ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
ဧကြည်ဖြူ " ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း ( ၁၅ ) ***** လက်ထဲက ဖိတ်စာလေးကိုကြည့်ပြီး အသက်မဲ့သွားသူလို မြတ်ဘုန်း ငြိမ်သက်နေမိတယ်။သူရဲ့ မင်္ဂလာပွဲပြီးလို့ ဆယ်ရက်ကျော်ကျော်ပဲရှိသေးတယ်။ချစ်ရသူရဲ့ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်စာက မြတ်ဘုန်းတို့ဆီကို ရောက်လာခဲ့ပြီ။ သူမဘယ်သူနဲ့ လက်ထပ်မှာလဲ။ချက်ချင်း လက်ထပ်လိုက်တယ်ဆိုတာက ကိုယ်ဝန်ကြောင့်ပဲ ဆိုတာကို မြတ်ဘုန်းသိလိုက်တယ်။ "ဘယ်လိုလဲ ရှင့်ဟာမလေးက လူကြည့်တော့ မတုန်မလှုပ်နဲ့ မြန်လှချည်းလား ...ကြည့်ရတာ ရှင်နဲ့အပြိုင်ထားထာတာ-နေမယ် " ကေဇင်ကျော်ရဲ့ အပြောကို မနှစ်သက်လှတာမို့ မြတ်ဘုန်းကျောခိုင်းပြီးထွက်လာခဲ့တယ်။ဒါတောင် ကေဇင်ကျော်ရဲ့ အသံက နောက်က ကပ်ပါလာသေးတယ်။ " ဘာလဲ ...ရှင်က ခံစားနေရတာလား ... ဘယ်လို ကောင်နဲ့ ယူတာလဲဆိုတာကို သိချင်လို့ ကေဇင်တို့က ဒီမင်္ဂလာပွဲကို သွားဖြစ်အောင် သွားမှာ သိရဲ့လား " လူ့အကြောင်း ပေါင်းကြည့်မှ သီဆိုသလိုပဲ မြတ်ဘုန်းလည်း ကေဇင်ကျော်တို့အိမ်မှာ လိုက်နေတာ တစ်ပတ်ကျော်ပဲရှိသေးပေမဲ့ ကေဇင်ကျော်တို့ သားအမိရဲ့ စိတ်ရင်း အလုံးစုံကို သိခဲ့ရတယ်။ သားအမိနှစ်ယောက်လုံးက အပြင်ပန်းက ကြည့်ရင် ရိုးရိုးသားသား အေးအေးဆေးဆေး ပုံစံလေးတွေနဲ့ အတွင်းစိတ်ကောက်ကျစ် ကြတာကို မြတ်ဘုန်း သိခဲ့ရပြီ။ ဒါတင်မကသေးဘူး သားအမိနှစ်ယောက်လုံး လောဘလည်းကြီးကြတယ်။ပြီးတော့ ကေဇင်ကျော်က သူ့ကိုယ်သူပဲ အလှအပ ပြင်ဆင်တတ်ပြီး အိမ်မှုကိစ္စတွေမှာ အင်မတန် အပျင်းကြီး ပြီး ဖြစ်ကတတ်ဆန်း နိုင်တာတွေကိုလည်း မြတ်ဘုန်းသိခဲ့ရပြီး။ အစစအရာရာ ကေဇင်ကျော်ရဲ့မိခင် ဒေါ်ဌေးဌေးမူရဲ့ အစီအမံတွေနဲ့သာ နေထိုင်ရတာကိုလည်း မြတ်ဘုန်းသိခဲ့ရတယ်။မြတ်ဘုန်း ဒါတွေကို သိသိနဲ့ လျစ်လျူရှုထားပြီးနေခဲ့လိုက်တယ်။ မင်္ဂလာပွဲစပြီး ကျင်းပပြီးတဲ့နေ့ကစလို့ မြတ်ဘုန်း အရက်နဲ့ပဲ အဖော် ပြုတော့တယ်။သူ့ဘ၀က ကေဇင်ကျော်တို့အိမ်မှာစိတ်မချမ်းသာလို့ အိမ်ကိုပြန်တော့လည်း မိခင်ဖြစ်သူက ကေဇင်ကျော်တို့ သားအမိအပေါ်မှာ မကျေနပ်သမျှကို မြတ်ဘုန်းကိုပဲ ပြောတာ။ကြာတော့ တစ်ပတ်ကျော်အတွင်းမှာကို မြတ်ဘုန်းက ကိုယ့်ဘဝကို စိတ်အပျက်ကြီး ပျက်လာမိတယ်။ ******* " အနီရင့် လက်ထပ်တော့မယ်ဆို မြန်လှချည်းလား ...ဘာလဲ မင်းနဲ့ တွဲနေကတည်းက နောက်တစ်ယောက်ရှိနေတာထင်တယ် ...သူတို့ ညီအစ်မတွေက စရိုက်တွေ အကျင့်တွေကတော့ တူသားပဲ " မြတ်ဘုန်းထင်တဲ့အတိုင်းပဲ ။ ဟိုအိမ်မှာ စိတ်ညစ်လို့ အိမ်ကိုပြန်လာမိတာ။အနီရင်ရဲ့ မင်္ဂလာဖိတ်စာကို ကိုင်ပြီး မကျေမချမ်းနဲ့ ပြောနေတဲ့ မိခင်နဲ့ စပြီး ဆုံတွေ့လိုက်ရတယ် ။ " ဒီအကြောင်းတွေ တော်ပါတော့ အမေရယ် ... သား ဘာမှ မကြားချင်တော့ဘူး " " မကြားချင်လို့ ရမလား ... မင်းမိန်းမနဲ့ မင်းယောက္ခမက တစ်ပတ်အတွင်းကို အချိုးတွေပြောင်းလှချည်လား ....သားငယ်ရဲ့ ဆိုင်ကို မင်းမိန်းမနဲ့ မင်းယောက္ခမက သွားတယ်ဆို ... ဘာသွားလုပ်တာလဲ ...အဲ့ဒီဆိုင်က သူတို့နဲ့ ဘာဆိုင်လို့လဲ ပြော ... မင်းတော့ နွားဖြစ်ပြီ မြတ်ဘုန်းရဲ့ သိရဲ့လား " မိခင်ဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားတွေကြောင့် မြတ်ဘုန်း မချိပြုံး ပြုံးလိုက်မိတယ်။" အဲ့ဒီနွားဖြစ်အောင် လုပ်ခဲ့တဲ့အထဲမှာ အမေလဲ ပါတယ်လေ "လို့ မြတ်ဘုန်းစိတ်ထဲကပဲပြောလိုက်မိတယ်။ပြီးတော့ မြတ်ဘုန်းမကြာခင်ကမှ သိခဲ့ရတဲ့ ကေဇင်ကျော်တို့ရဲ့အိမ်နဲ့ ခြံက ပေါင်နှံထားတာကိုသာ မိခင်ကြီးသိသွားရင် သွေးများတက်သွားမလားလို့တောင် မြတ်ဘုန်းတွေးနေမိတယ် ။ " မင်း ဘာဖြစ်နေတာလဲ ကေသီ ...ဒီပွဲက မင်းဦးစီးတဲ့ပွဲမဟုတ်လား ...အခုမှ ဘာလို့ သားကိုပဲ အပြစ်တွေမြင်နေတာလဲ" မပြောစဖူး ၀င်ပြောလိုက်တဲ့ ဖခင်ကြီးကြောင့် မြတ်ဘုန်း အံ့ဩသွားမိသလို မိခင်ဖြစ်သူလဲ အသံတိတ်သွားတယ်။ မြတ်ဘုန်းကတော့ စိတ်ညစ်ညစ် အပြင်ကို ပြန်ထွက်လာခဲ့တယ်။ခုချိန်မှာ မြတ်ဘုန်း သိချင်နေတာက အနီရင့် ဘယ်သူနဲ့ လက်ထပ်မှာလဲ ဆိုတာကိုပဲ။ ဒါပမဲ့ ဒီကိစ္စကို ဘယ်သူ့ကို သွားမေးရမလဲ ။ဖိတ်စာထဲမှာ နာမည် ပါပေမဲ့ ဘယ်သူမှန်းကို မြတ်ဘုန်းမသိဘူး။ *****= မြတ်ဘုန်း စိတ်ညစ်ညစ်နဲ့ ကားကို ဦးတည်ရာမဲ့ လျှောက်မောင်းလာရင်းကနေ သတိဝင်လာမိတဲ့အချိန်မှာ ကားက အနီရင့် တိုက်ခန်းရှိရာ လမ်းထဲကိုရောက်နေခဲ့ပြီ။ မထူးတော့ပြီမို့ မြတ်ဘုန်းကားကို လမ်းမဘေး တစ်နေရာမှာ ရပ်ခဲ့ပြီး အနီရင့်ရဲ့ တိုက်ခန်း ရှိရာကို တက်လာခဲ့လိုက်တယ်။ " ဒေါက် ...ဒေါက် ..." မြတ်ဘုန်း တံခါးခေါက်လိုက်ပြီး မကြာခင်မှာ အထဲက လမ်းလျှောက်လာသံကို ကြာလိုက်ရတယ်။ပြီးတော့ တံခါးဖွင့်သံ။ တံခါးပွင့်သွားတာနဲ့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် မြတ်ဘုန်း ဒေါသစိတ်တွေ ထောင်းခနဲဖြစ်သွားမိတယ်။ " မင်း ...မင်း " မြတ်ဘုန်း စိတ်တိုတိုနဲ့ လင်းရိရဲ့ အင်္ကျီကော်လံစကို ဆောင့်ဆွဲပြီး မေးလိုက်မိတယ်။ " နီ နဲ့ လက်ထပ်မှာ မင်းလား " " ဘယ်သူလဲ လင်းရိပ် " အနီရင့်က အခြေအနေကို မသိဘဲ ထမင်းစားခန်း ကနေ လှမ်းမေးလိုက်တယ်။ " ဟုတ်ကဲ့ အနီရင့်နဲ့ လက်ထပ်မှာ ကျွန်တော်ပါ " " ဘာ ...ဘာကွ ....မင်းလို ပိုင်းလုံး ကောင်ကများ နီနဲ့ လက်ထပ်မယ် ဟုတ်လား ... မင်းက များ ရာရာစစ ကဲကွာ ..." " ခွပ် "

" လင်းရိပ် ...ရှင် ဘာတွေ အတွေးချော်နေတာလဲ ... ကျွန်မက ငွေစိုက်ထုတ်ပေးတယ် ...ရှင်က အလုပ်လုပ်ပေး ...ရတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...အဲ့ဒါနဲ့ ဘယ်လို ပိုင်းလုံး ဖြစ်မှာလဲ ...တကယ်ဆို လင်းရိပ်ကသာ နစ်နာသူ ဖြစ်မှာပါ ... အနီရင့်ရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးတဲ့အတွက် ဒီထက်မက ထိုက်တန်ပါတယ် " " အဲ့ဒီလို မပြောနဲ့ အနီရင့် ... မင်းပြောတာက ...ကျွန်တော်ရဲ့ စေတနာကို ငွေနဲ့ တန်ဖိုးဖြတ်သလို ဖြစ်သွားမယ် " " ဟို ..အနိုရင့် စကားပြောမှားသွားရင် တောင်းပန်ပါတယ် ... လင်းရိပ်ရဲ့ စေတနာကို နားလဲပါတယ်...အနီရင့်တို့ အလုပ်တူတူလုပ်ကြမယ်လေ သဘောတူတယ် မဟုတ်လား " အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။ ******* မကိုင်တဲ့ဖုန်းကို နှင်းသီရိ အခါခါ ခေါ်နေမိတယ်။လွန်ခဲ့တဲ့တစ်ပတ်ကစပြီး ကိုထက်တစ်ယောက်ခရီးထွက်သွားခဲ့တာ။ သွားသွားချင်းရက်တွေက ကိုထက်နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပေမဲ့ နောက်ရက်တွေက စပြီး ကိုထက်ဖုန်းကို ဘယ်လို ခေါ်ခေါ် ဖုန်းကိုင်ခြင်းမရှိတော့ပါ။ ====================== အပိုင်း ( ၁၅ ) ဆက်ရန် ဧကြည်ဖြူ

ကေဇင်ကျော်က မိခင်ဖြစ်သူကို ခပ်တိုးတိုးပြန်ပြောလိုက်ပြီး ခင်ပွန်းလောင်းရှိရာကို ထွက်လာခဲ့တယ်။ *******++= " ကိုဘုန်း ...ကိုဘုန်း သတိထားအုံးလေ ..." ကေဇင်ကျော်က မြတ်ဘုန်းရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း တွဲရင်း အပေါ်ထပ်အိပ်ခန်းရှိကို တက်လာခဲ့တယ်။ အားအားလုံးက တစ်နေကုန်ပင်ပန်းထားကြတာမို့ အိပ်ကုန်ကြပြီ။ ကေဇင်ကျော်မှာသာ မူးပြီးရငစ်နေတဲ့ ကိုဘုန်းနံ့ သူ့ရဲ့ သူငယ်ချင်းတွေကြောင့် အခုချိန်ထိ အနားမရနိုင်သေးဘူး။ "နီ ...ကိုယ် တောင်းပန်ပါတယ်ကွာ...အားလုံး ကိုယ့်အဖြစ်တွေပါ အချစ်ရယ် ...." မူးမူးနဲ့ ဗလုံးဗထွေး ပြောနေတဲ့ ကိုဘုန်းကို ကြည့်ပြီး ကေဇင်ကျော် ဒေါသတွေထွက်လာမီ တာကြောင့် ကိုဘုန်ရဲ့ ကျောပြင်ကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်လိုက်မိတယ်။ကေဇင်ကျော် ဒီလောက် ထုရိုက်နေတဲ့ကြားကနေ ကိုဘုန်းက တနီနီနဲ့ မြည်တမ်းနေတာမို့ ကေဇင်ကျော် မင်္ဂလာဦးညမှာပဲ ချုံးပွဲချ ငိုလိုက်မိတယ်။ ******+ " သား ဒီည ဒီမှာအိပ်မှာလား ..." " ဟို ...အယ် ... အိပ်လို့မရဘူး အမေ ... မနက် အလုပ်ကို စောစောသွားရမှာမို့ပါ " လင်းရိပ်က ခေါက်ဆွဲကြော်ထုတ်တွေကို ညီမဖြစ်သူကို ကမ်းပေးလိုက်ပြီး မိခင်ကြီး အမေးကို ဖြေလိုက်ပြီး မလုံမလဲနံ့ ခေါင်းကို ငုံ့ထားလိုက်မိတယ်။တကယ်တော့ ဒီည ချိန်းထားတဲ့ ဧည့်သည်မရှိပါ။ဒါပေမဲ့ အနီရင့်နဲ့ ချိန်းထားတာမို့ ဒီကအပြန်မှာ အနီရင့်ရဲ့ အိမ်ကို သွားရမှာပင် ။ "သားကြီးလဲ အမေတို့ကြောင့် ပင်ပန်းလှပါပြီကွယ် ...အမေ့အတွက် သိပ်မပူပါနဲ့သားရယ် ... အမေလဲ နေရတာ သက်သာပါတယ်...ပြီးတော့ သားရဲ့ ညီမက အထည်တွေ ယူချုပ်မလို့တဲ့လေ နွယ်နွယ်လေးက ကူညီပေးရှာတယ်...သားက ခွင့်ပြုလိုက်နော် " မိခင်ရဲ့ စကားကြောင့် လင်းရိပ်က ညီမဖြစ်သူကို လှမ်းပြောလိုက်တယ်။ " မချုပ်ပါနဲ့ ငါ့ညီမရယ် ...နင့်မှာ အမေ့ကိုလဲကြည့်ရ ...ချက်ရပြုတ်ရ နဲ့ ပင်ပန်းလှပါတယ်... အစ်ကို လောက်ငှအောင် ရှာပေးနိုင်ပါတယ် " ****** လင်းရိပ်နဲ့ အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဘယ်ကစပြောလို့ ပြောရမှန်းမသိကြဘဲ ခေါင်းတွေ ငုံ့ထားမိကြတယ်။ လင်းရိပ်ကလည်း စပြောဖို့ မဝံ့ရဲသလို အနီရင့်ကလည်း စပြောဖို့ နှုတ်မရဲ ဖြစ်နေမိတယ်။ " ဟို ...မင်း ဘာစားပြီးပြီလဲ " နောက်ဆုံးတော့ လင်းရိပ်ကပဲ စတင်ပြီး စကားစလိုက်ရတယ်။ " ခေါလ်ဆွဲပြုတ် စားထားတယ် " " ....ခေါက်ဆွဲပြုတ်ပဲလား " အနီရင့်ရဲ့ အဖြေကြောင့် လင်းရိပ် ဟူးခနဲ သက်ပြင်းချလိုက်မီပြန်တယ်။ " ဟို ... လင်းရိပ် ပြောသလို လုပ်မယ်ဆိုရင် ...