803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
ရေတံခွန်တောင်ကြား အပန်းဖြေစံအိမ်။အခင်းဖြစ်ပြီးတစ်ပတ်အကြာမှာ သူဌေးလေးကိုဘိုထွန်းက အပန်းဖြေစံအိမ်မှာ အလှူအတန်းပြုလုပ်ဖို့အတွက် အိမ်ကအလုပ်သမားတွေကိုခိုင်းစေခဲ့တယ်။
မီးလောင်ကျွမ်းထားတဲ့ အပန်းဖြေစံအိမ်မှာ ဆုံးပါးသွားမပန်းမြိုင်ရဲ့မိခင်ကြီးဒေါ်နှင်းမြိုင်နဲ့ အလုပ်သမားသုံးယောက်အတွက်ရည်စူးကာ ရဟန်းသံဃာတွေကိုပင့်ဖိတ်ပြီး အမျှအတန်းပေးဝေခဲ့တယ်။ဆုံးပါးသွားသူတွေက ကားဆရာကိုမြအောင်ကလွဲလို့ခန္ဓာကိုယ်ရယ်လို့မကျန်တော့ဘဲ မီးလောင်ကျွမ်းထားတဲ့ အရိုးစုများကိုသာ ကောက်ယူပြီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်တယ်။
" ( .........)ရက်နေ့က ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြသော ဒေါ်နှင်းမြိုင်...မအေးပုံ...ကိုစံသိန်း .....ကိုမြအောင်တို့အား ...တရားနာယူရန် ဖိတ်ကြားအပ်ပါတယ် "
လူကြီးတစ်ယောက်ရဲ့ ခပ်သြသြဖိတ်ခေါ်သံအဆုံးမှာ ဘုရားရှိခိုးတရားသံတွေတစ်ပြိုင်တည်းထွက်ပေါ်လာခဲ့တယ်။
~~~~~~
-----ဆယ့်ခြောက်နှစ်ကြာပြီးနောက် ------
ကသစ်မြိုင်စံအိမ် ........
စခန်းသာလိုသေးငယ်လှတဲ့မြို့ငယ်လေးမှာ ကသစ်မြိုင်မြိုင်စံအိမ်ဆိုရင်မသိသူမရှိသလောက်ရှားတယ်လို့ပဲပြောရမလား။စခန်းသာမြို့လေးက ပြည်ပနဲ့လဲသိပ်မဝေးတဲ့နယ်စပ်မြို့လေးဖြစ်တာကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်အတွင်းမှာ ချမ်းသာကြွယ်ဝတဲ့သူတွေလဲပေါများပြီး အလုပ်အကိုင်တွေလဲပေါများလာခဲ့တယ်။စခန်းသာမြို့လေးက လူနေထူထပ်လာပြီး သူဌေးသူကြွယ်တွေပေါများလာခဲ့လေတော့ စခန်းသာမြို့မှာမြေနေရာအများဆုံးကိုပိုင်ဆိုင်ထားခဲ့ကြတဲ့ ကသစ်မြိုင်စံအိမ်ရဲ့အရှင်သခင်တွေဖြစ်ကြတဲ့ ကိုဘိုထွန်းနဲ့ဇနီးမပန်းမြိုင်တို့ကလဲ အရင်ဆယ်စုနှစ်ကထက်ကိုပိုပိုပြီးချမ်းသာကြွယ်ဝလာခဲ့ကြတယ်။ကိုဘိုထွန်းနဲ့မပန်းမြိုင်တို့ ပိုပိုပြီးချမ်းသာကြွယ်ဝလာတာနဲ့အမျှ သူတို့ရဲ့အနီးအနားမှာလဲ ဆွေမျိုးမိသင်္ဂဟတွေက အရင်ကထက်ပိုမိုများပြားလာခဲ့တော့တယ်။အခုဆိုရင်ဖြင့် အရင်ဆယ်စုနှစ်ကျော်က ပန်းခြံတွေနဲ့သစ်သီးခြံတွေပဲရှိခဲ့တဲ့
ကသစ်မြိုင်စံအိမ်ကြီးရဲ့အနီးအနားဝန်းကျင်ကခြံတွေထဲမှာ ကိုဘိုထွန်းနဲ့မပန်းမြိုင်တို့ရဲ့နှစ်ဖက်ဆွေမျိုးအိမ်တွေနဲ့ပြည့်နေခဲ့တော့တယ်။
~~~~~~~~~~~~~~~~
တပေါင်းလဆန်းရဲ့လမင်းကြီးက ကောင်းကင်ယံမှာ ဖျော့တော့အားနည်းစွာနဲ့ တည်ရှိနေပြီး မှိန်ဖျော့ဖျော့အလင်းတွေ ထုတ်လွှင့်ကာ ညသန်းခေါင်အချိန်ကို အနိုင်ယူဖို့ ကြိုးစားနေလေတယ်။
" ဒေါက် ... "
" ဒေါက် "
တံခါးပေါက်ကို ခဲလုံးတွေလာရောက်ထိမှန်သံလို အသံခပ်သဲ့သဲ့ထွက်ပေါ်လာတာကြောင့် အိပ်ရာပေါ်မှာလဲလျောင်းနေတဲ့ အမျိုးသမီးငယ်က ပြတင်းပေါက်ရှိရာဆီကို ခပ်ဖြည်းဖြည်းလျှောက်သွားခဲ့တယ်။သူမလျှောက်သွားနေချိန်မှာပဲ ပြတင်းပေါက်က ခန်းဆီးလိုက်ကာစက တဖျပ်ဖျပ်ယိမ်းနွဲ့လှုပ်ရှားနေခဲ့တယ်။အမျိုးသမီးငယ်က ခန်းဆီးလိုက်ကာစကိုလက်နဲ့အသာသိမ်းဖယ်လိုက်ပြီး ခြံဝန်းထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ ခြံဝန်းထဲကနေ သူမရပ်နေရာပြတင်းပေါက်ဆီကို လှမ်းမော့ကြည့်နေတဲ့ လူရိပ်သဏ္ဍာန်ကိုတွေ့လိုက်ရတော့တယ်။မလှုပ်မယှက်ရပ်ကြည့်နေတဲ့ အရိပ်သဏ္ဍာန်ကိုကြည့်ပြီး အမျိုးသမီးငယ်မှာ ထိတ်လန့်တုန်လှုပ်သွားကာ မှန်ပြတင်းပေါက်နားကနေ အမြန်ဆုတ်ခွါလိုက်တယ်။သူမရဲ့ခြေလှမ်းတွေကိုနောက်သို့ အလန့်တကြားဆုတ်လိုက်တဲ့အချိန်မှာပဲ ခပ်မှိန်မှိန်လင်းနေတဲ့ ညအိပ်မီးရောင်ပြာလဲ့လဲ့က ဖျတ်ခနဲပိတ်ကာ တစ်ခန်းလုံးအမှောင်ကျသွားတော့တယ်။
"ဘုတ် "
" အမလေး "
အခန်းက ချက်ချင်းပဲမှောင်မိုက်သွားတာကြောင့် အမျိုးသမီးက ထိတ်လန့်တကြားဖြစ်သွားချိန်မှာပဲ တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိကာ ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်လဲကျသွားခဲ့တယ်။ အမျိုးသမီးငယ်မှာ ကြောက်လန့်တကြားအော်ဟစ်ပစ်လိုက်ပေမဲ့ အသံက အပြင်ကိုလုံးဝထွက်မလာခဲ့ဘူး။ သူမကြောက်ကြောက်လန့်လန့်နဲ့ပဲ သူမဝင်တိုက်မိတဲ့ အရာကိုသေချာစူးစိုက်ကြည့်လိုက်တယ်။ဒီအခါမှာ မှန်ပြတင်းကနေ ခပ်ဖျော့ဖျော့ကျရောက်နေတဲ့ လမင်းရဲ့အလင်းရောင်နဲ့ သူမမြင်လိုက်ရတာက မည်းမည်းအရိပ်သဏ္ဍာန်ကြီးတစ်ခု။လူပုံရယ်လို့ ဝိုးတဝါးမြင်နေရတဲ့မည်းမည်းသဏ္ဍာန်ကြီးက အမှောင်ထဲမှာ ငုတ်တုတ်ကြီးထိုင်နေကာ သူမကိုငေးစိုက်ပြီးကြည့်နေခဲ့တယ်။
"အား "
သူမကြောက်လန့်တကြားအော်ဟစ်လိုက်မိပြီးတော့ နေရာမှာတင် ပုံရက်သားလဲကျသွားတော့တယ်။
ညသန်းခေါင်ယံရဲ့ လရောင်မှုန်ဝါးဝါးအောက်မှာတော့ ကသစ်မြိုင်စံအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာအိပ်မောကျနေလေတယ်။
===================================
အပိုင်း(၃ )ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
"ဟာ...ဒီဟာမလေးတယ်ရှုပ်ပါလား...မင်းတို့လိုက်ကြစမ်းကွာ...အမြန်လိုက်ဖမ်းကြစမ်း...."
လူတစ်ယောက်ရဲ့အော်ဟစ်အမိန့်ပေးသံကြောင့် သစ်ခက်တို့ပြေးရာနောက်ကို လူနှစ်ယောက်အူယားဖားယားအပြေးလိုက်ချသွားတယ်။
~~~~~~~~~~~
သစ်ခက်ကြောက်ကြောက်လန့်လန့်နဲ့ပြေးမိပြေးရာပြေးလာခဲ့ရင်း ဆင်ခြေလျောတစ်ခုကိုနင်းမိသွားကြပြီး နှစ်ယောက်သားလျောခနဲလိမ့်ဆင်းကျသွားကြတော့တယ်။
" အား .."
အော်သံသေးသေးလေးကမပီမသထွက်လာခဲ့တယ်။လရောင် ဝိုးတဝါးအမှောင်ထဲမှာ အသံထွက်လာရာဆီကိုသစ်ခက်စမ်းသွားလိုက်ပြီး
" အထွန်း ...မောင်လေးမကြောက်နဲ့နော်....လက်ကိုဆန့်ထုတ်ထားပေး ...မမလာခေါ်မယ် "
သစ်ခက်ကပြောရင်းနဲ့လက်သေးသေးလေးကိုဖမ်းဆွဲလိုက်တော့ လက်ကိုမိသွားတယ်။သစ်ခက်ဖမ်းဆွဲလိုက်မိချိန်မှာတော့ လက်သေးသေးလေးကတုန်ယင်အေးစက်နေခဲ့တယ်။
" အထွန်းမမတို့ဆက်ပြေးကြမယ်နော်...အထွန်းမပြေးနိုင်ရင်မမလက်ကိုပဲဆွဲထားနော် "
" မပြေးဘူး...မပြေးဘူး...သားသားကြောက်တယ် "
အထွန်းလေးက ကြောက်လန့်တကြားနဲ့အော်ဟစ်ငိုလိုက်တာမို့ သစ်ခက်ကအထွန်းလေးရဲ့ပါးစပ်ကိုလက်ဖဝါးနဲ့အမြန်ပိတ်လိုက်ရတယ်။
" မ...မကြောက်နဲ့နော်အထွန်း...ဟောဟိုးမှာတွေ့လား....ဟိုးကမီးရောင်ကိုတွေ့လား....အဲ့ဒီမီးရောင်ဆီကိုမမတို့သွားကြမယ် "
အထွန်းလေးကိုသစ်ခက်ကချော့မော့ပြောလိုက်ပြီးတော့ မှုန်ပျပျမြင်နေရတဲ့ အဝေးဆီကမီးရောင်ကိုလှမ်းကြည့်ပြီး မီးရောင်ရှိရာဘက််ဆီကိုဦီးတည်ပြီးမှန်းဆလျှောက်သွားလိုက်တယ်။
" အထွန်းမြင်ရလား...ရှေ့ကိုမမြင်ရရင် မမလက်ကိုပဲကိုင်ထားနော် "
သစ်ခက်ကမှုန်မှုန်ပျပျလရောင်ကိုအားပြုူရင်း လက်ထဲမှာတုတ်တစ်ချောင်းကိုကိုင်ပြီး စမ်းထောက်ကာလျှောက်ခဲ့တယ်။
သစ်ခက်တို့အတော်ကြာကြာလျှောက်လာကြတဲ့အခါ လှမ်းမြင်နေရတဲ့ ခမ်မှိန်မှိန်မီးရောင်က ပေါ်လာလိုက်ပျောက်သွားလိုက်ရှိနေခဲ့တယ်
~~~~~~~~~
လရောင်ဝိုးတဝါးအောက်မှာ အထွန်းလေးရဲ့လက်ကို သစ်ခက်တင်းတင်းဆုပ်ကိုင်ပြီး တောလမ်းလေးအတိုင်းပြေးလွှားခဲ့တယ်။
" အထွန်း...မောင်လေး...အားတင်းထားနော်...မကြောက်နဲ့ မမရှိတယ် "
" အား "
"အမယ်လေး "
အထွန်းလေးကို သစ်ခက် သတိပေးလိုက်သံမဆုံးခင်မှာဘဲ သစ်မြစ်ဆုံတစ်ခုကို ခလုတ်တိုက်မိပြီး နှစ်ယောက်လုံးတလိမ့်ခေါက်ကွေးလဲကျသွားခဲ့ကြတယ်။
" အထွန်း ...မောင်..လေး "
ဆင်ခြေလျောအတိုင်းအောက်ထိလိမ့်ဆင်းကျသွားတဲ့ အထွန်းလေးကိုကြည့်ပြီး သစ်ခက်ငယ်သံပါအောင် အော်လိုက်တယ်။သစ်ခက်အားယူကာပြန်ထလိုက်ပေမဲ့ သစ်မြစ်တုံးနဲ့ ခေါင်းရိုက်မိလိုက်တဲ့ဒဏ်ကြောင့် ခေါင်းတွေချာချာလည်အောင်မူးဝေနေခဲ့တယ်။ ဒီအချိန်မှာပဲ သစ်ခက်ရှိရာဆီကို လက်နှိပ်ဓါတ်မီးရောင်ဝင်းခနဲ ကျရောက်လာခဲ့ပြီး စကားသံအချို့ထွက်ပေါ်လာခဲ့တယ်။
"ဟေ့ ...ဒီမှာတွေ့ပြီ ....အာဂသတ္တိခဲမလေးပဲ လူတွေကိုတော်တော်ဒုက္ခပေးတဲ့ဟာမလေး...လာစမ်း ... "
ဆူဆူညံညံစကားသံတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ သစ်ခက်တစ်ယောက် ခေါင်းလုံးဝမထူနိုင်တော့ဘဲ ငြိမ်သက်သွားခဲ့တော့တယ်။
~~~~~~~~
" မနေ့ညတုန်းက မပန်းမြိုင်တို့သားအမိတွေ...ရေတံခွန် တောင်ကြားက အပန်းဖြေစံအိမ်မှာ Darပြတိုက်ခံရလို့တဲ့ "
" ဘာ...ဟုတ်လို့လား...တကယ်လား ..... "
" ဘယ်..ဘယ်လို...ဟုတ်ရဲ့လား အေ...... တို့နယ်ဘက်မှာဒီလိုမျိုးမကြားဖူးပါဘူး .....ဘယ်လိုတွေဖြစ်ကြတာလဲ ....လူတွေဘေးကင်းကြရဲ့လား "
" အေး... ဘယ်လာပြီးဘေးကင်းကြမလဲ ...အပန်းဖြေအိမ်လဲ မီးလောင်သွားတယ်....အလုပ်သမားသုံးယောက်နဲ့ ကြီးကြီးနှင်းမြိုင်လဲဆုံးသွားတယ်တဲ့ ... ကလေးနှစ်ယောက် ပျောက်နေတယ်လို့ ပြောသံကြားတယ်...မပန်းမြိုင်နဲ့အကြီးမလေးပန်းရိပ်ဖြူက မီးလောင်ဒဏ်ရာတွေရထားလို့ ...မြို့ပေါ်ဆေးရုံကို အားချင်းခေါ်သွားကြတယ်တဲ့ ... ဖြစ်ချင်တော့သူဌေးလေးက ဒီနေ့မနက်လောက်မှ နယ်ကပြန်ရောက်တယ်ဆိုလား ... သူဌေးရောက်မှ သက်ဆိုင်ရာကိုအကြောင်းကြားရတာတဲ့ "
" အို...ကြားရတာစိတ်မကောင်းလိုက်တာအေ ... ကလေးနှစ်ယောက်ပျောက်နေတယ်ဆိုတော့ လိုက်မရှာကြဘူးလား .... ဘယ်သူတွေပျောက်သွားတာလဲ မသိဘူး...မပန်းမြိုင် ကလေးနှစ်ယောက်များလား..."
