ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 403 مشتركاً، محتلاً المرتبة 15 958 في فئة الأخبار والوسائط والمرتبة 10 126 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 403 مشتركاً.

بحسب آخر البيانات بتاريخ 09 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -203، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.90‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.95‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 980 مشاهدة. وخلال اليوم الأول يجمع عادةً 739 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 403
المشتركون
لا توجد بيانات24 ساعات
-587 أيام
-20330 أيام
أرشيف المشاركات
လက်ရှိ လူမှုကွန်ရက်မှာ ယတြာခေါင်းလောင်းတစ်ချက်တီးရင် အရှေ့ပြည် ၃ ခါတောင် ပြိုတယ်ဆိုတဲ့ မြောက်ဦးခေတ်ရခိုင်ဘုရင်လက်ထက်က (၁၆၃၈-၁၆၄၅) ရှေ့ဟောင်း ခေါင်းလောင်း တစ်ခု တူးဖော်ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ တွေ့ရတယ်။ -------- ရှေ့အစဉ်အဆက်ကတည်းက ယတြာနဲ့ပတ်သက်ရင် အယုံအကြည် များလွန်းခဲ့တဲ့ ဒီတိုင်းပြည်က…. ဒီလို ယတြာအစွဲအလမ်းတွေကို ခုချိန်ထိ ယုံကြည်သက်ဝင်မှုနေရှိနေကြ တာကလည်း အပြစ်တစ်ခုတော့ မဆိုသာပါဘူး။ လစ်ဘရယ်အစွန်းရောက်တဲ့ NLD အစိုးရလက်ထက်မှာတောင် ဗိုလ်တစ်ထောင်က ဘုရားတွေမှာ၊ အင်းတော် သင်္ချိုင်းက ရလာတဲ့ ကုက္ကိုသားကို စည်ထွင်းပြီး ကောင်းမှုတော်ဘုရားရဲ့ အင်္ဂါထောင့်မှာ ထားခဲ့တာ တွေတောင် ရှိခဲ့ကြသေးတာပဲမဟုတ်လား။ ----------- ဘယ်လိုပဲဖြစ်ဖြစ် သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်တဲ့ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်နေတော့…ခုလို ပြန်တူးဖော်တွေ့မိတယ်ဆိုတာကတော့ ဝမ်းသာစရာ အခြေအနေလို့ပြောလို့ရပါတယ်။ ဒါကလည်း သမိုင်းခြင်းရာနဲ့ပတ်သက်ရင် ခုခေတ်မျိုးဆက်သစ်လူငယ်တွေ လေ့လာဖို့ ကောင်းတဲ့ အမွေအနှစ်တစ်ခုပါပဲ။ -------- ဒါပေမယ့် ရခိုင်ပြည်နယ်ပျက်အောင် ဖျက်ဆီးနေတဲ့ ထွန်းမြတ်နိုင်ကို မင်းလောင်း လိုလို သဘောထားပြီး ဘောမ အမွှန်းတင်နေတဲ့ ကိစ္စရယ်၊ ခုလို ခေါင်းလောင်းတစ်ချက်တီးရင် အရှေ့ပြည်(၃)ခါပြိုတယ်ဆိုတဲ့ ယတြာအပေါ် ယုံကြည်သက်ဝင်မှုပိုပိုသာသာရှိနေတဲ့ ကြွားလုံးတွေကတော့….သာမန်ပြည်သူလူထုကြားမှာ False Hope သာသာ အဆင့်ပဲရှိ ပါတယ်။ --------- နှစ်ပေါင်းများစွာကြာမြင့်ပြီးမှ တွေ့တဲ့ အမွေအနှစ်မို့ သာမန် “နား” လက်ခံနိုင်တဲ့ အရေးအသား မျိုးဆို တော်ပါသေးရဲ့။ ပဒေသရာဇ်ခေတ်အတွေးအခေါ်နဲ့ ခေတ်နောက် ပြန်ဆွဲ တဲ့ အရေးအသားတွေ ရေးပြီး အဖရခိုင်ပြည် တမ်းချင်းပုံစံ ပြောဆိုနေကြတာ တွေကတော့…သိပ်အဆင်မပြေလှပြန်ဘူး။ --------- တကယ်တော့ ရှမ်းမြောက်မှာ စစ်ဘောင်ကျဉ်းသွားတဲ့ တပ်မတော်ဟာ ရွေးကောက်ပွဲသာ ပြီးရင် ရခိုင်ကို သေချာပေါက် ကိုင်တွယ်လာတော့မှာပါ။ နဂိုကတည်းက လက်နက်/ ခဲယမ်းနဲ့ ရိက္ခာအတွက် မူးယစ်ဆေးတွေ ကုန်ကူးနေခဲ့သလို စစ်ကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းက ရခိုင်သားတွေလည်း ပြည်မထဲကို အလျိုလျိုပြေးကြလို့ ပလက်ဝက ချင်းလူမျိုးတွေကို လူသစ်အဖြစ်နဲ့ စုဆောင်းနေခဲ့တာလည်း ကြာလှပြီမဟုတ်လား။ ရခိုင်ပြည်နယ်ထဲက မြို့နယ်အချို့ကို လူမျိုးရေးစိတ်နဲ့ သိမ်းလို့ ရထားပေမယ့် အစွန်းရောက်တဲ့ စိတ်နဲ့ စစ်ဘောင်ကျယ်နေတဲ့ ပြဿနာက ရခိုင်တပြည်လုံး ခံစားနေရတဲ့ အဓိက အားနည်းချက်လည်း ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ --------- ရခိုင်ပြည်နယ်ဟာ တဖြည်းဖြည်း စစ်ရှောင်တွေ များလာတယ်။ ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ်တွေ ပိုပိုခံစားနေရတယ်။ ငတ်မွတ်ခေါင်းပါးမှုတွေ ရှိနေသလို အတန်းပညာ ကျောင်းတွေ မဖွင့်နိုင်တော့ဘူး။ ပိုဆိုးတာက… အကြမ်းဖက် AA တွေ အများစုကလည်း မူးယစ်ဆေးနဲ့ ယဉ်ပါးလာကြတယ်။ မိုခါနဲ့ ပတ်သက်ရင် ပြည်မက လူတွေ ဘယ်လောက် အင်တိုက်အားတိုက်ကူညီပေးခဲ့ကြသလဲဆိုတာ ဒေသခံတွေအသိဆုံး။ ခုတော့…မြောက်ဦး အရေးကိစ္စနဲ့ပတ်သက်လို့ ရခိုင်မျိုးနွယ်စုကလွဲရင် လူ ၉၀၀ ကျော် စစ်ရှောင်လာတဲ့ မိသားစုတွေ သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်မကပြည်သူတွေ မမေ့ကြသေးတဲ့ အချိန်….ရခိုင်ဟာ ကိုယ်တိုင်ထူမှ ကိုယ်ထနိုင်မယ့် ပုံံစံမျိုး။ ဒီလိုအခြေအနေဆိုးကြီးက ရခိုင်ပြည်သူတွေ လက်တွေ့ကျကျ ရုန်းထဖို့ လိုနေချိန်မှာ ခေါင်းလောင်း တစ်ချက်တီးရင် အရှေ့ပြည်(၃)ခါ ပျက်မယ်ဆိုတဲ့ လော့ဂျစ်တွေက သိပ်တော့ ရင်ခုန်စရာ ကောင်းမနေ တာတော့ အမှန်ပဲ။ (နရီမိုး)

