cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Sint Nyi

အားလုံးနဲ့အဆက်သွယ်မပြတ်အောင်ထောင်ထားတဲ့ Telegram Link လေးပါ။ ကျွန်တော်ရေးတဲ့စာလေးတွေလည်း ဒီပေ့ချ်မှာတင်ပေးသွားပါမယ်။

إظهار المزيد
مشاركات الإعلانات
3 352
المشتركون
-124 ساعات
-127 أيام
-1330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

အခုတလော တီကောင်တွေရဲ့ Lifestyle ကို သဘောကျတယ်။ တီကောင်တွေက သူတို့ အဆင်ပြေ နေရင်လည်း လှုပ်လှုပ်ရွရွ ဟိုသွား ဒီသွား၊ ဟိုစား ဒီစားနဲ့ ခပ်ရွရွလေး နေတယ်။ ကံဆိုးမိုးမှောင်ကျပြီး ငါးမျှားချိတ် မှာ အတပ်ခံရရင်လည်း လှုပ်လှုပ်ရွရွနဲ့ ရွနေတုန်း ပဲ။ သူတို့ကို ရွံတဲ့သူတွေအနား ရောက်သွားရင် ပိုလို့တောင် ရွပြ ကြသေးတယ်။ နောက်ဆုံး သေစမ်းကွာ ဆိုပြီး ဆားနဲ့ပက်ရင်တောင် ငြိမ်ငြိမ်လေး မသေသွားဘူး။ လှုပ်လှုပ်ရွရွ ကို တဆုံး လုပ်ပြပြီးမှ သေသွားတာ။ ကျွန်တော်တော့ တီကောင် Lifestyle ကို သဘောကျလို့ ဒီနောက်ပိုင်း တီကောင် လိုပဲ နေဖြစ်တော့တယ်။ စိတ်ညစ် လည်း ရွ။ ပျော်လည်း ရွ။ အဆင်ပြေလည်း ရွ။ မပြေလည်း ရွ။ မုန်းတဲ့သူတွေ ရှေ့လည်းရွ။ နောက်ဆုံးသေတော့မယ်ဆိုရင်တောင် တီကောင်လို တဆုံးရွပြီးမှပဲ သေလိုက်တော့မယ်။ ဘဝကခဏပဲဆိုတော့ တီကောင်လို ပျော်အောင်နေတတ်ဖို့ လိုတယ်။ Be like တီကောင်ပါ အမျိုးတို့။ SinT Nyi 25.6.24
إظهار الكل...
50😁 16👍 10🔥 2🥰 2
38👍 8
စလို့ရတဲ့ လုပ်ငန်းတွေရှိတယ်ဆိုတာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ လုပ်ငန်း လေးနဲ့ ပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။ ဒီစာအရှည်ကြီး ဖတ်မိလို့ တချို့တွေအတွက် မျှော်လင့်ချက်လေး နည်းနည်း ရသွားရင်ပဲ ဝမ်းသာပါပြီ။ အကြံကောင်းရင် တချက် ဆိုတဲ့အတိုင်း ငွေအရင်းနှီးမလိုပဲ စလို့ရတဲ့ အလုပ်မျိုးတွေရှိသေးတယ်။ ဘာလဲတော့ ကျွန်တော်မပြောတတ်ဘူး။ ကျွန်တော်တော့ အိတ်လုပ်ငန်းနဲ့ အဆင်ပြေသွားတယ်။ မိတ်ဆွေလည်း Idea ကောင်း တခုခုနဲ့ အဆင်ပြေလာနိုင်တယ်။ မျှော်လင့်ချက်လည်း ရှိသေးတယ်။ သေချာ စဥ်းစားပါလို့ အကြံပေးချင်ပါတယ်။ Idea ကောင်းတွေရပြီး အကောင်ထည်အမြန် ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ Sint Nyi 22.6.24
إظهار الكل...
24👍 1
သေချာ ထိန်းသိမ်းတယ်။ အိတ်လာဝယ်တဲ့ ကျေးဇူးရှင်တွေကိုလည်း ကိုယ်ရောင်းလိုက်တဲ့ အပေါ် ပြီးပြီးရော မလုပ်ဘူး။ ရောင်းမှားဝယ်မှား ဖြစ်ရင်တောင် ကိုယ်က ကြားကနေ အပြည့်အဝ တာဝန်ယူ ပေးဖြစ်တယ်။ အိတ်တွေ ခိုးတဲ့လူတွေ လာခိုးလို့ အိတ်တွေ ပျောက်သွားတဲ့အခါ ကြားထဲကနေ ရအောင် စိုက်ပြီး လျော်ပေးပါတယ်။ ကိုယ့်ပေါ့ဆမှုကြောင့် ကိုယ့်ကျေးဇူးရှင်တွေ မနစ်နာစေရဘူး။ ကိုယ်လည်း နာမည် အပျက်မခံဘူး။ ဒီလိုနဲ့ပဲ ဒီလုပ်ငန်းလေးက (၃)နှစ်ကြာတဲ့ အခါမှာ ဆိုင်မှာ ကျေးဇူးရှင်တွေ လာအပ်ကြတဲ့ အိတ်ပေါင်း (၅၀၀၀) ရှိနေခဲ့ပါတယ်။ အဲဒီအိတ်တွေရဲ့ တန်ကြေးက တလုံးတသိန်းနဲ့တွက်ရင်တောင် သိန်း (၅၀၀၀) ဖိုးရှိပါတယ်။ တချို့အိတ်တွေဆိုရင် တလုံးထဲကို သိန်း(၁၀၀) လောက်အထိ တန်ကြေးရှိတဲ့ အိတ်တွေပါပါတယ်။ ကျွန်တော်လည်း သေချာတာဝန်ယူပြီး ရောင်းပေးသလို အိတ်တွေ ရောင်းရပြီးတာနဲ့ ပိုင်ရှင်ဆီ ငွေတန်းပြီး ပို့ပါတယ်။ ရောင်းထားပြီး ငွေမပေးပဲ လှည်သုံးတာမျိုး တခါမှ မရှိဖူးဘူး။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းကို ရေရှည် သွားချင်ရင် ရိုးသားမှု ရှိရမယ်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်လို့ မရဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး လုံးဝမကောင်းဘူး။ ဒေါသကြီးတယ်။ စိတ်မရှည် သည်းမခံတတ်ဘူး။ ရိုင်းတယ်။ ဒါပေမယ့် ကျွန်တော့ကို အိတ်လာအပ်တဲ့ ကျေးဇူးရှင်တွေနဲ့ အိတ်လာဝယ်တဲ့ ကျေးဇူးရှင်တွေ အပေါ် ကျွန်တော် ရိုကျိုးတယ်။ နှိမ့်ချတယ်။ ဒီလိုပြန်အဆင်ပြေလာအောင် ရောင်းကြ ဝယ်ကြတဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးမကန်းမိဖို့ အမြဲ သတိထားတယ်။ ကျန်တဲ့နေရာတွေမှာသာ ဆိုးမယ်။ မိုက်ရိုင်းမယ်။ ကျွန်တော့ Customer ကျေးဇူးရှင်တွေနဲ့ ဆိုရင် အတတ်နိုင်ဆုံး ရိုကျိုးဖြစ်ပါတယ်။ ကျွန်တော် အဲဒီအချိန်မှာ သေချာ သိလိုက်ရတာက အရင်းအနှီး မရှိဘဲနဲ့ လုပ်ငန်းက စလို့ရတယ်။ ဒါပေမယ့် ရေရှည်အောင်မြင်ဖို့ ဆိုရင် ရိုးသားမှုနဲ့ သွားရမယ်။ ဒါမှ လူအများ ယုံကြည်မှု ရှိလာကြမယ်။ ဒီလိုနဲ့ အလုပ်တွေ သေချာလုပ်ရင်းနဲ့ အကြွေးတွေ ဆပ်နိုင်လာတယ်။ အကြွေးတွေ ကြေလာတော့ တခြား လုပ်ငန်းလေးတွေမှာပါ အရင်းနှီး ထည့်ဖြစ်လာတယ်။ အရင်းအနှီး အရမ်းမများတဲ့ တိုက်ခန်းပွဲစားလေး လုပ်ကြည့်တာ အဆင်ပြေတော့ ရလာတာလေးတွေစုပြီး တိုက်ခန်း ဝယ်ရောင်းလေးတွေပါ လုပ်ဖြစ်လာတယ်။ လုပ်သမျှ အလုပ်တိုင်းမှာ Customer ကို ကျေးဇူးရှင်လို ဆက်ဆံဖြစ်တော့ တိုက်ခန်းကွန်ဒိုလေးတွေ ရောင်းလာရတယ်။ ကိုယ်ရောင်းရင် ဒီကောင်ဂျင်းမထည့်ဘူး ဆိုတာ သိထားတော့ လာတောင်မကြည့်ဘဲ ဝယ်တဲ့သူတွေပါ ရှိလာတယ်။ အခု အဆင်ပြေနေတာရဲ့ အဓိက နောက်တချက်က ... ကျွန်တော်က အပြင်မှာ ဘယ်လောက် ဆိုးဆိုး ဘယ်လောက် ရိုင်းရိုင်း Customer ကို အတတ်နိုင်ဆုံး အကောင်းဆုံး ဆက်ဆံခဲ့မိလို့ပဲ။ ဒီတော့ ကျွန်တော် အကြံပေးချင်တယ်။ အရင်းနှီးမရှိရင် အလုပ်လုပ်လို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ အရင်းနှီးမရှိလည်း Idea ရှိရင် ရပါတယ်။ အကြံကောင်းရင် တချက်ဆိုတာ တကယ်မှန်ပါတယ်။ Idea ရတာနဲ့ အကောင်ထည်ဖော်ပါ။ အဲဒီလို Idea ကျွန်တော့ထက် အရင် ရဖူးသူတွေရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က Idea ကို ချက်ချင်းမရရအောင် အကောင်ထည် ဖော်ပါတယ်။ အဲဒီအချက်က အဆင်ပြေခဲ့တာပါ။ အရင်းနှီးမရှိလို့ ဘာမှလုပ်စရာမရှိပါဘူး။ ပျင်းတယ် ဆိုပြီးဘာမှမလုပ်ဘဲ မနေပါနဲ့။ ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဥ်းစားပါ။ ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်ကို လေ့လာပါ။ အရင်းနှီးမရှိလည်း Idea ကောင်းရင် အဆင်ပြေနိုင်ခြေရှိတယ်ဆိုတာကို ပြောပြတာပါ။ Idea ရှိတဲ့ လူတိုင်းတော့ အဆင်ပြေလာ မှာမဟုတ်ပါဘူး။ Idea ကို အကောင်ထည်ဖော်ရဲဖို့ သတ္တိလည်း လိုပါတယ်။ လုပ်စရာရှိတာ လုပ်ရမှာပါပဲ။ အဆင်ပြေတာ မပြေတာတော့ ကိုယ့်ကံပေါ့။ တခုမဟုတ်တခု လုပ်နေတဲ့လူက မလုပ်တဲ့ လူထက်တော့ အဆင်ပြေဖို့ ပိုများပါတယ်။ ဒါတွေကို ကိုယ်ရည်သွေးဖို့ ပြောပြတာ မဟုတ်ပါဘူး။ Experiance Sharing လုပ်ပေးရုံပါ။ အခုချမ်းသာလားဆို မချမ်းသာပါဘူး။ ဒါပေမယ့် မဆင်းရဲတော့ဘူး။ ကိုယ် ဒါတွေလုပ်လို့ ဒီစိတ်ထားလို့ အဆင်ပြေတယ်။ ဆင်းရဲတွင်းက လွတ်လာတယ်ဆိုတာ ပြောပြရုံပါပဲ။ ကျွန်တော်လုပ်ခဲ့တဲ့ အိတ်ဆိုင် Idea ကို ကျွန်တော့ထက် အရင်ဦးအောင် လုပ်သွားတဲ့သူ ရှိရင်လည်း အဲဒီလူ အဆင်ပြေ သွားမှာပါ။ ကိုယ် တော်လို့ တတ်လို့ မဟုတ်ဘူး။ Idea ကောင်းတခု ကြောင့်ရယ်။ အဲဒီ Idea ကောင်းကို အကောင်ထည် ဖော်မိလို့ရယ် ။ အလုပ်နဲ့ ပတ်သက်ပြီး စေတနာ ထားမိလို့ရယ်ကြောင့် အဆင်ပြေလာတာပါ။ Idea မှန်၊ အချိန်မှန် ၊ နေရာမှန်သွားလို့ ကျွန်တော် အဆင်ပြေလာတယ်ဆိုတာ ပြောပြချင်တာပါ။ ရိုးသားမှုနဲ့ စေတနာ ပါအဆစ် ထည့်ပေါင်းရင် ရေရှည်မှာ ပိုပြီး အဆင်ပြေသွားမှာပါ။ ဒီတော့ အခုအရင်းအနှီးမရှိလို့ စိတ်ဓာတ်ကျ၊ စိတ်ပျက် မနေပါနဲ့။ Idea ကောင်းတခုခုရဖို့ အမြဲ စဥ်းစားပါ။ စိတ်ညစ်ရင် ဒုက္ခရောက်ရင် ထွက်ပေါက်အနေနဲ့ ပေါက်ကရ မလုပ်မိပါစေနဲ့။ ပိုဒုက္ခရောက်တတ်ပါတယ်။ ခေါင်းကြည်ကြည်နဲ့တောင် Idea ကောင်းရဖို့ခက်တာ မူးနေ ဆေးကွဲနေရင် Idea ကောင်း ထွက်လာဖို့ ပိုတောင် ခက်ဦးမှာပါ။ ဒီတော့ Idea ကောင်းတခုရခဲ့ရင် Social Media ပေါ်မှာ အရင်းနှီး မလိုပဲ
إظهار الكل...
10👍 3
ကိုယ်တိုင် အရင်းနှီးမရှိတဲ့ သုညဘဝက စခဲ့ဖူးတော့ အရင်းအနှီးမရှိလည်း Idea ကောင်း နဲ့ ရိုးသားမှုရှိသွားရင် အဆင်ပြေနိုင်သေးတယ်လို့ ကျွန်တော် အမြဲပြောလေ့ရှိတယ်။ ကျွန်တော်ရေးတဲ့ စာတွေ ပို့စ်တွေ အကုန်လုံးက ကိုယ်တွေ့ ဖြတ်သန်းလာနဲ့ အတွေ့အကြုံတွေဆိုတော့ တချို့အတွက် နည်းနည်းပါးပါး အထောက်ကူ ဖြစ်မယ်ထင်လို့ ပြန်ပြီး Sharing လုပ်ပေးတာပါ။ အဆင် မပြေရာကနေ အဆင်ပြေလာတဲ့ အကြောင်း ရေးတာဖြစ်လို့ ကြွားသလို ကိုယ်ရည်သွေးသလို ဖြစ်မှာလည်း စိုးပေမယ့် ဒါရေးလို့ တချို့အတွက် မျှော်လင့်ချက်လေး ရသွားခဲ့ရင်ဆိုပြီး ရေးဖြစ်တာပါ။ လွန်ခဲ့တဲ့ (၆) နှစ်ကျော်ကပေါ့။ အဆင်ပြေ နေတဲ့ ဘဝကနေ ကိုယ်တိုင် အသုံးမကျလို့ကော ကံဆိုးလို့ကော မွဲပြီးတော့ အကြွေးတွေ တင်သွားတယ်ပေါ့။ အဲဒီကာလက အကြွေးက သိန်း (၁၅၀၀) လောက်ရှိခဲ့တော့ ကျွန်တော့အတွက် တော်တော်ကို များပါတယ်။ ရှိသမျှအလုပ်တွေ အကုန်ရပ်တဲ့အပြင် အကြွေးတွေလည်ပင်းထိမြုပ်နေပြီး တော်တော် ဒုက္ခရောက်ခဲ့တာဆိုတော့ လုပ်ငန်းတခုခု ပြန်စဖို့ အရင်းနှီးကလည်း မရှိတော့ တော်တော် ခက်ခဲ ခဲ့တာပေါ့။ ဒါနဲ့ ပြန်အဆင်ပြေဖို့ နေ့တိုင်း ထိုင်စဥ်းစားတယ်။ အရင်းနှီးမရှိပဲ ဘာအလုပ်လုပ်ရင် ကောင်းမလဲပေါ့။ ကျွန်တော့ကောင်းတဲ့အကျင့်က ဒုက္ခရောက်နေပြီ စိတ်အရမ်း ညစ်နေပြီဆိုရင် ပေါက်ကရ ဘာမှ မလုပ်မိအောင်ပိုနေဖြစ်တယ်။ စိတ်ညစ်လို့ ပေါက်ကရလျောက်လုပ်ပြီး ဘဝပိုပျက်သွားတဲ့လူတွေကို မြင်ဖူးခဲ့တော့ ပိုသတိထားဖြစ်တာ။ ဒီလိုနဲ့အမျိုးစုံအောင် နေ့နေ့ညည ထိုင်စဥ်းစားပြီးတော့မှ တညမှာ Idea တခုရတယ်။ အမျိုးသမီးတွေ အိတ်တွေကို လစဥ် နှစ်စဥ် ဝယ်ပြီးသွားကြရင် ဘာပြန် လုပ်ပစ်ကြလဲပေါ့။ ကိုင်လို့ဝရင် သူများကို ပေးလိုက်တာလား။ ဒါမှမဟုတ် သိမ်းထားတာလား။ ပြန်ရောင်းတာလား။ ပြန်ရောင်းရင်ကော ဘယ်လိုရောင်းလဲ ဘယ်မှာရောင်းလဲ။ အဲဒီလို ဆက်စပ်တွေးရင်းနဲ့ပဲ ဒိီ GPS ဆိုတဲ့ အိတ်လုပ်ငန်းလေးကို စပြီး အကောင်ထည် ဖော်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က မြန်မာပြည်မှာ အိတ်တွေ ဝယ်ပြီးရင် ပြန်ရောင်းလို့ရတဲ့ နေရာ တခုမှ မရှိသေးဘူး။ ဒီတော့ ငါဆိုင်ဖွင့်ရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါပေမယ့် ပိုက်ဆံက မရှိဘူး။ အဲဒီလိုအိတ်ဆိုင်လေး ဖွင့်ဖြစ်ခဲ့ရင်တောင် ဆိုင်ခန်းငှားခရယ်၊ အိတ်တွေ တင်တဲ့ ဗီဒိုတွေရယ် လိုဦးမယ်။ ဝန်ထမ်းကတော့ ကိုယ်ပဲပေါ့။ Idea တော့ရှိပြီ။ ကံကောင်းရင် အဆင်လည်း ပြေသွားနိုင်တယ်။ ဒါပေမယ့် အခန်းခနဲ့ ဗီဒိုဖိုး မရှိဘူး။ ဒါဆို အခန်း မငှားတော့ဘူး။ ရှိတာနဲ့စကြည့်မယ်ဆို ပြီး တမိသာစုလုံးနေနေတဲ့ တိုက်ခန်း (၄) လွှာ ရဲ့ ဧည့်ခန်း (၁၀) ပေပတ်လည်လေး ကိုပဲ ယူသုံးဖြစ်တယ်။ ဒါဆို အခန်းခ သက်သာသွားပြီ။ ဗီဒိုကတော့ မဖြစ်မနေ လိုမှာဆိုတော့ သူငယ်ချင်း တယောက်ကို ရှယ်ယာ ခေါ်လိုက်တယ်။ သူက ဗီဒိုစိုက်၊ ကိုယ်က နေရာစိုက်နဲ့ ဒီလုပ်ငန်းလေးကို စပြီးလုပ်ဖြစ်ခဲ့ကြတယ်။ ဆိုင်စဖွင့်တဲ့နေ့က ကျွန်တော့ဆိုင်ကို ပုံလေး ရိုက်လိုက်တယ်။ အဲဒီပုံထဲမှာ အခန်းကျဥ်းလေးရယ် ဗီဒို အလွတ်သုံးလုံးရယ်ပဲပါတယ်။ အဲဒီ ပုံလေးကို FB တင်ပြီး အိမ်မှာ ပိုနေတဲ့အိတ်တွေရှိရင် ကျွန်တော့ဆီ ပို့ပေးပါ။ အိမ်မှာထားထားရင်းပျက်စီးသွားမယ့် အတူတူ ကျွန်တော့ဆီပို့ကြည့်ပါ။ ကျွန်တော် ရောင်းပေးမယ်ဆိုတဲ့ ပို့စ်လေး တင်ခဲ့လိုက်ပါတယ်။ ဒါနဲ့ပဲ အကောင့်ထဲက အသိတွေ ဆက်သွယ်လာကြတယ်။ ဘယ်လိုလုပ်ရမလဲ။ ဘယ်ကိုပို့ရမလဲ။ ဘယ်စျေးရောင်းရမလဲ။ ရောင်းပြီးရင်ကော ငွေဘယ်လို ပြန်ရမှာလဲ။ စတဲ့ မေးခွန်းပေါင်းများစွာကို နေ့ကော ညကော ဖြေရင်းနဲ့ တပတ်အတွင်းမှာ ကျွနိတော်တို့ရဲ့ ဗီဒို (၃) လုံးမှာ အိတ်ပေါင်း (၁၅၀) ပြည့်သွားတယ်။ ဝယ်မည့်သူက မရှိသေးဘူး။ ရောင်းမည့်သူက များနေပြီး နေရာက မလောက်တော့ဘူး။ ဒါနဲ့ပဲ ပို့စ်တခု ထပ်ပြီးတင်ရတယ်။ ကျွန်တော့ဆီမှာ သုံးပြီးသား အိတ်အမျိုးအစား အစုံရှိပါတယ်။ အပြင်မှာ အသစ်ကို တသိန်းဆို ကျွနိတော့ဆီမှာ သုံးပြီးသားကို ငါးသောင်းနဲ့ရပါမယ်။ အိတ်အစစ်တွေကော၊ အတုတွေကော အကုန်ရှိပါတယ် ဆိုပြီး ပို့စ်ထပ်တင်တော့ လူတွေက စိတ်ဝင်စားသွားကြတယ်။ ဒါနဲ့ မြေနီကုန်းက ကျွန်တော့ရဲ့ လေးလွှာမှာ ရှိတဲ့ ဆယ်ပေပတ်လည် GPS ဆိုတဲ့ ဆိုင်လေးကို ဝယ်ယူသူတွေကော ရောင်းချသူတွေပါ စပြီး ရောက်လာကြပါတယ်။ ဒါနဲ့ အဲဒီ အခန်းကျဥ်းကျဥ်း ပိစိလေးကကျွန်တော့ ဘဝ အစ ပြန်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ သုံးလကြာသွားတဲ့အခါ အိတ် ေတွအရမ်းများလာတော့ ဘေးက ကပ်ရပ် အခန်းကိုငှားလိုက်တယ်။ အိတ်တင်ဖို့ သံစင်တွေ ထပ်ဝယ်ရတယ်။ ဒီလိုဘဲရောင်းတယ် ဝယ်တယ်။ အရင်းနှီးမရှိလည်း အကြံကောင်းရင် တချက်ဆိုတာကို ပြောပြချင်တာပါ။ ဒါနဲ့ လုပ်ငန်းစတင်ခဲ့တယ်။ လုပ်ငန်းစတာ ခက်မယ်ထင်ခဲ့တာ တကယ်က စထားတဲ့လုပ်ငန်းကို ရေရှည် လည်ပတ်အောင် လုပ်ရတာ ပိုခက်ပါတယ်။ ကျွန်တော့ အိတ်ဆိုင်သေးသေးလေး ဘာလို့ အဆင်ပိုပြေလာလဲ ဆိုတော့ ကျွန်တော့ Customer တွေကို ကျွန်တော် ကျေးဇူးရှင်တွေလို ဆက်ဆံ ခဲ့မိလို့ပါ။ ဒီ ကျေးဇူးရှင်တွေကြောင့် ငါ့ လုပ်ငန်းလေး အဆင်ပြေလာတာ။ ငါ လူလိုသူလို ဖြစ်လာတာ။ ငါ သေချာဂရုစိုက်ရမယ်လို့ခံယူပြီး အိတ် လာအပ်တဲ့ ကျေးဇူးရှင်တွေရဲ့ အိတ်တွေကို ကိုယ့်အိတ်တွေလို သဘောထားပြီး သန့်ရှင်းရေးလုပ်တယ်။
إظهار الكل...
