ar
Feedback
Patheingyi Reporter

Patheingyi Reporter

الذهاب إلى القناة على Telegram

ပုသိမ်ကြီးမြို့အတွင်းရှိ မြေပြင်သတင်းများ ကို @Reporter2307 @anyartharme တို့ဆီ ဆက်သွယ်ပေးပို့လို့ရပါတယ်။

إظهار المزيد
2 804
المشتركون
-124 ساعات
-167 أيام
-8430 أيام
أرشيف المشاركات
Repost from MDY Revolution
မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Jun 23 နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -1:45PM ၃၈လမ်း ၇၃ မှ ၇၈ကြား ဖမ်းနေ -2:05PM ၂၉လမ်း ၈၃× ၈၄ကြား ဖမ်းနေ -2:30PM အရှေ့မြို့ပတ်လမ်း၊ ၄၇× ၄၈ကြား ဖမ်းနေ -2:55PM ၁၉လမ်း× ၆၂လမ်း ဖမ်းနေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot

Repost from MDY Revolution
မန်း-မတ္တရာသတင်း 🚨🚨 Jun 23 -8:15AM မန္တလေး ဘက်မှ မတ္တရာဘက်သို့ အင်အား ၁၅၀ခန့်ပါသော စခFawကား ၁၂စီး မောင်းသွားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

Repost from MDY Revolution
photo content
+3

Repost from MDY Revolution
photo content
+9

Repost from MDY Revolution
ROSE MOVEMENT: Rose of Hope ယနေ့ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဖော်ဆောင်ခဲ့ကြသော ROSE MOVEMENT: Rose of Hope လူထုလှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်ပြီး အကြမ်းဖက်စစ်အုပ်စုထံ "ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့......။" "ငါတို့ဟာ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေကွ.....” ဆိုတာကို ထပ်မံသက်သေပြ သတင်းစကားပါးခဲ့ကြတဲ့ လှုပ်ရှားမှုအချို့ကို လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ #ကြောက်ခေတ်ကို_မှောက်ပစ် #freedomfromfear #81For81 #FreeDASSK #FreedomForHerFreedomForAll #Proof_of_Life #MDYRevo အရေးတော်ပုံ အောင်ရမည်။ ✊

Repost from MDY Revolution
🎂 Happy Birthday ပါ အမေစု 🌹 ကျွန်တော်တို့အားလုံး ချစ်ခင်မြတ်နိုးရပါသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ
🎂 Happy Birthday ပါ အမေစု 🌹 ကျွန်တော်တို့အားလုံး ချစ်ခင်မြတ်နိုးရပါသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၈၁နှစ်ပြည့်မွေးနေ့တွင် အမေ ကျန်းမာပါစေ၊ ဘေးကင်းပါစေ၊ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ကျွန်တော်တို့ MDY Revolution မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ထိုမှတဖန် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုးဖြင့် မတရား ဖမ်းဆီးအကျဉ်းချခံထားရခြင်းမှလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပါစေ။ ကျွန်တော်တို့အားလုံး၊ အမေ့သားသမီးတွေအားလုံးကို အရင်လို မေတ္တာ ကရုဏာ မုဒိတာ အပြည့်နဲ့ ရင်ဝယ်သားကဲ့သို့ ပြန်လည်ဦးဆောင်လမ်းပြပေးနိုင်ပါစေကြောင်း ထပ်မံ၍ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ အမေစုနှင့်တကွ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွတ်မြောက်ရေး၊ လူထုတစ်ရပ်လုံး မျှောလင့်တောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အားလုံးတွင် တာဝန်ကိုယ်စီရှိကြသည့်အားလျော်စွာ ကျွန်တော်တို့ MDY Revolution Admin များမှလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း မွေးနေ့ရှင်အမေစုကိုတိုင်တည်ပြီး ကတိသစ္စာပြုအပ်ပါသည်။ အမေစု ကျန်းမာပါစေ။ အမေစု အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။ 🙏🏻

Repost from MDY Revolution
ချမ်းသာလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) နှင်းဆီလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။ ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။ #ကြောက်ခေတ်ကို_မှောက်ပစ် #freedomfromfear #81For81 #FreeDASSK #FreedomForHerFreedomForAll #MDYRevo အရေးတော်ပုံ အောင်ရမည်။

Repost from MDY Revolution
❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞ ══════════════ #၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု #rosemovement #ProofOfLife ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လေးစားယုံကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ မကြာခင် ရောက်ပါတော့မယ်။ အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀၀) ကျော်ကို အဓမ္မ ချုပ်နှောင်ထားတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို အဓမ္မ ပေါ်တာဆွဲဥပဒေနဲ့ ဒုက္ခမျိုးစုံ ပေးနေတဲ့ စစ်အုပ်စု။ ဒီစစ်အုပ်စုကပဲ ရွေးကောက်ပွဲအတု လုပ်၊ လွှတ်တော်အတု ခေါ်၊ အရပ်သားအတု အစိုးရအတု ဖွဲ့ပြီး ပြည်တွင်းပြည်ပမှာ လူရာဝင်ချင်သေးသတဲ့။ လုံးလုံး အရှက်မဲ့တဲ့ ဖက်ဆစ်တွေပဲ။ လူထုခေါင်းဆောင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက “သံမဏိ နှင်းဆီ” လို့ ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “နှင်းဆီလှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။ နှင်းဆီလှုပ်ရှားမှု၊ ပန်းသပိတ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုနည်းနာကို အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီပန်းများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်။ ပန်ဆင်ကြမယ်။ အလှပန်းအိုး ထိုးမယ်။ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်။ အွန်လိုင်းပေါ် ဓာတ်ပုံတင်ကြမယ်။ မြေပြင်လူထုလှုပ်ရှားမှုတွေကိုလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ကာ (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။ အတိုချုပ်ပြောရရင်တော့ လာမယ့် ဇွန် ၁၉ အမေစုမွေးနေ့မှာ ကျနော်တို့ ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးအနေနဲ့ “နှင်းဆီလှုပ်ရှားမှုကြီး” မိမိတို့ အဆင်ပြေသလို ဉာဏ်ကွန့်မြူးကာ အွန်လိုင်းကော မြေပြင်မှာပါ ဉာဏ်နဲ့ယှဉ်ပြီး နည်းနာပုံစံမျိုးစုံနဲ့ ဖော်ဆောင် ဆင်နွှဲကြပါမယ်ခင်ဗျာ။ ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။ ဒီသုံးချက်ကတော့- (၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။ (၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။ (၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။ လက်ရှိ ကျနော်တို့ ဖော်ဆောင်နေဆဲဖြစ်တဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဒီနှင်းဆီလှုပ်ရှားမှုကြီးနဲ့အတူ ဆက်လက် ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။ Proof of Life လှုပ်ရှားမှုကတော့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ လှုပ်ရှားမှုရဲ့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆင်နွှဲသွားကြဖို့လည်း ဖြစ်ပါတယ်။ အလားတူပဲ (၈၁) နှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကိန်းဂဏန်း (၈၁) ကို အစွဲပြု ဖော်ဆောင်တဲ့ လှုပ်ရှားမှုများလည်း ဉာဏ်ရှိသလို ကွန့်မြူးဖော်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။ စစ်အုပ်စုအဆက်ဆက်ဟာ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာ၊ ဉာဏ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိပါဘူး။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ယနေ့ မြန်မာပြည် လူမှုစီးပွါး အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းပို့တဲ့ အဓမ္မ ပေါ်တာဆွဲနေတာ အလယ်၊ အပေါဆုံးက မူးယစ်ဆေး ဖြစ်လာတာအဆုံး၊ တိုင်းပြည်မှာ အကောင်းဆိုလို့ ဘာမှမရှိတော့ပါဘူး။ ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် အနာဂတ် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်ရဲ့ အညွှန့်ထွက်စ၊ အရှိန်ရစ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးကို သင်းသပ်ချလိုက်တာပဲ။ အာဏာရှင်စနစ်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံဝန်ထမ်းများနဲ့တကွ အစစ်အမှန် ပြည်ခိုင်ဖြိုးပါတီဝင်ထုအပါအဝင် တိုင်းသူပြည်သားအားလုံးအတွက် ရေတိုကော ရေရှည်မှာပါ ဘာကောင်းကျိုးမှ မပြုပါဘူး။ ဒီအာဏာရှင်စနစ်လက်အောက်မှာ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစု၊ ဒင်းတို့မိသားစု ဆွေမျိုးတစု၊ နီးစပ်ရာလူတစုပဲ ပိုပိုပြီး ကျိကျိတက်

