803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
အဘွားက ငွေသုံးသိန်းကိုထုတ်ပေးလိုက်တာကို မြင်တော့ နေမခအံ့သြသွားမိသလို ၊ အမေလဲ အံ့ဩသွားပုံရတယ် ။အဖေဆိုတဲ့လူကတော့ ငွေကို ရတာနဲ့ သူ့ကျောပိုးအိတ်ထဲကို အဝတ်အစားတွေ စုထည့်ပြီး ထွက်သွားပါတော့တယ် ။
~~~~~
"အန်တီ ငွေဘယ်ကရတာလဲဟင် "
နေမခ သိချင်နေတဲ့ မေးခွန်းကို အမေက မေးလိုက်တယ် ။အဘွားက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
" အန်တီ့ အမေပေးခဲ့တဲ့ လက်ကောက်ကို ရောင်းလိုက်တာ သမီး ... မရှိဝမ်းစာ ရှိတန်ဆာပေါ့ ...အောင်သီဟကို ဒီလိုပဲ ရှင်းမှ ရတော့မှာလေ ...မဟုတ်ရင် မြေးလေး သဲသဲကို ခေါ်သွားရင်ဘယ်လိုလုပ်မလဲ ... ဘာမှစိတ်မကောင်း မဖြစ်ကြနဲ့ ..လောလောဆယ် သူ့ရန်က အေးဖို့ အရေးကြီးတယ် "
~~~~~
"ဘာပြောတယ် ကိုလွင်ဦး ...ရှင့်သားက နောက်မိန်းမနဲ့ အတိအလင်းယူလိုက်ပြီတဲ့လား ...အဲ့ဒါဆို ဒီဘက်မှာရော ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီလား "
" အေး မင်းယောင်းမနဲ့ သူတို့ရပ်ကွက်ရုံးမှာ လုပ်လိုက်တယ် ပြောတာပဲ ..."
ဦးလွင်ဦးက ဇနီးဖြစ်သူကို ပြန်ဖြေလိုက်တယ်။
" အဲ့ဒါဆို အမွေကိစ္စ ဘယ်လိုလုပ်ကြမှာလဲ ...ရှင့်ညီမသာ တစ်ခုခုဖြစ်သွားရင် အေးမြနွယ်တို့ သားအမိတွေပဲ မောင်ပိုင်စီးလိုက်ကြမှာပေါ့ ...ခုလဲ အိမ်ရောင်းဖို့ လုပ်နေတာ မဟုတ်လား ...တော်ကြာ အေးမြ နွယ်က အပိုင်စီးသွားလိမ့်မယ် "
ဒေါ်ခင်လှ စိုးရိမ်ပူပန်စွာထပြောလိုက်တော့ ဦးလွင်ဦးလဲ တွေဝေသွားမိတယ်။
"အေး မင်းပြောတာ ဟုတ်တာပဲ ... မင်းယောင်းမက သနားတတ်တယ် ... တော်ကြာ အိမ်ရောင်းပြီး အေးမြ နွယ်ကို လွှဲပေးလိုက်မှဖြင့် ... ငါတို့ ဘာလုပ်ကြမလဲ "
ဦးလွင်ဦးထိတ်ထိတ်ပျာပျာနဲ့ မိန်းမလုပ်သူကို မေးလိုက်တယ်။
"ကျပ်မှာ အကြံရှိတယ် ...ဒီလိုလုပ် ... ရှင့်သမီးအငယ်မကို သူ့အဒေါ်ဆီကိုလွှတ်လိုက် ...အခုငှါးနေတဲ့ အိမ်က ဖယ်ခိုင်းနေလို့ ... အောက်ထပ်က ခြေရင်းဘက်ခြမ်းမှာ အခန်းကန့်ပြီး ခဏနေပါရစေလို့ ပြောခိုင်းလိုက် ... အောက်ထပ်က အကျယ်ကြီးပဲဟာ ရှင့်ညီမ မငြင်းပါဘူး "
~~~~
"တစ်လ နှစ်လပါပဲ အန်တီ ... အန်တီတူ အလုပ်ကလဲ မကောင်းလို့ပါ ...သမီးတို့နိုင်သလောက် အိမ်လခပေးမှာပါ "
အန်တီချိုမှာ တူမ ငယ်ကို ကြည့်ရင်း သက်ပြင်းကို မသိမသာချလိုက်မိတယ်။ အောင်သီဟနောက်မိန်းမယူလိုက်ပြီ ဆိုလို့ မိသားစုတွေစိတ်ချမ်းသာမယ် မကြံသေး တူမ ရင်းဖြစ်သူက အတူလာနေမယ်ဆိုလေတော့ ......။
================ =
အပိုင်း (၈ ) ဆက်ရန်
ဧကြည်ဖြူ
"ဘာမှတွေးမနေ သမီးရေ ...အန်တီ့အိမ်ကို ရောင်းဖို့ ပွဲစားကို အပ်လိုက်ပြီ ... သမီးကို ပျောက်အောင် အန်တီကုပေးမယ် "
အေးမြနွယ် လက်အုပ်လေးကို ချီပြီး အန်တီ့ကို ကန်တော့လိုက်မိတယ်။အန်တီက အေးမြနွယ်တို့သားအမိတွေ အတွက် မိခင်ရင်း တစ်ယောက်ထက်မကဘဲ ကယ်တင်ရှင်တစ်ယောက်ပါပင်။
~~~~~~
အေးမြနွယ်ခွဲစိတ်ဖို့ ရက်ချိန်းမရခင်မှာ ဆေးရုံကဆင်းခွင့် ရခဲ့တယ်။
" အပေါ်ထပ်က တအားပူတယ် ...သမီးတို့ အောက်ထပ်မှာပဲ နေကြ ...စားဖို့ သောက်ဖို့ အန်တီပဲလုပ်ပေးမယ် .. မြေးလေး နေမခက အမေ့နားမှာနေ ..အဘွား ခိုင်စရာရှိရင် လှမ်းခေါ်မယ် "
အန်တီက အစစအရာရာကို တာဝန်အပြည့်ယူခဲ့ရှာတယ်။အောင်သီဟကတော့ ပြန်လာချင်ရင် ပြန်လာပြီး ထွက်ချင်လဲ ထွက်သွားတတ်တယ်။
" သား ...အဘွားကို ပန်းကန်တွေ ဝိုင်းကူဆေးပေး ... အဝတ်တွေဝိုင်းလျှော်ပေးနော်....သားတို့ အဖေကို ထည့်တွေးမနေနဲ့တော့ "
"ဟုတ်ကဲ့ အမေ "
နေမခက မိခင် ဘေးမှာ ထိုင်စောင့်နေရင်းကနေ မိခင်ကို ခေါင်းငြိမ့်ပြလိုက်တယ်။အမေပြောသလိုပဲ နေမခ ခေါင်းထဲမှာလဲ အမေရယ်၊ ညီမလေးရယ် အဘွားရယ်ပဲ ရှိတာပါ ။ အခုဆိုရင် ညီမလေးလဲ အဖေ့ကို အရင်ကလို သိပ်မကပ်တော့။နေမခနဲ့ အမေ ဆေးရုံက ဆင်းလာပြီးကတည်းက ညီမလေးက အမေ့နားက မခွါတော့တာကို နေမခသတိထားမိခဲ့တယ်။
~~~~~
"အန်တီတူပုံက တစ်မျိုးပဲနော် အန်တိ ...သမီးက သွားဆိုတော့လဲ မသွားဘူး "
သားနဲ့သမီး အပေါ်ထပ်မှာ ထမင်းသွားစားနေကြတုန်းမှာ အေးမြနွယ်က အန်တီ့ကို တိုးတိုး ကပ်ပြောလိုက်မိတယ်။
"အန်တီလဲ ရိပ်မိတယ် သမီး ...သမီး ပိုပြီးစိတ်ဆင်းရဲမှာစိုးလို့ မပြောတာ ... အရင်ကဆို သူဘယ်လောက်ဆိုးဆိုး ကလေးကို မာန်တောင် မာန်ခဲ့တာမဟုတ်ဘူး ...အခုဆို သဲသဲလေးကို ဆူလိုက်ငေါက်လိုက်နဲ့ ...အန်တီလဲ အစ်ကိုတို့ကို ပြောထားတယ် သူ့ကို ခဏပြန်ခေါ်ထားဖို့လေ "
အေးမြနွယ်နဲ့ အန်တီတို့ အောင်သီဟအကြောင်းကို ပြောရင်းသက်ပြင်းပြိုင်တူ ချမိလိုက်ကြတယ်။
~~~~
"ဘာ ...ဘာပြောတယ် ကိုကြီး...သုံးသိန်းပေးရမယ် ဟုတ်လား ...နွယ်လေးမှာ သုံးသိန်း မပြောနဲ့ သုံးထောင်တောင် မရှိဘူး "
အေးမြနွယ်က အသက်ကို ခက်ခက်ခဲခဲရှုနေတဲ့ကြား ကနေ ယောကျာ်းဖြစ်သူကို ပြန်ပြောလိုက်တယ်။ခုတလောမှာ ကိုကြီးတစ်ယောက် အိမ်ကပစ္စည်းတွေကို ထုလိုက် ရိုက်လိုက် ၊ ကန်လိုက် ကျောက်လိုက်လုပ်နေလို့ မနေချင်ရင်ထွက်သွားဖို့ ပြောလိုက်တော့ ကိုကြီးရဲ့ နှုတ်ကနေ ခုလို ထွက်လာတာပါပဲ။ သူ့ကိုထွက်သွားစေချင်ရင် သုံးသိန်းပေးရမယ်တဲ့လေ။
" မသိဘူး ...သုံးသိန်းပေးရင်း ငါထွက်သွားမယ် ... မပေးရင်တော့ ကလေးကိုပါခေါ်ပြီး ထွက်သွားမှာ "
"ဘာ ...ဘာပြောတယ် ကိုကြီး ..." အေးမြနွယ် ရှေ့ဆက်မပြောနိုင်တော့ပါ။ရင်ဘတ်တွေထဲကပင် အောင့်လာတာမို ခေါင်းအုံးပေါ်ကို ခေါင်းကို မှေးတင်လိုက်ရတယ်။
"အမေ မောလို့လား ..ခဏနားလိုက်နော် ဟိုမှာ အဘွားလာနေပြီ "
နေမခ လက်သီးကို မသိမသာဆုပ်မိရင်း အမေ့ကို ယပ်တောင်နဲ့အသာခပ်ပေးလိုက်တယ်။စိတ်ထဲမှာ ပွက်ပွက်ဆူချင်နေတဲ့စိတ်ကို နေမခ မနည်းထိန်းချုပ်ထားရတယ်။
"ဟဲ့ အောင်သီဟ ... လူ လို အသိမရှိတဲ့ကောင်ရဲ့ ... မင်း အခုထွက်သွား မင်းလိုချင်တဲ့ငွေကို ငါရှာပေးမယ် ...မနက်ဖြန်လာယူ ...အေး ပြီးရင် ငါ့အိမ်ရိပ်ကိုတောင် လာမနင်းနဲ့ တော့ "
~~~~~
"အစ်ကိုတို့သားက တောင်းတာ သုံးသိန်းတဲ့လေ ... ဒီအချိန် ညီမမှာ ဘယ်လို ရှိတော့မှာလဲ ... စားဖို့ပဲ ရှိတယ် ... ခွဲစိတ်စရိတ်တောင် အိမ်ရောင်းရမှ အဆင်ပြေမှာ... အိမ်မရောင်းရခင် ဘယ်ကချေးရမှန်းမသိဘူး ...အဲ့ဒါ အစ်ကိုတို့ကိုတောင် လာပြောမလို့ ... အိမ်မရောင်းရသေးခင် လိုတဲ့ငွေကို ချေးထားပါ အစ်ကို...ပြီးတော့ အစ်ကိုတို့သား တောင်းတဲ့ငွေကိုလဲ စိုက်ထားပေးပါ ...ညီမအိမ်ကိုရောင်းပြီးတာနဲ့ အကုန်ပြန်ပေးပါ့မယ် "
အန်တီချိုက အစ်ကိုနဲ့ ယောင်းမကို မနားတမ်း ပြောချလိုက်တယ်။
ဦးလွင်ဦးနဲ့ ဒေါ်ခင်လှက ညီမဖြစ်သူရဲ့ စကားကို နားထောင်ပြီး ခေါင်းကို ပြိုင်တူ ခါယမ်းလိုက်ကြတယ်။
"ငါတို့မှာလဲ မရှိဘူး ... နင်လဲ တော်ရုံသင့်ရုံပဲလုပ် ... သူ့အစ်ကိုတွေတောင် ပစ်ထားသေးတာ နင်က အနေသာကြီး ... သူ့ကံရှိသလောက် အသက်ရှင်လိမ့်မယ် ... ဟိုကောင် အောင်သီဟကိုလဲ ဘာပိုက်ဆံမှ မပေးနဲ့ သူ့ကလေး သူခေါ် ချခေါ် ခေါ်ချင်နေ ...နင်လဲ နေတတ်သလိုသာနေ ...နင့်အသက်လဲ မကြာခင် ခြောက်ဆယ်ပြည့်တော့မှာ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက် "
~~~~
အဘွားပြန်လာတဲ့ပုံကို မြင်ကတည်းက အဆင်မပြေခဲ့မှန်း နေမခ ခန့်မှန်းလိုက်မိတယ်။အဘိုးနဲ့ အဘွားဆီမှာ ငွေသားချေးအုံးမယ်လို့ ပြောပြီး အဘွားထွက်သွားကတည်းက အဆင်မပြေနိုင်ဘူးဆိုတာကို နေမခသိပြီးသားပါပင်။အဘွားကညီမလေးကို ခေါ်ပြီး ငွေသွားချေးကတည်းက နေမခလိုက်သွားပြီး အဘိုးရင်း အဘွားရင်းတွေကို လိုက်ပြီး ပြောချင်ခဲ့တာ။အမေ့ကို စိတ်မချလို့သာ လိုက်မသွားခဲ့ရတာ။
"အောင်သီဟ .. ရော့ ဒီမှာ မင်းလိုချင်တဲ့ ငွေ ... ယူပြီး သွားတော့ ...ငါတို့ကိုလာမနှောက်ယှက်နဲ့တော့.."
ဖအေနားကပ်ပြီးပျော်ရွှင်နေတဲ့ သမီးလေးကိုကြည့်ပြီး အေးမြနွယ် စိတ်မကောင်းဖြစ်နေမိတယ်။သားလေးနေမခကတော့ နားလည်နေပြီမို့ ဖအေကိုရော သူ့အဘိုးအဘွားတွေကိုပါ ခပ်တန်းတန်းပဲ ခေါ်ပြောတော့တယ်။ သူ့အဘိုးနဲ့အဘွားတို့ လာရင်လဲ မေးထူးခေါ်ပြောလောက်သာ လုပ်ခဲ့တယ်။သမီးလေးကိုသာ နားလည်အောင် အေးမြနွယ် ဘယ်လိုပြောရမှန်းမသိပါ။တစ်နေ့တော့ သမီးလဲ နားလည် သဘောပေါက်နိုင်မယ် ထင်ပါရဲ့။ သားသမီးတွေအကြောင်းကို တွေးမိတော့ အေးမြနွယ် အသက်ရှူကြပ်ပြီး မောဟိုက်သလို ဖြစ်လာမီ တယ်။ခုတလော အေးမြ နွယ်နေလို့သိပ်မကောင်းချင်ပါ။ စျေးဆိုင်မှာထိုင်နေရင်းနဲ့ ကို အသက်ရှုကြပ်သလိုလို မောပန်းသလိုလို ဖြစ်နေမိတယ်။ အေးမြနွယ်လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး ဖျာပေါ်အသာလှဲချလိုက်မိတယ်။ဖျာပေါ်လှဲချလိုက်မှပင် အေးမြနွယ်မှာ အသက်ပါရှုမရသလို ခံစားလာရတာမို့ သားဖြစ်သူကို လှမ်းခေါ်လိုက်ရတယ်။
"သား ...သားရေ ...အမေ အသက်ရှုကြပ်လိုက်တာကွယ် ..."