+2
ဒီဇင်ဘာလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ယူကရိန်းသမ္မတဇလင်စကီးကပြည်သူများအားလုံးခရစ္စမတ်နေ့ဆုတောင်းရာတွင်ရုရှားသမ္မတပူတင်သေပါစေဟုထည့်သွင်းဆုတောင်းရန်ပြောလိုက်သည်။ ၂။တာဂျစ်ကစ္စတန်နှင့်အာဖဂန်နစ္စတန်နယ်စပ်တွင်တိုက်ပွဲများဖြစ်ပွားပြီးနှစ်ဖက်လူအသေအပျောက်ရှိကြောင်းတာဂျစ်နစ္စတန်ကာ/လုံကကြေညာသည်။ ၃။အမေရိကန်သမ္မတထရမ့်က တစ်စီးလျင်၅ဘီလီယံနှင့်၁၀ဘီလီယံကြားကုန်ကျမည့်ထရမ့်အတန်းအစားခရူဇာ ရွှေ ရောင်ရေတပ်အုပ်စုအစီး၂၀မှ၂၅စီးအထိတည်ဆောက်မည်ဟုကြေညာသည်။(ဓါတ်ပုံ) ၄။ ဟော်မုဇ်ရေလက်ကြားတွင်အီရန်တော်လှန်ရေးအစောင့်တပ်၏ရေတပ်ကဆီလီတာလေးသန်းတင်လာသောမှောင်ခိုဆီသင်္ဘောကိုဖမ်းလိုက်သည်။(ဗီဒီယို) ၅။ဘယ်လာရုစ်သမ္မတနန်းတော်တွင်ကျင်းပသောနှစ်သစ်ကူးကပွဲကိုသမ္မတလူကာရှန်ကိုပါဝင်ဆင်နွှဲသည်။(ဗီဒီယို)

