ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 496 مشتركاً، محتلاً المرتبة 15 903 في فئة الأخبار والوسائط والمرتبة 10 062 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 496 مشتركاً.

بحسب آخر البيانات بتاريخ 28 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -221، وفي آخر 24 ساعة بمقدار 14، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.54‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.70‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 192 مشاهدة. وخلال اليوم الأول يجمع عادةً 837 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 496
المشتركون
+1424 ساعات
-97 أيام
-22130 أيام
أرشيف المشاركات
🇮🇱= 🐍 အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ပြည်သူတွေအပေါ် ထားရှိတဲ့ စံနှစ်မျိုး (Double Standard) သဘောထားနဲ့ ပတ်သက်ပြီး အယ်လ်ဂျာဇီးရား Al Jazeera သတင်းဌာနက ဖော်ပြ နေတန်ယာဟုက အီရန်ပြည်သူများကို မည်သို့ရှုမြင်သနည်း? အယ်လ်ဂျာဇီးရား ၏ ဖော်ပြချက် အရ - နေတန်ယာဟု​၏ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားချက် (နိုင်ငံတကာသို့) - "ကျွန်ုပ်တို့သည် အီရန်ပြည်သူများကို လွတ်မြောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။" နေတန်ယာဟု​၏ ဟီဘရူးဘာသာဖြင့် ပြောကြားချက် (ပြည်တွင်းသို့) - "ယနေ့ခေတ် အီရန်လူမျိုးများသည် အာမလက် (Amalekite) လူမျိုးများ ဖြစ်ကြသည်။" ဘိုင်ဘဲလ်ကျမ်းစာ (Book of Deuteronomy) အခန်းကြီး ၂၅ အရ အစ္စရေးလူမျိုးများသည် အာမလက်လူမျိုးများအားလုံးကို (အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင်) သုတ်သင်ပယ်ရှင်းရမည်ဟု ဖော်ပြထားသည်။ နေတန်ယာဟုက အင်္ဂလိပ်လို ပြောတဲ့အခါမှာတော့ အီရန်အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို ကယ်တင်ချင်သယောင် ပုံဖော်ထားပေမဲ့ ဟီဘရူးလို ပြောတဲ့အခါမှာတော့ ဘာသာရေးကျမ်းစာလာ ရန်သူတော် "အာမလက်" တွေနဲ့ နှိုင်းယှဉ်ပြီး အမြစ်ပြတ်ချေမှုန်းရမယ့် သဘောပြောထားပါတယ်။ NOM

တာမွေမီးပွိုင့်တွင် ယာဉ် (၁၀)စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ NOM၊မတ်၅၊၂၀၂၆ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ မီးပွိုင့်အနီ
+1
တာမွေမီးပွိုင့်တွင် ယာဉ် (၁၀)စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ NOM၊မတ်၅၊၂၀၂၆ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ မီးပွိုင့်အနီးတွင် ယနေ့ မွန်းလွဲပိုင်းကတာမွေ မီးပွိုင့် ရွှေဗဟိုဆေးရုံရှေ့ ယာဉ် (၁၃) စီး ကျော်ဆင့်တိုက်သည့်ဖြစ်ပွားခဲ့ကြောင်း သိရသ ည်။ ဖြစ်စဉ်မှာ ကြက်ဘဲစျေးဘက်မှ တာမွေအဝိုင်းဘ က်သို့ မောင်းနှင်လာသော YBS 144 ယာဉ် ဘရိတ် ပေါက်ကာယာဉ် (၁၀) စီး ကျော် ဆင့်တိုက်ခဲ့‌ခြင်းဖြစ်‌ပြီး144 YBS ယာဉ်မောင်းထွက်ပြေးသွားပြီးထိခိုက်ဒါဏ်ရာမရှိကြောင်းသိရသည်။

အစ္စရေးက အီရန်နိုင်ငံ မြို့တော် တီဟီရန် ရှိ ကြက်ကြော်ဆိုင်ကို ဗုံးကြဲ။ NOM
အစ္စရေးက အီရန်နိုင်ငံ မြို့တော် တီဟီရန် ရှိ ကြက်ကြော်ဆိုင်ကို ဗုံးကြဲ။ NOM