လင်းရိပ်က ဒီမှာ လာနေမှာပေါ့နော် " " ဗျာ '" လင်းရိပ်မှာ မီးဖိုခန်းဘက်သွားပြီး အနီရင့်အတွက် အိုဗာတင်း တစ်ခွက်လောက် သွားဖျော်ပေးဖို့ ထထွက်လိုက်တဲ့အချိန်မှာ အနီရင့်ရဲ့ မေးသံကြောင့် ကြောင်တောင်တောင်နဲ့ လှည့်ကြည့် လိုက်ပြီးမှ အနီရင့်ရဲ့ မေးခွန်းကို သဘောပေါက်သွားရပြီး ပြန်ဖြေလိုက်တယ်။ " အင်း ... ညရေးညတာ မင်းတစ်ယောက်တည်း ဖြစ်နေတာကို စိတ်ပူလို့ ဒီမှာတော့ လာနေချင်တယ် ...ဒါပေမဲ့ မင်းအဆင်မပြေရင် မနေဘူးလေ ... ကျွန်တော့်မှာလဲ တစ်ခါတစ်လေ ညဘက် အလုပ်ရှိ တယ်လေ ...မင်းသဘောပဲပေါ့ " လင်းရိပ်ဖြေလိုက်တော့ အနီရင့်က ပြန်လည်တိတ်ဆိတ်သွားတယ်။အတော်လေးကြာမှ " လင်းရိပ် ခဏထိုင်အုံး ...အနီရင့်တို့ စကား သေချာ ပြောရအောင် " လင်းရိပ် ခုံမှာပြန် ၀င်ထိုင်လိုက်တယ်။ " လင်းရိပ် မိဘတွေကိုရော ... ဘယ်လိုပြောမှာလဲ ...သူတို့က လင်းရိပ်ရဲ့ချစ်သူကိုလဲ မြင်ဖူးကြတယ်မဟုတ်လား " " အဲ့ဒါတွေ ထားလိုက်ပါကွာ .. အရေးကြီးတာက ကိုယ်ဝန်ကိစ္စကို မင်းရဲ့ချစ်သူရယ် ... ကျွန်တော် ရယ်ပဲ သိတာလေ ... အဲ့ဒီကိစ္စကို ကျွန်တော့်မိသားစုတွေပါ မသိစေနဲ့...ဒါဆိုရပြီ " လင်းရိပ်ပြောလိုက်တော့ အနီရင့်ခေါင်းကို ငုံ့ထားလိုက်မိတယ်။ " အနီရင့် ပြောစရာ ရှိသေးတယ်...လင်းရိပ်ရဲ့ ညဘက်အလုပ်ကို မလုပ်စေချင်ဘူး " ဒီတစ်ခါငိုင်တွေ သွားရသူက လင်းရိပ်ပါ။လင်းရိပ်လည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ တကယ်ဆို ချစ်သူဆိက အထင်အမြင်သေး စွန့်ပစ်တာကို ခံခဲ့ရပြီးကတည်းက ဒီအလုပ်ကို စွန့်လွှတ်ချင်ခဲ့တာ ။ အစကတည်းကလည်း ပျော်မွေ့ လို့ လုပ်ခဲ့တဲ့ အလုပ်မှမဟုတ်တာ။ဘဝပေး အခြေအနေအရမို့ မလုပ်ချင်ဘဲ လုပ်ခဲ့ရတဲ့အလုပ်လေ။ " ဒါ ...ဒါကတော့ ....ကျွန်တော့် ဘဝကိုလဲ မင်းသိသားနဲ့ ...ဒီအလုပ်ကို လုပ်ချင်လွန်းလို့ လုပ်နေတာမဟုတ်ဘူးလေ...." လင်းရိပ် ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးပြောလိုက်တယ်။ " အနီရင့် သိပါတယ် ... လင်ရိပ်ရဲ့အမေအတွက် ဆေးဖိုးနဲ့ ခွဲစိတ်ဖို့ ငွေလိုနေတယ် မဟုတ်လား ..အဲ့ဒီအတွက် အခြားလုပ်ငန်းတစ်ခုကို လုပ်ရအောင် ..." လင်းရိပ် အနီရင့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။ " ဟုတ်တယ် လုပ်ငန်း တစ်ခု လုပ်ရအောင် ...အနီရင့်က ငွေစိုက်မယ် လင်းရိပ်က လုပ်အားစိုက်ပေါ့ ... အနီရင့်က စာရေးတာနဲ့ စာဖတ်တာကလွဲရင် ဘာမှ မလုပ်ချင်ဘူး .." " မဖြစ်နိုင်ဘူး ... မင်းလုပ်ပုံက ကျွန်တော့်ကို ပိုင်းလုံးကောင် ဖြစ်အောင် လုပ်နေသလိုပဲ "

မနက် (၉) နာရီကျော်က ခန်းမမှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး ညနေ နေဝင်ရီတရော အချိန်ကစလို့ မြတ်ဘုန်းတို့ ခြံနဲ့ ကေဇင်ကျော်တို့ရဲ့ ခြံထဲမှာ ဧည့်ခံပွဲလေးတစ်ခု ထပ်ကျင်းပကြတယ်။ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ သတိုးသားနဲ့သတို့သမီးရဲ့ ရင်းနှီ ခင်မင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုပဲ ဖိတ်ပြီး ကျင်းပတဲ့ လူပျို၊ အပျို နောက်ဆုံး ညပွဲပေါ့ ။ဒါပေမဲ့ မြတ်ဘုန်းအတွက် အဓိပ္ပါယ်ကတော့ အရင်လို လွတ်လွတ်လပ်လပ် နေခွင့်မရှိတော့ဘူးဆိုတဲ့ ပွဲတစ်ခုပဲဖြစ်တယ်။ "သားကြီး ...လာအုံး " မြတ်ဘုန်း တစ်ယောက် သောက်ထားတဲ့ အရက်ရှိန်နဲ့ ပွဲခင်းထဲမှာ ရီဝေဝေဖြစ်နေတုန်းမှာ မိခင်ဖြစ်သူက လာရောက်ဆွဲခေါ်သွားတာမို့ မြတ်ဘုန်းမှာ မိခင်းကြီးနောက်ကို ယိမ်းတိမ်းယိုင်တိုင်နဲ့လိုက်ပါသွားရတယ်။ ******* " ဘာဖြစ်တာလဲ အမေရာ ...ဟိုမှာ သားသူငယ်ချင်းတွေနဲ့ စကားပြောနေတာကို " " သားကြီး ...ကေဇင်တို့က ဘာအချိုးချိုးတာလဲ ....အမေတို့ဘက်က တင်တောင်းငွေပေးထားတာ ကိုတောင် မနက်က ရတဲ့ လက်ဖွဲ့တွေကို သူတို့က အကုန်သိမ်းသွားပါလား ဟင် ....အမေတို့က လိုချင်လို့ ပြောတာမဟုတ်ဘူး... နည်းနည်းပါးပါး အကျိုးအကြောင်းလေးတောင် မဟဘူးလေ ... လက်ဖွဲ့တွေ တင်သွားတဲ့ ကားကို သူတို့အိမ်ကို တန်းမောင်းခိုင်းပြီး အမေတို့ကို ဘာမှကို မပြောဘူး " " မသိဘူးလေ အမေရာ ...အမေတို့စီစဉ်ကြတဲ့ ကိစ္စလေ ... သား ဘာမှမသိဘူး ...အမေသိချင်ရင် သူတို့ကိုသာ သွားမေးလိုက်တော့ ...သားသွားသောက်လိုက်အုံးမယ် " ******* မြတ်ဘုန်းက ပွဲခင်းရဲ့ အလယ်မှာထိုင်ရင်း အရက်တွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိတယ်။ ဒီနေ့အဖို့ မြတ်ဘုန်း မူးပြီး မှောက်သွားချင်တာပဲသိတယ်။ ကေဇင်ကျော်က မြတ်ဘုန်းကို ကြည့်ပြီး ဒေါသတွေ ထွက်နေမိတယ်။မနက် မင်္ဂလာပွဲပြီးကတည်းက မြတ်ဘုန်း အရက်တွေ သောက်နေတာကို တွေ့နေရပေမဲ့ လူအများရှေ့မို့ ကေဇင်ကျော်မှာ ပြောခွင့်မသာခဲ့။ ဒီကြားထဲ မိခင်ဖြစ်သူကလည်း " ဘယ်လိုဖြစ်နေတာလဲ မိကေဇင် ....သူဘာသာ သောက်တာ ဘာဖြစ်လဲ ... လွှတ်ထားလိုက်စမ်းပါအေ " ဒီစကားကို မိခင် ဘာလို့ ပြောလဲ ကေဇင်ကျော် သိတာပေါ့။ မြတ်ဘုန်း မူးနေတော့ မိခင်က သူ့စိတ်ကြိုက် စီမံခန့်ခွဲနေတာလေ။ ဒါပေမဲ့ မိခင်ကို ကေဇင်ကျော်အပြစ် မပြော ။အစကတည်းက ဒီယုန်မြင်၍ ဒီခြုံထွင်ခဲ့တာမို့ မြတ်ဘုန်းပိုင်သမျှက ကေဇင်ကျော်တို့တွေ အပိုင်လို့ သက်မှတ်ပြီးသားပဲလေ။ " ညည်း မျက်နှာကို ပြင်ထားစမ်း ကေဇင် ..တော်ကြာ ကေသီက ခုကတည်းက သူ့သားကို နိုင်စားတယ် ထင်နေမယ် .." " လက်ဖွဲ့ ထုတ်ကားကို သမီးတို့အိမ်ကို မောင်းလာခိုင်းကတည်းက အန်တီကေသီ မျက်နှာ သိပ်မကောင်းဘူးလို့ သမီး တော့ ထင်တာပဲ အမေ " " ထားလိုက်စမ်းပါ အေ...လက်ဖွဲ့တွေက ညည်းတို့အတွက်ပဲဟာ သူက လိုချင်နေတာလား ...အံ့ပါရဲ့ " မယူခင်က တစ်မျိုး။ယူပြီးတော့ ကိုယ့်အပိုင်ဖြစ်သွားပြီးမို့ ကေဇင်ကျော်ရဲ့ မိခင် ဒေါ်ဌေးဌေးမူက အချိုးပြောင်း လေပြီ။ပြောရရင် ဒေါ်ဌေးဌေးမူက အနီရင့်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြတ်ဘုန်းကိုသိပ်ပြီး ကြည့်ရခဲ့တာမဟုတ်ဘူး။ မြတ်ဘုန်းက သူ့ကို ကြိတ်ပြီး သဘောကျနေရှာတဲ့ သမီးဖြစ်သူကို ကေဇင်ကျော်ကိုကျတော့ ဖုတ်လေသည့် ငပိ ရှိတယ်မထင်ဘဲ အနီရင့်မှ အနီရင့် ဖြစ်နေတာကို နည်းနည်းလေးမှ ကို ကြည့်ရခဲ့တာမဟုတ်ဘူး။ ဒီကြားထဲ မြတ်ဘုန်းက ဘွဲ့မရခင်ကတည်းက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အောင်မြင်လာတော့ အနီရင့် အပေါ်ထားတဲ့ ဒေါ်ဌေးဌေးမူရဲ့ မကျေနပ်မှုက ပိုပြီးကြီးထွားတယ်။ဘယ်နှယ့် ဖိတ်ချင်ဖိတ် ကိုယ်အိတ်ထဲပဲဖိတ်ရမှာပေါ့လို့ ဒေါ်ဌေးဌေးမူ အတွေးဝင်ခဲ့တယ်။ ဒါနဲ့ပဲ ဒေါ်ကေသီကို အနီရင့်ရဲ့ မကောင်း သတင်းတွေကိုလုပ်ကြံပြီးသတင်းပို့ရတာပေါ့။အနီရင့်က အိမ်မှာ ဘယ်လိုရိုင်းကြောင်း ၊ လူကြီးတွေကို ပြန်ခံပြောတဲ့အကြောင်း ၊ အပျင်းကြီးတဲ့ အကြောင်းတွေကို လုပ်ကြံပြီး သတင်းပို့ရတာပေါ့။ဒေါ်ကေသီဆိုတာကလည်း သူ့အိမ်ကလွဲပြီး အခြားအိမ်ကို အကူးအသန်းမရှိတော့ ဒေါ်ဌေးဌေးမူရဲ့ အကွက်ထဲကို၀င်တာပေါ့ ။တစ်ခါက နှစ်ခါပြောရင်း မသိသာပေမဲ့ ဒေါ်ဌေးဌေးမူက အနီရင့်အကျင့်မကောင်းကြောင်းတွေကို နှစ်ချီပြီး ပြောခဲ့တာလေ။ကုန်ကုန် ပြောရရင် ဒီလိုမင်္ဂလာပွဲ ဖြစ်လာအောင်လည်း ဒေါ်ဌေးဌေးမူပဲ ဇာတ်ကွက်ကို အစီအစဉ်ချခဲ့ရတာပေါ့။တမင်ကို မြတ်ဘုန်း အပြင်ထွက်ရင် သမီးဖြစ်သူ ကေဇင်ကို ကားကြုံလိုက်ခိုင်းရ။" အိမ်မှာ သမီးတစ်ယောက်တည်းမို့ အဖော်လာနေပေးပါအုံး " ဆိုတဲ့ ဇာတ်မျိုးတွေဖန်တီးခဲ့ရတာပေါ့။တစ်ခုတော့ရှိတာပေါ့။ကာယကံရှင်ကိုယ်တိုင်က နဲ့တဲ့တဲ့ ဖြစ်နေတော့လည်း နှဲ့ရတာတော့ ပိုလွယ်ကူသွားတာပေါ့။ " ကြိုပြောထားမယ်နော် ...မိကေဇင် ... ညည်းယောကျာ်းကို အလိုလိုက်အလျှော့ပေးပြီး ညည်း ယောက္ခမ အကြိုက်လိုက်မယ်တော့ မကြံနဲ့နော် ... ညည်းအဖေရဲ့ လုပ်ငန်းတွေကလဲ ကောင်းတော့တာမဟုတ်ဘူး ... ဒီအိမ်နဲ့ ဒီခြံကလဲ ပေါင်နှံထားရတယ်ဆိုတာသိတယ်မဟုတ်လား ....အေး ညည်း ယောကျာ်းဆီက ရသမျှကိုသဲ့ယူဖို့ပဲတွေးထား ကြားရဲ့လား " " သမီး သိပါတယ် အမေရယ် ...ဒါတွေပြောမနေပါနဲ့ ... တစ်ယောက်ယောက်ကြားသွားမှဖြင့် "

လင်းရိပ်ရဲ့ စကားက သူမရဲ့ မာနကို ထိပါသွား၍ထင်ပါရဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ မတ်ထောင်လာတာကို လင်းရိပ်တွေ့လိုက်ရတယ်။ လင်းရိပ် ဆက်ပြီးတော့ သူမရဲ့ မာနစိတ်ကိုနှိုးဆွလိုက်တယ်။ " အခန်းကို အမှောင်ချသလို .. အချစ်အတွက်နံ့ မင်းဘ၀ကိုပါ အမှောင်ချမလို့လား " " လင်းရိပ် .ရှင် တော်တော့နော် " အနီရင့်က ဒေါသသံလေးနဲ့ လင်းရိပ်ကို ပြောလိုက်တယ်။ " ကျွန်တော် ပြောတာ လွန်လို့လား ....အစားလဲမစား ...အိပ်လဲ မအိပ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာလား " လင်းရိပ် ထပ်ပြောလိုက်တော့ သူမဆီက ရှိုက်သံသဲ့သဲ့ထွက်လာတာကို လင်းရိပ်ကြားလိုက်ရတာမို့ စိတ်ထဲမကောင်းတော့ဖြစ်မိသွားတယ်။ " ကျွန်တော်ပြောတာ လွန်သွားရင် တောင်းပန်ပါတယ်..မင်းကို ဒီလိုပုံစံနဲ့ မမြင်ချင်ဘူး " " ရှင် ပြောတာ မလွန်ပါဘူး လင်းရိပ်ရယ် .... ဒါပေမဲ့ရှင်ထင်သလို အချစ်ကြောင့် ခံစားနေရတာမဟုတ်ဘူး ...အနီရင့်ရဲ့ လက်တွေ့ဘဝကို စဉ်းစားမိလိုက်တိုင်း ရှက်ကြောက်နေမိတယ်...ခုလို လူမသူမသိအခြေအနေမှာ တောင် လူတွေနဲ့ မတွေ့ ရဲလောက်အောင် ဖြစ်နေမိတာ တကယ်လိုများ နောက်သုံးလေးလ ဆိုရင် ဘယ်လိုလုပ်ရမလဲ မတွေးရဲဘူး ...