👍 8 5
ကိုယ် အဆင်ပြေနေကြောင်း ပိုက်ဆံရှိ နေကြောင်း လျောက်ပြော နေလို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ သိပြီးသွား ကတည်းက ... ဒီနောက်ပိုင်း တွေ့လို့ ကြုံလို့ နှုတ်ဆက် ကြတဲ့အခါ အဆင်ပြေလား လို့မေးရင် " ဒီလိုပါပဲ " လို့ဘဲ ဖြေဖြစ်တယ်။ စီးပွါးရေးလည်း " ဒီလိုပါပဲ "။ လူမှုရေးလည်း " ဒီလိုပါပဲ "။ ကျန်းမာရေးလည်း "ဒီလိုပါပဲ "။ " ဒီလိုပါပဲ " ရဲ့သဘောက ကောင်းတယ်လည်း မဟုတ်သလို မကောင်းဘူးလည်း မဟုတ်တဲ့သဘော ဆိုတော့ ... အဆင်ပြေနေတဲ့ သူတွေကလာမေးလို့ " ဒီလိုပါပဲ " လို့ ဖြေရင် အဆင် နည်းနည်းပြေတဲ့သဘော။ အဆင်မပြေတဲ့ သူတွေကလာမေးရင် ကျတော့ " ဒီလိုပါပဲ " ဗျာ လို့ ပြောရင်ကျ "ငါလည်း မင်းလိုပါပဲ ရုန်းကန်နေရတာပါပဲ " ဆိုသလိုမျိုး ပေါ့။ ဒီကာလက အဆင်မပြေတဲ့ သူတွေ များနေတာဆိုတော့ ကိုယ့်က ကြိုးစားလို့ ဖြစ်ဖြစ် ကံကောင်းလို့ဖြစ်ဖြစ် ... အဆင် ပြေနေရင်တောင် အဆင်မပြေတဲ့ လူတွေကို အားနာသမှုနဲ့ ကိုယ်အဆင်ပြေနေကြောင်း ထုတ်မပြောသင့်တဲ့ ကာလမျိုး ဖြစ်နေတယ်။ ကိုယ် အဆင်ပြေနေတာကို အဆင်ပြေနေကြောင်း ပြောတာ မမှား ပေမယ့် ... ကိုယ်အဆင်ပြေ ကြောင်းကို အဆင်မပြေတဲ့ သူတွေရှေ့မှာ မပြောတာတော့ ပိုကောင်းမယ် မြင်လို့ပါ။ ကိုယ့်အတွေ့ အကြုံအရတော့ ကိုယ်တွေ နိမ့်ပါးနေတဲ့အချိန် သူများတွေ အဆင်ပြေနေကြောင်းတွေ လာပြောပြရင် အားကျစိတ်ထက် အားငယ်စိတ် ဖြစ်တာ ပိုများတယ်။ သူကတော့ အဆင်ပြေနေပြီ ငါကျတော့ ကြိုးစားနေတာတောင် အဆင်မပြေဘူးဆိုပြီး စိတ်ဓာတ် ကျခဲ့ဖူးလို့ပါ။ ဒါနဲ့ ကိုယ် အဆင်ပြေတဲ့အလှည့် ရောက်တော့လည်း ကံကောင်းလို့ဘဲ အဆင်ပြေပြေ ကြိုးစားလို့ဘဲ အဆင်ပြေပြေ အဆင်မပြေတဲ့ သူတွေနဲ့တွေ့လို့ အဆင်ပြေလား မေးလာကြတဲ့အခါ " ဒီလိုပါပဲဗျာ " လို့ဘဲ ဖြေဖြစ်လိုက်တော့တယ်။ Sint Nyi 18.6.24
إظهار الكل...
