ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
ဒီပြဿနာတွေ အစပျိုးမဲ့နေ့တစ်နေ့ အကြောင်းကို မှတ်မှတ်ရရပြောရအုံးမယ်။အဲ့ဒီနေ့က ဦးလေးက ကျွန်မကိုပြောတယ်။မိဘတွပေးတားခဲ့တဲ့ ရတနာပစွည်းတွေကိုထုတ်ရောင်းပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ပါလားလို့ ပြောခဲ့တယ်။ ကျွန်မက ငြင်းဆန်လိုက်တယ်။အလုပ်ကလဲ ကြာရှည်မလုပ်ပါဘူး ဦးလေးရယ်လို့ ပြောလိုက်တယ်။သုံးလေးလ နေရင် သမီးလက်ထပ်ဖြစ်ချင်လက်ထပ်မှာလို့ဖြေခဲ့လိုက်တယ်။ ဟုတ်တယ်လေ ရှင်ပြန်လာရင် ကျွန်မကိုလက်ထပ်ခွင့်တောင်းမယ်လို့ ယုံကြည်ခဲ့တာကို။ ဦးလေးက ပြောတယ် ရှင့်ကိုသူနဲ့ မိတ်ဆက်ပေးပါတဲ့။ခက်တာက ရှင်နဲ့ကျွန်မက ချစ်သူတွေမှမဟုတ်တာ။ နောက်တော့ဦးလေးကပြောသေးတယ်။ မိဘတွေပေးခဲ့တဲ့ ရတနာတွေပစ္စည်းတွေ ဘယ်မှာသိမ်းထားလဲတဲ့။ချစ်သူကရော အဲ့ဒီအကြောင်းကိုသိလား။ ယုံကြည်ရရဲ့လားလို့ မေးခဲ့သေးတယ်။ ကျွန်မ ဘာမှပြန်မဖြေဘဲနေခဲ့လိုက်တယ်။ဦးလေးလဲ ဘာမှဆက်မမေးတော့ဘဲ့ ... နောက်သုံးရက်နေရင် သူဖွင့်ထားတဲ့တည်းခိုခန်းမှာအလှူပွဲလေးလုပ်ဖို့ရှိတာမို့ ကျွန်မနဲ့ ဒေါ်ကြီးသီရော ဦးဗလကိုပါ လိုက်ကူညီပေးဖို့ ပြောခဲ့တယ်။အဲ့ဒီမှာ အဲ့ဒီနေ့မှာပဲကျွန်မ ရဲ့ အဖြစ်ဆိုးကြီးကစတင်ခဲ့တာပါ ။ @@@@@@@@@@@@#@@@@@@@@@@ အပိုင်း ( ၁၇ ) ဆက်ရန် #ဧကြည်ဖြူ ၁၆-၄ .၂၀၂၃

"ဟင့်အင်း မသိပါဘူး မနွေရယ် .. ပိန်သေးက ဆေးသောက်ဖို့နဲ့ အစားကျွေးဖို့ပဲ တာဝန်ယူရတာလေ .. ကျန်တာကအဝတ်အစားလဲတာကအစ ဒေါ်ကြီးခိုင်နဲ့ ညှပ်စိပဲ လုပ်တာလေ ..ညှပ်စိတော့သိမယ်ထင်တယ် " "ဟုတ်လား ..နောက်ကြုံမှ ညှပ်စိကိုမေးကြည့်အုံးမယ် " ~~~~~ အဝတ်တွေ လျှော်ရင်း၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ညှပ်စိကို ဖူးငုံပွင့်ချောင်းနေခဲ့ပေမဲ့ ညှပ်စိက ဒေါ်ခိုင်နဲ့မလှမ်းမကမ်းမှာပဲ ရှိနေတတ်တာမို့ ဖူးငုံပွင့်စိတ်လျှော့လိုက်ရတော့တယ်။ မနက်ခင်းအလုပ်တွေပြီးလို့ ဖူးငုံပွင့်တို့နေ့လယ်စာစားပြီးကြချိန်မှာတော့ ညှပ်စိက ဖူးငုံပွင့်တို့အနားကိုရောက်လာခဲ့ပြီး "မနွေကို အစ်ကိုလေးခေါ်နေတယ် ..အစ်ကိုလေးက အလုပ်အရေးတကြီးလုပ်ရမှာမို့ ....အဘိုးကို မနွေကစာဖတ်ပြပေးပါတဲ့ " " အင်း ..အင်း " ပြောပြီးတာနဲ့ ညှပ်စိက ဒေါ်ခိုင့်နားကို လှစ်ခနဲ ပြန်ပြေးသွားတာမို့ ဖူးငုံပွင့်အခန်းထဲကိုကမန်းကတန်း ပြေးဝင်ခဲ့ပြီး မျက်နှာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်တယ်။ ~~~~~ "ဒီမှာပဲဖတ်နော် ... ကိုယ် အခန်းပြင်က လျှောက်လမ်းမှာရှိနေမယ် ကြားလား " သူမမျက်နှာကို ပြုံးမြမြ စိုက်ကြည့်ပြီး အခန်းပြင်ကို ထွက်သွားတဲ့ ခက်ဝေလတ်ကြောင့် ဖူးငုံပွင့်စိတ်ထဲမှာ လုံခြုံသွားသလို ခံစားလိုက်ရတယ်။ခက်ဝေလတ်က တံခါးကို အပြင်ကပိတ်လိုက်တာနဲ့ ငုဝါပေးလိုက်တဲ့ စာအုပ်လေးကို ဖူးငုံပွင့်ဖွင့်ဖတ်လိုက်တယ်။ ~~~~~~~ ကျွန်မဒီစာကို ရေးနေချိန်မှာ ကျွန်မရဲ့နှလုံးသားတွေ တစ်စစီကြွေမွပျက်စီးနေခဲ့တယ်ဆိုရင် ရှင်ယုံပါ့မလားဟင်။ ယုံပါလို့လဲ ဇွတ်မပြောချင်တော့ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်မဘ၀က မဖြူစင်တော့ဘူးလေ။ ကျွန်မက ရှင်နဲ့ မထိုက်တန်တော့ပါဘူးလေ။ ကျွန်မရဲ့ မိုက်မဲမှုတွေအတွက် ကျွန်မရဲ့ဘဝလမ်းကို ကျွန်မကိုယ်တိုင်ပဲ ရွေးချယ်ရတော့မယ် ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ရှင်တစ်ယောက်တည်းပဲရှိတယ်ဆိုတာကိုတော့ ရှင့်ကိုပြောပြချင်တယ်။ရှင်က ကျွန်မကိုချစ်တယ်လို့မပြောခဲ့ပေမဲ့ "တစ်နှစ်အတွင်း ပြန်လာခဲ့မယ်ဆိုတဲ့ ရှင့်ရဲ့စကားကြောင့် ကျွန်မရှင့်ကို ဘယ်လို စောင့်မျှော်ပြီးဘယ်လိုနေထိုင်ခဲ့လဲဆိုတာတာ စာလုံးတွေအဖြစ် ချရေးလိုက်ပါတယ်။ဒါပေမဲ့ ဒီစာရေးနေချိန်မှာတော့ ကျွန်မအဖြစ်ကကျွန်မကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေခဲ့ပါပြီ။ ကျွန်မမိဘတွေရဲ့ ရက်လည်ပြီးတော့ ရှင်ပြန်သွားခဲ့တယ်နော်။မိဘတွေမရှိတော့တဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အိမ်ကြီးထဲမှာ ဦးလေးရယ်ကျွန်မရယ်ထမင်းချက်အဒေါ်ကြီးဒေါ်သီနဲ့ ခြံစောင့်ကြီးဦဗလတို့ပဲ ကျန်ခဲ့ကြတယ်။ ကျွန်မလေအထီးကျန်လွန်းလို့ ရှင်နဲ့ ဖုန်းပြောချိန်တိုင်း "ရှင့်ဆီကိုလိုက်ခဲ့ချင်တယ် "လို့ အရှက်မရှိပြောချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက မိန်းမသားလေ။ရှင့်ဆီက "ချစ်တယ် " ဆိုတဲ့ စကားကို မကြားရခင်မှာ မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းရမယ် မဟုတ်လား။ဒါကြောင့် ရှင်ပြောတာကို ယုံကြည်ပြီးစောင့်နေဖို့ပဲ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ တစ်နေ့မှာ ဦးလေးက ထူးထူးခြားခြား အမွေကိစ္စ စကားပြောလာတယ်။ဦးလေး ပြောတာက သူ့မှာငွေလိုနေလို့ ငွေနည်းနည်းလောက် ထုတ်ချေးပါတဲ့။ဦးလေးပြောတဲ့ငွေနည်းနည်းက ဘယ်လောက်လဲသိလား။သိန်းငါးရာတဲ့လေ။ဦးလေးစကားကြောင့် ကျွန်မအရမ်းအံ့ဩသွားခဲ့တယ်။ကျွန်မမှာ ဘယ်လိုလုပ်ပြီး အဲ့ဒီငွေတွေရှိမှာလဲ။ငွေသားဆိုလို့ ငွေသိန်းတစ်ရာလောက်ပဲကျန်တာလေ။ကျွန်မအလုပ်ထွက်လုပ်ဖို့ စီစဉ်နေတာလဲ ဦးလေးလဲသိတာမို့ ဦးလေးကလဲ ငွေကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတပ်မပြောတော့ပါဘူး။တစ်ခုတော့ရှိတယ်။လက်ရှိအိမ်ကိုပဲရောင်းထုတ်ရတော့မယ်လို့ ဦးလေးကပြောတယ်။ အမှန်တိုင်းပြောရရင် ဦးလေး အဲ့ဒီလိုပြောတော့ စိတ်မကောင်းဖြစ်ခဲ့မိတယ်။မိဘတွေနဲ့ နေခဲ့တဲ့အိမ်မို့ မရောင်းချင်ဘူးလေ။ ဒါပေမဲ့လဲ ဦးလေးလိုအပ်ရင်ရောင်းပါလို့ပဲ ပြောခဲ့လိုက်ပါတယ်။နောက်တော့ ဦးလေးလဲမရောင်းရက်လို့ထင်ပါတယ် အိမ်ရောင်းဖို့အကြောင်းကို မပြောတော့ဘူး ။ အဲ့ဒီလိုနဲ့ ကျွန်မအလုပ်ထွက်လုပ်တော့မဲ့ အကြောင်းကို ဦးလေးကို ပြောလိုက်တယ်။ပြောရရင် ဒီအဖြစ်ပျက်တွေက အဲ့ဒီအချိန်ကပဲစခဲ့တာထင်ပါတယ်။ တစ်နေ့မှာဦးလေးက ဒေါ်ညိုညိုမာကို အိမ်ကိုခေါ်လာခဲ့ပြီးကျွန်မနဲ့မိတ်ဆက်ပေးခဲ့တယ်။အလုပ်လုပ်ချင်ရင် ဒေါ်ညိုညိုမာဆီမှာ အကူအညီတောင်းတဲ့လေ။ အပေါင်းအသင်းမိတ်ဆွေများတဲ့ ဒေါ်ညိုညိုမာကို ကျွန်မယုံကြည်အားကိုးပြီး အလုပ်ရှာခိုင်းလိုက်တယ်။ ပြီးတော့သုခမြိုင်ရဲ့ ရုံးခန်းမှာစာရေးမ၀င်လုပ်ခဲ့တယ်။အဲ့ဒီမှာ ကိုသက်ဝေလတ်နဲ့ တွေ့ရတယ်။ ကျွန်မသူနဲ့ မိတ်ဆွေမဖြစ်ဖူးပေမဲ့ သူ့အကြောင်းတွေသိတာမို့ ဝေးဝေးကရှောင်ခဲ့ပါတယ်။သူကလဲ အလုပ်ထဲကို အမြဲမလာတာမို့ အဆင်ပြေခဲ့ပါတယ်။တကယ်လို့ များ အဲ့ဒီအချိန်ကသာ ဒီလိုပြဿနာတွေကြုံရမယ်ဆိုတာသိရင် ကျွန်မသုခမြိုင် ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့မှာမဟုတ်သလို ရှင်ထင်ချင်ရာထင်ပါစေ ရှင်ရှိနေတဲ့နေရာကိုလိုက်လာခဲ့မိမှာပဲ။