+1
ကနေဒါဝန်ကြီးချုပ် မက်ခ် ကာနေ (Mark Carney) က အီရန်စစ်ပွဲမှာ ကနေဒါတပ်ဖွဲ့တွေ ပါဝင်လာနိုင်ခြေကို "လုံးဝမဖြစ်နိုင်ဘူး" လို့ အပြတ်မငြင်းဆိုတော့ဘဲ လမ်းဖွင့်ထားလိုက်ပါတယ်။ အစောပိုင်းမှာတော့ ဒီစစ်ပွဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ အခုတော့ သူ့သဘောထားက ၁၈၀ ဒီဂရီပြောင်းသွားပါပြီ။ သူ့သဘောထားရုတ်ခြည်းပြောင်းလဲပုံက ကမ္ဘာကျော် စကိတ်စီးသမား တိုနီဟော့ခ် ရဲ့ ဝေဟင်ပျံ လှည့်ကွက်တွေထက်တောင် ပိုပြီးမြန်ဆန်လွန်းလှပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က အိမ်ခြံမြေအကျိုးဆောင် အရေအတွက်ဟာ ကနေဒါနိုင်ငံရဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အင်အားထက်တောင် ပိုများနေတယ်ဆိုတာရောသင်သိပါသလား? ၂၀၂၆ ခုနှစ် အခြေအနေအရ ကြည့်မယ်ဆိုရင်- တိုရွန်တိုမြို့ အိမ်ခြံမြေအကျိုးဆောင်များ Toronto Regional Real Estate Board (TRREB) မှာ အဖွဲ့ဝင် ၇၃,၀၀၀ ကျော် ရှိနေပါတယ်။ ကနေဒါရဲ့ ပုံမှန်စစ်သည်အင်အား (Regular Force) ကတော့ ၆၃,၅၀ဝ ဝန်းကျင်ပဲ ရှိပါတယ်။ NOM

🇮🇷🇮🇷 🤍 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထုတ်ပြန်ချက် အမေရိကန် ရေနံတင်သင်္ဘောအား တိုက်ခိုက်မှု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ပါရှန်ပင်လယ်ကွေ့မြောက်ပိုင်းတွင် အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့နံနက်အစောပိုင်းတွင် IRGC ရေတပ်တိုက်ခိုက်ရေးသမားများ၏ လက်ချက်ဖြင့် ထိုသင်္ဘောမှာ ထိမှန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးလောင်ကျွမ်းလျက်ရှိသည်။ "ကျွန်ုပ်တို့သည် ယခင်ကတည်းက နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ စစ်မက်ဖြစ်ပွားနေချိန်အတွင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဖြတ်သန်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ထိန်းချုပ်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ လူတိုင်း ဤစည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။ အမေရိကန်၊ အစ္စရေး၊ ဥရောပနိုင်ငံများနှင့် ၎င်းတို့ကို ထောက်ခံသူများ၏ စစ်သင်္ဘောများနှင့် ကုန်သွယ်ရေးသင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း၊ အကယ်၍ တွေ့ရှိပါကလည်း ဘုရားသခင်၏ အကူအညီဖြင့် မလွဲမသွေ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကြိုတင်သတိပေးထားပြီးဖြစ်သည်။" NOM

မဲခေါင်-လန်ချန်း (၂၀၂၅) ဆိုလာနည်းပညာဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဆိုလာစွမ်းရည် စမ်းသပ်စင်တာတည်ထောင်ခြင်း စီမံကိန်
မဲခေါင်-လန်ချန်း (၂၀၂၅) ဆိုလာနည်းပညာဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဆိုလာစွမ်းရည် စမ်းသပ်စင်တာတည်ထောင်ခြင်း စီမံကိန်းစတင် မတ် ၄၊ ၂၀၂၆ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၅) ဖြင့် ပူးပေါင်းဆောင်ရွက်သည့် “Establishing Myanmar’s Solar PV Industry Technical Standards and Solar PV Testing Center” စီမံကိန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ အီလက်ထရောနစ် နည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပညာရှင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံ့သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း နိုင်ရေးနှင့် သာယာဝပြောကာ စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးသည့် နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးအတွက် ပေါကြွယ်ဝသည့် နေစွမ်းအင်ရင်းမြစ်များမှ ဆိုလာစီမံကိန်းကြီးများနှင့် ဆိုလာအသေးစားစနစ်များဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ MSME လုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင် ရွက်လျက်ရှိပြီး မြို့ပြကျေးလက်မရွေး ဆိုလာစနစ်များ တပ်ဆင်သုံးစွဲမှုများ သိသာစွာမြင့်တက်လာရာ ဆိုလာနည်းပညာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန်နှင့် အရည်အသွေးပြည့်မီကာ အာမခံချက်ရှိ ရန်လိုအပ်ကြောင်း။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကမ္ဘာနှင့်ရင်ပေါင်တန်းကာ ဆိုလာစနစ်များကို ပြည်သူများ ပိုမိုအကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး ယခု မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် တည်ထောင်မည့် ဆိုလာစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ စမ်းသပ်စင်တာသည် အုတ်မြစ်ကောင်း တစ်ခုပင်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် တစ်တပ်တစ်အား အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းမှ အကျိုးကျေးဇူးများကို ပိုမိုတိုးပွားစေရေးအတွက် ဆိုလာ Stakeholders များအားလုံး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်သွားရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်က အမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ မိတ်ဆက်ပြောကြားပြီး ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက် ထရောနစ် နည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ နိုင်ငံတကာပညာရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြသည်။ ယခုစီမံကိန်းသည် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဆိုလာစီမံကိန်း၏ နောက်ဆက်တွဲ စီမံကိန်းအဖြစ် ဆက်လက်ဆောင် ရွက်ခြင်းဖြစ်ပြီး မျှော်မှန်းရလဒ်များမှာ နိုင်ငံတော်ရှိ ဆိုလာလုပ်ငန်းများအတွက် နည်းပညာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ ဆိုလာစွမ်းအင် စမ်းသပ်စင်တာတည်ထောင်ခြင်း၊ ဆိုလာ Stakeholders များအားလုံး၏ နည်းပညာကျွမ်းကျင်မှုကို မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဆိုလာစီမံကိန်းများ အတွက် အထောက်အကူပြုခြင်းအပြင် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဆိုလာစီမံကိန်းများတွင် အကျိုးရှိရှိ မှီငြမ်းအသုံးချနိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ NOM