67👍 10
ကိုယ်က မောက်မာခဲ့ ပေမယ့် ကိုယ်နိမ့်ပါး နေတဲ့အချိန်မှာ ကိုယ့်အပေါ် မေတ္တာနဲ့ ဆက်ဆံခဲ့တဲ့ လူတစုရှိခဲ့လို့ ဒီနေ့ ကျွန်တော် လူလိုသူလို ပြန်ပြီး နေခဲ့ရတာပါ။ ကိုယ် မောက်မာခဲ့တဲ့ အကြောင်း။ ကိုယ် ဘဝမေ့ခဲ့ဖူးခဲ့တဲ့ အကြောင်းတွေ ပြန်ပြောပြရတာ ရှက်စရာကောင်းပေမယ့် ဒီလိုပြောပြမှလည်း မောက်မာတာ ဘဝမေ့တာက ရှက်စရာကိစ္စဆိုတာ စာဖတ်သူတွေ သိမှာမလို့ ပြောပြတာပါ။ အခုလည်း လူကောင်းမဟုတ်သေးပေမယ့် အရင် လောက်တော့ မဆိုးတော့ဘူးပေါ့။ ဘဝမှာ ကိုယ်က အမြင့်ရောက်သွားတဲ့အခါ သူတပါးကို နှိမ့်ချဖို့ မောက်မာဖို့ထက် ဆွဲတင်ဖို့ အားပေးဖို့ ကူညီဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာ ရယ် ဆင်းရဲမှုတွေ အခက်အခဲတွေ ကြုံနေရရင်တောင်မှ မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားရှိတဲ့ ပတ်ဝန်းကျင်မှာ နေမိတဲ့လူအတွက်က ပြန်ထဖို့ ပိုပြီး လွယ်ကူတတ်ပါတယ်။ ဘဝရဲ့ တချို့ အခက်အခဲတွေ က သင့်ကို အရင်ထက် ပိုကောင်းတဲ့ ဘဝ အရင်ထက် ပိုကောင်းတဲ့ လူ ဖြစ်လာဖို့ Train ပေးနေတယ်လို့ သဘော ထားပြီး အခက်အခဲတွေကို အားမလျော့ဘဲ ရင်ဆိုင် နိုင်ဖို့ အတွေ့အကြုံလေး တချို့ကို မရှက်တမ်း ပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။ Sint Nyi 15.6.24
إظهار الكل...
74👍 4🥰 4❤‍🔥 1🔥 1
မှတ်မှတ်ရရ အရမ်း ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တခု ရှိခဲ့ဖူးတယ်။ အဲဒီကိစ္စကို ပြန်တွေးတိုင်း အခုထိလည်း ရှက်မိတုန်းဘဲ။ အသက် (၂၅) ဝန်းကျင် တုန်းက ကားလေးတစီး ဝယ်စီး နိုင်ပြီး ဘဝ မေ့ခဲ့စဥ် တုန်းကပေါ့။ Junction Square မှာ Car Parking က အထွက် တဖက်ကားကို ဦးစား မပေးဘဲ စွတ်ပြီးထွက်မိတော့ ... ကားရှင်းပေးနေတဲ့ လုံခြုံရေးညီလေးက အကို ဟိုဘက်ကားကို ဦးစားပေးရမယ်လေ လို့ အော်ပြောလိုက်တာကို ဒေါသထွက်ပြီး .. ကားကိုတမင်ပိတ်ရပ်ပြီး မင်းက ကားမောင်းတတ်လို့လား ကားဝယ်နိုင်လို့လား ဆိုပြီး မောက်မောက်မာမာ နဲ့ ဆဲဆို ခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ဘူး။ သူ့ဟာသူ သူ့အလုပ် သူလုပ်နေတဲ့ ဝန်ထမ်းကို သက်သက် အနိုင်ကျင့်ခဲ့တဲ့ အပြုအမူပေါ့။ ဒီနေ့အထိလည်း တွေးမိတိုင်း အရှက်ရမိသလို JS ရောက်တိုင်းလည်း အဲဒီညီလေးကို တောင်းပန်ချင်လို့ တွေ့လို့တွေ့ငြား ရှာမိနေတုန်းဘဲ။ လူဆိုတဲအမျိုးက ပိုက်ဆံရှိလာရင် အဲဒီလို မောက်မာပြီး ဘဝမေ့သွားတာမျိုးတွေ ရှိလာတတ်ပါတယ်။ ကျွန်တော်လည်း တဘဝလုံး လိုင်းကားစီးတဲ့ ဘဝနဲ့ ကြီးပြင်းလာရပေမယ့် အသက် ၂၅ ဝန်းကျင်ကျတော့ အလုပ်လေးဘာလေး အဆင်ပြေလာတော့ ကားလေး ဘာလေး စီးနိုင်ခဲ့တယ်ပေါ့။ ပိုက်ဆံလေး နည်းနည်းပါးပါး ရှိလာပြီး ကိုယ်ပိုင်ကားလေးစပြီး စီးနိုင်တဲ့အခါကျတော့ ဘဝက တန်းမေ့တာဗျ။ ကားကလည်း အကောင်းစားမဟုတ်ဘူး။ Honda Fit GD 1 ။ အဲဒါကို ကမ္ဘာ ထင်သွားတာ။ အခု ပြန်တွေးရင် တော်တော်ကို ရှက်စရာ ကောင်းခဲ့တာ။ အဲဒီအချိန်တုန်းက လူက မြောက်ကြွ မြောက်ကြွနဲ့ သူဌေးလိုလို ခွေးလိုလိုအထာနဲ့ ကားစီးတဲ့လူဘဲ လူထင်တော့တာဗျ။ ရပ်ကွက်ထဲ ဟိုနားဒီနား သွားလည်း ကားနဲ့။ ကားမောင်းရင်လည်း မှန်တွေချထားပြီး သီချင်းကို အကျယ်ကြီးဖွင့်တယ်။ ကားကိုလည်း လူမြင်အောင် မီးတွေ လင်းနေအောင် မီးတွေ လျောက်ဆင်တယ်။ ကိုယ်နေတဲ့ လမ်းထဲ ကိုယ့်ကား ဝင်လာရင် တလမ်းလုံး