ခက်ဝေလတ်ရဲ့ စကားကြောင့် ဖူးငုံပွင့်ယောင်နနနဲ့နှုတ်ကဆွံ့အပြီးခက်ဝေလတ်ကို ကြည့်လိုက်မိတယ်။ '' ဟုတ်တယ် .. ကိုယ့်ဘ၀မှာ ဘယ်မိန်းခလေးကိုမှ ရင်မခုန်ခဲ့ဖူးဘူး .. ကိုယ်အိမ်ကိုပြန်ရောက်ရောက်ချင်းနေ့က တံခါးလာဖွင့်ပေးတဲ့မင်းကိုမြင်လိုက်ရတာနဲ့ ကိုယ့်စိတ်တွေလှုပ်ရှားခဲ့တယ် ..ဒါကြောင့်လဲ မင်းလှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့မိတာ " ဖူးငုံပွင့်မျက်လုံးအပြူးသားနဲ့ ခက်ဝေလတ်ကို မော့ကြည့်နေမိတယ်။ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့ မျက်နှာလေးကို စူးစိုက်ကြည့်ရင်း လေးနက်တည်ကြည်စွာ ထပ်ပြောလိုက်တယ်။ "ကိုယ် မင်းကိုချစ်တယ် ..တကယ်လို့မင်းက ကိုယ့်မိသားစုကို ဒုက္ခပေးမဲ့သူဆိုရင်တောင် ...မင်းကို ဒီအိမ်နဲ့အဝေးဆုံးကိုခေါ်သွားပြီး မင်းရဲ့အနားမှာပဲနေမယ်လို့ ကိုယ် ဆုံးဖြတ်ထားပြီးသားပါ ..ဒါပေမဲ့ အခုကိုယ်သိလိုက်ရတာက .မကြာခင် .. မင်းကို ကိုယ့်မိသားစုက အန္တရာယ်ပေးလိမ့်မယ်ထင်တယ် ..ဒီတစ်ပတ်အတွင်း မင်းအလုပ်ထွက်ပြီး ရန်ကုန်ကိုပြန်တော့ ... ကိုယ် ဒီမှာမငုဝါကိုကူညီပေးပြီးတာနဲ့ ရန်ကုန်ကို လာခဲ့မယ် .." ခက်ဝေလတ် ပြောနေတာတွေကို ဖူးငုံပွင့်ရှက်ရွံ့ရင်ခုန်စွာနားထောင်နေမိရင်း ခေါင်းကိုခါယမ်းပစ်လိုက်တယ်။ "ဟင့်အင်း ... ကျွန်မ မပြန်ဘူး ... မမညိုက ရှင့်ကိုစောင့်ကြည့်ဖို့ ကျွန်မကိုခိုင်းထားတယ် ... သူအဲ့ဒီလိုပြောတဲ့အချိန်မှာ ရှင့်အမေလဲ ရှိတယ် " ဖူးငုံပွင့်စိုးရိမိစိတ်နဲ့ ပြောလိုက်တော့ ခက်ဝေလတ်က ဖူးငုံ ပွင့်ရဲ့ လက်ဖဝါးတွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး "အဲ့ဒီကိစ္စက အဘိုးကိစ္စကြောင့်လဲ ပါတယ် ... အဘိုးက အမွေရထားတဲ့ရတနာပစ္စည်းအချို့ကို ဝှက်ထားတယ်လို့ အဖေတို့ပြောဖူးတယ် ..သူတို့စိတ်ထင်ရတနာတွေ ဝှက်ထားတဲ့နေရာကို.. ကိုယ်သိနေ တယ်လို့ ထင်နေကြတာ ..အမွေကိစ္စတွေက တကယ်ရှုပ်တယ် ကိုယ်အဲ့ဒါတွေ စိတ်မ၀င်စားဘူး .. ကျေးဇူးရှင်အဘိုးစိတ်ချမ်းချမ်းသာသာနေစေချင်လို့... ကိုယ်ဒီကို ပြန်လာခဲ့တာ .. ကိုယ့်အတွက် မစိုးရိမ်နဲ့ ... ကိုယ်ကသူတို့ ရဲသွေးသားရင်းပါ ... ကိုယ့်ကိုတော့ အန္တရာယ်ပေးမှာမဟုတ်ပါဘူး ..ဒီတစ်ရက်နှစ်ရက်အတွင်းမှာ နွေပြန်လိုက်တော့နော် ... နွေရှိနေရင် ကိုယ်စိတ်မဖြောင့်ဘူး ..အန်တီညိုက သိပ်ကိုလည်တာ ..ကြာလာရင် နွေ့ကိုကိုယ်ချစ်နေတာကို ရိပ်မိသွားလိမ့်မယ် .. ကိုယ်ပြောတာနားထောင်ပါနော် " ဖူးငုံပွင့် ဘာဆက်ပြောရမှန်းမသိဘဲ ခက်ဝေလတ်ကိုသာကြည့်နေမိတယ်။သူမရဲ့အဖြစ်က ကိုယ်ရင်ခုန်နေမိသူဆီက ချစ်စကားကို ကြားခွင့်ရလိုက်ပေမဲ့ ချက်ချင်းလိုပဲ အဝေးကိုထွက်သွားဖို့စကားကိုပါ ကြားလိုက်ရတာလေ ။ "ကျွန်...ကျွန်မ ပြန်ဖို့အတွက်ကို စဉ်းစားပါ့မယ် ..ဒါပေမဲ့ ဒီစာအုပ်ကိုတော့ ဖတ်ခွင့်ပြုပါကိုခက် ..ကျွန်မစခဲ့မိတဲ့ ဇာတ်လမ်း မို့ ကျွန်မသိချင်တယ်..ပြီးရင် ကို ခက်ရဲ့စကားကို ကျွန်မနားထောင်ပါ့မယ် " ဖူးငုံပွင့်ရဲ့စကားအဆုံးမှာ သက်ဝေလတ်သက်ပြင်းမောကို ချလိုက်ပြီး ''အင်းပါ ဖတ်ရပါမယ် ..ဒါပေမဲ့ ဒီစာအုပ်ကို နွေယူသွားလို့မဖြစ်ဘူး ..တစ်ယောက်ယောက် သိသွားရင်း အရမ်းအန္တရာယ်များ တယ် ..အဲ့ဒီတော့ ဒီစာအုပ်ကို ကိုယ်ယူထားမယ် ..နေ့ခင်းကျရင် အဘိုးအခန်းထဲမှာ လာဖတ် .. ပြီးတော့ ဒီအိမ်မှာဘယ်သူ့ကိုမှ မယုံနဲ့နော် .. တစ်ခုခုထူးဆန်းတယ်ထင်တာနဲ့ ကိုယ့်ကိုပြောနော် ကြားလား " " ဟုတ် ..ဟုတ်ကဲ့ပါ " ခက်ဝေလတ်က သူမမျက်နှာကို သူ့လက်ဖဝါးနဲ့ အသာဆွဲမော့ယူရင်း ပြောလိုက်တာမို့ ဖူးငုံပွင့် ကမန်းကတန်း ခေါင်းငြိမ့်ပြလိုက်ရတယ်။ "ကဲ ..ကိုယ်..အရင်သွားနှင့်မယ် မင်းက နောက်မှဆင်းလာခဲ့ ...ဪ ..ပြောစရာရှိသေးတာပဲ .. ကိုယ့်အချစ်ကိုလက်ခံတယ်ဆိုရင် ...ညကျရင် လက်ဆောင်ပေးထားတဲ့အနွေးထည်ဝတ်ပြီး ဝရံတာကိုထွက်လာခဲ့နော် " ပြောပြီးတာခက်ဝေလတ်က အပြုံးလေးနဲ့ နှုတ်ဆက်ပြီး အခန်းပြင်ကို ထွက်သွားခဲ့တယ်။ကျန်ခဲ့တဲ့ ဖူးငုံပွင့်မှာတော့ ရင်ခုန်တာရောရင်တုန်တာပါပေါင်းပြီး လူတစ်ကိုယ်လုံး ကြက်သီးတွေထကာ တုန်ယင်နေမိတယ်။ ~~~~~ " မနွေ အလုပ်ထွက်မှာလားဟင် " " ဘာဖြစ်လို့ မေးတာလဲ ပိန်သေးရဲ့ " ပိန်သေးရဲ့ စကားကြောင့် ဖူးငုံပွင့် ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ပြန်မေးလိုက်မိတယ်။ "မနေ့ကကိစ္စလေ မနွေရဲ့..မမညိုက သိပ်လွန်တာပဲ ..ပိန်သေးဖြင့် ချက်ချင်းအလုပ်ထွက်သွားချင်တာ ..အမေတို့က လစာတွေကြိုယူထားလို့သာပေါ့ ..ပိန်သေးတော့ ဖြစ်နိုင်ရင် အမေတို့လိုဈေးတောင်းခေါင်းရွက်ပြီးသာ ရောင်းစားလိုက်ချင်တော့တယ် ...ဒီမှာလဲ နေရိပ်ထဲမှာလုပ်ရတာပဲ ရှိပါတယ်မနွေရယ် ..မိုးလင်းမိုးချုပ်နားမှမနားရတာ " "ပိန်သေးရယ် .. အစ်မပြန်ရင် ပိန်သေးကိုပါ ခေါ်သွားချင်တယ် ..တကယ်ပြောတာ " ပိန်သေးကို ကြည့်ပြီး ဖူးငုံပွင့်စာနာစိတ်နဲ့ ပြောလိုက်မိတယ်။ " ဒါနဲ့ ပိန်သေးကိုမေးရအုံးမယ်...အဘိုးအောင်ဒင်ကို ပြုစုပေးဖူးတယ်မဟုတ်လား ...အဲ့ဒါ ဟိုလေ ..အဘိုးခြေထောက်မှာ ဒဏ်ရာဟောင်းတွေရှိတာလားဟင်....တစ်ခါတလေ အဘိုးက ခြေထောက်ကို လက်ညှိုးထိုးပြပြီး ဘာတွေပြောမှန်းမသိလို့ " ဖူးငုံပွင့် မုသားစကားကို ဆိုက ပိန်သေးကို မေးကြည့်လိုက်တယ်။

" ဒါနဲ့ မင်းအဲ့ဒီအိမ်ကို ရောက်နေရတဲ့ အကြောင်းအရင်းကို မပြောပြသေးဘူးနော် ..မင်းပြောပြမှ ကိုယ်လဲ ကူညီသင့်သလောက်ကူညီလို့ရမှာလေ " နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့် သက်ပြင်းကို ချလိုက်ပြီး "ကျွန်မလဲ ကိုနေလင်းကိုပြောပြမလို့ပါပဲ ..ဒီနေ့တော့ အခြေအနေတွေနည်းနည်းရှုပ်နေလို့ စကားအကြာချည်းပြောလို့ အဆင်မပြေဘူး ... နောက်ရက်မှဖုန်းဆက်လိုက်မယ် ..ဪ ဒါနဲ့ ... အရုပ်လေးကပိုင်ရှင်ဆီရောက်ပြီလို့ ပြောလိုက်ပါအုံး ..အဆင်ပြေမပြေကိုတော့ မသိရသေးဘူးလို့ ပြောပေးပါအုံး..ဒါပဲနော် " ဖုန်းပြောပြီးတာနဲ့ ဖူးငုံပွင့်ဝရံတာဘက်ကို ထွက်ခဲ့လိုက်တယ် ။ဝရံတာက ညအမှောင်အောက်မှာ မှောင်မည်းတိတ်ဆိတ်နေခဲ့တယ်။ဖူးငုံပွင့် အမှောင်ထဲမှာရပ်နေပြီး ခက်ဝေလတ် အလာကိုမျှော်နေမိပေမဲ့ ခက်ဝေလတ်ရဲ့ အရိပ်အယောင်ကိုတောင်မမြင်ရ။ ဖူးငုံပွင့်ရင်ထဲ ပူလောင်လာမိတယ်။အစ်ကိုဖြစ်သူနဲ့များပြဿနာတက်နေပြီလားလို့ တွေးလိုက်မိတော့ လူက နေမထိထိုင်မသာပင်ဖြစ်လာတယ်။ဖုန်းလေးကိုထုတ်ကြည့်ပြီး ခက်ဝေလတ်ဆီ ဖုန်းဆက်ဖို့ပြင် လိုက်တယ်။ ဒီတော့မှပဲ ခုနသူမဖုန်းပြောနေတုန်းက မက်ဆေ့ဝင်ထားတဲ့စာကိုတွေ့လိုက်ရတယ် " ကိုယ်ဒီညအရက်သောက်မိလိုက်လို့ မင်းဆီကိုမလာတော့ဘူးနော် ..ပြီးတော့ မင်းကိုယ့်အခန်းထဲမှာ တစ်ခုခုဝှက်ထားတယ်ဆိုရင်လဲ ..တက်မယူနဲ့နော် ..အန်တီညိုကိုကြည့်ရတာ ကိုယ့်အခန်းကိုမသင်္ကာတဲ့ပုံပေါ်နေလို့ .. ကိုယ် ဒီည အပေါ်ထပ်မှာပဲအိပ်လိုက်မယ် ..မင်းတစ်ခုခုဝှက်ထားခဲ့ရင်လဲ စိတ်ချလက်ချ အိပ်လိုက်ပါ " စာကိုဖတ်ပြီး ဖူးငုံပွင့်ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားသလို ရင်တွေလဲတသိမ့်သိမ့်ခုန်ပြီး ကြည်နူးသွားမိတယ်။ဖူးငုံပွင့်ကြုံတွေ့ရမှာကဘယ်လိုအကြောင်းအရာတွေမှန်းမသိပေမဲ့ ဆိုးဝါးတဲ့ကိစ္စတွေ မဖြစ်ဖို့စိတ်ထဲကနေ အခါခါဆုတောင်းနေမိလေတယ်။ ~~~~~ ခါတိုင်းလိုမနက်ပိုင်း ကားတွေ အသီးသီးထွက်သွားကြချိန်မှာ သက်ဝေလတ်တို့ကားကို ဖူးငုံပွင့် အကဲခတ်ကြည့်လိုက်မိတယ်။ ထုံးစံအတိုင်း သက်ဝေလတ်ရဲ့ မျက်နှာက တင်းမာနေပြီး ငုဝါက ခေါင်းကို ငုံ့ထားတယ်။ဖူးပုံပွင့် သက်ပြင်းကို မသိမသာချလိုက်ပါ မိတယ်။အိမ်ထောင်သက် သုံးလေးလကို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဖြတ်သန်းနေရတဲ့ ငုဝါကို ကြည့်ပြီးရင်ထဲမှာ ကိုယ်ချင်းစာပြီး သနားနေမိတယ်။ ~~~~~~~ "ဟဲ့ ..မိနွေ ဒီကိုလာအုံး " ဖူးငုံပွင့်ခြံတံခါးဖွင့်နေချိန်မှာ ကားပေါ်ကနေ လှမ်းခေါ်လိုက်တဲ့ ဒေါ်ညိုညိုမာရဲ့ ခေါ်သံကြောင့် ဖူးငုံပွင့်ကားနားကို အပြေးသွားလိုက်ရတယ်။ "မနေ့ညက ငုဝါကညည်းတို့ကို တစ်ခုခုခိုင်းသေးလား ... ငါ့တူ ခက်ဝေလတ်ဆီကို တစ်ခုခုပေးခိုင်းတာတို့ ဘာတို့မျိုးပေါ့အေ " ဒေါ်ညိုညိုမာရဲ့ အမေးကြောင့် ဖူးငုံပွင့်မျက်နှာမပျက်အောင် ထိန်းလိုက်ပြီး ခေါင်းကို ခါယမ်းပြလိုက်တယ်။ "မခိုင်းပါဘူး မမညို " " အေး ..အေး ..ပြီးရော ...ငါ့တူကိုလဲ စောင့်ကြည့်ထားအုံး ကြားလား " ဒေါ်ညိုညိုမာ ဒီစကားကို ပြောနေချိန်မှာ ကားထဲမှာဒေါ်ဝေဝေမာလဲ ရှိနေတာမို့ ဖူးငုံပွင့်အံ့ဩသွားမိတယ်။ဘာမှန်းသေချာမသိပေမဲ့ ခက်ဝေလတ်အတွက်ပါ စိတ်ပူသလို ဖြစ်သွားမိတာအမှန်ပါပင်။ ~~~~~~ အိမ်သားတွေအားလုံးထွက်သွားပြီးချိန်မှာတော့ ဒေါ်ခိုင်တို့အလစ်ကိုချောင်းပြီး ဖူးငုံပွင့် အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။ အပေါ်ထပ်တစ်ထပ်လုံးက လူသူကင်းမဲ့နေတာမို့ တိတ်ဆိတ်ငြမ်သက်နေခဲ့တယ်။ဖူးငုံပွင့် ခြေလှမ်းတွေကိုခပ်ဖွဖွလုမ်းပြီး ခက်ဝေလတ်ရဲ့ အခန်းကိုဖွင့်လိုက်တယ်။ပွင့်သွားတဲ့တံခါးကနေ ဖူးငုံပွင့်အခန်းထဲကိုဝင်လိုက်ပြီး သိမ်းထားခဲ့တဲ့ စာအုပ်လေးကိုယူဖို့လုပ်လိုက်တော့ စာအုပ်ကရှိမနေတော့။ ဖူးငုံပွင့်တစ်ကိုယ်လုံးထူပူသွားပြီး ထပ်ပြီးရှာလိုက်တယ်။သို့ပေမဲ့ စာအုပ်နဲ့တူတာဆိုလိုစာရွက်တစ်ရွက်ပင် ရှိမနေခဲ့တာမို့ ဖူးငုံပွင့်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး မျက်ဝန်းအိမ်မှာရည်တွေပါစို့တက်လာချိန်မှာ အခန်းတံခါးက ဖျတ်ခနဲပွင့်လာခဲ့တယ်။တုန်တုန်လှုပ်လှုပ်နဲ့ သူမအခန်းဝကိုကြည့်လိုက်မိတယ်။ "ဒါကိုရှာနေတာလား " ခက်ဝေလတ်က စာအုပ်လေးကို မြှောက်ပြရင်း မေးလိုက်တာမို့ ဖူးငုံပွင့်ရင်ထဲလှိုက်ခနဲ ပျော်ရွှင်သွားမိတယ်။ "ဒီစာအုပ်က မင်းထားခဲ့တာကို ကိုယ်သိပါတယ် ... ကိုယ့်ကို ခွင့်လွှတ်ပါ စာအုပ်ကိုဖတ်ကြည့်လိုက်မိတယ်... " "ဖတ်လိုက်တယ် ဟုတ်လား ....ဘာ ..ဘာအကြောင်းတွေလဲဟင် " ခက်ဝေလတ်ပြောနေပုံက စိတ်ရှုပ်နေတဲ့အသွင်ပေါက်နေတာမို့ ဖူးငုံပွင့် သိချင်စိတ်နဲ့ မေးလိုက်မိတယ်။ ခက်ဝေလတ်က အမေးကို မဖြေဘဲ သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်တာမို့ ဖူးငုံပွင့်လန့်သွားမိတယ်။ "ဒီမှာ ...ကိုယ်ပြောမယ် သေချာနားထောင်.... သူရေးထားတာတွေ ကိုဖတ်ရတာ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးနိုင်တယ်...ရှင်းရှင်းပဲပြောမယ် .. ပြဿနာကဘာမှန်းသေချာမသိပေမဲ့ ..သူ့အတွက် အသက်အန္တရာယ်ပါရှိနိုင်တဲ့ပုံပဲ ... ဒီနေ့ကစပြီး ဒီကိစ္စကိုကိုယ်တတ်နိုင်သလောက် ကူညီမှာပါ ...ဒါပေမဲ့ ကိုယ့်အတွက်တော့ အားလုံးထက် မင်းကဦးစားပေးပဲ .. " "ရှင် "