သတ္တိ ဘယ်လောက် ရှိတယ်ပဲ ပြောပြော တကယ်တမ်းကြုံလာရတော့ အရမ်း ကြောက်နေမိတယ် " အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားပြန်လည်တိတ်ဆိတ်နေမိကြတယ် ။တိတ်ဆိတ်မှုကို လင်းရိပ်ကပဲ စတင်ဖြိုခွင်းလိုက်တယ်။ "ဒီလိုသာဆို ရှေ့ဆက်ဘယ်လိုလုပ်မလဲ ... ဒီကလေးကို မမွေးဘဲ နေမှာလား " " အို လင်းရိပ် ...ရှင်ဘယ်လိုပြောလိုက်တာလဲ " " မင်းစိတ်ဆိုးတယ်မဟုတ်လား ...ဒါဆို ...သတ္တိရှိရှိရင်ဆိုင်ပစ်လိုက်လေ ..ခုလို လုပ်တာက မင်းရော ကလေးအတွက်ပါ အန္တရာယ်များတယ်သိရဲ့လား " အနီရင့်ဆီမှ စကားသံထွက်မလာ။ " မီးဖွင့်လိုက်ရမလား " လင်းရိပ်မေးလိုက်တော့ အနီရင့်မှာ တိတ်ဆိတ်နေဆဲ။ လင်းရိပ်က သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း အလင်းမှိန်မှိန်အောက်မှာ ဝိုးတဝါး မြင်နေရတဲ့ အနီရင့်ကို လေးလေးနက်နက် စကားဆိုလိုက်တယ်။ " မင်းကို ကျွန်တော်ပြောချင်တာရှိတယ်...ကျွန်တော့် စကားကို ကြားပြီး တစ်မျိုးတော့ မထင်စေချင်ဘူး " လင်းရိပ်ရံ့ လေးနက်တည်ကြည်တံ့ လေသံကြောင့် အနီရင့်က ငိုနေတာကို ရပ်ပြီး လင်းရိပ်ကို ကြည့်လိုက်တယ်။ " ပြောပါ လင်းရိပ် ...ဒီအချိန်မှာ အနီရင့်အတွက် တိုင်ပင်လို့ရတာ လင်းရိပ်တစ်ယောက်ပဲရှိတာလေ ...အနီရင့် စိတ်မဆိုးပါဘူး " အနီရင့်ရဲ့ စကားဆုံး တော့ လင်းရိပ်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လိုက်ပြီး ပြောချင်တာကို တစ်လုံးချင်း ပြောလိုက်တယ်။ " ဒီစကားပြောလို့ အထင်တော့ မလွှဲစေချင်ဘူး ...မင်းကို ကူညီနိုင်တာ ဒိတစ်နည်းပဲ ရှိလို့ပါ ... ကျွန်.... ကျွန်တော် .. မင်းကို လက်ထပ်ပါရစေ " " ရှင် ...ဘာ .ဘာပြောတယ် လင်းရိပ် " အနီရင့်အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။ " ဟုတ်တယ် ... အများ အမြင်မှာ ကျွန်တော်တို့လက်ထပ်လိုက်ပြီလို့ ပွဲအသေးလေးတစ်ခုလောက်လုပ်ပြီး ကြေငြာလိုက်မယ် ...ဒါပေမဲ့ ကျွန်တော်တို့ လက်ထပ်စာချုပ်လဲမချုပ်ဘူးလေ... ကလေးမွေးတဲ့ အထိ ဖခင်အမည်ခံပြီး စောင့်ရှောက်ပေးမယ် ...ကျန်တဲ့ အပိုင်းကို ကလေးမွေးဖွားပြီးမှ ဆက်စဉ်းစားကြတာပေါ့ ... သေချာတာတစ်ခုက မင်းရဲ့ ငွေကြေးစည်းစိမ်နဲ့ မင်းကို စိတ်နဲ့ တောင် မပြစ်မှားဘူးလို့ ကျွန်တော် ကတိပေးတယ်..." လင်းရိပ်ရဲ့ စကားတွေအဆုံးမှာ အနီရင့် အံ့သြမင်သက်ပြီး အသက်ရှူဖို့တောင် မေ့နေမိတယ်။ ပြီးတော့ မဝံ့မရဲနဲ့လင်းရိပ်ကိုမေးလိုက်မိတယ်။ " ရှင် ...ရှင့်ရဲ့ ချစ်သူကိုရော ...ရှင် အဲ့ဒါတွေ တွေးမိရဲ့လား " " ကျွန်တော်တို့ လမ်းခွဲလိုက်ကြပြီး ....ကျွန်တော် အကြောင်းကို သူသိသွားတယ် ...ပြီးတော့ သူ့မှာ နောက်ထပ် ချစ်ရသူလဲ ရှိနေတယ်လေ( ... အနီရင့်သာ ကျွန်တော်လိုလူကို မရွံရှာဘဲ လက်ခံနိုင်တယ်ဆိုရင် .. ကျွန်တော် ကလေးရဲ့ ဖခင်အဖြစ် အမည်ခံပေးပါ့မယ် " " အနီရင့် ရှင့်ဘဝကို မရွံပါဘူး အထင်လဲ မသေးဘူး...ဒါ ...ဒါပေမဲ့ ဒီကိစ္စက လွယ်လွယ်နဲ့ ဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး ...ရှင်လဲ သေချာပြန်စဉ်းစားပါ ... အနီရင့်လဲ စဉ်းစားကြည့်ပါ့မယ် ...ဒီလိုပြောလို့ လင်းရိပ်ကိုလဲ တကယ် ကျေးဇူး တင်ပါတယ် " စကားဝိုင်းက ပြန်လည် တိတ်ဆိတ်သွားတယ်။ လင်းရိပ်က ထိုင်နေရင်း အသက်ရှူမွန်းကြပ်လာသလို ခံစားရတာကြောင့် မီးဖိုခန်းဘက်ကို ထလာခဲ့ပြီး မီးဖိုခန်းထဲက ရှုပ်ပွနေတာတွေကိုရှင်းနေလိုက်တယ်။ပြီးတော့ အနီရင့်ကို စကားလှမ်းပြောလိုက်တယ်။ " ကျွန်တော် ဒီည ... ဒီမှာ အိပ်လို့ ရတယ် မဟုတ်လား " အနီရင့်က လင်းရိပ် အမေးကို ကြားပေမဲ့ ပြန်မဖြေမီ။ဒီနေ့ ကိုဘုန်းနဲ့ မကေဇင်တို့ရဲ့ မင်္ဂလာပွဲနေ့ ဖြစ်လို့ အနီရင့်ကို လင်းရိပ် စိတ်ပူနေမှန်း အနီရင့် ရိပ်မိနေတယ်လေ။ *******

" ဟယ်လို ...အစ်ကို ပြော လေ..." ဖုန်းထဲက ညီမဖြစ်သူရဲ့ အသံကို ကြားလိုက်ရတော့ လင်ရိပ် ဖြန်းခနဲ ဘာပြောရမှန်းမသိ ဖြစ်သွားမိတယ်။ "အယ် ...ဟို ...အမေ နေလို့ သက်သာတယ် မလား .. သွေးပေါင်တွေ ဘာတွေ တိုင်းတယ် မဟုတ်လား " အမေနေရတာ မသက်သာရင် သူ့ဆီကို အလတ်မက ဖုန်းဆက်တတ်မှန်းသိသိနဲ့ လင်းရိပ် မေးလိုက်မိတယ်။ " သက်သာပါတယ် အစ်ကိုရဲ့ ... သွေးပေါင်လည်း ပုံမှန်ပါပဲ ..." " ဪ အေး ...အေးပါ ...ဒါနဲ့ ...နင်မမနီ ဒီနေ့ ဆိုင်ကို လာသေးလား ..." " မလာဘူး အစ်ကို " " မလာဘူးလား .. အိမ်မှာ ဘာချက်လဲ အလတ်မ .. နင့် မမနီကို ဟင်းသွားပို့ပေးလိုက်ပါလား ...အမေ့ကို ဆိုင်က စာရေးမလေးနဲ့ ခဏထားခဲ့လို့ရတယ် မဟုတ်လား " " ဟုတ်ကဲ့ အစ်ကို ... ရပါတယ် ..ညီမလေးသွားလိုက်မယ် " ညီမဖြစ်သူဆီက ဖုန်းချသွားတော့ လင်းရိပ်တွေဝေနေမိတယ်။တကယ်ဆိုအနီရင့် အကြောင်းကို သိနေတဲ့ လင်းရိပ် ကိုယ်တိုင်သွားသင့်မှန်း သိပေမဲ့ အလုပ်ကလည်း တစ်ဖက် ပြီးတော့ အနီရင့်ဆီ ခဏခဏ သွားရတာကို စိတ်ထဲမှာ အားတုံ့အာနာဖြစ်နေရတာကြောင့်လဲပါတယ်။ သူလိုလူ ကြောင့် အနီရင့်ကို ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချမှာမျိုးကို လင်းရိပ်မလိုလားပါ။ သူ့ဘဝကတော့ မိသားစုအတွက်ဖြစ်လာတာမို့ပေါက်တဲ့နဖူး မထူးပါလေတော့။ချစ်ရသူကလည်း စွန့်သွားခဲ့ပြီးမို့ ရှိသမျှ အချစ်တွေနဲ့ အချိန်တွေကို မိသားစုဆီကို လုံးလုံး ပေးအပ်နိုင်ဖို့ပဲ လင်းရိပ်တွေးထားမိတော့တယ်။အဓိက က မိခင်နှင့်တကွ မိသားစုကို သက်ဆုံးတိုင် စောင့်ရှောက်နိုင်ရေးအတွက် ရောဂါဆိုးတွေ မကူးစက်ဖို့ကိုပဲ ရှောင်ရှားကာကွယ်နိုင်ဖို့ လင်းရိပ်တွေးထားတော့တယ်။ကျန်တဲ့ အပိုင်းမှာ တော့ လင်းရိပ်အတွက် အရှက်သိက္ခာထက် မိသားစုကပဲ ပိုအရေးကြီးတယ်လေ။ ဝယ်သူတစ်ယောက်ကို ရှင်းပြပြောဆိုပြီး ရောင်းချပြီးချိန်မှာ ဖုန်းမြည်လာတာမို့ လင်းရိပ်ကောက်ကိုင်လိုက်တယ်။ " ဟယ်လို အလတ်မ ပြောလေ " " အစ်ကို ..အစ်ကိုရေ ...မမနီဘာဖြစ်နေတာလဲ မသိဘူး ညီမလေးနဲ့ စကားပြောရင်း မူးလဲသွားလို့လေ မျက်တွင်းတွေကလည်း ဟောက်ပက် နဲ့ ညဘက်တွေ မအိပ်ဘဲ စာပဲရေးနေတာထင်တယ် " " ဟင် ..ဟုတ်လား ...အ ...အခုရော " ညီမဖြစ်သူကို လင်းရိပ် စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။ " အခု အိပ်ရာထဲမှာ အစ်ကို ...ညီမလေး ဘာလုပ်ရမလဲ ဟင် ...မမနီကို ဆေးခန်းသွားရအောင် ပြောတော့လဲ မသွားဘူးတဲ့လေ ...ညီမလေးကလဲ အကြားချည်း နေလို့ မာဘူးလေ အစ်ကို ...အမေ့ကို စိတ်မချဘူး ...မမနွယ်ကိုလဲ အားနာတယ် " " အေး ...အေးပါ ... သူ့ကို့ စားစရာ ပြင်ပေးထားခဲ့ပြီး နင်ပြန်လိုက်တော့လေ အလတ်မ " ဖုန်းချပြီးတဲ့နောက်မှာ လင်းရိပ်စိတ်ထဲ နောက်ကျိ ရှုပ်ထွေးနေမိတယ်။ မတော်တဆ သူမ မကောင်းတာ တစ်ခုခုများကြံစည်လိုက်မလားလို့လဲတွေးနေမိတယ်။သာမာန်ဆို အနီရင့်က စိတ်ဓါတ် မာကြောခိုင်မာသူဆိုတာကို လင်းရိပ်သိပေမဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ အမျိုးသမီး တွေရဲ့ စိတ်က သူ့အလိုလို အလိုမကျတာတွေ၊စိတ်တိုတာတွေနဲ့စိတ်အားငယ်ပြီး မကောင်းတာတွေကို တွေးတတ် လုပ်တတ်တယ်လို့ စာထဲမှာ လင်းရိပ်ဖတ်ထားဖူးတယ်။ အနီရင့်ကိုတော့ ဒီလို မဖြစ်စေလို မိပေ။လင်းရိပ် နာရီကို ကြည့်လိုက်တော့ အချိန်က တစ်နာရီပင် မထိုးတတ်သေး။ပြောပြီး ပြန်ဖို့ဆိုတာလုံး၀ မဖြစ်နိုင် ။ဘာပဲဖြစ်ဖြစ် ညနေ ဆိုင်ပိတ်ချိန်အထိ စောင့်ဆိုင်းရမှာပါပင်။ ဒီကြားထဲ အနီရင့် ဘာမှမဖြစ်ဖို့ ကိုပဲ လင်းရိပ် ဆုတောင်းနေမိတယ်။ ***** *** " ဟို ...မမ ... ကျွန်တော်တို့ ဒီည ချိန်းထားတာကို မနက်ဖြန် ကို ရွှေ့လိုက်လို့ အဆင်ပြေမလား ဟင် မမ ...ဒီနေ့ ကျွန်တော် နေသိပ်မကောင်းချင်လို့ပါ " တစ်ဖက်က သဘောတူညီမှုရပြီးတဲ့အချိန်မှာ လင်းရိပ်ဖုန်းကို ချလိုက်ပြီး အနီရင့်ရဲ့တိုက်ခန်းဆီကို အမြန်ဆုံးထွက် လာခဲ့မိတယ်။ တကယ်ဆို ဒီနေ့ည ချိန်းထားတဲ့ မမကြီးက အပေးအကမ်းရက်ရောလှတယ်။ သူမနဲ့ တစ်ခါ ချိန်းရင် အမေ့အတွက် တစ်လစာ ဆေးဖိုးလောက်ကို ရတတ်တာ။ ဒါပေမဲ့လည်း ဘယ်လိုလုပ်မလဲ ဒီညအဖို့မှာ အနီရင့်တစ်ယောက်တည်းထားရမှာကို လင်းရိပ်က ဘာမဆိုင်ညာမဆိုင် စိတ်ထဲ ပူပန်နေမိတယ်လေ။လင်းရိပ် စိတ်ထဲ အနီရင့်ကို ကိုယ့်ညီမလေးသာ ဖြစ်ရင် ဆိုတဲ့ အတွေးတွေပဲ စိတ်ထဲ ၀င်ရောက်နေမိတယ်။ ******** လင်းရိပ် တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ တိုက်ခန်း တစ်ခုလုံး အ၀င်အထက်တံခါးနားက မီးလေး တစ်လုံးပဲထွန်းထားတာမို့ အထဲမှာ အလင်းက မှုန်ပျပျသာလင်းနေတယ်။ဘာပဲဖြစ်ဖြစ် အနီရင့်ကို မြင်လိုက်ရတော့မှ လင်းရိပ်လည်း အသက်ဖြောင့် ဖြောင့် ရှူနိုင်တော့တယ်။ " မင်းနေကောင်းရဲ့လား ' တံခါးဖွင့်ပေးပြီး ယိုင်တိယိုင်တိုင်နဲ့လျှောက်သွားတဲ့ အနီရင့်ကို လင်းရိပ်လှမ်းမေးလိုက်တယ်။ အနီရင့်က နှုတ်က မဖြေဘဲ ခေါင်းပဲ ငြိမ့်ပြပြီး ဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ဝင်ထိုင်လိုက်တယ်။ လင်းရိပ်လည်း အနီရင့်ရဲ မျက်နှာချင်းဆိုင်ခုံမှာဝင်ထင်လိုက်တယ်။ "နေလို့ မကောင်းရင် ဆေးခန်းသွားပါလားကွာ ....မင်းဒီလိုပဲ နေတော့မှာလား...မင်းကိုယ်မင်း ဂရုမစိုက်တော့ဘူးလား ...ကလေးကိုရော ထည့်မတွေးတော့ဘူးလား ...မင်းပြောတော့ သူ့ကိုမေ့နိုင်တယ်ဆို...မင်းဘ၀မင်းတည်ဆောက်နိုင်တယ်ဆို "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၁၄) ****** " မဖြစ်မနေ ဖိတ်မှ ရမှာလားကွာ ...လာနိုင်မှာလဲမဟုတ်ဘဲနဲ့ " မြတ်ဘုန်းက ကေဇင်ကျော်ကို ခပ်တိုးတိုးပြောလိုက်တယ်။ " ဖိတ်တော့ ဘာဖြစ်လို့လဲ ...တူမရဲ့ မင်္ဂလာပွဲကို ဘကြီးအရင်းကို လှမ်းဖိတ်တာလေ ..