Pakokku city & University News
الذهاب إلى القناة على Telegram
إظهار المزيد
698
المشتركون
-324 ساعات
-37 أيام
-1030 أيام
أرشيف المشاركات
ဘောမရပ်ကွက် လောင်နေပါပြီလို့။ငှက်ကင်ခံရတာ မဟုတ်ဘူးဆိုတဲ့ ငိုသံကြီးတွေနဲ့😂😂😂
တံတားဦးလေတပ်စခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး လေယာဉ် ၂ စီးပျက်စီးကာ စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး လေယာဉ် ၂ စီး ပျက်စီးကာ စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က တံတားဦး အပြည်ပြည်ဆိုင်ရာ လေတပ် စခန်း အတွင်းသို့ တော်လှန် ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာလေယာဉ် ၄ စီး ထိမှန်ပြီး ၂ စီးမှာ ပြန်လည်အသုံးပြု၍ မရတော့ဘဲ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီ တပ်သားများလည်း ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
“လေယာဉ် ၄ စီးထိတယ်၊ ၂ စီးက ပြန်သုံးလို့မရတဲ့အထိပျက်စီးသွားပါတယ်။ ဗုံးသီးကျပြီးတော့ လေ ကြောင်းလိုင်းတွေ ပိတ်သွားပါတယ်။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိရသေးဘူး” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် လေဆိပ်အနီးပတ်ဝန်းကျင်ကို Mi35 ရဟတ်ယာဉ်များဖြင့် လှည့်ပတ်ပျံသန်းကာ တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားအင်အားအများအပြားလည်း တိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ဒရုန်းဗုံး ၃ လုံးကျခဲ့ပြီးနောက် နေ့လယ်၂ နာရီ ၁၀ မိနစ်၊ ၃ နာရီ ၅၀ မိ နစ်၊ ၄ နာရီ ၂၅ မိနစ်၊ ၄ နာရီ ၃၀ မိနစ် ဆိုက်ရောက်ရမည့် လေယာဉ်များ Delay ဖြစ်နေကြောင်း လေဆိပ် ကြေညာဘုတ်တွင်လည်း ဖော်ပြထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်း အစိုးရဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို တိုက် ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အဆိုပါ တံတားဦးလေဆိပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲ ဖြစ်ပွားရာနေရာများနှင့် အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်နေသည့် အဓိက လေဆိပ်တစ်ခုဖြစ်ပြီး ယင်းလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူထောင်ပေါင်းများစွာလည်း သေဆုံးထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လေတပ်စခန်းတစ်ခုမြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
တံတားဦးလေတပ် ဒရုန်းကျ၊ ပြည်တွင်း လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း(Breaking)
ဧရာဝတီ၊ စက်တင်လာ ၁၀၊ ၂၀၂၆