#တိမ်ခိုးဝေတဲ့နွေ (အခန်းဆက် ဝတ္ထု) အပိုင်း (၁၆) ******* ဒေါ်ညိုညိုမာတံခါးကိုဖွင့်လိုက်ချိန်မှာ တံခါးကသော့မခတ်ထားတာမို့ ပွင့်ဟသွားခဲ့တယ်။ဒေါ်ညိုညိုမာကခြေထောက်တွေကို အသာလှမ်းလိုက်ပြီးအခန်းထဲကို၀င်ဖို့ပြင်လိုက်တယ်။ "အန်တီညိုပါလား... ကျွန်တော့်အခန်းထဲကို ဘာကိစ္စရှိလို့လဲ " ရုတ်တရက်အနောက်က ထွက်ပေါ်လာတဲ့ မေးသံကြောင့် ဒေါ်ညိုညိုမာရဲ့ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားရတယ်။ထိတ်လန့်သွားမိတဲ့စိတ်ကို ဒေါ်ညိုညိုမာထိန်းလိုက်ရင်း "ငါ့တူနဲ့ စကားပြောမလို့ပါကွယ် ..." အဒေါ်ဖြစ်သူရဲ့ အပြောကြောင့် ခက်ဝေလတ်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး "ကျွန်တော်ဒီအခန်းထဲမှာမနေဘူးလေ အန်တီညိုရဲ့..မေ့နေတာလား " " ဪ ..ဟုတ်သားပဲ ..ငါ့တူအောက်ထပ်ကိုလဲဆင်းမလာလို့...ဒီအခန်းထဲမှာ ရှိတယ်ထင်နေတာ " ဒေါ်ညိုညိုမာရဲ့ဖြေရှင်း စကားကို နားထောင်ပြီး ခက်ဝေလက်မသိသာပြုံးလိုက်တယ်။ "ကဲပါ အန်တီညိုဘာပြောစရာရှိလို့လဲ ပြောလေ " "ဪ ..ဒီ..ဒီလိုပါကွယ်...ငါ့တူ အိမ်မှာနေရတာ စိတ်ကျဉ်းကျပ်နေရင်... တည်းခိုးခန်းမှာပြောင်း နေမလား ....ကိုမင်းခိုင်ရဲ့ တည်းခိုခန်းမှာ အေးဆေးနေလို့ရတယ်..." "အန်တီညိုရယ် .. ခိုင်းဖို့အလုပ်သမားတွေပါ အဆင့်သင့်ရှိတဲ့အိမ်ကိုထားခဲ့ပြီး ...တည်းခိုခန်းမှာသွားနေရအောင် ကျွန်တော်ကရူးနေလို့လားဗျာ" ခက်ဝေလတ်ရဲ့ အပြောကြောင့် ဒေါ်ညိုညိုမာမျက်နှာကွက်ခနဲ ပျက်သွားပြီး "အေးပါကွယ် ..အန်တီက ငါ့တူလေး ...အိမ်ထောင်သည်တွေကြားမှာ စိတ်ရှုပ်နေမှာစိုးလို့ပါကွယ် " "ကျေးဇူးတင်ပါတယ် အန်တီညို ... ကျွန်တော်တော့ ဒီည မူးနေလို့ ဒီအခန်းထဲမှာ ခဏလှဲလိုက်အုံးမယ် ... ဒေါ်ခိုင့်ကို အဘိုးကို မကြာခဏ သွားကြည့်ခိုင်းလိုက်ပါအုံးနော် " " အေးပါ ..အေး ..အေး " ခက်ဝေလတ် အခန်းထဲကို ဝင်ပြီး တံခါးကို ခပ်ပြင်းပြင်းပိတ်လိုက်တယ်။ ~~~~ "ပြောစမ်း ..မိန်းမယုတ်မ ... ငါ့ညီကို နင်အတို့အထောင်သွားလုပ်လိုက်တာမဟုတ်လား ...ဘာလဲ ... ငါ့ညီကို အဓိဖမ်းချင်နေတာလား " " တော် .. တော်ပါတော့ ကိုသက်ဝေလတ်ရယ် ..လူကြားလို့လဲမကောင်းပါဘူး ..ရှင့်ညီနဲ့လဲ ငုဝါတစ်ခါမှကို စကားမပြောဖူးပါဘူး...ရှင်မတရားမစွပ်စွဲပါနဲ့ " " ဘာကွ..မင်းဘာပြောလိုက်တယ် ကဲကွာ... " " ဘုံး " ငုဝါ ရဲ့ ပြန်ပြောမှုကြောင့်သက်ဝေလတ်ဒေါသထွက်သွားရပြီး ငုဝါရဲ့ကျောပြင်ကို ဘုံးခနဲကန်ပစ်လိုက်တယ်။ "မင်းကများ ငါ့ကိုပြန်ပြောရဲနေတယ်ပေါ့လေ ...ဘာလဲ နင်ကောင့်ရှိတယ်ဆိုပြီး ...ငါ့ကိုအာခံနေတာလား ဟုတ်လား..ဒီမှာ မင်းမြဲမြဲမှတ်ထားတ သုခမြိုင်စံအိမ်မှာ ငါက မြေးဦးကွ ..ငါ့ကို ဘယ်သူမှ မတွန်းလှန်ရဲဘူး ..မင်းလို တောသူမကိုချစ်လွန်းလို့ မကွာပေးတာလို့ ထင်မနေနဲ့... အချိန်တန်ရင် ကွာရှင်းမှာ ...အေး မကွာရှင်းခင်တော့ မင်းကငါ့အပိုင်မို့ ငါနေခိုင်းသလိုနေ ကလန်ကဆန်လာမလုပ်နဲ့ ကြားလား .." "ဒေါက် ..ဒေါက် " ဒီအချိန်မှာပဲ သက်ဝေလတ်တို့ရဲ့ အခန်းတံခါးကို ခေါက်သံ ထွက်ပေါ်လာခဲ့တယ်။ " တောက် .. ဒီကောငလာရှုပ်ပြန်ပြီလား " သက်ဝေလတ်က တောက်တစ်ချက်ကိုခေါက်လိုက်ရင်း အခန်းတံခါးကို ဒေါသတကြီးနဲ့ဆွဲဖွင့်လိုက်တယ်။ ဒီအခါအခန်းဝမှာ ရပ်နေသူက သက်ဝေလတ်ထင်သလိုညီဖြစ်သူ ခက်ဝေလတ် မဟုတ်ဘဲ အဒေါ်ဖြစ်သူ ဒေါ်ညိုညိုမာဖြစ်နေခဲ့တယ်။ "တီညို ဘာလဲ ..ဘာကိစ္စဖြစ်ပြန်ပြီလဲ " " ဘာကိစ္စလဲဆိုတာထက် ...ငါ့တူ အခု အိပ်လိုက်တော့နော် ... ဟို ကောင် အငယ်ကောင် ဒီည အပေါ်ထပ်မှာ လာအိပ်နေတယ်.....စိတ်လျှော့လိုက်ပါတူလေးရယ် .. တီညိုတောင်းပန်ပါ တယ် ..ခဏတော့ သည်းခံပေးပါနော် " ဒေါ်ညိုညိုမာက တူဖြစ်သူကိုခပ်တိုးတိုးနှစ်သိမ့်လိုက်ရင်း ငုဝါကို ခပ်စိမ်းစိမ်းတစ်ချက်လှမ်းကြည့်လိုက်တယ်။ပြီးတော့မှ အခန်းရှေ့က ပြန်ထွက်ခဲ့ပြီး သူမ အခန်းဆီကို ပြန်ခဲ့လိုက်တယ်။ ~~~~.~~ ဖူးငုံပွင့်ဖုန်းလေးကိုကိုင်ပြီး အိပ်ရာခြေရင်းမှာထိုင်နေမိတယ်။ ပိန်သေးကတော့ ဒေါ်ညိုညိုမာရဲ့ နိုင့်ထက်စီးနင်း အပြုအမူတွေကြောင့်ကလေးတစ်ယောက်လို ငိုပြီး မောမောနဲ့အိပ်ပျော်သွားခဲ့ပြီ။ မအိပ်နိုင်သူက ဖူးငုံပွင့်ပါ။ နေလင်းဆီကိုဖုန်းဆက်ဖို့အတွက် ပိန်သေးအိပ်ပျော်အောင်စောင့်နေခဲ့ရတယ်။ "ဟယ်လို " "ဟယ်လို့ ..ကိုနေလင်း ..ရှင်ရန်ကုန်ရောက်နေပြီလား ... ဘာသတင်းထူးသေးလဲ " တစ်ဖက်က နေလင်းရဲ့ထူးသံကိုကြားလိုက်ရတာနဲ့ သူမအလောတကြီးမေးလိုက်မိတယ်။ "အင်း .. ကိုယ်ရန်ကုန်ကိုရောက်နေပြီ ...သတင်းကတော့ သိပ်မထူးသေးဘူး .. ဦးအောင်မိုးရဲ့သားသမီးတွေ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က လှိုင်သာယာဘက်မှာနေခဲ့တယ်လို့ သတင်းရပေမဲ့လိုက်သွားကြည့်တော့ မသေချာပြန်ဘူး .. ဒါနဲ့ ဟိုတစ်ယောက်ကိစ္စ ရော အဆင်ပြေရဲ့လား ...အဘိုးကြီးကို သက်သေရှာတဲ့ကိစ္စကတော့ အဆင်မပြေရင်ထားလိုက်နော် ..ကိုယ့်ဘာသာစုံစမ်းပါ့မယ် ..." နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်စိတ်ပျက်အားလျော့သွားမိတယ်။ ဒီအချိန်မှာပဲ နေလင်းဆီ ကစကားသံကို ထပ်မံကြားလိုက်ရပြန်တယ်။

"ကျွန်တော် အဘိုးကိုပြုစုစောင့်ရှောက်ပေးချင်လို့ ပြန်လာတာပါအဖေ ... အဘိုးပြန်ကျန်းမာလာခဲ့ရင် ..ကျွန်တော်ရန်ကန်မှာ အလုပ်သွားလုပ်မှာပါ ... ဒါပေမဲ့အဖေတို့တိုက်ခန်းဝယ်ပေးစရာမလိုပါဘူး ... ကျွန်တော့်ပိုက်ဆံနဲ့ပဲ ၀ယ်မှာပါ .. ကျွန်တော်သွားအိပ်တော့မယ်... အဖေလဲအိပ်ပါတော့ ..ကျွန်တော့် ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် " ခက်ဝေလတ်က ဖခင်ကြီးကိုတောင်းပန်စကားပြောပြီး အခန်းထဲကထွက်ခဲ့လိုက်တယ်။ ~~~~~~ ဒေါ်ညိုညိုမာတစ်ယောက် လှေကားထစ်တွေအတိုင်းတက်လာခဲ့ရင်း စိတ်ထဲဘ၀င်မကျသလို ဖြစ်နေမိတာမို့ သူမအခန်းရှေ့ကိုရောက်တဲ့အခါ အခန်းထဲကိုမဝင်ဖြစ်သေးဘဲ တူဖြစ်သူသက်ဝေလတ်တို့ရဲ့ အခန်းကိုနားစွင့်ကြည့်လိုက်တယ်။အထဲမှာ ရန်ဖြစ်သံလိုလို ခပ်အုပ်အုပ်ဆူသံဆဲသံကိုကြားလိုက်ရတာမို့ ဒေါ်ညိုညို မာရဲ့ ခြေထောက်တွေက သက်ဝေလတ်တို့ရဲ့ အခန်းကိုကျော်ပြီး ခက်ဝေလတ်နေခဲ့တဲ့ အခန်းတံခါးရှေ့မှာရပ်လိုက်တယ်။ ခက်ဝေ လတ်ရဲ့အခန်းရှေ့မှာ တစ်ခဏကြာအောင် ဒေါ်ညိုညိုမာရပ်လိုက်ပြီးမှ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်တယ်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၁၆ ) ဆက်ရန် #ဧကြည်ဖြူ

သက်ဝေလတ်တစ်ယောက် စိတ်မရှည်စွာ ပြောလိုက်တော့ ခက်ဝေလတ်က လက်ထဲကခွက်ကို ဆတ်ခနဲမော့သောက်လိုက်ပြီး "ပြောမယ် ... ပြောချင်လို့ရဲဆေးတင်နေတာပါ ... တစ်နေ့ကအပြင်သွားရင် ကိုသက်နဲ့ မနန်းစိုးတို့အကြောင်းတွေသိခဲ့ရတယ်.... မနန်းစိုးအတွက် ကိုသက်ကအိမ်ငှားပေးထားတာ..ပြီးတော့ အဲ့ဒီအိမ်မှာတစ်ခါတစ်လေသွားနေလေ့ရှိတဲ့ သတင်းတွေကို ကြားခဲ့ရတယ် ... အဲ့ဒါက ဘာအဓိပ္ပါယ်လဲ ကိုသက် " "ဘာ ..ဘာကွ....မင်းဘာမဟုတ်တာတွေပြောနေတာလဲ ....နေပါအုံး ဟုတ်တော့လဲဘာဖြစ်လဲ ... ဒါကငါ့ကိစ္စလေ... မင်းနဲ့ဆိုင်လိုလား " သက်ဝေလတ်က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ "မဆိုင်ပါဘူး ... ဒါပေမဲ့ မြင်နေရတာ အမြင်မတော်လို့လေ .. နောက်မယားငယ်ယူထားပြီး ..မယားကြီးကိုနေ့စဉ်ရိုက်နှက်နှိပ်စက်နေတာ လူကြားလို့မကောင်းဘူးလေဗျာ ... မယားကြီးကိုမပေါင်းနိုင်ရင်လဲ ကွာရှင်းလိုက်လေ .. ကိုသက်အနေအထားနဲ့ဆို မိဘတွေပေးစားတာကို ကြောက်လို့ ယူထားရတဲ့အနေအထားမှမဟုတ်တာပဲ ..." "ဟေ့ကောင် မင်းတော်လိုက်တော့ ..လူတကာကိုမင်းဆရာကြီးလိုက်လုပ်မနေနဲ့ .. အထူးသဖြင့် ငါ့ကိစ္စတွေမှာ မင်းဝင်မပါနဲ့ .. ငါ့ဘာသာ မိန်းမဘယ်နှစ်ယောက်ယူယူ မင်းနဲ့ မဆိုင်ဘူး ..ရှင်းရှင်းပြောမယ်ကွာ ..ငါယူထားတဲ့မိန်းမကို ငါ့ဘာသာဘာလုပ်လုပ် မင်းဝင်ပါစရာမလိုဘူးရှင်းလား ..အေး ဒီလိုပြောထားတာကို ...ဝင်ပါနေမယ်ဆိုရင် ..မင်းကို အစ်ကိုရဲ့ မယားကိုကြာခိုမှုနဲ့ ..ငါကိုယ်တိုင်ထောင်ထဲပို့မှာ ကြားလား " သက်ဝေလတ်က ခနိုးခနဲ့ပြောပြီးရယ်လိုက်တယ်။ "ကိုသက်က အသက်သာကြီးလာတာ အသိဉာဏ်ကကြီးမလားဘူးပဲ ...ကိုသက်စိတ်နဲ့ ကျွန်တော့်ကိုလာမနှိုင်းနဲ့လေဗျာ...ကျွန်တော်က သူများသားမယားကိုကြာမခိုတတ်သလို .. သူများသားသမီးကို အနိုင်ကျင့်စော်ကားတာမျိုးလဲ မကြိုက်ဘူး....ကိုသက်ပြဿနာဖြစ်တိုင်း ...လိုက်ရှင်းပေးရတဲ့မိဘတွေကိုလဲသနားအုံးလေဗျာ..ပြီးတော့ ဖြစ်တဲ့ပြဿနာတွေကလဲ မိန်းမကိစ္စတွေချည်းပဲဆိုတာကိုလဲသိအုံး ....လူဆိုရင်ရှက်တတ်ပါအုံး " "ဘာကွ ..မင်း ... တောက်...ကဲ ကွာ " သက်ဝေလတ်က ဒေါသတကြီးနဲ့ တောက်တစ်ချက်ခေါက်လိုက်ရင်း ခက်ဝေလတ်ကိုထထိုးလိုက်တယ်၊၊ခက်ဝေလတ်က ငုံ့ ရှောင်လိုက်တာမို့ သက်ဝေလတ်မှာလေကိုသာထိုးမိသွားပြီးဒေါသပိုထွက်သွားကာ ခက်ဝေလတ်ကို ထပ်ပြီးထိုးဖို့ဟန်ပြင်လိုက်တယ်။ ဒီအချိန်မှာပဲ ဝရံတာအပေါက်ဝမှာ လူရိပ်ပေါ်လာပြီး "မင်းတို့တော်ကြစမ်း ..နှစ်ယောက်တွေ့လိုက်တာနဲ့ ထိုးမယ်ကြိတ်မယ်ဆိုတာပဲ ..မင်းတို့က ရန်သူတွေလားကွ ပြောလေ ..အသက်တွေလဲ မငယ်ကြတော့ဘူး ...အသိတရားမရကြသေးဘူးလား " ဦးမင်းလတ်ရဲ့ အသံဟိန်းထွက်လာပြီးနောက်မှာ ထိုးမယ် တကဲကဲဟန်ပြင်နေတဲ့ သက်ဝေ လတ်ကငြိမ်ကျသွားပြီး ဖခင်ကြီးရဲ့ရှေ့မှာ ချက်ချင်းသိုးငယ်လေးတစ်ကောင်လို အသွင်ပြောင်းသွားခဲ့တယ်။ "ကျွန်တော်မှားပါတယ်အဖေ....ကိုခက်က မဟုတ်တာတွေလာပြောနေလို့ ဒေါသထွက်သွားမိလို့ပါ " " အေး ..ဟုတ်ပြီး ..မင်းလဲကိုယ့်အခန်းကိုယ်ပြန်လိုက်တော့...သားငယ်ကိုခက်က အဖေတို့စကားပြောရအောင်ကွာ " ဦးမင်းလတ်ရဲ့ နှုတ်က စကားသံထွက်လာတာနဲ့ သက်ဝေ လတ်က ၀ရံတာဆီမှ လျင်မြန်စွာ ထွက်ခွါသွားခဲ့တယ်။ခက်ဝေလတ်က ဖခင်ကြီးခေါ်ဆောင်ရာနောက်ကိုလိုက်သွားခဲ့လိုက်တယ်။ ~~~~~~ "မင်းအသက်လဲ မငယ်တော့ဘူးလေ သားငယ် ....ခုချိန်ထိ အစ်ကိုနဲ့ လိုက်ပြိုင်ပြီးပြဿနာ ဖြစ်ချင်နေတုန်းပဲလား " ဖခင်ဖြစ်သူရဲ့ စကားကြောင့် ခက်ဝေလတ်ခေါင်းကိုခါယမ်းလိုက်ပြီး "ကျွန်တော်က ဘာကိုလိုက်ပြိုင်ရမှာလဲ အဖေ .. ကိုသက်ဘာတွေ လုပ်နေလဲဆိုတာကို အဖေတို့မသိလို့ ဒီလိုပြောနေတာပါ ..ကိုသက်က မနန်းစိုးနဲ့လဲတွဲနေတုန်းပဲအဖေ ..အိမတစ်လုံးငှားပြီးတော့ ထားထားတာ အဖေ" ခက်ဝေလတ်ရဲ့ စကားကြောင့် ဦးမင်းလတ်က သက်ပြင်းကို ချလိုက်ပြီး "သိတော့ရော အဖေတို့ကဘာလုပ်လို့ရမှာလဲ ..သူကလူပျိုဘဝတည်းက မိန်းမတွေနဲ့ရှုပ်တတ်တာလေ ..သူ့မိန်းမကကျေနပ်ပြီး အသံပိတ်နေတာကို... အဖေတို့က ဘာလုပ်ပေးရမှာလဲ .." ဖခင်ဖြစ်သူရဲ့ အေးဆေးတဲ့ အမူအရာကိုကြည့်ပြီး ခက်ဝေလတ် အားမလိုအားမရဖြစ်သွားမိပြီး "မဟုတ်သေးပါဘူး အဖေရယ် .. မရီးက လက်ခံတာသေချာလို့လား .. ကိုသက် မရီးကိုဒီလောက်ရိုက်နှက်နေတာကို... အဖေတို့မသိကြတာလားပြောပါအုံး " "တော်စမ်းကွာ သားငယ်...မင်းပဲသိမင်းပဲတတ်ပုံစံနဲ့ ဖအေကိုလာမပြောစမ်းနဲ့ ..လင်မယားဆိုတာ ဒီလိုပဲကွ ..မိသားစုက နေရာတကာ ဝင်ပါလို့မရဘူး ... မင်းမရီးအနေနဲ့ မတရားရိုက်နှက်ခံနေရတယ်ဆိုရင်လဲ .. အဖေတို့ကို ပြောလို့ရတယ်လေ...အဖေတို့ ညနေတိုင်းလိုလိုညနေစာတူတူစားနေကြတာ ငါ့သားလဲ အသိပဲလေ...သူဘာပြောလို့လဲ ..အချိန်ပြည့် ယောကျာ်းနားပဲကပ်ထိုင်နေတာလေ " ဖခင်ဖြစ်သူရဲ့ စကားကြောင့် ခက်ဝေလတ်မဝေခွဲနိုင် ဖြစ်သွားရတယ်။ "ကိုယ့်ဘာသာ အေးအေးဆေးဆေးနေစမ်းပါကွာ ..လင်မယားဆိုတာ အချိန်တန်ရင်ပြန်တည့်မှာ...ဒီမှာ နေရတာငါ့သားစိတ်ရှုပ်ရင် မြို့ထဲမှာနေမလားပြော .. ဒါမှမဟုတ် ရန်ကုန်မှာနေမယ်ဆိုရင်လဲ .. တိုက်ခန်းတစ်ခန်းဝယ်ပေးမယ် .. ငါ့သားသဘောပဲ " ဖခင်ဖြစ်သူရဲ့ စကားကြောင့် ခက်ဝေလတ်ကဖခင်ကြီးကို ကြည့်လိုက်ပြီး

ဒေါ်ညိုညိုမာရဲ့ အမိန့်ပေးသံဆန်လှတဲ့စကားကြောင့် ပိန်သေးနဲ့ ဖူးငုံပွင့်တို့မှာ မဆေးကြောရသေးတဲ့ ပန်းကန်တွေကို အထက်အောက် အပြန်ပြန်အလှန်လှန် သေချာပြသလိုက်ရတယ်။ ဒေါ်ညိုညိုမာရဲ့ အပြုအမူကို ပိန်သေးက ဘာမှနားမလည်နိုင်ဘဲကြောင်တောင်တောင်ဖြစ်နေချိန်မှာ ဖူးငုံပွင့်မှာတော့ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့ပြီး အသားများပါမသိမသာတုန်ယင်နေခဲ့တယ်။ဒီအချိန်မှာ ဒေါ်ညိုညိုမာက ဖူးငုံပွင့်တို့လုပ်သမျှကို မျက်တောင်မခတ်ဘဲကြည့်နေခဲ့တယ်။ပန်းကန်တွေ ကုန်သွားချိန်မှာတော့ ဒေါ်ညိုညိုမာက ညှပ်စိကိုလှမ်းခေါ်လိုက်တယ်။ "ညှပ်စိ ဒီကိုလာအုံး ...သူတို့နှစ်ယောက်ကိုယ်ပေါ်မှာရှာစမ်း ..အတွင်းခံတွေထဲပါရှာနော် " "ရှင် ..ဟုတ်..ဟုတ်ကဲ့ပါမမညို " ညှပ်စိက ကြောက်ကြောက် ရွံ့ရွံ့နဲ့ ပိန်သေးရဲ့ ခန္ဓာကိုယ်မှာ စပြီးရှာလိုက်တယ်။ ဖူးငုံပွင့် အံလေးကို မသိမသာကြိတ်လိုက်ပြီး "ဘာ..ဘာဖြစ်လို့ ..ကျွန်မတို့ကို ရှာတာလဲ မမညို ...ဘာပျောက်လို့လဲဟင် .. ကျွန်မတို့ ဘာမှမယူထားပါဘူးရှင် " "ညည်းပါးစပ်ကို ခဏလောက်ပိတ်ထားစမ်းပါလား မိနွေရယ် ..ဘာပျောက်ပျောက် ... ရှာနေရင် ငြိမ်နေလိုက်ပေါ့ ....ဒေါ်ခိုင်လာအုံး ..မိနွေဆီမှာလာရှာကြည့် ..အတွင်းခံအထည်ခံတွေပါရှာပါ.. " မိန်းမတစ်ယောက်ရဲ့အရှက်သိက္ခာကို ကိုယ်ချင်းမစာနာတဲ့ ဒေါ်ညိညိုမာရဲ့အပြုအမူနဲ့မောက်မာရိုင်းစိုင်းတဲ့အသံတွေကမီးဖိုခန်းထဲမှာ ဆူညံစွာထွက်ပေါ်နေခဲ့တယ်။မီးဖိုခန်းဘက်က တံခါးမကြီးကို ဒေါ်ညိုညိုမာက ပိတ်ခိုင်းထားတာမို့ ဖူးငုံပွင့်တို့အဖြစ်တွေကို အိမ်ပေါ်ထပ်ကကြားနိုင်စရာအကြောင်းမရှိပေ။ဒေါ်ခိုင်က ဖူးငုံပွင့်ရဲ့အင်္ကျီအိတ်တွေနဲ့ အတွင်းအင်္ကျီတွေအထိပါ ဒေါ်ညိုညိုမာရှာခိုင်းတဲ့အတိုင်း ရှာဖွေတော့တယ်။ဖူးငုံပွင့် ရှက်လွန်းဒေါသထွက်လွန်း၍ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေခဲ့ပြီး ရင်ထဲမှာတော့ဆူညံပေါက်ကွဲနေခဲ့တယ်။ " စာရွက်တို့ ..ပိုက်ဆံတို့ဘာပဲဖြစ်ဖြစ်တွေ့ရင်ပေးပါ ....ဟဲ့ ... ဒါနဲ့ ...နင့်ဖုန်းဘယ်မှာလဲ မိနွေ ..ဘယ်မှာထားခဲ့လဲ " ဒေါ်ညိုညိုမာရဲ့ အသံက ဟိန်းထွက်လာပြန်တယ်။ဖူးငုံပွင့် နှုတ်ခမ်းကိုကိုက်လိုက်မိပြီး "ကျွန်မအိပ်တဲ့ အခန်းထဲမှာထားခဲ့ပါတယ်မမညို ...." "ညှပ်စီ ..ကြားတယ်..မဟုတ်လား ... မိနွေ ဖုန်းကိုသွားယူခဲ့စမ်း မြန်မြန် " ဘီလူးသရဲစီးသလိုဖြစ်နေတဲ့ ဒေါ်ညိုညိုမာကိုကြည့်ပြီး ဖူးငုံ ပွင့် အတွေးထဲဝင်လာမိတာက ငုဝါရဲ့ကိစ္စက သူမတို့ထင်ထားတာထက် ပိုဆိုးနေတာကို ရိပ်စားမိလိုက်တယ်။ မိနစ်ပိုင်းလောက် ငုဝါကိုသော့မခတ်ဘဲထားခဲ့တဲ့ကိစ္စက သူတို့အတွက်ဒီလောက်တောင် သွေးပျက်စေတာလားလို့ စိတ်ထဲကတွေးလိုက်မိတယ်။ "ဘာမှ မတွေ့ပါဘူး မညို .. နှစ်ယောက်လုံးမှာ ပိုက်ဆံလဲတစ်ရွက်တောင်မတွေ့ပါဘူး .." "ဟုတ်ပြီလေ ..ဒါဆိုလဲ ပန်းကန်တွေဆေးကြတော့ " ဒေါ်ခိုင်ရဲ့ စကားအဆုံးမှာ ဒေါ်ညိုညိုမာရဲ့ အသံက အနည်းငယ်ပျော့သွားပြီး ကျေနပ်ဟန်ပေါက်သွားခဲ့တယ်။ဒီအချိန်မှာပဲဖုန်းသွားယူတဲ့ ညှပ်စိလဲပြန် ရောက်လာခဲ့တယ်။ "ဒီမှာ ...မနွေရဲ့ဖုန်းပါ မမညို " ဒေါ်ညိုညိုမာက ညှပ်စီလှမ်းပေးတဲ့ ဖူးငုံပွင့်ရဲ့ဖုန်းကိုယူပြီး ဖွင့်ကြည့်လိုက်တယ်။ဖူးငုံပွင့်က ဖုန်းကိုပါဝါပိတ်ထားတာမို့ ဖုန်းကပွင့်မလာခဲ့။ ဒေါ်ညိုညိုမာတစ်ယောက် ဖုန်းပါဝါကို ဖွင့်လိုက်ပြန်တယ်။ဖုန်းက ပါဝါပွင့်လာခဲ့ပေမဲ့လဲ အထားမသိဘဲကိုင်တော့ ဖုန်းက မျက်နှာပြင်ကြောင်ပြီးဆွဲမရပြုမရဖြစ်နေတာမို့ ဒေါ်ညိုညိုမာမှာ စိတ်တိုသွားရပြီး "သူ့ဖုန်းစုတ်ကို ပြန်ပေးလိုက်စမ်းဟယ် ...နှိပ်မရပြုမရနဲ့ ပတ္တမြားတို့ဆော့တဲ့ကစားစရာဖုန်းကမှသူ့ဖုန်းထက်သာအုံးမယ်..ညည်းတို့ကို တစ်ခါတည်းပြောထားမယ် .. သုခမြိုင်စံအိမ်ကပစ္စည်းကို အပ်တိုတစ်ချောင်းတောင် ယူဖို့စိတ်မကူးကြနဲ့ ...ပြီးတော့ ဟိုလူဒီလူနဲ့ စာပေးစာယူလုပ်ပေးတာမျိုးကို ဖြစ်ဖြစ်မိခဲ့ရင်... အလုပ်ကထုတ်ပစ်ရုံတင်မကဘူး ရဲစခန်းပါပို့မှာနော် ..မှတ်ထားကြ " ပြောချင်ရာပြောပြီးထွက်သွားတဲ့ ဒေါ်ညိုညိုမာရဲ့ကျောပြင်ကိုကြည့်ပြီး ဖူးငုံပွင့်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိတယ်။ ~~~~~~ "မင်းပြောချင်တာဘာလဲ ...မင်းနဲ့ငါ ဘယ်တုန်းကဒီလိုအေးဆေးစကားပြောဖူးလို့လဲ " သက်ဝေလတ်က ရှုတင်းတင်းမျက်နှာထားနဲ့ ညီဖြစ်သူကို မေးလိုက်တယ်။ ခက်ဝေလတ်ကသက်ဝေလတ်ရဲ့စကားကို ခွန်းတုံ့မပြန်သေးဘဲ ပုလင်းထဲကအရက်တစ်ခွက်ကိုငှဲ့ပြီးအစ်ကိုဖြစ်သူကိုတစ်ခွက်ပေးပြီး သူပါတစ်ခွက်သောက်လိုက်တယ်။ခက်ဝေလတ်ရဲ့ အပြုအမူကို ကြည့်ပြီး သက်ဝေ လတ်က ခပ်ရွဲ့ရွဲ့ မေးခွန်းထုတ်လိုက်တယ်။ "ပြောတော့ မင်းကမူးယစ်စေတဲ့အရာမှန်သမျှရှောင်တယ်ဆို..ဘာလဲ မိဘတွေရှေ့မှာ သူတော်ကောင်းဟန်ဆောင်ပြီး... နောက်ကွယ်မှာကျတော့ ခွက်ပုန်းသမားလား " အစ်ကိုဖြစ်သူရဲ့ စကားကြောင့် ခက်ဝေလတ်ပြုံးလိုက်ပြီး "ယောကျာ်းပဲဗျာ ကင်းတယ်ဆိုတာရှိမလား ..ကိုယ့်အတွက် ကောင်းကျိုးမရှိလို့ မလုပ်တာပဲရှိတာပါ.. သောက်သင့်သုံးသင့်တဲ့ အခြေအနေမှာဆိုသောက်ပါတယ် " "ဟုတ်ပါပြိကွာ ...မင်းပဲ လူတတ်ကြီးပါ ..ဒါနဲ့ မင်းဘာပြောမှာလဲ ပြောစရာရှိတာ မြန်မြန်ပြော "