+3
ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား ဖမ်းဆီးအရေးယူ မတ် ၅၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား မတ် ၁ ရက်‌နေ့ကဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် သတင်းအရ မတ်လ ၁ ရက်‌နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်နေ ဦးရဲအောင်(၄၆)နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။ အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပူးပေါင်းအဖွဲ့များသည် ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာနေ ဦးသိန်းထိုက်(၃၇)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဓာတ်ဆီ ၇၉၀၀ ဂါလန်(တန်ဖိုးငွေ ၈၁,၂၇၁,၁၁၉ ကျပ်ခန့်)၊ ဒီဇယ်ဆီ ၆၀၀ ဂါလန်(တန်ဖိုးငွေ ၆,၅၆၆,၆၁၆ ကျပ်ခန့်) တို့နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ ထို့နောက် အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ ထန်းပင်ဆိပ်ကျေးရွာနေ ဒေါ်ခင်ခင်ထွေး(၅၆)နှစ်၏ နေအိမ်အား ထပ်မံ ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်း ပီပါများအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ အဆိုပါ စက်သုံးဆီ တရားမဝင် သိုလှောင်သူ ၃ဦးတို့အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

🇮🇷🇮🇷 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်သည် ယမန်နေ့ညက အစ္စရေးပိုင်နက်အတွင်းရှိ ရာမော့တ်ဒေးဗစ် လေတပ်စခန်းမှ လောင်စာဆီသိုလှောင်ကန်များကို ပစ်မှတ်ထား၍ 'အာရပ်ရှ်' တိုက်ခိုက်ရေးဒရုန်း အစင်းပေါင်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ NOM

မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို မသေမချင်းကြိုးကွင်းစွပ်သတ်​စေရန်အမိန့် ချမှတ် NOM၊မတ်၅၊၂၀၂၆ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ဇနီးဖြစ်သူအားခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို မှော်ဘီခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် -၈/၂၀၂၆ တွင် စစ်​ဆေးပြီး ယ​မန်နေ့ ( မတ်လ ၄)ရက်​​နေ့၌ရာဇသတ်ကြီး ပုဒ်မ.၃၀၂(၁)(ခ) အရ မ​သေမချင်းကြိုးကွင်းစွပ်သတ်​စေရန်အမိန့် ချမှတ်ခဲ့ကြောင်း သိသည်။ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်နေထိုင်သည့်ခင်ပွန်းဖြစ်သူ သူဇော်ဇော်နှင့်ဇနီဖြစ်သူ မ​ဟေမာန်သူတို့သည် ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းတွင် စကားများရာမှ ဇနီးဖြစ်သူကို ခင်ပွန်းသည်ကဓားရှည်ဖြင့်ခုတ်၍ ခေါင်းဖြတ်သတ်ခဲ့ပြီး အမျိုးသားသည် ဓားရှည် နှင့် သေဆုံးသူ၏ဦးခေါင်းကိုဆွဲကာ ကားလမ်းမဘက် လမ်း လျှောက်ထွက်လာခဲ့ကြောင်း၊ထို့နောက် သေဆုံးသူ၏ဦးခေါင်း ကိုလမ်းလယ်ခေါင်တွင်ချကာ ငုတ်တုတ်ထိုင်နေခဲ့ပြီးနောက် မကြာမှီ ဓားနှင့် ဦးခေါင်းကိုဆွဲကာ လမ်းမပေါ် လျှောက်သွားခဲ့ရာမှဖမ်းဆီးခံရ ကြောင်းသိရသည်။ "မဟေမာန်သူ အသတ်ခံတဲ့အမှုအတွက် တရားမျှတမှုရအောင်ဥပ​ဒေအရကူညီဆောင်ရွက်​ပေးခဲ့တာပါအမျိုးသားကသူ့ အိပ်ယာ​ဘေးတွင် ဓါးကို ဖွက်ပြီး သတ်တဲ့အတွက် ကြိုကြံရွယ်၍သတ်ဖြတ်သည်ဟု​ကောက်ယူရမည်ဖြစ်​ကြောင်းရုံး​တော်ကသုံးသပ်ခဲ့ပြီးအခုလိုအမိန့်ကိုချခဲ့တာပါ"ဟု အမှုတွင်လိုက်ပါကူညီပေးသူတစ်ဦးကသူ၏လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ကျူးလွန်သူအမျိုးသားအား တရားရုံးက မ​သေမချင်းကြိုးကွင်းစွပ်သတ်​စေရန်အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်သည်။

