးတိုက်ခန်းကနေ မီနီကွန်ဒို
နေလိုက်ရတာအမြတ်ပေါ့။
ဒါနဲ့ အဲဒီ သိန်း(၉၀၀) နဲ့ဝယ်တဲ့
အခန်းကို (၂၀၂၄) မှာပြန်ရောင်းတာ
သိန်း (၃၁၀၀) ပြန်ရတယ်။
ပြီးတော့ အဲဒီအခန်းထပ်
နှစ်ဆ ပိုကျယ်တဲ့ မီနီကွန်ဒိုကိုပဲ
သိန်း (၃၂၀၀) နဲ့ ပြန်ဝယ်ပြီး
ပိုကျယ်တဲ့ နေရာမှာ သွားနေ
ဖြစ်လိုက်တယ်။
ကျွန်တော်ကတော့ အိမ်နဲ့
ပတ်ဝန်းကျင်ကို သိပ်ပြီး
အစွဲလန်း မကြီးတော့ မြတ်ရင်
ရောင်းထုတ်ပြီး ပိုကောင်းတာ
ဝယ်နေဖြစ်တာပဲ။
ဒီလိုနဲ့ (၂၀၂၄) မှာ သိန်း(၃၂၀၀)နဲ့
ဝယ်တဲ့အခန်းကိုအခု (၂၀၂၅) မှာ
သိန်း (၄၃၅၀) နဲ့ ရောင်းပြီးတော့
အခုနေတဲ့ ပန်တျာလမ်းက ကွန်ဒိုကို
သိန်း (၄၃၅၀) နဲ့ ပြန်ဝယ်နိုင်ခဲ့တယ်။
ကိုယ်ဝယ်တာ သိန်း (၄၃၅၀) ပေမယ့်
တကယ်တမ်း ဒီတိုက်က အခန်းတွေရဲ့
တန်ကြေးက သိန်း (၈၀၀၀)-(၁၀၀၀၀)
တန်ပါတယ်။
ကျွန်တော့အောက်ထပ်အခန်းဆိုရင်
သိန်း (၁၀၀၀၀) နဲ့ရောင်းသွားတာ။
ပြီးတော့ ငါးနှစ်အရစ်ကျနဲ့
ဝယ်ထားတဲ့ Ertiga က အရင်း (၃၅၀)
လောက်ပဲကျခဲ့ပေမယ့်
စီးရင်းနဲ့ပြန်ရောင်းတော့
(၄) နှစ်ကြာသွားတဲ့အချိန်မှာ
သိန်း (၁၃၀၀) နဲ့ ပြန်ရောင်းထွက်သွားတယ်။
ဒါနဲ့ သိန်း (၅၀) ထပ်စိုက်ပြီး (၁၃၅၀) တန်
Toyota Bz4X Ev ကို ကိုကြည်သာဟန်
ဆီကနေပဲ ထပ်ဝယ်စီးဖြစ်တယ်။
ကျွန်တော့ရဲ့ အိမ် Installment
သိန်း(၅၀၀) နဲ့ဝယ်ခဲ့တဲ့ ခရီးစဥ်နဲ့
သိန်း(၃၅၀) တန်ကားဝယ်ခဲ့တဲ့
ခရီးစဥ်တစ်လျောက် ..