ဘာလဲ ကို ဘုန်းက မတော်လိုက်ရတဲ့ ယောက္ခမကြီးကို ကြောက်နေတာလား " ကေဇင်ကျော်က မြတ်ဘုန်းကို ခနဲ့တဲ့တဲ့လေသံနဲ့ မေးလိုက်တယ်။ မြတ်ဘုန်း ဘာမှ ဆက်မပြောတော့ဘဲ့ နေရာမှ ထထွက်ခဲ့တယ်။မင်္ဂလာပွဲစီစဉ် နေတဲ့ တောက်လျှောက် မြတ်ဘုန်းကို တိုင်ပင် ပြောဆိုခြင်းမပြုပါဘဲ ကေဇင်ကျော်တို့ သားအမိနဲ့ မြတ်ဘုန်းရဲ့ မိခင်ပေါင်းပြီး သုံးယောက်သား စိတ်တိုင်းကျ စီစဉ်နေခဲ့ကြတာ။ကျန်တဲ့ မိသားစု တွေကတော့ သိပ်ပြီး ဝင်ရောက်ပြောဆိုခြင်းမရှိကြဘူး။ အထူးသဖြင့် မြတ်ဘုန်းရဲ့ဖခင်ကြီးက ဘာဆိုဘာမှ မပြောဘဲနှုတ်ဆိတ်နေတယ်။ မြတ်ဘုန်းကရော ဘာပြောနိုင်မာတဲ့လဲ ။ထိုင်ပြီး ကြည့်နေရုံကလွဲလို့ ဘာမှကို လုပ်ပိုင်ခွင့်မရှိဘူး။ ****** ဖုန်းသံက ကျယ်ကျယ်လောင်လောင်မြည်နေပေမဲ့ အနီရင့် ဖုန်းကို တော်တော်နဲ့ မကိုင်ရဲ့ဘဲ တုန်တုန်လှုပ်လှုပ်နဲ့ကြည့်နေမိတယ်။ဖုန်းမကိုင်လိုက်ပြန်ရင်လည်း ဖခင်ဖြစ်သူပိုပြီး စိတ်ပူပန်သွားမှာစိုးတာကြောင့် အနီရင့်မှာ ခြေတုန်လက်တန်နဲ့ပဲ နှစ်ဖုန်းကို ကိုင်လိုက်ရတယ်။ " ဟယ်လို ...အဖေ " " သမီးလေး နေကောင်းလား ...အဆင်ပြေလား " အနီရင့် ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ဖက်က အလောတကြီးမေးလာတဲ့ ဖခင်ရဲ့အသံကို ကြားလိုက်ရတယ်။ " ဟုတ် .... ဟုတ်ကဲ့ ကောင်းပါတယ် ဖေဖေ " " ဒါနဲ့ သမီးနဲ့ မောင်မြတ်ဘုန်းက မေတ္တာ ရှိနေကြတာဆို ....ခုက ဘယ်လိုဖြစ်တာလဲ သမီး .... သတင်းကြားရတော့ အဖေ ဘယ်လိုမှ မယုံနိုင် ဖြစ်နေတယ် ...သမီးလဲ အဖေ့ကို ဘာမှမပြောပါလား ... ဘာတွေ ဖြစ်ကုန်ကြတာလဲ " အနီရင့် နှုတ်ဆိတ်နေမိတယ်။ ဖခင်ဆီက ဒီလိုမေးခွန်းတွေ မေးမယ်မှန်းသိသိနဲ့ အနီရင့်မှာ ဖြေစရာအဖြေ မရှိပါ။ " ဟို ...ဟို ... သ ...သမီးတို့ လမ်းခွဲလိုက်ကြတာ ကြာပြီ အဖေ ..." အနီရင့် အသံကို မတုန်အောင်ထိန်းရင်း ဖခင်ကြီးကိုပြန်ဖြေလိုက်တယ်။ဖခင်ဖြစ်သူ ထံမှ အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ " အင်းပါလေ ...ဒါဆိုလဲ ပြီးတာပဲ ...သမီးလေး အဖေတို့ဆီ အလည် ဖြစ်ဖြစ်မလာချင်ဘူးလားကွယ် ..အပြီးနေမယ်ဆိုလဲ သမီးစိတ်တိုင်းကျ နေလို့ရပါတယ် .... အဖေတို့အိမ်မှာ အတူမနေချင်ရင်တောင် ... သမီးအတွက် တိုက်ခန်း သီးသန့် စီစဉ်ပေးပါ့မယ် ..." ဖခင်ဖြစ်သူဆီက စကားကြားရတော့ အနီရင့်ရဲ့ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိတယ်။ဖြစ်နိုင်ရင် ခုချိန်မှာ ဖခင်ကြီးဆီကို အပြေးသွားလိုက်ချင်မိတယ်။ ဒါပေမဲ့လည်း အနီရင့်ရဲ့ အဖြစ်ကို ဖခင်ကြီးသာ သိသွားရင် ဘယ်လောက်များခံစားရရှာမလဲ။ အဖေဟာ အနီရင့်ဘွဲ့ရပြီးတဲ့နောက်မှာ အနီရင့်ကို သိပ်ပြီး ယုံကြည်ခဲ့တာ။အနီရင့်အနေနဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ အရာရာကို ဝေဖန်ပိုင်ခြားဆုံးဖြတ်နိုင်ပြီလို့ ယုံး/ကြည်ထားခဲ့တာလေ။ " ဟုတ် ... ဟုတ်ကဲ့ ပါအဖေ ... ဒီက အလုပ်လေးတွေ ပြီးတာနဲ့ အဖေတို့ဆီ သမီးလာလည်ဖို့လုပ်ထားပါတယ် ..." " အေး ... အေးပါ သမီးရယ် ... လာမယ်ဆို အချိန်မရွေးပြောနော် ...လိုအပ်တာရှိရင်လဲ အဖေ့ကို ပြောနော် ... ဘာမှ အားနာစရာမလိုဘူး ..သမီးရဲ့ အန်တီကလည်း သမီးကို ခေါ်ခိုင်းနေတာ ... ပြီးတော့ သမီးရဲ့ မောင်လေးနဲ့လဲ လာတွေ့ပါအုံး " ဖခင်ကြီးဆီက ဖုန်းချ သွားတော့ အနီရင့် ဆိုဖာခုံထက်မှာ ထိုင်ချလိုက်ရင်း ဝမ်းနည်းပက်လက် ငိုချလိုက်မိတယ်။ အဖေ ဟိုမှာ အိမ်တောင်ပြုလိုက်ပြီး ကတည်းက အနီရင့်ကို ခေါ်ခဲ့ပေမဲ့ အနီရင့် လိုက်မသွားခဲ့ဘူး။အဖေတို့ မိသားစုလိုက် မြန်မာပြည်ကို သုံးခေါက်တိတိ လာခဲ့သော်လည်း အနီရင့် ငြင်းဆန် ပစ်ခဲ့တယ်။ ဘာသာစကားလည်းတူ လူမျိုးလည်းတူ ပြီး သွေးသား အရင်းတွေဖြစ်တဲ့ အဘွားရင်းက တောင် အနီရင့်ကို မလိုလားသေးတာ။ ဘာသာစကားလည်း မတူ လူမျိုးလည်းမတူတဲ့ မိထွေးနဲ့ အနီရင့် လိုက်မနေချင်ခဲ့တာအမှန်ပါ။ အနီရင့်ရဲ့ အဖေတူ မအေကွဲ မောင်လေးက အဖေသင်ပေးထားလို့ မြန်မာစကားကို နည်းနည်းပါးပါးပြောတတ်ပေမဲ့ ယောကျာ်းလေးမို့ထင်ပါရဲ့။ အနီရင့်နဲ့ ရင်းနှီးနွေးထွေးမှု သိပ်မရှိလှဘူး။ အသက်အရွယ် ကွာခြားတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ပြီးတော့လည်း ချစ်ရတဲ့ ကိုဘုန်းကြောင့် အနီရင့် ဘယ်ကိုမှ မသွားနိုင် ဖြစ်ခဲ့ရတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ***** လင်းရိပ် အလုပ်တွေသာ လုပ်နေရပေမဲ့ စိတ်က သိပ်မပါ။ ဘာမဆိုင် ညာမဆိုင် အနီရင့်အကြောင်းကို တွေးမိပြီး စိတ်က ပူပန်နေမိတယ်။ ဒီနေ့ အနီရင့်ချစ်သူရဲ့ မင်္ဂလာပွဲနေ့လေ။ အနီရင့် တစ်ယောက် ဘယ်လိုများနေမလဲလို့ လင်းရိပ် စိတ်ထဲက တွေးပြီး ပူနေမိတာ။ ခုလိုအချိန်မှာ ကိုယ့်အပူထက် သူ့အပူကပိုကြီးနေတော့ လင်းရိပ် အနီရင့်ကို ကိုယ်ချင်းစာတာထက် ပိုပြီးသနားနေမိတာ။ သူကြောင့် လင်းရိပ် တို့မိသားစုမှာ အဆင်ပြေပြေနေထိုင်နေရတာမို့ သူမကိုလည်း အစစအရာရာ အဆင်ပြေစေချင်တာ လင်းရိပ် ဆန္ဒအမှန်ပါပင်။ လင်းရိပ် တွေးနေမိရင်းမှ ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်မိတယ်။

" သားရယ် မင်းကို ကြည့်ရတာလဲ မရွှင်မလန်းနဲ့ ... မင်္ဂလာပွဲနီးမှ ဘာတွေဖြစ်နေတာလဲ ... တော်ကြာ သမီးလေးကေဇင် စိတ်မကောင်းဖြစ်နေပါအုံးမယ် " မိခင်ဖြစ်သူရဲ့ စကားကြောင့် မြတ်ဘုန်း မချိပြုံး ပြုံးလိုက်မိတယ်။ " အမေ ... တကယ်လိုများ ခုချိန်မှ သားဘက်က မင်္ဂလာပွဲကိုဖျက်ရင် ... ဘာတွေဖြစ်လာနိုင်လဲဟင် " မြတ်ဘုန်း အရဲစွန့်ပြီး မိခင်ကို မေးလိုက်မိတယ် ။ " ဘာ ... ဘာပြောတယ် ...မင်းရူးနေလား ...မင်း ထောင်ကျမှာပေါ့ .. နှစ်ဘက်လုံးလည်း အရှက်ကွဲမှာပေါ့ ...ဘာလဲ အနီရင့်ဘက်က ပြဿရှာမယ်လို့ ပြောနေလို့လား ...ဒါမှမဟုတ် မင်းကိုယ်တိုင်က သူ့ကို မပြတ်နိုင်တာလား " " အဲ့ ... အဲ့ဒါက " မြတ်ဘုန်းက မိခင်စကားကို နားထောင်တတ်သူပီပီ အထစ်ထစ်အငေါ့ငေါ့ ဘာပြောရမှန်းမသိဘဲဖြစ်နေမိတယ်။ အနီရင့်ရဲ့ အဖြစ်မှန်ကို မိခင်ကို ပြောရင် ကောင်းမလား တွေးမိပေမဲ့ နှုတ်က မထွက်ရဲဘူးဖြစ်နေတယ်။ ဒီဘက်မှာလဲ ကေဇင်ကျော်တို့ကို မလွန်ဆန်ရဲဘဲဖြစ်နေမိတယ်။တစ်သက်လုံး လူရိုသေ ရှင်ရိုသေနေလာပြီးမှ မိန်းမကိစ္စကြောင့်နဲ့တော့ ထောင်ထဲမဝင်လို ။ " ခုချိန်မှတော့ မဟုတ်တာတွေ တွေးမနေနဲ့တော့ ငါ့သား ....ပြီးတော့ အနီရင့်နဲ့ ကေဇင်လေးက ဝတ်ပုံစားပုံက အစ တခြားစီ ...ကေဇင်လေးဆိုတာ မိစုံဖစုံနဲ့ ဗိုင်းကောင်းကျောက်ဖိ နေလာတဲ့ မိန်းခလေး ....အိမ်တွင်းမှုလဲ နိုင်တယ် ....အလုပ်အကိုင် ကလဲ လူတကာလေးစားရတဲ့ ရုံးက အရာရှိမလေး ...ပြီးတော့ ခုနေနေတဲ့ ခြံနဲ့ တိုက်ကလဲ နောက်ဆုံးတော့ သမီးကေဇင်တို့ မောင်နှမပဲ ရမှာ...မရေရာတဲ့ လမ်းကို မလျှောက်ချင်ပါနဲ့ ငါ့သားရယ် " မိခင်ရဲ့ စကားအဆုံးမှာ မြတ်ဘုန်း ခေါင်းကို ငိုက်စိုက်ချထားမိတယ်။မထင်မှတ်တာတွေ ဖြစ်လာတဲ့ ဘ၀မှာ မြတ်ဘုန်း ဘာကိုမှ မစဉ်းစားနိုင်တော့။စိတ်သာယာမှု နောက်ကို လိုက်ခဲ့မိတဲ့ အပြစ်တွေအတွက် မြတ်ဘုန်း ကိုယ်တိုင်လည်း မဖြေရှင်းနိုင်တော့တဲ့ အခြေအနေတွေအထိ ဖြစ်လာခဲ့ပြီလေ။ ======================== အပိုင်း (၁၄ ) ဆက်ရန် ဧကြည်ဖြူ

တိုးတိုးဖျော့ဖျော့ ထွက်လာတဲ့ ငြင်းသံကို နားထောင်ပြီး လင်းရိပ်အားမရမိ။အနီရင့်ကို ကြည့်ရတာ လုံးဝ အားမရှိတဲ့ပုံမျိုး ။ ဒီတိုင်း ဆက်ထားရင် အသက်အန္တရာယ်ပင် ရှိနိုင်တဲ့ အနေအထားမို့ လင်းရိပ် သူမကို ဆေးခန်းပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မတော် အနီရင့်ရဲ့ချစ်သူနဲ့ ဆုံခဲ့ရင်လည်း နောင်ခါလာနောင်ခါဈေးလို့ပဲ တွေးလိုက်မိတယ်။ " မသွားလို့မရဘူး ...ဒီအတိုင်း ဆက်နေရင် မင်း သေသွားလိမ့်မယ်ကွ သိရဲ့လား ... ဒါမှမဟုတ် မင်းရဲ့ချစ်သူကို ဖုန်းခေါ်လိုက်လေ " " ဟင့်အင်း မခေါ်ဘူး ...ဆေးခန်းလဲမသွားဘူး " " ဟာကွာ ...မင်းဘာဖြစ်နေတာလဲ ...ဆေးခန်း မသွားလို့တော့ မရဘူး ... မင်းမထရင် ငါထမ်းခေါ်သွားမှာနော် " ပေကပ်ကပ်နိုင်လှတဲ့ သူမကို လင်းရိပ် အသံမာမာနဲ့ ပြောလိုက်တယ်။နှစ်ရှည်လများ လူမမာမိခင်နဲ့ နေခဲ့ရတာမို့ မကျန်းမမာ ဖြစ်နေတဲ့ လူရဲ့စိတ်ကို လင်းရိပ်က နားလည်တယ်။ "မ ... မသွားချင်ဘူး ....ဆေးခန်းကို မသွားချင်ဘူး လင်းရိပ်ရယ် ...အီး...ဟီး ..ဟီး ..." ငြင်းဆန်သံနဲ့အတူ ဟီးခနဲ ငိုချလိုက်တဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ပျာယာခတ်သွားမိတယ်။ " မင်း ...မင်း ဘာဖြစ်လို့ လဲ " အနီရင့်က လင်းရိပ်မေးတာကို မဖြေဘဲ ရှိုက်ကြီးတငင်ကို ငိုနေတာမို့ လင်းရိပ်လည်း ဘာမှ ဆက်မမေးတော့ဘဲ အနီရင့်ရဲ့ပခုံးတစ်ဖက်ကို လက်နဲ့ ပုတ်ပေးရင်း နှစ်သိမ့်နေမိတယ်။ လင်းရိပ် ကိုယ်တိုင်ကလည်း ကိုယ့် ဝေဒနာနဲ့ ကိုယ်မို့ အနီရင့် ဇိုနေတာကို ကြည့်ပြီး လင်းရိပ် ရင်ထဲကပါ ဝမ်းနည်းလာသလို ခံစားနေရတယ်။ မိနစ်အတော်ကြာ ငိုပြီးတဲ့နောက်မှာ အနီရင့်အငိုရပ်သွားတယ်။ပြီးတော့ မျက်နှာလေး ရှုံ့မဲ့ပြီး လင်းရိပ်ကို ပြောလိုက်တယ်။ " တစ်ချက် တစ်ချက် ဗိုက်ထဲကအောင့်တယ် ..." လင်းရိပ် အနီရင့်ကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်မိတယ်။ " မင်းကိုကြည့်ရတာ အနီရင့်နဲ့ မတူလိုက်တာကွာ ....