#တိမ်ခိုးဝေတဲ့နွေ (အခန်းဆက် ဝတ္ထု ) အပိုင်း (၁၅) ****** သက်ဝေလတ်က အေးစက်စက်မျက်နှာထားနဲ့ ညီဖြစ်သူကိုကြည့်လိုက်တယ်။ပြီးတော့ ဇနီးဖြစ်သူရဲ့မျက်နှာကို တစ်ချက်စိုက်ကြည့်ပြီး ခက်ဝေ လတ်နောက်ကိုထလိုက်သွားလိုက်တယ်။ကျန်ခဲ့တဲ့သူတွေကဆက်ထိုင်နေကြပေမဲ့ ငုဝါကလူကြီးတွေရဲ့စကားဝိုင်းက သူမနဲ့မဆိုင်တာမို့ စကားဝိုင်းကနေထသွားဖို့ကို လူကြီးတွေဆီက ခွင့်တောင်းလိုက်တယ်။ငုဝါရဲ့တောင်းဆိုမှုကို အားလုံးက ခွင့်ပြုပေးလိုက်ကြပေမဲ့ သူတို့ရဲ့မျက်လုံးအကြည့်တွေက ငုဝါသွားရာနောက်ကိုမျက်လုံးမလွှဲဘဲ လိုက်ကြည့်နေခဲ့ကြတယ်။ "ညိုလဲ သွားအိပ်တော့မယ် " ငုဝါထွက်သွားပြီးတဲ့နောက်မှာဒေါ်ညိုညိုမာက ခဲအိုဖြစ်သူနဲ့ အစ်မဖြစ်သူကို ခွင့်တောင်းပြီး ဧည့်ခန်းထဲက အမြန်ထွက်ခဲ့လိုက်တယ်။ ဒေါ်ညိုညိမာနဲ့ငုဝါတို့ရဲ့ အခန်းကကပ်နေတာမို့ ငုဝါအခန်းထဲဝင်သွားတဲ့အထိစောင့်ကြည့်နေပြီးမှ အောက်ထပ်ကိုဒေါ်ညိုညိုမာဆင်းခဲ့လိုက်တယ်။အောက်ကို ရောက်တော့ အောက်ထပ်လှေကားနဲ့တည့်တည့်မှာရှိတဲ့ ဧည့်ခန်းနေရာမှာ ဒေါ်ညိုညိုမာ ထိုင်နေခဲ့တယ်။ ~~~~ ပိန်းသေးနဲ့ ဖူးငုံပွင့်က နွားနို့ခွက်တွေကို ဗန်းထဲထည့်လာခဲ့ပြီး အပေါ်ထက်ဧည့်ခန်းကမိသားစုတွေ အချိုတည်းစားသောက်ထားတဲ့ ပန်းကန်တွေကိုပါသိမ်းဆည်းဖို့ ဗန်းအလွတ်နှစ်ချပ်ကို ယူပြီး တက်ခဲ့လိုက်ကြတယ်။ "ဟဲ့ ..နင်တို့နေအုံး ..နွားနို့တွေသွားပို့ကြမလို့လား " အပေါ်ထပ်ကိုတက်နေတဲ့ ဖူးငုံပွင့်တို့ နစ်ယောက်မှာ ဒေါ်ညိုညိုမာရဲ့ အော်သံကြောင့် ခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားကြရတယ်။ 'မိနွေ ငါ့ဆီလာအုံး " ဒေါ်ညိုညိုမာရဲ့ခေါ်သံကြောင့် ဖူးငုံပွင့်ရင်ထဲ ဒိန်းခနဲခုန်လှုပ်သွရပြီး ဒေါ်ညိုညိုမာရဲ့ အနားကို ဟန်မပျက်လျောက်သွားလိုက်ရတယ်။ "ငါ့တူကိုသက်တို့အခန်းထဲကို နင်ကိုယ်တိုင်နွားနို့ခွက်တွေသွားပို့လို က် ....သွားပိုရင်းနဲ့ ငုဝါဘာလုပ်နေလဲကြည့်ခဲ့ ကြားလား " "ဟုတ် ..ဟုတ်ကဲ့ပါ မမညို " ဒေါ်ညိုညိုမာနားကထွက်လာခဲ့ရင်း ဖူးငုံပွင့်ရင်တွေ မီးရထားကြီးတစ်စင်းလို ခုန်လှုပ်နေခဲ့တယ်။နွားနို့ပို့ပြီး စကားပြောရုံက ဘာမှပြဿနာမရှိနိုင်ပေမဲ့ ဖူးငုံပွင့်ရဲ့ အဝတ်အစားတွေအောက်မှာ ဝှက်ယူလာခဲ့တဲ့စပိုင်ကင်မရာပါတဲ့အရုပ်လေးကြောင့် နှလုံးခုန်သံတွေက အဆမတန်အခုန်မြန်နေခဲ့ရတယ်။တကယ့်ကို ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ နှလုံးခုန်သံတွေက ပေါက်ကွဲထွက်လုမတတ်ကို ဖြစ်နေခဲ့ရတယ်။ ~~~~~ " ဒေါက် ..ဒေါက် " "နွားနို့ လာပို့တာပါရှင် " သက်ဝေလတ်တို့ အခန်းတံခါးရှေ့မှာ ဖူးငုံပွင့်တံခါးကို ခေါက်ပြီးအသံပေးလိုက်တော့အထဲက လှုပ်ရှားသံအချို့ချက်ချင်းထွက်လာခဲ့တယ်။တံခါးကဖျတ်ခနဲပွင့်လာတယ်။တံခါးပွင့်လာတာနဲ့ တစ်ပြိုင်နက် ဖူးငုံးပွင့် နွားနို့ခွက်ကို အရင်မပေးဘဲ အဝတ်အစားထဲထည့်ဝှက်လာတဲ့ အရုပ်လေးကို အရင်ထုတ်ပေးလိုက်ပြီး "ဒီအရုပ်မျက်လုံးထဲမှာ မငုဝါလိုချင်တာပါတယ်...သုံးစွဲပုံအညွှန်းလဲပါတယ်..ဖတ်ပြီးလွှင့်ပစ်လိုက်ပါ " စကားတွေကို နှစ်ကိုယ်သားကြားရုံပြောပြီး အရုပ်ကို ပေးလိုက်တယ်။ငုဝါကလဲ နှုတ်ကတစ်ခွန်းမှမဖြေဘဲ သူ့လက်ထဲမှာကိုင်ထားတဲ့ ခပ်ပါးပါးစာအုပ်လေးကိုဖူးငုံပွင့်လက်ထဲကို ထည့်ပေးလိုက်တယ်။ငုဝါပေးတဲ့စာအုပ်လေးကို ဖူးငုံပွင့်ခါးကြားထဲခပ်မြန်မြန်ထိုးထည့်လိုက်ပြီး ကျန်တဲ့အခန်းတွေဆီကို ဟန်မပျက်လျှောက်သွားလိုက်တယ်။ခက်ဝေလတ်ရဲ့အခန်းရှေ့ကိုအရောက်မှာ ပတ်ဝန်းကျင် အရိပ်အခြည်ကိုကြည့်လိုက်ပြီးအခန်းထဲ ဖျတ်ခနဲ၀င်လိုက်တယ်။ခက်ဝေလတ်ရဲ့အခန်းထဲကို ဖူးငုံပွင့်ဝင်ချိန်ထွက်ချိန်က ဆယ်စက္ကန့်ပင်မကြာလိုက်။ပြီးတော့ ဟန်မပျက်ပြန်ထွက်ခဲ့လိုက်တယ်။ "ပိန်သေးပြီးပြီလား ..အစ်မဝိုင်းကူရအုံးမလား " ဖူးငုံပွင့်ပြောလိုက်ရင်း ဧည့်ခန်းမှာ စားပွဲခုံကိုအဝတ်နဲ့ပွတ်သုတ်နေတဲ့ ပိန်သေးကို ဝိုင်းကူပေးလိုက်တယ်။ ~~~~~ ပိန်သေးကပန်းကန်အချို့ကို ကိုင်ကာ ရှေ့ကနေဆင်းချသွားခဲ့တယ်။ ပိန်သေးရဲ့နောက်ကနေ ဖူးငုံပွင့်ရင်တထိတ်ထိတ်နဲ့ လိုက်ဆင်းခဲ့လိုက်တယ်။အောက်ခြေလှေကားထစ်တွေရဲ့အဆုံးနားကို ရောက်တော သူမတို့နှစ်ယောက်ကို ဒေါ်ညိုညိုမာတစ်ယောက် မျက်တောင်မခတ်ဘဲ ကြည့်နေတာကိုတွေ့လိုက်ရတယ်။ ဒေါ်ညိုညိုမာရဲ့ အကြည့်တွေက သိမ်းငှက်တစ်ကောင်လို စူးရဲတောက်ပနေခဲ့တယ်။ဖူးငုံပွင့်တို့နှစ်ယောက် သူမရှေ့ကနေခေါင်းတွေ ငုံ့ပြီးဖြတ်လျှောက်ချိန်မှာ ဒေါ်ညိုညိုမာက ထိုင်နေရာကနေ ထရပ်လိုက်ပြီး "ညည်းတို့နှစ်ယောက် မီးဖိုထဲကို တန်းပြီးသွားကြစမ်း .." အသံနဲ့အတူ နောက်ကလိုက်လာတဲ့ ဒေါ်ညိုညိုမာကြောင့် ဖူးငုံ ပွင့်မှာ နောက်ကျောမလုံဘဲ အသက်ပင်ရဲရဲမရှုဝံ့သလို ဖြစ်လာခဲ့တယ်။ဒီလိုနဲ့ မီးဖိုးချောင်ထဲကို ရောက်တဲ့အခါ ဒေါ်ညိုညိုမာဆီကအသံထွက်လာခဲ့တယ်။ "ပန်းကန်တွေကို ဒီစာပွဲမှာတင်စမ်း ...ပြီးရင် ပန်းကန်တစ်ချပ်ချင်းစီကို အပေါ်အောက်သေချာလှန်ပြစမ်း ..."

" အင်းပါ ." စိုးရိမ်တကြားမှာနေတဲ့ ခက်ဝေလတ်ကိုကြည့်ပြီး ဖူးငုံပွင့်မှာ နေလင်းပြောတဲ့ စကားတွေကိုပင် မေ့လျော့နေမိသလိုဖြစ်နေခဲ့တယ်။ ~~~~~~ အိမ်သားတွေ ညစာစားပြီးကြတော့ ဧည့်ခန်းထဲမှာ ထိုင်ပြီးစကားပြောနေကြတယ်။ အဲ့ဒီစကားသံတွေထဲမှာ ဒေါ်ညိုညိုမာရဲ့ အသံကအစည်ဆုံးဖြစ်တယ်။ "နန်းနွယ်နီလေးက အရင်နဲ့မတူဘူးမမရဲ့ ...လူကြီးလူကြီးမှန်းသိလာတယ်....အတော်လေး လိမ္မာယဉ်ကျေးလာတယ် ..ကိုခက်မရှိတဲ့ သုံးနှစ်အတွင်း အတော်လေး ပြောင်းလဲသွားတာ သိလား မမရဲ့ " "ဟုတ်လား ...သိပ်မဆုံဖြစ်တော့ မသိဘူး...တို့ကတော့ ဒီကလေးမလေးနဲ့ အစကတည်းက သဘော တူပြီးသားပါ ..ကိုမင်းလတ်ရှင်က ရောဘယ်လိုလဲ ..သားငယ်ရဲ့ အသက်လဲ မငယ်တော့ဘူး မဟုတ်လား .. ကျွန်မတို့ လူကြီးချင်းစကားပြောဖို့လိုပြီထင်တယ် " စကားဝိုင်းမှာ ကာယကံရှင်ဖြ စ်တဲ့ ခက်ဝေလတ်မှာ ဘာမှပြောခွင့်မရသေးဘဲ လူကြီးတွေက သူတို့လိုရာကို ပြောနေကြတာကို ခက်ဝေလတ်အသာငြိမ်ကြည့်နေလိုက်တယ်။ ဖူးပုံပွင့်ကတော့ ဒေါ်ညိုညိုမာရဲ့ နှုတ်ကစကားသံ ထွက်လာတာနဲ့ စကားဝိုင်းနားကထလာခဲ့လိုက်တယ်။ သူတို့ရဲ့မိသားစု စကားဝိုင်းနားမှာလဲ ဖူးငုံပွင့်တို့လို အလုပ်သမားတွေက သူတို့ခိုင်းတာကို လုပ်ပေးရုံကလွဲပြီး အနားမှာနေခွင့်မရှိပါ။ဖူးငုံပွင့် အကြည့်တွေကို ခက်ဝေလတ်နဲ့ ငုဝါဆီကို မသိမသာစောင်းငဲ့ကြည့်လိုက်ရင်း အောက်ထပ်ကို ပြန်ဆင်းလာခဲ့လိုက်တယ်။ ဒေါ်ညိုညိုမာရဲ့စကားတွေက သူမနဲ့ခက်ဝေလတ်ရဲ့ကြားကရင်ခုန်သံစည်းချက်တွေကို ဖြတ်တောက်ပစ်လိုက်သလိုပါပင်။ ဘာကိုမှလဲ မမျှော်လင့်ချင်တော့ပါ။ သူမလုပ်စရာရှိတာတွေကိုလုပ်ပြီး သုခမြိုင်စံအိမ်ကြီးက နေအမြန်ဆုံး ပြန်သွားဖို့ကိုသာဆုံးဖြတ်လိုက်တော့တယ်။ ~~~~~~~ "ဒါနဲ့ သားငယ်ရဲ့ သဘောကရော ဘယ်လိုလဲကွ ..အဖေတို့ စီစဉ်ပေးရတော့မှာလား " ဦးမင်းလတ်က သားဖြစ်သူကို မေးလိုက်တယ်။ ခက်ဝေလတ်က ခေါင်းကို ခါယမ်းလိုက်ပြီး "ကျွန်တော်နဲ့ နွယ်နီနဲ့က သူငယ်ချင်းတွေပါလို့.. ကျွန်တော် ဟိုအရင်ကတည်းက ပြောပြီးသားပါ ... ပြီးတော့ ကျွန်တော့်အိမ်ထောင်ဖက်ကို ကျွန်တော့်စိတ်ကြိုက်ပဲ ရွေးမှာပါ ... အန်တီညိုလဲ ထင်ရာတွေမလုပ်ပါနဲ့ဗျာ ..တစ်ဖက်မိန်းခလေးကို အားနာစရာကောင်းပါတယ် " ခက်ဝေလတ် ပြောပြီးတာနဲ့ စကားဝိုင်းကထဖို့ ပြင်လိုက်ပြီးမှ အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး စကားလှမ်းပြောလိုက်တယ်။ "ကျွန်တော် ပြန်ရောက်ပြီး ကတည်းက ကျွန်တော်တို့ ညီအစ်ကိုအေးဆေးစကားမပြောရသေးဘူးနော် ... အိမ်ရှေ့ဝရံတာမှာ အေးဆေးစကားသွားပြောကြရအောင်ကိုသက် .. ညီအစ်ကိုချင်းတိုင်ပင်စရာလေးလဲရှိလို့ပါ ....မရီးလဲခွင့်ပြုပါနော် ..ဒီညတော့ အခန်းကိုတစ်ယောက်တည်း အရင်ပြန်နှင့်လိုက်ပါနော် " @@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၅) ဆက်ရန် #ဧကြည်ဖြူ