🇨🇳🛢🛢တရုတ်နိုင်ငံမှ စက်သုံးဆီတင်ပို့မှုများ ရပ်တန့်ရန် ညွှန်ကြား - ဘွန်းဘတ်သတင်းဌာန တရုတ်အစိုးရသည် ပြည်တွင်းရှိ ရေနံချက်စက်ရုံများကို စက်သုံးဆီနှင့် ရေနံအခြေခံ ထွက်ကုန်များ ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တောင်းဆိုထားသည်။ စက်သုံးဆီ တင်ပို့ရန်အတွက် စာချုပ်သစ်များ ချုပ်ဆိုခြင်းကိုလည်း ရပ်တန့်ရန် ညွှန်ကြားထားသည်။ ယခင်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် တင်ပို့မှုများကိုပါ ပြန်လည်ဖျက်သိမ်းနိုင်ရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းထားကြောင်းသိရသည်။ ဤခြေလှမ်းသည် တရုတ်ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန် (သို့မဟုတ်) ကမ္ဘာ့ရေနံဈေးကွက် အခြေအနေအရ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်သည်။ NOM

လားရှိုးမြို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မတ် ၄၊ ၂၀၂၆ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေ
လားရှိုးမြို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မတ် ၄၊ ၂၀၂၆ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၃ ရက် ညနေ ၄ နာရီခွဲက လားရှိုးမြို့ အာရုံတော်ရပ်ကွက်ရှိ ဘရန်ဆိုင်း (ခ) အားရင် (၃၀) နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ဘိန်းဆီခဲ ၆၀ ဂရမ် (တစ်ဂရမ် လျှင်ငွေကျပ် ၁၈၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၀၈ သိန်း)၊ အဆင့်နိမ့်ဘိန်းခပ်ခူး ၄၅၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ဘရန်ဆိုင်း (ခ) အားရင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ NOM

KTLA သူပုန်အဖွဲ့က KNLA သူပုန်ကို ခြုံခိုတိုက်ခိုက် တိုက်ပွဲသတင်းစုံ
+2
KTLA သူပုန်အဖွဲ့က KNLA သူပုန်ကို ခြုံခိုတိုက်ခိုက် တိုက်ပွဲသတင်းစုံ

အိမ်ဖြူတော်နှင့် အီရန်တို့ သီးခြားဆွေးနွေးနေသည်ဟု နေတန်ယာဟု သံသယရှိ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် အိမ်ဖြူတော်နှင့် အီရန်အ
အိမ်ဖြူတော်နှင့် အီရန်တို့ သီးခြားဆွေးနွေးနေသည်ဟု နေတန်ယာဟု သံသယရှိ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် အိမ်ဖြူတော်နှင့် အီရန်အကြား သီးခြားဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သံသယရှိနေကြောင်း အစ္စရေးအခြေစိုက် Channel 12 သတင်းဌာနက ဖော်ပြခဲ့သည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ အီရန်ဘက်တော်သားများနှင့် ထရန့်အစိုးရအဖွဲ့ မှ ပုဂ္ဂိုလ်များအကြား ဆက်သွယ်မှုများ ရှိ၊ မရှိ ရှင်းလင်းပေးရန် နေတန်ယာဟုက အိမ်ဖြူတော်သို့ တောင်းဆိုထားကြောင်း မှတ်ချက်ပြုထားသည်။ NOM

၂ဝ၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ
၂ဝ၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ

"ကျွန်ုပ်တို့သည် ဒုံးကျည်များကို ပစ်လွှတ်နေရင်းနှင့်ပင် တစ်ပြိုင်နက်တည်း ထုတ်လုပ်နေကြခြင်းဖြစ်သည်" — အီရန်ဗိုလ်ချုပ်ကြီး အီရန်ဗိုလ်ချုပ် ဆာဒါး ဘာမန် ကာဂါ က လက်ရှိတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်ကြားမှ ၎င်းတို့၏ စက်မှုကဏ္ဍကြံ့ခိုင်မှုကို ပြသသည့်အနေဖြင့် အောက်ပါအတိုင်း သတင်းစကားပါးခဲ့သည် - "ကျွန်ုပ်တို့သည် ဒုံးကျည်များကို ပစ်လွှတ်နေသလို တစ်ဖက်တွင်လည်း ဆက်လက်ထုတ်လုပ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စစ်လက်နက်ပစ္စည်း အရန်အင်အားနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ မရှိပါ။" NOM

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို အသိပေးကြေညာချက်အားး ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို အသိပေးကြေညာချက်အားး ဖြည့်စွက်ထုတ်ပြန်ခြင်း

🇮🇷 - အီရန်သတင်းဌာနတစ်ခုဖြစ်သည့် တက်စ်နင်မ် နှင့် ကာ့ဒ် သတင်းရင်းမြစ်များက အစ္စရေးနှင့် အမေရိကန်မီဒီယာအချို့တွင် ဖော်ပြခဲ့သည့် - "အီရန်နိုင်ငံအပေါ် ကာ့ဒ်လက်နက်ကိုင်များ၏ ထိုးစစ်ဆင်မှု" သတင်းများကို ငြင်းဆိုလိုက်သည်။ တက်စ်နင်မ်သတင်းဌာန၏ ဖော်ပြချက်အရ "အီလန် ပြည်နယ်၏ နယ်စပ်ဒေသများသည် ယခုအချိန်အထိ လုံးဝလုံခြုံလျက်ရှိကြောင်း၊ အီရတ်နယ်စပ်ကို ဖြတ်ကျော်ပြီး ကာ့ဒ်လက်နက်ကိုင်အဖွဲ့ဝင် ထောင်ပေါင်းများစွာ အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ဆိုသည့် အမေရိကန်မီဒီယာများ၏ သတင်းမှာ မှန်ကန်မှုမရှိကြောင်း" သိရသည်။ NOM