မျက်နှာမှာလဲ သွေးမရှိသလိုပဲ ... ဒီတိုင်းနေလို့ ဖြစ်မှာ မဟုတ်ဘူး " လင်းရိပ် ပြောလိုက်တော့ အနီရင့် ခေါင်းကို ငုံ့လိုက်ပြီး မပွင့်တပွင့်ပြောလိုက်တယ်။ " အနီရင့်မှာ ကိုယ်ဝန်ရှိနေပြီးတဲ့ ..." " ဗျာ ...." အနီရင့်ရဲ့ စကားကြောင့် လင်းရိပ် ခဏတော့ ကြောင်အသွားမိတယ်။ပြီးမှ အကျိုးအကြောင်းကို သေချာမေးလိုက်တယ်။ " မင်းရဲ့ ချစ်သူရော သိလား ... သူ့ကို ပြောပြီးပြီလား " လင်းရိပ်မေးလိုက်တော့ အနီရင့်က တွေတွေငေးငေးနဲ့ ထိုင်နေတယ်။ပြီးတော့မှ အံလေးကြိတ်ပြီးပြန်ဖြေတယ်။ " သူက ဒီလကုန်မှာ အနီရင့်ရဲ့ အစ်မတစ်ဝမ်းကွဲနဲ့ လက်ထပ်တော့မှာတဲ့ " " ဘာ ...ဘယ် ...ဘယ်လို " လင်းရိပ် မယုံကြည်နိုင်စွာ အနီရင့်ရဲ့ မျက်နှာကိုကြည့်ပြီး အလန့်တကြား မေးလိုက်မိတယ်။ " တ...တကယ်လား ... မြန်လှချည်လားကွာ ...မင်းအစ်မကလဲ ..ဘာလဲကွာ ...မင်းတို့ နှစ်ယောက် ချစ်သူတွေဖြစ်နေတယ်ဆိုတာကို သူမသိဘူးလား " လင်းရိပ် စိတ်တိုတိုနဲ့ ပြောလိုက်ပြီးမှ အနီရင့် မျက်နှာကို ကြည့်လိုက်မိတယ်။ " အဲ့ဒီ့တော့ ...မင်းဘာလုပ်မယ် ထွေးထားလဲ ...ဘာပဲဖြစ်ဖြစ် အခုတော့ ဆေးခန်းသွားရအောင် ... ခပ်ဝေးဝေးဆေးခန်းကိုသွားကြတာပေါ့ " ****** " ဒီမှာ ...ရှင်က အနီရင့်ရဲ့ ခင်ပွန်း မဟုတ်လား ..ဆရာမခေါ်နေတယ် အထဲဝင်ခဲ့အုံး " " ဗျာ ....ဟုတ် ... ဟုတ်ကဲ့ " သူနာပြု ဆရာမရဲ့ စကားကြောင့် ပထမတော့ လင်းရိပ်ကြောင်တောင်တောင် ဖြစ်နေပြီးမှ ယောင်ဝါးဝါးနဲ့ လူနာခန်းထဲကိုဝင်လိုက်ရတယ်။ " ကဲ ...ထိုင်ပါအုံး ... ကလေးအဖေ ...မိန်းမကို ဂရုမစိုက်ဘူးလားပြော ... ဗိုက်ထဲမှာ ကလေးနဲ့ရှင် ...တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ...ခုချိန်ကစပြီး ကိုယ့်မိန်းမကိုယ်ဂရုစိုက် ကြားလား " လင်းရိပ် ကြောင်တိကြောင်တောင်နဲ့ဆရာ၀န်မကို ခေါင်းတွေ ဇွတ်ညွှတ်ပြနေမိတယ်။အနီရင့်ကို လှမ်းကြည့်တော့လည်း ခုတင်ပေါ်ကနေ အားနာရှက်ရွံ့နေတဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတာမို့ လင်းရိပ်မှာအားတင်းပြီး ပြုံးပြလိုက်ရတယ်။ ***** " ဆေးခန်းက ကိစ္စ ....တောင်းပန်ပါတယ် လင်းရိပ်ရယ် ... သူနာပြုဆရာမက ရှင်ပါလာတာမြင်တော့ ဇွတ်ကို ထွက် ခေါ်တာ ...ပြောချိန်တောင် မရလိုက်ဘူး " အနီရင့်က ဆိုဖာပေါ် မှာ လှဲချလိုက်ရင်း လင်းရိပ်ကို လှမ်းပြောလိုက်တယ်။ " ထားလိုက်ပါကွာ ...ဒါက ဘာအရေးကြီးလို့လဲ ...အခု အရေးကြီးတာက မင်း ဒီည တစ်ယောက်တည်းနေလို့ ဖြစ်ပါ့မလား " လင်းရိပ်က အိမ်ထဲက ရုပ်ပွနေတာတွေကို လိုက်ရှင်းနေရင်းကနေ အနီရင့်ကို စိတ်ပူပြီး လှမ်းပြောလိုက်တယ်။ " ရပါတယ်... အနီရင့် တစ်ယောက်တည်း နေနေကျပဲဟာ .....ဘာမှမဖြစ်ပါဘူး " အနီရင့်ရဲ့ စကားကြောင့် လင်းရိပ် သက်ပြင်း မသိမသာ ချလိုက်မိပြီး " ဒီလိုလုပ်ရအောင် ..... ကျွန်တော်က ဒီည အမေနဲ့အိပ်လိုက်မယ် ...ညီမလေးကို မင်းဖျားနေတယ်လို့ ပြောပြီး လွှတ်လိုက်မယ် " " မဟုတ်တာ ...ရပါတယ် ...အနီရင့် တစ်ယောက်တည်း ရပါတယ် " " ဒီတစ်ခါတော့ ကျွန်တော်ပြောတာ နားထောင်ပါ ... နေမကောင်းဖြစ်နေတဲ့ အချိန် တစ်ယောက်ယောက် အနားမှ ရှိမှ အဆင်ပြေမှာပေါ့ ...တစ်ယောက်တည်းနေလို့ ဖြစ်မလား " *****

နောင်တဆိုတာမျိုးက နောင်မှ ရတယ်ဆိုတဲ့ စကားက မြတ်ဘုန်း အတွက် သိပ်ကိုမှန်နေခဲ့တယ်။ ******* "အမေ နေလို့ အဆင်ပြေရဲ့လား " ပက်လက်ကုလားထိုင်မှာလှဲနေတဲ့ မိခင်ကို လင်းရိပ်က မေးလိုက်တယ်။ "နေသာပါတယ် သားရဲ့ .. " " ခဏလောက်တော့ သည်းခံနေလိုက်ပါနော် အမေ ... အဆင်ပြေမဲ့ အိမ်ကို သား စုံစမ်းနေပါတယ် " "ရပါတယ် သားရယ် ... ဆိုင်ဆိုပေမဲ့လူမှမရှုပ်တာ ...မင်းညီမနဲ့မင်းညီ တော့ စာအုပ်တွေဖတ်နေရလို့ ပျော်နေတာပဲ " " တော်သေးတာပေါ့ အမေရယ် ....အမေတို့ နေရတာ အဆင်မပြေ ဖြစ်နေမှာကိုပဲ စိုးရိမ်နေတာ " ******** " အလတ်မ နင့်မမနီ အခုတလော ဆိုင်ဘက်ကို လာရဲ့လား ....အစ်ကို ဖုန်းဆက်တာ ဆက်မရ ဖြစ်နေလို့ " " မလာဘူး အစ်ကို ...မနွယ်လည်း ပြောတယ် မမနီ ငွေလဲ လာမသိမ်းဘူးတဲ့ " " ဟုတ်လား .... သူ့အိမ်ကို အစ်ကို လိုက်သွားကြည့်ရင် ကောင်းမလား " " သွားကြည့်ပါလား အစ်ကို ... နေမကောင်း တွေဘာတွေများ ဖြစ်နေလား မသိဘူး ...ညီမလေးက အမေ့ကို ထားခဲ့ရမှာ စိတ်မချလို့ မသွားတာ " ***** လင်းရိပ် ထွက်မယ့် သာထွက်လာခဲ့ရတာ စိတ်ကတထင့်ထင့််နဲ့။မတော် အနီရင့်ရဲ့ချစ်သူနဲ့ ဆုံမှာကို ကြောက်နေမိတယ်။အခုဆို လင်းရိပ်နဲ့ အနီရင့်မတွေ့ရတာတောင် ကြာနေပြီလေ။အမေတို့ ပြောင်းလာပြီး နောက်ပိုင်း ထပ်မတွေ့ရသေးဘူး ။ လင်းရိပ်လည်း ကိုယ့်သောကနဲ့ကိုယ် ဗျာများနေရတာနဲ့ အနီရင့်ကို သတင်းမမေးနိုင်ဖြစ်နေတာ။ပြီးတော့ အနီရင့်ရဲ့ ချစ်သူ အထင်လွှဲစေမယ့် ကိစ္စမျိုး ထပ်မဖြစ်စေချင်တာကြောင့်လည်း အနီရင့်နဲ့ သိပ်မဆက်သွယ်ဖြစ်ဘူး။ လင်းရိပ်ကြောင့် အနီရင့်ရဲ့ အချစ်ရေးကို ထိခိုက်သွားမှာကို လင်းရိပ်မလိုလားပါ။ အနီရင့်က လင်းရိပ်တို့အတွက် ကျေးဇူးရှင်တစ်ယောက်ပဲ မဟုတ်လား ။ ********* " ဒေါက် ....ဒေါက် ....ဒေါက် " " အနီရင့် ... မင်းရှိလား " တံခါးခေါက်သံနဲ့အတူ အနီရင့် နာမည်ကို ခေါ်တဲ့ အသံကို ကြားလိုက်ရတာမို့ အနီရင့် စိတ်ထဲဖြုန်းခနဲ ဝမ်းသာသွားမိပေမဲ့ ချက်ချင်လိုလို ရှက်ရွံ့သိမ်ငယ်စိတ်တွေ၀င်ရောက်လာပြန်တယ်။လက်တလောအချိန်အတွင်းမှာ အနီရင့် ဘယ်သူနဲ့မှမတွေ့ချင်ဘူး။ တစ်ယောက်ယောက်ကများ အနီရင့်ရဲ့အဖြစ်ကို သိသွားမလား၊ရိပ်မိသွားမလားဆိုတဲ့ အတွေးတွေက အနီရင့်ကို ခြောက်လှန်နေတယ်။ချစ်သူနဲ့ အတူပျော်ခဲ့စဉ်က မိုမမြင်လေမမြင် ဖြစ်ခဲ့သလို အခုလို အချိန်မှာလည်း ဘယ်သူမှ မမြင်နိုင်အောင် ပျောက်ရှသွားချင်မိတယ်။ပျော်ခဲ့တုန်းက အတူပျော်ခဲ့ပြီး မဖုံးနိုင်မဖိနိုင် ဒုက္ခတွေကို ခံစားရတော့ ကိုယ်တစ်ယောက်တည်း။ဒါတွေက ဘယ်သူ့အပြစ်တွေလဲ။တကယ်တော့ အနီရင့်ရဲ့ အပြစ်တွေပါပဲ။အယုံလွယ်လွန်းတဲ့ အပြစ်။ကိုယ်ကိုယ်ကို တန်ဖိုးမထားခဲ့မိတဲ့ အပြစ်တွေပဲပေါ့။ " အနီရင့် ....အနီရင့် ...မင်း အထဲမှာ ရှိတယ် မဟုတ်လား ...မင်း ဘာတွေဖြစ်နေတာလဲ ...တံခါး ခဏလောက် ဖွင့်ပေး..." အနီရင့် အိပ်ရာထဲမှာ ခွေခွေလေးလှဲနေရင်းနဲ့ လင်းရိပ်ရဲ့ အသံမှန်း သိလိုက်ရတာမို့ ထိတ်ခနဲ၀မ်းသာသွားမိတယ်။အိပ်ရာထဲက လူးလဲ အားယူပြီး ထလိုက်တဲ့ အချိန်မှာ လူက အားမရှိတာကြောင့် အိပ်ရာပေါ် ပြန်ပြီး ယိုင်လဲ ကျသွားတယ်။ရက်များစွာ အစားကို ကောင်းကောင်းမစားခဲ့တော့ လူတစ်ကိုယ်လုံး အင်အားတစ်စက်မှမရှိသလို နုံးချိနေတယ်။ပြီးတော့လည်း ခါးစပ်ဆီက လိုလို ဗိုက်ထဲကလိုလို တစ်ချက်တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ ကိုက်ခဲ့ချင်နေတယ်။ " အနီရင့် ...အနီရင့် " အနီရင့် တံခါး၀ဆီကို အနိုင်နိုင်အားယူပြီး ထလာခဲ့လိုက်တယ်။ ***** သစ်သားတံခါးမကြီးကို ဖွင့်လိုက်ပြီး သံပန်းတံခါးသော့ကို ဖွင့်နေတဲ့ အနီရင့်ကို ကြည့်ပြီး ရုတ်တရက် လင်းရိပ် ထိတ်လန့် တုန်လှုပ်သွားမိတယ်။မတွေ့ရဲတဲ့ရက်တွေမှာ ယူပစ်လိုက် သလို ပိန်ကျသွားတဲ့ အနီရင့်။တစ်ကိုယလုံးလည်း တုန်တုန်ယင်ယင်နဲ့ ကြည့်ရတာ အကြီးအကျယ် ရောဂါဖြစ်နေသူတစ်ယောက်လိုပါပင်။ " မင်း နေမကောင်းဘူးလား အနီရင့် ....မင်း ဘာတွေဖြစ်နေတာလဲ ..." တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် လင်းရိပ် အလောတကြီးနဲ့ မေးလိုက်မိတယ်။ " ဘာ ...ဘာမှမဖြစ်ပါ.. ပါ....အ ..." " ဟာ ... အနီရင့် သတိထားလေ " အနီရင့်က စကားပင် ဆုံးအောင် မပြောနိုင်ဘဲ ခွေခနဲ လဲကျသွားတာမို့ လင်းရိပ်မှာ အချိန်မီ ဆွဲဖမ်းလိုက်ရတယ်။ အနီရင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုဖာခုံအထိ ထိန်းဖက် ဆွဲခေါ်လာခဲ့ရင်းနဲ့ လင်းရိပ်မှာ အိမ်ထဲက မြင်ကွင်းကိုကြည့်ပြီး မျက်လုံးပြူးနေမိတယ်။တစ်အိမ်လုံး ရှုပ်ပေပွနေတယ်။အစားအသောက် မှာစားထားပုံရတဲ့ ဖော့ဘူးတွေကလည်း ဆိုဖာခုံတွေ့ အလယ်က စားပွဲခုံပေါ်မှာ ရှုပ်ပေပွလို့။ရေသန့်ဘူးခွံတွေ ။အအေးဘူးခွံတွေရော တစ်အိမ်လုံးအနှံ့ ပျံ့ကြဲလို့။ " မင်း ဘာတွေဖြစ်နေတာလဲဟင် ... မင်းရဲ့ ချစ်သူနဲ့ အဆင်မပြေသေးဘူးလား ...ဒါနဲ့ပဲ ဒီလိုနေတော့မလို့လား ...ထပါ ဆေးခန်း အရင်သွားရအောင် " လင်းရိပ် စိတ်မကောင်း လှစွာ အနီရင့်ရဲ့ နဖူးပေါ်ကို လက်တစ်ဖက် မဝံ့မရဲတင်ရင်းပြောလိုက်မိတယ်။ " ဟင့်အင်း ...မသွားချင်ဘူး "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း (၁၃) ***** လင်းရိပ်နဲ့နှင်းသီရိ တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဆွံ့အနေမိကြတယ်။နှစ်ယောက်သား ခိုးထုပ်ခိုးထည်နဲ့အတူ မျက်နာချင်းဆိုင်မိနေကြတဲ့အနေအထားမျိုးမို့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောကြဘဲ မျက်လုံး အကြည့်တွေနဲ့ပဲ ကြည့်နေမိကြတယ်။နှင်းသီရိရဲ့ မျက်လုံးတွေက မီးထတောက်တော့မယ့် ဟန်လို စူးစူးရဲရဲရှိလှတယ်။ လင်းရိပ်ရဲ့ မျက်ဝန်းအစုံမှာလည်း ကြွေကွဲ ယူကျုံးမရတဲ့ အကြည့်တွေနဲ့။ကောင်တာမှာ ကျသင့်ငွေကိုရှင်းနေကြတဲ့ ကိုထက် ခေါ်ရဲမင်းထက်နဲ့ ဝတ်ကောင်းစားလှတွေ ဆင်မြန်းထားတဲ့ မမလှလှကတော့ လင်းရိပ်နဲ့နှင်းသီရိတို့ရဲ့ အဖြစ်ကို မသိရှိ မရိပ်မိကြပါဘူး။ ပြီးတော့ လေးဦးသား သော့တစ်ချောင်းစီယူလို့ ကိုယ့်အခန်းကိုယ် ထွက်ခွါလာခဲ့ကြတယ်။ ***** " ဖြန်း " မြှောက်တက်လာတဲ့ နှင်းသီရိရဲ့လက်တစ်ဖက်နဲ့အတူ လင်းရိပ်ရဲ့ပါးတစ်ဖက်က ပူခနဲဖြစ်သွားတယ်။ "ထွီ ....ရှင်လိုလူမျိုးကို နှင်းက ချစ်သူတော်မိခဲ့တာပေါ့လေ ..ရှက်စရာကောင်းလိုက်တာ ...ရှင့်မှာ တခြား လုပ်စရာအလုပ်မရှိဘူးလား ဟင် ....