ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 496 مشتركاً، محتلاً المرتبة 15 903 في فئة الأخبار والوسائط والمرتبة 10 062 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 496 مشتركاً.

بحسب آخر البيانات بتاريخ 28 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -221، وفي آخر 24 ساعة بمقدار 14، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.54‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.70‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 192 مشاهدة. وخلال اليوم الأول يجمع عادةً 837 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 496
المشتركون
+1424 ساعات
-97 أيام
-22130 أيام
أرشيف المشاركات
မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးခြင်းအတွက် သတင်းပို့ပါက အော်ပရေတာများက ခိုးယူခံရသော ဖုန်းအဖြစ် နိုင်ငံတကာစာရင်းသွင်းကာ လုံးဝသုံးစွဲမရနိုင်အောင် ဆောင်ရွက်ပါသည်။ သုံးစွဲသူ တစ်ဦးချင်းအနေဖြင့် မှတ်ပုံတင်ရန် မလိုအပ်ပါ။ အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းကို အင်တာနက် စာမျက်နှာမှ စစ်ဆေးနိုင်ခြင်းမရှိပါ။ ပြည်ပနိုင်ငံ သားများအနေဖြင့် ပြည်တွင်းဆင်းကတ်သုံးစွဲမှုမပြု ပါက ကာလတစ်ခုအထိ ယာယီအသုံးပြုခွင့်ပေးထားပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း ရောင်းချသူများသည် ရောင်းချခြင်းမပြုမီ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အကောက်ခွန်ဌာနတို့တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ဆင်းကတ်သုံးစွဲသူ မှတ်ပုံတင်နှင့်မိုဘိုင်းလက်ကိုင်ဖုန်း IMEI တို့ တွဲလျက်ထားရှိခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများဖြင့် လုံခြုံရေးပိုမိုကောင်းမွန်အောင်ဆောင်ရွက်ထားပါသည်။ ထိုင်းနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းကို ထိုင်းအမျိုးသား ရုပ်သံနှင့်ဆက်သွယ်ရေးကော်မရှင်က သုံးစွဲသူတစ်ဦးချင်း မှတ်ပုံတင်ခြင်းထက် မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းသူများကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးကာ ဈေးကွက်ထိန်းချုပ်ခြင်းကို ဆောင်ရွက်ပါသည်။ သုံးစွဲသူများက IMEI မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရန်မလိုအပ်ပါ။ မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်းဖြန့်ဖြူးခွင့် လိုင်စင်ရရှိသူများမှတစ်ဆင့်သာ တင်သွင်းရပါသည်။ တင်သွင်းခွင့်ရရှိထားသော မိုဘိုင်းလက်ကိုင်ဖုန်းများသည် ထိုင်းအမျိုးသားရုပ်သံနှင့် ဆက်သွယ် ရေးကော်မရှင်က အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးသား ဖြစ်ရပါမည်။ တရားမဝင် သို့မဟုတ် အသိအမှတ်ပြုထားခြင်းမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများကို ဈေးကွက်အတွင်းတွေ့ရှိပါက သိမ်းယူခွင့်ရှိပါသည်။ ကော်မရှင်သည် မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်း/ခိုးယူခံရခြင်းနှင့် စပ်လျဉ်း၍ အော်ပရေတာနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်း အား နိုင်ငံအတွင်း သုံးစွဲမှုမရရှိစေရန် ပိတ်သိမ်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ IMEI မှတ်ပုံတင်ခြင်းကို အများပြည်သူဆောင်ရွက်ရန် ခွင့်မပြုထားသော်လည်း အော်ပရေတာများက IMEI သုံးစွဲမှုကိုတင်ပြရန် လိုအပ်ပါသည်။ မလေးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ဥပဒေနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်းတို့ကို မလေးရှားဆက်သွယ်ရေးနှင့် သတင်းမီဒီယာကော်မရှင်က အကောက်ခွန်ဌာနအပါအဝင် အော်ပရေတာများနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်းနှင့် သက်ဆိုင်သောမူဝါဒကို ရေးဆွဲထုတ်ပြန် ဆောင်ရွက်ပါသည်။ မလေးရှားနိုင်ငံတွင်းအသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းများသည် SIRIM (Standards and Industrial Research Institute of Malaysia) စံချိန်စံညွှန်းနှင့် စက်မှုသုတေသနသိပ္ပံဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် လိုအပ်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း တစ်ဦးချင်းတင်သွင်းမှုအတွက် SIRIM approval online (https://ecomm.sirim.my/) တွင် အွန်လိုင်းလျှောက်ထားနိုင်ပြီး IMEI မှတ်ပုံတင်ခြင်းကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် မိုဘိုင်းလက်ကိုင်ဖုန်း နှစ်လုံးအထိ မှတ်ပုံတင်နိုင်ပါသည်။ အော်ပရေတာများက ကွန်ရက်အတွင်းအသုံးပြုသော IMEI များကိုလည်းကောင်း၊ အတု၊ တရားမဝင်နှင့် ခိုးယူခံရသော ဖုန်းများစာရင်းကိုလည်းကောင်း စုပေါင်းထိန်းသိမ်းထားရှိပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်းအတွက် မိုဘိုင်းအော်ပရေတာသို့ သတင်းပို့ပါက အော်ပရေတာ များက ခိုးယူခံရသောဖုန်းအဖြစ် စာရင်းသွင်းကာ နိုင်ငံအတွင်း လုံးဝသုံးစွဲမရနိုင်အောင် ဆောင်ရွက်ထားပါသည်။ မလေးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်းကို တင်သွင်းမှုကဏ္ဍ၊ အကောက်ခွန်ကဏ္ဍ၊ အော်ပရေတာများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြင့် အားဖြည့်ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် IMEI မှတ်ပုံတင်ခြင်းကို ဘင်္ဂလားဒေ့ရှ် အမျိုးသားဆက်သွယ်ရေးကော်မရှင် Bangladesh Telecommunication Regulatory Commision-BTRC က ကြီးကြပ်ဆောင်ရွက်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူတိုင်းသည် အမျိုးသား မိုဘိုင်းလက်ကိုင်ဖုန်း မှတ်ပုံတင်စနစ်သို့ မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အတုပြုလုပ်ထားသော မိုဘိုင်းလက်ကိုင်ဖုန်း၊ ခိုးယူထားသော မိုဘိုင်းလက်ကိုင်ဖုန်းနှင့် တရားမဝင်တင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အတွင်း ဝင်ရောက်ခြင်းမှ ပိတ်ပင်ထားပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသုံးပြုသူများအနေဖြင့် www.neir.btrc.gov.bd တွင် အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းများကို သုံးစွဲခွင့် ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။