ဗန်းမော် တိုက်ပွဲ ပြင်းထန်နေချိန် မန္တလေးတိုင်း၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ တောင်ဘက်ရှိ တံတားဦးလေတပ်စခန်း ယနေ့ နေ့လယ်ပိုင်းက FPV ဒရုန်းများဖြင့်တိုက်ခိုက်ခံရသဖြင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေးရပ်ဆိုင်းမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် လေဆိပ်အား တရားဝင် ပိတ်ထားခြင်း မရှိသော်လည်း ဆိုက်ရောက်ရမည့် လေယာဉ်များ ဆင်းသက်နိုင်ခြင်း မရှိသလို ခရီးသည်များအား ပြန်လွှတ်နေကြောင်း၊ လေဆိပ်အနီးတွင် MI-35 ရဟတ်ယာဉ်များ ပျံဝဲနေပြီး အပြန်အလှန်တိုက်ခိုက်သံများကြားနေရကြောင်း အနီးရှိ ဒေသခံတဦးက ပြောသည်။
ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ဒရုန်းဗုံး ၃ လုံးကျခဲ့ပြီးနောက် နေ့လယ်၂ နာရီ ၁၀ မိနစ်၊ ၃ နာရီ ၅၀ မိနစ်၊ ၄ နာရီ ၂၅ မိနစ်၊ ၄ နာရီ ၃၀ မိနစ် ဆိုက်ရောက်ရမည့် လေယာဉ်များ Delay ဖြစ်နေကြောင်း လေဆိပ် ကြေညာဘုတ်တွင်လည်း ဖော်ပြထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်း အစိုးရဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို တိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသဖြင့် အသေးစိတ် အခြေအနေများကို ဧရာဝတီက ဆက်လက်စုံစမ်းလျက်ရှိသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
ပခုက္ကူက ပြည်သူများ အထူးသတိပြုကြပါ။စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ရဲ့ ခွေးတပ်ဟာ ပေါ်တာအလွန်အကျွံဆွဲနေပါသဖြင့် သွားသတိလာသတိ🙏🙏🙏
အိမ်မက်ပျောက်နိုင်ငံ
လူငယ်တွေစစ်ထဲရောက်
ပြည်ပထွက်သူကထွက်နဲ့
ပြုန်းတီးလာတဲ့ လူသားအရင်းအမြစ်တွေ။
စစ်ပွဲဟာ ဘာမှကောင်းကျိုးဖြစ်မလာဘူး
ဒါပေမဲ့ စစ်ပွဲကမပြီးလို့လည်းမရပြန်ဘူး။
စစနစ်တစ်ခုကို တိုက်ရာမှာ
ရင်းနီးမှုတွေဟာ အများကြီးပါ။
စစ်ပွဲကို မုန်းတီးနေတဲ့အထဲမှာ
စစ်ပွဲမှာ ပါဝင်နေရတဲ့သူတွေက
ထိပ်ဆုံးဖြစ်ပါလိမ့်မယ်....။
ဘာကြောင့် အာဏာရှင်တစ်စုအတွက်
တစ်တိုင်းြပည်လုံးစတေးနေရတာ
တန်ပါရဲ့လား...?
ဒီအခက်အခဲတွေကြားမှာ
ခင်ဗျားတို့ ပျော်အောင်နေကြတယ်နော်
တကယ်ရောပျော်ပါရဲ့လား....
ကျွန်တော်တို့လူငယ်တွေအတွက်တော့
ဒီနိုင်ငံဟာ ကျိန်စာသင့်နိုင်ငံ
စစ်မုန်း
အခုနောက်ပိုင်း လိုင်းပေါ်ရှုပ်လာတာက မဘသမျိုးချစ်ဆိုလားဘာလား အဲကောင်တွေ။တကယ်က ဘာမှမျိုးချစ်လို့မဟုတ်ဘူး။ စစ်တပ်က လူမျိုးရေးမှိုင်းတိုက်ခိုင်းနေတာ။ဂျာမနီက ဟစ်တလာက လူမျိုးကြီးဝါဒနဲ့ စည်းရုံးတဲ့ အကွက်တွေ။အဲအမျိုး ဘာသာသာသနာဆိုတဲ့ကောင်တွေက စစ်ပွဲတွေရပ်သာအော်နေတာ သူတို့ရပ်ခိုင်းနေတာက တစ်ဖက်တည်းဖြစ်နေတယ်။သူတို့အဘ မအလ မင်းအောင်လှိုင်နဲ့ စစ်ခွေးတပ်ကျ နည်းနည်းလေးတောင်မဟောင်ရဲဘူး။ အခုဖြစ်နေတာ အနီအစိမ်းကိစ္စလည်း မဟုတ်ဘူး၊ဘာသာရေးစစ်ဖြစ်နေတာလည်း မဟုတ်ဘူး။စနစ်ကိုမကောင်းလို့တိုက်နေကြတာ။ ဒါကရှင်းရှင်းလေး။ စစ်တပ်ကစစ်တပ်အလုပ်လုပ်ရင်ဒီပြဿနာတွေဖြစ်မလာဘူး။ တစ်ခုပြောဦးမယ် အဲဒီမျိုးချစ်တို့၊တပ်မတော်ထောက်ခံနေတဲ့ဟာတွေက ဒီလောက်အာချောင်နေတာ သူတို့ချစ်တဲ့ တပ်မတော်ထဲ ဘာလို့စစ်ဝင်မတိုက်လဲမေးခွန်းထုတ်စရာ🙄