Repost from MDY Revolution
photo content
+8

Repost from MDY Revolution
“နှင်းဆီလှုပ်ရှားမှု” #၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု #rosemovement #ProofOfLife အရေးတော်ပုံ အောင်ရမည်။ #MDYRevo

Repost from N/a
နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတင်မည်။
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။ လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ် (၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်! (၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်! (၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်! အတူတကွ ဘယ်လို လှုပ်ရှားကြမလဲ?
ဇွန်လ (၁၉) ရက်နေ့မှာ အောက်ပါ မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြပါမယ်။ • ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။ • Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။
• မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။
လူထု ကြွေးကြော်သံ - “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “
"ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။ #RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar

Repost from MDY Revolution
ပြင်ဦးလွင်သတင်း 🚨🚨 May 17 8:30AM ယနေ့ မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန) တပ်သို့ ရွေးတုသမ္မတ မင်းအောင်လှိုင် လာရောက်ရန် ရှိနေပြီး ပွဲကောက် အပန်းဖြေစခန်းသို့လည်း ဝင်ရောက်ဖွယ်ရှိကြောင်း၊ မန္တလေး-လားရှိုးလမ်းတလျောက် ရေသရောက်ကုန်းရွာ၊ ရေငယ်ရွာ၊ မဟာအံ့ထူးကံသာဘုရား၊ ဈေးလေးမီးပွိုင့် စသည့်နေရာများတွင် မီတာ ၅၀လျင် ယာဉ်ထိန်း၊ ပျူခွေး၊ စစ်ခွေးများ လုံခြုံရေး ချထားကြောင်း၊ ရွေးတုသမ္မတမင်းအောင်လှိုင်၏ ပြင်ဦးလွင်ခရီးစဉ်တွင် အင်အားပြရန်အတွက် မန္တလေးမြို့တော်စည်ပင်မှ အရပ်ဝတ်ဝန်ထမ်းအင်အား (၃၀၀)ကို ပြင်ဦးလွင်သို့ ယမန်နေ့ကတည်းက ကြိုတင်စေလွှတ်ထားပြီး နေရာယူခိုင်းထားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

Repost from MDY Revolution
ပြင်ဦးလွင်သတင်း 🚨🚨 May 17 8:30AM ယနေ့ မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန) တပ်သို့ ရွေးတုသမ္မတ မင်းအောင်လှိုင် လာရောက်ရန် ရှိနေပြီး ပွဲကောက် အပန်းဖြေစခန်းသို့လည်း ဝင်ရောက်ဖွယ်ရှိကြောင်း၊ မန္တလေး-လားရှိုးလမ်းတလျောက် ရေသရောက်ကုန်းရွာ၊ ရေငယ်ရွာ၊ မဟာအံ့ထူးကံသာဘုရား၊ ဈေးလေးမီးပွိုင့် စသည့်နေရာများတွင် မီတာ ၅၀လျင် ယာဉ်ထိန်း၊ ပျူခွေး၊ စစ်ခွေးများ လုံခြုံရေး ချထားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

Repost from MDY Revolution
မန်း-မတ္တရာသတင်း 🚨🚨 May 16 8:45PM မတ္တရာဘက်မှ စခကားကြီး ၂၅စီး၊အချို့ မိုးကာအုပ်ထား(နောက်တွင်ဂျန်မာကား‌လေး၁စီး)ပါ ယာဉ်တန်း မန္တလေးမြို့ထဲသို့ မောင်းဝင်သွားကြောင်း သတင်းရရှိပါသည်။ Updated - 9:40PM 9:30PM ခန့်အချိန်က စခကားကြီး ၁၀၇စီး၊ ဆီဘောက်ဆာကား ၆စီး၊ ဆီပေပါတင်ထားသောကား ၈စီးခန့်၊ ဂျန်မာကားသေး ၁စီး၊ ကားပျက်များတင်ထားသော ကားကြီး ၁၀စီးခန့်၊ စုစုပေါင်း အစီး ၁၄၀ ထပ်မံဝင်ရောက်၊ ကားအနည်းငယ်မှာ ရွှေကျင်ကွေ့မှ အရှေ့ဘက်သို့ ကွေ့သွားပြီး ၉၅တပ်အတွင်း ဝင်ရောက်မည်ဟု ယူဆရကြောင်း ထပ်မံသတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