IMEI မှတ်ပုံတင်ခြင်းကို နိုင်ငံတကာတွင် ဘယ်လိုလုပ်သလဲ နိုင်ငံအတွင်းသို့ မိုဘိုင်းဟန်းဆက်များအား တရားမဝင်တင်သွင်းမှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းနေမှု၊ နိုင်ငံအတွင်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် မိုဘိုင်းဟန်းဆက်များကို တရားဝင်မှတ်ပုံတင်ရန် လိုအပ်လျက်ရှိမှု၊ ပျောက်ဆုံးမိုဘိုင်းလက်ကိုင်ဖုန်း များ မူရင်းပိုင်ရှင်က အသိပေးတိုင်ကြားနိုင်မှု၊ အွန်လိုင်းလိမ်လည်မှုအပေါ် သတင်းအချက်အလက် ရယူရန် လိုအပ်မှုစသည်တို့ကို ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေးကွန်ရက်အခြေပြု စိစစ်နိုင်သည့် စနစ်တစ်ခုတည်ထောင်ရန် လိုအပ်ပါသည်။ နိုင်ငံအတွင်း တွင်ကျယ်စွာအသုံးပြုလျက် ရှိသော မိုဘိုင်းဟန်းဆက် IMEI ကို မှတ်တမ်းတင်၍ ထိန်းချုပ်နိုင်သည့် စနစ်တစ်ခုကို ကမ္ဘာ့နိုင်ငံအများစုနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ တရားဝင် တင်သွင်းထားသော မိုဘိုင်းလက်ကိုင်ဖုန်းကို စံချိန်စံညွှန်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့် IMEI နံပါတ်မှန်ကန်မှု ရှိ၊ မရှိ အများပြည်သူမှ အွန်လိုင်းစစ်ဆေးနိုင်ရန် အချို့နိုင်ငံများတွင် ဆောင်ရွက်ထားရှိပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းများ IMEI စစ်ဆေးသည့် အလားတူစနစ်များကို အမေရိကန်၊ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများတွင် အသုံးပြုကြပါသည်။ အာရှ နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် IMEI မှတ်ပုံတင်ရန် တင်းကျပ်စွာပြဋ္ဌာန်းထားပြီး အရေးယူမှုများကို တင်းကျပ်စွာဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် မိုဘိုင်းလက်ကိုင်ဖုန်းများ ကွန်ရက်အတွင်းသုံးစွဲနိုင်မှုကို ကြီးကြပ်ခြင်းဖြင့် တရားမဝင်တင်သွင်းမှုကို ကြီးကြပ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးခြင်းနှင့် ခိုးယူခံရခြင်းတို့အတွက် ပြည်သူ့ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း တရားဝင်တင်သွင်းမှုလုပ်ငန်းစဉ်ကို မိုဘိုင်ဖုန်းတင်သွင်းသူများအတွက် ရိုးရှင်းလွယ်ကူလျင်မြန်စွာဆောင်ရွက်၍ သုံးစွဲသူက သီးခြားမှတ်ပုံတင်ရန်မလိုသော နိုင်ငံများမှာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် အော်ပရေတာများအချင်းချင်း IMEI စောင့်ကြည့်စီမံခန့်ခွဲခြင်းကို ဆောင်ရွက်ပြီး အများပြည်သူက IMEI ကို သီးခြား မှတ်ပုံတင်ရန်မလိုအပ်ပါ။ အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်းနှင့် ကြီးကြပ်စစ်ဆေး ခြင်းတို့ ဆောင်ရွက်မှုများကို အကျဉ်းချုပ်ဖော်ပြအပ်ပါသည်- အိန္ဒိယနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဥပဒေ နှင့်အညီ ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆက်သွယ်ရေးဌာနကကြီးကြပ်သော အော်ပရေတာများနှင့် IMEI မှတ်ပုံတင်ဗဟိုဌာနတို့က ဆောင်ရွက်ပါသည်။ တင်သွင်းခွင့်ပြုထားသည့် IMEI များနှင့် ကုန်သွယ်ရေးက အသိအမှတ်ပြုလက်မှတ်ရရှိမှသာ နိုင်ငံအတွင်း သုံးစွဲခွင့်ရရှိမည်ဖြစ်ပါသည်။ တရားမဝင် တင်သွင်းအသုံးပြုမှုကို တားမြစ်ထားပြီး သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်းကို လုံခြုံစွာသုံးစွဲနိုင်စေရန်နှင့် ခိုးယူခံရပါကလည်း ပိတ်သိမ်းနိုင်စေရန် ဆောင်ရွက်ထားပါသည်။ အိန္ဒိယနိုင်ငံတွင် ဗဟိုမှတ်ပုံတင်စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင်စတင်ကာ မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်း/ ခိုးယူခံရခြင်းနှင့်စပ်လျဉ်း၍ ဗဟိုမှတ်ပုံတင်စနစ်မှ ပိတ်သိမ်းခြင်းကို ဆောင်ရွက်ပါသည်။ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုခွင့် ရှိ၊ မရှိကို https://www.ceir.gov.in တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းတို့ကို စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အကောက်ခွန်ဌာန အပါအဝင် အော်ပရေတာများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပါသည်။ နိုင်ငံအတွင်း သုံးစွဲလျက်ရှိသော မိုဘိုင်းလက်ကိုင်ဖုန်း IMEI များသည် မှန်ကန်ရန် လိုအပ်ပြီး စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော အမျိုးအစားဖြစ်ရန်လိုပါသည်။ အော်ပရေတာများမှ ကွန်ရက်အတွင်း အသုံးပြုသော IMEI များကိုလည်းကောင်း၊ အတု၊ တရားမဝင် နှင့်ခိုးယူခံရသော ဖုန်းများစာရင်းကိုလည်းကောင်း စုပေါင်းထိန်းသိမ်းထားရှိပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်း တရားမဝင် တင်သွင်းခြင်း၊ အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး နိုင်ငံအတွင်း အသုံးပြုခွင့်လက်မှတ် (China Compulsory Certification-CCC) နှင့် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အတည်ပြုထားသော အမျိုးအစားသတ်မှတ်ချက်ဖြင့် ကန့်သတ်ထားပါသည်။