လေးကိုးနှစ်ခြောက်
စစ်တပ်ပျောက်
ကျောက်ဖြူနဲ့ ဗန်းမော် ကျရင် စစ်တပ် နောက်တစ်ချက်ဆုတ်ရပြီ။ အဲ့ဒါကို ရဲဝင်းဦး၊ ကျော်စွာလင်း၊ ကိုကိုဦး အကုန်သိတယ်။
ဗန်းမော်မှာ ကချင်က အရှိန်နည်းနည်းအလျှော့ပြတယ်။ မအလကို ဗန်းမော်ပြန်ရပြီအဘ လို့ တင်ပြလိုက်တယ်။နိုင်နေပြီထင်လို့ သူတို့ နန်း ဝန်ထမ်းတွေခေါ်တယ်။ အိမ်ထောင်သည် ရဲမေတွေကို ခေါ်တယ်။ KIA က ဒီပွင့်လင်းရာသီ ထိုးစစ်ကို မဖြည့်နိုင်အောင် အပြီသိပ်လိုက်တယ်။ လူအင်အား တဝက်မက ပျောက်ကျန်ခဲ့တယ်။ ရောက်သွားတဲ့ တဝက်ကလဲ သွေးပျက်နေပြီ။
KIA နဲ့ PDF တွေ ဘာလုပ်မယ်ထင်လဲ။ တွက်စရာတောင်မလိုဘူး။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၇ မှာ ကျန်တဲ့ ၃ မြို့ အပြီးသိမ်းမယ်လို့ စစ်ရေးရည်မှန်းချက် ချတယ်။ ဒါကြောင့် ရခိုင်ကို စစ်တပ်ရဲ့ အင်အား သုံးပုံ ၁ ပုံ (တပ်မ ၁၁ခု) နဲ့ထိုးတယ်။
ဘမောလော်ဘီတွေက အကြီးအကျယ် ထိုးစစ်ဆင်နေပြီသာလုပ်နေတာ။ ၃ လ သင်တန်းဆင်းပစ နဲ့ ၁၀ နှစ် ရှေ့တန်း အတွေ့အကြုံ အရက္ခတပ်တော်။ ဆင်နဲ့ ဆိတ်ကမှ နည်းနည်း အားမျှ ဦးမယ်။ ဆိတ်က ကွေ့ပတ်ပြေးတတ်လို့။စစ်တပ်ကလဲ အပြေးတပ်ပါ။ အခုလဲ ကံကောင်းရင် ဘင်္ဂလား ရောက်ကြဦးမှာပေါ့။ AA က ကျွေးထားရင်လဲ တပ်မတော်ကြီးက ပေါင် ၅၀၀ လက်စတုံးဖျောက်ဖျက်ဦးမှာ။
စစ်တပ်က ရခိုင်ထိုးစစ်ကို အကြီးအကျယ် လုပ်ပြနေရတာက တေချင်ရင် စိန်မစားနဲ့ ရခိုင်သွားဆိုပြီး စစ်တပ်ထဲမှာ ကြောက်နေကြလို့။
နောက်တန်း အိမ်ထောင်သည်လိုင်းမှာ ဓါတ်ပုံလေးပဲ ထောင်ခွင့်ရတော့မယ်လို့ စိတ်ဓါတ် အကြီးအကျယ် ကျနေလို့။
ပစ တွေ စုဆောင်းရခက်နေလို့။
အခု အစလောက်မှာ ရခိုင်ထဲ တိုးလို့ ရ ပြီဆိုရင်လဲ ပျော်မနေကြနဲ့ဦး။ စစ်ကစားဖို့ ဆိုတာ နယ်မြေလိုတယ်။ စစ်ကျွံသွားအောင် ထောင်ဖမ်းတာမျိုးပဲ ဖြစ်မှာ။
စစ်တပ်ဟာ အနှေးနဲ့ အမြန် ရှူံးမှာပဲ။ လက်ရှိအချိန်ထိ တနိုင်ငံလုံးကို ပေါင် ၅၀၀ ကျဲပြီး ထိမ်းထားတာ။ လေတပ်ရဲ့ ဗျူဟာက တဖက်ကို ထိမ်းတာထက် ပို မလုပ်နိုင်ဘူး။
နယ်မြေစိုးမိုးရေးက မြေပြင်ကပဲ လုပ်နိုင်တာ။
မြေပြင်ကစစ်တပ်မှာ စိတ်ဓါတ်နဲ့ အရည်အသွေး မရှိတော့ဘူး။ ပြည်သူကို နှိပ်စက်တာရယ်၊ရွာမီးရှို့ လောက်ပဲတတ်တော့တာ။ အတင်းခေါ်ထည့်ထားတဲ့ ပစ တွေက ဘယ်စိတ်ဓါတ်နဲ့ တဖြုတ်ဖြုတ် ကျနေတဲ့ အလောင်းတွေကြားထဲ ကြံ့ကြံ့ခံမလဲ။
၃ လတောင် မပြည့်တဲ့ အရည်အသွေးနဲ့ ဘယ်လို ရင်ဆိုင်မလဲ။
လူ ၁၅၀ မှာ ၁၂၅ ယောက်ကပစ၊ ၂၅ ယောက်သန္ဓေ။
အဲ့ဒီ ၂၅ ယောက်ကို မရဏလမ်း ကြွမြန်းခိုင်းတာပဲ။
ကမ္ဘာ့စစ်ရေး သုံးသပ်သူတွေကတော့ စစ်တပ်ရဲ့ နောက်ထပ် ခံစစ်ဟာ