ခက်ဝေလတ်ရဲ့ဖြေရှင်းစကားတွေကြောင့် ဖူးငုံပွင့်ရင်ထဲ တထိတ်ထိတ်ခုန်လှုပ်ပြီး သူမ ဒီအိမ်ကိုရောက်နေရတဲ့ အကြောင်းအရင်းတွေလိုပါ မေ့လျော့သလို ဖြစ်သွားမိတယ်။အချစ်ဆိုတာကို မကြုံဆုံဖူးရင်မခုန်ခဲ့ဖူးတဲ့ နှလုံးသားက ခက်ဝေလတ်ကြောင့်ထိန်းမရအောင်လှုပ်ရှားနေခဲ့ရပြီ။ "အ...အဝတ်တွေ လျှော်ရအုံးမယ် .. ကျွန်...ကျွန်မသွားတော့မယ် " ဖူးငုံပွင့်တုန်တုန်ယင်ယင် ထစ်ထစ်ငေါ့ငေါ့နဲ့ပြောပြီး အိမ်ထဲကိုပြန်၀င်ဖို့လုပ်လိုက်တော့ ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့လက်ကို အသာဆွဲယူလိုက်ပြီး " ညကျရင် နောက်ဝရံတာမှာ စကားပြောကြမယ် ..ပြီးတော့ ဒီနေ့လဲ ပိန်သေးတို့ကိုတဆင့်ခိုင်းရင် ... မင်းကို ကိုယ်တိုင်လာခေါ်မှာနော် ...." " ဟုတ် .ဟုတ်ကဲ့ " ခက်ဝေလတ် စကားကြောင့် ဖူးငုံပွင့်ရှက်ပြီးပြေးထွက်လာခဲ့မိတယ်။ ~~~~~~ တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန်မှာ ခက်ဝေလတ်နဲ့ ဖူးငုံပွင့်တို့ ဝရံတာမှာ ငြိမ်သက် စွာရပ်နေမိကြတယ်။နှစ်ဦးသား တိတ်ဆိတ်နေကြပေမဲ့ မှိန်ပျပျအလင်းရောင်အောက်မှာ ကိုယ်စီ ငေးကြည့နေမိကြတယ်။ဒီလိုတိတ်ဆိတ်နေခြင်းကို ခက်ဝေလတ်က စတင်ပြီးဖြိုခွင်းလိုက်တယ်။ "ကိုယ်မနေ့က နန်းနွယ်နီဆီက သတင်းတစ်ခုကြားခဲ့ရတယ် ... ကိုသက်ကအခုချိန်ထိ သူ့ရည်းစားဟောင်းနဲ့တွဲနေတုန်းပဲတဲ့ ... ပြီးတော့ ကိုသက်အခုလိုလုပ်နေတာကို မငုဝါရဲ့ဦးလေးဦးမင်းခိုင်လဲ သိတယ်တဲ့လေ .." "ဘယ်လို .. ကျွန်မတော့ ဘာမှနားမလည်နိုင်တော့ဘူး ...ရှင့်အစ်ကိုက ....ဒီလိုဆိုရင်လဲ မငုဝါကို ကွာရှင်းပြီး သူ့ချစ်သူနဲ့တွဲပါလား ..ဘာလို့ မငုဝါကိုမကွာပေးဘဲစိတ်ဒုက္ခပေးနေရတာလဲ ..ကြည့်ရတာ မငုဝါကချမ်းသာလို့များလားဟင် ..မငုဝါရဲ့ အမွေတွေကို လိုချင်လို့များလား " ဖူးငုံပွင့် နားမလည်နိုင်ဘဲ ပြောလိုက်တော့ ခက်ဝေလတ်က ခေါင်းလိုခါယမ်းလိုက်ပြီး "ကိုယ်သိသလောက်တော့ မငုဝါ တို့က မဆင်းရဲပေမဲ့ချမ်းသာသူတွေတော့မဟုတ်ဘူး ..သူတို့မှာ လက်ရှိ အမွေဆိုင်ခြံတစ်ခြံပဲရှိပြီး ...အဲ့ဒီခြံကလဲသိပ်တန်းကြေး မရှိပါဘူး...ပြောရရင် ကိုသက်အနေအထားနဲ့ အဲ့ဒီခြံတစ်ဝက်လောက်ကို စိတ်ဝင်စားမှာမဟုတ်ဘူး ..တကယ်လို့များ ကိုသက်က မငုဝါကို ချစ်လို့သဝန်တိုနေတာများလားလို့လဲ တွေးမိသေးတယ် ..." " ချစ်တယ်ဟုတ်လား ... မဖြစ်နိုင်တာ ...မနေ့ညက မငုဝါကိုရှင်မတွေ့လိုက်ဘူးလား ..သူ့လက်တစ်ဖက် ရောင်နေတယ်လေ .. ဒီလို ဒဏ်ရာတွေနဲ့လူကိုနေ့တိုင်းအလုပ်ကို ခေါ်သွားတာတော့ အံ့ဩစရာကောင်းတယ်...အလုပ်သမားတွေ မြင်မှာ ကို ဂရုမစိုက်တာလား ..ဒါမှမဟုတ်နေတိုင်း ဘယ်ကိုခေါ်သွားနေတာလဲ...မငုဝါရဲ့ ပုံစံက တစ်နေ့တစ်ခြား အရိုးပေါ်အရည်တင် ဖြစ်လာတာကို တွေ့တယ်မဟုတ်လား " ဖူးငုံပွင့်ရဲ့ တွေးတွေးဆဆ စကားကြောင့် ခက်ဝေလတ်ငြိမ်ကာ စဉ်းစားနေပြီမှ "ကိုယ် အောက်ထပ်ကို ပြောင်း လာတာမှားသွားတယ်... တကယ်တော့ အပေါ်မှာနေရမှာကို စိတ်ရှုပ်လို့ အောက်ထပ်ကိုပြောင်းခဲ့တာ ..ကိုယ်တွေးနေတာကလေ .. ကိုသက်က ဒီလိုမတရား အနိုင်ကျင့်နေတာကို မငုဝါကဘာလို့ ငြိမ်ခံနေရတာလဲ.. အနည်းဆုံး တော့ ကိုယ့်မိဘတွေလို ပြောပြ တိုင်ပင်လို့ရတယ်လေ မဟုတ်ဘူးလား " ခက်ဝေလတ်ရဲ့ စကားကြောင့် သူမသိတဲ့အကြောင်းအရာတွေကို ဖွင့်ပြောပြလိုက်ချင်စိတ်တွေဖူးငုံပွင့်ရင်ထဲ တဖွားဖွားဖြစ်ပေါ်လာမိတယ်။ငုဝါရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခက်ဝေလတ်ကို ယုံကြည်လိုက်ချင်စိတ်တွေက ဖူးငုံပွင့်စိတ်ထဲမှာဖြစ်ပေါ်နေခဲ့တာ ကြာခဲ့ပါပြီ။အချစ်ကပဲ ယုံကြည်ခြင်းကို ဖြစ်စေတာလား၊ ယုံကြည်ခြင်းကပဲ အချစ်ကိုဖြစ်ပေါ်စေတာလား မဝေခွဲနိုင်ပေမဲ့ ခက်ဝေလတ်နဲ့ ပတ်သက်ပြီး သူမရင်ထဲမှာ အခိုင်အမာကို ယုံကြည်နေခဲ့မိတာတော့ အသေအချာပါပင်။ဖူးငုံပွင့်ဆုံးဖြတ်ချက်တစ်ခုကိုခပ်ရဲရဲပင်ချလိုက်မိတယ်။ "သူအကူအညီမတောင်းတာမဟုတ်ဘူး ...အကူအညီတောင်းစရာလူမရှိခဲ့တာဖြစ်မယ် .. ကျွန်မကို သူအကူအညီတောင်းခဲ့ဖူးတယ် ... ဒါပေတဲ့ ရှင့်အစ်ကိုက သူ့နားမှာအမြဲကပ်နေခဲ့လို့ စကားပြောဖို့တောင် အခွင့်အရေး မရခဲ့ဘူး " "ဘယ်လို ....တကယ်ပဲလား ..ဒါဆိုရင်တော့ ..မငုဝါနဲ့ စကားပြောဖို့ အခွင့်အရေးရအောင် ကိုယ်မနက်ဖြန်ညကျရင် ကြိုးစားကြည့်မယ် ..ကိုယ်က ကိုသက်ကို ခေါ်ထုတ်သွားမယ် ...မင်းက အဲ့ဒီအချိန်မှာ စကားပြောခွင့်ရအောင် ကြိုးစားကြည့်ပါ " " ရှင့်အစ်ကိုကို ခေါ်ထုတ်တာတော့ ဟုတ်ပါပြီ .. ဒါပေမဲ့သူက အခန်းပြင်ကိုထွက်ရင်... တံခါးကို အပြင်ကနေ သော့ပိတ်သွားတာ " ဖူးငုံပွင့်ရဲ့ စကားကြောင့် ခက်ဝေလတ်ထိတ်လန့်အံ့ဩသွားမိပြီး "ဘာပြောတယ် ... အဲ့ဒီလောက်တောင်လား ..ဒါဆိုရင် မင်းအတွက်အန္တရာယ်ရှိနိုင်တယ်ထင်တယ်..." ခက်ဝေလတ်က စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။ "ရပါတယ် စိတ်မပူပါနဲ့ .. သူ့ကိုပဲ ကျွန်မတို့ ကူညီပေးကြရအောင် နော် " ဖူးငုံပွင့်ရဲ့ စကားကြောင့် ခက်ဝေလတ်သက်ပြင်းကို ချလိုက်တယ်။ "မင်းကိုတော့ တကယ်စိတ်ပူတယ်ကွာ ...ကိုယ်တို့မိသားစုတွေက နည်းနည်းနားလည်ရခက်လို့ပါ ...ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် ကိုယ်ခိုင်းတာလို့ပဲ ပြောနော် ကြားလား "

" ဒီကိစ္စက ဘွားကြည်နဲ့ ပတ်သက်နေနိုင်တာလား ကိုနေလင်း " " အတိအကျတော့ ပြောလို့မရဘူးပေါ့ ..ဒါပေမဲ့ ..တကယ်လို့ ဘွား ကြည်ကသွေးရိုးသားရိုးသေတာမဟုတ်ဘူးဆိုရင် မင်းရဲ့မိသားစု သေဆုံးမှုက ဘွားကြည်သေဆုံးမူနဲ့ ပတ်သက်နေနိုင်တယ် .... ဘာကြောင့် ကိုယ်ဒီလိုပြောရတာလဲဆိုတော့ ဘွားကြည်တို့ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ရတနာပစ္စည်းတွေ တစ်ခုမှရှာမတွေ့တော့လို့ပဲ ..ဘွားကြည်က မင်းရဲ့မိဘတွေကို ချစ်ခင်ယုံကြည်ခဲ့တယ်ဆိုရင် ဒီပစွည်း တွေနဲ့ ပတ်သက်ပြီး ဖွင့်ပြောတိုင်ပင်မှာပဲ ..ခန့်မှန်းရသလောက်တော့ မင်းရဲ့မိသားစုက နှုတ်ပိတ်ခဲ့လိုက်ရတာဖြစ်နိုင်တယ်လို့ ကိုယ်တွေးမိတယ် ..ဒါကြောင့် အဲ့ဒီအိမ်က အဘိုးကြီးက ဘွားကြည်ခြံက ခြံစောင့်ကြီး ဦးအောင်မိုးလားဆိုတာ သေချာစုံစမ်းရမယ် .. သူဟာဦးအောင်မိုးဆိုရင် ရှေ့ဆက်ပြီး စုံစမ်းဖို့ အစီအစဉ်ချရမယ် ... မနက်ဖြန် ရန်ကုန်သွားမယ် ....ဦးအောင်မိုးရဲ့ သားနဲ့ သမီးအကြောင်းကို ထပ်ပြီးစုံစမ်းရမယ်...ဘွားကြည်နဲ့အနီးကပ်နေခဲ့သူတွေထဲမှာ ဦးအောင်မိုးရဲ့ သတင်းကိုပဲ စုံးစမ်းလို့ မရဘူးဖြစ်နေတာ...ဒါက ထူးဆန်းနေတာမဟုတ်ဘူးလား " နေလင်းဘက်က ဖုန်းချသွားတော့ ဖူးငုံပွင့်အတွေးပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ်ပြီး ကျန်ခဲ့တယ်။ သုခမြိုင်စံအိမ်ကြီးက ဖူးငုံပွင့်နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေတယ်။ဖူးငုံပွင်က ဒေါ်ညိုညိုမာအကြောင်းကို စုံစမ်းဖို့အတွက် သုခမြိုင်ကို ရောက်လာခဲ့တယ်။သုခမြိုင်ကို ရောက်တော့ ဖူးငုံပွင့်မှာ ကိုယ့်ပြဿနာကို မရှင်းရသေးခင် ငုဝါရဲ့အကူအညီတောင်းခြင်းကိုခံရတယ်။ပြီးတော့ ဒေါ်ခင်မိုးရဲ့ သတိပေးစကားကိုလဲ နားထောင်ခဲ့ရတယ်။ဒီနေ့ထပ်ပြီး မမညိုရဲ့ ခိုင်းစေမှုကိုလဲ ခံရပြန်တယ်။ဘာတွေမှန်းမသိ ရှုပ်ထွေးနေတဲ့ ဒီအိမ်ကြီးမှာ မိသားစုအချင်းချင်းသင့်မြတ်ကြပုံလဲမရဘဲတစ်စုစီကွဲနေကြတာကို ဖူးငုံပွင့်သတိထားမိတယ်။အထူးသဖြင့် ဒေါ်ညိုညိုမာနဲ့ သက်ဝေလတ်ကပိုပြီးရင်းနှီးကြပုံရပြီး သက်ဝေလတ်တို့ ဇနီးမောင်နှံရဲ့ နိုင်ထက်စီးနင်းအပြုအမူတွေကို လဲ ဒေါ်ညိုညိုမာကသိထားပုံရရုံတင်မကဘဲ အားပေးအားမြှောက်ပြုသလို ပုံစံမျိုးရှိတတ်တာကို ဖူးငုံပွင့်တွေ့နေရတယ်။ပြဿနာတွေက သူမထင်တာထက်ကြာလေရှုပ်ထွေးလေဖြစ်နေတာမို့ သူမရဲ့အိမ်ပြန်ခရီးကလဲ ကြန့်ကြာနေခဲ့ပြီ။အဒေါ်ဖြစ်သူကိုလိမ်ညာရတာလဲ ဖူးငုံပွင့်စိတ်ထဲမလုံချင်တော့။ အခုတစ်ခါ နေလင်းပြောသွားတဲ့စကားတွေအရ ဖူးငုံပွင့်မှာ လုပ်စရာတွေ ပိုများလာခဲ့လေပြီ။ ~~~~~~~ ဖူငုံပွင့် အိပ်ပျော်နေတဲ့ ဦးအောင်ဒင်ရဲ့ မျက်နှာကို ကြည့်နေမိတယ်။ဦးအောင်ဒင်ရဲ့ ဝေယျာ၀စ္စတော်တော်များများကို ဖူးငုံပွင့်လုပ်ပေးရတာမှန်ပေမဲ့ ဦးအောင်ဒင်ရဲ့အပေါ့အလေး သန့်ရှင်းရေးကိစ္စတွေကို ဒေါ်ခိုင်နဲ့ညှပ်စီပဲ လုပ်ကြတာ။နောက်ပိုင်းခက်ဝေလတ် ရောက်လာပြီးတော့ ခက်ဝေလတ်ကပဲ တာဝန်ယူခဲ့တယ်။ဦးအောင်ဒင်ရဲ့ပေါင်လယ်က အမာရွတ်ကို ကြည့်ဖို့ကိစ္စက လွယ်မယောင်နဲ့ခက်တဲ့ကိစွမျိုး ။တစ်ယောက်အကြောင်းကို စုံစမ်းလို့မှမရခင် နောက်တစ်ယောက် အကြောင်းကိုပါ စုံစမ်းရမယ်ဆိုတော့ ဖူးပုံပွင့်ထွက်ပြေးချင်စိတ်ပါပေါက်လာမိတယ်။ " လျှော်ဖို့အဝတ်တွေလာယူတာလား .. ပြောစရာရှိတယ် ..လသာဆောင်ကို လိုက်လာခဲ့အုံး " အနာကိုကပ်ပြီး ခပ်တိုးတိုးပြောလိုက်တဲ့ခက်ဝေလတ်အသံကြောင့် ဖူးငုံပွင့်ရင်တုန်တုန်နဲ့ခေါင်းကို အသာငြိမ့်ပြလိုက်တယ်။ ~~~~~~.. " ညကဘာလို့ ဝရံတာကိုထွက်မလာတာလဲ ... ညနက်တဲ့အထိ ဝရံတာမှာ ကိုယ်စောင့်နေခဲ့သေးတယ် " ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့် ခေါင်းကို ငုံ့ထားမိကာ ပြန်မဖြေဘဲငြိမ်နေမိတယ်။ "ပြောလေ ..ညတိုင်း ဝရံတာကို ထွက်လာနေကြကို... ညကဘာလို့ မလာတာလဲ ..ဘာလဲ ကိုယ့်ကို စိတ်ဆိုးနေတာလား " ခက်ဝေလတ်က ခေါင်းငုံ့နေတဲ့ ဖူးငုံပွင့်ရဲ့ မျက်နှာကို သူ့လက်နှစ်ဖက်နဲ့ဆွဲမော့ပြီး မေးလိုက်တယ်။ "အို ..ဘာ...ဘာလုပ်တာလဲ ....ကို ...ကိုခက်ဝေလတ်ကို ဘာလို့စိတ်ဆိုးရမှာလဲ " ခက်ဝေလတ်ရဲ့ အပြုအမူကြောင့် ဖူးငုံပွင့် ရှက်ရွံ့ထိတ်လန့်သွားမိပြီး အတင်းရုန်းဖယ်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။ "ဘာလို့လဲဆိုတော့ ...ကိုယ်မနေ့က နန်းနွယ်နီနဲ့လိုက်သွားတာကို စိတ်ဆိုးနေတာလားလို့ လေ ...မနေ့ညနေကတည်းက ကိုယ့်ကိုရှောင်နေတာ သိသာတယ်လေ ....မင်းစိတ်မကြည်တဲ့နေ့ဆိုရင် နွားနို့ကိုကောင်မလေးတွေနဲ့ပဲ ပို့ခိုင်းတာကို ကိုယ်ကမသိဘဲနေမလား " ခက်ဝေလတ်ရဲ့စကားက မှန်နေတာမို့ ဖူးငုံပွင့်နှုတ်ဆိတ်နေလိုက်မိတယ်။တကယ်ဆို ခက်ဝေ လတ်နဲ့ ဖူးငုံပွင့်က ဘာမှမဆိုင်ကြတာမို့ သူမအနေနဲ့ စိတ်ဆိုးခွင့်မရှိတာကိုလဲ သူမသိပြီးသားပါပင်။ "မနေ့က လိုက်သွားတယ်ဆိုတာက ..သိချင်တာလေးရှိလို့ လိုက်သွားခဲ့တာပါကွာ...မင်းကို ပြောပြမယ် ..တကယ်တော့ အန်တီညိုက ...အရင်ကဆိုရင် နန်းနွယ်နီနဲ့ မတည့်ဘူး...နန်းနွယ်နီအိမ်ကိုလာလည်ရင် ..အဖေနဲ့ အမေက ဘာမှမပြောဘူး အန်တီညိုကပဲပြောဆိုနေတတ်တာ .... မနေ့ကတော့ အန်တီညိုကိုယ်တိုင်က ပြောလိုက်တယ်ဆိုလို့ ...ထူးဆန်းလို့လိုက်သွားကြည့်တာ "