" ဟုတ်တယ် ...မပန်းမြိုင်တို့သားအငယ်လေးနဲ့အေးပုံသမီးလေးနဲ့ပျောက်နေတာတဲ့ ....မပန်းမြိုင်ရဲ့တူမလေးအလွမ်းဆွတ်ကိုတော့ လမ်းမှာ သတိလစ်နေတာတွေ့လို့ ရေတံခွန်ရွာက ကယ်ပေးထားတယ်တဲ့လေ..."
"ဘုရား..ဘုရား ...ပျောက်နေတဲ့ကလေးတွေဘာမှမဖြစ်ပါစေနဲ့...ဒီနေရာမှာဘယ်ကောင်တွေ Darပြလာတိုက်ရတာလဲ ....ဘုရားမလို့မပန်းမြိုင်တို့သားအမိလဲ ဘေးကင်းပါစေ "
မပန်းမြိုင်က လူချစ်လူခင်ပေါများတာကြောင့် မပန်းမြိုင်တို့သားအမိတွေရဲ့သတင်းကိုကြားပြီး စခန်းသာမြို့လေးတစ်မြို့လုံးစိတ်မကောင်းဖြစ်ကာ မပန်းမြိုင်တို့ရဲ့သတင်းအမှန်ကိုစောင့်မျှော်နေခဲ့ကြတယ်။
~~~~~~~~
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၂)
akyiphyu
*********
" သစ်ခက် ..ရှေ့ကိုသေချာကြည့်နော်...ပိုးကောင်တွေဘာတွေရှိတတ်တယ် "
" ဟုတ်..ဟုတ်ကဲ့ အမေ...ဟုတ်ကဲ့ ...သမီးသေချာကြည့်ပါတယ်...."
" မေမေ....မေမေကဘာလို့မလိုက်လာတာလဲဟင်...သားသားတို့ကဘယ်သွားကြမှာလဲ...လမ်းကမှောင်မည်းနေတာပဲ သားသားကြောက်တယ် အီး ဟီး ဟီး"
အငယ်ဆုံးလေးဖြစ်တဲ့ ထွန်းမြတ်မောင်ကငိုသံလေးမေးလိုက်သံကြောင့် အေးပုံမှာဘာပြောရမှန်းမသိဘဲဖြစ်နေမိတယ်။
အထွန်းလေးရဲ့ငိုသံကြောင့် သစ်ခက်ကနောက်ကိုပြန်လှည့်ကြည့်လိုက်ပြီး
" အထွန်းရေ...မောင်လေးမကြောက်နဲ့နော်..မငိုနဲ့နော်မောင်လေး...မမတို့ကတူတူပုန်းတမ်းကစားနေတာလေ....မမတို့ကိုမေမေပန်းမြိုင်နဲ့ဘွားဘွားကြီးကလိုက်ရှာကြမှာမောင်လေးရဲ့ ...မမတို့တိတ်တိတ်လေးပုန်းနေကြမယ်နော်..."
သစ်ခက်ကချော့မော့ပြောလိုက်တော့ အထွန်းလေးက အငိုတိတ်သွားတယ်။ပြီးတော့ သူ့လက်ကိုဆွဲထားတဲ့အေးပုံကိုတစ်လှည့် သူ့အစ်မနှစ်ယောက်ကိုတစ်လှည့်ကြည့်တယ်။သူ့အစ်မနှစ်ယောက်ကိုကြည့်ပြီးတော့မှ အေးပုံလက်ထဲကအတင်းရုန်းထွက်လိုက်ပြီး သစ်ခက်ရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။
" သားသား...မမသစ်ခက်နဲ့လိုက်မယ်....မမသစ်ခက်နဲ့လိုက်မယ် "
သစ်ခက်ကလဲ သူမလက်ကိုလာဆွဲတဲ့ အထွန်းလေးရဲ့လက်ကိုတင်းတင်းပြန်ဆွဲလိုက်တယ်။
" မေမေပန်းမြိုင်...မေမေပန်းမြိုင်လိုက်လာမှာလားဟင်...မေမေပန်းမြိုင်ကလိုက်လာမှာလား "
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ အလွမ်းဆွတ်က ငိုသံလေးနဲ့ထမေးလိုက်တယ်။
" လိုက်...လိုက်လာမှာပေါ့သမီးရဲ့ ...မငိုနဲ့နော် ...အောက်ကိုသေချာကြည့်ပြီးလျှောက်နော် "
အလွမ်းဆွတ်ရဲ့အမေးကို အေးပုံကတုန်တုန်ယင်ယင်နဲ့ပြန်ဖြေလိုက်ရင်း လာရာလမ်းကိုလည်ပြန်ကာလှည့်ကြည့်လိုက်တယ်။ဒီအခါမှ တောင်ကြားလမ်းရဲ့အဆုံးမှာမီးရောင်လိုမျိုးအရောင်တွေဟပ်နေတာကိုတွေ့လိုက်ရတော့ အေးပုံထိတ်လန့်တုန်လှုပ်သွားကာကြက်သေသေသွားမိတယ်။
" ဒေါ်ဒေါ်အေးပုံဘာ..ဘာဖြစ်လို့လဲဟင်......သမီးတို့လာခဲ့တဲ့လမ်းမှာမီးရောင်တွေမြင်ရတယ်....မေမေနဲ့ဘွားဘွားကြီးလိုက်လာပြီထင်တယ်နော်..."
ပန်းရိပ်ဖြူက ငယ်သေးတာမို့အခြေအနေကိုနားမလည်နိုင်ဘဲ သူစိတ်ထင်ရာကိုပြောလိုက်တယ်။အေးပုံမှာထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာကို ဟန်မပျက်အောင်ထိန်းလိုက်ပြီး သမီးဖြစ်သူသစ်ခက်ကိုခေါ်လိုက်တယ်။
" သစ်ခက်သမီး ....သမီးမကြောက်ဘူးမဟုတ်လား ....အထွန်းတို့ကို ဒီကနေမြန်မြန်ခေါ်ထုတ်သွားပါ...အမေကအမေပန်းမြိုင်နဲ့ဘွားဘွားကြီးတို့ကို သွားခေါ်လိုက်အုံးမယ်နော် ...သမီးမကြောက်ဘူးမဟုတ်လား "
မိခင်ဖြစ်သူရဲ့စကားကြောင့် သစ်ခက်ကတွေဝေသွားပေမဲ့ ချက်ချင်းပဲမိခင်ဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်တယ်။
" သမီးမကြောက်ဘူးအမေ ...သမီးတို့သွားနှင့်မယ်နော်...ဟိုဘက်တောင်ကြားထိပ်ရောက်ရင် စမ်းချောင်းအတိုင်းလျှောက်သွားရမှာမဟုတ်လား အမေ "
" ဟုတ်တယ်...မှန်တယ်...သမီးတော်တယ်..စမ်းချောင်းရဲ့အဆုံးမှာ ရေတံခွန်ရွာဝင်လမ်းရှိတယ်လေ...အဲ့ဒီရောက်ရင်ရွာထဲဝင်ပြီး အကူအညီတောင်းရမယ်နော်သမီး ...သွားတော့ ...မြန်မြန်သွားကြတော့ "
" ဟင့်အင်း ...မသွားနဲ့...အမေအေးပုံမသွားပါနဲ့ သမီးတို့ကြောက်တယ်...မသွားရဲဘူး ...လမ်းကလဲမှောင်နေတာပဲ "
ပန်းရိပ်ဖြူလေးက ကြောက်လန့်တကြားနဲ့ငိုရှိုက်လိုက်ရင်း အေးပုံကိုပြေးဖက်တယ်။
"ပန်းရိပ် သမီးလေး...သမီးကလိမ္မာပါတယ်...သတ္တိလဲရှိတယ်မဟုတ်လား...သစ်ခက်နဲ့အတူလိုက်သွားနော် ...ဒေါ်ဒေါ်အေးပုံနဲ့အမေပန်းမြိုင်တို့ကနောက်ကနေလိုက်ခဲ့မယ်နော်သိလား "
အေးပုံက ပန်းရိပ်ဖြူလေးကိုချော့မော့ပြောလိုက်ပြီးတော့ မီးရောင်တွေဟပ်နေတဲ့နောက်ကြောင်းကိုပြန်လှည့်ပြေးခဲ့တယ်။
" ပန်းရိပ်မလိုက်သွားနဲ့ ...အလွမ်းဆွတ်လာ...ငါတို့သွားနှင့်ကြမယ်"
သစ်ခက်က ပန်းရိပ်ဖြူနဲ့အလွမ်းဆွတ်ကို လှမ်းခေါ်လိုက်ပြီး အထွန်းလေးရဲ့လက်ကိုဆွဲကာ တောင်ကြားရဲ့တစ်ဖက်ထိပ်ကပြေးထွက်ခဲ့တယ်။ပန်းရိပ်ဖြူနဲ့အလွမ်းဆွတ်လဲ နေရာမှာဆက်ပြီးရပ်မနေရဲတော့တာမို့ သစ်ခက်နောက်ကနေပြေးလိုက်ခဲ့ကြတယ်။
~~~~~~~~~
သစ်ခက်တို့လေးယောက် တောင်ကြားလမ်းထဲကထွက်လာခဲ့ကြပြီးတော့ စမ်းချောင်းလေးအတိုင်းလက်နှိပ်ဓါတ်မီးတွေကိုထိုးကား အပြေးလျှောက်လာခဲ့ကြတယ်။
" ဟေ့ ..ကလေးတွေရပ်ကြစမ်း....မင်းတို့သတ္တိတယ်ရှိနေကြပါလားကွဟင် ...ရပ်ကြစမ်း "
" အား...ကြောက်တယ်...ကြောက်တယ် "
" မေမေရေ..မေမေ "
ရှေ့ကနေရုတ်တရက်ထွက်ပေါ်လာတဲ့ ကြောက်စရာအသံကြောင့် ပန်းရိပ်ဖြူတို့ကလေးအုပ်စုကြောက်ရွံ့ထိတ်လန့်စွာထအော်လိုက်ကြတယ်။
" ဟေ့ ကလေးမ...မင်းကတယ်ပြီးသတ္တိရှိနေပါလားကွ ...ရပ်လို့ပြောနေတာမကြားဘူးလား "
လူတစ်ယောက်ရဲ့အော်ဟစ်ကြိမ်းမောင်းသံအဆုံးမှာ သစ်ခက်ကသူမဘေးနားကလက်လှမ်းမီရာတစ်ယောက်ရဲ့လက်ကိုဆွဲပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးမိပြေးရာဇွတ်ပြေးထွက်ခဲ့တယ်။
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
သစ်ခက်လေးရဲ့ အမေးကို မိခင်ရင်းဖြစ်တဲ့အေးပုံမှာ မဖြေနိုင်ဘဲ ပြေးဖို့အတွက်နောက်တံခါးပေါက်ကို အမြန်ဖွင့်နေလိုက်တယ်။မပန်းမြိုင်က သစ်ခက်ရဲ့အနားမှာထိုင်ချလိုက်ပြီး
"သစ်ခက် ...သမီးလေး .....အားလုံးထဲမှာ သစ်ခက်က သတ္တိအရှိဆုံးပဲ ... သမီးလေးသစ်ခက်က ဘာကိုမှမကြောက်တတ်ဘူးဆိုတာကြီးကြီးသိတယ် ..အဲ့ဒါကြောင့် ပန်းရိပ်တို့ မောင်နှမနဲ့အလွမ်းဆွတ်ကို သမီးက သေချာခေါ် သွားပေးပါ...အမေအေးပုံပြောတာကို နားထောင်နော် ... သမီးတို့ကိုလိုက်ဖ***မ်းနေတဲ့သူတွေရှိလို့ ..... မောင်လေးအထွန်းနဲ့ပန်းရိပ်တို့ ညီအစ်မကိုခေါ်ပြီး တောင်ကြားလမ်းကနေ ရေတံခွန်ရွာထဲဘက်ကိုရောက်အောင်ပြေးနော်သမီး ... လမ်းကို သမီးမှတ်မိတယ်မဟုတ်လား "