မိတ္ထီလာလွင်ပြင်လို့ တွက်ပြတာပဲ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ကြပေါ့။
#မောင်ဝင်းဦး
crd
ဘယ်သူတွေနိုင်နေလဲ ရှုံးနေလဲက အချိန်ကစကားပြောသွားလိမ့်မယ်။လေကုန်ခံ ငြင်းနေစရာမလိုဘူး🙂
ကချင်မှာ ရေတပ်ကကောင်တွေကြိတ်ခံနေရတယ်။
ရခိုင်မှာ ေ မြပြင်တပ်တွေကြိတ်ခံနေရတယ်။
အဘတပ်မတော်ကြီးကနိုင်နေပါပြီလို့🙂😅😂😂😂
သုံ့ပန်းတွေ အလင်းဝင်တွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံလို့တဲ့ဗျာ ကျနော်တို့ကိုဆဲနေကြတာ
ခင်ဗျားတို့စဥ်းစားကြည့်ပါ စစ်တပ်မှာ လူသားအရင်းမြစ်ရှိတယ် ကြိုက်သလောက်ပေါ်တာဆွဲလို့ရတယ် ဆွဲလဲဆွဲနေတယ် ဒီစစ်တပ်ကို တစ်ယောက်မကျန်အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ လွယ်မလား?
စစ်ကိုလဲတိုက် စနစ်ကိုလဲတိုက် စိတ်ဓာတ်ကိုလဲတိုက်
တော်လှန်ရေးရဲဘော်တွေကို အရှင်မိရင် ဘယ်လိုလုပ်တာ ဘယ်လိုညှင်းပန်းနှိပ်စက်တာ Thatဖြတ်တာ အဲ့တာတွေ ကျနော်တို့လဲ မြင်နေတွေ့နေတာပါပဲ ကျနော်တို့က ခင်ဗျားတို့ထပ်ပို နာကျည်းပါတယ်
ဒါပေမဲ့ဗျာ စစ်တပ်မှာ စိတ်ဓာတ်မရှိတော့ဖူး
သုံ့ပန်းတွေအလင်းဝင်တွေကို ကျနော်တို့ ကောင်းကောင်းမွန်မွန်လက်ခံပြီး ဆက်ဆံပေးတဲ့အခါ
ကျနော်တို့ဆီ လက်နက်ချဖို့အလင်းဝင်ဖို့ လုံးဝစိတ်ကူးမရှိတဲ့လူက စိတ်ယိုင်လာပါလိမ့်မယ်
စိတ်ကူးနည်းနည်းရှိတဲ့လူက ပိုစဥ်းစားမိလာပါတယ်
လက်နက်ချဖို့အလင်းဝင်ဖို့ စဥ်းစားနေတဲ့လူက အပြည့်အဝယုံကြည်ပြီး ဘက်ကူးပြောင်းလာပါတယ် အင်းအား၅၀မှာ ၅ယောက်ပဲ ဘက်ပြောင်းခိုလှုံလာခဲ့ရင် သူ့ဘက်ကိုယ့်ဘက် အသက်၅ချောင်းရှင်သန်ရပါလိမ့်မယ် Postive လေးနဲ့ မြင်ကြည့်ကြပါ ။
crd
ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုမှ စစ်သင်္ဘော ၂ စီး ကမ်းကပ်ပြီး စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင် အညံ့ခံ (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော်အလံဖြူထောင်အညံ့ခံလိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ် သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။
KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရ
သည်။
"ရှေ့ဆုံးက စစ်သင်္ဘောပေါ့။ တိုက်သင်္ဘောပေါ့။ အမြှောက်တွေ ပါတယ်။ အဲဒါက အကြီးဆုံး။ အဲဒီကောင်က ရေထဲကို လုံး၀မြုပ်သွားတယ်။ ပြီးတော့ နောက်သင်္ဘော ၁စီးက လုံး၀ မီးလောင်သွားတယ်။ အဲဒီသင်္ဘောက စစ်သားတွေက ရေထဲခုန်ချတယ်။ ပီပါပုံးတွေကို ဖက်ပြီး စစ်သားတွေ မျောလာတယ်။ တချို့စစ်သားတွေ ဂါလံပုံးတွေကို ဖက်ပြီး မျောလာတယ်။ နောက် ၁စီးက အင်ဂျင်ပိုင်း ပျက်စီးပြီးတော့ စင်းခန်း တံတားအောက်မှာ ပျက်နေတာ။အဲဒီအစီးပေါ်က အယောက် ၁၀၀ ကျော်ကတော့ အလင်းဝင်လာတယ်။ ဒီမနက် ကျနော်တို့ တိုက်ိခုက်ပျက်စီးတာက ၄ စီးရှိသွားပြီ။ အဲဒီမှာ ၁ စီးက မြုပ်သွားတာ။ နောက် ၁ စီးက တစ်ဝက်မြုပ် တစ်ဝက်ပေါ်နေတယ်။ နောက် ၁ စီးက စင်းခန်းတံတားအောက် မှာရှိတယ်" ဟု KIA စစ်ရေး သတင်းရင်းမြစ်က အခြေအနေကို အသေးစိတ်ရှင်းပြသည်။