IMEI ဆိုတာ ဘာလဲ International Mobile Equipment Identity-IMEI ဆိုသည်မှာ မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခုစီအတွက် သီးခြားသတ်မှတ်ထားသော ယေဘုယျအားဖြင့် နံပါတ် ၁၅ လုံးပါ ကုတ်တစ်ခုဖြစ်ပါသည်။ IMEI ကို မိုဘိုင်းအော်ပရေတာကွန်ရက်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်းအပါအဝင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုပစ္စည်းများ အချင်းချင်းဆက်သွယ်ရာတွင် အသုံးပြုပါသည်။ ဆိုလိုသည်မှာ မိုဘိုင်းအော်ပရေတာများ၏ စနစ်တွင် မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးစီကို IMEI နှင့် SIM ကတ်တွဲလျက်သိရှိပြီးဖြစ်ပါသည်။ IMEI ကိုသိရှိရုံနှင့် မိုဘိုင်းလက်ကိုင်ဖုန်းထဲမှ အချက်အလက်များ ရယူသွားမည်ဆိုသည့် အထောက်အထားမရှိပါ။ မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခု၏ IMEI မှ ၎င်းဖုန်း၏ စံသတ်မှတ်ချက်ဖြစ်သည့် (ဖုန်းအမျိုးအစား/ ထုတ်လုပ်သည့် Brand / Model Code နံပါတ်) များကိုသာ သိရှိနိုင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် IMEI နံပါတ်များသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ စံချိန်စံညွှန်းနှင့်ကိုက်ညီသော မိုဘိုင်းဟန်းဆက်များနှင့်သက်ဆိုင်သည့် အချက်အလက်များကို မိုဘိုင်းဟန်းဆက်ကုမ္ပဏီ/ ထုတ်လုပ်သူ (Maker)၊ အမှတ်တံဆိပ် (Brand)၊ မော်ဒယ် (Model)၊ ထုတ်လုပ်သည့်နိုင်ငံ စသည့် အချက်များကိုသိရှိနိုင်ရန် ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပါသည်။ IMEI နံပါတ်သည် မိုဘိုင်းလက်ကိုင်ဖုန်း ထုတ်လုပ်သည့်အချိန်ကတည်းက ထည့်သွင်းထားသော အချက်အလက်များဖြစ်ပြီး ဖုန်းပိုင်ရှင်၏ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် SIM ကတ်/ဖုန်းနံပါတ်အစရှိသော အသုံးပြုသူနှင့်သက်ဆိုင်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိပါ။ IMEI ကိုဘယ်လို သိနိုင်သလဲ IMEI ဂဏန်း ၁၅ လုံးအနက် ပထမ ၈ လုံး သည် မိုဘိုင်းလက်ကိုင်ဖုန်း၏ အမျိုးအစားနှင့် မော်ဒယ်ကို ဖော်ပြပါသည်။ ၉ လုံးမြောက်ဂဏန်း အပါအဝင် ၆ လုံးသည် မိုဘိုင်းလက်ကိုင်ဖုန်း ထုတ်လုပ်သူမှ သတ်မှတ်သော Serial နံပါတ်များဖြစ်ပြီး ကျန်ဂဏန်းများသည် နည်းပညာအရ စစ်ဆေးခြင်း လုပ်ငန်းအတွက် နံပါတ်များဖြစ်ပါ သည်။ မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးအတွက် IMEI သီးခြား သတ်မှတ်ထားမှုကို *#06# နှိပ်၍ ဖုန်းခေါ်ဆို ခြင်းဖြင့်လည်းကောင်း၊ မိုဘိုင်းလက်ကိုင်ဖုန်း Setting တွင် ကြည့်ရှု၍လည်းကောင်း၊ စတင်ဝယ်ယူစဉ်က ဘူးခွံပါ Barcode တွင်လည်းကောင်း သိရှိနိုင်ပါသည်။ IMEI မှတ်ပုံတင်ခြင်းကြောင့် သုံးစွဲသူများ အကျိုးရှိစေမှာလား IMEI မှတ်ပုံတင်ခြင်းဆိုသည်မှာ အစိုးရဌာနတစ်ခုခုမှ မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခုချင်းစီအတွက် IMEI မှတ်ပုံတင်ရန် ဆောင်ရွက်ထားခြင်းကိုဆိုလိုပြီး မိုဘိုင်းလက်ကိုင်ဖုန်း ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း နှင့် သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီခြင်းမရှိသော ဖုန်းအတုများကို မှတ်ပုံတင်ထားသည့် IMEI ကို စီမံခန့်ခွဲခြင်းဖြင့် မိုဘိုင်းအော်ပရေတာကွန်ရက်အတွင်း သုံးစွဲခြင်းမှ တားဆီးနိုင်ပါသည်။ မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းသူများသည် တင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းကို IMEI မှတ်ပုံတင်စနစ်သို့ တစ်ဦးချင်းဖြစ်စေ၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်း သူများမှဖြစ်စေ၊ အော်ပရေတာမှဖြစ်စေ စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ပြုလုပ်ကြပါသည်။ မှတ်ပုံတင် ပြုလုပ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းများကို အရောင်းဆိုင်များမှ ဝယ်ယူသုံးစွဲခြင်းဖြင့် စံချိန်စံညွှန်းမပြည့်မီသော မိုဘိုင်းလက်ကိုင်ဖုန်းအတုများကို သုံးစွဲခြင်းမှကာကွယ်နိုင်ခြင်း၊ တရားဝင်ဝယ်ယူထားကြောင်း အထောက်အထားပြ၍ မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးမှုနှင့် ခိုးယူခံရပါက နိုင်ငံအတွင်း အခြားသူများမှ သုံးစွဲမှုမရှိစေရေးတို့ကို ဆောင်ရွက်နိုင်ပါသည်။ မိုဘိုင်းငွေချေစနစ်ဆော့ဝဲများတွင် IMEI နှင့် တွဲဖက်ထားပါက အွန်လိုင်းငွေကြေးလိမ်လည်မှု တားဆီးခြင်းကို အထောက်အကူပြုစေနိုင်ပါသည်။ နိုင်ငံတကာတွင် အသုံးပြုသကဲ့သို့ အွန်လိုင်းငွေချေခြင်း Application များအတွက် IMEI များဖြင့် ထည့်သွင်းအသုံးပြုနိုင်ပါက ငွေကြေးလိမ်လည်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာတွင် မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးမှုအား သက်ဆိုင်ရာဌာနများမှ ဝန်ဆောင်မှုပေးရာတွင်သော်လည်းကောင်း၊ စံချိန်စံညွှန်းမပြည့်မီသော တရားမဝင် ဝင်ရောက်လာသော မိုဘိုင်းလက်ကိုင်ဖုန်းအတုများကို သုံးစွဲခြင်းမှ ကာကွယ်ရန်လည်းကောင်း၊ ငွေကြေးလိမ်လည်မှုများ မဖြစ်ပေါ်စေရန်လည်းကောင်း အသုံးပြုနေ သော မိုဘိုင်းလက်ကိုင်ဖုန်း၏ IMEI မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ကြရပါသည်။