ငွေအများကြီး ထပ်မစိုက်ရဘဲနဲ့
ဒီလို Upgrade လုပ်သွားလို့
ရတယ်ဆိုတဲ့ ဖြစ်စဥ်ကို ဗဟုသုတ
အနေ နဲ့ ပြန်ပြောပြပေးတာပါ။
ပြောချင်တာက ကျွန်တော်
တော်ပါတယ်။ တတ်ပါတယ်။
ဆရာကြီးပါလို့ ပြောချင်တာ
မဟုတ်ဘူး။
အခုကျွန်တော်ပိုင်ထားတဲ့ အိမ်နဲ့ကား
တန်ဖိုးကလည်း တချို့လူတွေရဲ့
ခရီးတစ်ခါသွားစရိတ်ပဲ
ရှိတာမလို့ ဝါကြွားစရာ
တစ်ခုမှမရှိပါဘူး။
ကိုယ့်အလှည့်တုန်းကလည်း
ဘယ်သူမှလာပြောပြတာ
သင်ပေးတာ မရှိခဲ့လို့ ဝါးတားတား
လုပ်နေရင်းနဲ့ ဘဝက
လိမ်ဖယ် လိမ်ဖယ်နဲ့ တက်လာခဲ့ရတာမလို့၊
ဒါမျိုးလေးတွေ လုပ်သွားလို့လည်း
ရတယ်ဆိုတဲ့ Message ကိုပေးတာပါ။
ဒါကြောင့် ဝင်ငွေ တစ်ခုရှိနေပြီး
အိမ်ဝယ်ဖို့ ကားဝယ်ဖို့
ပိုက်ဆံမလောက်ရင် Installmentနဲ့
ဝယ်တာက ပိုကောင်းတယ်ဆိုတာကို
ကိုယ်တွေ့လေးနဲ့ ပြန်ပြီး
Sharing လုပ်ပေးလိုက်ပါတယ်။
Sint Nyi
10.9.25
2 954
" မလုပ်သင့်တာတွေ လုပ်မိရင်
မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတယ်"
အသိ အမတစ်ယောက် ပိုက်ဆံ
သိန်း (၂၀၀၀) လောက်
အလိမ်ခံလိုက်ရတယ်။
သူ့ကို လိမ်သွားလူဆီကနေ
နည်းမျိုးစုံနဲ့ပြန်တောင်းပေမယ့်
လုံးဝပြန်မပေးဘူ။
တိုင်ချင်ရာ တိုင်။
တရားစွဲချင်စွဲဆိုပြီး
မျက်နှာပြောင်ပြောင်နဲ့
ပြောလွှတ်တယ်။
သူလည်း လူလိမ်ရဲ့
အထင်ကြီးလောက်အောင် နေထိုင်ပြတဲ့
လူနေမှုပုံစံမှာ မျောသွားပြီးတော့
တကယ်သူဌေးထင်လို့ ယုံကြည်ပြီး
ချေးမိကာမှ ဘယ်လိုပြန်တောင်းတောင်း၊
လုံးဝ ပြန်မရလို့ တော်တော်ကို
စိတ်ထိခိုက် နေရှာတာ။
အဲဒီပိုက်ဆံက သူရှာထားသမျှ
အကုန်ပဲ။
ဒါနဲ့ အိပ်မပျော် စားမဝင်ဖြစ်ပြီး
ဘယ်လိုလုပ်ရမလဲ လာတိုင်ပင်တော့
" သူများဥစ္စာကို မကြည်ဖြူဘဲ
မတရားယူရင် အပူစာပါ။
အဲဒီ အပူစာကို စားတဲ့လူတွေက
ကောင်းစားလည်း ခဏပဲ။
ကြာကြာ မခံတတ်ဘူး။
ဒုက္ခရောက်ရင် ရောက်
ဘဝပျက်ရင် ပျက်။
ဒါမှမဟုတ် ငွေရှိပေမယ့်
အမြဲ ပူလောင်နေရတဲ့ဘဝမှာ
နေရတတ်တယ် " လို့
ပြောပြဖြစ်တယ်။
ကိုယ်တိုင်လည်း အရင်က
အဲဒီလိုမျိုး မတရားယူခဲ့ဖူး
မတရား ငွေရှာခဲ့ဖူးပြီး
ပူလိုက်လောင်လိုက်၊ ခဏလေးနဲ့
ပြန်ကုန်သွားလိုက်၊
မိသားစုအတွင်း ပူလောင်လိုက်
ဖြစ်ဖူးလို့ ပြန်ပြောပြနိုင်တာ။
အဲလိုငွေမျိုးက ရှာတုန်းခဏပဲ
အဆင်ပြေတာ၊ ပြန်ကုန်ရင်
အရင်ရှိထားတဲ့ဟာတွေပါ
အကုန်ရောပြီး ပြန်ထွက်တတ်ပါတယ်။
ဒါနဲ့ မနေ့က အဲဒီ အလိမ်ခံရတဲ့အမ
ပြန်ပြီးဆက်သွယ်လာတယ် ။
" အခုထိတော့ ပိုက်ဆံတွေ တစ်ကျပ်မှ
ပြန်မရသေးပေမယ့် ကိုဆင့်ပြောတာ
တကယ်မှန်တယ် " တဲ့။
အဲဒီ လူလိမ်အမျိုးသမီးရဲ့
သူ့ယောက်ကျားက ဆေးမှုနဲ့
ထောင်ကျသွားတယ်။
အဲဒီအမျိုးသမီးလည်း ကျန်းမာရေး
မကောင်းလို့ဆေးရုံ တက်လိုက်
ဆင်းလိုက် လုပ်ရင်း တဖြည်းဖြည်း
လုံးပါးပါးနေပြီတဲ့။
သူတို့မိသားစု အဲဒီလိုတွေဖြစ်နေတော့
သူ့ပိုက်ဆံ ပြန်တောင်းရမှာတောင်
အားနာမိတယ်ပြောလာတာနဲ့ ..