အောက်တန်းကျလိုက်တာ " နှင်းသီရိက ကိုယ့်အပြစ်ကို မမြင်နိုင်တော့ဘဲ လင်းရိပ်ကိုပဲစက်ဆုပ်ရွံရှာနေမိတယ်။တစ်လျှောက်လုံး အလိမ်ခံခဲ့ရတယ်ဆိုတဲ့ စိတ်က နှင်းသီရိရဲ့ ဒေါသကို ပိုဆွပေးသလိုဖြစ်နေတယ်။ပြီးတော့ လင်းရိပ်ကို ငဲ့ပြီး ကိုထက်နဲ့ ခိုးကြောင်ခိုးဝှက်နဲ့ တွေ့နေရတာကို ပြန်တွေးမိတော့ ဒေါသက ပိုမိုဖြစ်လာမိတယ်။ " ရှေ့လျှောက် ... လမ်းမှာ တွေ့ရင်တောင် မခေါ်ပါနဲ့ ...ရှင်တို့လို လူမျိုးတွေကို သိပ်ကို ရွံတာသိရဲ့လား " နှင်းသီရိက ပြောပြီး ချာခနဲ ကျောခိုင်းထွက်ခဲ့တယ်။ လင်းရိပ်မှာ နေရာမှာ တင် ကျောက်ရုပ်ကြီးလိုမလှုပ်မယှက် ငြိမ်သက်စွာရပ်ပြီးကျန်နေခဲ့မိတယ်။ လင်းရိပ် ယုံကြည်ကိုးကွယ်ခဲ့တဲ့အချစ်က ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပြီထင်ပါတယ်။ ******* အနီရင့် ကိုဘုန်းရဲ့ မျက်နှာကို မျှော်လင့်တကြီးနဲ့ ကြည့်နေမိတယ်။ဒီစကားတွေကို ပြောဖို့ အနီရင့် မနည်း အားမွေးခဲ့ရတာ။ ကိုယ့်စိတ်နဲ့ကိုယ်သာဆိုရင် ကိုဘုန်းနဲ့ဘယ်တော့မှ ပြန်ပတ်သက်မိမှာ မဟုတ်ပေမဲ့ လူရယ်တောင် မပီပြင်သေးတဲ့ ကလေးလေးအတွက် တွေးပြီး အနီရင့်ရဲ့ မာနတွေ ၊ သိက္ခာတွေကို ခဝါချပြီး ကိုဘုန်းရှေ့ကို ရောက်နေခဲ့တာ။ ချစ်ခဲ့ရသူ။ ပြီးတော့ငယ်ချစ်ဦးမို့လည်း ယုံကြည်အားကို မိတဲ့စိတ်လေးနဲ့ရောက်လာခဲ့တယ်ပဲပြောရမလား။ မိခင်တစ်ယောက်ဖြစ်လာပြီဆိုတဲ့ အသိစိတ်က ကိုယ့်ရဲ့စိတ်ဆန္ဒထက် ကလေးလေးအတွက်ပဲ ပိုတွေးခဲ့မိတာလည်းပါတယ်။ " ဟိုကောင်က တာဝန်မယူနိုင်ဘူးတဲ့လား ...ဒါနဲ့ ကိုယ်နဲ့ ရတာရော သေချာရဲ့လား " " ဘာ " "ဖြန်း " ကိုဘုန်းရဲ့ စကားအဆုံးမှာ အနီရင့် လက်တစ်ဖက်ကို မြှောက်ပြီး ကိုဘုန်းရဲ့ပါးကို အားကုန်လွှဲရိုက်ချပစ်လိုက်တယ်။ " ကျွန်မနဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့တော့ ...စိတ်ချ ကိုဘုန်းဆီက အကူအညီ မယူဘဲ ဒီကလေးကို မွေးပြမယ် ...နောက်နောင် လာမပတ်သက်ပါနဲ့ ...ဒီကလေး ရှိနေတာကို ရှင့် မိသားစုလဲ မသိပါစေနဲ ရှင်တို့မိသားစုတွေ ကျွန်မရဲ ကလေးကို လာပတ်သက်နေမှာကို မလိုချင်ဘူး ...ကိုဘုန်းရဲ့လုပ်ငန်းထဲမှာ ထည့်ထားတဲ့ အနီရင့်ရဲ့ငွေတွေကို တစ်ပတ်အတွင်းပြန်ထုတ်ပေးပါ..." အနီရင့် ပြောပြီးတာနဲ့ ကိုဘုန်းကို ကျောခိုင်း ထွက်ခဲ့လိုက်တယ်။အချစ်ကို ယုံကြည်ကိုးကွယ်ခဲ့မိတဲ့ အတွက် ဒီပြစ်ဒဏ်ကို ခံယူဖို့ အနီရင့်သတ္တိရှိရှိရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနီရင့် ထွက်ခွါသွားပြီးတဲ့နောက်မှာ မြတ်ဘုန်းနေရာမှာ ငူငူကြီး ရပ်နေမိခဲ့တယ်။သူ အနီရင့်ကို မယုံကြည့်ဘူးလားဆိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ သူ့မှာ အနီရင့် ပြဿနာထက်ဆိုးတဲ့ မထွေးနိုင် မအန်နိုင် ပြဿနာကြီးက ရှိနေခဲ့ပြီလေ။ခပ်ပေါ့ပေါ့ပါဆိုပြီး မြတ်ဘုန်း ကျူးလွန်မိခဲ့တဲ့အပြစ်က အခုချိန်မှာ မြတ်ဘုန်းရဲ့ ဘဝကို ရိုက်ချိုးဖို့ အသင့်စောင့်နေခဲ့ပြီလေ။" ကေဇင်မှာ ကိုယ်ဝန်ရှိနေပြီ ကိုဘုန်း ... ဒီကိစ္စကို မေမေလဲ သိသွားပြီ ...ကိုဘုန်း တာဝန်မယူဘူးဆိုရင် သက်ဆိုင်ရာနဲ့ တိုင်မယ်တဲ့ ..." လွန်ခဲ့တဲ့ရက်ကကေဇင်ကျော်ဆီက ကြားခဲ့ရတဲ့ စကားတွေကိုပဲ မြစ်ဘုန်း နားထဲမှာ ကြားယောင်နေမိတယ်။ကေဇင်ကျော်တို့ဘက်က နောက်လထဲမှာ မင်္ဂလာပွဲလုပ်ဖို့အတွက်လည်း ဖိအားပေးနေကြပြီ။ တကယ်တမ်း ဒီလိုတွေဖြစ်လာတော့ မြတ်ဘုန်း အနေနဲ့ ချစ်သူအနီရင့် အကြောင်းကိုပဲတွေးနေမိတယ်။ မိခင်လည်းဆုံးရှုံးရတဲ့အပြင် ဖခင်ကပါ တိုင်းတပါးမှာ အိမ်ထောင်ပြုလိုက်တဲ့အခါ တစ်ယောက်တည်း အထီးကျန်ခဲ့ရတဲ့ သူမ ။သွေးသားရင်းချာတွေဖြစ်တဲ့ ဘွားအေးလုပ်သူရယ် ကြီးတော်နဲ့ ဦးလေး မီသားစုဆီက နွေးထွေးတဲ့မေတ္တာကို မရတဲ့အခါ မြတ်ဘုန်းကို ချစ်ခင်တွယ်တာခဲ့တဲ့ကောင်မလေး။သေချာတာက မြတ်ဘုန်းလည်း သူမကို ချစ်ခဲ့ပါတယ်။ အခုထိလည်း ချစ်နေတုန်းပါပဲ။ ဒါပေမဲ့ မြတ်ဘုန်းက မိုက်မဲစွာ ကိုယ့်ကိုယ်ကို ပိုချစ်နေမိခဲ့တယ်။ အပျော်အပါးတွေကိုမက်ခဲ့မိတယ်။တဒဂ် သာယာမှုတွေနောက် လိုက်ခဲ့မိတယ်။ ဒီအတွက် အခုချိန်မှာ မြတ်ဘုန်းပေးဆပ်ရတော့မယ်ဆိုတာကို နောက်ကျစွာ သိလိုက်ရတယ်။

" ဟင် ... ဟို ....ကျွန်တော်နဲ့ များ ပတ်သက်နေလား " "ဘယ်ကသာ ဘာမှမဆိုင်ဘူး ...သူက ခြေရှုပ်နေလို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ .... မယူခင်တောင် ဒီလောက် ရှုပ်နေတာ ယူပြီးရင်လဲ ဒီလိုလုပ်နေမှာပဲ ....အဲဒါကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ" လင်းရိပ် အနီရင့်ကိုကြည့်ပြီး သက်ပြင်း ခိုးချလိုက်မိတယ်။ ***** လင်းရိပ်မှာ ဆေးရုံက တစ်ဖက်၊ အလုပ်က တစ်ဖက် ဒီကြားထဲ မိခင်ကြီးဆေးရုံကဆင်းရင် နေဖို့အတွက် အလုပ်များ နေရတာနဲ့ ချစ်သူနှင်းသီရိ ဆီကိုတောင် မရောက်ဖြစ်ခဲ့ဘူး။တစ်ရက်ကို တစ်ကြိမ်လောက် ဖုန်းခေါ်ဖြစ်ကြပေမဲ့ အရင်လို စကားတွေရွှန်းရွှန်းဝေအောင် မပြောဖြစ်ကြတော့ဘူး။ သာကြောင်း မာကြောင်းလောက်ပဲပြောပြီး ချစ်ကြောင်း ကြိုက်ကြောင်းတွေကိုတောင် မပြောနိုင်ကြတော့ဘူး။ဒီနေ့တော့ လင်းရိပ် ဖုန်းမဆက်ဘဲ ချစ်သူကို လာစောင်ကြိုနေလိုက်တယ်။မိသားစုအတွက် နေဖို့လည်း အပူတပြင်း ရှာစရာမလိုတော့သလို ခွဲစိတ်ဖို့ကလဲ လေးငါးလ အချိန်ရသေးတာမို့ လင်းရိပ်နည်းနည်းပါးပါး စိတ်သက်သာရာ ရခဲ့ပြီလေ။ လင်းရိပ် ချစ်သူနှင်းသီရိအလုပ်လုပ်တဲ့ ပရိဘောဂဆိုင်ရဲ့ ဘေးက လက်ဖက်ရည်ဆိုင်မှာဝင်ထိုင်ပြီး ချစ်သူ့ရဲ့ဆိုင်ပိတ်ချိန်ကို စောင့်နေလိုက်တယ်။ ညနေ (၆) နာရီထိုးပြီးသွားတော့ နှင်းသီရိတို့ အရောင်းစာရေးမလေးတွေ ဆိုင်ထဲကထွက်လာတာကို တွေ့လိုက်ရတယ်။ လင်းရိပ် ဆိုင်ထဲက ထပြီး ချစ်သူဆီကို သွားဖို့ ပြင်လိုက်တုန်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကို ယောင်နနနဲ့ကြည့်နေမိတယ်။ချစ်သူနှင်းသီရိက ဆိုင်ထဲကထွက်လာပြီး ဆိုင်ရှေ့မှာ အသင့်စောင့်နေတဲ့ လူတစ်ယောက်နဲ့ဖက်လဲတကင်းစကား ပြောပြီး ကားပေါ်ကိုတက်သွားတယ်။အဲ့ဒီလူကို ကြည့်ပြီး လင်းရိပ် ချက်ချင်း မှတ်မိ သွားတယ်။ပြီးတော့ မယုံကြည်နိုင်ခြင်း၊ ယူကြုံးမရတဲ့ စိတ်နဲ့ နေရာမှာ တင် တောင့်တောင့်ကြီး ရပ်နေမိတယ်။နှင်းသီရိကတော့ မိုးမမြင်လေမမြင်နဲ့ လင်းရိပ် ကိုလည်း မြင်သွားပုံမရပါဘူး။ လင်းရိပ်မှာသာ နေရာမှာ အရူးကြီး တစ်ယောက်လို ရပ်နေမိဆဲပင်။ " နှင်းသီရိတို့ကတော့ စွံတယ်နော် ....တွဲလိုက်ရင်လဲ ချောရင်ချော .... မချော ရင်ထောမှ တွဲတာနော်" " အံမယ် ...အားကျနေတာပေါ့လေ ဟုတ်လား......အားကျရင် ....ချောချောလေးကို သိမ်းပိုက်လိုက်တော့ နှင်းသီရိက ဒီတစ်ယောက်ကို အတည်တဲ့ အေ့ ....အဲဒီတော့ ကျန်တဲ့တစ်ယောက်ကို တို့တွေ ခွဲယူလိုက်ကြတာပေါ့ ခစ် ခစ် " ချစ်သူနှင်းသီရိရဲ့ သူငယ်ချင်းမလေးနှစ်ယောက်ဆီက စကားပြောသံနဲ့ ရယ်သံက လင်းရိပ်ရဲ့နားထဲကို အတိုင်းသားဝင်လာတယ်။ သူမတို့ကတော့ ဦးထုပ်ဆောင်းထားတဲ့ လင်းရိပ်ကို မှတ်မိပုံ မြင်ပုံမရကြဘဲ လင်းရိပ်အကြောင်းကို ရယ်ပွဲဖွဲ့နေကြတယ်။ ကြားလိုက်ရတဲ့ စကားတွေကြောင့် လင်းရိပ် ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလို ခံစားနေရတယ်။လူက စိတ်နဲ့ ကိုယ်မကပ်ဘဲ လမ်းပေါ်မှာ လျှောက်သွားနေမိတယ်။ဟိုလူ့ဝင်တိုက် ဒီလူ့ ၀င်တိုက်နဲ့ လင်းရိပ်ကိုကြည့်ပြီး လူတစ်ချို့က ဆဲဆိုသွားကြတယ်။ **** အနီရင့် ဆိုဖာပေါ်မှာ ခွေခွေလေးလှဲနေမိတယ် ။ခေါင်းတွေ တရိပ်ရိပ်မူးပြီး လူတစ်ကိုယ်လုံးလည်း နုံးချိနေတယ်။ဒီကြားထဲ ပျို့လိုက် အန်လိုက်နဲ့ ဘာဖြစ်လို့ ဖြစ်နေမှန်းလဲ မသိတော့ဘူး။အသည်းကွဲပြီး တစ်ပတ်လောက် စားမ၀င်အိပ်မပျော်တာနဲ့ ရောဂါပါရလာတယ်။ဒီလိုအချိန်မှာ တစ်ယောက်တည်း ဖြစ်နေတာကို အားငယ်သလိုလို ခံစားနေရတယ်။ဆေးခန်းသွားဖို့ပင် အဖော်မရှိတဲ့ ဘဝ။သုံးလွှာကနေ အောက်ကိုဆင်းဖို့ အတော်လေး အားယူမှရမယ့်အခြေအနေ။ အနီရင့် အားယူ ထပြီး ဆေးခန်းသွားပြဖို့ ပြင်ဆင်လိုက်တယ်။ ***** ဆေးခန်းက ထွက်လာတဲ့အချိန်မှာ အနီရင့်တစ်ကိုယ်လုံး လေဟာနယ်ထဲမှာ လမ်းလျှောက်နေရသလို ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာယိမ်းထိုးနေတယ်။စိတ်တွေက အရပ်လေးမျက်နှာကို မျောလွင့်နေတယ်။လုံးဝ မမျှော်လင့်ထားတဲ့အချိန်မှာ ဆရာဝန်မလေးဆီက ကြားလိုက်ရတဲ့ "ရှင့်မှာ ကိုယ်ဝန်ရှိနေပြီ "ဆိုတဲ့ စကားက အနီရင့်ရဲ့ နှလုံးခုန်သံတွေကို ရပ်တန့်သွားစေသလို ခံစားလိုက်ရတယ်။စိတ်အလိုလိုက်ခဲ့မိတဲ့ အပြစ်။ချစ်သူကို အလိုလိုက်ခဲ့မိတဲ့အပြစ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားမိခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ကြွေးကို ကြီးကြီးမားမားပေးဆပ်ရပေတော့မယ်။ အကာအကွယ်တွေရှိတယ်၊ဆေးတွေ ရှိတယ်ဆိုပြီး မိုက်လုံးကြီးခဲ့မိတာ။ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲ ၊ ဘာတွေ လုပ်ရမလဲ အနီရင့် မတွေးတတ်တော့ဘူး။ ဒီတစ်ပတ်အတွင်း ကိုဘုန်းဘက်ကလဲ ပြတ်သားလှစွာ အနီရင့်ကို မဆက်သွယ်ခဲ့သလို အနီရင့်ကလဲ ကိုဘုန်းရဲ့လုပ်ရပ်ကို ရွံရှာလှတာမို့ အပြီးတိုင် လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချပြီး နေခဲ့တာ။ အခုတော့ .....။ ================ အပိုင်း (၁၃) ဆက်ရန် ‌ဧကြည်ဖြူ