Repost from MDY Revolution
မန္တလေးမြို့🚨🚨🚨 MAY-15 မန္တလေးမြို့တော်ခန်းမ စည်ပင်ရုံးကြီးထဲသို့ အရပ်ဖက်ကား6N/5363ဖြင့် နေ့လည်(2:00)နာရီအချိန်က သမ္မတအမည်ခံမင်းအောင်လှိုင်ရောက်ရှိကာ ယမန်နေ့ကတစ်ရက်ထဲအပြီးပြင်ဆင်ခိုင်းထားသည့် ပြခန်းများအား လိုက်လံကြည့်ရှုကာ ညနေ (5:45)နာရီအချိန်က ပြန်လည်ထွက်ခွါသွားကြောင်းသတင်းရရှိပါသည်။ မနက်ဖြန် MAY-16ရက်နေ့ နံနက်ပိုင်းတွင်လည်း ပြင်ဦးလွင် ရေငယ်-မိုးကြိုးရွာ၌ နေ့ညအမြန်ဖောက်ထားသော လမ်းဖွင့်ပွဲပြုလုပ်ရန် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo

သတင်းထုတ်ပြန်ချ​က် ၂၀၂၆ ခုနှစ် ၊ ဧပြီလ(၁၇)ရက် ၁။ ၂၀၂၆ ခုနှစ် ၊ဧပြီလ(၁၃)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာ
+9
သတင်းထုတ်ပြန်ချ​က် ၂၀၂၆ ခုနှစ် ၊ ဧပြီလ(၁၇)ရက် ၁။ ၂၀၂၆ ခုနှစ် ၊ဧပြီလ(၁၃)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မ၏ ကွပ်ကဲမှုအောက်ရှိ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ၂။ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်အလံလေးပြုခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ကြွရောက်လာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ရုံးချုပ်တာဝန်ရှိသူများနှင့်ဧည့်သည်တော်များမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်ဆုများ ပေးအပ်ခြင်း ၊ သင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းပုံစံ ချီတက်အလေးပြုခြင်း နှင့် စစ်ကြောင်းအလိုက် သရုပ်ပြခြင်းအစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ၃။ အထူးလှုပ်ရှားတပ်မ ၊ မတ္တရာမျိုးမှန်အဖွဲ့၏ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ရုံးချုပ် မှ တာဝန်ရှိသူများ ၊ မန္တလေးတိုင်းစစ်ဌာန မှ ဒု-ကွပ်ကဲရေးမှူးနှင့်တာဝန်ရှိသူများ ၊ အမှတ်(၁)စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး၊ မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)

​မြန်မာ့ရိုးရာ နှစ်သစ်ကူးအချိန်အခါသမယမှ စတင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းဝေးကြပြီး ကိုယ်စိတ်နှစ်ဖ
​မြန်မာ့ရိုးရာ နှစ်သစ်ကူးအချိန်အခါသမယမှ စတင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းဝေးကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ယနေ့ နှစ်သစ်ကူးမှစ၍ စစ်အာဏာရှင်စနစ်ဆိုးကြောင့် အဖက်ဖက်မှ ချွတ်ချုံကျနေပြီး ဆင်းရဲတွင်းနက်နေရသော မြန်မာနိုင်ငံသားအားလုံး ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်တွန်လှန်ချေမှုန်းနိုင်ပြီး လိုလားတောင့်တလျက်ရှိသော အေးချမ်းသာယာသည့် ဖက်ဒရယ်နိုင်ငံတော်သစ်ကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိအောင်မြင်နိုင်ပါစေကြောင်း ထပ်မံဆုမွန်ကောင်းတောင်းအပ်ပါသည်။ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ထုတ်ရင်း အသက်ပေးဆပ်ခဲ့ရသော ရဲဘော်သူရဲကောင်းများအားလုံးလည်း ကိုးကွယ်ရာဘာသာတရား၏ ချီးမြှောက်မှုကိုရရှိပြီး ကောင်းမွန်ရာသုဂတိဘုံသို့ ရောက်ရှိနိုင်ကြပါစေ။ ထို့ပြင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပြီး ချစ်ခင်ရသော မိသားစုနှင့် အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ကြပါစေ။ ဝေဟင်ချန်နယ်၏ အားကိုးအားထားရပါသော သတင်းပေး တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ #WaiHin