အရည်အသွေးအာမခံမရှိသော တရားမဝင်မိုဘိုင်းဟန်းဆက်ဈေးကွက်ကို တားဆီးနိုင်ရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ ရရှိစေရေး၊ မိုဘိုင်းဟန်းဆက် ခိုးယူ/ပျောက်ဆုံးမှု များကို ထိန်းချုပ်နိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးနိုင်ရေး အစရှိသည့် အများပြည်သူအတွက် ဝန်ဆောင်မှုပေးသည့် ရည်ရွယ်ချက်များစွာဖြင့် အာဆီယံနိုင်ငံအချို့တွင် IMEI မှတ်ပုံတင်ခြင်းအား အဆင့်မြှင့်တင်လျက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။ တရားဝင်တင်သွင်းသည့် မိုဘိုင်းဟန်းဆက်များကိုသာ အသုံးပြုနိုင်တော့သည့်အတွက် တရားမဝင် တင်သွင်းသည့် မိုဘိုင်းဟန်းဆက်များ လျော့နည်းလာခြင်းအပြင် ရသင့်ရထိုက်သည့် အခွန်အခများရရှိခြင်း၊ အခြားစီးပွားရေးအရ အကျိုးအမြတ်များ ရရှိစေခြင်းတို့အပြင် မိုဘိုင်းဟန်းဆက် ခိုးယူ/ပျောက်ဆုံးမှုများ၊ တရားမဝင်တင်သွင်းသည့် မိုဘိုင်း ဟန်းဆက်များ၊ ဆိုက်ဘာရာဇဝတ်မှုများ လျော့ကျလာသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့စနစ်ဆောင်ရွက်ခြင်းဖြင့် အခြားနိုင်ငံများတွင် ဆောင်ရွက်သကဲ့သို့ နိုင်ငံအတွင်း စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် မိုဘိုင်းဖုန်းအတုများသည် သုံးစွဲမှုမရသည့်အတွက် အီလက်ထရောနစ်အမှိုက် ဖြစ်နိုင်ခြေလျော့ကျစေပါမည်။ ဖုန်းပျောက်ဆုံးသွားပါက အခြားသူတစ်ဦးက ခိုးယူသုံးစွဲနိုင်သော်လည်း နောင်တွင် အမှန်တကယ် ဖုန်းပျောက်ဆုံးမှုအတွက် ခိုးယူသုံးစွဲနိုင်ခြေ များစွာလျော့ကျသွားစေမည်ဖြစ်ပါသည်။ IMEI မှတ်ပုံတင်စနစ်သည် မိုဘိုင်းဆက်သွယ်ရေးကွန်ရက် လုံခြုံရေးကိုမြှင့်တင်ရန်နှင့် ဆိုက်ဘာရာဇဝတ်မှုများကို ကာကွယ်ရန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့်နည်းပညာအခြေပြုစနစ်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။ အချုပ်အားဖြင့်ဆိုသော် အရည်အသွေးပြည့် မိုဘိုင်းဖုန်းဟန်းဆက်များကို အများပြည်သူ ယုံကြည်စိတ်ချစွာ သုံးစွဲလာနိုင်မည့် အကျိုးကျေးဇူးရရှိစေခြင်း၊ ဆက်သွယ်ရေးဥပဒေပါ လိုင်စင်ရယူပြီးမှ တင်သွင်းအသုံးပြုခွင့်ရှိသော ဆက်သွယ်ရေးပစ္စည်းများကို ကြီးကြပ်နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ခြင်း၊ အခွန်ကောက်ခံမှုစနစ်ကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် နည်းပညာဆိုင်ရာ အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်ခြင်း၊ အောင်မြင်စွာအသုံးပြုနေသော နိုင်ငံများတွင် မိုဘိုင်းဟန်းဆက်ဈေးကွက်၏ တရားဝင်မှုနှင့် အခွန်ဘဏ္ဍာငွေများ သိသိသာသာတိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်မှ ဆောင်ရွက်နေသော ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေးဆိုင်ရာ အတွေ့အကြုံများကို ရရှိစေပါမည်။ ထို့အပြင် မိုဘိုင်းလက်ကိုင်ဖုန်းအသုံးပြု အွန်လိုင်းငွေကြေး လိမ်လည်မှုများကို ပိုမိုစောင့်ကြည့်ကိုင်တွယ်နိုင် စေမည့်အပြင် အများပြည်သူအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ပြည်ပမှ ယူဆောင်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော မိုဘိုင်း လက်ကိုင်ဖုန်းများကို ကင်းလွတ်ခွင့်ပြုသော အချိန်ကာလအတွင်း ရွေးယူဒဏ်ကြေးပေးဆောင်ကာ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်း ရောင်းချသူများအနေဖြင့် တင်သွင်းမည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို BTRC တွင် ကြိုတင်မှတ်ပုံတင် ထားရန် လိုအပ်ပါသည်။ တရားမဝင်တင်သွင်းခြင်းအတွက် သက်ဆိုင်ရာအကောက်ခွန်ဌာန၏ သိမ်းယူ ခြင်းခံရမည်ဖြစ်ပါသည်။ BTRC သည် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများနှင့်ပူးပေါင်းကာ IMEI ကြီးကြပ်ခြင်းကို ဆောင်ရွက်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း ခိုးယူခံရခြင်း၊ IMEI အတုပြုလုပ်ခြင်းနှင့် ပွားယူခြင်းအပြင် တရားမဝင်မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်း ခြင်းကို တားဆီးကာကွယ်နိုင်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းတို့ကို