photo content

ဘုရားဖူးဇနီးမောင်နှံ ပျောက်ဆုံးခြင်းကြောင့် အမဖြစ်သူမှ  ကျောက်ပန်းတောင်းရဲစခန်း၌ လူပျောက်ဖြင့်အမှုဖွင့် NOM၊ဒီဇင်ဘာ၂၅၊၂၀၂၅ ပုဂံညောင်ဦးရှိဟော်တည်မှ ပုပ္ပါးတောင်ဘက်သွားရာတွင်လက်ရှိအချိန်ထိအဆက် အသွယ်မရသည့်ဘုရား ဖူးဇနီးမောင်နှံအတွက်အမဖြစ်သူမှ ယနေ့ဒီဇင်ဘာ၂၅ရက်နေ့တွင် ကျောက်ပန်းတောင်းရဲစခန်း၌ လူပျောက်ဖြင့် အမှုဖွင့်လိုက်ကြောင်းကိုပျောက်ဆုံးသူဇနီးမောင်နှံ၏ အမဖြစ်သူက ပြောကြားခဲ့သည်။ ဧရာဝတီတိုင်း၊ မအူပင်မြို့မှ လင်မယားနှစ်ဦးသည် ရန်ကုန်မြို့မှတစ်ဆင်ပုဂံ၊ ညောင်ဦး၊ပုပ္ပါးသို့အလည် အပတ်ခရီးသွား ရောက်ရာတွင်ဒီဇင်ဘာလ (၂၃)ရက် နံနက် (၉)နာရီအချိန်ခန့်က ညောင်ဦးမြို့နယ်သီရီပစ္စယာ(၅)လမ်း ရွှေစည်းခုံစေတီအနီးရှိ Zfreeti Hotelမှ ပုပ္ပါးဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားရာမှ ‌မိသားစုဖြင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးလက်ရှိအချိန်ထိပျောက်ဆုံး နေကြောင်း သိရသည်။ ယင်ဖြစ်စဉ်နှင့်ပတ််သက်၍အမဖြစ်သူကလည်း ၎င်း၏လူမှု ကွန်ယက် "အကူအညီတောင်းတဲ့ Post ပါရှင် ၂၃ ရက် မနက် ၉ နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ဒီဇင်ဘာ ၂၄ ရက် ယခု post တင်တဲ့အချိန် ညနေ ၆နာရီ၂၁ မိနစ်အချိန်ထိ အဆက်အသွယ် မရသေးပါရှင်။ ဟိုတယ်ကနေ ထွက်သွားတာပါ။ လမ်းခရီး တစ်နေရာရာမှာ တွေ့မိကြသူများရှိရင် အောက်မှာပါတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးကြပါရှင့်။ ကျွန်မမောင်လေးနဲ့ ယောင်းမလေးပါ" ဟု ပျောက်ဆုံးသူများ၏ မိသားစုဝင်ဖြစ်သူ Yin Mon Swe ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။ "ကျွန်မမောင်လေးနဲ့ယောင်မပါမအူပင်ကနေရန်ကုန်၊ ရန်ကုန် ကနေပုဂံကိုဘုရားဖူးရင်အဆက်သွယ်ပြတ်သွားတာပါ အခုကျွန်မကျောက်ပန်းတောင်းရဲစခန်းရောက်နေပါတယ် လူပျောက်ကြောင်းအမှုလာဖွင့်တာပါ"ဟု ပြောကြားခဲ့သည်။ တယ်လီဂရမ်သတင်းများတွင်မူအဆိုပါဇနီးမောင်နှံကိုအကြမ်းဖက်PDFများကဖမ်းထားပြီးသိန်းတစ်ထောင်ဖြင့်ပြန်ရွေးရန်ပြောထားသည်ဟုဖော်ပြထားသည်။

ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥ က္ကဋ္ဌ ရန်ကုန်မြိုသိုရောက်ရှိလာ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျ
+3
ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥ က္ကဋ္ဌ ရန်ကုန်မြိုသိုရောက်ရှိလာ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာရန် ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥက္ကဋ္ဌ H.E.Mr BASHAN Alexei ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သိုရောက်ရှိလာခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥ က္ကဋ္ဌနှင့် အဖွဲဝင်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် (ရန်ကုန်တိုင်းတာဝန်ခံ) ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ သယံဇာတရေးရာဝန်ကြီး၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတိုမှ တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။

Repost from NOM
Texas က စတိုးဆိုင်တခုမှာ ATM စက်ကို ခိုးယူဖို့အတွက် ကြိုးစားခဲ့တာပါ။ သံသယရှိသူတဦးက ATM စက်မှာ ကြိုးချည်ခဲ့ပြီးနောက် အပြင်မှာ ရပ်ထားတဲ့ SUV ကားနဲ့ဆွဲပြီးတော့ ယူဆောင်ဖို့ အားထုတ်ခဲ့တာပါ။ ကားကို အရှိန်နဲ့ မောင်းထွက်လိုက်ချိန် ATM စက်က ပါသွားခဲ့ကာ ဆိုင်လည်း ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပါတယ်။ လက်ရှိမှာ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။ NOM

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနှစ်စဉ်အမေရိကန်‌ ဒေါ်လာသန်းတစ်ထောင်ခန့်၀င်ငွေရှာဖွေပေးနေ NOM၊ဒီဇင်ဘာ၂၅၊၂၀၂၅ မြန်မာနိုင်ငံဆန်စပ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနှစ်စဉ်အမေရိကန်‌ ဒေါ်လာသန်းတစ်ထောင်ခန့်၀င်ငွေရှာဖွေပေးနေ NOM၊ဒီဇင်ဘာ၂၅၊၂၀၂၅ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်ကြိတ်ခွဲခြင်း၊ရောင်း၀ယ်ခြင်း၊နိုင်ငံခြားတင်ပို့ခြင်း၊ထွက်ရှိသည့်တန်၂၀ရာခိုင်နှုန်းကိုပြည်ပသို့တင်ပို့ခြင်းမှ၊နှစ်စဉ်အမေရိကန်‌. ဒေါ်လာသန်းတစ်ထောင်ခန့်၀င်ငွေရှာဖွေပေးနေငည့်သီးနှံဖြစ်‌ကြောင်းဒီဇင်ဘာလ ၂၄ ရက်ကရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ကျင်းပသည့်ဆန်အကြောင်းသိကောင်းစရာပြပွဲ-၂၀၂၅အခမ်းအနားတွင်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ လူဦးရေ ၈ သန်း ကျော်ရှိသည့်ရန်ကုန်တိုင်းဒေသကြီး၌ ဆန်အမျိုးအစား၊ အရည်အသွေး၊ အမှတ်တံဆိပ်များ၊ဈေးနှုန်းမျိုးစုံ ကွဲပြား များပြားလာသည့်အတွက် အိမ်ရှင်မများနှင့်လူငယ်လူလတ်ပိုင်းမိသားစုများအ နေဖြင့်လိုအပ် ချက်နှင့်ကိုက်ညီသည့်ဆန်အမျိုးအစားရွေးချယ်ရာတွင်အခက်အခဲကြုံတွေ့နေရသည်ကို လေ့လာတွေ့ရှိနေရ‌ကြောင်း၎င်းကဆက်လက်‌ ပြောသည်။