ဒေါ်ညိုညိုမာရဲ့ အသံက ပျားရည်လို့ချိုမြနေခဲ့တယ်။ခက်ဝေလတ်က အဒေါ်ဖြစ်သူရဲ့ရှေ့ကဆိုဖာခုံမှာဝင်ထိုင်လိုက်ပြီး ဧည့်သည်ကို ပြုံးပြနှုတ်ဆက်လိုက်တယ်။ "ဘယ်လိုလဲ နေနိုင်လှေချည်းလား ကိုခက်ရဲ့ ..ပြန်ရောက်နေတာကို ဖုန်းလေးဘာလေးတောင်း မဆက်ဘူးနော် " အမျိုးသမီးရဲ့ စကားကြောင့် ခက်ဝေလတ်က အမျိုးသမီးကို ကြည့်လိုက်ပြီး "ဘယ်သူများလဲလို ... နန်းနွယ်နီဖြစ်နေတာကို ..အရင်ကထက်ပိုလှလာတော့ မမှတ်မိဘူးဖြစ်သွားတယ်... ကိုယ်လဲ ပြန်ရောက်ကတည်းက အဘိုးကို ဂရုစိုက်နေရတာနဲ့ အပြင်သိပ်မထွက်ဖြစ်ဘူးလေ ..." "တော်ပါ ....အပြင်မထွက်ဖြစ်ရင်တောင် နန်းနွယ်ဆီဖုန်းလေးဘာလေးတော့ ဆက်မှပေါ့ ...ဒီမှာ အန်တီညိုကို အပူကပ်ပြီးလာတွေ့ရတယ် " ဖူးငုံပွင့်လက်ထဲကကော်ဖီခွက်တွေကို ဧည့်သည်နဲ့မမညိုရဲ့ ရှေ့မှာ ချပေးလိုက်တယ်။ဧည့်သည် မိန်းခလေးကသိပ်ကို လှပတာကိုသတိထားလိုက်မိတယ်။သိပ်လှတဲ့ မိန်းခလေးကိုကြည့်ပြီး ခက်ဝေလတ်ကိုဖူးငုံပွင့် မသိမသာကြည့်မိလိုက်တော့ ပြုံးနေတဲ့ ခက်ဝေလတ်ရဲ့မျက်နှာကို တွေ့လိုက်ရတာမို့ စိတ်ထဲမှာအလိုမကျသလို ဖြစ်သွားမိတယ်။ "ကဲပါ ..အခုအားလား ...အပြင်မှာတစ်ခုခုသွားစားရအောင်လေ " ကော်ဖီဗန်းကိုကိုင်ကာ ဖူးငုံပွင့် ပြန်လှည့်ထွက်ခဲ့စဉ်မှာ နောက်ဘက်က အသံချိုချိုလေးက ဖူးငုံ ပွင့်နားထဲကို လွင့်ပျံလာခဲ့တယ်။အသံချိုချိုလေးကို ကြားလိုက်ရခိုက်မှာ ဖူးငုံပွင့်ရင်ထဲမှာစူးအောင့် နာကျင်သွားသလို ခံစားလိုက်ရတယ်။ ~~~~~~~ "ကိုယ် အပြင်ခဏသွားမလို့ အဘိုးကိုကြည့်ပေးထားပါအုံး " "ဟုတ်ကဲ့ပါ အစ်ကိုလေး " ခက်ဝေလတ်ရဲ့အသံက တည်တည်ငြိမ်ငြိမ်။နန်းနွယ်နီက ခက်ဝေလတ်ရဲ့ လက်တစ်ဖက်ကို ဖက်တွယ်ထားခဲ့တယ်။ဒေါ်ညိုညို မာကတော့ မျက်နှာကပြုံးရွှင်လျက် တူဖြစ်သူတို့အနားမှာရပ်နေခဲ့တယ်။ဖူးငုံပွင့်က ခက်ဝေလတ်ရဲ့အမှာစကားကို ခေါင်းကိုငြိမ့်ပြလိုက်တယ်။ ~~~~~~ ဦးအောင်ဒင်ရဲ့ အခန်းထဲကို လေးလံတဲ့ခြေလှမ်းတွေနဲ့ ဖူးငုံပွင့်ဝင်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ တစ်ခုခုကိုအလိုမကျသလို တအုံ့နွေးနွေးနဲခံစားနေရတယ်။ဖူးငုံပွင့်ရဲ့အာရုံထဲမှာသိပ်လှတဲ့မိန်းခလေးနဲ့ ပြုံးနေတဲ့ ခက်ဝေလတ်ရဲ့ မျက်နှာကိုမြင်ယောင်ပြီး စိတ်ထဲ မွန်းကြပ်သလိုဖြစ်လာမိတယ်။ဦးအောင်ကတော့ ခုတင်ပေါ်မှာ အိပ်ပျော်နေတာလား၊ မှိန်းနေတာလားမသိဘဲ ငြိမ်သက်တိတ်ဆိတ်နေတာမို့ ဖူးငုံပွင့် အခန်းပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။ ~~~~~~~ "မနက်ကလာလည်တဲ့ ဧည့်သည်က လှတယ်မဟုတ်လား မနွေ " ပိန်သေးကအိပ်ရာပေါ် လှဲအိပ်လိုက်ရင်းကနေ မေးတာမို့ ဖူးငုံပွင့် ခေါင်းကိုငြိမ့်ပြလိုက်ပြီး အလိုက်သင့် ပြန်ပြောလိုက်တယ်။ "အင်း ...လှပါတယ် ပိန်သေးရဲ့ ကြည့်ရတာ အစ်ကိုလေး ခက်ဝေလတ်ရဲ့သူငယ်ချင်းထင်တယ် " " အင်း ဟုတ်တယ်လေ မနွေ.... အစ်ကိုလေး နိုင်ငံခြားမသွားခင်က အိမ်ကို ခဏခဏလာလည်တယ်လေ ... ရည်းစားတွေလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ... နှစ်ယောက်လုံးက ချောတယ်လေ " " ဪ .. ဟုတ်လား " ပိန်းသေစကားကို ဖူးငုံပွင့် ခပ်လေးလေးတုံ့ပြန်လိုက်ပြီး အိပ်ရာပေါ်ကို လှဲအိပ်ချလိုက်တယ်။ဒီနေ့အဖို့မှာ စိတ်ညစ်စိတ်ရှုပ်နေပေမဲ့ အနောက်ဘက်ဝရံတာကိုလဲသွားချင်စိတ်မရှိ။တော်ကြာ ခက်ဝေလတ်ရောက်လာခဲ့ရင် စကားပြောချင်စိတ်လဲမရှိတာမို့ ဇွတ်မှိတ်ပြီး အိပ်ဖို့ကြိုးစားလိုက်တယ်။ မျက်လုံးကို ဇွတ်မှိတ်ပြီးအိပ်ဖို့ကြိုးစားနေချိန်မှာ ဖုန်းမက်ဆေ့သံကြောင့် ဖုန်းကိုအသာဖွင့်ကြည့်လိုက်တယ်။ "အဆင်ပြေလား ....မနက်က ဖုန်းပြောရင်း မင်းအော်သံကို ကြားလိုက်တယ်လို့ပြောတယ် ....တစ်ခုခုဖြစ်မှာစိုးလို့ သူဖုန်းမဆက်တာတဲ့ ..အခုအဆင်ပြေရင် ဖုန်းခဏလောက် ပြောရအောင် မင်းကိုပြောစရာလဲ ရှိတယ် " စာပို့သူက နေလင်း။ ကြည့်ရတာ ဖုန်းကဖူးငုံပွင့်လက်ထဲမှာ ရှိရဲ့လားလို့ သိချင်ပုံပင် ။ဖူးငုံပွင့် ပိန်သေးကိုလှည့်ကြည့်လိုက်တော့ အိပ်ပျော်နေခဲ့ပြီ။ အရင်လို ဝရံတာကို ထွက်ပြီးမပြောချင်တာမို့ ဖူးငုံ ပွင့်အခန်းထောင့်နေရာကိုပဲ ထလာခဲ့လိုက်တယ်။ "ဟယ်လို ကိုနေလင်း " တစ်ဖက်ကကြားသာရုံအသံနဲ့ ဖူးငုံပွင့်ဖုန်းပြောလိုက်တယ်။ "ဟယ်လို ... နွေ မင်းအဆင်ပြေရဲ့လား ...တစ်နေကုန် စိတ်ပူနေတာ ကွာ ..စိုင်းနော်လဲ အတော်လေး စိတ်ပူနေတယ်ကွ " "ဟုတ်ကဲ့ ..အဆင်ပြေပါတယ် ကိုနေလင်း ...ဖုန်းဆက်ဖို့ကို အလုပ်များသွားလို့ပါ " "အင်းပါ ..အဆင်ပြေရင်ပြီးတာပဲ ..အခုလဲ ပြန်ပြောဖို့ အဆင်မပြေရင် ကိုယ်ပြောတာကို နားထောင်... ကိုယ်ဒီနေ့ညလဲ ပိတောက်စုမှာအိပ်တာ .. ခြံစောင့် ဦးအောင်မိုးတို့လင်မယားသတင်းကို ရသလောက်စုံးစမ်းနေတာ ... သူတို့က ပိတောက်စုဇာတိတော့ မဟုတ်ကြဘူးတဲ့ .... သူတို့ ပိတောက်စုကို စရောက်တော့ သားနဲ့သမီးပါလာခဲ့ပေမဲ့ ရွာမှာ သိပ်ကြာကြာမနေဘဲ မြို့တက်သွားကြတာတဲ့ ..ဦးအောင်မို့ဆီမှာထင်ရှားတဲ့အမှတ်အသားကပေါင်မှာ ဓါးနဲ့ခုတ်ခံထားရသလို အမာရွတ်ရှိတယ်တဲ့ ... မင်းအတွက်ကြည့်ရခက်နေမယ်ထင်တယ် ... ဖြစ်နိုင်ရင်ဦးအောင်ဒင်ဆီမှာ အဲ့ဒီအမာရွတ်ရှိလားပဲကြည့်ပေး .. " နေလင်းရဲ့စကားကို နားထောင်ပြီး ဖူးငုံပွင့်စိတ်ထဲမရှင်းလင်းတာကို မေးလိုက်တယ်။

#တိမ်ခိုးဝေတဲ့နွေ (အခန်းဆက်ဝတ္ထု ) အပိုင်း (၁၄ ) ****** ဖူးငုံပွင့်နာကျင်စွာအော်လိုက်မိပြီး အထိတ်တလန့်နဲ့ ကြည့်လိုက်မိတော့ ကြောက်စရာ မျက်နှာထားကြီးနဲ့ မမညိုကိုတွေ့လိုက်ရတယ်။ မမညိုပုံစံကိုကြည့်ပြီး ဖူးငုံပွင့်ရင်ထဲမှာထိတ်လန့်ချောက်ချားသွားမိတယ်။ပြဿနာအကြီးအကျယ်တက်ပြီဆိုတာကို သိလိုက်ရတာနဲ့ တစ်ပြိုင်နက် ဖူးငုံပွင့် မာန်ကိုတင်းပြီး အလိမ်အညာ စကားလုံးတွေကို စတင်လိုက်တယ်။ "ဘာ..ဘာလုပ်တာလဲ မမညို ... ကျွန်မချစ်သူနဲ့ ခဏလေးဖုန်းပြောမိတာပါ ...တစ်ချိန်လုံး ကျွန်မအလုပ်တွေလုပ်နေခဲ့တာပါ ....မယုံရင် ဒေါ်ခိုင်တို့ မေးကြည့်ပါ " ဖူးငုံပွင့်စကားကို လွှဲပြီးပြောလိုက်တယ်။ "ချစ်သူ ဟုတ်လား ..ဘာချစ်သူလဲပြောစမ်း ... ခုန နင်ပြောနေတာ ဘာအကြောင်းလဲ ပြောလေ " " ကျွန်မတို့ အရင်ကအလုပ်အကြောင်းလဲပြောပါတယ်..နောက်နှစ်မှာလက်ထပ်ဖို့ အကြောင်းလဲ ပြောပါတယ်..ဒါဟာ မမညိုတို့ကို ထိခိုက်စရာအကြောင်းလဲ မရှိပါဘူးရှင် .. ပြီးတော့ ဖုန်းမပြောရဘူးလို့လဲ မမညိုတို့က မပြောထားလို့ ပြောမိတာပါ ..မယုံရင် ဒီမှာ ဖုန်းဆက်ကြည့်လို့ရပါတယ် " ဖူးငုံပွင့် အရဲစွန့်ကာဖုန်းကိုပြပြီးပြောလိုက်တယ်။ ခပ်စောစောကသူမရဲ့အော်သံကို ဖုန်းထဲကနေ စိုင်းနော်ကြားပေလိမ့်မယ်။ ကိုစိုင်းနော်ကိုယုံကြည်ပြီး ဖုန်းကိုမမညိုဆီကို ဖူးငုံပွင့်ကမ်းပေးလိုက်တယ်။ ဖုန်းထဲမှာလဲ လာသမျှစာတိုင်းကို အမြဲဖျက်ထားတာမို့စိတ်ပူစရာတော့သိပ်မရှိလှ။ဖူးငုံပွင့် ဖုန်းကို မမညိုဆီကိုပေးလိုက်ရင်း မျက်နှာမပျက်အောင် သတိထားနေလိုက်တယ်။ ဒေါ်ညိုညိုမာက ဖူးငုံပွင့်လက်ထဲကဖုန်းကို ဆွဲယူကြည့်တယ်။ ဖူးငုံပွင့်ရဲ့ဖုန်းက ဟိုအရင်ဖုန်းတွေပေါ်ကာစကဝယ်ထားတဲ့ ဖုန်းအဟောင်းလေးကို ယူလာခဲ့တာ။ဖုန်းကလဲ ခေတ်မမီတော့တဲ့အပြင် မှုန်တိမှုန်ဝါးပုံမျိုး။ဒေါ်ညိုညိုမာကဖုန်းကို ဖူးငုံပွင့်လက်ထဲကို ဆောင့်ဆောင့်အောင့်အောင့်နဲ့ပြန်ထည့်လိုက်ပြီး အထင်သေးတဲ့ပုံစံနဲ့မေးလိုက်တယ်။ "ညည်းအကောင်က ဘယ်အိမ်က အလုပ်သမားလဲ " " ဟုတ် ..ဟုတ်ကဲ့ ..စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်နေတာပါ " ဖူးငုံပွင့် ယုတ္တိရှိအောင်ဖြေလိုက်တယ်။ "အေး ... ရှုပ်ရှုပ်ယှက်ယှက်တော့ လာမလုပ်နဲ့နော်....ညည်းကို ပြောထားမယ် ..ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေးနေ...နင် ငါ့အခန်းထဲလိုက်ခဲ့အုံး....ချက်ချင်းလိုက်မလာနဲ့ ...ငါအပေါ် ရောက်မှလိုက်ခဲ့ ကြားလား " "ဟုတ် ..ဟုတ်ကဲ့ " ပြဿနာက ထင်သလောက်မကြီးဘဲ မမညိုဘက်က အလွယ်တကူ လျှော့ချသွားတာမို့ ဖူးငုံပွင့်စိတ်ထဲ စနိုးစနောင့်နဲ့ကျန်ခဲ့ရတယ်။ မမညိုမှာ ဘာအကြံအစည်တွေ ရှိနေမှန်းမသိပေမဲ့ ဖူးငုံပွင့်ဘက်က မသင်္ကာစရာမရှိအောင်တော့ အစစအရာရာသတိလုပ်ဆောင်နေခဲ့တာမို့ ပြသာနာမဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းနေမိတယ်။ ~~~~~~ "ဒေါက် .. ဒေါက် " " အေး ..၀င်လာခဲ့ " ဖူးငုံပွင့်တံခါးခေါက်လိုက်ချိန်မှာ အထဲကအသံမာမာနဲ့ ပြန်ပြောလိုက်သံကြောင့် ဖူးငုံပွင့် မဝံ့မရဲနဲ့ အခန်းထဲကို၀င်လိုက်တယ်။ "နင်အပေါ်တက်လာတာကို ဘယ်သူတွေ့သွားသေးလဲ ..ဟိုကောင်လေး ခက်ဝေလတ်တွေ့သွားသေးလား " မမညိုရဲ့မေးသံက တစ်ခုခုကို သင်္ကာမကင်းတဲ့အသံမျိုး။ "ဘယ်သူမှမတွေ့ပါဘူး မမညို .." "အေး ..နင့်ကိုပြောမယ် သေချာနားထောင် ... နင် ဒီနေ့ကစပြီး ငါ့တူခက်ဝေလတ်နဲ့ အဘိုးကြီးကို စောင့်ကြည့်ရမယ် ..သူတို့ဘာတွေလုပ်လဲ ..လမ်းလျှောက်ထွက်တာကအစစောင့်ကြည့်ရမယ် ... အဘိုးကြီးရဲ့ ကျန်းမာရေးအခြေအနေကို နင်းစောင့်ကြည့်ထားရမယ် ကြားလား...ဖြစ်နိုင်ရင် အဘိုးကြီးက ဘယ်သူတွေကို သူ့နားခေါ်ပြီး ဘာတွေပေးလဲ ပြောလဲကိုပါစောင့်ကြည့်ထား .. အဲ့ဒီအတွက် နင့်ကို လုပ်အားခသက်သက်ပေးမယ် ..ငွေများများ ရတော့ နင်လဲမြန်းမြန်လက်ထပ်နိုင်တာပေါ့ " "ဟုတ် ..ဟုတ်ကဲ့ပါ မမညို " " အေး ပြီးတော့... အဘိုးကြီးရဲ့ အခန်းထဲကို လူဝင်လူထွက်ကိုလဲ ကြည့်ထားပေး .. ငါပြောတာတွေ သေချာမှတ်ထားနော် .. ငါခိုင်းတာတွေကိုပဲလုပ် ...ကျန်တာတွေ မစပ်စုနဲ့ ...." "ဟုတ်..ဟုတ်ကဲ့ မမညို " " အေး ...သွားတော့ ..တော်ကြာနေရင် ဧည့်သည်လာလိမ့်မယ် ..ဧည့်သည်အတွက် ပြင်ဆင်ထားလိုက်" "ဟုတ်ကဲ့ မမညို " ~~~~~ "တီ ..တီ ..တီ " ခြံရှေ့က ကားဟွန်းတီးသံကြောင့် အဆင်သင့်စောင့်ကြိုနေတဲ့ဖူးငုံပွင့် ခြံဝကိုအပြေးအလွှား ထွက်ခဲ့လိုက်တယ်။ ခြံတံခါးကို ဖွင့်ပေးလိုက်တော့ စလွန်းကား အဖြူရောင်နဲ့လှပတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ဖူးငုံပွင့်ခြံတံခါးဖွင့်ပေးလိုက်တော့ ကားလေးက ခြံထဲကို ဝေါခနဲ မောင်းဝင်သွားခဲ့တယ်။ ~~~~ "မိနွေ ..ဧည့်သည်အတွက် စားစရာ ပြင်ခဲ့အုံး ...ပိန်သေးက နင့်အစ်ကိုလေးကိုခက်ကို သွားခေါ်ပေးစမ်း ... မမညိုခေါ်ခိုင်းတာလို့ ပြော " "ဟုတ်ကဲ့ပါ မမညို " ~~~~~~ "လာပါအုံးတူလေးရယ် ..တစ်နေ့တစ်နေ့ ငါ့တူကအပြင်ကိုမထွက်ပါလား ..ဒီမှာဘယ်သူရောက်နေတာလဲ ကြည့်ပါအုံး "