လတ်လော အလံဖြူထောင်သော စစ်သင်္ဘောများပေါ်မှ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ် ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စစ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်း တစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိ နာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်နှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
၂၀၂၆ရောက်တော့ အခြေအနေကပြောင်းသွားပြီ။ တိုက်ပွဲသတင်းတွေနဲ့ ပက်သက်ရင် ဒီဘက်က လိုင်းပေါ်မှာ သိပ်မပြောတော့ဘူး။သတင်းဌာနတွေက အတင်းလိုက်လို့သာ သိရတာ။ဘာလို့လဲဆို လိုင်းပေါ်ကတိုက်နေလို့ မပြီးဘူး။စကစက အခုဝါဒဖြန့်ဖို့ လိုင်းပေါ်မှာ အကောင့်တုပေါင်းများစွာနဲ့ လုပ်ထားတယ်။တကယ့်အစစ်အမှန်ကို လိုင်းပေါ်ကသိဖို့ မလွယ်တော့ဘူး။မြေပြင်လူတွေက ပိုသိတယ်။မြေပြင်မှာ ဘယ်ကောင်တွေရှုံးနေတာလဲ မြေပြင်ကလူတွေသိတယ်🙂
အမှတ်မရှိတဲ့ ဒီလူမျိုးတွေအကြောင်း သာကူးအနုပညာရှင်တွေကသိတယ်🙂
Boycottကို ဟိုအဘွားကြီးကလှန်ပြနေကြတယ် မြင်ကြလား🙂
မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်၊ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ဟု သတိပေး
ရန်ကုန်၊ ဩဂုတ် ၉
မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်း တွင် သတိပေးချက် ထုတ်ပြန်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ တိုင်းထွာချက်များအရ မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့များတွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာရှိသော်လည်း ဩဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ၉၆၂ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ် ၁,၃၅၀ စင်တီမီတာရှိသည့်အနက် လက်ရှိတွင် ၁,၃၅၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။
အလားတူ မုံရွာမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁,၀၀၀ စင်တီမီတာထက် ကျော်လွန်ကာ ၁,၀၂၀ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၇၈၆ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာရှိသော်လည်း လက်ရှိတွင် ၁,၀၈၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း မြင်ခြုံ၊ ပခုက္ကူနှင့် ညောင်ဦးမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း သို့မဟုတ် ကျော်လွန်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