စက်မှုဝန်ကြီးဌာနနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပါသည်။ နိုင်ငံအတွင်း မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI များကို အမျိုးသားမှတ်တမ်းတွင် ထည့်သွင်းရန်လိုအပ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်းကို တင်းကျပ်စွာထိန်းချုပ်ထားပြီး သယ်ဆောင်/ တင်သွင်းလာသော မိုဘိုင်းဖုန်းများအား အစိုးရ၏အင်တာနက်စာမျက်နှာတွင် မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ကျင့်သုံးခဲ့ပါသည်။ နိုင်ငံခြားသားများအနေဖြင့် ပြည်တွင်းဆင်းကတ်နှင့် သုံးစွဲနိုင်ရန် မိုဘိုင်းလက်ကိုင်ဖုန်းကို မှတ်ပုံတင်ရန်လိုအပ်ပါသည်။ မှတ်ပုံတင်ထားခြင်းမရှိသော IMEI များသည် အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက်များသို့ ဝင်ရောက်သုံးစွဲခွင့် ရှိမည်မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်းမှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် အသုံးပြုခွင့် ရှိ/မရှိကို https://imei.kemenperin.go.id တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ IMEI မှတ်ပုံတင်ခြင်းဖြင့် လူမှုအဖွဲ့အစည်းကို ဘယ်လိုအကျိုးရှိစေမှာလဲ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက် မှုကြောင့် မိုဘိုင်းဖုန်းသုံးစွဲမှုတစ်ဟုန်ထိုး တိုးတက်များပြားလာပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် တိုးတက်မှုများရှိခဲ့သော်လည်း မိုဘိုင်းနည်းပညာ၊ အင်တာနက်နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် နည်းပညာလုံခြုံရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရေး၊ မိုဘိုင်းဟန်းဆက်များကို တရားမဝင်တင်သွင်းမှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းနေမှုနှင့် မိုဘိုင်းဟန်းဆက်များကိုအသုံးပြု၍ တရားမဝင် လုပ်ငန်းများကိုလည်း သတိပြုထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ မိုဘိုင်းဟန်းဆက်ဖြင့် မသမာသောအသုံးပြုမှုကို ကာကွယ်ခြင်းဖြင့် ခိုးယူခံရသော မိုဘိုင်း ဟန်းဆက်များကို ဆက်သွယ်ရေးကွန်ရက်တွင် အသုံးပြုခြင်းမှတားဆီးနိုင်ပြီး ရာဇဝတ်မှုလျှော့ချ ရေးတွင်လည်း အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်အတွင်း IMEI Code များကို တရားဝင်မှတ်ပုံတင်စေခြင်းဖြင့် အရည်အသွေး အာမခံမရှိသော တရားမဝင် မိုဘိုင်းဟန်းဆက်များ ဈေးကွက်သို့ ဝင်ရောက်မှုကို လျှော့ချနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်းဆောင်ရွက်ခြင်း အားဖြင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်စီးပွားရေး ပီပြင်စွာပေါ်ထွန်းလာစေပြီး ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်ရည်မှန်း၍ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) ကို ရေးဆွဲပြုစုကာ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို တွန်းအားပေးမှုများနှင့်အတူ အများပြည်သူကို ဝန်ဆောင်မှုပေးအပ်သည့် အစိုးရဌာန/ အဖွဲ့အစည်းအသီးသီးတွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားခြင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အီလက်ထရောနစ်နည်းလမ်းများဖြင့် အခွန်ပေးဆောင်ခြင်း စသည့်အများပြည်သူ အကျိုးပြုဝန်ဆောင်မှုများကို စတင်လျက်ရှိပါသည်။ အွန်လိုင်းပေါ်တွင် မည်သူမှန်း မသိရသူများနှင့် ထိတွေ့နေရသကဲ့သို့ AI ဖြင့် အသံအတု၊ ရုပ်အတု များအပြင် ငွေကြေးလိမ်လည်မှုများ၊ အွန်လိုင်းလိမ်လည်မှုများကို နည်းပညာအသုံးပြုကာ ဆောင်ရွက်နိုင်ခြင်းသည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများဖြစ်စေပါ သည်။ မြန်မာနိုင်ငံတွင် နေ့စဉ် မိုဘိုင်းလက်ကိုင်ဖုန်း သန်း ၆၀ ခန့် ဆက်သွယ်မှုရှိနေပြီး လေ့လာ ဆန်းစစ်မှုစစ်ဆေးချက်များအရ ၈၀ ရာခိုင်နှုန်းခန့်သည် တရားဝင်တင်သွင်းမှုမရှိကြောင်း သိရှိရ သည်။ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများကြောင့် နိုင်ငံတကာတွင် ဆွေးနွေးလျက်ရှိသည့် အီလက်ထရောနစ်အမှိုက်များ ဖြစ်ပေါ်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ တားဆီးနိုင်မည်ဖြစ်ပါသည်။

မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးခြင်းအတွက် သတင်းပို့ပါက အော်ပရေတာများက ခိုးယူခံရသော ဖုန်းအဖြစ် နိုင်ငံတကာစာရင်းသွင်းကာ လုံးဝသုံးစွဲမရနိုင်အောင် ဆောင်ရွက်ပါသည်။ သုံးစွဲသူ တစ်ဦးချင်းအနေဖြင့် မှတ်ပုံတင်ရန် မလိုအပ်ပါ။ အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းကို အင်တာနက် စာမျက်နှာမှ စစ်ဆေးနိုင်ခြင်းမရှိပါ။ ပြည်ပနိုင်ငံ သားများအနေဖြင့် ပြည်တွင်းဆင်းကတ်သုံးစွဲမှုမပြု ပါက ကာလတစ်ခုအထိ ယာယီအသုံးပြုခွင့်ပေးထားပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း ရောင်းချသူများသည် ရောင်းချခြင်းမပြုမီ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အကောက်ခွန်ဌာနတို့တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ဆင်းကတ်သုံးစွဲသူ မှတ်ပုံတင်နှင့်မိုဘိုင်းလက်ကိုင်ဖုန်း IMEI တို့ တွဲလျက်ထားရှိခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများဖြင့် လုံခြုံရေးပိုမိုကောင်းမွန်အောင်ဆောင်ရွက်ထားပါသည်။ ထိုင်းနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းကို ထိုင်းအမျိုးသား ရုပ်သံနှင့်ဆက်သွယ်ရေးကော်မရှင်က သုံးစွဲသူတစ်ဦးချင်း မှတ်ပုံတင်ခြင်းထက် မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းသူများကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးကာ ဈေးကွက်ထိန်းချုပ်ခြင်းကို ဆောင်ရွက်ပါသည်။ သုံးစွဲသူများက IMEI မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရန်မလိုအပ်ပါ။ မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်းဖြန့်ဖြူးခွင့် လိုင်စင်ရရှိသူများမှတစ်ဆင့်သာ တင်သွင်းရပါသည်။ တင်သွင်းခွင့်ရရှိထားသော မိုဘိုင်းလက်ကိုင်ဖုန်းများသည် ထိုင်းအမျိုးသားရုပ်သံနှင့် ဆက်သွယ် ရေးကော်မရှင်က အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးသား ဖြစ်ရပါမည်။ တရားမဝင် သို့မဟုတ် အသိအမှတ်ပြုထားခြင်းမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများကို ဈေးကွက်အတွင်းတွေ့ရှိပါက သိမ်းယူခွင့်ရှိပါသည်။ ကော်မရှင်သည် မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်း/ခိုးယူခံရခြင်းနှင့် စပ်လျဉ်း၍ အော်ပရေတာနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်း အား နိုင်ငံအတွင်း သုံးစွဲမှုမရရှိစေရန် ပိတ်သိမ်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ IMEI မှတ်ပုံတင်ခြင်းကို အများပြည်သူဆောင်ရွက်ရန် ခွင့်မပြုထားသော်လည်း အော်ပရေတာများက IMEI သုံးစွဲမှုကိုတင်ပြရန် လိုအပ်ပါသည်။ မလေးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ဥပဒေနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်းတို့ကို မလေးရှားဆက်သွယ်ရေးနှင့် သတင်းမီဒီယာကော်မရှင်က အကောက်ခွန်ဌာနအပါအဝင် အော်ပရေတာများနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်းနှင့် သက်ဆိုင်သောမူဝါဒကို ရေးဆွဲထုတ်ပြန် ဆောင်ရွက်ပါသည်။ မလေးရှားနိုင်ငံတွင်းအသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းများသည် SIRIM (Standards and Industrial Research Institute of Malaysia) စံချိန်စံညွှန်းနှင့် စက်မှုသုတေသနသိပ္ပံဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် လိုအပ်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း တစ်ဦးချင်းတင်သွင်းမှုအတွက် SIRIM approval online (https://ecomm.sirim.my/) တွင် အွန်လိုင်းလျှောက်ထားနိုင်ပြီး IMEI မှတ်ပုံတင်ခြင်းကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် မိုဘိုင်းလက်ကိုင်ဖုန်း နှစ်လုံးအထိ မှတ်ပုံတင်နိုင်ပါသည်။ အော်ပရေတာများက ကွန်ရက်အတွင်းအသုံးပြုသော IMEI များကိုလည်းကောင်း၊ အတု၊ တရားမဝင်နှင့် ခိုးယူခံရသော ဖုန်းများစာရင်းကိုလည်းကောင်း စုပေါင်းထိန်းသိမ်းထားရှိပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်းအတွက် မိုဘိုင်းအော်ပရေတာသို့ သတင်းပို့ပါက အော်ပရေတာ များက ခိုးယူခံရသောဖုန်းအဖြစ် စာရင်းသွင်းကာ နိုင်ငံအတွင်း လုံးဝသုံးစွဲမရနိုင်အောင် ဆောင်ရွက်ထားပါသည်။ မလေးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်းကို တင်သွင်းမှုကဏ္ဍ၊ အကောက်ခွန်ကဏ္ဍ၊ အော်ပရေတာများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြင့် အားဖြည့်ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် IMEI မှတ်ပုံတင်ခြင်းကို ဘင်္ဂလားဒေ့ရှ် အမျိုးသားဆက်သွယ်ရေးကော်မရှင် Bangladesh Telecommunication Regulatory Commision-BTRC က ကြီးကြပ်ဆောင်ရွက်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူတိုင်းသည် အမျိုးသား မိုဘိုင်းလက်ကိုင်ဖုန်း မှတ်ပုံတင်စနစ်သို့ မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အတုပြုလုပ်ထားသော မိုဘိုင်းလက်ကိုင်ဖုန်း၊ ခိုးယူထားသော မိုဘိုင်းလက်ကိုင်ဖုန်းနှင့် တရားမဝင်တင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အတွင်း ဝင်ရောက်ခြင်းမှ ပိတ်ပင်ထားပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသုံးပြုသူများအနေဖြင့် www.neir.btrc.gov.bd တွင် အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းများကို သုံးစွဲခွင့် ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။