ဒီစကားလေးကိုပင် အေးမြနွယ်မှာ အနိုင်နိုင် ပြောလိုက်ရတယ်။ထပ်ပြီးအသံပင် မထွက်နိုင်ပါတော့ ။
"အမေ .... အမေဘာဖြစ်လို့လဲ ..ဘာဖြစ်တာလဲ "
နေမခ လက်ထဲက စာအုပ်ကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး အမေ့ဆီကို ပြေးသွားလိုက်တယ်။
အေးမြနွယ်မှာ ချက်ချင်းလိုလိုပင် အသက်ရှူ မရအောင် ဖြစ်လာတာမို့ သားဖြစ်သူ ခေါ်တာကိုပင် မထူးနိုင်ပါတော့။
"အမေ ...အမေ ဘာဖြစ်တာလဲ ... အဘွားရေ ... အဘွား ...လာပါအုံး ...အမေဘာဖြစ်တာလဲ မသိဘူး "
နေမခ အမေ့ကို ပွေ့ထူလိုက်ပြီး အပေါ်ထပ်မှာရှိတဲ့ အဘွားကို လှမ်း အော်ခေါ်လိုက်တယ်။
"ဟဲ့ ...ဟဲ့ ဘာဖြစ်တာလဲ မြေးလေး ...ဟဲ့ အောင်သီဟ ...ဟိုမှာ နင့်မိန်းမ ဘာဖြစ်တာလဲ ထကြည့်အုံးလေ .... "
အန်တီမှာ မြေးဖြစ်သူရဲ့ အော်ခေါ်သံကြောင့် အောက်ထပ်ကို အပြေးအလွှားဆင်းလာခဲ့ပြီး တူဖြစ်သူကိုပါလှမ်း အော်လိုက်တယ်။
----~~~~~
အိမ်နဲ့အနီးဆုံးဖြစ်တဲ့ စံပြဆေးရုံကို အေးမြ နွယ်ရောက်ရှိခဲ့ရပါတော့တယ်။ဆေးရုံရောက်တာနဲ့ အောက်ဆီဂျင် ပိုက်တပ်ခဲ့ရတော့တယ်။
~~~
"လူနာရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါတာလူနာရောသိလား "
"ဟုတ် ... ဟုတ်ကဲ့ ဆရာ ... လွန်ခဲ့ တစ်နှစ်ကမှ ဆေးစစ်ခဲ့လို့သိပါတယ်...ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ...ခုမှ ထဖြစ်တာပါ ... စိုး...စိုးရိမ်ရပါသလားရှင် "
မြေးလေးနေမခရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အန်တီချိုတုန်တုန်ယင်ယင်နဲ့ ဆရာဝန်ကိုမေးလိုက်မိတယ်။
"ဒီရောဂါက တချို့လဲ အသက်လေးငါးခြောက်ဆယ်အထိ သောက်ဆေးနဲ့ပဲ နေသွားလို့ရကြတာတွေလဲ ရှိတယ်...ဒါပေမဲ့ ...ခုလူနာက အသက်သုံးဆယ်ကျော်ရုံပဲရှိသေးတာကို ထဖြစ်တာပဲ ... နှလုံးအထူးကု ရှိတဲ့ဆေးရုံကို ပြောင်းရပါမယ် `
"ဟုတ် ... ဟုတ်ကဲ့ ဆရာ"
~~~~-----
"ကိုကြီးမလာဘူးလား အန်တီ ... နေ့ရောညပါ သားကိုပဲ စောင့်ခိုင်းနေရတော့ သားကို စိတ်ပူလို့ပါ ...သမီးလေးရော နေကောင်းတယ် မဟုတ်လား ...."
"အင်း ...အင်း မြေးလေး သဲသဲ နေကောင်းပါတယ် သမီးရဲ့ ...ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေ ...အောင်သီဟက နည်းနည်းဖျားချင်နေလို့တဲ့ ... မနက်ဖြန်တော့ သူလာမှာပါ "
အန်တီချိုက ထမင်းချိုင့်ခြင်းကို ခုံပေါ်ကို တင်လိုက်ပြီး အေးမြနွယ်ကို မကြည့်ဘဲခပ်တိုးတိုး ပြန်ဖြေလိုက်မိတယ်။ကိုယ့်တူအကြောင်း ကိုယ်အသိဆုံးမို့ အေးမြ နွယ်ကို အမှန်တိုင်း ပြောမထွက်ပါ။ ကံဆိုးရှာ လွန်းတဲ့ ဒီကောင်မလေး ။ယောကျာ်းကလဲ အသုံးမကျ။ယောက္ခမတွေကလဲ သတင်းမေးရုံမှအပ ဆေးရုံကိုပင် လာကြည့်ဖော်မရ။ ရှိတဲ့အစ်ကို ရင်းနှစ်ယောက်ကလဲ သူတို့ကို သိပ်ပြီး အဆက်အသွယ်မလုပ်ခဲ့လေတော့ သတင်းလှမ်းမေးကြရုံပဲ မေးကြလေတယ်။အရေးထဲ အောင်သီဟကလဲ ဆေးရုံမှာ တစ်ပတ်ပဲ နေပြီး ထပ်မလာတော့ ။ တစ်နေကုန်တစ်နေခန်း အိမ်မှာပဲမှောက်လိုက် ၊လှန်လိုက် အပြင်ထွက်လိုက်နဲ့။ အေးမြနွယ်ရဲ့ တာဝန်နဲ့ အိမ်ကလူတွေ စားဖို့ သောက်ဖို့အရေးက အန်တီချိုနဲ့ နေမခရဲ့ပခုံးပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။
အေးမြနွယ်က မျက်နှာပျက်ချင်နေတဲ့ အန်တီကို ကြည့်ပြီး အခြေအနေအ၀၀ကို သဘောပေါက်လိုက်တယ် ။ ယောကျာ်းဖြစ်သူ ဗွေပြန်ဖောက်နေပြီဆိုတာကိုလဲ သိနားလည်လိုက်ပါတယ်။
~~~
"သားအဖေတော့ ဗွေ ပြန်ဖောက်နေပြီ...အဘွားလဲစိတ်ညစ်နေပြီး ... မြေးလေးအမေကို မပြောနဲ့နော် ...ဟိုဘက်က ဟာမက ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေတယ် "
မြေးဖြစ်သူကို အန်တီချို ရင်ဖွင့်ပြောလိုက်မိတယ်။
"အဖေ သွားရင်လဲ သွားပါစေ အဘွား .. ကျွန်တော် အမေ့ကို စောင့်ရှောက်ပါ့မယ် ... အဘွားလဲ အရမ်းပင်ပန်းနေပြီ မဟုတ်လား ...ဆေးရုံကို တစ်နေ့တစ်ခေါက်ပဲလာပါ ...အမေလဲ သက်သာလာပြီပဲ ..."
နေမခက အဘွားကိုကြည့်ပြီး အံလေးကိုကြိတ်လို့ ပြောလိုက်မိတယ်။
~~~~
"သိန်းငါးဆယ် ဟုတ်လား အန်တီ "
ခွဲစိတ်စရိတ်ကိုကြားလိုက်ရတော့ အေးမြနွယ်ရင်ထဲ မောလျသွားရတယ်။အခုလိုအချိန်မှာ သိန်းငါးဆယ်မပြောနဲ့ ငါးသိန်းတောင်ပြည့်အောင်မရှိပါလေ။အန်တီ့ဆီမှာ ရှိတဲ့ငွေကလဲ အေးမြနွယ်တို့ မိသားစုတွေကြောင့် ကုန်လုနီးနီးဖြစ်နေခဲ့ပြီမဟုတ်လား။
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း ( ၇ )
*** ** *
ယောက္ခမတွေအိမ်ကို အေးမြနွယ်တို့ ရောက်သွားတော့ သမီးလေးကို အိပ်ရာထဲမှာ တွေ့လိုက်ရတယ် ။လွန်ခဲ့တဲ့လတွေက ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်အောင် ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေး။အခုတော့ မျက်နှာလေးက ချောင်ချောင်။လက်ကလေးတွေက ပျော့တိပျော့တွဲနဲ့။ သမီးရဲ့မျက်နှာမှာ ခြင်ကိုက်ဖုလေးတွေမြင်လိုက်ရတော့ အေးမြနွယ် ရင်ထဲ ဒေါသတွေ တဟုန်းဟုန်း ဖြစ်လာမိတယ်။
" ကလေးဆေးရုံကိုပဲ သွားရအောင် အေးမြနွယ် ...အန်တီ့မှာ ပိုက်ဆံပါပါတယ် "
အန်တီသာ မရှိခဲ့ရင် အေးမြနွယ်တို့ သားအမိတွေရဲ့ ဘ၀က ဘယ်လိုများပင် ဖြစ်လေမလဲမသိ။ ကလေးဆေးရုံကို တန်းသွားမယ်မှန်းသိသိနဲ့ ယောက္ခမတွေက တုတ်တုတ် ပင်မလှုပ်ကြ။ ကိုကြီးကတော့ ကလေး ဘေးနားမှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေလေရဲ့။ သမီးလေးအတွက် သူတတ်နိုင်တာ ဒီလောက်ပဲထင်ပါတယ်။
"မေမေ မီးမီးတို့ ဘယ်သွားကြမှာလဲဟင် ...ဖေဖေ့ကိုပါခေါ်ခဲ့မယ်နော် မေမေ "
တိုးတိမ်ဖျော့တော့ လှတဲ့ သမီးရဲ့အသံလေးက အေးမြနွယ်ရဲ့နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပါပင်။ အေးမြ နွယ် စိတ်ကိုလျှော့ချလိုက်ပြီး
"သမီးလေး ဖေဖေကိုပါ ခေါ်မှာပါ သမီးရဲ့ ..."
အေးမြနွယ် သမီးလေး ကျေနပ်အောင် ပြောလိုက်ရင်း သမီးလေးရဲ့ အဝတ်အစား ထုတ်ကို သူ့အဖေလက်ထဲကို ထည့်ပေးလိုက်တယ်။ သူ့ကို အေးမြနွယ်တို့အတွက် မလိုအပ်ပေမဲ့ သမီးလေးအတွက်တော့ လိုအပ်နေတဲ့လူတစ်ယောက် ဖြစ်နေတာမို့ သမီးလေး နားလည်လာနိုင်မဲ့ အချိန်တစ်ခုအထိတော့ သည်းခံသွားရပေအုံးမှာပေါ့။ ဒါကပင် အေးမြ နွယ်ရဲ့ ဘ၀ပေလား ။
~~~~
သမီးလေးကို ကလေးဆေးရုံမှာ ဆယ်ရက်ကျော်လောက် ဆေးရုံတင် ကုသခဲ့ပြီးတဲ့နောက် သမီးလေး ပြန်လည်ကျန်းမာလာတာကိုပဲ အေးမြနွယ်တို့ တစ်မိသားစုလုံး ပျော်ရွှင်ခဲ့ရတယ်။သမီးလေး ပြန်လည်ကျန်းမာလာပေမဲ့လည်း ကိုကြီးကိုတော့ အေးမြနွယ် ဘာမှမပြောတော့ပါ။ သူနေချင်ရင် နေ၊ မနေချင်ရင်လဲ သူ့သဘောလို့ပဲထားခဲ့လိုက်တယ်။တစ်လနှစ်လလောက် ခြေငြိမ်နေတဲ့ ကိုကြီးကို ကြည့်ပြီး ။အန်တီက သူ့မှာရှိတဲ့ငွေလေးကို ထုတ်ပေးပြီး တက္ကစီကားမောင်းဖို့ စီစဉ်ပေးခဲ့ရှာတယ်။ဒီလိုသာ တစ်သက်လုံးခြေ ငြိမ်သွားမယ်ဆိုရင်တော့ အေးမြနွယ်တို့ သားအမိတွေအတွက် ထီပေါက်သလိုပဲပေါ့။ဒီနှစ်မှ သားကလဲ ဆယ်တန်းတက်ရတော့မှာမို့ မအေ့စီးပွားရေးကိုမကူရဘဲ စာကိုပဲ ကြိုးစားခွင့်ရမယ်ဆိုရင် အေးမြနွယ် ကျေနပ်ပါပြီ။
~~~~~----
"ခွေးမြီးကောက်ကျည်တောက်စွပ်"တဲ့။ရှေးလူကြီးတွေထားခဲ့တဲ့စကားပုံတွေက ပေါ့ပေါ့တန်တန်တော့မဟုတ်တန်ရာ။ တကယ်ပါပဲ။ ကိုကြီးတို့ခြေငြိမ်တယ်ဆိုတာက သုံးလတောင် ပြည့်မယ်မထင်ပါ။ကလေးတွေပင် ကျောင်းပြန်မဖွင့်သေး။သူကနောက်ထပ်တစ်ယောက်ထပ်ရပြန်ပါလေပြီ။ဒီတစ်ခါ တစ်ယောက်က အရင်က မိန်းခလေးတွေထက် ပိုပြီးရဲတင်းသွက်လက်ပုံရတယ်။
တစ်နေ့မှာ ကိုကြီးအိမ်မှာမရှိတုန်းဖုန်း ၀င်လာခဲ့တယ်။
"ဟုတ်ကဲ့ အမိန့်ရှိပါရှင် ... ကျွန်မ အေးမြနွယ်ပါ "
" ကိုအောင်သီဟ ရှိလား "
ဖုန်းကိုင်လိုက်တာနဲ့ အေးမြနွယ်ဘက်က ယဉ်ယဉ်ကျေးကျေးကျေးပဲ ထူးခဲ့ပေမဲ့ တစ်ဖက်က မိန်းခလေးတစ်ယောက်ရဲ့ မာဆတ်ဆတ်အသံကို ကြားလိုက်ရတယ်။
"ဟုတ်ကဲ့ ...ကိုအောင်သီဟ မရှိပါဘူးရှင် "
အေးမြနွယ် အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့ ..ကိုအောင်သီဟကို ပြောပေးပါ ...မေလေးနဲ့ လာတွေ့ပါလို့ ...မဟုတ်ရင် အိမ်ထိ လိုက်လာမှာလို့ "
ဒီလိုစကားမျိုးကိုကြားတော့ အေးမြနွယ် ချက်ချင်းသဘောပေါက်မိသွားတယ်။ ဒါကြောင့် ပြောသင့် ပြောထိုက်တဲ့ စကားကို တဖက်မိန်းခလေးကို ပြောလိုက်တယ်။
"ညီမရေ ... အစ်မက ကိုအောင်သီဟရဲ့ မိန်းမပါ ကွယ် ...ကိုအောင်သီဟက လူပျိုမဟုတ်ပါဘူး ... ကလေးနှစ်ယောက်အဖေပါနော် ...ညီမကို သူဘယ်လိုတွေ ပြောထားလဲတော့ မသိပါဘူး "
အေးမြနွယ် ပြောလိုက်တော့ တစ်ဖက် အမျိုးသမီးဆီကနေ အသံခဏ တိတ်သွားပြီးမှ
"မေလေး သိပါတယ် ...ဒါပေမဲ့ ဘာလုပ်ရမှာလဲ ...ကိုကိုက ရှင့်ကို မချစ်လို့ မေလေးဆီကိုလာတာလေ ...ရှင်ဘက်က ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းကို ကလေးကို အကြောင်းပြပြီး ဆွဲထားတာ မရှက်ဘူးလား ...."
"ရှင် ..."
တစ်ဖက်က အမျိုးသမိးရဲ့ စကားကြောင့် အေးမြနွယ် အံ့သြလွန်း၍ ဘာပြောလို့ပြောရမှန်းပင်မသိပါလေတော့။အေးမြနွယ် ကြောင်အနှုတ်ဆိတ်နေမိတုန်းမှာပဲ တစ်ဖက်က ဖုန်းချသွားခဲ့ပါတယ်။
"ဘာဖြစ်လို့လဲ သမီး ...ဘယ်သူဆက်တာလဲ "
အန်တီ့ရဲ့ အမေးကို အေးမြနွယ်တော်တော်နဲ့ ပြန်မဖြေနိုင်ခဲ့ပါ။ပြီးမှ အန်တီ့ကို အကျိုးအကြောင်း ပြောပြလိုက်မိတယ်။
"အင်း ...အောင်သီဟတို့က လူသေမှပဲ ဒီမကောင်းတဲ့အကျင့်ပါပျောက်မယ်ထင်တယ် ... ဘာမှခံစားမနေနဲ့ သမီးရေ ... ဒီတစ်ခါ အန်တီလဲ သူ့ကို အပြတ်ပဲ ... မြေးလေးသဲသဲကိုတော့ ဂရုစိုက်ရမယ် "
~~~~~
"ဟင့်အင်း ...မလိုက်ဘူး ...ဖေဖေနဲ့နေမှာ ...ဖေဖေနဲ့ မှလာမှာ "
အန်တီက အေးမြနွယ်တို့ကို ပြန်ဖို့ ပြောရင်း မြေမလေး သဲသဲကို လှမ်းချီလိုက်တော့ သဲသဲက အချီ မခံဘဲ ဖအေဆီကို ပြေးကပ်လိုက်တယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး အေးမြနွယ်ရင်ထဲမချိအောင်ပင် နာရတယ်။
"သမီး လာလေ ... မေမေတို့ အိမ်ပြန်ကြမယ်လေ နော်....."
