ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
သူ့ကို ထိုးလိုက်တဲ့ သူဆီကနေ အနီရင်ထင်တာနဲ့ ထပ်တူကျတဲ့ စကားသံထွက်လာတယ်။အနီရင့် ဟန်မပျက်အောင် ထိန်းပြီး အသံမာမာနဲ့ ပြန်အော်ပစ်လိုက်တယ်။ သူကတော့ အနီရင့်နောက်မှာ တုတ်တုတ်မလှုပ်ဘဲ ရပ်မြဲတိုင်း ရပ်နေတယ်။ "ရှင်တို့ ရူးနေလား ... သူက ကျွန်မချစ်သူရှင့် ... အဲ့ဒီအစ်မကြီး တအားမူးနေလို့ ကူညီပေးနေတာ ...ကျွန်မက အိမ်နဲ့ ဖုန်းသွားပြောနေတာသိရဲ့လား ...ရှင်တို့က မမေးမမြန်းနဲ့ ဘာတွေလဲ ...ရှင်တို့ကို တိုင်မယ်" အနီရင့် ဟန်ပါပါနဲ့ဖုန်းကိုဖွင့်ပြီး ဟိုဒီနှိပ်မယ့်ပုံလုပ်ပြလိုက်တော့ သူတို့ နှစ်ယောက်လုံး ပျာပျာသလဲနဲ့ တောင်းပန်ကြတယ်။ သူတို့လည်း အနီရင့်လို သတင်းအစအန ကြားလို့ လိုက်ချောင်းကြတာဖြစ်ပုံရတယ်။ဘာမှရေရေရာရာသိပုံမရကြဘူး။အနီရင့်လည်း ခပ်တည်တည်နဲ့ ဆက်ပြောလိုက်ပြီး သူ့လက်ကိုဆွဲယူပြီး ဆိုင် ပြင်ကို ထွက်လာခဲ့လိုက်တယ်။ ***** လင်းရိပ် နေရာမှာတင် အငွေ့ပျံ ပျောက်ကွယ်သွားချင်တဲ့စိတ်ကလွဲလို့ ဘာကိုမှ ရေရေရာရာ မတွေးတောမိတော့ဘူး။ ဖြုန်းခနဲ အရိုက်ခံလိုက်ရတဲ့ အချိန်မှာ လင်းရိပ်အမြစိုးရိမ်ပူပန်နေ ခဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့လိုက်ရပြီဆိုတာကို သိလိုက်ပေမဲ့ လင်းရိပ် မရှောင်လိုက်နိုင်ဘူး။ ရုတ်တရက် လူမိသွားချိန်မှာ လင်းရိပ် တွေးနေမိတာက အမေ့အတွက်ဆေးဖိုးငွေပဲ ။ လကုန်ဖို့က လိုသေးတယ်။ ရှိတဲ့ပိုက်ဆံက ဆေးဖိုးမပြည့်ဘူး။ ဆေးက မနက်ဖြန်ဝယ်ပြီး ပို့ပေးလိုက်ရတော့မှာ ။ လင်းရိပ် ခေါင်းထဲမှာ ချာချာလည်အောင် မူးနေတယ်။ကောင်မလေး တစ်ယောက် ရုတ်တရက် သူ့ရှေ့ရောက်လာတာကိုလည်း သိလိုက်ပေမဲ့ အမြင်တွေက မသဲမကွဲ။တစ်ခါလေး မျှပင် မတွေးခဲ့ဖူးတဲ့ လောကကြီးထဲကနေ အပြီးတိုင် ပျောက်ဆုံးသွားချင်စိတ်တွေပဲ ဖြစ်ပေါ်လာမိတယ်။ ဒီဘ၀ ၊ ဒီမိသားစု ၊ ဒီအခြေအနေအားလုံးကို ချန်ရစ်ထားခဲ့ပြီး အခိုးအငွေ့တွေ အဖြစ် ပျောက်ရှသွားပစ်လိုက်ချင်တဲ့စိတ်။ကောင်မလေးက သူ့ရှေ့မှာ မတ်မတ်ရပ်ပြီး သူ့ကို့ကာကွယ်ပေးနေတယ်။ဒါ သူ့ဘဝမှာ ပထမဆုံး အကြိမ် ကြုံဖူးတာ။ လင်းရိပ်တစ်ဘ၀လုံး ချစ်ခင်တွယ်တာ ရသူမှန်သမျှကို လင်းရိပ်ကပဲ ကာကွယ်ပေးခဲ့ရတာလေ။ကောင်မလေးက သူ့လက်ကိုဆွဲတာကို လင်းရိပ် သိလိုက်တယ်။ပြီးတော့ ဆိုင်ထဲက ထွက်လာကြတယ် ။လမ်းပေါ်ရောက်တော့ ကား တစ်စီးကို ထားပြီး တက်စီးလိုက်ကြတယ်။ လင်းရိပ် ကောင်မလေးဆွဲခေါ်ရာနောက်ကို သတိကင်းမဲ့သူလို လိုက်ပါလာခဲ့မိပြီး ကားပေါ်မှာ ခေါင်းကို အောက်စိုက်ချပြီး ထိုင်နေမိတယ်။လက်ကလည်း ခေါင်းပေါ်က ဦးထုပ်ကိုပဲ မျက်နှာကို အုပ်သထက် အုပ်အောင်အကြိမ်ကြိမ် အခါခါ ဆွဲချနေမိတယ်။ **** " ဒီမှာ ...