အားမနာနဲ့ ခုထိပြန်မရသေးရင်
တရားစွဲပြီး ထောင်ချလိုက်ဖို့ပဲ
တိုက်တွန်းဖြစ်ခဲ့တယ်။
အဲဒီလို လူလိမ်တွေက အမြဲ
လိမ်ညာလှည့်ပတ်နေဦးမှာ မလို့
ထောင်ထဲရောက်သွားမှပဲ
နောက်လူတွေရဲ့ချွေးနှဲစာတွေကို
ထပ်မလိမ်တော့မှာ။
အပြင်မှာရှိနေသရွေ့က
ရသလောက် လိမ်နေဦးမှာပဲ။
ဒါကြောင့်လည်း
မလုပ်သင့်တာတွေ လုပ်ရင်
မဖြစ်သင့်တာတွေ ဖြစ်မှာလို
အမြဲပြောဖြစ်တာ။
ဘုရားရှင် ဟောသလိုပဲ
အကြောင်းတရား ရှိလို့
အကျိုးတရား ဆိုတာဖြစ်လာတာပါ။
" သူတပါးကို လိမ်ညာလှည့်ပတ်ပြီး
သူတပါးမိသားစု စိတ်ပင်ပန်းဆင်းရဲပြီးမှ
ရလာတဲ့ အရာတွေက အပူစာတွေပါ။"
အဲဒီ အပူစာဆိုတာ စားမိရင်
လောင်တတ်တယ်ဆိုတာကို မယုံဘဲ
စားနေတဲ့သူတွေကတော့ အခုထိ
စားနေကြတာပဲ။
ကြုံဖူးလို့ ယုံတဲ့ ကိုယ်တွေလို
လူတွေကတော့ ကိုယ်လည်း
မစားရဲတော့သလို ..
ကိုယ့်မိသားစု ကိုလည်း
မကျွေးမိအောင် သတိထားဖြစ်တယ်။
ကိုယ့် အသိတွေ စားမိကြမှာ
စိုးလို့လည်း မစားမိဖို့
အမြဲသတိပေးဖြစ်တယ်။
ကျွန်တော်က လက်တွေ့သမားမလို့
သိပ္ပံနည်းမကျတဲ့ ဒီလိုကိစ္စတွေက်ု
လုံးဝ အယုံအကြည်မရှိပေမယ့်
အဲဒီ လောကသဘာဝ တရားကြီးကိုတော့
ကိုယ်တိုင်ကြုံဖူးလို့ကို
ယုံကြည်ပါတယ်။
" ဘယ်လူမျိုး ၊ ဘယ်ဘာသာဖြစ်ဖြစ်
နောက်ဆုံး ဘယ်ဘာသာမှ
မကိုးကွယ်ရင်တောင်၊
ကိုယ်စိုက်တဲ့အတိုင်း ပြန်ရိတ်ရတာ
လောကသဘာဝ ဆိုတာတကယ်ပါ။ "
အပူစာကို သိသိကြီးနဲ့
စားမိပြီဆိုရင်တော့ ပြန်ပြီး
ခံရမယ့် အချိန်ကျရင် ..