"ဟင့်အင်း ...ဖေဖေနဲ့ မှလာမှာ "
အေးမြနွယ် သားကို လက်တစ်ဖက်နဲ့ ဖက်ထားရင်းကနေ သမီးကို လှမ်းခေါ်ကြည့်လိုက်တယ်။ သမီးက အေးမြနွယ်ကို မော့ကြည့်ပြီး ခေါင်းကို ခါယမ်းပြပြီး သူ့အဖေနားကို ပိုပြီး တိုးကပ်သွားတယ် ။အေးမြနွယ်မှာ သမီးကို လှမ်းချီလိုက်ချင်ပေမဲ့ အခုချိန်ထိ အသားတွေ ဆတ်ဆတ်တုန်နေသေးတဲ့ သားကို လက်က မလွှတ်ရဲဘူးဖြစ်နေတယ်။
" မြေးလေး သဲသဲကို ခဏထားခဲ့လိုက် သမီး ... နောက်ရက်မှ လာခေါ်မယ် ...အန်တီကားငှါးလိုက်အုံးမယ် သမီး ... မြေးလေး လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။
အပြန်လမ်းတစ်လျှောက်လုံး နေမခက အံကိုတင်းတင်းကြိတ်ပြီးကားပေါ်မှာ လိုက်ပါလာခဲ့တယ်။
~~~~~
"မေမေ ... မီးမီးတို့ပြန်လာလို့ မရဘူးလားဟင် "
ဖုန်းထဲကနေ သမီးရဲ့ အသံလေးကိုကြားလိုက်ရတော့ အေးမြနွယ် ရင်ထဲမကောင်းမီ ။ပြဿနာတွေဖြစ်ပြီးကတည်းက သမီးလေးကို ပြန်ခေါ်လို့မရခဲ့တာ ဒီနေ့ဆိုရင် တစ်ပတ်ပင်ပြည့်ခဲ့လေပြီ။ ဟိုဟက်ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက်မို့ တွေ့ချင်ရင် ချက်ချင်းသွားတွေ့လို့ ရပေမဲ့ အေးမြနွယ် သွားမတွေ့မိပါ။ သမီးက သူတို့အဘိုးအဘွားတွေအိမ်ကဖုန်းနဲ့ အန်တီအိမ်ကို တစ်နေ့တစ်ကြိမ်လောက်တော့ ပုံမှန်ဖုန်းဆက်တတ်တယ်။ဖုန်းဆက်ရင်လဲ သူနဲ့ သူ့အဖေပြန်လာလို့ရလားဆိုတဲ့မေးခွန်းကို မေးတတ်တယ်။
"သမီးပြန်လာချင်ပြန်လာလို့ ရတာပေါ့ သမီးရဲ့... ဘွားဘွားကို လာခေါ်ခိုင်းလိုက်မယ်နော် "
"ဟင့်အင်း ဘွားဘွားကို ခေါ်ခိုင်းနဲ့လေ ဖေဖေနဲ့ စက်ဘီးစီးပြီးပြန်လာမှာကို ... မေမေ့ကို မီးမီးကလွမ်းနေပြီ "
သမီးလေးရဲ့ စကားသံကိုကြားတော့ အေးမြနွယ်ရင်ထိမချိပါ။ ကလေးကို ခုတုံးလုပ်နေတဲ့ ယောကျာ်းကိုလဲ ရင်ထဲကနာလာမိတယ်။သမီးလေးကိုငဲ့ပြီး ကိုကြီးနဲ့ ပြန်ပေါင်း ဆိုလဲ အေးမြနွယ်က ကိုယ့်မာနနဲ့ ကိုယ့်ခံစားချက်ကို ဖယ်ထားပြီး ပြန်ပေါင်းနိုင်ပါတယ်။မိခင်ဆိုတဲ့ ဘ၀ကို ရခဲ့ကတည်းက အေးမြနွယ်မှာ ကိုယ်ပိုင်ဘ၀မှ မရှိတော့တာပဲလေ။ဒါပေမဲ့ ပြန်ပေါင်းလိုက်လို့ ကိုကြီးဘက်အရင်လို ပုံစံအတိုင်း ဖြစ်နေအုံးမယ်ဆိုရင် သားဖြစ်သူ စိတ်ဒဏ်ရာရသွားမှာကို အေးမြနွယ် အကြောက်ဆုံးပါပင်။ အေးမြနွယ်ရဲ့ ဘ၀က ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေနဲ့ခွဲခွါခဲ့ရတာမို့ သားနဲ့ သမီးကို အေးမြနွယ်လိုဘ၀မျိုး မဖြစ်စေချင်လို့ အေးမြနွယ် အမြဲအလျှော့ပေးခဲ့ ။ အရှုံးပေးခဲ့တာလေ။အခုတော့ မခိုင်မြဲတဲ့အိမ်ထောင်ရေးကို အတင်းဖက်တွယ်နေမိတာက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်တဲ့သားလေးရဲ့စိတ်ကို ပိုပြီးထိခိုက်စေနေမိမှန်း အေးမြ နွယ်သိလိုက်ပါပြီ။နဂိုကအေးဆေးလှတဲ့ သားလေးက တစ်မုဟုတ်ချင်းမှာ ကြောက်စရာကောင်းအောင် ပြောင်းလဲသွားတာက အေးမြနွယ်တို့ကြောင့်ပဲ မဟုတ်လား။ တကျက်ကျက်ရန်ဖြစ်စကားများနေရတဲ့ အိမ်ထောင်ရေးထက် အေးအေးဆေးဆေး လမ်းခွဲလိုက်ခြင်းက ကလေးတွေအတွက် ပိုကောင်းစေတာလား အေးမြနွယ် မဆုံးဖြတ်နိုင်တော့ပါ။ရှေ့ဆက်ပြီး အေးမြနွယ် ဘယ်လိုဆုံးဖြတ်ရမှန်းပင်မသိပါလေတော့။ သမီးကတစ်ဖက် သားကတစ်ဖက်ကြားမှာ အေးမြနွယ် ရင်တွေပူလှပါပြီ။
~~ ~~
"အေးမြနွယ်ရေ ... မြေလေး အတော်နေမကောင်းဖြစ်နေတယ်တဲ့ ... မြေးလေးဆီသွားရအောင် ...ဆိုင် မြန်မြန်ပိတ်လိုက်တော့ "
"ရှင် "
အပေါ်ထပ်ကနေ ရေကြီးသုတ်ပျာနဲ့ ပြေးဆင်းလာပြီးပြောလိုက်တဲ့ အန်တီ့ စကားသံကြောင့် အေးမြနွယ်ရဲ့ လက်ထဲက ထုတ်လက်စ ငါးပိရည်ကျိုထုတ်လေးမှာ ဘုတ်ခနဲ လွတ်ကျသွားတော့တယ်။
===================
အပိုင်း ( ၇) ဆက်ရန် .....
ဧကြည်ဖြူ
(
ယောက္ခမကြီးရဲ့ စကားကြောင့် အေးမြ နွယ် ထိတ်လန့် အံ့သြသွားမိပြီး အန်တီကိုအလန့်တကြားနဲ့ မော့ကြည်လိုက်မိတယ်။ဒီစကားက အေးမြနွယ်တို့ သားအမိတွေနေစရာသွားစရာမရှိမှန်း သိသိနဲ့ ပြောတဲ့စကားမဟုတ်ပါလား။
ညီမလေးကိုချော့နေတဲ့ နေမခမှာ အဘိုးရဲ့ စကားကြောင့် အံ့ဩသွားမိပြီး အဘိုးကို ကြောင်ငေးကြည့်နေမိတယ်။
" အစ်ကိုက ဘယ်လို စကားပြောလိုက်တာလဲ ...ကလေးတွေက ညီမအိမ်မှာမနေလို့ ဘယ်မှာ သွားနေရမှာလဲ ...သူတို့ဘာသာ လင်မယားကွဲတာလေ ...ညီမ မြေးတွေကို ညီမအိမ်မှာ ခေါ်ထားတာ ဘာဆိုင်လိုလဲ ... တစ်ခါတည်း ညီမပြောလိုက်မယ် ...ညီမမြေးတွေကို ဘယ်ကိုမှမလွတ်နိုင်ဘူး ...အေးမြနွယ်ကိုလဲ အန်တီ တစ်ခါတည်း ပြောထားမယ် သမီးဘာသာ အောင်သီဟကို ပေါင်းချင်ပေါင်း မပေါင်းချင်နေ ...ကလေးတွေကို ခေါ်ပြီးထွက်သွားဖို့ မစဉ်းစားနဲ့... အန်တီ့မြေးလေးတွေကို ဒုက္ခအရောက်မခံနိုင်ဘူး .."
အားလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာ အန်တီက ထပြောလိုက်တာမို့ အေးမြနွယ် အံ့သြဝမ်းသာသွားရတယ်။
"ဟဲ့ အေးမြနွယ် အောက်တန်းစားမရဲ့...မပေါင်းချင်ဘူးဆိုရင်လဲ ရှင်းရှင်းပြတ်ပြတ်နေလေ ... ငါ့ယောင်းမအိမ်မှာ နင်က ကပ်နေနေ တော့ ငါ့သားက ဘယ်လို အိမ်ထောင်ပြုမလဲ ... နင် ထွက်သွား ...ငါ့သားကိုမပေါင်းနိုင်ရင် ဝေးဝေးကိုထွက်သွား ...မသွားနိုင်ရင် ပြန်ပေါင်းလေ ..."
ယောင်းမဖြစ်သူရဲ့ စကားအဆုံးမှာ တစ်ချိန်လုံး ဘာမှ ၀င်မပြောဘဲ နေနေတဲ့ ဒေါ်ခင်လှက ထပြီးသောင်းကြမ်းလိုက်တယ်။
ယောက္ခမကြီးရဲ့ အပြုအမူကြောင့် အေးမြနွယ်စိတ်တွေ လွတ်ထွက်သွားမီတယ်။
"သမီးက ဘာအောက်တန်းကျလို့လဲ အမေ ... သမီးနေရာမှာ အမေ့သမီးဆိုရင်ရော အမေဒီလိုပဲ ဆုံးဖြတ်မှာလား ...အမေ့သားက သမီးတို့ကို နှိပ်စက်နေတာကို အမေသိသိနဲ့ သားသမီးချင်းမစာမနာ အမေမို့ပြောထွက်တယ်....သွားမှာပါ ..အမေ မောင်းထုတ်စရာမလိုပါဘူး ....အန်တီက သမီးတို့သားအမိတွေကို သူ့အိမ်မှာမနေနဲ့တော့လို့ ပြောလိုက်တာနဲ့ ချက်ချင်းထွက်သွားမှာပါ ...အမေ့အိမ်မှာ နေတာ မဟုတ်လို့ အမေ နှင်ချစရာ မလိုပါဘူး "
"ဟဲ့ အေးမြနွယ် .. နင် ငါ့အမေကို ဘယ်လို ပြန်ပြောနေတာလဲ ...ကဲဟာ "
"ခွပ်.... ခွပ် "
" အား "
အေးမြနွယ်ရဲ့စိတ်တွေ လွတ်ထွက်သွားပြီး တစ်သက်လုံး ရှိသေကြောက်ရွံ့လာခဲ့တဲ့ ယောက္ခမကြီးကို ဒေါသနဲ့ ခပ်စွာစွာပြန်ပြောပစ်လိုက်မိတယ် ။
ဒီအခါ အောင်သီဟက အေးမြနွယ် ရှေ့ကိုဝုန်းခနဲ ရောက်လာပြီး အေးမြနွယ်ရဲ့ မျက်နှာကို နှစ်ချက်ဆင့် ထိုးလိုက်တာမို့ အေးမြနွယ် သမံတလင်းပေါ်ကို လဲကျသွားခဲ့တယ်။
နေမခမှာ အမေလက်သီးနဲ့ အထိုးခံလိုက်ရတာကို မြင်လိုက်ရတာမို့ ဒေါသတွေ မထိန်းချုပ်နိုင်တော့ဘဲ ဖင်ထိုင်ခုံကို ဆွဲယူပြီး ဘေးနားကမှန်ဗီရိုကို အားကုန်ရိုက်ခွဲပစ်လိုက်တယ်။နေမခရဲ့မျက်လုံးထဲမှာ ကြမ်းပြင်ပေါ်လဲကျနေတဲ့အမေ့ကလွဲရင် ဘာကိုမှ ဘယ့််သူ့ကိုမှ မမြင်တော့ပါ။
"ဝုန်း "
" ခွမ်း "
"ကျွန်တော့် အမေကို မထိနဲ့နော် ... ရှေ့တိုးမလာနဲ့ အားလုံးကို ရိုက်ခွဲပစ်မှာ "
"သား နေမခ ...အဲ့လိုမလုပ်ရဘူးနော် ..အမေပြောတာကို နားထောင်နော် "
အေးမြနွယ် သားကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ အော်လိုက်မိတယ်။
" မြေး ... မြေးလေး မလုပ်ရဘူးနော် ...လက်ထဲက ခုံကိုချလိုက်... အဘွားပြောတာကို နားထောင်ပါနော် "
အန်တီမှာလဲ သူ့မြေးကို ကြည့်ပြီး အလန့်တကြားနဲ့ တားမြစ်လိုက်တယ်။
" အောင်မာ ...မင်းကများ ... ငါမွေးလို့ လူဖြစ်လာတဲ့ကောင်က ငါ့ကို ပြန်ရိုက်မယ်ပေါ့လေ ဟုတ်လား ... လာစမ်းပါ လာရိုက်စမ်းပါ ...မင်းက များ ငါ့ကို စမ်းတာပေါ့လေ "
အောင်သီဟက ပြောပြောပြောဆိုဆိုနဲ့ သားဖြစ်သူ နေမခရှေ့ကိုတိုးလာပြီး လက်သီးနဲ့ထိုးဖို့ရွယ်လိုက်တယ်။
"ကိုကြီး ...သားကိုရိုက်စရာမလိုဘူးနော်....သားကို မထိနဲ့ "
သားကိုရိုက်ဖို့ လက်ရွယ်နေတဲ့ ယောကျာ်းကို မြင်တော့ အေးမြနွယ် လဲကျနေရာကနေ ကုန်းရုန်းထလိုက်ပြီး သားရှေ့မှာ ၀င်ရပ်လိုက်တယ်။
"အောင်သိဟ မင်း တော်တော့နော် ...ကလေးကို မထိနဲ့ "
အန်တီကလဲ တူဖြစ်သူကို လှမ်းတားလိုက်တယ်။
"ဒုန်း "
"ဝုန်း "
"သား ...သား တော်တော့ ...အမေပြောနေတာကြားလား "
အေးမြနွယ်နဲ့ အန်တီတို့ အော်နေတုန်းမှာပဲ နေမခက ဒေါသတကြီးနဲ့. လက်ထဲက ခုံကျိုးနဲ့ အနီးအနားက ပစ္စည်းတွေကို ရိုက်ခွဲပစ်လိုက်တာမို့ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသလို အေးမြနွယ်မှာ သားကို အတင်းပင် ဖက်ထားလိုက်ရတယ်။
"ဟဲ့ ...တော်ကြစမ်း အရိုင်းအစိုင်းတွေ ...ငါ့အိမ်ထဲလာပြီး ဖျက်ဆီးနေကြတယ် ...သွားကြ ...ခုချက်ချင်း ထွက်သွားကြ ...အောင်သီဟ နင်လဲ နင့်မယား မပြတ်နိုင်ရင်လိုက်သွား ...ဒီလောက်ရိုင်းစိုင်းတဲ့ဟာတွေကို နင်က မပြတ်နိုင်ဘူးလားဟဲ့ ငနွားရဲ့ "
သူတို့သားကပဲ နစ်နာသလိုလို တဖက်သက်ချည်းပြောနေတဲ့ ယောက္ခမကြီးကို ကြည့်ပြီး အေးမြနွယ် အံကိုတင်းတင်းကြိတ်ထားမိတယ်။သားရဲ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ထားတဲ့ ဖင်ထိုင်ခုံကို အေးမြနွယ် မနည်းပဲ ဖြေယူနေရတယ်။
"အေးမြနွယ် .. အန်တီတို့ပြန်ရအောင် ...လာ..လာ မြေးလေးကို ခေါ်ခဲ့ ... မြေးလေး သဲသဲ
ဘွားဘွားတို့ပြန်ရအောင်လေ ...လာ ...အဘွားဆီ လာနော် "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၆)
******
" ဖေဖေ "
သမီးလေးက ဝမ်းသာအားရနဲ့အော်ခေါ်ပြီး တိုက်ထဲကို ပြေးဝင်သွားခဲ့တယ်။
အန်တီက အေးမြ နွယ်ကို ဖျတ်ခနဲ လှည့်ကြည့်တယ်။ အေးမြနွယ်ရဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားရပြီး နောက်ကို ချာခနဲ လှည့်ထွက်လိုက်ချင်ပေမဲ့ လူကြီးတွေ ရှေ့မှာ ရိုင်းရာကျမှာစိုး၍ ဟန်မပျက် တိုက်ခန်းထဲကို ဝင်ခဲ့လိုက်ရတယ်။
"လာကြ ...ထိုင်ကြအုံး ..အားလုံး အေးအေးဆေးဆေးစကားပြောကြ ...အောင်သီဟ မင်းလဲ ဖြစ်ချင်တာကို အေးအေးဆေးဆေး ပြောပြ "
အောင်သီဟရဲ့ ဖခင်ဦးလွင်ဦးက ပြောလိုက်တယ်။ဒေါ်ခင်လှကတော့ ဘာမှ မပြောဘဲ ထိုင်နေတယ်။
အေးမြနွယ်လဲ ယောက္ခမကြီး စကားအတိုင်း အန်တီ့ဘေးနားမှာဝင်ထိုင်လိုက်တယ်။သမီးလေးကတော့ သူ့အဖေရဲ့ ပေါင်ပေါ်မှာ သွားထိုင်နေတယ်။
~~~~~~
နေမခ လူကြီးတွေနားမှာ မထိုင်ဘဲ တီဗီရှေ့မှာဝင်ထိုင်လိုက်ပြီး လူကြီးတွေ ပြောနေတာတွေကိုနားစွင့်နေမိတယ်။ဘာရယ်ကြောင့်မှန်းမသိ နေမခရင်ထဲမှာ လေးနေမိတာက အမှန်ပင်။ မျက်လုံးကသာ ရှေ့က တီဗီကို ကြည့်နေရပေမဲ့ စိတ်က တစ်မျိုးဖြစ်နေတာမို့ အမေ့ကိုပဲ နေမခ မကြာခဏလှည့်ကြည့်နေမိတော့တယ်။