ဆင်းလေ ... ရောက်နေပြီ ..." အနီရင့်က ပါးစပ်က ပြောလိုက်ရင်း ငူငူငိုင်ငိုင် ဖြစ်နေတဲ့ သူ့ကို ကားပေါ်ကနေ ဆွဲချလိုက်တယ်။ ပြီးတော့ သူ့လက်ကို ဆောင့်ဆွဲပြီး ခေါ်ခဲ့လိုက်တယ်။ သူက သတိကင်းမဲ့နေသူလို အနီရင့်ဆွဲခေါ်ရာနောက်ကို လိုက်ပါလာတယ်။ တိုက်ခန်းရဲ့ မည်းမည်းမှောင်မှောင် လှေကားတွေကို နင်းပြီး အနီရင့်ရဲ့ အခန်းရှေ့ကို ရောက်လာခဲ့တယ်။အနီရင့် အခန်းသော့ကို ဖွင့်ပြီး အခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာ သူက သတိဝင်လာပုံရပြီး ခန္ဓာကိုယ်က ဆတ်ခနဲ နောက်ကို ဆုတ်သွားတယ်။ သူ့ပုံစံက တစ်ခုခုကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ ပုံနဲ့။ မျက်နှာ တစ်ပြင်လုံးလည်း သွေးဆုတ်ဖြူရော်လို့။တိုက်ခန်းထဲကို ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။သူ့ဖြစ်နေပုံကို ကြည့်ပြီး အနီရင့်သဘောပေါက် နားလည်မိသွားတာမို့ အသံခပ်တိုးတိုးနဲ့ ပြောလိုက်မိတယ် ။ " ဒီမှာ ...ရှင် မြန်မြန်ဝင်လေ ...ရှင်လုပ်ပုံနဲ့ အခြားသူတွေ သိကုန်တော့မှာပဲ...ကျွန်မမှာ ပိုင်သူ မရှိဘူး ....ဆိုင်သူတော့ ရှိတယ် ...ဒါပေမဲ့ ဒီညတော့ သူ မလာတာ ကျိန်းသေးတယ် ...တကယ်လို့ လာခဲ့ရင်လည်း ... ဒီညတော့ သူကို ကျွန်မတိုက်ခန်းထဲကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး " အနီရင့်ရဲ့စကားဆုံတော့ လင်းရိပ်ကြောင်တိကြောင်တောင်နဲ့ အခန်းထဲဝင်ခဲ့ပြီး ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။ ဒီအချိန်ထိ ဆူ့ကို ခေါ်လာတဲ့မိန်းခလေး ဘယ်သူမှန်းလင်းရိပ် မသိသေးဘူး။ သူ့ကို ဒီထိ ဘာလို့ ခေါ်လာမှန်းလည်း လင်းရိပ် မသိဘူး။ လင်းရိပ် သိတာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားချင်နေတဲ့စိတ်ပဲ။ " ရော့ ...ကော်ဖီသောက်လိုက်အုံး ....အစကတော့ ရှင့်အိမ်အထိ ပြန်ပို့ပေးမလို့ပဲ .. ကားပေါ်မှာ ရှင့်ကို မေးနေတာ ရှင်ကလဲ မဖြေဘူးလေ ..." လင်းရိပ် တတွတ်တွတ် ပြောနေတဲ့ သူမကို ငေးမောကြည့်နေမိတယ်။ဒီမျက်နှာ ၊ ဒီအသံ ၊ ဒီအခန်းကို လင်းရိပ် ပြန်မှတ်မိလာတယ်။ " ပြောင်းလဲတတ်တဲ့ မင်းကို ...