မြန်မာနိုင်ငံအိုလံပစ်‌ေကာ်မတီနှင့်မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့၏သက်ကြီးဝါရင့်အားကစားကလောင်ရှင်များအားကန်တော့ငွ
မြန်မာနိုင်ငံအိုလံပစ်‌ေကာ်မတီနှင့်မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့၏သက်ကြီးဝါရင့်အားကစားကလောင်ရှင်များအားကန်တော့ငွေများ‌ေပးအပ် NOM၊ဒီဇင်ဘာ၂၅၊၂၀၂၅ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊မြန်မာနိုင်ငံအိုလံပစ်‌ေကာ်မတီနှင့်မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့၏သက်ကြီးဝါရင့်အားကစားကလောင်ရှင်များအား ၂၀၂၅ခုနှစ်အတွက်ကန်တော့ငွေများကိုဒီဇင်ဘာ၂၅ရက်ကနံနက်က‌ေကျာက်တံတားမြို့နယ်အ‌ေနာ်ရထာလမ်း(ဘားလမ်း)ရှိအားကစားဆောင်းပါးရှင် ထွန်းထွန်း(ဝိဇ္ဇာ/သိပ္ပံ)ရုံးခန်း၌ပေးအပ်သည်။ အဆိုပါရုံးခန်း၌ကန်တော့ငွေများပေးအပ်ရာရန်ကုန်မြို့ရှိသက်ကြီးဝါရင့်အားကစားကလောင်ရှင်ကိုးဦးအားလည်း‌ေကာင်း၊မန္တလေးမြို့ရှိသုံးဦးအားkpayဖြင့်လည်းကောင်း၊ရန်ကုန်မြို့ရှိကျန်းမာရေးမကောင်းသူ‌ေလးဦးအားအိမ်သို့သွားရောက်၍လည်းကောင်း၊ယခုနှစ်အတွက်ကလောင်ရှင်ကြီး၁၆ဦးကိုတစ်ဦးလျှင်‌ေငွကျပ်သုံးသိန်းစီကန်တော့ခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပရန် ၃ ရက်သာ လိုတော့သည်။
ရွေးကောက်ပွဲကျင်းပရန် ၃ ရက်သာ လိုတော့သည်။

Repost from NOM
ဒီဇင်ဘာ ၂၄ ရက်နေ့ ညက ဂျပန်ဧကရာဇ် နာရူဟီတိုက ဂျပန်ဝန်ကြီးချုပ်သစ် တာကာအိချီကို ညစာစားပွဲ ဖိတ်ကြားခဲ့တာက ဂျပန်မှာ နှစ် ၁၀၀ အတွင်း ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် ရှိလာခဲ့ပါတယ်။ ဂျပန်ဧကရာဇ်ဟာ ဝန်ကြီးချုပ်နဲ့ သူမရဲ့ အစိုးရအရာရှိတွေကို နန်းတော်ဆီ ဖိတ်ကြားကာ တည်ခင်းဧည့်ခံခဲ့တာလည်းဖြစ်ပါတယ်။ NOM