"သူကတော့ ငါ့သမီးကို မပြတ်နိုင်ဘူးတဲ့ .. သမီးဘက်ကရော "
ဦးလွင်ဦးက အေးမြနွယ်ကို မေးလိုက်တယ်။
အေးမြနွယ်က တီဗီရှေ့မှာထိုင်နေတဲ့သားကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ပြီးတော့ သမီးကို ကြည့်မိပြန်တယ်။ သမီးက ဘာကိုမှ ရေရေရာရာ နားလည်နိုင်သေးတဲ့ အရွယ်မဟုတ်တော့ သူ့အဖေကို မြင်တာနဲ့ ပျော်နေရှာတယ်။သမီးလေးကိုကြည့်ပြီး အေးမြနွယ်စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပင်။ဒါပေမဲ့လဲ အချစ်က နှစ်သလို ဖြစ်မှာကိုတော့ အေးမြနွယ် မလိုလားပါ။
" မဖြစ်နိုင်တော့ပါဘူး အဖေ ... သမီးတို့ သားအမိတွေရဲ့ဘ၀တွေလဲ တည်ငြိမ်နေပါပြီ ..ကလေးတွေကိုလဲ စိတ်ဒုက္ခမပေးချင်တော့ဘူး ... သမီးလဲ အိမ်ထောင်ရေးကို စိတ်မပါတော့တာမို့ လက်မခံနိုင်တော့ပါဘူး ..ကိုကြီးနဲ့ ကွာရှင်းချင်ပါတယ် "
အေးမြနွယ်က တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်တယ်။
"ဘာ ....နင်ကွာချင်ပေမဲ့ ...ငါက ကွာမပေးနိုင်ဘူး ...ဘာလဲ နင်ကအသစ်တွေ့နေလို့လား အေးမြနွယ် "
အောင်သီဟက ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
"မဟုတ်တာတွေ မပြောပါနဲ့ ကိုကြီး ....နွယ်လေးက အန်တီ့မျက်စိရှေ့မှာပဲ ရှာဖွေစားသောက်နေတာပါ ... ဘယ်သူနဲ့မှလဲမရှုပ်ဘူး ...ပြီးတော့ ကိုကြီးက သမီးလေးကိုလဲ ဒုက္ခပေးတာ အရမ်းများနေပြီ ... ကလေးက သူ့ဘာသာမေ့မေ့ပျောက်ပျောက်ဖြစ်နေပြီဆိုရင် ကိုကြီးပြန်ရောက်လာပြီ ...ပြီးရင် ကလေးကို စိတ်ဒုက္ခပေးပြီး ပြန်ထွက်သွားတာ ...သမီးလေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါ ဖြစ်ချင်နေပြီဆိုတာ ကိုကြီးသိရဲ့လား ...တော်ပါတော့ ကိုကြီးရယ် နွယ်လေးတို့သားအမိတွေကို ဒုက္ခမပေးပါနဲ့တော့ ...ကိုကြီးဘာသာ နောက်မိန်းမဘယ်နှစ်ယောက်ပဲယူယူ ကိုကြီး သဘောပါ ..ပြန်ပေါင်းဖို့တော့ မဖြစ်နိုင်တော့ပါဘူး "
" ဘာ ...အေမြနွယ် နင်ကများ ငါ့ကို မပေါင်းနိုင်တော့ဘူးဟုတ်လား ... မိမရှိဖမရှိနင့်ကို ငါ့ပဲ တစ်သက်လုံး ရှာကျွေးလာတာကို ကျေးဇူးကန်းတာလား ... ငါလုပ်ရင် နင်သေတော့မယ် "
"ဖေဖေ ...အီး ...ဟီး ..ဟီး ... မေမေ `
အောင်သီဟက ဒေါသတကြီးနဲ့ ကြိမ်းမောင်း ပြောဆိုလိုက်တော့ ဖအေနားကပ်နေတဲ့ သမီးလေးက လန့်ပြီး ထငိုတယ်။
"အောင်သီဟ မင်းဘယ်လို စကားပြောတာလဲ ... ဟိုမှာ ကလေးလန့်နေပြီ ... မြေလေး နေမခ ညီမလေးကို လာခေါ် "
အန်တီက တူဖြစ်သူ အောင်သီဟကို ဟန့်လိုက်ပြီး မြေးမလေးကို လှမ်းဆွဲလိုက်ပြီး မြေကြီးနေမခရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။
"ဟေ့ကောင် အောင်သီဟ မင်းငြိမ်ငြိမ်ထိုင်နေစမ်း ...လူကြီးတွေ ရှင်းပေးနေတယ်မဟုတ်လား ... မင်းလဲ အသက်ကလေးဆယ်ပြည့်တော့ မယ် အသိစိတ်လေးဘာလေး ရှိအုံး "
ဦးလွင်ဦးက အောင်သီဟကို မာန်မဲလိုက်တယ်။ဒေါ်ခင်လှကတော့ ဒီအချိန်ထိ ဘာမှဝင်မပြောဘဲ အေးမြနွယ်ကိုသာ စိမ်းစိမ်းချည်းကြည့်နေတယ်။
"ကဲ ဟုတ်ပြီး ...အဲ့ဒီတော့ ညည်းကသူ့ကို မပေါင်းနိုင်တော့ဘူးပေါ့ ဟုတ်လား "
ဦးလွင်ဦးက လေသံမာမာထပ်မေးတယ်။
"ဟုတ်ကဲ့ မပေါင်းနိုင်တော့ပါဘူးအဖေ"
အေးမြနွယ်က ယောက္ခမဖြစ်သူကို ခေါင်းငြိမ့်ပြီး အဖြေပြန်ပေးလိုက်တယ်။
"ကဲ သေချာအောင် ထပ်မေးမယ် ...တကယ် မပေါင်းချင်တော့ဘူးလား "
ဦးလွင်ဦးက အေးမြနွယ်ကို ထပ်ပြီးမေးလိုက်တယ်။
"ဟုတ်ကဲ့ သေချာပါတယ် အဖေ "
အေးမြနွယ်ကလဲ ဒီစကားကိုပဲ ပြန်ဖြေလိုက်တယ်။ကျန်တဲ့သူတွေက ဘာမှဝင်မပြောကြဘဲ ဦးလွင်ဦးနဲ့ အေးမြ နွယ်ကို ကြည့်နေကြတယ်။
"ကဲ ဟုတ်ပြီ...မပေါင်းချင်တာ သေချာပြီဆိုရင် ....ညည်းမှာ ရွေးစရာ နှစ်လမ်းရှိတယ် ..တစ်ချက်က ...ကလေးနှစ်ယောက်ကို ညည်းတာဝန်မယူနိုင်ရင် ငါတို့ကို ပေးခဲ့ ...တကယ်လို့မှ တာဝန်ယူနိုင်တယ်ဆိုလဲ ခေါ်သွား..ညည်းကို ငါတို့လိုက်ပြန်အပ်ပေးမယ် ..ညည်း ငါတို့ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ မနေနဲ့တော့...ရှင်းရှပြောရရင် ငါ့ညီမ အိမ်မှာလဲ နေစရာမလိုတော့ဘူး ... "
"ရှင် "
စိတ်ကုန်နေခဲ့ပါပြီလေ။
~~--~~~
" အစ်ကိုလေးက ဖုန်းဆက်တယ် ...အန်တီတို့အားလုံးကို ခဏလာခဲ့ကြအုံးတဲ့ ...ဘာဖြစ်လို့လဲ မသိဘူး "
အန်တီစကားကြောင့် အေးမြနွယ်လဲ အံ့ဩသွားမိတယ်။ ကိုကြီး ပစ်ထားခဲ့တဲ့ တောက်လျှောက်မှာ အေးမြနွယ်တို့ သားအမိတွေကို ဂရုတောင် မစိုက်ခဲ့တဲ့ ယောက္ခမတွေက ခုလို တကူးတက ခေါ်တယ်ဆိုတော့ ထူးဆန်း နေတာအမှန်ပါပင်။သူတို့ ရှိတုန်းကတော့ ခိုင်းစရာရှိရင် အေးမြနွယ်ကို ခေါ်ခိုင်းတတ်မြဲ။ သူတို့လင်မယား ခရီးထွက်ရင်လဲ အငယ်မတို့လင်မယားကို မယုံကြည်၍ အေးမြနွယ်တို့ မိသားစုကို အိမ်စောင့်ခိုင်းတတ်တာလေ။ ဒါပေမဲ့ ဒီတစ်ခေါက်ကိုကြီး နောက်မိန်းမနဲ့ ပါသွားပြီးကတည်းက အေးမြနွယ်တိုကို ရှိတယ်ပင် ထင်ခဲ့တာမဟုတ်ဘူးလေ။ ခုမှခေါ်တယ်ဆိုတော့ ထူးဆန်းနေတာကအမှန်ပင်။သို့ပေမဲ့ သူတို့က မိဘတွေမို့ အေးမြနွယ်က မရိုင်းချင် ။ မရိုင်းတတ်ပါ။မိဘက ခေါ်ရင် သားသမီးကသွားရမှာပဲ မဟုတ်ပါလား။
" အန်တီ့မြေး ကျူရှင်ကပြန်လာရင်... ဆိုင်ပိတ်ပြီး သွားကြမယ်လေ အန်တီ "
ဆယ်တန်းအတွက် ကျူရှင် ကြိုတက်နေတဲ့ သားပြန်လာမှ သွားကြဖို့ အေးမြနွယ်ပြောလိုက်တယ်။
~~~~~~~
အေးမြနွယ်တို့တွေ ယောက္ခမကြီးတွေရဲ့ တိုက်ခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာပဲ ဧည့်ခန်းထဲက မြင်ကွင်းကိုကြည့်ပြီး အေးမြနွယ်ရဲ့ ခြေလှမ်းတွေ တွန့်ဆုတ်သွားမိသလို သားလေးနေမခက အေးမြနွယ်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တာကို သိလိုက်တယ်။သမီးလေးကတော့ အေးမြနွယ် လက်ထဲကနေ ဆတ်ခနဲ ရုန်းထွက်ပြီး အပြေးထွက်သွားတော့တယ်။
======================
အပိုင်း ( ၆ ) ဆက်ရန်
ဧကြည်ဖြူ
"ဟုတ်လား ...မီးမီးလဲ စားမယ် ...မီးမီးကိုလဲကျွေးအုံး "
နေမခပြောလိုက်မှ ညီမလေးဆီက အသံစာစာလေးထွက်လာပြီး နေမခလက်ထဲက ကြက်ဥကြော်ကိုလိုက်လုတာမို့ နေမခ သက်ပြင်းကိုချလိုက်မိတယ်။အခုတလောမှာ အဖေပြန်မလာလို့ အမေစိတ်ညစ်နေတာကို နေမခ သိနေတယ် ။ပြီးတော့ အဖေ ဘယ်ကိုသွားနေတယ်ဆိုတာလဲ နေမခ သိနေတယ်လေ။ဒါကြောင့်လဲ နေမခကျောင်းမသွားခင်နဲ့ ကျောင်းကပြန်လာရင် အိမ်ရှေ့ ဈေးဆိုင်လေးမှာ ဈေးရောင်းနေတဲ့ အမေ့ကို တတ်နိုင်သလောက် ဝိုင်းကူတာပေါ့။အမေကတော့ ကိုးတန်းကျောင်းသား ဖြစ်နေပြီဖြစ်တဲ့ နေမခကို ကျောင်းစာကို ထိခိုက်မှာ သိပ်ကို စိုးရိမ်နေခဲ့တာလေ။
~~~~~~
"သမီးလေးရေ ဖေဖေပြန်လာပြီ "
ဘယ်နှစ်ကြိမ်မြောက် ထွက်သွားခဲ့ပြီး ဘယ်နှစ်ကြိမ်မြောက်ပြန်လာခဲ့မှန်း မသိတဲ့ အောင်သီဟ ။
နေမခက အမေ့ကို ရေခဲထုတ်တွေဝိုင်းကူထုတ်နေရင်းကနေ အဖေ့ကို တစ်ချက်မော့ကြည့်မိတယ်။ အဖေက နေမခကို တစ်ချက်လှမ်းကြည့်ပြီး အိမ်ထဲကို တန်းပြီး ဝင်သွားတယ်။မကြာခင်မှာပဲ အိမ်ထဲက ညီမလေးရဲ့ ပျော်ရွှင်မြူးတူးနေတဲ့ အသံစာစာလေးကို နေမခတို့သားအမိ ကြားလိုက်ကြရတယ်။ ညီမလေးက အဖေ့ကို ခင်တွယ်သူပီပီ နေမခနဲ့မတူဘဲ အဖေမရှိရင် အရွယ်နဲ့ မလိုက်အောင် တမှိုင်တတွေတွေနဲ့ရှိနေတတ်တာလေ။နေမခကတော့ ညီမလေးနဲ့မတူပါ။အမေရှိရင် ပြီးရော ။အဖေရှိတာ မရှိတာက နေမခအတွက် အရေးမကြီးပါ။ အဖေအိမ်ကနေ ထွက်သွားတဲ့ သုံးလအတွင်းမှာ အဘိုးနဲ့ အဘွားကနေမခနဲ့ ညီမလေးကို သူတို့အိမ်မှာ ခေါ်ထားတာ၊သူတို့ ခရီးထွက်ရင် ခေါ်သွားတာမျိုးလုပ်ခဲ့ပေမဲ့ နေမခ မသွားခဲ့ပါ။ညီမလေးကိုပဲ စိတ်ပြေလက်ပျောက်ဖြစ်အောင် လွှတ်လိုက်ပေမဲ့ နေမခကတော့ အမေမရှိတဲ့နေရာ၊ အမေမပါတဲ့ခရီးဆိုရင် ချောင်းသာလို အပျော်ခရီးဆိုရင်တောင် မလိုက်ပါ။ကိုးတန်းကျောင်းသား ဖြစ်လာပြီဖြစ်တဲ့ နေမခက ကျောင်းကို အမေနဲ့ အဘွားတို့လိုက်ပို့ လိုက်ကြိုတာကို သဘောမကျပေမဲ့ ကျောင်းလွှတ်တာနဲ့ အိမ်ကို တန်းပြီး ပြန်တတ်တဲ့သူပါ။ဒီနေ့အချိန်ထိ အပေါင်းအသင်းတွေနဲ့ လျှောက်လည်တာမျိုးကိုပင် နေမခ မလုပ်ခဲ့။နေမခရဲ့ မသိစိတ်ထဲမှာ အမေလဲ အဖေ့လို ထွက်သွားမှာကို စိုးရိမ်နေခဲ့မိတယ်။
~~~~~~
"သမီးရေ ...သူတို့ လှိုင်သာယာဘက်မှာ အိမ်ငှားနေကြတယ်တဲ့ ...သူ့သူငယ်ချင်းဆီက သတင်းကြားခဲ့တယ် "
အန်တီက ပြောရင်းအေးမြနွယ်ရဲ့ဘေးမှာ ဝင်ထိုင်တယ် ။အေးမြနွယ် လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး အန်တီနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။
" ဟင့်အင်း အန်တီ ...ကိုကြီးအကြောင်းကို သမီး မသိချင်တော့ဘူး ...သူ ဒီတစ်ခါ ပြန်လာရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းတော့မယ် ... အဲ့ဒီအတွက် သမီးတို့ သားအမိသုံးယောက်ကို အန်တီဆီမှာ နေခွင့်မပြုတော့ရင်လဲ ရပါတယ် "
"ဟယ် မဟုတ်တာအေ ... သမီးကွာ ရှင်းချင်လဲ ကွာရှင်းပါ ....ဒါပေမဲ့ သမီးတို့သားအမိတွေ ထွက်သွားစရာ မလိုပါဘူး ...အန်တီအိမ်က အန်တီ့မြေးတွေရဲ့ အိမ်ပဲ "
~~~~~~
"ကလေးက ကျောင်း ရောက်ရင် အဲ့လိုပဲနေနေတာ ..စာလဲမေးလို့မရဘူး ...ဘယ်သူနဲ့မှလဲ စကားမပြောဘူး ...အဲ့ခါ ကလေးကို အိမ်မှာ ခဏလောက်အနားယူခိုင်းလိုက်ပါရှင် "
ဆရာမရဲ့ စကားသံတွေက အေးမြနွယ်ရဲ့ နားထဲကို သံရည်ပူတွေ စီးဝင်လာခဲ့သလို ပါပင်။ ပြီးတော့ ပြတင်းပေါက်ကို ငေးကြည့်ပြီး ငူငူ ချည်း ထိုင်နေတဲ့ သမီးလေးကို ကြည့်ပြီး အေးမြနွယ်ရင်တွေ ကွဲထွက်မတတ်ပင် နာကျင်ခံစားလိုက်ရတယ်။အသက်ခြောက်နှစ်ကျော်ပဲရှိသေးတဲ့ ကလေးလေးက ဖအေကို လွမ်းစိတ်ကြောင့် ဘယ်လောက်များစားနေရရှာလဲ မခန့်မှန်းနိုင်တော့ပါ။
~~~~
"မေမေ ဖေဖေ ပြန်လာပြီလားဟင် "
" အင်း ပြန်လာတော့မှာတဲ့ သမီးရဲ့ "
ကျောင်းမှ အပြန်လမ်းတစ်လျှောက်မှာ အေးမြနွယ် သမီးလေးရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ပါးပြင်ပေါ်ကို တလိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်တွေကို သမီးလေးမမြင်အောင် လက်တစ်ဖက်နဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ် ပစ်လိုက်တယ်။
~~~~~~
"အမေတို့ ညီမလေးကို ဒီထက်ပိုပြီး ဂရုစိုက်ရမယ်သား...အမေက သားတို့အတွက် စီးပွားရှာနေတာမို့ သားက စာကိုလဲ ကြိုးစားရင်း ညီမလေးကို ဂရုစိုက်ပေးနိုင်မလားဟင် "
" ဟုတ်ကဲ့ အမေ ...ညီမလေးကို သားဂရုစိုက်ပါ့မယ် စိတ်ချပါ အမေ "