လက်ရှိ တိုင်းထွာချက်များအရ မြင်ခြုံမြို့တွင် ဧရာဝတီမြစ်ရေ ၁,၁၀၉ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၁,၁၅၀ စင်တီမီတာ ဖြစ်သည်။ ပခုက္ကူမြို့တွင် မြစ်ရေ ၂,၁၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၅၀ စင်တီမီတာ ဖြစ်ကာ ညောင်ဦးမြို့တွင် မြစ်ရေ ၂,၀၉၁ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၂၀ စင်တီမီတာ ဖြစ်သည်။
အဆိုပါမြို့များတွင် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့် နီးကပ်လာနေသည့်အတွက် နောက် ၁ ရက်အတွင်း ရေကြီးရေလျှံမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေကို အထူးသတိပြုကြရန်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ- ငဝန်မြစ်ရေကာတာကျိုးပေါက်သွား၍ လေးမျက်နှာမြို့နယ်အပါအဝင် ဧရာ၀တီတိုင်းတွင် ရေကြီးနေစဉ်။
ကျွန်တော်တို့ အညာဟာနေ့တိုင်းအညာခံနေရတာပါ
ဆန္ဒပြတုန်းက ပါခဲ့တဲ့သူတွေတောင်
ခွေးကျောင်းတက်သူကတက် ရုံးတက်သူကတက်။
ဘဝအခြေအနေအရပါလို့ အကြောင်းအမျိုးမျိုးပြကြတယ်
ငါတို့အညာက ဘဝတွေမရှိိဘူးနော်?????
ကိုယ့်ကို မီးပွားမထိမချင်း နာရကောင်းမှန်းမသိကြတော့
အချုပ်တန်းဆရာဖေရေးသလို တွေးမိရင်အရိုးပါနာတယ်
အမျိုးပါဆဲချင်ပေါ့လေး ဆိုသလိုပဲဗမာတွေရယ်.....။
စစ်ဖြစ်နေတာ နှစ်ဖက်လုံးအဖိတ်အစင်ရှိမှာနားလည်တယ်
ဒါပေမဲ့ မကြွေသင့်ပဲကြယ်တွေ ကြွေတဲ့အခါ
ငါတို့ရင်တွေ အလိုလိုနာရတာပဲ.......။
အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရတယ်
အရှင်လတ်လတ် အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရတယ်
အရှင်လတ်လတ် ဓားနဲ့ ခုတ်သတ်ခံခဲ့ရတယ်
အရှင်လတ်လတ် ညှင်းပမ်းနှိပ်စက်သတ်ခံရတယ်
ကိုယ်အလောင်းကို ကိုယ်ခြံစည်းရိုးမှာ ထားခံခဲ့ရတယ်
အရှင်လတ်လတ်မိရဲ့သားနဲ့ ရက်ရက်စက်စက်
အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ.....ဒါတွေကရုပ်ရှင်မဟုတ်ဘူးနော်
ဒီကောင်တွေဆီက လူသားချင်းစာနာမှုကို
မျှော်လင့်နေကြတာလား သူတို့ကလူတွေမှမဟုတ်တာ
ရက်စက်မှုတွေရဲ့ မိစ္ဆာတွေလေ.......။
တစ်ခုပဲ အကြမ်းဖက် မအလနဲ့ အကြမ်းဖက်စစ်တပ်
ပြုတ်ရင်ပြုတ် မပြုတ်ရင်လည်းဘာညှိနှိုင်းစရာမှမလိုဘူး
အဆုံးထိသွားမယ် အဆုံးထိတိုက်မယ်.....
ငါတို့အညာဟာ ဘယ်တော့မှသမိုင်းမရိုင်းသလို
တော်လှန်ရေးအပေါ် ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။
အဲတော့ မအလနဲ့စစ်တပ်ရေ အညာကိုအပြုတ်ဖြုတ်နိုင်ရင်ဖြုတ်
မဟုတ်ရင် အညာနဲ့မင်းတို့ဟာ ကမ္ဘာမကြေပဲနော်
ငါတို့တစ်သက်မကျေဘူး ရေးပြလို့မကုန်တဲ့
မင်းတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက်
ကျူးလွန်သူတွေမေ့နိုင်ပေမဲ့ ခံရသူတွေက
တစ်သက်မကျေဘူး.......။
စစ်မုန်း