မိုဘိုင်းလက်ကိုင်ဖုန်း၏ IMEI မှတ်ပုံတင်ခြင်းကို နိုင်ငံအများတွင်ဆောင်ရွက်နေမှုများ
မိုဘိုင်းလက်ကိုင်ဖုန်း၏ IMEI မှတ်ပုံတင်ခြင်းကို နိုင်ငံအများတွင်ဆောင်ရွက်နေမှုများ

အနောက်မီဒီယာတွေရဲ့သတင်းဖော်ပြပုံ ပုံ- ယူကေအခြေစိုက် Channel 4 သတင်းဌာန​၏ သတင်းဖော်ပြပုံ ရုရှားက ယူကရိန်းနိုင်ငံအား "ကျူးကျော်
အနောက်မီဒီယာတွေရဲ့သတင်းဖော်ပြပုံ ပုံ- ယူကေအခြေစိုက် Channel 4 သတင်းဌာန​၏ သတင်းဖော်ပြပုံ ရုရှားက ယူကရိန်းနိုင်ငံအား "ကျူးကျော်" (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂) အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းသို့ "ဝင်ရောက်" ... (၂၀၂၆ ခုနှစ်၊ မတ်လ ၃) NOM

အခမ်းအနားအပြီးတွင် အမှုဆောင်ချုပ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အမှုဆောင်ချုပ်နှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၅၈၊ ၁ ဖာလုံနှင့် ၃ ဖာလုံကြားရှိ အရှည်ပေ ၁၀၀၀ သံကူကွန်ကရစ် တံတား ဒုဋ္ဌဝတီတံတားသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လေးလမ်းသွား တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ Bored Pile ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် အမှုဆောင်ချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးစေရေး၊ တည်ဆောက်ရေးကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ NOM