" သားတို့ ဘွားလေးကလဲ ဂရုစိုက်ပေးနေတော့ အဆင်ပြေသွားမယ်လို့တော့ အမထင်ပါတယ် ... သားလဲ စာမေးပွဲဖြေဖို့ မလိုတော့ဘူးနော် ကြိုးစားနော် သားလေး ... နောက်နှစ်သားဆယ်တန်း အောင်ပြီရင် အမေတစ်ဝက် စိတ်အေး ပါပြီ "
~~~~
ကလေးတွေလည်း အတန်းတင်စာမေးပွဲတွေ ပြီးသွားချိန်။သမီးလေးရဲ့ အခြေအနေလဲ အတော်လေးပြန်ကောင်းလာခဲ့ပြီမို့ အေးမြနွယ်တို့တွေ စိတ်အနည်းငယ် အေးခဲ့ရတယ်။ယောကျာ်းရဲ့ အကူအညီမပါ။ ယောက္ခမတွေရဲ့ အကူအညီမပါဘဲ အန်တီရဲ့ အကူအညီတွေနဲ့ အေးမြနွယ်တို့ သားအမိတွေ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တယ်လေ။ဒီကြားထဲမှာ ကိုကြီးဆီက ဖုန်းနဲ့တစ်မျိုးလူကြုံနဲ့ တစ်မျိုး ဆက်သွယ်လာခဲ့ပေမဲ့ အေးမြနွယ် ဘာအဆက်အသွယ်မှ ပြန်မလုပ်ခဲ့ပါ။သမီးလေး မသိအောင် သိုသိုသိပ်သိပ်နဲ့ ဖြေရှင်းပစ်ခဲ့လိုက်တယ်။ အေးမြနွယ် ကိုကြီးကို ရွံကြောက်ကြီးဖြစ်နေခဲ့သလို အိမ်ထောင်ရေးကိုလဲ
သူပဲပြန်ဖြုန်းနေတာမျိုးပေါ့။အန်တီ့အိမ်ကို ပြောင်းလာခဲ့တာ သုံးလပြည့်တော့မယ် တစ်ခါမှ အိမ်လခ နှစ်သောင်းပြည်အောင်ကို မပေးဖူးသေးဘူး။ တစ်လတစ်လ အိမ်လခသာ နစ်သောင်းပြည့်အောင် မမေးဖူးတာ အန်တီ့ဆီကပြန်ချေးရတာနဲ့ သားလေးအတွက် အန်တီပေးတဲ့ မုန့်ဖို့က နှစ်သောင်းမကချင်ဘူး။ ဒါတောင် အန်တီက သူဘာစားစား အေးမြနွယ်တို့ မိသားစုကိုပါ ပေးသေး ကျွေးသေးတာလေ။ ဒါကိုတောင် စုမိဆောင်းမိ မရှိတာကလဲ ကိုးကြီးက အလုပ်ကို မှန်မှန် မလုပ်တာနဲ့ ကောင်မလေးတွေနဲ့ ရှုပ်တတ်တာတွေကြောင့်ပင်။ အေးမြနွယ်မှာ ကိုကြီးကြောင့် စိတ်ဆင်းရဲသောကဖြစ်ရပေမဲ့ အသက်ဆယ့် ငါးနှစ်အရွယ်ကတည်းက အတူတူ နေခဲ့ရသူမို့ ကိုကြီးကို လင်ယောကျာ်းတစ်ယောက်အပေါ်ထားတဲ့ သံယောဇဉ်ထက်ပိုပြီး အစ်ကိုတစ်ယောက်လို ၊မိသားစုတစ်ယောက်လို သံယောဇဉ် ဖြစ်နေခဲ့မိတာလေ။
~~~~~~
"ဒုက္ခပါပဲ ကိုကြီးရယ် ...ဆေးမှန်မှန်သော က်ရဲ့နဲ့ ဘယ်လိုများဖြစ်ရတာလဲ မသိဘူး..."
အေးမြနွယ် ဗိုက်လေးပေါ်လက်ဖဝါးတစ်ဖက် တင်ရင်း ယောကျာ်းကိုပြောလိုက်တယ်။
"ဘာတတ်နိုင်မှာလဲကွာ ....ကံတရားပေါ့ ... ဖြစ်လာမှတော့ မွေးရမှာပေါ့ "
ထုံးစံအတိုင်း အောင်သီဟက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။
ဆေးသောက်နေတဲ့ကြားက ကိုယ်ဝန်ရှိလာတာမို့ အေးမြနွယ်စိတ်ညစ်စိတ်ရှုပ်မိတာတော့ အမှန်ပင်။ အေးမြ နွယ် ကလေးချစ်တတ်ပေမဲ့ ကိုယ့်ယောကျာ်းအကြောင်း ကိုယ်သာ အသိဆုံးပို့ သားလေးတစ်ယောက်ကိုပဲ ပြည့် ပြည့်စုံစုံဖူဖူလုံလုံနဲ့ ထားချင်မိတယ်။ကလေးနောက်တစ်ယောက်ဆိုတာ အပြောလွယ်ပေမဲ့ ရှေရှည်မှာတော့ မလွယ်ဘူး မဟုတ်လား။
~~~~~~
"ကိုယ်နဲ့ ရေစက်ပါလို့ ရောက်လာပါပြီပဲ သမီးရယ် ... ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လက်ခံလိုက်တော့ ... ဒီကလေးက မိန်းခလေး ဖြစ်နေရင် သမီးယောကျာ်းလဲ ခြေငြိမ်သွားလောက်တယ် ... ကျန်တာ ဘာမှ တွေးပူမနေနဲ့ အန်တီလဲရှိတာပဲ "
အန်တီရဲ့ အားပေးစကားက အေးမြနွယ်ကို အားတက်စေခဲ့ပါတယ်။
~~~~~~
" သမီးလေးပါ "
သမီးလေးဆိုတဲ့ စကားသံက အေးမြနွယ်ရဲ့နားထဲကို ချိုမြသာယာစွာ စီးဆင်းလာခဲ့ပါတယ်။သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ဆိုတော့ အေးမြနွယ်အတွက် ပြည့်စုံခဲ့ပြီလေ။
~~~~~
"အောင်သီဟ ပြန်မလာ ပြန်ဘူးပေါ့ ဟုတ်လား "
အန်တီ့အမေးကို အေးမြနွယ် ခေါင်းကို ငြိမ့်ပြပြီး ပြန်ဖြေလိုက်တယ်။ သမီးလေးမွေးပြီးချိန်ကနေ အခုသမီးလေးအသက်ခြောက်နှစ်အထိ ခြေငြိမ်နေခဲ့တဲ့ကိုကြီး။ မိန်းမကိစ္စတွေ ကင်းရှင်းသွားခဲ့တာမဟုတ်ပေမဲ အရင်တုန်းကလို ညအိပ်ညနေပျောက်သွားတာမျိုး မရှိတော့တာကြာပြီလေ ။ ခုနှစ်ပိုင်းထဲမှ အထည်ချုပ်စက်ရုံက ကောင်မလေးတစ်ယောက်နဲ့ ရှုပ်နေတာကို သိလို့ အေးမြနွယ် သတိပေးခဲ့ပြီးပြီ။ ဒါလဲပဲ အေးမြနွယ်ပြောတုန်းခဏသာ။အေးမြနွယ်အကျင့်ကလဲ ကိုကြီး ဘယ်လောက် ရှုပ်ပွေပွေ တစ်ဖက်က မိန်းခလေးကို ရန်သွားလုပ်တာမျိုး မလုပ်ခဲ့ဖူးဘူး။ ရန်သွားလုပ်တော့လဲ အေးမြနွယ် အရှက်ကွဲရုံပဲ ဘာအကျိုးမှမရှိဘူးဆိုတာသိပြီးသားလေ ။ ဘာလို့လဲဆိုတော့ ကိုကြီးနဲ့ ရှုပ်ပွေတဲ့ မိန်းခလေး အများစုက ကိုးကြီးကို အိမ်ထောင်သည်မှန်းသိသိနဲ့ ရှုပ်ကြတာလေ။အသားလေးက ဖြူဖြူ ။ရုပ်ရည်လေး သနားကမားက အေးမြနွယ်ဆင်ပေးထားတဲ့ မီးပူ ကော့နေတဲ့အဝတ်အစားတွေနဲ့ဆိုတော့ ရှိရင်စွဲအသက်ထက် နုပျိုနေသလိုလို။တောက်တောက် ပြောင်ပြောင် အဝတ်အစားတွေကြောင့် သူဋ္ဌေးသားလိုလို ဘာလိုလို ဆိုတော့ ကောင်မလေးတွေကလဲ မဆွတ်ခင်ကကို ညွှတ်ချင်နေကြတာလေ။ အေးမြနွယ်ကတော့ ကိုကြီး ဒီလိုလုပ်လေတိုင်း ရင်ထဲမှာနာကျင်ရပေမဲ့ သားနဲ့ သမီး လူတန်းစေ့နေနိုင်ရေးကသာ အဓိကမို့ အချိန်ပေးပြီး လွမ်းမနေနိုင်သလို လင်ပျောက်ရှာပုံတော်လဲ မဖွင့်နိုင်ပါ။သူပြန်လာရင်လဲ ပြန်လာပြီလို့ မှတ်။ ပြန်မလာရင်လဲ ပြန်မလာဘူးပဲမှတ်လိုက်တော့တယ်။
"ကိုကြီး ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ...သမီးကတော့ ကွာရှင်းလိုက်ချင်ပြီးအန်တီ ... သားကလဲ ကြီးလာပြီဆိုတော့ ရှက်တတ်နေပြီလေ ... သမီးကတော့ ကွဲပြီးရင် သမီးရပ်ကွက်မှာပဲ ပြန်ပြီးနေတော့မယ် ... ကလေးနှစ်ယောက်ကိုလဲ သမီးတာဝန်ယူနိုင်ပါတယ် "
" မဟုတ်တာ ...နေပါအုံးသမီးရယ် ... အန်တီ သူ့အဖေတွေကို ပြောပါအုံးမယ် ...တကယ်လိုကွဲကြတော့လဲ သမီးတို့က ဘာလို့ ပြောင်းရမှာလဲ သူ့ကို အလာမခံရုံပေါ့ "
~~~~~
"ဖေဖေ ပြန်မလာသေးဘူးလား မေမေ "
တမင်းစားနေရင်း ရုတ်တရက်ထမေးလိုက်တဲ့ သမီးလေးရဲ့အမေးကြောင့် အေးမြနွယ် ဘာပြန်ပြောရမှန်းမသိ။
"ဖေဖေက အဝေးကြီးမှာ အလုပ်သွားလုပ်နေတာ ညီမလေးရဲ့ ...ပိုက်ဆံတွေအများကြီးရမှာ ပြန်လာမှာ ... ပြီးတော့ညီမလေးက ကိုကို့လို ထမင်းတွေ အများကြီး စားတော့မှ ပြန်လာမှာတဲ့ "
နေမခက အမေအဖြေရခက်နေတာကို သိလိုက်တာမို့ အမေ့ကိုယ်စား ညီမလေးကို ဖြေလိုက်ပြီး ကြက်ဥကြော်နဲ့ ထမင်းကို အားပါးတရစားပြလိုက်တယ်။
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၅)
****
"နွယ်လေးမှာ စုထားတာတော့ ရှိပါတယ်...ဒါပေမဲ့ ရှိတဲ့ပိုက်ဆံက ဒီဘက်မှာ ငှားဖို့တော့ မဖြစ်နိုင်လောက်ဘူး ..မြို့သစ်ဘက်မှာ သွားငှါးနေကြမယ်လေ ကိုကြီး "
"ဟာကွာ ....မြို့သစ်ဘက်မှာတော့ မနေချင်ဘူး ...အလုပ်လာရတာလဲဝေးတယ် "
အောင်သီဟက တစ်သက်လုံး မြို့ထဲမှာပဲ နေလာသူပီပီ စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။
"ဒီဘက်မှာပဲ ငှါးနေမယ်ဆိုရင်တော့ စုထားတဲ့ငွေက သုံးလစာတောင် မရလောက်ဘူးထင်တယ် ..ပြောင်းဖို့ ရွေ့ဖို့စရိတ်ကလဲ ရှိသေးတယ်လေ "
အေးမြနွယ်က အကျိုးသင့်အကြောင်းသင့်ကို ပြောလိုက်တယ်။
" ဟာကွာ ...မသိတော့ဘူး.... စိတ်ညစ်လာပြီအိပ်တော့မယ် "
အောင်သီဟက ပြောပြောဆိုဆိုနဲ့ စောင်ကို ခေါင်းထိဆွဲယူခြုံပစ်လိုက်တယ်။
အေးမြနွယ်မှာတော့ မအိပ်နိုင်သေးဘဲ အခန်းကျဉ်းလေးထဲမှာ သေချာရှင်းလင်းသိမ်းဆည်းရင်း နောင်ရေးအတွက် တွေးနေမိတယ်။ အေးမြနွယ်ရဲ့ သဘောအရဆိုရင် ရှိတဲ့ငွေလေးနဲ့ မြို့သစ်ဘက်မှာငှါးနေပြီး ကွမ်းယာဆိုင်နဲ့ အတူ ဆိုင်လေး တစ်ဆိုင်ပါ တွဲဖွင့်ချင်တာ။ ဒါပေမဲ့လဲ လင်ယောကျာ်းရဲ့ စိတ်ဆန္ဒကသာ အဓိကမို့ အေးမြနွယ် တွေးရခက်လေပြီ။
~~~~~
"အစ်ကိုတို့ကလဲ စရိတ်ထုတ်မပေးဘူးဆို ...သမီးတို့ ဘယ်ကိုပြောင်းဖို့ စီစဉ်ထားလဲ "
ကိုကြီးရဲ့အဒေါ်ကမေးလာတော့ အေးမြ နွယ်မှာ ဘာဖြေရမှန်းမသိ။ အန်တီက သားလေးကိုမွေ့တုန်းကလဲ ကျေးဇူးရှိထားတဲ့သူ။ လွန်ခဲ့တဲ့နှစ်က အန်တီ့ ယောကျာ်းကလဲ အက်ဆီဒင့်တစ်ခုနဲ့ ဆုံးသွားခဲ့ပြီ။အန်တီဆီကို အေးမြနွယ်တို့ရဲ့ အခက်အခဲကို ပြောပြီး အကူအညီတောင်းရင် ရနိုင်ပေမဲ့ အေးမြနွယ်ပြောမထွက်ပါ။ အန်တီမှာ သူ့ယောကျားဆုံးသွားပြီးကတည်းက ရှိတဲ့ နှစ်ထပ်အိမ်လေးကို အောက်ထပ်တစ်ခြမ်းငှားစားပြီး နေနေတာလေ။အိုစာမင်းစာအတွက် ဘဏ်မှာ စုဆောင်းထားတဲ့ငွေကလွဲလို့ အန်တီမှာ ၀င်ငွေရှိတာမှ မဟုတ်တာ။
"သမီးကတော့ မြို့သစ်ဘက်မှာ သွားငှားနေဖို့ စီစဉ်ထားတယ် အန်တီ ..ကိုကြီးက မြို့သစ်ကို မလိုက်ချင်ဘူးတဲ့လေ "
အေးမြနွယ်က အန်တီ့ကို အမှန်တိုင်းပဲပြောလိုက်တယ်။
"အင်း မြို့သစ်ဘက်က လူလဲစုံတယ် ...ဝေးတာလဲဝေးတယ် "
အန်တီက အေးမြ နွယ်ကို ကြည့်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
"ဒီလိုဆိုလဲ မဖြစ်သေးဘူးထင်ပါတယ်ကွယ် ... မြေးလေးနဲ့ဝေးသွားမှာပေါ့ "
အန်တီ ဒီလိုပြောတော့လဲ အေးမြနွယ်စိတ်မကောင်းဖြစ်မိသွားတယ်။ ဟုတ်တော့လဲ ဟုတ်တယ် ။အန်တီက အသက်ကြီးမှ အိမ်ထောင်ကျတော့ အန်တီတို့မှာ ကလေးလည်းမရှိဘူးလေ။အန်တီ့ ယောကျာ်းဆုံးသွားတော့ အန်တီတစ်ယောက်တည်း အထီးကျန်နေရှာတာ ။ အဲ့ဒါကြောင့် သားလေးကျောင်းပိတ်ရက်တွေဆိုရင် အန်တီက သူ့မြေးကိုလာခေါ်နေကြလေ။
"ကဲပါ ...ဘာမှ တွေးမနေနဲ့တော့ ... အောက်ထပ်က အိမ်ငှားတွေကလဲ ဆက်မနေတော့ဘူးတဲ့ ...အဲ့ဒီတော့ ...သမီးတို့ ပြောင်းလာခဲ့ကြ...အိမ်လခကိုတော့ ..တစ်လ နှစ်သောင်းပဲပေး ... လုံးခနဲ လဲမပေးနဲ့ ... လုပ်အားခထဲက နည်းနည်းစီပေးသွား ဟုတ်ပြီလား "
"ရှင် "
အန်တီ့စကားကြားရတော့ အေးမြနွယ်အံ့သြသွားမိတယ်။အန်တီ့ရဲ့ အိမ်က အေးမြနွယ်တို့နေတဲ့ နေရာထက် အကွက်အကွင်းလဲကောင်း ၊ ပိုလဲစည်တယ်။ပြီးတော့ ဈေးနီးကျောင်းနီး ၊ ဆေးရုံနီး မို့ အခန်းငှားခတွေ ဈေးမြင့်တဲ့နေရာလေ။ လက်ရှိ ငှားထားတာကိုပဲ တစ်လ ရှစ်သောင်းလောက်ရတဲ့နေရာမဟုတ်လား။
" ဖြစ် ...ဖြစ်ပါ့မလား အန်တီ ...အန်တီ အသုံးစရိတ် နည်းသွားမှာပေါ့ "
အေးမြနွယ်အားနာစိတ်နဲ့ အန်တီ့ကို ပြောလိုက်မိတယ်။
"ရပါတယ် သမီးရယ် .. မြေးလေးနဲ့လဲ အဝေးကြီး မနေချင်ဘူး...အန်တီ့ တစ်ယောက်စာကတော့ ဘဏ်တိုးလေးနဲ့ စားလို့ရပါတယ် "
" ကျေး ... ကျေးဇူးတင်ပါတယ် အန်တီ "
အေးမြနွယ် လက်အုပ်လေးချီပြီး အန်တီ့ကို ကျေးဇူးတင်စကားပြောလိုက်မိတယ်။
~~~~
အန်တီ့အိမ်ကို ပြောင်းလာခဲ့ရတဲ့အတွက် အေးမြနွယ် ပျော်ရွှင်ခဲ့တယ်။အသက်ဆယ့်ငါ့နှစ်ကနေ နှစ်ဆယ့် ငါးနှစ်အတွင်းမှာ ခံစားခဲ့ရတဲ့ သောကတွေ။စိတ်ဆင်းရဲမှုတွေ ။စိတ်ဖိစီးမှုတွေအားလုံးနီးပါး ပြေပျောက်သွားခဲ့တော့တယ်။
~~~~
"ကိုကြီးရယ် အလုပ်လေးတော့ ပုံမှန်ဆင်းပါ ...အခုက အန်တီကို တစ်လ နှစ်သောင်းတောင် ပြည့်အောင် မပေးနိုင်တော့ နွယ်လေးမျက်နှာပူတယ် ..."