အကယ်ဒမီရွှေကြိုပထမအဆင့်၁၀၄ဦးရွေးချယ် NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ၂၀၂၅ခုနှစ်အကယ်ဒမီပေးပွဲအတွက်ရွှေကြို
+3
အကယ်ဒမီရွှေကြိုပထမအဆင့်၁၀၄ဦးရွေးချယ် NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ၂၀၂၅ခုနှစ်အကယ်ဒမီပေးပွဲအတွက်ရွှေကြိုများရွေးချယ်လျက်ရှိရာပထမအဆင့်ရွေးချယ်ခံရသူအမျိုးသား၄၉ဦးနှင့်အမျိုးသမီး၅၅ဦးစာရင်းကိုထုတ်ပြန်လိုက်သည်။အဆိုပါသူများသည်ဒီဇင်ဘာလ၂၉ရက်နေ့တွင်ဒုတိယအဆင့်ဆက်လက်ယှဉ်ပြိုင်ရမည်ဟုသိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတ
+9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ရေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်                                                               နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

၂၀၂၆သည်အီတလီအတွက်ပိုဆိုးမည်ဟုဝန်ကြီးချုပ်သတိပေး NOM အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက ၂၀၂၆ ခုနှစ်အတွက် မသာယာနိမ့်ပါးမှုတစ်ခုကို ခန့်မှန်းခဲ့ပြီး သူမ၏ရုံးဝန်ထမ်းများအား ပျော်ရွှင်ဖွယ် ခရစ်စမတ်အခါသမယကို ဆုတောင်းပေးခဲ့သော်လည်း ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည်။ "ပြီးခဲ့တဲ့နှစ်က ကျွန်မတို့အားလုံးအတွက် ခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပေမယ့် စိတ်ပူစရာမလိုပါဘူး။ အကြောင်းကတော့ လာမယ့်နှစ်က ပိုဆိုးဦးမှာမို့လို့ပါ" ဟု သူမက ဟာသသဘောဖြင့် ပြောကြားခဲ့သည်။ အင်္ဂါနေ့က ရောမမြို့ရှိ ပလက်ဇို ချီဂီအိမ်တော်ရှိ သူမ၏တရားဝင်နေအိမ်၌ ပြောကြားရာတွင် မီလိုနီက ၎င်းတို့အဖွဲ့ကိုလည်း သူမချစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ၎င်းတို့သည် "တစ်နှစ်ပတ်လုံး အတူတကွ တိုက်ပွဲဝင်ခဲ့ကြသည့် မိသားစုတစ်စု" ဖြစ်ကြောင်းနှင့် "ဒီအားလပ်ရက်အတွင်း သေချာစွာအနားယူကြဖို့ အကြံပြုလိုပါတယ်။ အကြောင်းကတော့ ဒီထူးခြားတဲ့နိုင်ငံအတွက် တုံ့ပြန်ဖြေကြားမှုတွေကို ဆက်လက်ပေးနေရမှာဖြစ်လို့ပါ" ဟု ထည့်သွင်းပြောကြားခဲ့သည်။ သူမ၏ထုတ်ဖော်ပြောကြားချက်များသည် ပြီးခဲ့သည့်လက အီတလီတစ်ဝှမ်းလုံးရှိ ဆန္ဒပြမှုများအပြီးတွင် လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဆရာဝန်များ၊ ဆရာ၊ဆရာမများနှင့် သယ်ယူပို့ဆောင်ရေးလုပ်သားများသည် လူမှုဖူလုံရေးပြုပြင်ပြောင်းလဲမှုများနှင့် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်မှုများပါဝင်သည့် အစိုးရ၏ မှန်းဆထားသော ဘတ်ဂျက်အတွက် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှုများသည် ဘဏ္ဍာရေးမူဝါဒများနှင့် ပြည်သူ့ဝန်ဆောင်မှုများအပေါ် ၎င်းတို့၏အလားအလာရှိသော သက်ရောက်မှုများအတွက် ကျယ်ပြန့်သော မကျေနပ်မှုကို မီးမောင်းထိုးပြခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာရှိ တရားစခန်းအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိ
+8
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာရှိ တရားစခန်းအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အဘွားအိုတစ်ဦး၊ ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူကိုးဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၄၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်နှစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန်၌ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနေသူများဖြစ်ကြသည့် ဦးညိုနိုင် (၄၉) နှစ်၊ ဦးမိုးသက်ဦး (၃၀) နှစ်၊ ဦးစိုးသိန်း (၅၈) နှစ်၊ ဦးစိန်ဝင်း (၆၈) နှစ်၊ ဦးအောင်ဝင်း (၈၃) နှစ်၊ ဒေါ်ဆန်းတင် (၇၀) နှစ်၊ ဒေါ်ရင်ကြည် (၆၄) နှစ်၊ မောင်ပိုင်ဖြိုးမင်း (၆) နှစ်နှင့် မောင်မြတ်မြတ် (၉) နှစ်တို့သည် အဆိုပါကျေးရွာရှိ ဒေသအခေါ် သင်းကုန်းတရားစခန်းတွင်ရှိနေစဉ် ၎င်းနေရာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် ပစ်ခတ်လိုက်သည့် Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ကိုးဦးတွင် ဗုံးသီးပေါက်ကွဲထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ရွေးကောက်ပွဲမှာ ကိုယ်တိုင်မပါသေးတော့…စစ်တပ်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲမို့ ဆန့်ကျင်သင့်တယ်။ ဒါမှမဟုတ်…. ကိုယ့်ပါတီ က ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရသေးချိန်မှာ… ပြည်သူကို No Vote လုပ်နိုင်တယ်ဆိုတဲ့စကားလုံးတွေ ဒါမှမဟုတ် ဒီမိုကရေစီစံနှုန်းအရ ပြည်သူတစ်ယောက်အနေနဲ့ “မဲမပေးဘဲ နေခွင့်ရှိတယ်”ဆိုတဲ့ စကားလုံးတွေက…. တကယ်တော့…တချိန်တုန်းက NLD ပါတီ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် သေးသိမ် တဲ့ စိတ်ဓာတ်တွေနဲ့ ပြောခဲ့ကြတဲ့ စကားလုံးတွေပါပဲ။ ----- ကိုယ်လည်း အာဏာရပြီးရော၊ နောက်ထပ်တဖန် အာဏာပြန်ရနိုင်ဖို့ ၂၀၀၈ ခြေဥကို ရှေ့မှာ အကြိမ်ကြိမ် သပိတ်မှောက်ခဲ့ကြ၊ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံပါလို့ပြောပြီး အကြိမ်ကြိမ် ရှုံချခဲ့ကြ၊ ဆန့်ကျင်ခဲ့ကြတဲ့ ဒီပါတီနဲ့ ထောက်ခံသူတွေကိုယ်တိုင် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ “ပြည်သူတွေ မဲပေးကြပါ”ဆိုတဲ့ စကားလုံးတွေ သုံးခဲ့ကြတာ ပဲမဟုတ်လား။ ရုပ်ရှင်မင်းသား၊မင်းသမီးပေါင်းစုံ၊ အဆိုတော်ပေါင်း များစွာနဲ့ NLD ပါတီ အောင်နိုင်ရေး သီချင်းတွေတောင် ရိုက်ကူးခဲ့ကြတာပဲမဟုတ်လား။ ---- ဒီလိုမှောက်ချည်၊ လှန်ချည်လုပ်တတ်တဲ့ အကျင့်စရိုက်နဲ့ပတ်သက်ရင်…ဒါက ရွေးကောက်ပွဲဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုပဲပြောသေးတာ။ ရှေ့မှာ ကျွန်မ တို့ ပါတီ အစိုးရ ဖြစ်ရင် မြစ်ဆုံ စာချုပ်ကြီး ချပြမယ်ဆိုတဲ့ ကတိကဝတ်တွေ ကျန်နေသေး တယ်။ ခုလည်း NUG လုပ်နေတဲ့ အချိုးက ဒီအချိုးပါပဲ။ ၂၀၂၁ အရေးအခင်းတွေ စဖြစ် တော့…၂၀၀၈ ခြေဥကြီးပျက်ပါပြီလို့ ပြောတာလည်း သူတို့ပဲ။ တစ်ဖက်မှာ… ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်အရ သူတို့ကသာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်။ သူတို့က သာ လက်ရှိအာဏာရ အစိုးရ ဖြစ်တယ်ဆိုပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ရဖို့ ကြိုးစား နေကြ တာပဲမဟုတ်လား။ ဒါဆို အစိုးရ တစ်ရပ်ဖြစ်ဖို့ ဘယ်ဖွဲ့စည်းပုံကို အခြေခံလဲ မေးရင် ဒီ ၂၀၀၈ ခြေဥကြီးပဲမဟုတ်ဘူးလားပေါ့။ ------ တကယ်တော့ ရွေးကောက်ပွဲဆိုတာ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံတဲ့ နိုင်ငံတိုင်း မဖြစ်မနေ ဖြတ်ကျော်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။ ရွေးကောက်ပွဲမှာ တစ်ဦးချင်း စိတ်ဆန္ဒအရ “မဲ မပေးလည်း နေခွင့်ရှိတယ်ဆိုပေမယ့် ဘယ်လောက်ပမာဏ မဲလာပေးမှ ရွေးကောက်ပွဲဟာ အထမြောက်အောင်မြင်တယ်ဆိုတဲ့ သတ်မှတ်ချက်မရှိလေတော့… မဲမပေးလိုက်လို့ လက်တွေ့ဆုံးရှုံးနစ်နာရမှာက ကိုယ်တိုင်ဖြစ်တယ်ဆိုတာနဲ့ ကိုယ်မပေး လိုက်တဲ့ မဲ တပြားက တခြားသူ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရသွား မယ်ဆိုတဲ့ အချက်ကို မလွှဲမသွေ သတိပြုကြဖို့ပါပဲ။ (နရီမိုး)