" ဟုတ် ..ဟုတ်ကဲ့ပါ အမေပန်းမြိုင် သစ်ခက်မှတ်မိပါတယ် "
" အေးပုံ ...ရွာနားရောက်တာနဲ့အကူအညီတောင်းပါ ...အမြန်ပြေးတော့ "
" ဟုတ် ..ဟုတ်ကဲ့ မမ"
" ကဲ ..သွား...သွားကြတော့ "
မပန်းမြိုင်ကသားငယ်နဲ့ သမီးဖြစ်သူကိုနမ်းလိုက်ပြီးနောက် တူမငယ်လေးကိုပါနမ်းလိုက်တယ်။ပြီးတော့ အားလုံးကို တံခါးပေါက်ထဲကိုထိုးထည့်လိုက်တယ်။
"မမ...ကလေးတွေနဲ့ မမလိုက်သွားလိုက်ပါ ...မေမေကြီးကို အေးပုံကြည့်ထားလိုက်ပါ့မယ် "
အေးပုံမှာ မပြေးနိုင်သေးဘဲ မပန်းမြိုင်ကို အငိုမျက်နှာနဲ့ပြောလိုက်တယ်။
"မဖြစ်နိုင်ဘူးအေးပုံ...အမေက မမရဲ့ အမေပါ ....အမေ့ကို တစ်ယောက်တည်းမထားခဲ့နိုင်ဘူး...သွားပါတော့အေးပုံ ..သူတို့တွေလဲ... လက်ဝတ်လက်စားတွေရရင် ကျေနပ်သွားကြမှာပါ ...ကလေးတွေအန္တရာယ်မဖြစ်အောင် အမြန်သွားကြပါ "
မပန်းမြိုင်က အံကိုကြိတ်ကာပြောလိုက်ပြီးတော့ အေးပုံကိုတံခါးအပြင်ဘက်ကို တွန်းထုတ်ပစ်လိုက်ကာ တံခါးကိုပိတ်ပစ်လိုက်တယ်။ပြီးတော့ မိခင်ကြီးရှိရာ အခန်းဆီကို ပြေးလွှားသွားလိုက်တယ်။
ဒီအချိန်မှာပဲအိမ်ကြီးရဲ့ရှေ့တံခါးကိုရိုက်ချိုးဖျက်ဆီးသံတွေဆူညံစွာထွက်ပေါ်လာခဲ့ပေမဲ့ အိမ်ကြီးထဲမှာတော့ ချေက်ချားဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
~~~~~~~
အေးပုံနဲ့ကလေးလေးယောက်က အိမ်နောက်တံခါးကထွက်လာခဲ့ကြပြီး နောက်ခြံတံခါးပေါက်ကနေ တောင်ကြားလမ်းလေးထဲကိုဦးတည်လိုက်ကြတယ်။
အပန်းဖြေစံအိမ်ကြီးကရှေ့ဘက်မှာသစ်လုံးခြံစည်းရိုးတွေကာရံထားပြီးအနောက်ဘက်မှာတော့ကျောက်တောင်နံရံတွေကခြံစည်းရိုးသဖွယ်ရှိနေခဲ့တာ။
" ကြောက်တယ်,,,ကြောက်တယ် ...အီး ဟီးဟီး ...မေမေရေ...ဖေဖေရေ "
" ပန်းရိပ် ...သမီးလေးမငိုနဲ့နော်....သမီးငိုရင်မောင်လေးပါလိုက်ငိုလိမ့်မယ် ....မကြောက်နဲ့နော်...ဒေါ်ဒေါ်အေးပုံရှိတယ်သိလား "
အေးပုံမှာကလေးတွေကိုမကြောက်ဖို့ပြောလိုက်ရပေမဲ့ ကိုယ်တိုင်ကတော့ ခြေလှမ်းတွေမမှန်နိူင်အောင်တုန်လှုပ်နေခဲ့တယ်။
" ပန်းရိပ်...နင်ကြောက်ရင် ငါ့လက်ကိုဆွဲပြီးလိုက်ခဲ့...ငါကမကြောက်ဘူး "
သစ်ခက်ကပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူလက်ကိုဖမ်းဆွဲလိုက်တယ်။ တောင်ကြားလမ်းဆိုတာက တောင်နှစ်တောင်ရဲ့လမ်းကြားကခပ်ကျဉ်းကျဉ်းလမ်းလေးသာဖြစ်တယ်။ခန္ဓာကိုယ်ခပ်ကြီးကြီးတွေဆိုရင် တော်ရုံနဲ့သွားလာလို့မရတဲ့ လမ်းမျိုးဖြစ်တယ်။တောင်ကြားလမ်းရဲ့အရှည်ကအတော်လေးလဲရှည်တယ်။တောင်ကြားလမ်းရဲ့အဆုံးမှာ စမ်းချောင်းငယ်လေးရှိတယ်။ဒီတောင်ကြားလမ်းကို အပန်းဖြေစံအိမ်ဆောက်ဆောက်နေချိန်မှာတွေ့ရှိခဲ့ကြပြီး သူဌေးကိုဘိုထွန်းက ကိုစံသိန်းကိုရှင်းလင်းခိုင်းခဲ့တာ။ကသစ်မြိုင်ရဲ့မိသားစုဝင်တွေနဲ့ အလုပ်သမားတချို့ပဲ တောင်ကြားလမ်းရှိမှန်းသိကြတာ။အပြင်လူတွေသိပ်မသိကြဘူး။တောင်ကြးလမ်းက နေ့ဘက်တောင်မှောင်နေတာ ညဆိုရင်တော့မပြောနဲ့တော့။ဒီလိုမှောင်မှောင်မည်းမည်းဖြစ်နေတဲ့ လမ်းကျဉ်းလေးထဲမှာ လက်နှိပ်ဓါတ်မီးရဲ့အလင်းနဲ့ အေးပုံနဲ့ကလေးလေးယောက်ကြောက်ကြောက်လန့်လန့်နဲ့လျှောက်လာခဲ့ကြတယ်။သစ်ခက်ကတော့ ကလေးပေမဲ့အကြောက်အလန့်သိပ်မရှိဘဲ ရှေ့ဆုံးကနေလျှောက်ခဲ့တယ်။ဒီလမ်းက သစ်ခက်တို့လူစု အပန်းဖြေစံအိမ်ကို အလည်ရောက်တိုင်း ဆော့နေကြနေရာမို့ သစ်ခက်ကတော့သိပ်မတုန်လှုပ်ဘဲဖြစ်နေတာ။သစ်ခက်လိုပဲ သိပ်ပြီး မကြောက်တဲ့သူတစ်ယောက် ရှိသေးတယ်။သူကတော့ အလွမ်းဆွတ်သာဖြစ်တယ်။အလွမ်းဆွတ်ကလဲ သူမတို့ သွားလာဆော့ကစားနေကြနေရာမို့ တောင်ကြားလမ်းကို သိပ်မကြောက်ဘူး။သို့ပေမဲ့ သူမနားမနိုင်တာက သူမတို့တွေ ညဘက်ကြီးမှာ တောင်ကြားလမ်းထဲ ဘာလို့လာနေရတာလဲဆိုတာကို နားမလည်နိုင်ဘဲဖြစ်နေခဲ့တယ်။
===================================
အပိုင်း(၂)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
စိုးရိမ်ပူပန်နေတဲ့ သူဌေးကတော်မပန်းမြိုင်ကိုကြည့်ပြီး အေးပုံကအံ့ဩသွားခဲ့ရတယ်။အပန်းဖြေစံအိမ်ကို အေးပုံတို့တွေလာလည်ခဲ့ကြတာ အခေါက်ပေါင်းမရေနိုင်တော့ဘူးလေ။လာတိုင်းလဲ သူဌေးပါတာရယ်လို့သိပ်မရှိဘဲ မပန်းမြိုင်ရဲ့ မိခင်ကြီးရယ်မပန်းမြိုင်နဲ့အတူကလေးသုံးယောက်သာအမြဲလာလေ့ရှိတာ။ သူဌေးကတော်မပန်းမြိုင်ရဲ့မိခင်ကြီးက ကျန်းမာရေးမကောင်းတော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒီလိုပဲမကြာခဏခရီးတွေထွက်လေ့ရှိကြတယ်။အဖော်အဖြစ်ကားဆရာကိုမြအောင်နဲ့အေးပုံတို့သားအမိရယ်တခြားခိုင်းလို့ရတဲ့ အလုပ်သမားတစ်ယောက်လောက်တော့အမြဲပါလာမြဲဖြစ်တယ်။ဒီနေ့တော့များလူနည်းတယ်ဆိုပေမဲ့လဲ ဒီနေရာမှာက မျောက်လိုမျိူးအကောင်ငယ်လေးတွေကလွဲလို့တောကောင်ကြီးကြီးမားမားလဲမရှိသလို နယ်ခံတွေပဲရှိတော့ အန္တရာယ်တစ်စုံတစ်ရာလဲမရှိဘူးလေ။ပြီးတော့ ခြံထဲမှာကခြံစောင့်ကြီးကိုစံသိန်းလဲရှိနေခဲ့တာမို့ စိတ်ပူစရာကိစ္စလဲသိပ်မရှိဘူးမဟုတ်လား။
" စိတ်မပူပါနဲ့မမရယ်...အေးပုံတို့လဲရှိပါတယ်....အမြဲလာနေကြပဲဟာ ဘာမှမဖြစ်ပါဘူး...ကြီးကြီးအတွက်လဲ စိတ်မပူပါနဲ့...အေးပုံဂရုစိုက်ပေးပါ့မယ်မမရယ်....မမစိတ်ထဲတစ်မျိုးဖြစ်နေရင်.... အေးပုံတို့သားအမိ မမတို့အခန်းရှေ့မှာပဲလာအိပ်ပါ့မယ် "
" ကျေးဇူးတင်ပါတယ်အေးပုံရယ် ...မမလဲ ဒီနေ့မှဘာဖြစ်နေမှန်းမသိဘူး "
မပန်းမြိုင်ကပူပူပင်ပင်နဲ့ပြောရင်း အိပ်ခန်းတွေဆီကို လျှောက်သွားလိုက်တယ်။
~~~~~~~~~~~~~~
" ဖောင်း...ဖောင်း "
" ဒိုင်း...ဒိုင်း "
အပန်းဖြေစံအိမ်ကြီးရဲ့ရှေ့ဆီမှ ဆူဆူညံညံအသံတွေပေါ်ထွက်လာတာကြောင့်အေးပုံလန့်နိုးသွားခဲ့ပြီး အိပ်ရာထဲက အမြန်လူးလဲထလိုက်တယ်။ဒီအချိန်မှာပဲ အိပ်မပျော်နိုင်ဖြစ်နေတဲ့ မပန်းမြိုင်တစ်ယောက်လဲ ထိတ်ထိတ်လန့်လန့်နဲ့ အခန်းပြင်ကိုထွက်လာခဲ့တယ်။
" အေး...အေးပုံ ...အသံတွေကြား ...ကြားလိုက်လား...ဘာ...ဘာသံတွေလဲမသိဘူး "
မပန်းမြိုင်ကတုန်တုန်လှုပ်လှုပ်နဲ့ပြောလိုက်ရင်း အိမ်ရှေ့ပြတင်းပေါက်ကနေသွားကြည့်လိုက်တယ်။ဒီအချိန်မှာပဲ အိမ်တံခါးခေါက်သံနဲ့အတူ ကားဆရာကိုမြအောင်ရဲ့အသံကိုကြားလိုက်ရတယ်။
" မမကြီး...မမကြီး "
အသံကြားလိုက်ရတာနဲ့ အေးပုံက တံခါးပေါက်ရှိရာဆီကို ချက်ချင်းပြေးသွားလိုက်ပြီး လက်တစ်ဝါးစာလူကြည့်ပေါက်ကိုလှပ်လိုက်တယ်။မပန်းမြိုင်ကလဲ တုန်တုန်ယင်ယင်နဲ့ နောက်ကပြေးလိုက်သွားခဲ့တယ်။
" ကို...ကိုမြအောင် ...ဘာသံတွေလဲ...ဘာဖြစ်တာလဲဟင် "
" dar ...darပြတွေထင်တယ်...မမကြီးတို့တွေတော်ရာမှာအမြန်ပုန်းကြပါ ...ကျွန်တော်နဲ့ကိုစံသိန်းတတ်နိုင်သလောက် ကာပေးထားပါ့မယ်...မမကြီးတို့အမြန်ပြေးကြပါ "
" ကား ...ကားနဲ့ပြေးလို့မရဘူးလား ကိုမြအောင်..."
