ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 403 مشتركاً، محتلاً المرتبة 15 958 في فئة الأخبار والوسائط والمرتبة 10 126 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 403 مشتركاً.

بحسب آخر البيانات بتاريخ 09 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -203، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.90‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.95‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 980 مشاهدة. وخلال اليوم الأول يجمع عادةً 739 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 403
المشتركون
لا توجد بيانات24 ساعات
-587 أيام
-20330 أيام
أرشيف المشاركات
ဒီဇင်ဘာ၂၄ရက်နိုင်ငံတကာသတင်းတိုများ NOM ဆ။လစ်ဗျားစစ်ဦးစီးချုပ်သည်တူရကီနိုင်ငံအင်ကာရာမြို့တော်တွင်တူရကီကာကွယ်ရေးဝန်ကြီး၊တူရကီစ
+2
ဒီဇင်ဘာ၂၄ရက်နိုင်ငံတကာသတင်းတိုများ NOM ဆ။လစ်ဗျားစစ်ဦးစီးချုပ်သည်တူရကီနိုင်ငံအင်ကာရာမြို့တော်တွင်တူရကီကာကွယ်ရေးဝန်ကြီး၊တူရကီစစ်ဦးစီးချုပ်တို့ဖြင့်ယနေ့တွေ့ဆုံဆွေးနွေးပြီးအပြန်လေယာဥ်ပျက်ကျသေဆုံးသွားသည်။(ဓါတ်ပုံ) ၂။နံမည်ကြီးနေသောCall of Duties ဂိမ်းဖန်တီးရှင်ဗင့်ဇ်ဇန်ပဲလာသည်ကားမတော်တဆဖြစ်ပြီးသေဆုံးသွားသည်။(ဗီဒီယို)(ဓါတ်ပုံ) ၃။ ယူကရိန်းသမ္မတဇလင်စကီးကရုရှားနှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီးမှယူကရိန်းတွင်ရွေးကောက်ပွဲကျင်းပပေးမည်ဟုပြောဆိုလိုက်ပြန်သည်။ ၄။ယမန်နေ့ကရုရှားဗိုလ်ချုပ်ကြီးကားဗုံးခွဲလုပ်ကြံခံရသည့်နေရာအနီးတွင်ယနေ့ကားဗုံးတစ်လုံးထပ်မံပေါက်ကွဲရာပြည်သူနှစ်ဦးသေဆုံးပြီးပြည်သူနှစ်ဦးနှင့်ယာဥ်ထိန်းရဲနှစ်ဦးပြင်းထန်စွာဒဏ်ရာရသည်။ ၅။ ထိုင်ဝမ်ကမ်းရိုးတန်းတွင်ပြင်းအား၆.၁မဂ္ဂနီကျုရှိငလျင်ယနေ့ညနေလှုတ်ခတ်ခဲ့သည်။

ပုပ္ဗသီရီမြို့နယ်၊ ရေပြာရွာအနီးတွင်မြေကမ်းပါးပြိုကျ မှုကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားတစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၂၄၊၂
ပုပ္ဗသီရီမြို့နယ်၊ ရေပြာရွာအနီးတွင်မြေကမ်းပါးပြိုကျ မှုကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားတစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ နေပြည်တော်၊ ပုပ္ဗသီရီမြို့နယ်၊ ရေပြာရွာအနီးတွင် ယနေ့(ဒီဇင်ဘာ၂၄ရက်)မွန်တည်၁၂နာရီခန့်တွင် မြေကမ်းပါးပြိုကျ မှုကြောင့်အမျိုးသမီးတစ်ဦးသေဆုံး ပြီးအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မွန်မြတ်သူ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရေပြာရွာအနီးတွင် လင်းမယားနှစ်ယောက်သည် ရေအိုးများလုပ်ရန်အတွက်မြေများယူနေရာမှ မြေကမ်းပါးပြိုကျခဲ့သည့်အတွက်ဇနီးဖြစ်သူအ သက်၂၃နှစ်မှာ နေရာတွင် သေဆုံးခဲ့ပြီးအမျိုးသားဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ ကြောင်းသိရသည်။ "ကျွန်တော်တို့အသင်းကိုဆက်သွယ်လာလို့သွားရောက်ကူညီပေးခဲ့တာပါ သူတို့ကဘယ်နေရာမှာနေတာလဲနဲ့ နာမည်တွေတော့မမေးလိုက်ပါဘူး ဆေးရုံကိုတော့ပို့ပေးလိုက်ပါတယ်"ဟု မွန်မြတ်သူလူမှုကူညီရေးအသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