တောင်ငူမြို့နယ်အတွင်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက် ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်သည် တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တွေ့ဆုံ၍ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်က တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား မဲရုံသတ်မှတ်ချက်နှင့်ညီဆောင်ရွက်ရန်၊ မဲရုံမှူးများအနေဖြင့် မဲပေးစက်ထုတ်ယူရာတွင် ပြည့်စုံစွာ သေချာစစ်ယူရန်၊ ဖြည့်သွင်းရမည့်ပုံစံများစနစ်တကျပုံစံရေးသွင်းရန်၊ ကြိုတင်မဲများ ရေတွက်ရာတွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ရှင်းရှင်းလင်းလင်းဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို တင်ပြကြရန် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံချက်များ၊ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်မည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက အခက်အခဲများ၊ လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် အမှတ် (၁၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ တတိယအကြိမ်ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲထည့်ပေးကြရန်နှင့် မဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းပါရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဥပဒေ နည်းဥပဒေများနှင့်အညီဆောင်ရွက်​ကြရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးမှာကြားပြီး အခက်အခဲများမေးမြန်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

photo content
+5

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ယုတ်မာရ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွား NOM ဒီဇင်ဘာ ၂၄၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ ဦးအောင်နိုင်ဝင်း (၄၈) နှစ်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ MDY-12 3R/1785 SOJEN မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။   News Of Myanmar NOM

မိုင်းခတ်မြို့တွင် ၄ ဒသမ ၁ အဆင့်ရှိငလျင်လှုပ်ခက်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ ရှမ်းပြည်နယ်၊ မိုင်ခတ်မြို့တွင်ယနေ့(ဒီဇင်ဘာ၂၄ရက် ) မွန်တည့်၁၂း၂၀နာရီခန့်ကအင်းအား ၄ဒသမ၁အဆင့်ရှိ ငလျင်လှုပ်ခက်မှုဖြစ်ပွားသွားကြောင်းမိုးလေဝသာနှင့် ဇလဗေဒဦးစီးဌာနမှသိရသည်။ ယနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၂၀)မိနစ်၊ (၄၅) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ မြောက်-အနောက် မြောက်ဘက် (၂၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းခတ်မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁ ဒသမ ၆၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၄၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိမြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်းသိရသည်။