အေးပုံကအလောတကြီးနဲ့မေးလိုက်တယ်။
" သူတို့တွေကလူများတယ်လက်နက်တွေလဲပါတယ်....ကားထွက်လိုက်တာနဲ့ ပစ်လိမ့်မယ်....မဖြစ်ဘူး...ခြံနောက်တောင်ကြားကနေပြေးလို့ရသလောက်ပြေးကြပါ "
" ဘယ်...ဘယ်လို... darပြတွေဟုတ်လား...ဘုရား ..ဘုရား...အမေ ..အမေကလမ်းမှကောင်းကောင်းမလျှောက်နိုင်တာဘယ်လိုလုပ်ကြမလဲ ...ကယ်ကြပါအုံး....လုပ်ကြပါအုံးကွယ်...အေးပုံလုပ်ပါအုံးအေးပုံရဲ့ ...ကလေးတွေကိုသွားနှိုးပါအုံး ...အမေ...အမေတော့ဒုက္ခပါပဲ.."
ကားဆရာကိုမြအောင်ရဲ့စကားကြောင့် မပန်းမြိုင်မှာ အရူးတစ်ယောက်လိုတတွတ်တွတ်လိုရေရွတ်ရင်းနဲ့ အအခန်းဆီကိုပြေးလွှားလာခဲ့တယ်။အေးပုံလဲ သူဌေးကတော်မပန်းမြိုင်ရဲ့နောက်ကနေ အပြေးလိုက်သွားလိုက်တယ်။
"မမ ...မမရရဲ့လား ..ဟို..ဟိုမှာ...သူတို့တွေ ခြံဝရောက်လာကြပြီ "
အေးပုံရဲ့အထိတ်တလန့်ပြောလိုက်သံကြောင့် သူဌေးကတော်မပန်းမြိုင်မှာ မူးမေ့လဲကျတော့မတတ်ထိတ်လန့်ချောက်ချားသွားခဲ့ရတယ်။
" အေး ..အေးပုံ ...မမကလေးတွေကိုကယ်ပေးပါ ..သူတို့ကို တောင်ကြားလမ်းကနေခေါ်ထုတ်သွားပေးပါ....တစ်ယောက်မှမကျန်စေနဲ့နော်...ဓါတ်မီးတွေပါအကုန်ယူသွားပါ"
"ရှင် ..မမကရော...မမကမလိုက်ဘူးလား...."
"မမ...မမလိုက်လို့မရဘူးလေ အေးပုံ....မမပါထွက်ပြေးသွားရင် အမေ့ကိုဘယ်လိုလုပ်မလဲ ....အမေကလမ်းကောင်းကောင်းမလျှောက်နိုင်ဘူးလေ ...သူတို့တွေကိုမမတောင်းပန်ကြည့်မယ်...မမတို့ ဝတ်လာတဲ့ရွှေငွေတွေပေးလိုက်ရင် ..သူတို့တွေလူကိုအန္တရာယ်မပြုလောက်ဘူးထင်ပါတယ်...သွားတော့ ...သွားကြတော့....ခြံတံခါးကမကြာခင်ပွင့်လာလိမ့်မယ်...ကလေးတွေကို အမြန်နှိုးပါအေးပုံ "
မပန်းမြိုင်တစ်ယောက် ေးးသွးရူးေးးသွးတန်းပြောရင်းမှ ကလေးများကိုအတင်းလှုပ်နှိုးလိုက်တယ်။
"သမီး ...သမီးပန်းရိပ် ...ထပါအုံးကွယ် ....သမီးအလွမ်းဆွတ်ထပါအုံး "
မပန်းမြိုင်က သမီးကြီးနဲ့တူမဖြစ်သူကိုနှိုးရင်း သားအငယ်လေးကို ပွေ့ချီပြီးလှုပ်နှိုးလိုက်တယ်။
"အမေ ..ဘာဖြစ်လို့လဲဟင် ...ဘာဖြစ်တာလဲ "
အသက်ကိုးနှစ်သာရှိကြသေးတဲ့ ပန်းရိပ်ဖြူနဲ့အလွမ်းဆွတ်ခမျာအခြေအနေကို နားမလည်နိုင်ကြဘဲ အိပ်ချင်မူးတူးနဲ့ကြောင်ကြောင်အအထိတ်ထိတ်လန့်လန့်ဖြစ်နေကြပေမဲ့ အေးပုံရဲ့သမီးဖြစ်တဲ့သစ်ခက်က တိတ်လန့်ကြောက်ရွံ့နေရင်းကနေ တုန်တုန်လှုပ်လှုပ်နဲ့ မေးလိုက်တယ်။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁)
akyiphyu
*********
ရေတံခွန်တောင်ကြား နွေရာသီအပန်းဖြေစံအိမ်။ ရေတံခွန်တောင်ကြားကနာမည်နဲ့လိုက်အောင် ရေတံခွန်အသေးလေးတွေနဲ့စမ်းချောင်းငယ်လေးတွေပေါများပြီးသာယာလှပလွန်းလှတယ်။ရေတံခွန်တွေက မိုးရာသီလိုမျိုးမှာပဲ ရေတွေစီးဆင်းနေတတ်ပြီး နွေရာသီမှာတော့ စမ်းချောင်းငယ်လေးတွေကလွဲလို့ ရေစီးဆင်းမှုမရှိဘူး။ရေတံခွန်တောင်ကြားနေရာက စခန်းသာမြို့လေးနဲ့အနီးဆုံးမှာတည်ရှိပြီး တောင်ကြားတစ်လျှောက်က မြေနေရာတွေကို သူဌေးကိုဘိုထွန်းနဲ့သူဌေးကတော်မပန်းမြိုင်တို့ကပိုင်ဆိုင်ကြတယ်။ကိုဘိုထွန်းနဲ့မပန်းမြိုင်တို့က အသက်အရွယ်အာဖြင့်သုံးဆယ်ကျော်ဝန်းကျင်သာရှိကြသေးပြီး နှစ်ဖက်မိဘတွေဆီကရရှိထားတဲ့အမွေအနှစ်တွေနဲ့ ကုန်သည်လုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြပြီး ချမ်းသာကြွယ်ဝသူတွေဖြစ်ကြတယ်။ဒီတော့လဲ ကြွယ်ဝချမ်းသာသူတို့ရဲ့ထုံးစံအတိုင်း ကိုဘိုထွန်းနဲ့ မပန်းမြိုင်တို့ ကလဲ ရှုခင်းကောင်းပြီးသာယာလှပတဲ့ရေတံခွန်တောင်ကြားမှာ အပန်းဖြေစံအိမ်ကိုတည်ဆောက်ခဲ့ကြတယ်။အပန်းဖြေစံအိမ်ဆိုပေမဲ့လဲ တခမ်းတနားတည်ဆောက်ထားတဲ့သစ်သားအိမ်ကြီးဖြစ်တယ်။ရေတံခွန်ရဲ့မနီးမဝေးစမ်းချောင်းငယ်တွေဝန်းရံထားတဲ့ အပန်းဖြေစံအိမ်ဟာ ဆောင်းအကုန်နွေအကူးလိုကာလမျိုးမှာဆိုရင်သိပ်ကိုသာယာလှပတယ်။သဘာဝတောပန်းပင်တွေနဲ့ထင်းရှူးပင်၊ယူကလစ်ပင်တွေကြားမှာ တည်ရှိနေတဲ့အပန်းဖြေစံအိမ်ဟာ စခန်းသာမြို့လေးရဲ့မနီးမဝေးမှာတည်ရှိပြီး သုံးလေးငါးမိုင်အကွာမှာတော့ ရေတံခွန်ရွာလေးတည်ရှိတယ်။အနီးဆုံးဖြစ်တဲ့ရေတံခွန်ရွာနဲ့လဲ နည်းနည်းလှမ်းတယ်ဆိုပေမဲ့ အေးချမ်းလှတဲ့နယ်မြေဒေသဖြစ်တာကြောင့် အပန်းဖြေစံအိမ်ကြီးကိုလူမရှိဘဲပစ်ထားလို့တောင်ရတဲ့အနေအထားမျိုးဖြစ်တယ်။သို့ပေမဲ့ အပန်းဖြေစံအိမ်ပိုင်ရှင်ဖြစ်တဲ့ကိုဘိုထွန်းတို့က အပန်းဖြေစံအိမ်ကြီးကိုစောင့်ရှောက်ဖို့အတွက် ခြံစောင့်ကိုစံသိန်းကိုငှားရမ်းထားခဲ့လေတယ်။
ဒီနေ့မှာတော့ သူဌေးကတော်မပန်းမြိုင်နဲ့မိသားစုက အပန်းဖြေစံအိမ်ကိုရောက်ရှိလာခဲ့ကြတယ်။မိသားစုဆိုပေမဲ့ ယောက်ျားဖြစ်သူကိုဘိုထွန်းတစ်ယောက်တော့ပါမလာခဲ့ဘဲ သူဌေးကတော်မပန်းမြိုင်နဲ့အတူသမီးကြီး၊သားငယ်၊တူမငယ်နဲ့မကျန်းမမာဖြစ်နေတဲ့မိခင်ကြီးသာပါလာခဲ့တယ်။သူတို့နဲ့အတူ အလုပ်သမားသားအမိဖြစ်တဲ့ အေးပုံတို့သားအမိတော့ပါလာခဲ့တယ်။
" သူဌေးရောမပါဘူးလား ...မမကြီး "
ကိုစံသိန်းက သူဌေးကတော်မပန်းမြိုင်ကိုမေးလိုက်တယ်။
" အစ်ကိုထွန်းက မနက်ဖြန်မနက်မှရောက်လိမ့်မယ်ကိုစံသိန်း ...ဒီညတော့အိမ်ကြီးပေါ်မှာမိန်းမသားတွေပဲမို့ ဂရုစိုက်ပေးပါအုံးကိုစံသိန်းရေ...ကျွန်မတို့ကသိပ်မကြောက်တတ်ပေမဲ့..... အမေကအကောင်ငယ်လေးတွေကိုကြောက်တတ်လို့ မျောက်တွေဘာတွေလဲခြံထဲအိမ်ထဲကိုဝင်မလာနိုင်အောင်ဂရုစိုက်ပေးပါရှင် "
" ဟုတ်ကဲ့ ...စိတ်ချပါမမကြီး... "
" ဪ ...ပြီးတော့ကားဆရာကို ဘိုတဲကုန်းမှာခေါ်ထားလိုက်ပါရှင်...ဒီမှာကမိန်းမသားတွေပဲမို့ပါ "
" ဟုတ်ကဲ့ပါ မမကြီး "
ခြံစောင့်ကိုစံသိန်းက မပန်းမြိုင်ကိုတလေးတစားပြန်ဖြေလိုက်ပြီး ခြံဝရှိဘိုတဲကုန်းဆီပြန်လျှောက်သွားခဲ့တယ်။
~~~~~~~~~~~~
" အေးပုံ ...အမေ့ကိုဂရုစိုက်ပေးပါအုံးကွယ်....သစ်ခက်လေးကို မမဂရုစိုက်ပေးပါ့မယ် "
အေးပုံတို့သားအမိစကားပြောနေတဲ့ဆီကို မပန်းမြိုင်ကလျှောက်သွားလိုက်ပြီးပြောလိုက်တယ်။အေးပုံဆိုတာက ယောက်ျားဖြစ်သူဆုံးပါးသွားပြီးနောက် သမီးလေးတစ်ယောက်နဲ့ဒုက္ခရောက်နေခဲ့တဲ့ငယ်ငယ်ရွယ်ရွယ်မုဆိုးမလေးတစ်ယောက်။မပန်းမြိုင်တို့မိသားစု သားအငယ်လေးထွန်းမြတ်မောင်ရဲ့ လေးနှစ်ပြည့်မွေးနေ့မှာခရီးထွက်ရင်း အေးပုံတို့သားအမိနဲ့ဆုံခဲ့တာ။ကလေးတစ်ယောက်နဲ့ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲရှာဖွေစားသောက်နေရတဲ့ အေးပုံကိုတွေ့ပြီး မပန်းမြိုင်ကသနားလွန်းတာကြောင့် စခန်းသာမြို့က သူမတို့ရဲ့ကသစ်မြိုင်စံအိမ်ကြီးဆီကိုခေါ်လာခဲ့ခြင်းဖြစ်တယ်။အေးပုံတို့သားအမိကိုခေါ်လာခဲ့တဲ့အတွက် မပန်းမြိုင်မှာတိုးတိုးဖော်ညီမတစ်ယောက်ရခဲ့သလိုမျိုးပဲ အားကိုးဖော်ရခဲ့တယ်။အေးပုံကအစစအရာရာအားကိုးရတဲ့အပြင် အေပုံရဲ့သမီးလေးသစ်ခက်ကလဲ အရွယ်နဲ့မလိုက်အောင်အားကိုးရတယ်။ပြောရရင် မပန်းမြိုင်မှာသမီးတစ်ယောက်သားတစ်ယောက်နဲ့ မွေးစားထားတဲ့တူမဝမ်းကွဲလေးတစ်ယောက်ရှိတယ်။မပန်းမြိုင်ရဲ့သမီးနဲ့တူမကသက်တူရွယ်တူတွေဖြစ်ကြပြီး သားလေးကနှစ်နှစ်ငယ်တယ်။အေးပုံရဲ့သမီးသစ်ခက်က မပန်းမြိုင်ရဲ့သမီး၊တူမနဲ့သက်တူရွယ်တူဖြစ်ပေမဲ့ ဘဝနာခဲ့သူဆိုတော့ သူဌေးသမီးသူဌေးတူမထက်တော့ ပိုပြီးသွက်လက်ပေါ့ပါးတယ်။ခိုင်းလို့လဲကောင်းတာပေါ့။