သိနေပြီ။ သီချင်းသံတွေ ဆူညံနေလို့။ တကယ့် တာဇံ အထာ။ ကားလေး ရှိလာတဲ့အခါ အရင်က ပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ သိပ်ပြီး မပေါင်းဖြစ်တော့ဘူး။ ကားရှိတဲ့ လူနဲ့ဘဲ ပေါင်းချင်လာတယ်။ ကားမရှိရင် နှိမ်ချင်လာတယ်။ ဆင်းရဲရင် နှိမ်ချင်လာတယ်။ ကိုယ့်ကိုကိုယ်တအား ချမ်းသာနေပြီ ထင်ပြီး မောက်မာလာတယ်။ တကယ့်ကို လူပါးဝနေခဲ့မိတာ။ ဘယ်အချိန်မှာ အပိုးကျိုးလဲဆိုတော့ ငွေအသုံးကြမ်းလို့ကော၊ ကံဆိုးလို့ကော စီးပွါးပျက်တဲ့အချိန် ရောက်မှ အပိုး စကျိုးတာ။ အဲဒီအချိန်မှာ ကားလည်း ရောင်းလိုက်ရတယ်။ အကြွေးလည်း သိန်းထောင်ဂဏန်း တင်သွားတယ်။ တရားစွဲခံထားရတာလည်း အမှုကနှစ်မှု။ အဲဒီတုန်းက သိန်း ၂၃၀ နဲ့ဝယ်ထားတဲ့ကားကို သိန်း ၁၀၀ နဲ့ရောင်းပြီး ကြွေးပူတွေ ဆပ်လိုက်ရတော့ စီးစရာကားက မရှိတော့ဘူး။ လက်ထဲ ငွေမရှိလို့ တက်စီတောင် မစီးနိုင်တော့လို့ လိုင်းကားပြန်ပြီး တိုးစီးခဲ့ရတယ်။ သာမန်လိုင်းကား ပုံမှန်စီးနေတဲ့လူက လိုင်းကားစီးနေရတာ ပုံမှန်ပေမယ့် ကိုယ်ပိုင်ကား စ််ိီးဖူးသွားပြီး ဘဝမေ့သွားတဲ့ လူက လိုင်းကားပြန် တိုးစီးရတဲ့အခါမှာ ရှက်သလိုဖြစ်ရပါတယ်။ ကိုယ်က လိုင်းကားစီးနေတဲ့လူတွေကို မတူသလို မတန်သလို တဆငိ့နှိမ့်သလို ဆက်ဆံ ခဲ့ဖူးတော့ ပိုဆိုးတာပေါ့။ ဘဝမှာ ကိုယ့်ကိုယ်ကို တော်တော် ဟုတ်လှချည်ရဲ့လို့ ထင်ပြီး မောက်မာ နေတဲ့အချိန် ဖုတ်ခနဲ... ပြန်ပြီး ပြုတ်ကျလိုက်တဲ့အချိန်မှာ ဘဝမေ့တဲ့ ဒဏ်ကို အလူးအလဲ ကို ပြန်ပြီး ခံစားခဲ့ရတာဗျ။ မောက်မာပြီး ဘဝမေ့ခဲ့တဲ့ အတွက် နောင်တအရမ်းရပေမယ့် ဆင်းရဲသွားတဲ့အတွက်တော့ နောင်တ မရခဲ့မိဘူး။ အဲဒီအချိန်တော့ သတ်သေချင် လောက်အောင်စိတ်ဓာတ်ကျပြီး ပြိုလဲနေပေမယ့် ... အဲဒီလို ခက်ခဲတဲ့ ကာလရောက်မှဘဲ လူတွေအကြောင်း အများကြီး သင်ယူခဲ့ရတယ်။ ဘဝမှာတခါတလေ အောက်ဆုံးရောက်သွားမှ အရာအားလုံးကို ကွဲကွဲပြားပြား မြင်လာ သိလာရတာဗျ။ ကိုယ်ပိုက်ဆံရှိစဥ် မောက်မာခဲ့ပေမယ့် ကိုယ် ဘာမှမရှိတော့တဲ့အချိန်မှာ လူတချို့က ကိုယ့်ကို တကူးတက အိမ်ကိုခေါ် ထမင်းဖိတ်ကျွေးပြီး မေတ္တာနဲ့ ဆက်ဆံပေးခဲ့ကြတယ်။ ကိုယ့်ပြဿနာတွေကို သွေးမတော် သားမစပ်လူတွေက ဝိုင်းပြီး ခေါင်းအရှုပ်ခံ စဥ်းစားပေးခဲ့ကြတယ်။ ကိုယ်အောက်ဆုံး ရောက်နေတဲ့အချိန် အမြင့်ဆုံး လယ်ဗယ်မှာ ရှိနေတဲ့ လူတစုက ကိုယ့်ကို လူလိုသူလိုဆက်ဆံပေး ခဲ့ကြတယ်။ အဲဒီအချိန်မှာမှ လူ့ဘဝအဓိပ္ပာယ်ကို သေချာ သဘောပေါက်ခဲ့တယ်။ လူ့တန်ဖိုးက ငွေမဟုတ်ပါလားဆိုတာ သေချာသိခဲ့ရတယ်။ ကိုယ်အဆင်ပြေကြောင်း ဝါကြွားနေတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတာ အဲဒီအချိန်မှာသိလာရတယ်။ တကယ်က ကိုယ်အဆင်ပြေလာရင် အဆင်မပြေတဲ့သူကို တတ်နိုင်တာ ကူညီရမယ်ဆိုတဲ့ အသိကို အဲဒီအချိန်မှာ သေချာသိခဲ့ရတယ်။ အဲဒီလို အတွေးမှန် အမြင်မှန်တွေက အဆင်ပြေအောင်မြင်တဲ့အချိန်မှာ ရခဲ့တာ မဟုတ်ဘူး။ ဘဝရဲ့အနိမ့်ကျဆုံးအချိန်မှာမှ သိလာခဲ့ရတာ။ အဲဒါမို့လည်း လူတွေကို တခါလောက်တော့ မွဲဖူးစေချင်တယ် လို့ ခဏခဏ ရေးဖြစ်တာ။ မွဲမှ အသိမှန်အမြင်မှန် အပေါင်းသင်းအမှန်။ ဆွေမျိုးအမှန် တွေရလာတာဗျ။ ကိုယ့် အလှည့်တုန်းက ငွေကလွဲပြီး ဘာမှမရှိတဲ့လူ ဆိုတော့ အဲဒီငွေပါ မရှိတော့တဲ့အခါ ဘဝက အသက်ဆက်မရှင်ချင် တော့တဲ့အထိပါ ဖြစ်ခဲ့ရတယ်။ သူတပါး နိမ့်ပါးနေတဲ့အချိန်မှာ
إظهار الكل...