မန္တလေး မတ် ၄ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။ တက်ရောက်ကြည်ညို အဆိုပါ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်က ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအတွင်းရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြသပိတ် ဆွမ်းတော်၊ ရွှေကြာသင်္ကန်းတော်နှင့် သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။ ထို့နောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ နာယူကြည်ညို ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီး ကာရံကြသည်။ ထို့နောက် အမှုဆောင်ချုပ်နှင့်ဇနီးတို့သည် သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပူဇော်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း ပူဇော်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဒုတိယဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။ ရေစက်သွန်းချအမျှပေးဝေ ထို့နောက် အမှုဆောင်ချုပ်နှင့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ သမ္မောဒနီယ သာရဏီယ ဩဝါဒကထာနာယူပြီး မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍  လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် အမှုဆောင်ချုပ်နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ ခေတ္တအပူဇော်ခံမဏ္ဍပ်နေရာသို့ ပို့ဆောင်ကြသည်။ သိဒ္ဓိမင်္ဂလာဆင်ယင် ဆက်လက်၍ အမှုဆောင်ချုပ်နှင့်ဇနီး၊ ဦးဆောင်သော အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊  ငှက်မြတ်နားတော်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်ကြသည်။ ထို့နောက် ဥပါသကာများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ မင်္ဂလာဝေါယာဉ် တော်ဖြင့် ပင့်ဆောင်ကြပြီး အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ဗုဒ္ဓါဘိသေက အနေကဇာတင် ဆက်လက်၍ သီတဂူဆရာတော်ကြီးက ဦးဆောင်၍ ပင့်သံဃာ ၁၀၈ ပါးတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်ကြသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီး၏ အထွတ်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ
+1
မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီး၏ အထွတ်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

Repost from NOM.World News
အီရတ်နိုင်ငံက ဒေသတွင်း ဘောလုံးပွဲတပွဲ ကစားနေချိန် ဒုံးကျည်တွေက ကွင်းပေါ်ကနေ ပျံသန်းသွားနေတာပါ။ ဒါပေမယ့် ပွဲကို ဆက်ကစားနေသလို ထိုင်ကြည့်နေသူတွေကလည်း လုံး၀ကို မတုန်မလှုပ်ပါပဲ၊ ပွဲစီစဉ်တင်ဆက်သူကလည်း သူ့အလုပ်သူ ဆက်လုပ်နေပြီး ဒုံးကျည်တွေ ပျံသန်းနေတာက သူတိုအတွက် မထူးဆန်းတဲ့အလားပါပဲ။ ဒုံးကျည်တွေအောက်က ဘောလုံးပွဲလိုတောင် ဆိုရပါလိမ့်မယ်။ News Of Myanmar NOM

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကျင်းပ မတ် ၅၊ ၂၀၂၆ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆ
+2
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကျင်းပ မတ် ၅၊ ၂၀၂၆ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မတ်လ ၄  ရက်မှ ၆ ရက်အထိ အောင်ပန်းမြို့ရှိ အမှတ် (၂) တပ်မတော် ဆေးရုံ (ခုတင်-၇၀၀)၊ တပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်းကျင်သူ(အရာရှိ)များ၊ သူနာပြု/ ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ရုရှားနိုင်ငံမှ ဆေးပညာရှင်များ၊ ထိုင်းဘုရင့်တပ်မတော်ဆေးတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံဆေးတပ်ဖွဲ့၊ လာအိုနိုင်ငံ ဆေးတပ်ဖွဲ့၊ ဘူတန်နိုင်ငံဆေးတပ်ဖွဲ့နှင့် အိန္ဒိယနိုင်ငံတို့မှ အရပ်ဘက် ဆေးပညာရှင်များ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

🇮🇷 - မတ်လ ၄ ရက်နေ့၌ အီရန်ဒုံးကျည်တပ်ဖွဲ့များက အီရတ်နိုင်ငံ မြောက်ပိုင်းရှိ PJAK အပါအဝင် အီရန်-ကာ့ဒ် အတိုက်အခံပါတီများ၏ အခြေစိုက်စခန်းများကို ဒုံးကျည် ၃ စင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့်သေဆုံး၊ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းသိရသည်။ NOM

"အီရန်အစိုးရနှင့် သမိုင်းတစ်လျှောက် အဆင်မပြေမှုများရှိခဲ့သည့် ဘာလိုချီ (Balochi) မျိုးနွယ်စုများက ခွဲထွက်ရေးသမားများ၏ ရန်မှ အီရန်နယ်စပ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်းနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။" အစိုးရနဲ့ ပြဿနာရှိပေမဲ့ နိုင်ငံပြင်ပက ခွဲထွက်ရေးအုပ်စုတွေကိုတော့ လက်မခံဘဲ နိုင်ငံတော်အတွက် ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ ဆိုလိုတာပါ။ NOM

🌟 - ဟစ်ဇဘိုလာ အဖွဲ့က လက်ဘနွန်တောင်ပိုင်း၊ ဒူဟိုင်ရာ (Duhayra) မြို့အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်ကြောင်းတစ်ခုကို ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။ တိုက်ပွဲမှာအနီးကပ်ရင်ဆိုင်တိုက်ပွဲများထိဖြစ်ပွားခဲ့ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းအတည်ပြုထားသည်။ NOM