" အေးပုံရယ်...မမလေ ဘာဖြစ်မှန်းမသိဘူးဟယ်....အမြဲလာနေကြဒီနေရာကို ဒီနေ့မှကြောက်သလိုလို စိုးရိမ်သလိုလိုကြီးဖြစ်နေမိတယ်ကွယ်....အစ်ကိုထွန်းကလဲ မနက်ဖြန်မနက်မှရောက်မှာလေ...ဒီညနေချက်ချင်းပြန်ဖို့ကလဲ အချိန်ကမရှိတော့ဘူး...စိတ်ထဲမှာလဲနေရတာတစ်မျိုးကြီးပဲကွယ်....ဒီရက်ပိုင်းအမေကလဲလာချင်...ကလေးတွေကလဲလာချင်နေလို့သာ လာခဲ့ရတာ....လာတုန်းကလဲဘာမှမဖြစ်ပါဘူး...အိမ်ထဲဝင်လိုက်ကာမှ စိတ်ထဲဘာဖြစ်မှန်းမသိဘူး...အိမ်ပဲပြန်ချင်နေသလိုလိုဖြစ်နေမိတယ် "
" အားလုံး ကျွန်တော့်ကိုထိုင်ခွင့်ပြုကြပါအုံးခင်ဗျာ...မြရွက်ဒီကထွက်သွားရတာလဲကျွန်တော့်အပြစ်တွေပါ...ကျွန်တော်ဒီမှာလာငှါးနေသွားတုန်းက ...ကျွန်တော်နဲ့မြရွက်ချစ်သူတွေဖြစ်ခဲ့ကြတာပါ...ဒီကြားထဲမှာတစ်ယောက်နဲ့တစ်ယောက်အထင်အမြင််တွေလွဲပြီး ကျွန်တော်နိုင်ငံခြားကိုထွက်သွားခဲ့မိတယ်...အဲ့ဒီအချိန်ကမြရွက်မှာကိုယ်ဝန်ကျန်ခဲ့တာကိုလဲမသိခဲ့ပါဘူ....မြရွက်ကလဲကျွန်တော့်ကို...ကျွန်တော့်ပါတနာသူဌေးမနဲ့အထင်လွဲပြီးဖုန်းမဆက်ခဲ့တော့ ...အားလုံးကလွဲချော်ခဲ့တာပေါ့...အဲ့ဒီလိုတွေဖြစ်အောင် ကြားထဲကမလိုတမာ ပြောသူတွေကို ကျွန်တော်ခွင့်မလွှတ်ပါဘူး "
ဟန်လင်းသန့်ဒီစကားကိုတော့ ပန်းနုထွေးမျက်နှာကိုခပ်တင်းတင်းစိုက်ကြည့်ရင်းကပြောလိုက်ခြင်းဖြစ်တယ်။
" ပိုဆိုးသွားတာက...ကျွန်တော်ကပြည်ပရောက်တော့ ဆေးကုသမှုလဲခံယူလိုက်ရလို့ အချိန်တွေကြန့်ကြာသွားခဲ့ရတယ်...ကြာထဲမှာမလိုသူတွေကြောင့်ကျွန်တော်တို့အချင်းချင်းအထင်တွေမှားမြရွက်လဲဒုက္ခများခဲ့ရပါတယ်....အခုတော့ကျွန်တော်တို့ကြားမှာအားလုံးရှင်းသွားပြီမို့ ကျွန်တော်တို့လက်ထပ်လိုက်ကြပါပြီ...ပြီးတော့နောက်အပတ်ထဲမှာမင်္ဂပွဲကျင်းပပါမယ် ...ဆွေမျိုးအရင်းဆိုလို့ကြီကြီးတို့မိသားစုနဲ့ဒေါ်လေးတို့မိသားစုပဲရှိတာမို့ မိသားစုအားလုံးမင်္ဂလာပွဲကိုတက်ရောက်ကြဖို့ ဖိတ်ပါရစေ....မင်္ဂလာပွဲကို...မြရွက်ကဟော်တယ်မှာမကျင်းပချင်ဘူးဆိုလို့ ...မြရွက်အတွက်မင်္ဂလာလက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ အိမ်မှာပဲမင်္ဂလာပွဲကျင်းပပါမယ်ခင်ဗျာ...အိမ်ကလဲကျယ်ပြီးခြံကလဲကျယ်တော့ ဧည့်သည်တွေအတွက် ဟော်တယ်ထက်တောင်အဆင်ပြေမှာပါ....အားလုံးလာခဲ့ဖို့သေချာလေး လာဖိတ်တာပါပါ "
ဟန်လင်းသန့်ကပြောရင်းနဲ့ အသင့်ယူလာတဲ့မင်္ဂလာဖိတ်စာတွေကိုတစ်ယောက်ချင်းဆီကိုကမ်းပေးလိုက်တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးမြရွက်ဝါရင်ထဲကျေနပ်နေမိသလို သားလေးကလဲ မအေရဲ့စိတ်ကိုသိနေလေသလားမသိ။သူ့အဖေလက်ပေါ်မှာလက်ခုပ်လက်ဝါးတီးပြီးပျော်ရွှင်ကြည်နူးနေလေတယ်။
~~~~~~~~~~~~
ဟန်လင်းသန့် သားလေးကို မြရွက်ဝါရဲ့ပေါင်ပေါ်တင်းပေးလိုက်ပြီးတော့ ခါးပတ်ကြိုးကိုယူကာ မြရွက်ဝါကိုပတ်ပေးလိုက်တယ်။ခါးပတ်ပတ်ပေးနေရင်းနဲ့ချစ်ဇနီးလေးရဲ့ပါးပြင်လေးကို ဟန်လင်းသန့်ခပ်ဖွဖွနမ်းရှိုက်လိုက်တယ်။
" အို..ကိုလင်းနော်..သားလေးကြည့်နေတယ်လို့ "
ချစ်ဇနီးလေးရဲ့ရှက်ဝဲဝဲစကားသံကြောင့် သူတိုကိုမော့ကြည့်နေတဲ့သားလေးကိုပါ ဟန်လင်းသန့်အားပါးတရမွှေးကြူပစ်လိုက်တယ်။ပြုံးနေတဲ့ချစ်ဇနီးနဲ့သားလေးကိုကြည့်ပြီး ဟန်လင်းသန့်ကြည်နူးစွာပြုံးလိုက်မိရင်း သားအမိနှစ်ယောက်လုံးကို သိမ်းကြုံးဖက်ပစ်လိုက်တယ်။
" အို...ကိုလင်းနော်...ဘယ်လိုဖြစ်နေတာလဲ...ဟိုမှာဒေါ်လေးတို့လှမ်းကြည့်နေကြတယ်လေ ...လွှတ်ကွာ..သားလေးနေရခက်နေမယ် "
" ချစ်ကလဲမှန်တွေတင်ထားတာကိုဘယ်သူကမြင်မှာလဲ...သားလေးကလဲနေရမခက်ပါဘူးဗျာ...ဟော့ဒီမှာကြည့်..သားလေးဘယ်လောက်သဘောကျနေလဲဆိုတာကို .."
ဟန်လင်းသန့်ပြောရင်းနဲ့ ချစ်ဇနီးနဲ့သားလေးကို ပွေ့ဖက်ကာ ချစ်မြတ်နိုးစွာနမ်းပစ်လိုက်တယ်။
===============================
ပြီးပါပြီ
ပါတယ်ရှင်
A Kyi Phyu
#ဧကြည်ဖြူ
မင်္ဂလာပါရှင်
စာဖတ်ခပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
အေးငြိမ်းတဲ့ဘဝမှာအေးချမ်းစွာရှိနေစေချင်တော့တယ်လေ။
မြရွက်ဝါကိုတွေ့လိုက်ကြရတော့ ကြီးကြီးအပါအဝင်ပန်းနုထွေးနဲ့မသဲနုဖွေးပါ အံ့ဩသွားကြတာကို မြင်လိုက်ရတယ်။ဒေါ်လေးကတော့ မြရွက်ဝါကိုအံ့ဩဝမ်းသာစွာနဲ့နှုတ်ဆက်တယ်။ဒီအချိန်မှာ အဘွားမရှိတော့တဲ့အတွက်တော့ မြရွက်ဝါစိတ်မကောင်းဖြစ်မိတယ်။အားလုံးကိုတွေ့ချင်တာမို့ ပန်းနုထွေးဖုန်းကိုဆက်ပြီး ရုံးပိတ်ရက်ကိုတမင်ရွေးချိန်းပြီး မြရွက်ဝါလာခဲ့လိုက်တာ။
" ကလေးကနင့်ကလေးလား...နင်အိမ်ထောင်ကျနေပြီလားမြရွက် "
ပန်းနုထွေးကအရင်စမေးလာခဲ့တယ်။
" မြရွက်ရယ် ညည်းတို့ညီအစ်မတွေများ ...လူကြီးတွေကိုမပြောမဆိုနဲ့ထွက်သွားလိုက်ကတာအေ...ဘွားအေကြီးကိုလဲ အဖက်တောင်မလုပ်ဘူ ..မောင်မောင်အကြောင်းရောကြားလား ...ခွါညိုကအခုဘယ်မှာလဲ ...ညည်းကအိမ်ထောင်ကျပြီဆိုတော့ ကလေးအဖေကဘယ်မှာလဲ "
" အစ်မကတော့ နယ်ဘက်မှာသီလရှင်ဝတ်နေပါတယ် ကြီးကြီး "
" ဟယ်...ခွါညိုကသီလရှင်ဝတ်သွားတာလား...ဒေါ်လေးလဲအဲ့ဒီလိုပဲထင်တာပါပဲ...ဒေါ်လေးအထင်မှန်သွားတာပေါ့ ...ကလေးလေးကချစ်စရာလေးကွယ်..သမီးညီမဖူးဖူးသာမြင်ရင်ချစ်မှာ ...သမီးညီမက နယ်ဘက်မှာတာဝန်ကျနေတာလေ....ဒေါ်လေးကိုကလေးပေးချီပါအုံး "
ဒေါ်လေးကပြောပြောဆိုဆိုနဲ့လက်ကမ်းပေးတာမို့ သားလေးကိုဒေါ်လေးဆီကို မြရွက်ဝါလှမ်းပေးလိုက်တယ်။သားလေးကငယ်သေးပေမဲ့ လူမကြောက်တတ်တော့ သူ့ဘွားလေးခေါ်ရာနောက်ကိုအလွယ်တကူပဲလိုက်တယ်။ကြီးကြီးကတော့ မြရွက်ဝါတို့သားအမိကိုမျက်လုံးပြူးကြီးတွေနဲ့ကြည့်နေပြီးမှ
" ဒါနဲ့ ကလေးအဖေကဘယ်မှာလဲမြရွက်...မ...မဟုတ်မှ...ညည်းအိမ်ထောက်နဲ့ကွဲလားတာလား ဟုတ်လား...ဒုက္ခပါပဲအေ...ဒီခေတ်ကြီးထဲမှာ ကလေးတစ်ယောက်နဲ့ဘယ်လိုရှာစားမလဲ ...စားဖို့ခက်ခဲသလိုနေဖို့စရိတ်တွေကလဲ ဘယ်လောက်ဈေးကြီးလိုက်လဲ '
" ကဲပါ မမကြီးရယ်...ခရီးရောက်မဆိုက်ဘာတွေပြောနေတာလဲ....လူဆိုတာဒီလိုပဲရုန်းကန်ရမှာပေါ့...နေဖို့အတွက်ကလဲဘာပူစရာလိုလဲ...သူတို့အခန်းကိုပြန်ပေးလိုက်ပေါ့....ပြီးတော့ အိမ်ငှားတစ်ခန်းကလဲပြည့်တော့မှာမဟုတ်လား ...အဲ့ဒီအခန်းမှာ အကြီးကောင်တို့ကိုထားလိုက်ပေါ့....ဘာများခက်လို့လဲ...တူတွေတူမတွေဒုက္ခရောက်မှာစိုးလို့... အမွေခွဲဖို့ကိစ္စကိုတောင် ကျွန်မပြောခဲ့တာမဟုတ်ဘူးနော် ....မြရွက်ကအစ်ကိုလေးကမွေးခဲ့တဲ့ ကျွန်မတို့တူမအရင်းပါ...ဒီအိမ်ကသူတို့်နဲ့လဲဆိုင်တယ်.... "
ဒေါ်လေးကပြတ်ပြတ်သားသားထပြောလိုက်တော့ ကြီးကြီးတို့တစ်မိသားစုလုံးမျက်နှာပျက်သွားကြတယ်။ကြီးကြီးတို့မိသားစုရဲ့အပြုအမူတွေအတွက် မြရွက်ဝါသိပ်လဲမအံ့ဩတော့ပါဘူး။သို့ပေမဲ့ သူမတို့အပေါ်မှာ အေးစက်စက်ဆက်ဆံခဲ့တယ်လို့ထင်ခဲ့မိတဲ့ ဒေါ်လေးက သူမတို့ဘက်ကနေပြတ်ပြတ်သားသားရပ်တည်လိုက်တော့ မြရွက်ဝါရင်ထဲကြည်နူးကျေနပ်သွားမိတယ်။
" အိုအေ...ငါကသူ့ကိုမထားချင်လို့ပြောနေတာမဟုတ်ဘူး...အိမ်ငှားနှစ်ခန်းလုံးက လပြည့်ဖို့ကျန်သေးတယ်...အိမ်ငှားးတွေကိုချက်ချင်းလဲနှင်ချလို့မရဘူး..အဲ့ဒါကြောင့်ပြောနေတာ "
ကြီးကြီးကလေသံမာမာနဲ့ထပြောတယ်။ကြီးကြီးရဲ့စကားကြောင့် မြရွက်ဝါမဲ့ပြုံးလေးတစ်ချက်ပြံးလိုက်မိပြီး
" အဲ့ဒါဆိုရင် စိတ်ပူစရာမလိုပါဘူးကြီးကြီး...မြရွက်ကလဲဒီမှာလာနေဖြစ်မှာမဟုတ်ပါဘူး....မြရွက်အမျိုးသားရဲ့အိမ်မှာပဲနေမှာပါ...ဒါပေမဲ့အဘွားရဲ့အမွေမို့မြရွက်တို့လဲတန်ဖိုးထားချင်လို့ ဒီတစ်ခါ အိမ်ငှားတွေလပြည့်ရင် မြရွက်တို့အခန်းကိုပြန်ပေးပါ...မညိုကတစ်သက်လုံးသီလရှင်ဝတ်သွားရင်တောင်...မောင်မောင်ကျန်ပါသေးတယ်..."