မိုင်းဆတ်မြို့နယ်လွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ၆ ဘီးကား တိမ်မှောက်နှစ်ဦး ‌သေဆုံး၊ လေးဦး ဒဏ်ရာရ NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ ရှမ်းပြည်နယ
မိုင်းဆတ်မြို့နယ်လွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ၆ ဘီးကား တိမ်မှောက်နှစ်ဦး ‌သေဆုံး၊ လေးဦး ဒဏ်ရာရ NOM၊ဒီဇင်ဘာ၂၄၊၂၀၂၅ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိ လွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်)ည ၆ နာရီခန့်က၆ ဘီးကား ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့နှစ်ဦးသေဆုံးပြီးလေးဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်းအတိုင်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးတို့လိုက်ပါလာသော မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့မောင်းနှင်လာသည် MITSUBISHI CANTER FUSO (၆) ဘီးကားမှာ အခင်းဖြစ်နေရာအရောက်ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့ကြောင်းသိရသည်။ "ကားကမောင်းလာရင်ဘရိတ်ပေါက်ပြီးတိမ်းမှောက်သွားတာပါကားပေါ်မှာအမျိုးသားသုံးဦးနဲ့အမျိုးသမီးသုံးဦးးလိုက်ပါလာပါတယ် အမျိုးသမီးနှစ်ဦးကတော့နေရာမှာဘဲသေဆုံးခဲ့ပါတယ်ကျန်အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကတော့ဒဏ်ရာရရှိပြီး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ မိုင်းဆတ်မြို့နယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်"ဟုရှမ်းပြည်နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင် တိုက်ထုတ်ရေးလို့တော့ ပြောကြတာပဲ။ အညာ ပုဂံဘက်မှာတော့ ကိုယ့်ဒေသကို ဘုရားဖူးလာတဲ့သူတွေကိုတောင် ပုဂံ၊ ညောင်ဦး အညာပဒက်တွေ သိန်း ၁ ထောင်နဲ့ ပြန်ပေးဆွဲကုန်ကြပြီ 😌😌 ---------- ဒါ့ကြောင့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးတုန်းက…ဒီအခြေအနေအတိုင်းသာ လွတ်လပ်ရေးပေးလိုက်ရရင်…သိပ်မကြာခင် ခင်ဗျားတို့မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီး ထဖြစ်မှာပဲတဲ့။ ခုလည်း ယွက်ဆစ်တို့ ပြောခဲ့တာမှ ဘာကြာသေးခဲ့ကြလို့လဲ။ လက်နက် လေး လက်ထဲရှိလာတော့ မျောက်ပြပြီး ဆန်တောင်းကြ တဲ့ လုပ်ရပ်တွေ လုပ်လာကြပြီ။ ------- ပိုဆိုးတာက လွတ်လပ်သော သတင်းမီဒီယာလို့ ခံယူထားတဲ့ BBC တို့တောင် ပြန်ပေးဆွဲခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့လို့ပဲ ရေးပုံထောက်ရင် …သူတို့လည်း သိပ် မလွတ်မလပ် သတင်း မီဒီယာ တွေဖြစ်ကုန်ကြပြီထင်ရဲ့။ 🧐🧐🧐အပ်တိုတစ်ချောင်းမှတောင်မရှိတဲ့သူတွေက……..၊ ဒီမိုကရေစီ အတွက်တိုက်ပွဲဝင်ကြရ ပါတယ်ဆိုသူတွေက………ခိုးဆိုးလုယက် ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ မီးရှို့၊ လူသတ်၊ လက်နက်ကိုင် သောင်းကျန်းနေကြမှတော့…အညာ ပုဂံကို ဘယ်ပြည်သူတွေက တကူး တက လာကြပါတော့မလဲ။ --------- (နရီမိုး)