" ဘာမှ မဖြစ်ဘူး ...အနီးရင့်အတွက်ပူမနေနဲ့ ... ဒီနေ့အတွက် လင်းရိပ်ကိုတောင် အနီရင့်က ကျေးဇူးတင်နေမိတာ " "ဘာလို့ ...ထူးထူးဆန်းဆန်း " " ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ " လင်းရိပ်နဲ့ အနီရင့်တို့ကြားမှာပြန်လည် တိတ်ဆိတ်သွားတယ်။ "ဒါနဲ့ လင်းရိပ် အလုပ်က ဘယ်တော့ ဆင်းရမှာလဲ " " လာမယ့် တနင်္လာနေ့ပြန်ဆင်းရတော့မှာ ...အဲ့ဒါကြောင့် အိမ်ကို အမြန်ရှာနေရတာလေ " လင်းရိပ်ကို ကြည့်ပြီး အနီရင့် ခဏလောက် စဉ်းစားနေမိတယ်။ "ဒီလိုလုပ်ပါလား လင်းရိပ် .....နေမှာက သုံးယောက်တည်းမဟုတ်လား ....အဆင်ပြေတဲ့ အိမ်ရှာမရခင် အနီရင့်ရဲ့ စာအုပ်ဆိုင်မှာ နေမလား....ဆိုင်ဆိုပေမဲ့ အနီရင့်အရင်က အဲ့ဒီမှာ နေခဲ့တာမို့ အခန်းတစ်ခန်းလဲရှိတယ် ... ပြီးတော့ ထပ်ခိုး လဲပါတယ် .. ဆိုင်က လူလဲမရှုပ်ပါဘူး .... အရောင်းစာရေးမလေး တစ်ယောက်ပဲရှိတာ " " ဟာ ..မဟုတ်တာ အနီရင့်ရယ် ... တော်ကြာ ကျွန်တော်တို့ကြောင့် အနီရင့်ရဲ့ ဆိုင် အရောင်းအသွားမှဖြင့် ...ပြီးတော့ တိုက်ခန်းပိုင်ရှင်ကရော လက်ခံပါ့မလား " လင်းရိပ် စကားကြောင့် အနီရင့်က ရယ်လိုက်ပြီး "လင်းရိပ်ကလဲ အနိုရင့်ကို အထင်သေးပြန်ပြီး ...အဲ့ဒီအခန်းက အနီရင့်ရဲ့ကိုယ်ပိုင်အခန်းရှင့် အနီရင့် အဖေက စလုံးမှာ ဘောစိမမတစ်ယောက်နဲ့ ယူထားတဲ့ လုပ်ငန်းရှင်ပါနော် ... လင်းရိပ်တို့အဆင်ပြေမယ်ဆို လင်းရိပ်မိသားစုကို အဲ့ဒီမှာနေခိုင်းလိုက်ပါ ...ဒါနဲ့ ဒီအခန်းကို အနီရင့်ပိုင်တာကို အဘွားတို့ တောင်သိတာမဟုတ်ဘူး " လင်းရိပ် အနီရင့်ကို အားနာကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။ "ဒီလိုလုပ်ကွာ ...အလကား တော့ မနေချင်ဘူး ...တစ်လတစ်သိန်း လောက်ပေးမယ်လေ ... အဲဒီလိုနေရာမျိုးမှာ တစ်လတစ်သိန်းနဲ့ ဒါဘာခန်းတောင်ငှားလို့ မရမှန်း သိပေမဲ့ လောလောဆယ် ဒီလောက်ပဲနိုင်လို့ပါ " " အင်း ...သဘောလေ ... လင်းရိပ် အဆင်ပြေသလိုပေးပေါ့ ..လောလောဆယ် ဆိုင်က စာအုပ်တွေကို နေရာ အရင် သွားချရမှာနော် " ." ဒီလောက် ကတော့ ကျွမ်းပါတယ်ကွာ " ပြောလို့ ဆိုလို့ ပြီးတော့ လင်းရိပ်တို့နှစ်ယောက်သား အအေးဆိုင်က ထွက်လာခဲ့ကြပြီး အနီရင့်ရဲ့စာအုပ်ဆိုင်လေးဆီကို ထွက်ခဲ့ကြတယ်။ ***** " အနီရင့် မင်း ဒါဘယ်ကပြန်လာတာလဲ ....အဲ့ဒီကောင်က ဘယ်သူလဲ..." အနီရင့်နဲ့ လင်းရိပ် စာအုပ်ဆိုင်ထဲကို ၀င်လိုက်တဲ့အချိန်မှာပဲ မြတ်ဘုန်းရဲ့ ဒေါ်သတကြီးမေးလိုက်တဲ့အသံထွက်လာတယ်။ " ဟင် .....ဒီ...ဒီကောင်က ဟိုတစ်ခါတုန်းက ရှောပင်းစင်တာမှာ တွေ့တဲ့ ပိုင်းလုံးကောင် မဟုတ်လား ...ဘာလဲ အနီရင့်...မင်းက ဒီလိုကောင်နဲ့ တွဲနေလို့ ငါ့ကို အဖြစ်ရှာတာပေါ့လေ ဟုတ်လား " " ကိုဘုန်း တော်တော့နော် ... မဟုတ်တာတွေ လာမပြောနဲ့ ... အနီရင့် ဆိုင်မှာ စကားကို ဆင်ခြင်ပြောပါ" " ဘာကို မဟုတ်တာလဲ ... မင်းက ဒီလိုကောင်နဲ့ တွဲချင်နေလို့ ငါ့ကို အပြစ်ရှာနေမှန်း ခုမှ သိတယ် " လင်းရိပ်မှာ အနီရင်တို့ စုံတွဲကို ကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတော့။နဂိုကတည်းက ဒီလိုကိစ္စနဲ့ပတ်သက်ရင် ထိတ်လန့်စိတ် အခံရှိတာမို့ လင်းရိပ်ကြားထဲကနေ တောင်းတောင်းပန်ပန်နဲ့ဝင်ပြောလိုက်တယ်။ " မ...မဟုတ်ပါဘူး အစ်ကို ....အစ်ကို အထင်မှားနေတာပါ ... ကျွန်တော်နဲ့အနီရင့်က ရိုးရိုးသားသား သူငယ်ချင်းတွေပါဗျာ " " ဟေ့ကောင် မင်းပါးစပ်ပိတ်ထားစမ်း ... ဘာရိုးသားတာလဲ ...မင်းလို ပိုင်းလုံး ကြာကူလီကောင်ကရိုးသားတာလား ...အေး ... ဒီမှာအနီရင့် မင်းနဲ့ငါ ဒီနေ့ကစပြီး ပြတ်ပြီ သိရဲ့လား ...လူကြီးတွေကို ငါကိုယ်တိုင် ပြောလိုက်မယ် " " ကိုဘုန်း သဘောပါ " မြတ်ဘုန်းက ဒေါသတကြီး ပြောဆိုပြီး ထွက်သွားတယ်။ လင်းရိပ်မှာ ကြားထဲက အနေခက်လှစွာ နေရာမှာပဲ ခြေစုံရပ်နေမိတယ်။အနီရင့်ကတော့ အံကိုတင်းတင်းကြိတ်လို့ လက်သီးကိုပါ ဆုပ်ထားတယ်။တော်သေးတာက စာအုပ်ဆိုင်ထဲမှာ ၀ယ်သူမရှိဘဲ အရောင်းစာရေးမလေးပဲရှိနေလို့သာပေါ့။ အားလုံးပြန်လည်တိတ်ဆိတ်သွားတော့ အနီရင့်ဆီက အသံထွက်လာတယ်။ "လင်းရိပ် အထဲဝင်ကြည့်လေ... " အနီရင့်က လင်းရိပ်ကို အထဲကို ခေါ်လိုက်ရင် စာရေးမလေးကိုပါ လှမ်းပြောလိုက်တယ်။ " နွယ်နွယ် ...အစ်မတိုက်ခန်းကို လူငှါးတင်မလို့လေ ...... လူတော့ သိပ်မများပါဘူး သုံးယောက်တည်းပါ ... နေ့ခင်ဆို အန်တီတစ်ယောက်နဲ့ မိန်းခလေးတစ်ယောက်ပဲရှိမှာ ...ကောင်လေးက နေ့ခင်း အလုပ်သွားပြီး ညမှ ပြန်အိပ်မှာတဲ့ ... အဲ့ဒါ နွယ်နွယ် အဆင်ပြေတယ် မဟုတ်လား " " ဟုတ်...ဟုတ်ကဲ့ ပြောပါတယ် မမရဲ့ ...နွယ်လဲ အဖော်ရတာပေါ့ ... ဆိုင်လဲ ညဘက် လူစောင့် ရှိတော့ စိတ်ချရတာပေါ့" ******^* " ထပ်ခိုးဆိုပေမဲ့ နှစ်ယောက်လောက်တော့ အသာလေးနေလို့ရတယ်နော် ... လင်းရိပ် ပြန်လာတဲ့အခါ အိပ်လို့ရတာပေါ့ " အနီရင့်က ထပ်ခိုးပေါ်ကိုတက်ခဲ့ပြီး လင်းရိပ်ကို ဟန်မပျက် ရှင်းပြနေတယ်။လင်းရိပ်မှာတော့ အနီရင့်ကို ငေးကြည့်ပြီး စိတ်ထဲက နေမထိထိုင်မသာဖြစ်နေမိတယ်။ " ဟို ..ဟိုလေ ...မင်း အဆင်ပြေရဲ့လား " လင်းရိပ်က အနီရင့်ကို မဝံ့မရဲ့နဲ့ မေးလိုက်မိတယ်။ " ဘာကိုလဲ အဆင်ပြေပါတယ် လင်းရိပ် ... ခုနကိစ္စအတွက်ဆိုရင် ပူမနေနဲ့ လင်းရိပ်နဲ့ ဘာမှ မဆိုင်ဘူး ... အနီရင့်နဲ့ သူက မနေ့ကတည်းက ပြတ်သွားပြီ..."

စိုးရိမ်ရပြန်တယ်။ ***** ဒီနေ့တော့ အိမ်ရအောင် ရှာဖို့တွေးထားတာမို့ လင်းရိပ် နောက် ရပ်ကွက်တစ်ခုကို ထပ်လာခဲ့လိုက်တယ်။မကြာခင် မိခင်လည်း ဆေးရုံက ဆင်းရတော့မှာမို့ အိမ်ကမဖြစ်မနေ ငှါးမှ ဖြစ်မှာ။အိမ်ငှားပြီးမှ ညီအငယ်ကောင်ကို နယ်ကနေလိုအပ်တဲ့ပစ္စည်းတွေပဲ သယ်လာခိုင်းပြီး ရန်ကုန်မှာပဲ အခြေချနိုင်ဖို့ လင်းရိပ်ကြိုးစားရမယ်။ညီအငယ်ကောင် ရန်ကုန်ရောက်လာရင် အလုပ်သွင်းပေးလိုက်ရင် အိမ်လခတော့ရပေလိမ့်မယ်။ကျန်တာကို လင်းရိပ်ပဲရှာရမှာပေါ့။ဘာပဲဖြစ်ဖြစ် ရန်ကုန်တစ်မြို့ထဲမှာဆိုတော့ လင်းရိပ်လည်း အချိန်မရွေး အိမ်ကို ပြန်ကြည့်လို့ရတယ်လေ။အဆောင်မှာဆက်နေပြီး ညဘက်အလုပ်ထွက်လုပ်ဖို့ကတော့ အကြောင်းပြချက်ရှာရမှာပေါ့။ **** လင်းရိပ်လိုင်းကားပေါ်က ဆင်းဆင်းချင်းမှာ ကားဂိတ်မှာထိုင်နေတဲ့ အနီရင့်ကို တွေ့လိုက်ရတာမို့ အံ့ဩသင့်သွားမိတယ်။ " အနီရင့် မင်းဘယ်သွားမလို့လဲ " အနီရင့်လည်း လင်းရိပ်ကို မြင်လိုက်ရတော့ အံ့သြသွားမိတယ်။။ "လင်းရိပ် ဘယ်သွားမလို့လဲ " " ကျွန်တော်က အိမ်ငှားဖို့လိုက်ကြည့်နေတာ ..." "ဟုတ်လား ... အနီရင့်က စာရေးလို့မရလို့ လျှောက်သွားနေတာ ...အတော်ပဲ လင်းရိပ် အိမ်ရှာတဲ့ဆီ အနီရင့်လိုက်လို့ ရမလား ...အနီရင့်လဲ အတွေ့အကြုံရတာပေါ့ " အနီရင့်က အဖြစ်မှန်ကို ဖုံးကွယ်ပြီးပြောလိုက်တယ်။ကိုယ့်အပူကို အခြားသူကို မကူးစေလိုပါလေ။ " လိုက်ခဲ့လေ ... ကျွန်တော် တောင် အဖော်ရသေး ...ဒါပေမဲ့ နေကပူပူနဲ့ ထီးလဲ မပါဘူး " လင်းရိပ်အပြောကြောင့် အနီရင့်ပြုံးလိုက်မိတယ်။ မနက်က ထွက်လာတုန်းကတော့ မိုးမလင်းသေးတော့ နေမှမပူတာကို ။ပြီးတော့ ဒီလို တစ်နေကုန်ရောက် ရာပေါက် ရာလျှောက်သွားနေရလိမ့်မယ်လို့မှမထင်ခဲ့တာ။ ခုက ကိုဘုန်းက ဖုန်းတွေ အဆက်မပြတ်ဆက်နေလို့ အိမ်ကို မပြန်ချင်တာနဲ့ တွေ့ရာ ကားတက်စီးရင်း ဒီဘက် ထိရောက်လာတာလေ။ " ကဲပါ...ရော့ ကျွန်တော် ဦးထုပ်ကို ဆောင်းလိုက် ဟုတ်ပြီလား " လင်းရိပ်ကခေါင်းပေါ်က ဦးထုပ်ကိုချွတ်ပြီး အနီရင့်ကို ကမ်းပေးလိုက်တယ်။ " ဟို ရပါတယ် ... မဆောင်းတော့ဘူး " " ဆောင်းမှာသာ ဆောင်းစမ်းပါကွာ ...နေဒီလောက်ပူနေတာကို " လင်းရိပ်ပြောပြောဆိုဆိုနဲ့ လက်တခါခါနဲ့ ငြင်းနေတဲ့ အနီရင့် ရဲ့ ခေါင်းပေါ်ကို ဦးထုပ်ကို ဆောင်းပေးလိုက်တယ်။ "လာ သွားစို့ .... လမ်းတော့ လျှောက်ရမယ်နော် ....မင်းလျှောက်နိုင်ရဲ့လား " " လူကို အထင်မသေးနဲ့နော် ...ကျိုက်ထီးရိုးဘုရားပေါ်ကို ခြေကျင်တက်တာ သိရဲ့လား...ပြီးတော့ ဇွဲကပင်တောင်လဲ တက်ဖူးတယ်နော် ....ဒီလောက်ကတော့ အပျော့ပဲ..." လေကြီးလေးကျယ်တွေပြောနေတဲ့ အနီရင့်ကိုကြည့်ပြီး လင်းရိပ်ပြုံးလိုက်မိသလို ချစ်သူနှင်းသီရိကိုလည်း သတိရသွားမိတယ်။လမ်းလေး နည်းနည်းလောက် လျှောက်ရတာနဲ့ ဂျီကျတတ်တဲ့ ချစ်သူနှင်းသီရိ ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ဒေါက်မြင့်ခုံမြင့်ဖိနပ်တွေပဲ စီးလေ့ရှိတော့ ဘယ်လို ဝေးဝေးလျှောက်နိုင်ပါ့မလဲ။ဒါပေမဲ့ ရှောပင်းစင်တာ လိုနေရာမျိုးမှာဆိုရင် တော့ ဘယ်လောက် လျှောက်ရ လျှောက်ရမညောင်းဘူးတဲ့လေ။လင်းရိပ် ချစ်သူ အကြောင်းကိုတွေးလိုက်မိတော့ လှစ်ခနဲ ပြုံးလိုက်မိတယ်။အနီရင့်ကတော့ တွေ့လိုက်တိုင်း ဘောင်းဘီရှည်နဲ့ ရှူးဖိနပ်နဲ့ ဆိုတော့ ကွာတော့ ကွာတယ်ပဲပြောရမှာပဲပေါ့။ " လင်းရိပ် ရှင် ဘာတွေ ပြုံးနေတာလဲ " အနီရင့်က လင်းရိပ်ရဲ့ပြုံးစစ မျက်နှာကိုကြည့်ပြီး မေးလိုက်မိတယ်။ " ဘာရယ်မဟုတ်ပါဘူး ....ကျွန်တော့် ကောင်မလေးအကြောင်း တွေးမိလို့ပါ " " ဪ " အနီရင့် သက်ပြင်းကိုချလိုက်မိတယ်။အခြားသူတွေ အဆင်ပြေနေသလောက် အနီရင်ပဲ အဆင်မပြေဖြစ်နေတာလားလို့ပါ တွေးလိုက်မိတယ်။ ****** " ခုန အိမ်လေး အဆင်ပြေသားပဲ ...ဘာဖြစ်လို့လဲ " အနီရင့်က အိမ်လိုက်ပြပေးတဲ့ ပွဲစား မကြားအောင် လင်းရိပ်ကို ခပ်တိုး တိုးကပ်ပြောလိုက်တယ်။ " တစ်လတစ်သိန်းခွဲတောင်ကွ ... ရေဖိုးမီးဖိုးနဲ့ဆို တစ်လ နှစ်သိန်းလောက်သွားမှာ... အမေ့ဆေးဖိုးနဲ့ ကျွန်တော့် အဆောင်လခကက ရှိသေးတယ်လေကွာ " လင်းရိပ် ရှင်းပြတာကို နားထောင်ပြီး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သလ်ပြင်းကို အနီရင့်ချလိုက်မိပြန်တယ်။ ***** " လင်းရိပ် လာသွားရအောင် ... မကြည့်နဲ့တော့ " လင်းရိပ်က အိမ်ပေါ်ကိုတက်ကြည့်ဖို့ ဟန်ပြင်လိုက်တုန်းမှာ အနီရင့်က လက်ကို ဆောင့်ဆွဲလိုက်တာမို့ အနီရင့် နားကပ်ပြီး "ဘာဖြစ်လို့လဲ "ဟု ခပ်တိုးတိုးမေးလိုက်တယ်။ အနီရင့်က နှုတ်က မပြောဘဲ ဘေးအိမ်တွေကို မျက်စပစ်ပြတယ်။ အနီရင့်ပြတဲ့မြင်ကွင်းကိုကြည်ပြီး လင်းရိပ်လန်.သွား မိတယ်။အိမ်လေးက သပ်သပ်ရပ်ရပ်နေချင်စရာလေးမို့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိဘဲ အိမ်ကိုပဲ မဲနေမိတာ။ အနီရင့်ပြမှပဲ ဘေးအိမ်က အရက်သမား တစ်သိုက်ကို မြင်မိတော့တယ်။ **** "မောလိုက်တာကွာ ...မင်းလဲကျွန်တော် ကြောင့် ဒုက္ခများနေပြီ အနီရင့် " လင်းရိပ်က အအေးပုလင်းထဲက ပိုက်ကို ထုတ်လိုက်ပြီး ပုလင်းလိုက်မော့သောက်ချလိုက်ပြီး အနီရင့်ကို ပြောလိုက်တယ် ။