မြရွက်ဝါပြောလိုက်တော့ အားလုံးငြိမ်ကျသွားကြတယ်။ဒီအခါမှ ပန်းနုထွေးကမြရွက်ကိုလှမ်းကြည့်လာခဲ့ပြီး
" ဪ...ကလေးအဖေရှိသေးရင်လဲ ခေါ်လာခဲ့တာမဟုတ်ဘူး....ကလေးအဖေကိုမတွေ့တော့ အမေကစိုးရိမ်ပြီးပြောလိုက်တာပါ "
" ကလေးအဖေကပါပါတယ် ....မြရွက်ကလိုက်မလာခိုင်းလို့ကားပေါ်မှာနေခဲ့တာ ...ကိုယ့်သားချင်းတွေပဲလွတ်လွတ်လပ်လပ်စကားပြောချင်လို့ ...သူ့ကိုမခေါ်ခဲ့တာပါ...မြရွက်လှမ်းခေါ်လိုက်ပါ့မယ်"
မြရွက်ဝါပြောလိုက်ရင်း စလင်းဘတ်အိတ်ထဲကဖုန်းလေးကိုထုတ်ဆက်လိုက်တယ်။
မြရွက်ဝါဖုန်းဆက်လိုက်ပြီးသိပ်မကြာခင်မှာဘဲ တံခါးခေါက်သံကိုကြားလိုက်ရတာမို့ မြရွက်ဝါပဲ တံခါးသွားဖွင့်ပေးလိုက်တယ်။
" ချစ်အဆင်ပြေရဲ့လား "
တံခါးပွင့်သွားတာနဲ့ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ဖဝါးလေးကိုခပ်ဖွဖွလှမ်းယူဆုပ်ကိုင်လိုက်ကာမေးလိုက်မိတယ်။မြဲရွက်ဝါခေါင်းလေးကိုအသာငြိမ့်ပြလိုက်တော့မှ ဟန်လင်းသန့်သက်ပြင်းကိုချလိုက်မိပြီး မြရွက်ဝါရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး ဧည့်ခန်းထဲကိုလျှောက်လာခဲ့လိုက်ကြတယ်။
အားလုံးကမြရွက်ဝါရဲ့လက်ကိုဆွဲပြီး ဝင်လာတဲ့ဟန်လင်းသန့်ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေခဲ့ကြတယ်။သားလေးကဖအေကိုမြင်တော့ လက်ကလေးကမ်းပေးပြီးချီခိုင်းတယ်။
ဟန်လင်းသန့်ကသူ့ကိုမြင်တာနဲ့လှမ်းကမ်းပေးနေတဲ့သားလေးကို လှမ်းယူချီလိုက်ပြီး
" ဟုတ်တယ် .. အဲ့ဒါကြောင့် မြရွက်လဲ ကိုယ့်ကို ခွင့်လွှတ်ပေးပါနော် "
" အို ....ဘာဆိုင်လို့လဲ...ဒါနဲ့ရှင့်ကို စပွန်ဆာပေးထားတယ်ဆိုတဲ့ ရှင့်ရဲ့တွဲဖက်သူဌေးမမကရော ... နိုင်ငံခြားသွားတိုင်းသူတို့ဆီမှာနေတာဆို.....နိုင်ငံခြားမှာ သူနဲ့လက်ထပ်မှာဆို "
" ဟာ ...မဟုတ်တာ မြရွက်ရယ် ..... ဒီလို မဟုတ်တာတွေကို မြရွက်ကို ဘယ်သူပြောတာလဲ ကိုယ်ရှင်းမယ်......သူဌေးမကအနုပညာရှင်တစ်ယောက်နဲ့တွဲနေတာပါ ...ကြားထဲက ကိုယ်ကနာမည်ထွက်နေတာပါ...ကိုယ်ပြည်ပကို ထွက်သွားခဲ့ပေမဲ့... မြရွက်ကိုလွမ်းလွန်းလို့ စိတ်ရောဂါဆရာဝန်နဲ့ပါ ဆွေးနွေးကုသခဲ့ရတယ်....အမှန်တိုင်းပြောရရင် ကိုယ်အရမ်းကြောက်တယ်မြရွက်.....မြရွက်က ကိုယ့်ကို သစ္စာဖောက်ပြီး ထားရစ်ခဲ့မှာကြောက်တယ်...အဲ့ဒါကြောင့် ကိုယ်ထွက်ပြေးခဲ့မိတာပါ ... ကိုယ့်ဘဝမှာ မြရွက်ကလွဲပြီး ဘယ်မိန်းမကိုမှ မချစ်ခဲ့ဖူးဘူး....ကိုယ်နောက်ထပ် ဒီလိုမျိုးတွေထပ်မလုပ်တော့ပါဘူး ...ကိုယ့်ကိုလက်ခံပေးပါနော် ..... မြရွက်ရောသားလေးရော..ပြီးတော့အမေ့ကိုပါ ကိုယ်နဲ့အတူတူ ခေါ်သွားချင်တယ်.... ကိုယ်လေ မိသားစုနဲ့ တူတူနေချင်တယ်မြရွက်ရယ် "
မျက်ရည်တွေရစ်ဝဲကာ ပြောနေတဲ့ ချစ်သူကိုကြည့်ပြီး မြရွက်ဝါရင်ထဲမှာပါ ဝမ်းနည်းသွားရတယ်။သို့ပေမဲ့ အဆင့်ကျော်နေတဲ့ ချစ်သူကိုခပ်စူးစူးတစ်ချက်ကြည့်လိုက်မိပြီး
" ဒီမှာ ကိုဟန်လင်းသန့် ... ရှင်လူလည်ကျတာတွေ သိပ်များနေပြီနော်...ကျွန်မတို့ချစ်သူတွေဖြစ်သွားတုန်းကလဲ ...ရှင့် ပါးစပ်ကနေ ချစ်တယ်လို့တစ်ခွန်းမှမပြောခဲ့ဘူး ..... အခုလဲ လက်ထပ်ခွင့်မတောင်းဘဲ အဆင့်ကျော်ပြန်ပြီလား ...ဘာလဲ လက်တော့မထပ်ဘူး ....အိမ်ပေးမယ်ငွေပေးမယ်လို့ပြောအုံးမှာလား "
မြရွက်ဝါ ခပ်စွာစွာလေး ပြောလိုက်တော့ ဟန်လင်းသန့် ပျာယာခတ်သွားရပြီး
" ဟာ ....အဲ့...အဲ့ဒီလိုမဟုတ်ပါဘူး မြရွက်ရယ် .. မြရွက်ကို ကိုယ်အရမ်းချစ်ပါတယ် .. အရင်ကလဲချစ်တယ် .. အခုလဲ ချစ်ပါတယ် ... ကိုယ့်ကို လက်ထပ်ခွင့်ပေးပါနော် .. ကိုယ်တို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပမယ် ...အွန်လိုင်းပေါ်ကလဲကြေငြာမယ်လေ ....မင်္ဂလာပွဲကို မြရွက်စိတ်တိုင်းကျ ကျင်းပကြမယ်လေ ...."
စကားတွေမနားတမ်း ပြောနေတဲ့ ဟန်လင်းသန့်ကို ကြည့်ပြီး မြရွက်ဝါရင်ထဲ တလှိုက်လှိုက်နဲ့ကြည်နူးပျော်ရွှင်နေမိကာ ချစ်သူကိုငေးမောကြည့်နေမိတယ်။
"ကိုယ့်ကိုခွင့်လွှတ်ပေးပါနော် ...ကိုယ်တောင်းပန်ပါတယ် မြရွက်ရယ် "
" ကဲပါ ခွင့်လွှတ်ပါတယ် ... အိမ်ပြန်ကြရအောင် ...အမေစိတ်ပူနေလိမ့်မယ်ရှင့် ...ပြီးတော့ သားလေးလဲ ငိုနေပြီလားမသိဘူး....အဖေဖြစ်ပြီးကိုယ့်ကလေးကို စိတ်ပူရမှန်းလဲမသိဘူး "
မြရွက်ဝါရဲ့နှုတ်ဖျားက အဖေဆိုတဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲ လှိုက်ခနဲတုန်ခါကြည်နူးသွားမိပြီး မြရွက်ဝါရဲ့ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်မိတယ်။
~~~~~~~~~
ဟန်လင်းသန့်နဲ့ မြရွက်ဝါက ထိုင်ကန်တော့လိုက်တော့ ဒေါ်ခင်မေရီရဲ့ရင်ထဲမှာ ကြည်နူးဝမ်းသာကာ မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာခဲ့ရတယ်။
"မ...မငိုပါနဲ့ အမေရယ် ...ကျွန်တော်တို့နဲ့နေပါနော် ...အမေ့ကို ကျွန်တော်ပြုစုစောင့်ရှောက်ပေးချင်ပါတယ် "
ဟန်လင်းသန့်က မိခင်ကြီးရဲ့လက်ကို ဖွဖွဆုပ်ကိုင်ကာပြောလိုက်တယ်။
" ကျွန်တော့်သားလေးကို ကြည့်ပါအုံး ....ကျွန်တော်နဲ့တူတယ်နော်အမေ "
သားလေးကိုပွေ့ချီလိုက်ပြီး ဟန်လင်းသန့် ကြည်နူးစွာ ပြောလိုက်မိတယ်။သားလေးက သူချီလိုက်တော့ ငြင်းဆန်ခြင်းမပြုဘဲလိုက်ပါလာခဲ့တယ်။
"ကျွန်တော်တို့ မနက်ဖြန်ရန်ကုန်ပြန်ကြမယ်အမေ ... ရန်ကုန်ရောက်တာနဲ့ ....ကျွန်တော်နဲ့မြရွက်မင်္ဂလာပွဲကိုအရင်ကျင်းပမယ်အမေ "
သားဖြစ်သူရဲ့စကားကြောင့် ဒေါ်ခင်မေရီက ကျေနပ်စွာပြုံးလိုက်မိတယ်။အခုချိန်မှာတော့ သားဖြစ်သူရဲ့မျက်နှာက တိမ်ကင်းစင်တဲ့လမင်းကြီးလို ကြည်လင်ရွှန်းမြဝင်းပနေတာမို့ ဒေါ်ခင်မေရီရဲ့ရင်ထဲမှာဝမ်းမြောက်ကြေည်နူးနေမိတယ်။မြေးလေးနဲ့ချွေးမအတွက်စိတ်ပူပန်ရင်း သားပြန်အလာကိုတိတ်တခိုးစောင့်မျှော်နေခဲ့ရတဲ့ဘဝကလွတ်မြောက်လာခဲ့ပြီမို့ သူမရင်ထဲကအပူသောကတွေလဲ ငြိမ်းအေးသွားခဲ့ရပြီလေ။
~~~~~~~~~~~~~~~
မြရွက်ဝါကသားလေးကိုချီပြီး ကားပေါ်ကဆင်းလိုက်တယ်။ပြီးတော့ သူမတို့နေထိုင်ခဲ့တဲ့တိုက်ကြီးကို လွမ်းမောစွာငေးကြည့်နေမိတယ်။တိုက်ကြီးကိုငေးကြည့်ရင်း အစ်မဖြစ်သူနဲ့တူလေးကို သတိရလိုက်မိပြီး မျက်လုံးအိမ်မှာမျက်ရည်တွေဝေ့ဝဲလာခဲ့မိတယ်။ဟန်လင်းသန့်ဆီက တူဖြစ်သူရဲ့သတင်းကိုကြားလိုက်ရတော့ ရင်ကွဲမတတ်ဖြစ်ခဲ့ရပေမဲ့အစ်မဖြစ်သူကိုတော့ ပြောမပြခဲ့ပါဘူး။ဟန်လင်းသန့်နဲ့အတူ အစ်မဖြစ်သူရဲ့ရွာဘက်ကကျောင်းအထိအလှူငွေထောက်ပံ့ကန်တော့ခဲ့ကြတယ်။မြရွက်ဝါတို့ရန်ကုန််ပြန်မယ်အကြောင်းနဲ့မင်္ဂလာပွဲပြုလုပ်မဲ့အကြောင်းကိုပြောပြလိုက်တော့ အစ်မကကျေနပ်နေခဲ့တယ်။သို့ပေမဲ့ ရန်ကုန်ကိုကြွလာဖို့ဖိတ်တော့ငြင်းတယ်။အစ်မကငြင်းတော့လဲ့ မြရွက်ဝါအတင်းမခေါ်ဖြစ်တော့ဘူး။တော်ကြာရန်ကုန်ရောက်လာလို့ မောင်မောင့်အကြောင်းတွေကို အစ်မသိသွားမှာကို မြရွက်ဝါစိုးရိမ်မိတယ်။အစ်မကိုဒီတိုင်းလေးပဲ
ဇာတ်သိမ်းပိုင်းမှာ စာတွေ မပေါ်ဘူးဆိုလို့ (၂)ပိုင်းခွဲပြီးပြန်တင်ပေးတာပါရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၄) (ခ)(ဇာတ်သိမ်းပိုင်း )
akyiphyu
********
" တော်...တော်ကြပါတော့...သူကကျွန်မယောက်ျားပါ,...ရှင်တို့ရပ်ကြပါတော့ "
မြရွက်ဝါသံကုန်ဟစ်အော်လိုက်မိပြီး ဟန်လင်းသန့်ဆီကို ပြေးသွားကာ ဖက်တွယ်ထားလိုက်မိတယ်။
"အားလုံးကိုတောင်းပန်ပါတယ်ရှင် ...အားလုံးအထင်လွဲကြတာပါရှင် ..."