ယင်းနောက် အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ စာဆိုဗိမာန်အဆောက်အဦ တည်ဆောက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဂုဏ်ပြုအမှာစကား Video Clip ကိုပြသပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးက အဆောက်အဦတည်ဆောက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားသည်။ ဆက်လက်၍နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဆောက်အဦဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်အား နေရာအရောက်ပေးအပ်သည်။ ထို့နောက် အဆောက်အဦဖွင့်ပွဲ အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိန္ဒိယနိုင်ငံသံအမတ်ကြီးအားလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အိန္ဒိယနိုင်ငံသံအမတ်ကြီးကလည်းကောင်း အသီးသီးပေးအပ်ကြသည်။ ယင်းနောက် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာဆိုဗိမာန်အဆောက်အဦ ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် အိန္ဒိယနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့တို့၏ ဂုဏ်ပြုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ NOM

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့တက်ရောက် မတ် ၄၊ ၂၀၂၆ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါအဆောက်အဦ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ အနုပညာနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က စာဆိုဗိမာန် RC (၃) ထပ် အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အဦ ကမ္ဗည်းမော်ကွန်းကျောက်တိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဂုဏ်ပြုအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြကာ စာဆိုဗိမာန် အဆောက်အဦ ကမ္ဗည်းမော်ကွန်းကြေးပြားအား နံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဆောက်အဦအတွင်းပြသထားသည့် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမလက်ရာများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ စာဆိုဗိမာန်အဆောက်အဦ ဒုတိယထပ်ရှိ Theatre ခန်းမ၌ စာဆိုဗိမာန်တည်ဆောက်ခဲ့မှု မှတ်တမ်း Video Clip ကိုပြသသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယနေ့တွင် စာပေနှင့်အနုပညာရှင်များအတွက် စာဆိုဗိမာန်ကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝစေပါကြောင်း၊ မိမိတို့နိုင်ငံသည် သရေခေတ္တရာ၊ ပျူ၊ ယဉ်ကျေးမှုမှစ၍ ခေတ်အဆက်ဆက်တိုင် စာပေနှင့်ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရာ ဘူမိနက်သန်တစ်ခု ဖြစ်ခဲ့ကြောင်း၊ စာပေသည် နိုင်ငံ့ယဉ်ကျေးမှု၏ မျက်နှာစာဖြစ်ပြီး စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ နိုင်ငံသားများ၏ နှလုံးရည်နှင့်ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူငယ်၊ လူရွယ်များ အသိဉာဏ်ပြည့်ဝစေရန်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ထက်သန်စေရန် စာပေနှင့်ထိန်းကျောင်း လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။ ထို့ပြင် မိမိတို့နိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာအမွေအနှစ်များနှင့် အတွေးအမြင်များကို ရေးသားမှတ်တမ်းပြုကြသည့် ရဟန်းစာဆို၊ လူပညာရှိတို့၏ ကျေးဇူးတရားကိုလည်း ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်အဆောက်အဦတွင် ၎င်းတို့၏ဂုဏ်ကျေးဇူးကို တန်ဖိုးထား အသိအမှတ်ပြုသည့်အနေဖြင့်သာမက မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေနိုင်စေရန် စာပေနှင့်အနုပညာများ စုစည်းထားရှိရာ နေရာတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည့်အပြင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် မြန်မာမှုနယ်ပယ်မှ အနုပညာရှင်များအတွက်ပါ ဂုဏ်ပြုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ခဲ့၍ ရတနာပန္နက်တော်စိုက်ထူပေးခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် မိတ်ဆွေအိန္ဒိယနိုင်ငံ အစိုးရကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုသည့်အနေဖြင့် စာပေဆုအမျိုးအစားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ ထိုက်ထိုက်တန်တန် တိုးမြှင့်ချီးမြှင့်ပေးလျက်ရှိကြောင်း။ ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်ကြီးတွင် ခေတ်အဆက်ဆက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အထောက်အထားများ၊ နိုင်ငံတော်မှချီးမြှင့်ခဲ့သည့် စာပေဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာရှင်ကြီးများ၏ မှတ်တမ်းများ၊ အနုပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များ၊ စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့် (Mini Theatre) ခန်းမငယ်တို့ ထည့်သွင်းထားသည့်အတွက် စာပေအနုပညာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာမှု အနုသုခုမလက်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် ရဟန်းကဝိ၊ လူပညာရှိနှင့် အနုပညာရှင်များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အနုသုခုမလက်ရာများဖြင့် ဆက်လက်အကျိုးပြုပေးကြစေလိုကြောင်း ပြောကြားသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့တက်ရောက် မတ် ၄၊ ၂၀၂၆
+1
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့တက်ရောက် မတ် ၄၊ ၂၀၂၆