" ငါလဲ လုပ်နေတာပဲကွာ ...မင်းဆိုင်ကရောမရောင်းရဘူးလား "
" ဒီမှာက ကွမ်းယာဆိုင်တွေ များတော့ သိပ်မရောင်းရဘူး...ရတာနဲ့ စားတာနဲ့ မပိုဘူးလေးကိုကြီး "
"အေးဟာ ...အေး အေး "
အေးမြနွယ်က အာပေါက်အောင် ပြောနေပေမဲ့ အောင်သီဟက ဗီဒိုထဲက ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူဝတ်လိုက်ပြီး လမ်းထိပ်ကို ထွက်သွားခဲ့တယ်။
အသက်သာကြီးလာပြီး အပျော်အပါးကို မလျှော့ဘဲပိုပိုတိုးလာတဲ့ ယောကျာ်းကိုကြည့်ပြီး အေးမြ နွယ်သက်ပြင်းကိုပဲ အခါခါချနေမိတယ်။အန်တီ့အိမ်ကို ပြောင်းလာရတော့ စိတ်ထဲ လွတ်လပ်ပျော်ရွှင်ခဲ့ရပေမဲ့ ကိုကြီးတစ်ယောက် အရင်ကထက် တာဝန်ပိုပေါ့သလို နေနေတာကိုတော့ အေးမြနွယ်စိတ်ညစ်မိတယ်။ အခုဆိုရင် ကိုကြီးက မိန်းမကိစ္စ မရှုပ်ရရင် တစ်ပတ်မှာ သုံးရက်လောက် အလုပ်နားပြီး ဘိလိယက်ခုံမှာပဲ အချိန်ကုန်နေတာလေ။သူရှာတာကို
ပြန်ထည့်ပေးလိုက်တယ်။ ပြီးတော့ လူအုပ်ကြားထဲကနေ အေးအေးဆေးဆေးပဲ ထွက်လာခဲ့လိုက်တယ်။
"မရီမြေး အကြောတင်းချက်ကတော့ ငါ့တို့ကိုပါ ရယ်ပြသွားသေးတဲ့ဟဲ့ "
ကစားဝိုင်းကနေ ဟန်သော်လင်းထွက်လာချိန်မှာ အဒေါ်ကြီးတွေရဲ့ စကားသံကိုကြားလိုက်ရပေမဲ့ ခပ်ပြုံးပြုံးပဲ ထွက်လာခဲ့လိုက်တယ်။
~~~~~
" ဟဲ့ကောင်လေး ... တစ်ကိုယ်လုံးလဲ ပေပွလို့ .. နင့်ကို အိမ်ထဲမှာနေလို့ ပြောထားတယ်လေ နားမလည်ဘူးလား .."
အဒေါ်ငယ်ရဲ့ စကားကို မကြားချင်ဟန်ဆောင်ပြီး ဟန်သော် လင်း မီးဖိုးချောင်ထဲကို တန်းပြီး ဝင်လာခဲ့လိုက်တယ်။မီးဖိုထဲရောက်တော့ ပန်းကန်တစ်ချပ်ကို ယူပြီး ထမင်းကို ခပ်ထည့်လိုက်တယ်။ပြီးတော့ ဟင်းအိုးကိုဖွင့်လိုက်ပြီး ငါးဟင်းတုံးတွေကို ထမင်းပန်းကန်ထဲ ခူးထည့်ပြီး စားလိုက်တယ်။
" ဟယ် ... လက်မဆေး ဘာမဆေးနဲ့ ထမင်းတွေစားနေပြန်ပြီလား ...နင် တော်တော်ညစ်ပတ်တဲ့ ကောင် .. ထစမ်း ...မစားနဲ့တော့ ..."
လက်ထဲက ထမင်းပန်းကန်ကို လာယူတဲ့ အဒေါ်ကို ဟန်သော် လင်းက မော့ကြည့်လိုက်တယ်။အဲ့ဒီအခါမှာ အရင်တစ်ခေါက် အမေပြန်လာတုန်းက ၀ယ်လာတဲ့အင်္ကျီကို အဒေါ်က ဝတ်ထားတာကို တွေ့လိုက်ရတာမို့ ဟန်သော်လင်းစူးစူးစိုက်စိုက်ကြည့်နေမိတယ်။
"ရုပ်က ဂျစ်ကန်ကန်နဲ့ ဘာကြည့်နေတာလဲ...လူလေးက လက်တောက်လောက်နဲ့ ပြောမနိုင်ဆိုမနိုင်ဟာလေး ...သွားလေ ခြေတွေလက်တွေသွားဆေး "
ဟန်သော်လင်း လက်ထဲက ထမင်းပန်းကန်ကို စားပွဲခုံပေါ်ကို ဆောင့်ခနဲ ချလိုက်ပြီး မတ်တတ်ထရပ်လိုက်တယ် ။ပြီးတော့ အဒေါ်ဖြစ်သူရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်လိုက်ပြီး ထမင်းဟင်းအဆီအနှစ်တွေပေနေတဲ့ လက်နဲ့ အဒေါ်ဝတ်ထားတဲ့ အင်္ကျီကို အားပါးတရသုတ်ပစ်လိုက်တယ်။
"ဟင် ....ခွေးကောင်လေး မိုက်ရိုင်းလှချည်လား ...ဒါဘာလုပ်တာလဲ ...ကဲဟယ် ..သေစမ်း "
" ဘုံး ...ဘုံး "
အဒေါ်က စိတ်ဆိုးဆိုးနဲ့ ဟန်သော်လင်းရဲ့ ကျောပြင်ကို လက်အစုံနဲ့ တဘုံးဘုံးထုနေတယ်။ဟန်သော်လင်းကတော့ အဒေါ်ရိုက်နေတာကို ခပ်အေးအေးပဲ ခံနေလိုက်တယ်။
~~~~
"နွယ်လေး မပြောဘူးလား ...ခုဘယ်လိုလုပ်ကြမလဲဟင် ကိုကြီး ...တစ်ပတ်အတွင်း ဘယ်ကိုပြောင်းနေကြမှာလဲ "
"မသိဘူးကွာ ...ငါလဲ စိတ်ညစ်တယ် ...ပြောင်းချင်တဲ့ နေရာကိုသာပြောင်း ... ငါ့မှာတော့ ပိုက်ဆံမရှိဘူးနော် ...အဖေတို့ဆီကလဲ တောင်းလို့မရဘူး "
အောင်သီဟ အိပ်ရာပေါ် ဝမ်းလျားမှောက်ချလိုက်ပြီး အေးမြနွယ်ကို ပြောလိုက်တယ်။
နောက်ဆုံးတော့ အေးမြနွယ်ထင်ထားခဲ့သလို ဖြစ်လာခဲ့ပါလေပြီ။ယောက္ခမတွေက အေးမြနွယ်တို့ကို " "တစ်ပတ်အတွင်း အိမ်ပြောင်းကြတော့တဲ့ "လေ ။
====================
အပိုင်း (၅ ) ဆက်ရန် ......
ဧကြည်ဖြူ
မောင်နှမလောက်တော့ မဆိုးဘူး ပြောရမှာပဲ ။ ကြီးကြီးအေးရဲ့ သမီးကြီး မမနီလာက ရှစ်တန်းကျောင်းသူ။အငယ်မကြည်ပြာက အလင်းချိုနဲ့ရွယ်တူပဲ သုံးတန်းတက်နေတာ။ သူတို့နဲ့ အလင်းချိုက ကျောင်းချင်းမတူကြလို့ ကျောင်းချိန်လဲ မတူကြဘူး။ သူတို့လဲ မမဒါလီစိုး လောက် မဆိုးကြပေမဲ့ စိတ်လိုရင်ခေါ်ကြပြီး စိတ်မလိုရင် မခေါ်တတ်ကြဘူး။ ကြီးကြီးအေးရဲ့ သားအငယ်ဆုံးလေး သားချစ်ကိုတော့ အလင်းချိုကချစ်တယ်။ကလေးထိန်းဖို့ ခေါ်ထားတဲ့ အဒေါ်ကြီးနဲ့ အတူ သားချစ်လေးကို အလင်းချိုက ဝိုင်းထိန်းပေးနေကြလေ။
"ဟဲ့ အလင်းချို ... ငါခိုင်းနေတာ သွားမလုပ်သေးဘူးလား ...မကြားဘူးလား "
" ဟင် ... ဘာ ... ဘာခိုင်းတာလဲ မမဒါလီ "
"ဟာ ဒီကောင်မလေး...ငါ ရိုက်လိုက်ရ ...နင့်ကို ငါ့အခန်းထဲမှာ စာအုပ်တွေ သွားရှင်းခိုင်းနေတာလေ ..မကြားဘူးလား "
မမနီလာစိုးရဲ့ စကားကြောင့် အလင်းချို စိတ်ညစ်သွားမိတယ်။ကျောင်းက ပြန်လာကတည်းက ဒေါ်လေး စန်းနဲ့ ဝိုင်းကူနေရလို့ အခုမှ စာကျက်မလို့ဟာကို။
"ဟို ... အလင်းချို စာတွေကျက်ရအုံးမယ် မမ ဒါနီ "
အလင်းချို မဝံ့မရဲနဲ့ပြန်ပြောလိုက်မိတယ်။
" ဘာ ခုမှ စာကျက်ရမှာလဲ ... ခုနကတော့ စာအုပ်ကြီးကိုင်ပြီး လမ်းကို တမျှော်မျှော်လုပ်နေတာလေ ...ဘာလဲ နင်လဲ နင့်အမေလို့ ပွေရှုပ်ချင်လို့ ကောင်လေးတွေကို မျှော်နေတာလား "
"ရှင် "
မမဒါလီစိုး ပြောတာကို နားမလည်နိုင်ဘဲ အလင်းချို မျက်လုံးပြူးလေးနဲ့ မော့ကြည့်လိုက်မိတယ်။
"အဘွားရေ ..က အဘွား ...ဟော့ဒီမှာ အလင်းချို သမီးခိုင်းတာကို မလုပ်ဘူးတဲ့ သိလား "
ဒါလီစိုးက ဘွားအေ ဖြစ်သူကို အော်ဟစ်ပြီးတိုင်လိုက်တယ်။
"ဟဲ့ ကလေးတွေ ဘာဖြစ်နေကြတာလဲ ... အလင်းချို နင်ဘာလုပ်ပြန်ပြီလဲ "
မြေမလေးဒါလီစိုးရဲ့ အော်သံကြောင့် ဒေါ်မြမြ ဦးက အခန်းထဲက ထွက်လာပြီးလှမ်းမေးလိုက်တယ်။
"ဒီမှာလေ အလင်းချိုပေါ့ ...သမီးအခန်းထဲမှာ စာအုပ်တွေပွနေလို့ ကူပြီးရှင်းခိုင်းတာကို မအားဘူးတဲ့လေ "
ဒါလီစိုးက နှုတ်ခမ်းကို စူထော်ပြီး ဘွားအေဖြစ်သူကို လှမ်းတိုင်လိုက်တယ်။
ဒါလီစိုးရဲ့ စကားကြောင့် ဒေါ်မြမြ ဦးက နံရံထက်က တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
" သူစာကျက်မလို့နဲ့ တူတယ် မြေးရဲ့ ... အဘွား မိစန်းကို လွှတ်လိုက်မယ်နော် ... မိစန်းကို ဝိုင်းကူခိုင်းလိုက်လေ "
"ဟွန်း ...အဘွားကလဲ ဘာမှန်းမသိဘူး "
ဘွားအေ ဖြစ်သူရဲ့ စကားကြောင့် ဒါလီစိုးက နှုတ်ခမ်းကိုစူ ခြေကို ဆောင့်နင်းပြီး အိမ်ပေါ်ထပ်ကို ပြန်တက်ခဲ့တယ်။
~~~~~~
"ဟော ဖေဖေ ပြန်လာပြီ "
အလင်းချို အိမ်ပေါက်ဝလေးမှာ စာအုပ်လေးကိုင်ပြီး စာထိုင်ကျက်နေတုန်းမှာပဲ ခြံပေါက်ဝမှာ ဖေဖေ့ကို မြင်လိုက်ရတာမို့ အပြေးလေးထွက်လာခဲ့မိတယ်။
"ဖေဖေ ပြန်လာပြီလား "
" ဪ ...အေးအေး .. သမီးစာကျက်နေတာလား ...စာတွေလိုက်နိုင်တယ်မဟုတ်လား ..."