မြရွက်ဝါအားလုံးကိုတောင်းပန်လိုက်ရင် ဟန်လင်းသန့်ကို ကြည့်လိုက်မိတယ်။
" ကို...ကိုလင်း ဘာဖြစ်သွားသေးလဲဟင်...ဘယ်ထိသွားသေးလဲ "
ထိတ်လန့်တုန်လှုပ်စွာမေးရင်း သူ့ရှေ့ကနေ ကာပြီးပိတ်ရပ်လိုက်တဲ့ မြရွက်ဝါကြောင့် ဟန်လင်းသန့်ထခုန်မိမတတ်ပျော်ရွှင်သွားမိတယ်။သူ့လက်ကိုစိုးရိမ်တကြီးနဲ့လှမ်းဆွဲလိုက်တဲ့ချစ်သူရဲ့လက်ကို ဟန်လင်းသန့်ပြန်ဆွဲယူလိုက်ပြီး အားယူကာထလိုက်တယ်။
" ကိုယ်...ကိုယ်ဘာမှမဖြစ်ပါဘူးမြရွက်..ဒီကမိတ်ဆွေတွေကိုလဲတောင်းပန်ပါတယ်ဗျာ..ကျွန်တော်တို့ကြောင့်စိတ်မနှောက်အယှက်ဖြစ်သွားရတဲ့အတွက် အနုအညွှတ်တောင်းပန်ပါတယ် "
ဘေးမှာရပ်နေကြသူတွေအားလုံးကို ဟန်လင်းသန့်တောင်းပန်လိုက်တယ်။မြရွက်ဝါကတော့ ရှက်ပြီးခေါင်းကြီးငုံ့ထားရာက သူမဆိုင်ကယ်ဆီကိုပြန်သွားဖို့ပြင်လိုက်တယ်။မြရွက်ဝါရဲ့လှုပ်ရှားမှုကိုသိလိုက်တဲ့ ဟန်လင်းသန့်က မြရွက်ဝါရဲ့ လက်ကိုလုံးဝလွှတ်မပေးဘဲ ပိုပြီးတော့ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးတော့ သူ့ကိုစတင်ပြီးထိုးခဲ့တဲ့ ကောင်လေးကိုကြည့်လိုက်ကာ
" ဆိုင််ကယ်ကို ငါ့ညီဆီမှာအပ်ခဲ့ပါရစေကွာ....ကိုယ်တို့ဆေးခန်းအရင်သွားပြချင်လို့ပါ "
" ဟုတ်...ဟုတ်ကဲ့...ရပါတယ်အစ်ကို....မမြရွက်တို့အိမ်ကိုကျွန်တော်တို့သိပါတယ်...ဆိုင်ကယ်လာပို့ပေးဆိုရင်လဲလိုက်ပို့ပေးပါ့မယ် ...ကျွန်တော်တောင်းပန်ပါတယ် အစ်ကို "
" နေ...နေ ..ရတယ်ညီလေး .....ကိုယ်တို့ကိုခွင့်ပြုပါအုံးနော် "
ဟန်လင်းသန့်အားလုံးကိုနှုတ်ဆက်လိုက်ပြီး မြရွက်ဝါရဲ့လက်ကလေးကိုခပ်တင်းတင်းဆွဲကာ ကားရှိရာဆီကိုလျှောက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~
" ကိုယ်မှားခဲ့ပါတယ်...ကိုယ်တောင်းပန်ပါတယ် မြရွက်ရယ်... ကိုယ်ခရီးကပြန်ရောက်ရောက်ချင်းမှာ မြရွက်ကိုတွေ့ချင်လွန်းလို့ ဖုန်းတောင်ကြိုမဆက်မိဘဲ ပြန်လာခဲ့တာပါ......အဲ့ဒီမှာ တိုက်ရှေ့မှာကိုမြတ်သူကားပေါ်ကနေ မြရွက်နဲ့ကိုမြတ်သူဆင်းလာတာကိုတွေ့လိုက်ရတော့ ကိုယ်အရမ်းကြောက်သွားမိတယ်...အဲ့ဒီအချိန်မှာကိုယ်တွေးလိုက်မိတာ ..သတိရလိုက်မိတာကကိုယ့်ရဲ့ငယ်ဘဝကအကြောင်းတွေပဲ...အမေကကိုယ့်ကိုညာခဲ့တာတွေ...ကိုယ့်တို့သားအဖကိုထားခဲ့တာတွေကိုပဲ သတိရလိုက်မိတယ်...ကိုယ်လေအဲ့ဒီလိုမျိုးထပ်ပြီးကြုံရမှာက်ိုကြောက်တယ်...အဲ့ဒါကြောင့်လဲ...လက်ထပ်ဖို့မစဉ်းစားဖူးဘူးလို့ပြောခဲ့မိတာပါ "
ဟန်လင်းသန့်ကတဖွဖွတောင်းပန်ရင်းနဲ့မြရွက်ဝါရဲ့မျက်နှာလေးကိုချစ်မြတ်နိုးစွာနဲ့နမ်းရှိုက်ဖို့ပြင်လိုက်တယ်။
" အို...မထိနဲ့နော်..စိတ်ဆိုးပြေလို့လိုက်လာတာမဟုတ်ဘူး ...ရှင်ပြောတော့ မြရွက်နဲ့ချစ်သူဖြစ်ပြီးကတည်းက ဘယ်မိန်းမနဲ့မှမပတ်သက်ဘူးဆို...ရှင်နဲ့ပန်းနုတို့ခရီးအတူသွားကြတာကိုလဲပြောပါအုံး ...အဲ့ဒီနေ့ကပြန်လာပြီးတော့လဲ ပန်းနုတို့အိမ်ထဲကိုဝင်လိုက်သွားလိုက်တာတော်တော်နဲ့ထွက်မလာဘူးလေ...မြရွက်ကတော့ အရူးကြီးလိုစောင့်နေခဲ့ရတယ် ...ပြီးတော့ဘာမပြောညာမပြောနဲ့နယ်ဘက်ကိုသုံးလေးရက်ခရီးသွားမလို့ဆိုပြီးပျောက်သွားလိုက်တာ....နှစ်နှစ်ကျော်ကြာမှ ပြန်ရောက်လာခဲ့တာလေ"
မြရွက်ဝါနာနာကြည်းကြည်းနဲ့ပြောလိုက်မိရင်း မျက်ရည်တွေကကျလာမိပြန်တယ်။
" ဟာ...မြရွက်ရယ်...ကိုယ်သိပြီ...အဲ့ဒီတုန်းကကိုယ်ရှယ်ယာပါထားတဲ့... ရန်ကုန်မြို့ပြင်က အပန်းဖြေစခန်းကိုအရေးတကြီးကိစ္စနဲ့သွားကြတာ...လူတွေအများကြီးပါပါတယ်...ပြန်လာတော့လဲ လမ်းကြုံနေတာနဲ့ပန်းနုကိုခေါ်လာလိုက်တာပါ....ပြန်ရောက်တော့ ကြီးကြီးကမနက်စာအတင်းခေါ်ကျွေးနေတာနဲ့အားနာပြီးဝင်စားလိုက်ရတယ်...ကြီးကြီးတို့အိမ်ကထွက်တာနဲ့မြရွက်ဆီကိုဖုန်းဆက်တယ်...မကိုင်တာနဲ့အိမ်တံခါးခေါက်ကြည့်တော့လဲ ဘယ်သူမှမရှိဘူး...အဲ့ဒါနဲ့မြရွက်ဈေးဆိုင်သွားတယ်ထင်ပြီး ဝရန်တာကရပ်စောင့်နေခဲ့သေးတယ်...အဲ့ဒီအချိန်မှာ ရုံးကဖုန်းဆက်တယ်...ဒီမန္တလေမှာလုပ်ထားတဲ့အလုပ်ကပြဿနာတက်နေလို့ အားချင်းသွားမှဖြစ်မှာဆိုလို့ ချက်ချင်းထွက်ဖို့ ပြင်ရတာ....ရောက်တော့လဲ ပြဿနာတွေကို မနည်းလိုက်ရှင်းနေရတာနဲ့ မြရွက်ဆီကိုဖုန်းဆက်ပြီးသေချာမရှင်းပြနိုင်ခဲ့ဘူး .... လူချင်းတွေ့မှ သေချာရှင်းပြတော့မယ်ဆိုပြီး ဖုန်းလဲသေချာမဆက်ဖြစ်ခဲ့တာပါ ...ဒါပေမဲ့ တိုက်ရှေ့မှာ မြရွက်နဲ့ကိုမြတ်သူရကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့ ကိုယ့်စိတ်တွေရူးသွပ်သလိုဖြစ်သွားခဲ့မိတာ "
ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါအံလေးကို တင်းတင်းကြိတ်လိုက်မိပြီး
" အဲ့ဒါက ...အဲ့ဒီနေ့က မညိုကို လိုက်ရှာနေရင်း ...ကိုမြက်သူနဲ့တွေ့ခဲ့လို့ ကိုမြတ်သူကအိမ်ပြန်လိုက်ပို့ပေးတာပါနော် "
" ကိုယ်သိသွားပါပြီ မြရွက်ရယ် ....အခုကိုမြတ်သူရနဲ့ ပန်းနုတို့လက်ထပ်လိုက်ကြပြီ မြရွက်ရဲ့ "
" ဟင် ..ဟုတ်လား "
" ဟာ ..မမြရွက်ဘာဖြစ်နေတာလဲ...ဒီလူနှောက်ယှက်နေတာလား ဟုတ်လား ..ဟေ့ကောင်တွေလာကြအုံးဟ,,,ဒီမှာအလစ်သမားတစ်ယောက် မမြရွက်ကိုနှောက်ယှက်နေလို့ "
မြရွက်ဝါတို့နှစ်ယောက်တွန်းလားဆွဲလားဖြစ်နေကြချိန်မှာပဲ ပွဲရုံကအလုပ်သမားလေးတစ်ယောက်က မြရွက်ဝါတို့ဘေးနားကဖြတ်သွားခိုက် မြင်သွားတာမို့ အခြေအနေကရုတ်ရုတ်သဲသဲဖြစ်သွားတော့တယ်။အလုပ်သမားလေးက လှမ်းအော်လိုက်တာမို့ အနားကိုလူတွေအပြေအလွှားရောက်လာကြပြီး အခြေအနေက ရန်ပွဲတစ်ခုလိုဖြစ်သွားခဲ့တယ်။ဟန်လင်းသန့်မှာ အတိုက်အခိုက်ကျွမ်းသူဆိုပေမဲ့လဲ အများနဲ့တစ်ယောက်မို့ ခံဘက်ကဖြစ်နေခဲတယ်။
မြင်ကွင်းကိုကြည့်ပြီး မြရွက်ဝါထိတ်လန့်တုန့်လှုပ်သွားမိပြီး လူအုပ်ကြားထဲကိုအတင်းတိုးဝင်လိုက်တယ်။သူမရှေ့မှာပိတ်နေတဲ့ လူတွေကိုအတင်းတွန်းဖယ်ပစ်လိုက်ပြီး မြရွက်ဝါသံကုန်ခြစ်ကာအော်လိုက်မိတယ်။
==================_
ဇာတ်သိမ်းဆက်ရန်
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & S
ဇာတ်သိမ်းပိုင်းမှာ စာတွေ မပေါ်ဘူးဆိုလို့ (၂)ပိုင်းခွဲပြီးပြန်တင်ပေးတာပါရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၄) (က)(ဇာတ်သိမ်းပိုင်း )
akyiphyu
********
နေ့တိုင်းလိုလို ဆိုင်ရဲ့မလှမ်းမကမ်းမှာ ကားကိုရပ်ထားပြီးရှိနေတတ်တဲ့ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာအပျိုဖြန်းလေးလို ရင်တွေခုန်နေမိကာစိတ်တွေလဲတိုရပါတယ်။မြရွက်ဝါရင်ထဲမှာ သူ့ကိုလုံးဝမမေ့နိုင်သေးဘဲ ချစ်နေသေးတယ်ဆိုပေမဲ့ နှစ်နှစ်ကျော်တောင်အဆက်အသွယ်လုံးဝမလုပ်ဘဲထားခဲ့ရက်တာကို ရင်ထဲနားကြည်းနေမိတယ်။တကယ်ဆိုရင် သူမြရွက်ကိုဆက်သွယ်လို့မရဘူးဆိုရင်တောင် သူ့အကောင့်ကနေမြရွက်နဲ့ပတ်သက်တဲ့စာလေးတစ်ကြောင်းသာတင်ခဲ့ကြည့်ပါလား။ဟော့ဒီကအချစ်ရူးမမိမြရွက်တို့က ဒီလောက်ထိတင်းမာနေမတဲ့လား။သူ့ဘက်ကတစ်ချက်လောက် လေသံပျော့လိုက်တာနဲ့ အချစ်ရူးမမြရွက်ကနှစ်ခါမချော့ရတဲ့သူဆိုတာ သူအသိဆုံးပဲမဟုတ်လား။အခုတော့ ရင်ထဲမှာချစ်တာကချစ်တာသက်သက်၊နာတာကနာတာသက်သက်မို့ တစ်နေ့တစ်နေ့သူဘယ်လိုပဲဟန်ရေးပြပြ စိတ်ထဲနာကြည်းနေမိပြီးခွင့်မလွှတ်နိုင်ဖြစ်နေမိတယ်။
" ကောင်မလေးတွေ ....မမဈေးသွားဝယ်မလို့နော်..တစ်ယောက်က သားလေးကိုအိမ်ထဲမှာသွားထိန်းနော်...ကလေးကိုဘယ်သူ့ကိုမှပေးမချီနဲ့နော် "