တို့ဘယ်လိုမှ နားမလည် ....ကြင်နာတတ်သော ....အညိုရောင်မျက်ဝန်းများ စိမ်းကားလေရဲ့..." လင်းရိပ်နဲ့အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြတုန်း ရုတ်တရက်ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် နှစ်ယောက်သား လန့်ဖျန့်သွားမိကြတယ်။ ဖုန်းက အနီရင့်ရဲ့ဖုန်း။ အနီရင့်က ဖုန်းကို မကိုင်ဘူး။ ဖုန်းက ထပ်မြည်လာတယ်။အနီရင့် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ လင်းရိပ်ကတော့ ဖုန်းကို ကြည့်ပြီး ခြေတွေလက်တွေ တဆတ်ဆတ်တုန်နေပြီ။ အနုရင့်က ဖုန်းကို ကိုင်ထားရင်း လင်းရိပ်ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ ################

လက်ကနာရီကို ကြည့်လိုက်မိတယ်။အချိန်က ည ( ၁၀) နာရီထိုးတော့မယ် ။ကိုဘုန်းရဲ့ အရိပ်အယောင်ကိုပင် မမြင်ရ။ ကြားရတဲ့ သတင်းကများ မှားနေတာလား။ ဒါမှမဟုတ် အခြားတစ်နေရာများ သွားသလားမသိ။အနိရင့် ကိုဘုန်းဆီကို ဖုန်းဆက်ကြည့်ရန် လူရှင်းတဲ့ ဆိုင်ရဲ့ အပြင်ခန်းတစ်နေရာကို ထွက်လာခဲ့လိုက်တယ်။ ****** လင်းရိပ် သူဌေးမမရဲ့ဘေးနားမှာကပ်ထိုင်ရင်း သူမစိတ်အလိုကျ နေပေးနေရတယ်။အရက်ငှဲ့ပေး၊ မုန့်ခွံကျွေး ၊ ဆေးလိပ်မီးညှိပေးတာက အစပေါ့။ မမကြီးက အစက ရိုးရိုးတန်းတန်း အရက်သောက်ရုံ အေးဆေးပဲ။ ဒါပေမဲ့ အရက်ဝင်သွားတော့ ပုံစံက ပြောင်းလာတယ်။ လင်းရိပ်ပခုံးပေါ်မှာ မှီနွဲ့ထားတဲ့ခေါင်းကို ဇွတ်ရုန်းပြီး လင်းရိပ်ကို ရိုက်တယ်။ဆဲတယ်။ သူမရဲ့ အခြေအနေကို ခန့်မှန်းမိတဲ့ လင်းရိပ်က ပြန်ဖို့ ပြင်ရတယ်။ သူမ ပိုက်ဆံအိတ်ထဲကငွေကိုယူ ပြီး ဘေရှင်းဖို့ပြင်လိုက်တယ်။ သူဌေးမမက မူးနေပေမဲ့ အိတ်ကို လင်းရိပ် ယူလိုက်တာကို ချက်ချင်းသိတယ်။ လင်းရိပ်လက်ထဲကအိတ်ကို ပြန်လုပြီးတော့ လင်းရိပ်ကို စိတ်ကြိုက် ထုရိုက်တယ်။ ဒီအခြေအနေကဒီကိုလာတိုင်း ဖြစ်နေကျ ပုံစံလို့ပဲပြောရမလား။ဒါကြောင့်လည်း ချောင်အကျဆုံးနေရာကိုပဲ အမြဲ ရွေးထိုင်ခဲ့ကြတာပေါ့။ မသကာ နာရီဝက် ပေါ့။ဒီနာရီဝက်ကျော်ကျော်ကို လင်းရိပ်သည်းခံ ကျော်ဖြတ်နိုင်ပြီးသွားတာနဲ့ သူဌေးမမကို ကားပေါ်တင်ပြီး မောင်း ခေါ်သွားလိုက်ရင် အိမ်ရောက်ခါနီးဆိုအမူးပြေချင်ချင်ဖြစ်သွားပြီ။ ဒါဆို အိမ်ရောက်ရင် လင်းရိပ်က သံပရာရည် လေးဘာလေး ဖျော်တိုက်ပြီး ပြုစုပေးလိုက်ရင် အခြေအနေ တော်တော်ကောင်းသွားပြီ။ သူမ လုံးဝ သတိပြန်ဝင်လာပြီဆိုရင်တော့ သူမရင်ဖွင့်တာကို နားထောင်ပေးပြီး ရင်ခွင်ထဲထွေးဖက်ပေး ၊ အနမ်းလေးတွေ ခြွေပေးလိုက်ရုံနဲ့ မိခင်ကြီးအတွက် တစ်ပတ် နှစ်ပတ်စာ ဆေးစရိတ်ရတတ်တာလေ။မိခင်ကြီးသောက်သုံးနေရတဲ့ ဆေးဝါးတွေက ဘယ်လောက် ဈေးကြီးလဲ။ဆေးတွေက ဈေးကြီးပြီးရှားပါးဆေးတွေမို့ နယ်မှာ ၀ယ်လို့မရလို့ လင်းရိပ်ပဲ ရန်ကုန်ကနေ ဝယ်ပို့ပေးနေရတာလေ။ဒါကြောင့် ခဏလေးပဲ လင်းရိပ် အောက်ကျို့ သည်းခံနိုင်ဖို့ ဆုံးဖြတ်ထားတယ် ။လင်းရိပ် လျှာထိုး ဦးထုပ်ကို မျက်နှာရှေ့ကိုငိုက်သထက် ငိုက်အောင် လက်နဲ့ ဆွဲချလိုက်တယ်။ ****** အနီရင့် လူရှင်းချောင်ကျတဲ့ နေရာကို ထွက်လာပြီး ကိုဘုန်းဆီဖုန်းခေါ်လိုက်တယ်။ဖုန်းက တစ်ကြိမ်နဲ့ ခေါ်မရ ။ ဒုတိယအကြိမ်မြောက်ခေါ်လိုက်တယ်။ " ဟယ်လို "ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ မိန်းခလေးအသံကြောင့် အနီရင့် ရင်ထဲ ဒုန်းခနဲ ဆောင့်ခုန်သွားမိတယ်။ ဒီအသံက အနီရင့်နဲ့စိမ်း သက်လွန်းလှတယ်။သေချာတာက ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့ညီမ အသံတော့ မဟုတ်ဘူး ။ ဒါဆို ဘယ်သူများလဲ။အတွေးပေါင်းစုံ တွေးပြီး အနီရင့် အသက်ရှူကြပ်လာသလို ခံစားလာရတယ်။ဖုန်းကိုင်ထားတဲ့ လက်တွေကလည်း တဆတ်ဆတ် တုန်ယင်နေလေပြီ။ "ကို ....ကိုမြတ်ဘုန်းသွင်ရှိလား ..."အသံကို မတုန်အောင် ထိန်းနေရင်းက အနီရင့် ထစ်ထစ်ငေါ့ငေါ့ နဲ့ မေးလိုက်မိတယ်။ "ကိုကို....." " ဖြောင်း " အနီရင့် တစ်ဖက်မှ အသံကို ဆုံးအောင် မကြားလိုက်ရပါ။ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် အံ့ဩသွားပြီး မြင်ကွင်းကို အကြောင်သား ငေးကြည့်နေမိတယ်။မြင်ကွင်းက ခုန အနီရင်လျှောက် လာတုန်းက မူးပြီး စကားများနေကြပုံရတဲ့ စုံတွဲတစ်တွဲက အမျိုးသားဖြစ်သူကို အခြားအမျိုးသားတစ်ယောက်က ကမူးရှိုးထိုးနဲ့ ပြေးဝင်လာပြီး မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တာ။ ရုတ်တရက်မို့ အမျိုးသားလည်း ရှောင်လိုက်နိုင်ပုံမရဘူး။ခေါင်းပေါ်က ဦးထုပ်ပါ လွှင့်ထွက်သွားရှာတယ်။ ဦးထုပ်ကျွတ်ကျသွားတော့ မြင်လိုက်ရတဲ့မျက်နှာကိုကြည့်ပြီး အနီရင့် ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားမိတယ်။ပြီးတော့ မြင်ကွင်းရံ့ အခြေအနေကို ချက်ချင်း သဘောပေါက်နားလည်မိသွားတယ်။သူပြဿနာတက်နေပြီ။တစ်ခါက တစ်ညအတူကုန်ဆုံးဖူးခဲ့တဲ့ သူ။ အခုသဒုက္ခရောက်နေပြီဆိုတာကို အနီရင့် ချက်ချင်းသိလိုက်မိတယ်။သူက တစ်ယောက်တည်း။တစ်ဖက်က နှစ်ယောက်။အမျိုးသမီးကြီးက မူးပြီး မှောက်နေပြီ။ စားပွဲထိုးလေးတွေလည်း အနားမှာ မရှိ။ခပ်လှမ်းလှမ်းက လူတွေလည်း သိသိသာသာ အကဲခတ်နေကြပြီ။ အနီရင့် ကြည့်နေတုန်းမှာပဲ ဟိုလူက ထပ်ထိုးဖို့ပြင်တယ်။ သူ့ကို ကြည့်လိုက်တော့ ခေါင်းကြီးအောက် စိုက်လို့ ဦးထုပ်ကို ပြန်ကောက်ဖို့ကြိုးစား နေပုံရတယ်။မြင်ကွင်းကို ကြည့်နေမိရင်း အနီရင့်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူတို့ဆီကို ဝုန်းခနဲ ပြေးဝင်သွားလိုက်မိတယ်။ " ရှင်တို့ ဘာလုပ်တာလဲ ....ကျွန်မချစ်သူကို ဘာလို့ထိုးတာလဲ ...ရှင်တို့ကို ရဲတိုင်မယ် " အနီရင့်လည်း သူ့ရှေ့ကပိတ်ရပ်လိုက်မိပြီး ဘာတွေ ပြောလိုပြောမိမှန်းပင်မသိ။ဦးနှောက်က ဇာတ်လမ်းဇာတ်ကွက်များကို အမြဲစဉ်းစားနေတာမို့ လျှပ်တစ်ပြတ် ဇာတ်လမ်းတစ်ပုဒ်က နှုတ်ကအလိုအလျောက် ထွက်သွားမိတာပင်။အနီရင့်ရဲ့ အပြုအမူကြောင့် နှစ်ယောက်သားမှာ ကြောင်အမ်းအမ်းဖြစ်သွားပုံရပြီး " မင်း ဘာပြောတာလဲ ...ဒီကောင်က ပိုင်းလုံး ...တောက် ... ငါ့အမေကို ချူစားနေတဲ့ကောင်ကွ..."

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၆ ) ***** " နှင်းကို လိုင်းပေါ်မှာလဲ မတွေ့လို့ဖုန်းခေါ်လိုက်တာ...အလုပ်တွေ မပြီးသေးတာလား ... မောင် အရမ်းပင်ပန်းနေလို့ ဒီည စောစောအိပ်တော့မယ်လို့ ပြောမလို့ပါ " " ဟော့တော့ မောင်က အိပ်တော့မလို့လား ...နှင်းက အမေခိုင်းထားတာတွေ လုပ်နေရလို့ မအားသေးလို့ပါ မောင်ရဲ့ ....နှင်းကို စိတ်တိုနေတာတော့ မဟုတ်ပါဘူးနော် မောင်..." နှင်းသီရိက အသံကို ချွဲချွဲပျစ်ပျစ်နဲ့ ပြောလိုက်တယ်။ " ဟာ ..မဟုတ်ပါဘူး နှင်းရာ ... မောင်က နှင်းစိတ်ကောက်နေမှာပဲဆိုးတာ ...ဒါနဲ့ နှင်း နှုတ်ခမ်းနီ လိုချင် တယ်ဆို ...အဲဒါ မောင်ငွေလွှဲပေးထားတယ်နော် ..." " ဟယ် ...တကယ်....အားနာလိုက်တာမောင်ရယ် .....အစက နှင်းစုထားတဲ့ ပိုက်ဆံနဲ့ ၀ယ်မလို့ပါ ....အမေက ငွေအသုံးလိုလို့ ဆိုပြီး နှင်းရဲ့စုငွေကိုပါ ယူသွားလို့ လေ... ကျေးဇူးပါနော် မောင်...