သေတ္တာကို ကိုယ်ပဲယူခဲ့လိုက်မယ် " ခက်ဝေလတ်ရဲ့ စကားကြောင့် ဖူးငုံပွင့်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ ~~~~ ခက်ဝေလတ်ရဲ့ တံတောင်ဆစ်က ပွန်းပဲ့သွားတဲ့ ဒဏ်ရာကို ဖူးငုံပွင့်ဆေးထည့်ပေးပြီး ဆေးပလာစတာကပ်ပေးလိုက်တယ်။ခက်ဝေလတ်ကဖူးငုံပွင့်ကို သေသေချာချာစိုက်ကြည့်နေခဲ့ပြီး "မင်းကို ပြန်လဲပြန်စေချင်တယ် ..ပြန်လဲမပြန်စေချင်ဘူး " "ရှင် ... ဘာဖြစ်လို့လဲဟင် " ခက်ဝေလတ်ရဲ့ စကားကြောင့်ဖူးငုံပွင့် ယောင်နန ပြန်မေးလိုက်မိတယ်။ ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့မျက်နှာကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး "မင်းအခုချိန် ရန်ကုန်ပြန်သွားရင် ..ကိုယ်မလိုက်နိုင်သေးဘူးလေ... အဘိုးကိုထားခဲ့ပြီး ကိုယ်ဘယ်ကိုမှ သွားလို့မရသေးဘူး...အဘိုးရဲ့ နောက်ဆုံးအချိန်မှာ... အဘိုးကိုစိတ်ချမ်းချမ်းသာသာနဲထားချင်တယ် ..အဲ့ဒါကြောင့် အလုပ်ကိုတောင်အိမ်မှာပဲ နိုင်သလောက်လုပ်နေတာလေ " သူ့ကို အလုပ်မရှိဘဲ ယောင်ဝါးဝါး နေနေတယ်လို့ ဖူးငုံ ပွင့်ထင်နေခဲ့မိတာ။ ခုလို အလုပ်လုပ်နေတယ်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ ဖူးငုံပွင့်ရင်ထဲမှာ ကျေနပ်မိသလိုဖြစ်သွားရတယ်။ "မင်းကို ပြန်စေချင်တာက ... ဒီမှာ ဆက်နေရင် ခုတ်ရာတခြားရှရာတလွဲဖြစ်ပြီး မင်းဒုက္ခရောက်မှာကိုစိုးတယ် ..ကိုယ်ဒီနေ့ သိချင်တာတချို့ကို သွားစုံစမ်းခဲ့တယ်...အဓိကအကြောင်းက ကိုသက်နဲ့ မငုဝါအကြောင်းကို သေချာသိချင်လို့သွားစုံစမ်းခဲ့တာ .. ရှင်းရှင်းပြောရရင် သူတို့ကိစ္စက သာမန်အချစ်ရေးအိမ်ထောင်ရေးပြဿနာမဟုတ်လောက်ဘူး...သူတို့ နှစ်ယောက် လက်ထပ်ဖြစ်တဲ့အကြောင်းကို မငုဝါကိုမေးလို့ရရင်တော့ကောင်းမယ် ....ဟူး..စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ .. ဒီပြဿနာထဲကို မင်းလုံးဝဝင်မပါနဲ့တော့နော် ကြားလား... " ပြောလို့ ပြီးသွားတော့ ခက်ဝေလတ်ကသက်ပြင်းမောကိုချလိုက်ပြီး ဖူးငုံပွင့်ရဲ့မျက်နှာကို ငေးငေးရီရီနဲ့ ကြည့်နေတယ်။ ဖူးငုံပွင့်မှာ ခက်ဝေလတ်ရဲ့ အကြည့်ကြောင့် နှလုံးခုန်သံတွေ မြန်ဆန်လာပြီး ခေါင်းကို ကမန်းကတန်းငုံ့ချထားလိုက်မိတယ်။ ~~~~ "တူ ..တူ..တူ " ဖုန်းကတရစပ်တုန်ခါနေတာမို့ ဖူးငုံပွင့်လူရိပ်လူခြည်ကြည့်ပြီး လူရှင်းတဲ့ တစ်နေရာမှာ ဖုန်းကို သွားပြောလိုက်တယ်။ "ဟယ်လို ကိုစိုင်းနော် " "ဟယ်လို မနွေလားဟင် ... ဟို ..ငုဝါ အခြေအနေကဘယ်လိုရှိလဲဟင် .. သူအဆင်ပြေရဲ့လားဗျာ " တစ်ဖက်က စိုင်းနော်ရဲ့အသံက စိုးရိမ်သံအပြည့်။ "ဟုတ်ကဲ့ ကိုစိုင်းနော် ...ဟိုပစ္စည်းက လူမလစ်သေးလို့မပေးရသေးဘူး ....ဒါပေမဲ့ စိတ်မပူပါနဲ့ ..သူနောက်ထပ်အရိုက်ခံရမှာမဟုတ်တော့ပါဘူး...အား..အမယ်လေး " ဖူးငုံပွင့် ဖုန်းပြောနေချိန်မှာပဲ အနောက်ကနေ လူတစ်ယောက်က သူမရဲ့ဆံပင်တွေကိုခပ်တင်းတင်းဆောင့်ဆွဲလိုက်တာမို့ ဖူးငုံပွင့်လန့်ပြီးအော်လိုက်မိတယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း (၁၄) ဆက်ရန် #ဧကြည်ဖြူ

ဖူးငုံပွင့်က မေးလိုက်တော့ ဦးအောင်က သူ့ခေါင်းအုံးအောက်က သော့တွဲကို ထုတ်ပေးကာ အိမ်ပေါ်ထပ်ကို လက်ညှိုးထိုးပြပြီး "ယူ ...ယူပေး ..အ..အပေါ်မှာရှိတယ် " "အဘိုးရဲ့ အရင်အခန်းထဲက ပစ္စည်းတစ်ခုခုကို ယူခိုင်းတာလား အဘိုး ..ဘာကိုယူပေးရမှာလဲအဘိုး " ဖူးငုံပွင့် မေးလိုက်တော့ ဦးအောင်ဒင်က မျက်ရယ်တွေရစ်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာပြီး "ခင် ..ခင်ရ ... သစ် ..သစ် .. ..တာ " ဦးအောင်ဒင်ရဲ့ လေးတွဲတွဲ စကားသံတွေကို ဖူးငုံပွင့်နားစိုက်ထောင်နေလိုက်ပြီး နားလည်သလောက် ပြန်မေးကြည့်လိုက်တယ် ။ " သေတ္တာလား အဘိုး ... အပေါ်ထပ်က အဘိုးအခန်းထဲမှာ သေတ္တာရှိတာလား ... အဲ့ဒီသေတ္တာကို ယူခိုင်းတာလား " ဖူးငုံပွင့်မေးလိုက်တော ဦးအောင်ဒင်က ခေါင်းငြိမ့်ပြတာမို့ ဖူးငုံပွင့်သော့ကိုယူပြီး အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ~~~~~ လူမနေတော့တဲ့အခန်းက ပစ္စည်းတွေသိပ်မရှိတော့ဘဲ ရှင်းလင်းနေပေမဲ့ အခန်းထဲမှာ နံရံကပ်ဗီရိုကြီးနှစ်လုံးကတော့ ရှိနေခဲ့တယ် ။ဖူးငုံပွင့်ဗီရိုတွေကို ဖွင့်ကြည့်လိုက်တယ်။ ဗီရိုနှစ်လုံးထဲမှာ အဝတ်အစားအနည်းငယ်နဲ့ စောင်ခေါင်းအုံးတွေကိုပဲ တွေ့ရတယ်။ဦးအောင်ဒင်ယူခိုင်းလိုက်တဲ့သေတ္တာကို ခုတင်အောက်ပါမကျန်နေရာအနှံ့ ဖူးငုံပွင့်လိုက်ရှာကြည့်လိုက်တယ်။ သေတ္တာဆိုတာသာသိရပြီး သေးသေးလားလား ကြီးကြီးလားမသိရတော့.ဖူးငုံပွင့် ယောင်ဝါးဝါးနဲ့ရှာနေမိတယ်။အတော်လေးကြာအောင် ရှာပြီးတော့မှ ဖူးငုံပွင့်စိတ်ထဲ စိတ်ကူးတစ်မျိုး ပေါ်လာတာမို့ ခုံတစ်လုံးကိုရှာပြီး ဗီရိုပေါ်ကိုတက်ကြည့်လိုက်မိတယ်။ဗီရိုတွေရဲ့ အမြင့်ကခြောက်ပေကျော်ကျော်မြင့်တာမို့ ခုံပေါ်တက်ရပ်လိုက်တော့မှ ဗီရိုပေါ်ကို ကောင်းကောင်းမြင်ရတော့တယ်။ထိုအခါမှ ဖူးငုံပွင့်စိတ်ထဲကထင်တဲ့အတိုင်း ဗီရိုရဲ့အစွန်ဖျားနံရံမှာကပ်နေတဲ့ ခပ်ရွယ်ရွယ်သေတ္တာတစ်လုံးကိုတွေ့လိုက်ရတာမို့ ဖူးငုံ ပွင့်ဝမ်းသာသွားမိတယ်။ဒီသေတ္တာငယ်ထဲမှာ ဘာတွေရှိနေမှန်းမသိပေမဲ့ သူမရှာဖွေနေတဲ့ သဲလွန်စ တချို့လဲပါနိုင်တာမို့သေတ္တာကို မမီမကမ်းလှမ်းဆွဲယူနေတဲ့ ဖူးငုံပွင့်ရဲ့လက်တွေက တဆတ်ဆတ်တုန်နေခဲ့တယ်။သေတ္တာကို ယူချင်ဇောများပြီး မရမကလှမ်းဆွဲနေချိန်မှာပဲ ရုတ်တရက်သူမရဲ့ခြေထောက်တွေက သတိလက်လွတ်နဲ့လေဟာနယ်ကိုနင်းမိသွားပြီး လူက ဝုန်းခနဲ ယိုင်လဲကျသွားခဲ့တယ်။ "အမယ်လေး " " ဟာ ..ဟေ့ ..ဟေ့..သတိထားလေ " ဖူးငုံပွင်ရဲ့နားထဲမှာစိုးရိမ်တကြီးနဲ့ အော်လိုက်သံကိုကြားလိုက်ရပြီး လူတစ်ယောက်ရဲ့ ဆွဲယူပွေ့ဖက်ခြင်းခံလိုက်ရတာကို သတိထားလိုက်မိတယ်။ပြီးနောက်နှစ်ယောက်သား အရှိန်မထိန်းနိုင်ကြဘဲ လဲကျသွားခဲ့ကြတော့တယ်။လဲကျသွားခဲ့ပေမဲ့လဲ ဖူးငုံပွင့်မှာ နာကျင်ခြင်းမရှိဘဲ နုညံ့တဲ့အထိအတွေ့ကြောင့် လန့်ဖျပ်ပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်မိတဲ့အခါ သူမရဲခန္ဓာကိုယ်အောက်မှာ ပိနေတဲ့ ခက်ဝေလတ်ကို တွေ့လိုက်ရတာမို့ အတင်းကုန်းရုန်းထလိုက်မိတယ်။ " ရှင် ..ရှင် ..ထနိုင်ရဲ့လားဟင် ..ဘာ..ဘာဖြစ်သွားသေးလဲ " လဲကျနေတဲ့ခက်ဝေလတ်ကို ကြည့်ပြီး ဖူးငုံပွင့်အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။ "အား .. ကျွတ် .. ကျွတ် ...... မင်း ဘာဖြစ်သွားသေးလဲ " ခက်ဝေလတ်က သူ့ရဲ့တံတောင်ဆစ်ကိုပွတ်သပ်ရင်း ထထိုင်လိုက်ပြီး ဖူးငုံပွင့်ကိုမေးလိုက်တယ်။ဖူးငုံပွင့်က ခေါင်းကိုခါပြလိုက်ပြီး "ကျွန်မ ဘာမှမဖြစ်ပါဘူး ..ရှင့်တံတောင်ဆစ်မှာ ပေါက်သွားတယ်ထင်တယ် " "ရပါတယ် .. ဘာမှမဖြစ်ဘူး ..ဒါနဲ့ မင်းဒီမှာ ဘာလုပ်နေ တာလဲ .. မင်းကို ဘာမှမလုပ်ဖို့ ပြောထားတယ်လေ... မင်း မကြောက်တတ်ဘူးလား " ဖူးငုံပွင့်ကိုကြည့်ပြီး ခက်ဝေ လတ် စိတ်တိုတိုနဲ့ အော်လိုက်တယ်။ "ဟို ... ကျွန်မက ဘာလုပ်လို့လဲ ...အဘိုးက သေတ္တာယူပေးဆိုလို့ လာယူပေးတာပါ ... မယုံရင် အဘိုးကိုမေးကြည့်ပါလား " ဖူးငုံပွင့် ပြန်ပြောလိုက်တော့ ခက်ဝေလတ်က ဖူးငုံပွင့်နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး " ပြောလိုက်ရင် ဆင်ခြေအပြည့်ပဲ... မင်းဒီလိုလုပ်နေပုံနဲ့ မကြာခင် တစ်ယောက်ယောက်လက်ထဲမှာ မိလိမ့်မယ် ... မင်းကလူလည်မကြီးလား..စုံထောက်မကြီးလားပြောအုံး ...မနေ့ညတုန်းက မင်းကိုသူတို့တွေ့သွားရင် ဘယ်လိုလုပ်မလဲ ..ငါ့အစ်ကိုအကြောင်းကို မင်းဘယ်လောက် သိလို့လဲ ..တံခါးသွားခေါက်တာမင်းဆိုတာ သိသွားခဲ့ရင်း .. သူက ညှာမဲ့သူမဟုတ်ဘူး " ခက်ဝေလတ်ရဲ့ စကားကြောင့် ဖူးငုံပွင့် အံလေးကို ကြိတ်လိုက်ပြီး "ရှင်လဲ မြင်တာပဲ မဟုတ်လား ...မိန်းခလေးတစ်ယောက် ရိုက်နှက်ခံနေရတာသိသိနဲ့ .ဘယ်သူမှ တွက်မတားကြဘူးလေ " ဖူးငုံပွင့်ရဲ့စကားကြောင့် ခက်ဝေလတ်သက်ပြင်းကိုချလိုက်ပြီး "အင်း သူတို့ကိစ္စက ... ပုံမှန်လင်မယားတွေ ရန်ဖြစ်စကားများသလိုမျိုးမဟုတ်ဘူး ...သူတို့ကိစ္စ က ငါတို့မသိနိုင်တဲ့အကြောင်းတစ်ခုခုရှိနေတယ်..အဲ့ဒါကြောင့် သူတို့ကိစ္စမှာ မင်းဝင်မပါနဲ့ .. ဒီကိစ္စကို သေချာသိရအောင် စုံစမ်းပြီး ကိုယ်ကူညီပေးလိုက်မယ် .. ကျေးဇူးပြုပြီး... မင်းပြဿနာမရှာပါနဲ့လားကွာ ..အန်တီညို့ကိစ္စကိုလဲ ကိုယ်စုံစမ်းပေးမယ် ... မင်းအဖေရဲ့ နာမည်နဲ့ဓါတ်ပုံရှိရင်ပေးထား...ကဲသွားတော့ .. မင်းအောက်ကို ဆင်းနှင့်လိုက် ..