အိမ်ထဲမှာရှိနေတဲ့ ဒေါ်ခင်မေရီမကြားအောင် ကောင်မလေးနှစ်ယောက်ကိုခပ်တိုးတိုးမှာပြီးမြရွက်ဝါ ဆိုင်ကယ်နဲ့ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~~
နောက်ကတောက်လျှောက်ပါလာတဲ့ ကားကိုကြည့်ပြီး မြရွက်ဝါအံကိုကြိတ်လိုက်မိတယ်။ရှေ့ဆိုရင်သူမဝယ်နေကြ ပွဲရုံကိုရောက်တော့မယ်။သူဒီလိုသာဆက်လိုက်လာရင်တော့ ပွဲရုံကလူတွေရိပ်မိသွားနိုင်တယ်။ပွဲရုံမှာက မိန်းမ၊ယောက်ျားလူစုံရှိနေတာ။နဂိုကမှ ကလေးတစ်ယောက်နဲ့ဖြစ်နေတဲ့ မြရွက်ဝါကို စချင်သလိုနောက်ချင်သလိုနဲ့ ရမလားစမ်းချင်နေကြတဲ့သူတွေက အများကြီး။ဝယ်နေကြဆိုင်ဆိုပေမဲ့ မြရွက်ဝါကဘယ်သူနဲ့မှမရောဘဲ ခပ်တည်တည်ခပ်မှန်မှန်နေနေလို့သာ ဘယ်သူမှမစမနောက်ရဲဘဲရှိနေကြတာလေ။သူဒီလိုနောက်ကတကောက်ကောက်လျှောက်လိုက်နေရင် လူတွေမြရွက်ဝါကိုအထင်သေးကုန်ကြတော့မှာပေါ့။
ပွဲရုံရဲ့ခပ်လှမ်းလှမ်းမှာမြရွက်ဝါဆိုင်ကယ်ကိုရပ်လိုက်တယ်။မြရွက်ဝါဆိုင်ကယ်ကိုရပ်လိုက်တော့ သူကလဲကားကိုရပ်လိုက်တယ်။သူမဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး ဆိုင်ကယ်ဘေးမှာရပ်နေလိုက်တယ်။မြရွက်ဝါရပ်နေတာကိုမြင်တော့ သူကကားပေါ်ကဆင်းလာခဲ့ပြီး မြရွက်ဝါဆီကိုလျှောက်လာခဲ့တယ်။
" မြရွက် ...ဆိုင်ကယ်ဘာဖြစ်လို့လဲ...ပျက်သွားတာလား...ပျက်သွားရင်လဲထားခဲ့လိုက်ပါ ...ကိုယ့်လိုက်ပို့ပေးမယ်လေ...ကိုယ့်ကားကိုအငှားကားလို့ပဲသဘောထားလိုက်လေ "
စကားတွေတတွတ်တွတ်ပြောနေတဲ့သူ့ကို မြရွက်ဝါမျက်လုံးချင်းဆိုင်မကြည့်ဘဲ မျက်နှာကိုလွှဲထားလိုက်ပြီးမှ
" ကျွန်မဆိုင်ကယ်ကဘာမှမဖြစ်ဘူး...ကျွန်မနောက်ကိုဆက်မလိုက်နဲ့လို့ပြောမလို့ တမင်ရပ်လိုက်တာ....ပွဲရုံမှာလူတွေအများကြီးရှိတယ်...ကျွန်မကိုသူများအထင်သေးအောင်မလုပ်ပါနဲ့...ပြီးတော့ရှင့်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး...ကျွန်မတို့ဆီကိုလဲထပ်မလာပါနဲ့...ရှင့်အမေကိုခေါ်ချင်တယ်ဆိုရင်ခေါ်သွားလိုက်ပါ "
" မြရွက်ရယ် ဘယ်လိုပြောလိုက်တာလဲကွာ...မြရွက်ခွင့်လွှတ်နိုင်တဲ့အထိကိုယ်စောင့်နေမယ်လို့ပြောပြီးသားလေ....ကိုယ့်ကိုကြည့်ပါအုံးမြရွက်ရယ်...ကိုယ့်ဘဝမှာမြရွက်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ ...."
သူ့ကိုလုံးဝမကြည့်ဘဲ တစ်ဖက်ကိုလှည့်နေတဲ့မြရွက်ကို တောင်းပန်စကားပြောလိုက်ပြီး မြရွက်ရဲ့လက်ကလေးကို ဟန်လင်းသန့်အသာလှမ်းကိုင်လိုက်တယ်။
" အို...ရှင်ဘာလုပ်တာလဲ...ကျွန်မအသားကိုမထိနဲ့ မကြိုက်ဘူး "
" ကိုယ်တောင်းပန်ပါတယ်မြရွက်ရယ် ကျေနပ်ပါတော့နော်...တကယ်လို့ကိုယ့်ကိုမကျေနပ်သေးဘူးဆိုရင်တောင် မြရွက်တို့သားအမိတွေ ရန်ကုန်ကိုပြန်လိုက်ခဲ့ကြပါနော်...မြရွက်ဒီလိုမျိုးပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာကို ကိုယ်မကြည့်ရက်ဘူး...ကိုယ့်အိမ်မှာမြရွက်တို့လိုက်နေပြီးမြရွက်ကြိုက်သလောက်စိတ်ဆိုးပါ ..အခုလဲဈေးမဝယ်နဲ့တော့နော်...ကိုယ်နဲ့အတူရန်ကုန်ပြန်ကြရအောင်နော် "
ဟန်လင်းသန့်ကပြောရင်းနဲ့ မြရွက်ဝါရဲ့လက်ကလေးကို ခပ်တင်းတင်းဆွဲယူဆုပ်ကိုင်ပြီးခေါ်လိုက်တယ်။
ဟန်လင်းသန့်ရဲ့အပြုအမူကြောင့် ပထမတော့မြရွက်ဝါကိုယ်တိုင်ကမင်သက်ပျော်ဝင်သွားပြီးမှ ချက်ချင်းသတိဝင်လာခဲ့မိပြီး သူမလက်ကိုဆောင့်ရုန်းပစ်လိုက်ကာ ဟန်လင်းသန့်ကို ရန်တွေ့ပစ်လိုက်တယ်။
" အို..ဖယ်စမ်းပါ...ဘာတွေလာပြောနေတာလဲ...ရှင့်ကိုခွင့်မလွှတ်သလို.... ရှင့်နောက်ကိုလဲဘယ်တော့မှမလိုက်ဘူး သိလား "
" မြရွက်ရယ် နေတွေတအားပူနေတယ်ကွ...စိတ်ဆိုးချင်ရင်လဲ ကားပေါ်မှာလာထိုင်ပြီးစိတ်ဆိုး...ကိုယ့်ကိုကြိုက်သလိုလုပ်ဟုတ်လား "
" ရှင်ဖယ်နော်...ကျွန်မအသားကိုမထိနဲ့လို့ ပြောနေတာမကြားဘူးလား ...ကျွန်မအော်လိုက်ရင် ရှင်ဒုက္ခရောက်သွားမယ်သိရဲ့လား "
" မြရွက်အော်ချင်တယ်ဆိုလဲအော်လိုက်ပါ ...ကိုယ်ခံမယ် "
" ရှင့်ကိုလွှတ်လို့ပြောနေတယ်နော်...အခုလွှတ်ပေးနော် "
https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk
အပိုင်း ၂၂
https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk
အပိုင်း ၂၃
https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk
၂၄
https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc
၂၅
https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc
၂၆
https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9
၂၇
https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc
၂၈
https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz
၂၉
https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz
၃ဝ
https://www.facebook.com/share/p/WicWrU2h94Kkx8Uu/?mibextid=oFDknk
၃၁
https://www.facebook.com/share/p/YwBNHv348BjbZpv5/?mibextid=Nif5oz
၃၂
https://www.facebook.com/share/p/TSWRbNgZqPox7Nee/?mibextid=Nif5oz
" ရှင်ပြန်ပါတော့ ကိုဟန်လင်းသန့်...ကျွန်မ ရှင်နဲ့မပတ်သက်ချင်တော့ဘူး ...ကျွန်မတို့ချစ်သူတွေဖြစ်ခဲ့တဲ့တောက်လျှောက်မှာလဲ ရှင်ဒီလိုတွေပဲလုပ်ခဲ့တာပဲ...ကျွန်မကိုရင်နာအောင်ပြောမယ်...ပြောပြီးရင်ပြန်ချော့မယ်...ပြီးရင်အရင်အချိုးအတိုင်း ပြန်လုပ်ခဲ့တာပဲမဟုတ်လား...ကျွန်မအဲ့ဒါမျိုးတွေထပ်ပြီးမကြုံချင်တော့ဘူး ....ရှင်သွားပါတော့ ကျွန်မဘဝကိုအေးအေးဆေးဆေးပဲနေချင်တယ်...ရှင်နဲ့မပတ်သက်ချင်တော့ဘူ...ရှင်ပြန်ပါတော့ ...ရှင်မပြန်မချင်း ကျွန်မတို့သားအမိအခန်းထဲကလုံးဝမထွက်ဘူး "
မြရွက်ဝါအံကိုတင်းတင်းကြိတ်ကာပြောလိုက်ရင်း သားလေးကိုပွေ့ဖက်ကာငြိမ်သက်နေမိတယ်။
~~~~~~~~~~~~~~~
" သားရယ် ဒီနေ့တော့ပြန်လိုက်ပါနော်...တော်ကြာမြေးလေးနဲ့သမီးမြရွက်အခန်းထဲမှာ ဒုက္ခရောက်သွားလိမ့်မယ်....ဒီနေ့တော့ပြန်လိုက်ပါအုံး ...သမီးလေးနားလည်ခွင့်လွှတ်ပေးနိုင်အောင် အမေပြောပေးထားပါမယ်နော်..."
မိခင်ကြီးရဲ့စကားကြောင့်ဟန်လင်းသန့် အံကိုတင်းတင်းကြိတ်ကာ ခေါင်းကိုအသာငြိမ့်ပြလိုက်တယ်။
" ကိုယ်ပြန်တော့မယ်နော်မြရွက်...ကိုယ်ကြောင့်မြရွက်စိတ်မဆင်းရဲစေရတော့ဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာ....မြရွက်ခွင့်လွှတ်တဲ့အထိကိုယ်စောင့်နေမှာပါ...အမြဲတမ်းတစ်ယောက်တည်းအထီးကျန်နေခဲ့ရတဲ့ဘဝကို ကိုယ်ပြန်မသွားချင်တော့ဘူးမြရွက်ရယ်...မိသားစုဘဝလေးနဲ့နေချင်ပါတယ် ..မြရွက်ကိုယ့်ကိုခွင့်လွှတ်ပေးတဲ့နေ့အထိစောင့်နေပါ့မယ်...ကိုယ်သွားတော့မယ်နော် "
ဟန်လင်းသန့်ရင်နာစွာကျောခိုင်းပြီး ထွက်လာခဲ့လိုက်တယ်။နားထဲမှာတော့ ချစ်ရသူရဲ့ကြိတ်ကာရှိုက်ငိုနေတဲ့အသံနဲ့သားလေးရဲ့ငိုသံသေးသေးလေးကိုကြားနေခဲ့ရတာမို့ ရင်နာနာနဲ့ကျောခိုင်းခဲ့ရတယ်။
====================================
အပိုင်း( ၃၄) (ဇာတ်သိမ်းပိုင်း) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
မင်္ဂလာပါရှင်
စာဖတ်ခပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz
အပိုင်း ( ၁၉ )
https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz
အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz
အပိုင်း ၂၁