40👍 5❤‍🔥 1🔥 1
Concussion ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားမှာ Dr. Omalu ပြောသွားတဲ့ စကားလေး အရမ်း သဘောကျတယ်။ " ငွေကြေး လိုအပ်ချက် ရှိနေတာက ငွေကြေး လိုအပ်ချက် ရှိနေတာပါ။ အားနည်းတာ မဟုတ်ပါဘူး "တဲ့။ လူတော်တော် များများက ငွေမရှိရင် အားနည်းတယ်လို့ ထင်တတ်ကြတယ်။ ငွေမရှိတဲ့သူတွေ ကိုယ်တိုင်ကိုက ငါ့မှာ ငွေမရှိတာက အားနည်းချက်လို့ တွေးတတ်ကြတယ်။ တကယ်က ငွေမရှိတာက ငွေမရှိတာပါဘဲ။ ငွေရှာရမယ့် နည်းလမ်းတခုကို မတွေ့သေးတာ ဘဲရှိတာ။ ငွေမရှိသေးလို့ ငွေကိုလိုအပ် နေယုံ သက်သက်ဘဲ။ အားနည်းချက် မဟုတ်ဘူး။ စိတ်ဓာတ်ကျနေဖို့လည်း မလိုဘူး။ အားငယ်နေဖို့လည်း မလိုဘူး။ လူတိုင်း တခုမဟုတ်တခု လိုအပ်ချက် ရှိကြတာဘဲ။ တချို့က ချစ်ခြင်းမေတ္တာ လိုအပ်ကြတယ်။ တချို့က ရာထူးအာဏာ လိုအပ်ကြတယ်။ တချို့က ပျော်ရွှင်မှုကို လိုအပ်ကြတယ်။ တချို့ကျ သားသမီးရတနာ လိုအပ်ကြတယ်။ လိုအပ်ချက်မရှိတဲ့သူ ရှိမှ မရှိတာ။ လိုအပ်ချက် နည်းတဲ့သူနဲ့ များတဲ့သူဘဲ ကွာသွားကြတာ။ အဲဒီအထဲမှာမှ ကိုယ့်လိုအပ်ချက်က ငွေဖြစ်နေတာ။ အဲဒီ ငွေမရှိသေးတာက ရှာလို့ရတယ်။ အားနည်းချက်မဟုတ်ဘူး။ ကိုယ်ကျင့်တရား မရှိတာကမှ ရှာလို့မရတဲ့ အားနည်းချက်။ ဒီတော့ ငွေမရှိလို့ဆိုပြီး စိတ်ဓာတ်မကျနဲ့။ စိတ်မပျက်နဲ့။ အားမငယ်နဲ့။ ငွေက အ ချိန်မတန်သေးလို့ရယ် ရှာပုံရှာနည်း မတွေ့သေးလို့ရယ် လတ်တလော မရှိသေးတာ။ အားနည်းချက်လို့ ထင်မနေနဲ့။ ရှာပုံရှာနည်း တွေ့သွားတဲ့နေ့ ကြိုးစားမှုတွေ အရာရောက်လာမယ့်နေ့ ရောက်ရင် လိုအပ်ချက် ပြည့်စုံ သွားလိမ့်မယ်။ ကိုယ့်ဘက်က မပျက်စီးအောင်နေပြီး စိတိဓာတ်မကျဘဲ လုပ်စရာရှိတာ ဆက်လုပ်နေဖို့ဘဲလိုတာ။ လိုအပ်ချက်နဲ့ အားနည်းချက်ကို ကွဲပြားဖို့ သိသလောက်လေး Sharing လုပ်ပေးလိုက်ပါတယ်။ Sint Nyi 10.6.24
إظهار الكل...
53❤‍🔥 16👏 3👍 1
ငွေပိုနေလို့ တခုခု ဝယ်တော့မယ် ဆိုရင်တောင် တကယ် လိုအပ်လား ၊ မလိုအပ်လား တညလောက် ထပ် စဥ်းစားကြည့်ပါ။ အခုအချိန် ငွေရှာရတာ အရမ်း ခက်ပါတယ်။ ရှိထားတဲ့ငွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရတာပိုပြီး ခက်နေပါတယ်။ စိတ်ကိုနိုင်အောင် ကျင့်ယူပါ။ စိတ်နိုင်တဲ့သူက Will Power ကြီးတာမလို့ ကိုယ့်ကိုယ်ကိုကော သူတပါးကိုပါ လွှမ်းမိုးချုပ်ကိုင် နိုင်ကြပါတယ်။ Warren Buffet ပြောသလို " မလိုအပ်တာတွေ ဝယ်တာများရင် လိုအပ်တာတွေပါ ထုတ်ရောင်း ရတတ်တယ် " တဲ့။ စိတ်က ထိန်းချုပ်ရ အခက်ခဲဆုံးဖြစ်လို့ စိတ်နိုင်သူများ ဖြစ်စေဖို့ သိသလောကိလေး Sharing လုပ်ပေးလိုက်ပါတယ်။ PEACE Sint Nyi Self Control စာမျက်နှာ - 22
إظهار الكل...
41🐳 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.