Repost from NOM
တူရကီမှာ လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက်အယ်လ်ဟက်ဒက်နဲ့ အခြား ၄ ဦး သေဆုံးခဲ့တယ်လို့ လစ်ဗျားဝန်ကြီးချုပ်က
တူရကီမှာ လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက်အယ်လ်ဟက်ဒက်နဲ့ အခြား ၄ ဦး သေဆုံးခဲ့တယ်လို့ လစ်ဗျားဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။ သူနဲ့အတူ လိုက်ပါခဲ့သူတွေဟာ အကြံပေးအရာရှိ၊ ဗိုလ်ချုပ်ကြီးတဦးနဲ့ သူ့ရဲ့ အကြံပေး၊ ဓါတ်ပုံဆရာတဦးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ တူရကီကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကနေ ပြန်လာချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အန်ကာရာမြို့က အီဆန်ဘိုဂါလေဆိပ်က ထွက်ခွာပြီး မိနစ် ၄၀ အကြာမှာ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာ ပျက်ကျခဲ့ပြီး စက်ချို့ယွင်းမှုကြောင့်လို့ သိရပါတယ်။ NOM

Repost from NOM
ကမ္ဘောဒီးယားနဲ့ နယ်စပ်က ခမာအခြေစိုက်စခန်းကို ထိုင်းစစ်သားတဦးက ပစ်ခတ်တိုက်ခိုက်နေတာပါ။ သူ ကိုင်ဆောင်ထားတဲ့ သေနတ်က အစ္စရေးလုပ် lMl Negev NG-5/7 အပေါ့စားစက်သေနတ်လို့ ဆိုပါတယ်။ NOM

Repost from NOM
သံချပ်ကာယာဉ်တွေနဲ့ ထိုင်းတော်ဝင်တပ်မတော်စစ်ကြောင်းတခုပါ။ အမေရိကန်လုပ် M113 APC နဲ့ M2 Browning စက်သေနတ်တွေကို သံချပ်ကာယာဉ်တွေမှာ တပ်ဆင်ထားကာ ပစ်ခတ်တိုက်ခိုက်နေပြီး တပ်ဖွဲ့ဝင်တွေက အစ္စရေးနိုင်ငံလုပ် 🇮🇱 IWI Tavor TAR-21 တိုက်ခိုက်ရေးရိုင်ဖယ်တွေကို ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ NOM

Repost from NOM
ယူကရိန်းရဲ့ စစ်ဘက်-စက်မှုလုပ်ငန်းနဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် ဒရုန်းတိုက်ခိုက်မှုကို ရုရှားက စတင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက video clip နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့ပေးနေမှုတွေဟာ ဇန်နဝါရီကနေ အောက်တိုဘာလအတွင်း ၇၇ ဆ အထိ လျော့ကျသွားခဲ့တယ်လို့ ယူကရိန်းမီဒီယာတွ
ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့ပေးနေမှုတွေဟာ ဇန်နဝါရီကနေ အောက်တိုဘာလအတွင်း ၇၇ ဆ အထိ လျော့ကျသွားခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရားဝင်အကူညီပေးမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ယူရို ၃၈.၇ ဘီလျံအထိ ရှိခဲ့ရာကနေ ဒီနှစ်မှာ ယူရို ၅ သိန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ အီးယူက ကူညီပေးနေမှုကလည်း ဒီကွာဟချက်ကို လုံလောက်အောင် မဖြည့်တင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။ NOM

Repost from NOM
ဗြိတိန်ရဲတပ်ဖွဲ့ဟာ မူစလင်တွေကို တပ်ဖွဲ့အင်အားတိုးပွားလာ‌အောင် ဆွဲဆောင်မှုအဖြစ် အမျိုးသမီးတပ်သားတွေကို သံလိုက် hijabs တွေ ဝတ်ဆ
ဗြိတိန်ရဲတပ်ဖွဲ့ဟာ မူစလင်တွေကို တပ်ဖွဲ့အင်အားတိုးပွားလာ‌အောင် ဆွဲဆောင်မှုအဖြစ် အမျိုးသမီးတပ်သားတွေကို သံလိုက် hijabs တွေ ဝတ်ဆင်ပေးပြီး စတင်လာတယ်လို့ Telegraph က ဆိုပါတယ်။ ရုန်းရင်းဆန်ခတ်အခြေအနေတွေမှာ ခေါင်းကို အဆွဲခံရရင်တောင် ဆံပင်ကို မပေါ်စေသလို ဖြုတ်တပ်ရာမှာလည်း လွယ်ကူအောင် ဒီဇိုင်းထုတ်ထားကာ လည်ပင်းညှစ်ခံရတာကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။ NOM