"ဟုတ်ကဲ့ ဖေဖေ ..."
"အေးအေး စာကိုကြိုးစားနော် သမီး .... မုန့်ဖိုးလိုချင်ရင် အဘွားဆီက တောင်းနော် ကြားလား...အဖေ အဝတ်အစား သွားလဲလိုက်အုံးမယ် "
ပြောပြောဆိုဆိုနဲ့ပင် အဖေက အိမ်ပေါ်ထပ်ကို တက်သွားပါတော့တယ် ။အဖေအပေါ်ထပ်ကို တက်သွားတာနဲ့ အလင်းချိုလဲ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်ပြီး စာကျက်ရင်း အဖေပြန်အဆင်းလာကို စောင့်နေမိပြန်တယ်။အလင်းချိုမှာ အဖေ့ကို တွေ့တိုင်း အမေ့အကြောင်းကို မေးဖို့ တွေးထားပေမဲ့ အမေ့အကြောင်းကို မေးလိုက်တာနဲ့ စိတ်ဆိုးတတ်တဲ့ အဖေ့ကြောင့် မမေးရဲဖြစ်နေမိတယ်။ဒီလိုနဲ့ပဲ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်လေ။
~~~~
"ငါ့ ဂေါ်လီလုံးတွေ ပြန်မပေးဘူးလား "
"မပေးဘူးကွာ ...မင်းကများ ငါ့ကို ပြောရဲတယ်ပေါ့လေ ဟုတ်လား ...တော်တော်သတ္တိရှိနေလားကွ ...ငါနဲ့ ချမလား "
ကရင်လေးကိုကြည့်ပြီး ဟန်သော်လင်းက ခပ်အေးအေးပဲ မေးလိုက်တယ်။ကရင်လေးဆိုတာက ဟန်သော်လင်းထက် အသက်ကြီးသလို လူကောင်လဲကြီးတယ်။ကလေးတွေရဲ့ ကစားဝိုင်းမှာ အမြဲဗိုလ်ကျနေကြလေ။အခုလဲ ဟန်သော်လင်းရဲ့ ဂေါ်လီလုံးတွေကို လုယူထားလို့ ဟန်သော်လင်းက ပြန်တောင်းနေတာ။ ဟန်သော်လင်း ဘယ်လို ပြန်တောင်းတောင်း ကရင်လေးက မပေးဘူး။ မပေးတဲ့အပြင် ဟန်သော် လင်းကိုပါ ချဖို့စိန်ခေါ်နေသေးတာ။ကရင်လေး စိန်ခေါ်လိုက်တာနဲ့ ဟန်သော်လင်း ဘာမှပြန်မပြောဘဲ ကရင်လေးရဲ့မျက်နှာကို လက်သီးနဲ့ ပြေးထိုးပစ်လိုက်တယ်။ပြတော့ နပန်းဖက်လုံးပြီး အပေါ်စီးကနေ ခွထားလိုက်တယ်။
"ဇိုးလေးကွ ...ချ ..ချ "
" ကရင်လေးကွ ...ချ ....ချ "
ဟန်သော်လင်းနဲ့ ကရင်လေး သူတစ်ပြန် ကိုယ်တစ်ပြန် နပန်းလုံးနေကြတာကို ကြည့်ပြီး ဘေးက ကလေးတစ်သိုက်က လက်ခုပ်လက်ဝါးတီးပြီး အားပေးနေကြတယ်။
"ဟဲ့ ...ဟဲ့ ..ဘယ်ကလေးတွေ ရန်ဖြစ်နေကြပြန်ပြီလဲ ...ဘာလဲ မရီမြေးပဲလားဟေ့ ...ဟဲ့ ကောင်လေးတွေ တော်ကြစမ်း .."
အမြင်မတော်တဲ့ လူကြီးတစ်ချို့က ထွက်လာပြီး ဟန်သော်လင်းတို့ကို လူချင်းကွဲအောင်ဝိုင်းဆွဲလိုက်ကြတော့မှ ဟန်သော်လင်းနဲ့ ကရင်လေးတို့ လူချင်းကွဲသွားကြတယ်။လူချင်းကွဲသွားတာနဲ့ တစ်ပြိုင်နက် ဟန်သော်လင်းက ကရင်လေး လက်ထဲက ဂေါ်လီထုတ်ကိုဆောင်ဆွဲယူလိုက်ပြီး သူ့ဂေါ်လီလုံး အရေအတွက်တိုင်း အတိအကျ နှိုက်ယူလိုက်ပြီး ကျန်တဲ့ အထုတ်ကို ကရင် လေးလက်ထဲကို
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၄)
*****
"ကိုကြီးကို အမေတို့ ဘာပြောသေးလဲ... ပြောင်းဖို့ ရွေ့ဖို့ကိစ္စကို "
အေးမြနွယ်က ယောကျာ်းဖြစ်သူကို ထမင်းခူးပေးနေရင်းကနေ ခပ်တိုးတိုးမေးလိုက်တယ် ။
"ဘာပြောမှာလဲ သူတို့ပြောင်းတော့ ငါတို့လဲပြောင်းရုံပေါ့ ..ဘာမှတွေးမနေနဲ့ "
အောင်သီဟက ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်တယ်။
" မတွေးလို့ရမလား ကိုကြီး ... ပြောင်းဖို့ ရွေ့ဖို့ အတွက် ကြိုတင်ရှာရမယ်လေ ... တော်ကြာ ဖြုန်းစားကြီး ပြောင်း ဟေ့ဆိုမှ.... ဘယ်ကိုပြောင်းကြမှာလဲ "
"ဟာကွာ ...ပြောင်းဆိုလဲ သူတို့ ပြောင်းတဲ့နေရာကို လိုက်ပြောင်းရုံ ပေါ့ ဟ ...ငါတို့ကို ပစ်ထားပါ့မလား ...မင်းကလေ ငါ့မိဘတွေကို ဆိုရင် အကောင်းကို မမြင်ဘူး ..."
ယောကျာ်းဖြစ်သူကို အေးမြနွယ် ဘာမှဆက်မပြောတော့ဘဲ ပါးစပ်ကို ပိတ်ထားလိုက်တယ်။ အေးမြနွယ် အနေနဲ့ ကြောက်လို့တော့ မဟုတ်ပါ။ယောကျာ်းအပေါ်လေးစားစိတ်နဲ့ အိပ်ပျော်နေပြီဖြစ်တဲ့ သားလေးနိုးသွားမှာစိုး၍ပါပင်။ယောကျာ်းဖြစ်သူရဲ့ စိတ်ကိုလည်းသိပြီးပြီမို့ အေးမြနွယ်က ကြိုတင်၍ နည်းလမ်းရှာထားမှဖြစ်လိမ့်မယ်ထင်ပါရဲ့လေ။
~~~~~~~
"မိစန်း ... အလင်းချိုကို အိမ်အလုပ်တွေပါ တတ်အောင်သင်ပေးလိုက် ကြားလား "
"ရှင် "
မေမေကြီးရဲ့စကားကြောင့် မိစန်းကြောင်အမ်းအမ်းဖြစ်သွားမိတယ်။သုံးတန်းကျောင်းသူပဲရှိသေးတဲ့ရှစ်နှစ်အရွယ်ဒီကလေးမလေးကို မိစန်းက ဘာတွေ သင်လို့ ဘာတွေတတ်မှာပါလဲ။ သူ့ဟာသူ တောင် ပိန်ပိန် ညှပ်ညှပ်လေးဖြစ်နေတဲ့ဟာကို။
"ဟို ဘယ်တော့ သင်ပေးရမှာလဲ မေမေကြီး ... နွေကျောင်းပိတ်ချိန်လား ...ဘာတွေ သင်ပေးရမှာလဲဟင် ... "
မိစန်းက အထွန့်တတ်ပြီး မေးလိုက်တော့ ဒေါ်မြမြဦးက မိစန်းကို ခါးထောက် ကြည့်လိုက်ပြီး
"ဟဲ့ မိစန်း... ကျောင်းပိတ်ဖို့က လိုသေးတယ်လေ ... ကျောင်းကပြန်လာတဲ့အချိန်မှာ ကြက်သွန်ခွါတာမျိုး .... ငရုတ်သီးထောင်းတာမျိုးတွေ ခိုင်းပေါ့ ... အိမ်သန့်ရှင်းရေးလဲ ကူခိုင်း ... အမှိုက်တွေ ပစ်ရင်လဲ ခေါ်သွား ...နောက်ကျ သူ့ကို ပဲ ပစ်ခိုင်းတော့ နင်လဲ အလုပ်ချိန်ပို ရတာပေါ့ ...စာကတော့ ညဘက်မှ လုပ်ပါစေ ...အတန်းလဲ ငယ်သေးတာပဲ ... သူ့ကို အခုထဲက သင်ထားမှရမှာ... မဟုတ်ရင် မအေလိုမျိုး ဗီဇပြနေရင်း ငါ့သားပဲ ရင်ကွဲမှာ "
~~~~~~
"အလင်းချို ... လုပ်နိုင်ရဲ့လား ..မောနေရင် ခဏနားလေ "
ရေစိုဝတ်နှင့် လှေကားထစ်များကို တထစ်ချင်း ပွတ်တိုက်နေတဲ့ ပိန်ပိန်သေးသေးကလေးမလေးကို ကြည့်ပြီး မိစန်း သနားလွန်း၍ မေးလိုက်မိတယ်။
"ရပါတယ် ဒေါ်လေးစန်းရဲ့ ... အလင်းချိုလုပ်နိုင်ပါတယ် "
အလင်းချိုက ပါးပြင်ပေါ် စီးကျလာတဲ့ ချွေးစက်တွေကို လက်တစ်ဖက်နဲ့ပွတ်သပ်လိုက်ရင်း ဒေါ်လေးစန်းကို ပြန်ဖြေလိုက်တယ်။
"မိစန်း... နင်က အဲ့ဒီမှာ ဘာရပ် လုပ်နေတာလဲ ... တော်ကြာနေ ... ကလေးတွေ ကျူရှင်ကနေပြန်လာတော့မှာလေ ...စာဖို့ မုန့်တွေပြင်ထားပေးအုံး "
"ဟုတ်ကဲ့ မေမေကြီး "
ဒေါ်မြမြဦးက မိစန်းကို ပြောရင်း မြေးဖြစ်သူ အလင်းချိုကို လှမ်းကြည့်လိုက်တယ်။
အလင်းချိုလှေကားထစ်တွေကို တိုက်နေရင်းကနေ သူမကို အဘွားလှမ်းကြည့်နေတာ မြင်လိုက်ရတာမို့ အဘွားကို မရဲတရဲလေးရယ်ပြလိုက်မိတယ်။
"အလင်းချို ...မြန်မြန် တိုက်ပြီး ရေချိုးတော့လေ ..တော်ကြာနေ သမီး အဖေပြန်လာတော့မှာ မဟုတ်လား "
"ဟုတ် ...ဟုတ်ကဲ့ပါ့ ဘွားဘွား "
ဒေါ်မြမြဦးမှာ သူ့ကို သွားဖြဲလေးနဲ့ လှမ်းရယ်ပြနေတဲ့ မြေးမလေးကို ကြည့်ပြီး နှုတ်မှ သူ့အလိုလို စကားပြောလိုက်မိသလို ရင်ထဲမှာလဲ တစ်စုံတစ်ရာကို ခံစားလိုက်ရလေတယ်။
~~~~~~
အလင်းချို ရေမိုးချိုးပြီးတာနဲ့ သနပ်ခါးကို ဖုံနေအောင်လိမ်းပြီး စာအုပ်လေးကို ကိုင်လို့ အိမ်ပေါက်ဝနားကို ထွက်လာခဲ့မိတယ်။အလင်းချိုအတွက် အဖေ့ကို တွေ့ဖို့ အခွင့် အရေးက ဒီအချိန်ရယ် ညစာထမင်းစားချိန်ရယ်ပဲရှိတာလေ ။ဒါတောင် အဖေ အလုပ်ပြန်နောက်ကျတဲ့နေ့တွေဆိုရင် ထမင်းအတူတူစားခွင့်မရဘူးလေ ။ပြီးတော့ အဖေက အလုပ်က ပြန်လာတာနဲ့ အဘွားနဲ့ စကားပြောပြီး အပေါ်ထပ်ကို တက်သွားတာလေ။အလင်းချိုက အဖေရှိတဲ့ အပေါ်ထပ်ကို လိုက်သွားချင်ပေမဲ့ အဘွားနဲ့ ကြီးကြီးနှစ်ယောက်ကိုကြောက်လို့ အပေါ် ထပ်ကို မတက်ရဲ့ဘူးလေ။ တကယ်တော့ အပေါ်ထပ်ဆိုတာ အလင်းချိုအတွက် အိမ်သန့်ရှင်းရေးလုပ်တဲ့အချိန်ပဲတက်ရတဲ့ နေရာလေ။တစ်ခါတလေ အဖေ အလုပ်ပိတ်တဲ့ရက်မျိုးမှာ အလင်းချိုကို အပေါ်ထပ်ကို ခေါ်တတ်ပေမဲ့ ဒါကလဲ ခဏတစ်ဖြုတ်ပါပဲ။အဖေက သူ့မှာ အလုပ်တွေ ရှိသေးတယ်ဆိုပြီး အလင်း ချိုကို ပြန်လွှတ်တတ်တယ်လေ။
"ဟဲ့ ပိစိမ ဘာလုပ်နေတာလဲ ... ငါ့ဆီကိုလာအုံး "
ခေါ်သံကြားလို့ အလင်းချိုလှည့်ကြည့်လိုက်တော့ မမဒါလီစိုးကို တွေ့လိုက်ရတယ်။ မမဒါလီစိုးက ကြီးကြီးမေရဲ့ သမီးပေါ့။ ခုနစ်တန်းတက်နေတာလေ။ မမဒါလီစိုး အထက်မှာကိုကိုရန်နောင်စိုးပေါ့။ ကိုကိုရန်နောင်စိုးက ဆယ်တန်းတက်နေတာ။ကိုကိုရန်နောင်စိုးကိုရော မမဒါလီစိုးကိုပါ အလင်းချို ကြောက်ရတယ်။သူတို့က မထင်ရင်မထင်သလို ခေါင်းခေါက်၊ ဆံပင်ဆောင့်ဆွဲတာတို့ ဗိုက်ခေါက်ကို ဆွဲလိမ်တာတို့ လုပ်တတ်ကြတယ်။ကြီးကြီးအေးရဲ့ သမီးနှစ်ယောက်ကတော့ မမဒါလီစိုးတို့
အလင်းချိုက သူမရဲ့ ကျောင်းလွယ်အိတ်လေးကို လွယ်ရင်း ဖခင်ရဲ့ နောက်ကနေ ခပ်ကုပ်ကုပ်လိုက်ပါလာခဲ့တယ်။အဘွားနဲ့ ကြီးတော်ဖြစ်သူကို အလင်းချို ကောင်းကောင်းသိပေမဲ့ ကျန်တဲ့သူတွေကို သိပ်မသိဘူး။အိမ်ထဲကို ၀င်လိုက်တာနဲ့ အလင်းချိုနဲ့ ရွယ်တူ မောင်နှမတွေကို တွေ့လိုက်ရတာမို့ အလင်းချို စိတ်ထဲမှာ ပျော်သလိုလိုတော့ ဖြစ်သွားမိတယ်။အိမ်မှာဆိုရင် အဖေက အလုပ်သွား ။အမေက အပြင်ကို ခဏခဏ သွားနဲ့ အလင်းချိုတစ်ယောက်တည်းပဲ အိမ်မှာနေရတာများတယ်လေ။ အခုလို အတူကစားလို့ရမယ့် အဖော်တွေကို တွေ့ရတော့ အလင်းချိုပျော်သွားမိတယ်။ ဒါပေမဲ့ အလင်းချိုရဲ့ ပျော်ရွှင်မှုက ကြာရှည်တော့ သိပ်မခံဘူး ။အမေ့အကြောင်းကို တွေးလိုက်ရင် အလင်းချိုငိုချင်လာမိတယ်။ အခုဆိုရင် အမေ အိမ်ကို ပြန်မလာတာကြာပြီလေ။ အဖေ့ကို မေးတော့လဲ မဖြေဘူး။အလင်းချိုတို့ အဘွားအိမ်ကို ပြောင်းလာခဲ့တာကို အမေသိမှသိပါ့မလားလို့ အလင်းချို စိတ်ပူနေမိတယ်။
"သားအတွက် အပေါ်ထပ်မှာ အခန်းပြင်ထားတယ် ... မြေးလေးကိုတော့ အောက်ထပ်မှာပဲထားပေါ့ကွယ် ...အမေလဲ အောက်ထပ်မှာပဲနေတာလေ "
"ဖြစ်ပါ့မလား အမေး ...သမီးလေးက တစ်ယောက်တည်း အဆင်ပြေပါ့မလား "