ဧကြည်ဖြူ "ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း ( ၁၂ ) ****** "နီ ...မင်းဘာတွေ ပြောနေတာလဲ ... မင်းမဟုတ်တာတွေ စွပ်စွဲအုံး မလို့လား " သူက တစ်ပြန် ဒေါသတကြီးဖြစ်နေတဲ့ ကိုဘုန်းကို အနီရင့် နာကြည်း နာကျင်စွာကြည့်လိုက်မိတယ်။ "မစွပ်စွဲပါဘူး ...ကိုယ်တိုင်မြင်လိုက်ရပြီပဲ ... ပြီးတော့ ဆယ်နှစ်နီးပါးတောင် အညာခံနေရတော့ တော်သင့်ပြီးပေါ့...ကိုဘုန်းလည်း ဆန္ဒရှိတဲ့အတိုင်းနေပါ ...အနီရင့် ကိုယ့်လမ်းကိုယ် လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ " "နီ ... မင်းစိတ်ထင်တိုင်း လုပ်လို့မရဘူးနော် ... မင်း အခု အဘွားဆီလာတာ မဟုလား ...အဘွားဆီ အရင်သွားလိုက် .....အပြန်ကျရင် ကိုယ်လိုက်ပို့ပေးမယ် " **** အနီရင့်က ပိုက်ဆံ ထည့်ထားတဲ့စာအိတ်လေးအိတ်ကို လူကြီးတွေရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး ထိုင်ကန်တော့လိုက်တယ်။ အဘွားက ဆုတွေတောင်းပေးနေပေမဲ့ နှလုံးသားထဲမှာ နာကျင်နေလွန်းလို့ ဆုတောင်းသံတွေကို အနီရင့်ရဲ့နားထဲမှာမကြားတစ်ချက် ကြား တစ်ချက်နဲ့ဖြစ်နေတယ်။ " သမီးတို့ မင်္ဂလာပွဲကို ဘယ်တော့လောက်လုပ်မယ်စိတ်ကူးထားကြလဲ .. " မမေးစဖူး ရုတ်တရက် ထမေးလိုက်တဲ့ အဘွားရဲ့အမေးကြောင့် အနီရင့် အဘွားကို ယောင်အအနဲ့ မော့ကြည့်လိုက်မိပြီး ပါးစပ်ထဲရှိရာကို ဖြေလိုက်မိတယ်။ " မတိုင်ပင်ရသေးဘူး အဘွား ...အနီရင့် အဖေဆီသွားလည်အုံးမလို့ ." အနီရင့်ရဲ့ အဖြေကြောင့် အဘွားတို့ အားလုံး နှုတ်ဆိတ်သွားကြတယ်။ဦးလေးရဲ့ ဇနီးဖြစ်တဲ့ မကေ ဇင်ရဲ့ မိခင်ဖြစ်သူက အနီရင့်ကိုကြည့်ပြီး လှစ်ခနဲပြုံး လိုက်တာကို အနီရင့်က တွေ့ဖြစ်အောင် တွေ့လိုက်မိတယ်။ ****** ကိုဘုန်းကို ရှောင်တိမ်းပြီး အနီရင့် ကိုယ့်ဘာသာ အိမ်ကို ပြန်လာခဲ့တယ်။အနီရင့် ကိုဘုန်းနဲ့ မတွေ့ချင်တော့ပါ။ စကားချိုချိုလေးတွေပြောပြီး အပျော့ဆွဲ ဆွဲတတ်တဲ့ ကိုဘုန်းရဲ့အကျင့်တွေကို အနီရင့် သည်းမခံချင်တော့ဘူး။ အဆိုးရွားဆုံးကတော့ ခုလို ပေါ်ပေါ်ထင်ထင် လူမှုရေး ဖောက်ပြန်နေတာကိုလုံး၀လက်မခံနိုင်ပါ။အရင်ကတည်းက ကိုဘုန်းရဲ့ပုံစံပြောင်းလဲလာတာကိုသိခဲ့ပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာရော ငယ်သံယောစဉ်တွေကြောင့်ပါ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေခဲ့တာ။ ခုတော့ ဒီဒုက္ခတွေကို အနီရင့်မခံစားချင်တော့ဘူး ။ တစ်ယောက်တည်း အေးအေးဆေးဆေးပဲ နေချင်မိတော့တယ်။ အနီရင့်ရဲ့ အိမ်ရောက်တာနဲ့ အိမ်မှာရှိတဲ့ ကိုဘုန်းရဲ့ ပစ္စည်းတွေရယ် ပြီးတော့ ကိုဘုန်းပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို အိတ်တစ်လုံးထဲ စုပြီးသိမ်းဆည်းလိုက်တယ်။ " ဒေါက် ..ဒေါက် " " အနီရင့် ....မင်း ခုချက်ချင် တံခါးဖွင့်ပေး...ကိုယ်ပြောနေတာ ကြားလား ...တံခါးဖွင့်ပေးလို့ ပြောနေတယ်လေ " "ဒုန်း ...ဒုန်း " တံခါးကို တဒုန်းဒုန်းထုနေတဲ့ အသံတွေ။ကိုဘုန်းရဲ့ အော်ခေါ်နေတဲ့အသံတွေကို ကြားနေရပေမဲ့ အနီရင့် တုပ်တုပ်မလှုပ်ဘဲ ဆိုဖာပေါ်မှာ အသက်မဲ့သူလို ထိုင်နေမိတယ်။ပါးပြင်ပေါ်ကိုတပေါက်ပေါက်စီးကျလာတဲ့ မျက်ရည်တွေက တစ်ချက်တစ်ချက်မှာ လက်ဖမိုးပေါ်အထိ စီးကျလာတယ်။ " မိုးချုပ်နေလို့ ကိုယ်ပြန်တော့မယ် ... မနက် ကျင် ကိုယ်ထပ်လာခဲ့မယ် ..." လှေကားပေါ်က ဆင်းသွားတဲ့ ခြေသံကို ကြားလိုက်ရပြီးတဲ့ နောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားတယ်။ ******* အချိန်က မနက်ငါးနာရီကျော်ပဲ ရှိသေးတာမို့ လမ်းမပေါ်မှာ သွားလာသူ သိပ်မရှိသေးဘဲ တိတ်ဆိတ်နေဆဲပင်။အနီရင့်တစ်ယောက်တည်း လမ်းပေါ်မှာ အဓိပ္ပါယ်မဲ့လျှောက်သွားနေမိတယ်။ကိုဘုန်းကို မတွေ့ချင်လို့ ရှောင်ပြီး ထွက်လာခဲ့ပေမဲ့ ဘယ်ကို သွားလို့ သွားရမှန်းမသိ။ စောစောစီးစီး ဘုရားသွားရင်ကောင်းမလားတွေးခဲ့မိပေမဲ့ သွားချင်စိတ်က မရှိ ဘူး။အပူသောကတွေ တပွေ့တပိုက်နဲ့တော့ ဘုရားကို သွားချင်စိတ်မရှိတာမို့ အဓိပ္ပါယ်မဲ့လျှောက်သွားနေမိခြင်းပင်။ ******* "ဟူး "လင်းရိပ်မောပန်းလွန်းလှသဖြင့် လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်မိတယ်။မနက် ဆယ်နာရီလောက်ကတည်းက အိမ်ငှါးဖို့ လိုက်ကြည့်နေတာ အခုဆို နေ့ခင်း တစ်နာရီထိုးတော့မယ်။ အဆင်ပြေတဲ့အိမ်ကို မတွေ့သေးဘူး။လက်ထဲမှာ ငွေကြေးပြည့် ပြည့်စုံစုံ ရှိနေရင်တော့ လိုချင်တဲ့ အိမ်ကို အလွယ်တကူ ရနိုင်မယ်ထင်ပါတယ်။ခုဟာက ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ရတဲ့ အိမ်တွေက တစ်လုံးမှကို အဆင်ပြေတာ မရှိဘူး။ သဘောကျမိတဲ့အိမ်တွေကျတော့လည်း ဈေးကသိန်းကျော်တွေချည်း။ဒီကြားထဲ ခြောက်လတစ်နှစ်စာ စာချုပ်ခိုင်းကြတာမို့ အဆင်မပြေလှ။ "တစ်ခု အကြံပေးမယ်နော် ...မောင်လေးနိုင်လောက်မဲ့ ဈေးနဲ့ဆို မြို့သစ်ဘက်မှာ သွားကြည့်မလား ...အဲ့ဒီဘက်မှာတော့ လုံးချင်းလေးတွေကသိန်း မကျော်ဘူး" အိမ်လိုက်ပြပေးတဲ့ အစ်မရဲ့ စကားကြောင့် လင်းရိပ် သက်ပြင်း ထပ်ချလိုက်မိပြန်တယ်။မြို့သစ်ဆိုတာက ဆေးရုံနဲ့ အသွားအလာ ဝေးလွန်းတယ်။မတော် ညရေးညတာဆို လင်းရိပ်လည်းသွားခက်လာခက်။တော်ရုံ အငှားကားတွေက ညနေစောင်းပြီဆိုတာ မြို့သစ်တွေဘက်ကို အငှါး မလိုက်ချင်ကြတော့ဘူး။မြို့သစ်ဘက်မှာ ခြံလေး တစ်ကွက်လောက်ဝယ်ဖို့ သွားကြည့်တုန်းက မြို့သစ်ရဲ့ အခြေအနေတွေကို အကုန်နီးပါး သိခဲ့ရတယ်လေ။ ပြီးတော့ လူစုံစရိုက်စုံမို့ ရောဂါသည် မိခင်နဲ့ အဆင်မပြေမှာလည်း

ကန်တော့ခိုင်းတာလေ။ကြည့်ရတာ အဖေက အနီရင့်ကို အဘွားတို့နဲ့ အဆင်ပြေစေချင်ပုံရတယ်။ တကယ့်လက်တွေ့မှာ အဘွားတို့ မိသားစုက အနီရင့်အပေါ် ဘယ်လောက်သူစိမ်းဆန်လဲ ဆိုတာ အနီရင့်ပဲအသိဆုံးမဟုတ်လား။ အဘွားတို့ ခြံ၀နားရောက်တော့ အနီရင့်အိမ်ထဲကို လှမ်းခေါ်ဖို့ပြင်လိုက်တဲ့ အချိန်မှာ ခြံထဲမှာရှိတဲ့ ဒါန်းပေါ်က မြင်ကွင်းကိုကြည့်ပြီး အနီရင့် ထိတ်လန့်တုန်လှုပ်သွားမိတာမို့ လက်ထဲက ပန်းသီးထုတ်က မြေပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျသွားတယ်။မြင်ကွင်းက အနီရင့် လုံးဝမထင်မှတ်ထားတဲ့ မြင်ကွင်း။ကိုဘုန်းနဲ့မကေဇင်တို့ ဒါန်းပေါ်မှာ နှစ်ယောက်သား ပျော်ရွှင်ကြည်နူးနေကြတာ။ကိုဘုန်းက မကေဇင်ရဲ့ ပခုံးလေးကို ဖက်ထားသလို မကေဇင်ကလည်း ကိုဘုန်း ရင်ခွင်ထဲမှာမှီနွဲ့လို့ နှစ်ယောက်သား တစ်လောကလုံးကို မေ့နေကြပုံရတယ်။အနီရင့် လုံးဝမထင်ထားခဲ့ဘူး။ အရင်တုန်းက ကိုဘုန်းကို သဝန်တိုပြီး စိတ်တိုတိုနဲ့သာ လျှောက်ပြောခဲ့တာ နောက်ကွယ်မှာ ဒီလို ဖောက်ပြန်နေကြလိမ့်မယ် လုံးဝကို မထင်ခဲ့မိတာ။ ကိုဘုန်းက နေလာခဲ့တဲ့ တောက်လျှောက်မှာ မကေဇင်ကို အိမ်နီနားချင်း တစ်ယောက်ထက်ပိုပြီး စကားဟဟ တောင်ပြောခဲ့တာ မဟုတ်ဘူးလေ။မကေဇင်ကလည်း ရိုးရိုးအေးအေးနဲ့ ဒီလို လုပ်လိမ့်မယ်လို့ လုံးဝကို မထင်ရတဲ့ပုံခံမျိုးလေ။အခုတော့ အနီရင့်နဲ့ ကိုဘုန်းအကြောင်းကို တစ်ဆွေ တစ်မျိုးလုံး သိနေကြမှန်း သိသိနဲ့ နှစ်ယောက်သားလုပ်ရက်လိုက်ကြတာ။ကိုဘုန်းတို့နှစ်ယောက်ကိုကြည့်ပြီး အနီရင့် ဒေါသတွေတလိမ့်လိမ့်ထွက်လာမိတယ်။ စိတ်ရှိတိုင်းသာဆို ခြံတံခါ ကိုဆောင့် တွန်းဖွင့်ပြီး နှစ်ယောက်လုံးကို ပြေးပြီး ရိုက်နှက်ပစ်လိုက်ချင်တာ။ အနီရင့် အံကိုတင်းတင်းကြိတ်ပြီး နှစ်ယောက်လုံးကို စက်ဆုပ်ရွံ့ရှာစွာ ကြည့်ပစ်လိုက်ပြီ တံခါးသံတိုင်က သော့ခလောက်ကို သံတိုင်နဲ့ ခေါက်ပစ်လိုက်တယ်။ အသံကြောင့် ကိုဘုန်းနဲ့မကေဇင်တို့ အနီရင့်ရှိရာ ခြံတံခါ တကို လှမ်းကြည့်ကြတယ်။ပြီးတော့ နှစ်ယောက်သား အနီရင့်ကို မြင်တော့ မျက်စိမျက်နှာပျက်သွားကြတယ်။ အနီရင့်ကတော့ မျက်နှာကို ခပ်တည်တည်ထားပြီး ရပ်နေလိုက်တယ်။ " နီ ....လာလည်တာလား ...လာလည်မယ်ဆို ကိုယ့်ကို ပြောရင်း ကိုယ် လာကြိုမှာပေါ့ " ကိုဘုန်းက ပြောရင်း ခြံတံခါးနားကိုလျှောက်လာတယ်။ပြီးတော့ ခြံတံခါဂျလက်ကို ဖွင့်လိုက်တယ်။မကေဇင်ကတော့ ဒါန်းပေါ် ကထသွားပြီး အိမ် ထဲကို ဝင်သွားတယ်။ " အဘွားရှိလား " အနီရင့် ကိုဘုန်းကို အသံခပ်မာမာနဲ့ မေးလိုက်တယ်။ " ရှိ ..ရှိတယ်လေ နီ .." ကိုဘုန်းက ဖြေရင်းနဲ့ အနီရင့်လက်ကို လှမ်းဆွဲတယ်။ အနီရင့်က ကိုဘုန်းရဲ့ လက်ကို ဆတ်ခနဲ ခါထုတ်ပစ်လိုက်တယ်။ပြီးတော့ ကိုဘုန်းကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်ပစ်လိုက်ပြီး အနားကို ကပ်ပြောလိုက်တယ်။ " လာမထိနဲ့ ရွံတယ်...ခုချိန်ကစပြီး ကိုဘုန်းနဲ့ ကျွန်မ ရဲ့ ဇာတ်လမ်းပြီးသွားပြီ" ################# အပိုင်း (၁၂ ) ဆက်ရန် ဧကြည်ဖြူ