ကူဝိတ်နိုင်ငံ၊ မူဘာရက် အယ်လ်-ကာဘီယာ (Mubarak Al-Kabeer) ဆိပ်ကမ်းကမ်းလွန်မှာ ဗြိတိန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောတစ်စီးကို
ကူဝိတ်နိုင်ငံ၊ မူဘာရက် အယ်လ်-ကာဘီယာ (Mubarak Al-Kabeer) ဆိပ်ကမ်းကမ်းလွန်မှာ ဗြိတိန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အီရန်ရဲ့ ဒုံးပျံတပ်မြန်နှုန်းမြင့်ရေယာဉ်က သင်္ဘောဖျက်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုရရှိထားပါတယ်။ NOM

ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း NOM
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း NOM

🫡 🇮🇷⚠️"အီရန်လေသူရဲများ​၏ ရဲရင့်သောစိတ်ဓါတ်" အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်သော အယ်လ်-ဥဒိုက် လေတ
🫡 🇮🇷⚠️"အီရန်လေသူရဲများ​၏ ရဲရင့်သောစိတ်ဓါတ်" အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်သော အယ်လ်-ဥဒိုက် လေတပ်စခန်း (Al Udeid Air Base) ကို တိုက်ခိုက်ရန် မိနစ်ပိုင်းအလိုတွင် အီရန်၏ Su-24 တိုက်ပွဲဝင် ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာတိုက်လေယာဉ်များက ပစ်ချလိုက်ကြောင်း CNN သတင်းအရ သိရသည်။ ၎င်းသည် ကာတာလေတပ်၏ ပထမဆုံးသော ဝေဟင်တိုက်ပွဲ ဆင်နွှဲမှုလည်း ဖြစ်သည်။ အဆိုပါ ဗုံးကြဲလေယာဉ်များသည် ရေဒါများကို ရှောင်ကွင်းရန် အနိမ့်ပျံသန်းခဲ့ကြပြီး ၎င်းတို့၏ ပစ်မှတ်သို့ရောက်ရန် ၂ မိနစ် သာ လိုတော့သည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့သည့်အတွက် ကာတာနိုင်ငံက ၎င်းတို့အား ရန်သူ့လေယာဉ်အဖြစ် သတ်မှတ်ကာ တိုက်လေယာဉ်များ စေလွှတ်ခဲ့သည်။ ကာတာလေတပ်မှ F-15 တိုက်လေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားကာ ပစ်ချခဲ့ခြင်းဖြစ်ပြီး လေယာဉ်များသည် ကာတာနိုင်ငံ၏ ပိုင်နက်ရေပြင်အတွင်းသို့ ပျက်ကျသွားခဲ့သည်။ လေယာဉ်အမှုထမ်းများအတွက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဤဖြစ်ရပ်သည် အီရန်လေသူရဲများ၏ ပြတ်သားသော စိတ်ဓာတ်ကို ပြသနေသည်။ အမေရိကန်လေတပ်၊ ရေတပ်နှင့် ပင်လယ်ကွေ့မဟာမိတ် လေတပ်များ ကင်းလှည့်နေသည့် စစ်မီးတောက်ရာ နယ်မြေအတွင်းသို့ ပြတိုက်ဝင် ရှေးဟောင်းပစ္စည်းများ (ခေတ်မမီတော့သော လေယာဉ်များ) ဖြင့် ရဲရင့်စွာပျံသန်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤရဲရင့်သော စစ်သည်တော်များကို ဘုရားသခင် ကောင်းချီးပေးပါစေ။ NOM

အီရတ်ရှိ ဗြိတိသျှရေနံကုမ္ပဏီကြီး BP (British Petrol) ​၏ ရေနံမြေကို အီရန်ကတိုက်ခိုက် အီရန်က အီရတ်တောင်ပိုင်း၊ ဘတ်စရာမြို့ အနောက်ဘက်ရှိ ဗြိတိသျှရေနံကုမ္ပဏီကြီး BP (British Petrol) ပိုင် အယ်လ်-ရူမိုင်လာ (Al-Rumaila) ရေနံမြေကို ပစ်မှတ်ထားတိုက်ခိုက်။ NOM