မိခင်ရဲ့ စကားကြောင့် သက်ဦးက သမီးလေးကို လှမ်းကြည့်ပြီး မိခင်ကို ပြန်ပြောလိုက်တယ်။
"ဘာမပြေစရာရှိလဲ သားရယ် ...အမေလဲ အောက်ထပ်မှာနေတာလေ ...ပြီးတော့... ဟိုမှာ မိစန်းလဲရှိတာပဲဟာ ... သူတစ်ယောက်တည်: မအိပ်ရဲရင် မိစန်းနဲ့ အိပ်ခိုင်းလိုက်မယ် "
သက်ဦး ဘာမှပြန်မပြောတော့ဘဲ အပေါ်ထပ်ကို တက်လာခဲ့တယ်။ သက်ဦးရဲ့ အစ်မကြီး မိသားစုနဲ့ အစ်မလတ်မိသားတစ်စုလုံး အပေါ်ထပ်မှာ အသီးသီး နေကြတယ်ဆိုပေမဲ့ အမေကတော့ အောက်ထပ်မှာ နေသူမို့ သမီးလေးအတွက် အဆင်ပြေလောက်မှာပါလို့ တွေးလိုက်မိတယ်။
~~~
"မိစန်း လာအုံး ...သူ့ကို ခေါ်သွား ...နင့်ဘေးကအခန်းကိုရှင်းခိုင်းထားတာ ရှင်းထားတယ်မဟုတ်လား ...သူ့ကို အဲ့ဒီအခန်းမှာ ထားလိုက် "
"ဟုတ်ကဲ့ပါ မေမေကြီး "
မိစန်းက အလင်းချိုကို လက်ဆွဲခေါ်လိုက်ရင်း စိတ်မကောင်းသလိုတောင် ဖြစ်သွားမိတယ်။အပေါ်ထပ်မှာ အခန်းတွေအများကြီး ရှိသေးရဲ့နဲ့ အောက်ထပ်မှာ ဘာလို့ထားလဲဆိုတာကို မိစန်းမတွေးတတ်ဖြစ်နေမိတယ်။ မေမေကြီးကတော့ လူကြီးမို့လို့ တက်ရဆင်းရမလွယ်လို့ အောက်ထပ်မှာ နေတာလေ ။ ပြီးတော့ မေမေကြီး နေတဲ့အခန်းဆိုတာက အကျယ်ကြီးမှ အကျယ်ကြီးဟာကို။ အခု အလင်းချိုနေရမယ့် အခန်းက မိစန်းရဲ့ အခန်းလောက်တောင်သားနာတာမဟုတ်ဘူးလေ။ အရင်နေ့ကအထိ ပစ္စည်းဟောင်းတွေ၊ကြွက်သိုက်တွေနဲ့ရှုပ်ပွနေခဲ့တာကို။ ဒီကောင်မလေးက မေမေကြီးရဲ့ မြေအရင်းမဟုတ်လို့များလားလို့ မိစန်း ပေါက်ပေါက်ရှာရှာ တွေးမိပြန်တယ်။ ဒါတော့လဲ မဖြစ်နိုင်ဘူးဆိုတာကို ကောင်မလေးရဲ့ ရုပ်ရည်သွင်ပြင်က သက်သေပြနေပြန်တယ်လေ။ဟုတ်တယ်လေ ဒီကောင်မလေးနဲ့ သူ့အဖေ ဒီလောက်ရုပ်ချင်း ဆင်နေကြတာကို သွေးသား အရင်းတွေဆိုတာ မပြောပဲကို သိနေနိုင်တာပဲကို ။ ဒါကိုများ မမကြီးမမလေးတို့ရဲ့ သားသမီးတွေလို အပေါ်ထပ်မှာ ဘာလို့များ မထားတာပါလိမ့်လို့ မိစန်းမဆီမဆိုင် တွေးနေမိတယ်။ မေမေကြီးတို့ မိသားစုက အထည်ကြီးပျက်တွေပီပီ မာနကြီး၊ အခြေကြီးကြပေမဲ့ မမကြီးနဲ့ မမလေးတို့ရဲ့ ကလေးလေးငါးယောက်ကိုတော့ဖူးဖူးမှုတ် ထားကြတာမဟုတ်လား။
အလင်းချိုက အန်တီကြီး ဆွဲခေါ်ရာနောက်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လိုက်လာခဲ့ရင်း လှေကားထစ်တွေအတိုင်း တက်သွားတဲ့ဖခင်ဖြစ်သူကို လှမ်းကြည့်နေမိတယ်။"ဖေဖေ "လို့ လှမ်းခေါ်လိုက်ချင်ပေမဲ့ မျက်နှာထားတင်းတင်းနဲ့ရှိနေတဲ့ အဘွားကိုကြည့်ပြီး အလင်းချိုမှုန်မှုန်ရီရီလေးနဲ့ပဲ ခေါင်းလေးကိုငုံ့ပြီး အန်တီကြီးနောက်ကို လိုက်ပါလာခဲ့ရတယ် ။
~~~
"ဒီအခန်းက သမီးရဲ့ အခန်းပဲ ..နေရဲလား ... မနေရဲရင် ဒေါ်လေးစန်းကို လှမ်းခေါ်လိုက်နော် ကြားလား သမီး ... ဒေါ်လေးက သမီးရဲ့ဘေးအခန်းမှာနေတာလေ "
ကလေးမလေ့က မိစန်းပြောတာကို နားလည်လားမလည်လားတော့ မသိဘူး။မိစန်းက ကိုယ့်ကိုယ်ကို ဒေါ်လေးစန်းလို့သုံးနှုန်းပြီး ကလေးမလေးကို ပြောလိုက်မိတယ်။ မမကြီးနဲ့ မမလေးတို့ရဲ့ ကလေးတွေကတော့ မိစန်းကို ဒေါ်စန်းလို့ တိုတိုပြတ်ပြတ် ခေါ်ကြတာပဲ ။
အလင်းချိုက ဒေါ်လေးစန်းဆိုတဲ့ အဒေါ်ကြီး ပြတဲ့ အခန်းထဲကို နှေးကွေး တဲ့ ခြေလှမ်းတွေနဲ့ လှမ်းဝင်လိုက်ရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာမိတယ်။ဒီမျက်ရည်တွေက အမေ့ကို လွမ်းလို့ ကျတာလား။သူမကို မခေါ်ဘဲ အပေါ်ထပ်ကိုတက်သွားတဲ့ အဖေ့ကြောင့် ကျတာလား ။ ဒါမှမဟုတ် ဒီအခန်းထဲမှာ တစ်ယောက်တည်း မနေရဲလို့ ကျတာလားဆိုတာကိုတော့ အလင်းချို ကိုယ်တိုင်လဲ မခွဲခြားနိင်ပါဘူး။
"ဟယ် ..ငိုနေတာလား ...ဘာလို့ငိုတာလဲ ကလေး ...တစ်ယောက်တည်း မနေရဲလို့လား ဟင် ... "
====================
အပိုင်း (၄ ) ဆက်ရန်
ဧကြည်ဖြူ
စီးပွားရေးက အရင်လိုတော့ ဆင်းဆင်းရဲရဲ မနေရဘူးပေါ့။အိမ်ခွဲနေဖို့ အထိတော့လဲ မစွန့်စာရဲ ပြန်ဘူးလေ။ အေးမြနွယ်တို့ စီးပွားရေးလေးအဆင်ပြေလို့ ဝတ်ဟယ် စားဟယ်ဆိုရင် ယောက္ခမကြီးက မကျေနပ်ပြန်ဘူး။သားလေး မူကြိုတက်ရမယ့် အရွယ်ရောက်လာလို့ မူကြိုထားပြန်တော့လဲ အပြစ်က မလွတ်ချင်ပြန်ဘူး။
"ဆန်မရှိပဲ အစားကြီးတာ ...ကလေးသေးသေးလေးက ဘာသင်လို့ရအုံးမှာလဲ ... တမင် ငါ့သားကို ခိုင်းစားချင်နေတာ...သူ့ကြည့်တော့ ရှစ်တန်းအောင် အဆင့်ကများ "
ယောက္ခမကြီးရဲ့ ဝသီပေပဲလား။ ဒါမှမဟုတ် အေးမြနွယ် လုပ်သမျှကို အကောင်းမမြင်နိုင်တာပဲလားမသိတော့။အေးမြနွယ် ဘာလုပ်လုပ် အပြစ်လွတ်တာကို မရှိခဲ့။ တကယ်ဆို ကိုကြီးတစ်ယောက်တည်း ငွေရှာနေတာမဟုတ် ။အေးမြ နွယ်လဲ တစ်ဖက်တစ်လမ်းမှ ငွေရှာခဲ့တာပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် အေးမြနွယ်ကတော့ ပြောပြောဆိုဆို နဲ့ပင် ခြံဝန်းထဲမှာ နေခိုင်းတာကိုပဲ ကြံဖန် ကျေးဇူးတင်နေမိတာပါ။တစ်ခါတစ်ရံ ခြံထဲက မောင်းထုတ်တတ်ပေမဲ့ သူ့သားရဲ့ မထုံတတ်ထေး အပြုအမူနဲ့ မထင်ရင် မထင်သလို ပြောတတ်တဲ့ အကျင့်ကိုကြောက်လို့ ရဲရဲဝံ့ဝံ့တော့ မောင်းထုတ် တာမျိုး မရှိခဲ့ပေ။ ဒါကပင် အေးမြ နွယ်အတွက်တော့ ကျေးဇူး တင်စရာဖြစ်ခဲ့တာပါ။
အခုလို မဖြစ်မနေ အိမ်ခွဲနေရမယ်ဆိုရင်တော့ ကိုကြီးလည်း ကြိုးစားလာနိုင်ကောင်းရဲ့လို့ အေးမြနွယ် မဝံ့မရဲ မျှော်လင့်နေမိတယ် ။သေချာတာက ယောက္ခမတွေကတော့ အေးမြနွယ်တို့မိသားစုနေဖို့အတွက်ပါ အိမ်ငှားပေးမှာမဟုတ်ဘူးဆိုတာပါပဲ။
~~~~~~~
"အမေတို့ အိမ်ပြောင်းကြမယ် ... အိမ်သစ်ကိုရောက်ရင် မင်းတို့တူ ငဇိုးကို .. မင်းတို့နဲ့မောင်နှမလို့ပြောကြနော် ... ပြီးရင်လဲ အရင်လို ငဇိုးလို့ မခေါ်ကြနဲ့ သူ့နာမည်အရင်းကိုပဲ ခေါ်ကြ ...ကြားကြရဲ့လား "
"ဟုတ်ကဲ့ အမေ ...ဒါနဲ့ သမီးတို့ ဘယ်ကိုပြောင်းကြမှာလဲဟင် အမေ ....မြို့ထဲကို ပြောင်းမှာလား ."
"ဒါဆို ကျွန်တော်က ...ငဇိုးကို ညီလေးလို့ခေါ်ရမှာပေါ့ ဟုတ်လား အမေ "
ဒေါ်ရီက သမီးနှစ်ယောက်နဲ့ သားငယ်ကို ပြောလိုက်တော့ သားအငယ်ကောင်က မိခင်ဖြစ်သူဒေါ်ရီကို ပြုံးစိစိ အမူအရာနဲ့ ပြန်မေးလိုက်တယ်။ ဒေါ်ရီကတော့ သားဖြစ်သူရဲ့ အပြောကို ဂရုမစိုက်အားဘဲ မြေးဖြစ်သူ ငဇိုးခေါ် ဟန်သော်လင်းကို လှမ်းပြောလိုက်တယ်။
"ဟိုကောင်လေး ငါပြောတာကြားရဲ့လား ... ဒီနေ့ကစပြီး ...ငါက နင့်အမေနော် .. နင့်အမေစန္ဒာဝင်းက နင့်ရဲ့ အစ်မကြီး ဖြစ်သွားပြီးသိလား ...ဒီနေ့က စပြီး မမကြီးလို့ခေါ်ပဲ ခေါ်ရမယ်မှတ်ထားနော် ..."
ဟန်သော်လင်းက ဘွားအေးဖြစ်သူကို မျက်လုံးပြူးပြူးနဲ့ မော့ကြည့်လိုက်ပြီး ခေါင်းကို ငြိမ့်ပြလိုက်တယ်။အမေ့ကို အမေလို့ မခေါ်ရတာများ သူ့အတွက် ဘာထူးဆန်းနေလို့ တကူးတက မှာနေရတာလဲ။ဘယ်တုန်းကရော အမေလို့ ခေါ် ခဲ့ရလို့လဲ။ ခေါ်တော့လဲ ထူးခဲ့လို့လား။ဟန်သော်လင်းမှတ်မိသလောက်တော့ အမေ့နားကို ကပ်လိုက်တဲ့အခါတိုင်း အဝေးကို မောင်းထုတ်ခံခဲ့ရတာပဲမဟုတ်လား ။
" အမေ "
" ဘာလုပ်ဖို့ ခဏခဏ ခေါ်နေရတာလဲ ...မုန့်ဖိုးလိုချင်တာမဟုတ်လား ... ရော့ ...ရော့ ...ဒီမှာ ယူသွား ...နောက်တစ်ခါ ငါမခေါ်ဘဲ ငါ့နားမလာနဲ့ ကြားလား ...မုန့်ဖိုး လိုချင်ရင် နင့် အဘွားဆီက တောင်းသွား ...တကယ်ပဲ တစ်ခါတလေ အိမ်ပြန်လာရလို့ အေးအေးဆေးဆေး နေရမလား မှတ်တယ် ...ဒီကောင်လေးက ငါ့ကို အမြဲ ဒုက္ခပေးတဲ့ကောင်လေး "
အမေ့ဆီက ဒီလိုစကားတွေ ကြားရဖန်များလာတဲ့နောက်မှာတော့ အမေခရီးက ပြန်လာပြီဆိုရင် ဟန်သော်လင်း အမေ့နားကို မကပ်တော့ပါ။ အိမ်ပေါက်ဝမှာ မှုန်တေတေနဲ့ ထိုင်ရင်း အမေ့ကို ခိုးကြည့်မိ။အမေ့ဆီက ခေါ်သံကိုမျှော်လင့်ခဲ့မိတယ်။ ဒါပေမဲ့လည်း အမေ့ဆီကနေ ဟန်သော်လင်းကို ယောင်လို့ မှ ခေါ်သံမကြားခဲ့ဘူးပါလေ။ဟန်သော်လင်းအတွက် လက်ဆောင်ဟူ၍လဲ သီးသီးသန့်သန့် ပါခဲ့ဖူးခြင်းမရှိခဲ့ပါ။ ဦးလေးဖြစ်သူ မလိုချင်သော အရာမှ သာ ဟန်သော်လင်း ရရှိတာမျိုးပင်။
"အခုပြောတာတွေကို... အခြားသူတွေကိုလဲ လျှောက်မပြောနဲ့နော် ... ပြီးတော့ နင့်အဖေနဲ့တွေ့ရင်လဲ ပြောမနေနဲ့အုံး "
" မှာမနေပါနဲ့ အမေရယ် ...သူ့အဖေကဖြင့် လမ်းမှာ တွေ့တာတောင် အဖက်လုပ်တာမဟုတ်ပါဘူး ...မသီချင်ယောင်ဆောင်သွားတာကို ..ပြီးတော့ အမျိုးသမီးတစ်ယောက်နဲ့ လဲတွဲနေတယ်လေ ...သူ့ကို ဂရုစိုက်ပါလိမ့်မယ် အားကြီးကြီး ....သမီးတို့က သနားလို့ခေါ်ထားလို့ပေါ့ ..မဟုတ်ရင် ဒီကောင်လေးတော့ လူတောင် ဖြစ်လာမှာမဟုတ်ဘူး "
ဟန်သော်လင်း အဒေါ်ဖြစ်သူကို ပေစောင်းစောင်းနဲ့ တစ်ချက်ကြည့်လိုက်ပြီး အိမ်ပြင်ကို ထွက်လာခဲ့လိုက်တယ်။
"ဟဲ့ ကောင်လေး ...ဒါက ဘယ်လဲ ...စာမကျက်ဘူးလား ... စာမေးပွဲက ဖြေရတော့မှာကို ... အပေအတေကောင်လေး "
အဘွားနဲ့ အဒေါ်တွေရဲ့ ဆူပူပြောဆိုသံတွေကို ကျောခိုင်းပြီး ဟန်သော် လင်း လမ်းပေါ်ကို ပြေးထွက်လာခဲ့တယ်။ သူ့အတွက် လမ်းပေါ်မှာနေရတာက စိတ်အချမ်း သာဆုံးပဲလေ။
~~~~~
"အဖေတို့တွေ... အဘွားတို့နဲ့ တူတူနေကြမယ်နော် သမီး ...အဘွားအိမ်မှာ ကိုကိုတွေ ...မမတွေနဲ့ ညီမလေးလဲ ရှိတယ် ပျော်စရာကြီး သမီးရဲ့ "
"ဟုတ်ကဲ့ ဖေဖေ "