ဘယ်လို ကောင်းမှုတွေ လုပ်လုပ်
ဘယ်လို ယတြာတွေ ချေချေ
ရှောင်လွှဲလို့ လုံးဝမရနိုင်ပါဘူး။
လုပ်ထားတဲ့မကောင်းမှုတွေ ကို
ကောင်းမှုတွေနဲ့ မျှချေ ကျသွားအောင်
သင်္ချာ တွက်သလို ဘဲစားဘဲချေ
ချေလိုကိလို့ ရတာမှမဟုတ်တာ။
မကောင်းတာ လုပ်တဲ့အတွက်
အဲဒီအကျိုးအပြစ်ကို
ပြန်ပြီးခံရမှာပါ။
အဲဒီလူလိမ်အမျိုးသမီးလည်း
သူစိုက်ခဲ့တဲ့အတိုင်း
ပြန်ရိတ်နေရတာပါ။
ဒါမျိုးတွေ မဖြစ်ချင်ရင်
ဒါမျိုးတွေ မလုပ်မိအောင်
နေမှပဲရပါတယ်။
အပူစာဆိုတာ စားမိရင်
လောင်တတ်တယ်ဆိုတာ
ကိုယ်တိုင်ကိုယ်တွေ့သိခဲ့ရသလို
သမ္မာအာဇီဝနဲ့ သန့်ရှင်းတဲ့နည်းနဲ့
ငွေရှာတာတို့၊
ဒုက္ခရောက်နေတဲ့ လူတွေကို
ကူညီတတ်တာတို့၊
ဆာလောင်နေတဲ့ သတ္တဝါလေးတွေကို
အစာကျွေးတာတို့၊
ချို့တဲ့တဲ့ သူတွေကို ဖေးမတာတို့
လုပ်ရင်လည်း ဘဝက တဖြည်းဖြည်းနဲ့
တစ်ဆင့်ပြီး တစ်ဆင့်
တိုးတက်လာတာလည်း တကယ်
ကိုယ်တွေ့ပါပဲ။
ဒါကြောင့်လည်း ..
ဒုက္ခရောက်နေတဲ့လူတွေကို
ကူညီလိုက်ခြင်းအားဖြင့်
သူတို့ရဲ့ဘဝတွေ
မပြောင်းလဲလာရင်တောင်
ကိုယ့်ဘဝပြောင်းလဲလာလိမ့်မယ်လို့
ကျွန်တော် အမြဲတမ်းပြောဖြစ်နေတာပါ။
အပူစာဆိုတာ စားမိရင်
ပူလောင်တတ်တယ်၊ ဘဝပျက်တတ်တယ်
ဆိုတာရယ်၊
သန့်ရှင်းတဲ့ငွေက နည်းပေမယ့်
ကြာကြာခံတတ်တယ်ဆိုတာတော့
တကယ် ကိုယ်တွေ့ပါပဲ။
လူမှာ(၂) မျိုးပဲရှိတယ်။
ပင်ပန်းမှာစိုးလို့
အပူစာ စားတဲ့သူတွေရယ်။
အပူစာ စားမိမှာစိုးလို့
အပင်ပန်းခံတဲ့သူတွေရယ်ပေါ့။
ဒီတော့ ကိုယ်က ဘယ်အမျိုးအစားထဲ
ပါနေလဲဆိုတာ သတိပြုမိဖို့
ဒီစာလေးနဲ့ Sharing လုပ်ပေးလိုက်ပါတယ်။
Sint Nyi
4.9.25
2 954
" ကတိ မတည်တဲ့သူကလည်း Risk ပါပဲ "
ဘယ်လောက်ခက်ခဲတဲ့
အခြေအနေ ရောက်ရောက် ..
ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်
ကတိတည်နိုင်အောင်ကြိုးစားကြည့်
ပြဿနာတွေအားလုံး ခဏလေးနဲ့
ပြန်အဆင်ပြေသွားလိမ့်မယ်။
ကိုယ်တိုင်လည်း ကတိတွေ
မတည်နိုင်ခဲ့တဲ့ အချိန်တွေတုန်းက
တစ်သိန်း၊ နှစ်သိန်းကအစ
အကူညီတောင်းရတာခက်ခဲ ခဲ့သလို ၊
သိန်း လေးငါးဆယ်ဆိုရင်
ဘယ်နားကသွားရှာရမှန်းကို မသိခဲ့ဘူး။
" ငါ ကတိမတည်လို့ လူတွေငါ့ကို
မယုံကြတာပါလား" ဆိုတဲ့ အသိစိတ်
ဝင်လာပြီးတော့ ကတိတိုင်းကို
တည်နိုင်လာအောင် ကြိုးစား
စောင့်ထိန်းနိုင်လာတော့မှ ...
" အရောင်းအဝယ် အတွက် ငွေလိုလို
သိန်းသုံးထောင်လောက် အကောင့်ထဲ
ခဏထည့်ပေးပါ "ပြောရင်တောင် ..
" ဘယ်တော့ပြန်ပေးမလဲ " တစ်ချက်
မမေးဘဲ အကောင့်ထဲငွေတန်းထည့်ပေးတဲ့
သူတွေရှိလာတယ်။
" အဲဒါက ပြန်ဆပ်နိုင်မှန်းသိလို့
ခဏပေးတာ မဟုတ်ဘူး။
ကတိတည်မှန်းသိလို့ ပေးတာ။ "
ငွေရှိတဲ့လူတိုင်းက ကတိတည်တတ်ကြတာ
မဟုတ်လို့ ကတိတည်တတ်တဲ့လူကိုတော့
သူ့ပတ်ဝန်းကျင်က လေးစား
တန်ဖိုးထား တတ်ကြပါတယ်။
သူများဆီက ငွေချေးပြီး ရှိရဲ့သားနဲ့
ပြန်မဆပ်ကြတဲ့ သူဌေးတွေ
အများကြီးရှိတယ်။
ကတိတည်တဲ့လူ ကျတော့
ချေးထားတာ ပြန်မဆပ်နိုင်ရင်တောင်
သူ့ကတိ အပျက်မခံဘဲ
ပေါင်နှံရောင်းချ၊ ချေးငှားပြီး အချိန်မီ
မရရအောင် ပြန်ဆပ်တယ်။
ပေးမယ်ပြောတဲ့နေ့
ကမ္ဘာပျက်နေရင်တောင် ရအောင်
ပြန်ပေးတတ်ကြတယ်။
စီးပွါးရေးလောကမှာ
ရေရှည် ရပ်တည်ချင်ရင်
ငွေရှိဖို့ထက် ကတိတည်တတ်ဖို့က
ပိုအရေးကြီးပါတယ်။
လုပ်ငန်းခွင်မှာ Risk မျိုးစုံရှိတဲ့အထဲက
ကတိမတည်တဲ့လူနဲ့
အလုပ်လုပ်တာကလည်း
Risk တစ်ခုပါပဲ။
အရင်က လူပေါင်းစုံနဲ့ အလုပ်လုပ်တော့
ကတိမတည်တဲ့သူတွေနဲ့ လုပ်မိတဲ့အခါ
သူတို့နဲ့ ရောပြီး ကိုယ်ပါ နာမည်ပျက်တာတို့၊
သူတို့စကားမတည်လို့ ကိုယ့်ရဲ့ငွေကြေးတွေ
ဆုံးရှုံးခဲ့တာမျိုးတွေ အကြိမ်ကြိမ်
ဖြစ်ခဲ့ဖူးတော့ ..
အခုနောက်ပိုင်း လူတိုင်းနဲ့
အလုပ်မလုပ်ဖြစ်တော့ဘဲ
ကတိတည်တဲ့လူတွေနဲ့ပဲ
အလုပ် လုပ်ဖြစ် ေတာ့တယ်။
ကတိမတည်တဲ့လူက Risk တစ်ခုဖြစ်လို့
အလုပ်လုပ်တဲ့အခါ ကတိတည်တဲ့သူနဲ့ပဲ
လုပ်ကိုင်ဖို့ကို သိသလောက်လေး
Sharing ပြန်လုပ်ပေးလိုက်ပါတယ်။
Sint Nyi
13.7.25
TRUST စာအုပ်