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့(ခရစ္စ
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့် NOM၊ဒီဇင်ဘာ၂၃၊၂၀၂၅ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယ မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ချောင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နေ့စားအလုပ်သမားတစ်ဦးသေဆုံး NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာရှိ‌ နောင်ကုန်းတံတားတွင် ယာယီဘေလီတံတားပြုလုပ်ရေးဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားအထူးအဖွဲ့ (၉) ဘုရားကလေးအဖွဲ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအဖွဲ့မှ နေ့စားအလုပ်သမားဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ ဦးထက်အောင်ကျော်လင်း (၃၇) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိ
+1
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာနေ ကိုကျော်စွာဝင်း (၂၇) နှစ်သည် ကျေးရွာ၏အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ တောင်ယာခင်းသို့ သွားရောက်စဉ် တောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလားတူ ည ၉ နာရီအချိန်၌ မန္တလေးဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာနေ ဦးကျော်ဇော်ဟိန်း (၃၂) နှစ်သည် အဆိုပါကျေးရွာအနီးရှိ ၎င်းပိုင် တောင်ယာခင်းသို့ သွားရောက်စဉ် တောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးန
ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သန်းစိုးဝင်း (၄၂) နှစ်၊ သာပေါင်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူ မောင်းနှင်လာသော HYUNDAI PORTER ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ အိမ်သုတ်ဆေးပုံးများအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄,၀၀၀)အား ဖမ်းဆီးရမိသဖြင့် သန်းစိုးဝင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ယနေ့ကဲ့သို့ အခါသမယကောင်းဖြစ်သည့် ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် ဦးဆောင်ကျင်းပပေးကြသည့် ခရစ်ယာန်ဘာသာဝင်ဆရာတော်ကြီးများနှင့် ဘာသာဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာတစ်ဝန်းတွင် နေထိုင်ကြသည့် ခရစ်ယာန်ဘာသာဝင်များအားလုံး မွေးနေ့တော်မှစ၍ ငြိမ်းချမ်းခြင်းအနှစ်သာရများကို ကိုယ်စီပိုင်ဆိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဆုတောင်းလိုက်ပါကြောင်းဖြင့်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာဦးအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အတွက်အထူးဆုတောင်းစကားပြောကြားပြီး မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံတီးဝိုင်းအဖွဲ့က ခရစ္စမတ်သံစုံဓမ္မတေးသီချင်းအား သီဆိုတီးမှုတ်ကြသည်။ ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာမျိုးမြင့်ဦး ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister ရူဖီးက သမ္မာကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊ ခရစ္စမတ်ဓမ္မဒေသနာချီးမြှင့်ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း အသီးသီးဆောင်ရွက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကို ပေးအပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။ ထို့နောက် သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရ ဒေါက်တာမောရစ်လျန်နာက ခရစ္စမတ်အခါသမယ မိတ်သဟာယ မိတ်ဆုံစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်း ကို ဆောင်ရွက်သည်။ ယင်းနောက် “တိတ်ဆိတ်ည သန့်ရှင်းည” ဓမ္မသီချင်းကို ပရိတ်သတ်များက သံပြိုင်သီဆိုကြသည်။ ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နှစ်သစ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောပါစေကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး မိသားစု၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယမိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရာသီသဘာဝနှင့် အခါသမယတို့ပေါင်းစုံချိန်တွင် ယခုကဲ့သို့ကျရောက်လာသည့် ခရစ္စမတ်ပွဲတော်နှင့်အတူ ခရစ်ယာန်ဘာသာဝင်များ၊ နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဘာသာတရား၏ မေတ္တာရိပ်အောက်တွင် ချစ်ခြင်းမေတ္တာများနှင့် ငြိမ်းချမ်းသာယာခြင်း ရှိကြပါစေရန် ဆုမွန်ကောင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ခရစ္စမတ်ပွဲတော်သည် လူသားများကြားတွင် ချစ်ခြင်းမေတ္တာတရားများကို လွှမ်းခြုံစေသည့်အပြင် ခရစ်ယာန်ဘာသာဝင်များ၏ မွန်မြတ်သည့်အနှစ်သာရတစ်ခုကို ထင်ဟပ်ပြသခြင်းလည်းဖြစ်သည်ကို ပြောကြားလိုကြောင်း။ ယနေ့လူသားအားလုံး ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီး ၄ မျိုးအဖြစ် သတ်မှတ်ထားသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်လည်းဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်းချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်ကို လေးလေးနက်နက် ယုံကြည်မိကြောင်း။ လူမှုအဖွဲ့အစည်းတစ်ခုမှစတင်ပြီး လူမှုအသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာမှသာ လူသားများ ရှင်သန်ရပ်တည်ရာ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသာယာမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊ အငြိုးအာဃာတ တရားများသည် လူ့အသိုက်အဝန်းကြားတွင် နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှင်းဆဲမှုများစသည့် ဒုစရိုက်တရားများကိုသာ ဆင့်ကဲဖြစ်ပေါ်စေကြောင်း၊ ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။ နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို ပြောကြားလိုကြောင်း။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။ ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြားမှ အဆိုပါအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပြီး စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံ ကြည်မှုလျော့ပါးအောင် လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။ ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကို တွေ့ရှိရပြီး အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်သည်ကို ပြောကြားလိုကြောင်း။ ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည် စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရား ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြိုဆိုနှုတ်ဆက်ပြီး ခရစ်ယာန်လူငယ်လေးများက ခရစ်ယာန်ဓမ္မတေးသီးချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေပြီး ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့သည် သီဆိုတီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် ခရစ်ယာန်လူငယ်လေးများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ လာရောက်စဉ် အသုံးပြုခဲ့သည့် လှည့်လည်ယာဉ်များကို ကြည့်ရှုပြီး ပုပ်ရဟန်း မင်းကြီးဖရန်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုနှင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့၏ ခရစ္စမတ်ဆုတောင်းပွဲများနှင့် မိတ်သဟာယပွဲတော်များ ကျင်းပပြုလုပ်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားဒုတိယပိုင်း ကျင်းပမည့် ဘုရားကျောင်းတော်အတွင်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ခရစ်တော်ကိုမျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးဖိုးဖိုးလှက အဖွင့်ဆုတောင်းစကားပြောကြားသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်းအား ဆုပေါင်းသီဆိုကြသည်။ ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ၎င်းနောက် တေးသံရှင် ပန်းရောင်ခြယ်က ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းအား သီဆိုသည်။

photo content
+6

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်၌ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင် (ဝမ်မိုင်)ရှိ လေးဒေ (၁၉) နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လီလှ (၁၉) နှစ်၊ ကောင်းကိုင်ကျေးရွာ၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နယ်နှင့် ငြိမ်းချမ်း (၁၇) နှစ် အားဖော်ကျေးရွာ၊ နားယောင်းကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်နေသူတို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၄၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် လေးဒေ၊ လီလှနှင့် ငြိမ်းချမ်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

Repost from News Of Myanmar
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သာ
+1
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်နေ ဦးချစ်ကိုကို (၅၇) နှစ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်က လက်နက်ငယ်များကိုင်ဆောင်လျက် MARK II အမျိုးအစားအဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းအရ ဖမ်းဆီးခံရသူအားပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ လယ်တီရပ်ကွက်၊ ကန်သာယာဈေး၏အရှေ့ဘက် ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်အားတွေ့ရှိရသဖြင့် ပိတ်ဆို့ဖမ်းဆီးစဉ်အကြမ်းဖက်သမားလေးဦးမှာ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဖမ်းဆီးခံရသူ ဦးချစ်ကိုကိုအား ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၎င်းယာဉ်ပေါ်မှ AK-47 ကျည်ဘောက် ၁ ခု၊ MA-3 ကျည်ဘောက် ၂ ခု၊ ၇.၆၂×၃၉ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၃၁ တောင့်၊  လက်ကိုင်ဖုန်း ၁ လုံး တို့အားသိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ တိမ်းရှောင်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းအကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ လယ်တီရပ်ကွက်ရှိ စမ်းမြရောင်ခြည်ဘုန်းကြီးကျောင်းအတွင်းမှ AK-47 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ MA-3 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၇.၆၂×၃၉ ကျည် ၂၈ တောင့်၊ ၅.၅၆ ကျည်၂၄ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ News Of Myanmar NOM