အဲ့ဒါကြောင့် မောင့်ကို ချစ်နေရတာ သိလား " နှင်းသီရိက ပျော်ရွှင်မြူးတူးစွာ လင်းရိပ်ကို ပြောလိုက်တယ်။ အမှန်တကယ်တော့ နှင်းသီရိရဲ့စုငွေကို မိခင်ဖြစ်သူက တောင်းယူသွားတာမဟုတ်ဘဲ နှင်းသီရိ အကြွေးနဲ့ ဝယ်ထားတဲ့ အထည်ဖိုး တွေပေးလိုက်ရတာပင်။ တစ်လတစ်လ တတ်နိုင်သလောက် ချွေတာသုံးပေမဲ့ လကုန်ရင် နှင်းသီရိမှာ လစာ မကျန်တာက များတယ်။ တစ်ခါတလေ အိမ်စရိတ်ပေးရမဲ့ ငွေတစ်သိန်းခွဲမပြည့်လို့ ချစ်သူ လင်းရိပ်ဆိက ချေးရတာလည်း အခါခါပင်။ဒီလိုအမြဲ ဖြစ်နေတဲ့နှင်းသီရိရဲ့ ဘ၀ဖြစ်တည်မှုကို နှင်းသီရိ သဘောမကျ ။နှင်းသီရိက ကောင်းကောင်းစားချင် ၊ ကောင်းကောင်းဝတ်ချင် ၊ ကောင်းကောင်း သုံးချင်တာ ။ ဒါပေမဲ့ နှင်းသီရိ ဘ၀က မတတ်နိုင်။ချစ်သူကို ကြည့်ပြန်တော့လည်း တစ်လတစ်လ တစ်သိန်းစ၊နစ်သိန်းစ ထက်ပိုပြီး ပေးနိုင်ပုံမရ ။ ဒါကြောင့်ပင် နှင်းသီရိ အနေနဲ့ ကိုထက်တို့လို ဘောစိ စပွန်ဆာတွေနဲ့ တွဲနေရတာပေါ့။သူတို့နဲ့ တွဲနေတဲ့ တောက်လျှောက်မှာ သူတို့ အတည်ဆို နှင်းသီရိ ဘက်ကလည်းအတည်။သူတို့ဘက်က အပျော်ဆို နှင်းသီရိ ကလည်း အပျော် ပေါ့။တွေ့ဆုံခဲ့ကြတဲ့သူတွေနဲ့ ခွဲခွါခြင်းမှာ ဝမ်းနည်းကြေကွဲခြင်း ဘာအနှောင်အဖွဲ့မှ မရှိတာ အသေအချာပင် ။နှင်းသီရိ အတွက် အချစ်ထက် ငွေကြေး ဂုဏ်က ပိုအရေးပါပေမဲ့ လင်းရိပ်လို သူနိုင်သမျှအင်အားလေးနဲ့ အလိုက်သိတဲ့ ချစ်သူကိုလည်းမစွန့်လွှတ်နိုင်ဘူး။တကယ်လို့များ ဘောစိတစ်ယောက်ယောက်က အတည်တကျ လက်ထပ်ခွင့် တောင်းလာရင်တော့လည်း မီးစင်ကြည့်ကဖို့ နှင်းသီရိ ဆုံးဖြတ်ထားပြီးသားပင်။ အချစ်က ဗိုက်ဝစေတာမှ မဟုတ်ဘဲလေ။ ******* လင်းရိပ် ချစ်သူကို ဖုန်းဆက်ပြီးတာနဲ့ သူဋ္ဌေးမမချိန်းတဲ့ နေရာကို ထွက်လာခဲ့တယ်။ ******* ခပ်မှိမှိန် မီးရောင် အောက်က စားပွဲအချို့မှာ လူတွေ ကိုယ့်အစု နဲ့ ကိုယ် သောက်စားနေကြတယ်။အတွင်း ခန်းမထဲက ခပ်မိုက်မိုက် ဒီဂျေကောင်လေးရဲ့ရှေ့မှာ ယောကျာ်း၊ မိန်းမအားလုံး တီးလုံးသံနဲ့အပြိုင် ပျော်ရွှင်မြူးတူးစွာကခုန်နေတယ်။ အားလုံး ပျော်လို့ရွှင်လို့ ။ဒီအုပ်စုတွေထဲမှာ မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ သူဋ္ဌေး သားသမီးတွေပါသလို၊ဘဝကို စိတ်အလိုမကျဖြစ်နေသူတွေ ၊ စပွန်ဆာရှာနေကြတဲ့ ကောလေးတွေ ၊ ကောင်မလေးတွေ၊ အရာရာ စူးစမ်းချင်သူတွေ၊ လူလိမ်လူညာတွေ၊ဘ၀ ဝမ်းရေးအတွက် အသွေးအသားကို ရောင်းစားနေရတဲ့သူတွေရယ် ပြီးတော့ အနီရင့်လို အချစ်ရူးရူးနေတဲ့ ခပ်ကြောင်ကြောင် မိန်းခလေးမျိုးတွေလည်း ပါနိုင်တယ်။ တခြားစားပွဲဝိုင်းတွေမှာ ဘီယာ၊ အရက်နဲ့ ဝိုင်အမျိုးမျိုးကို သောက်နေကြချိန်မှာ အနီရင့်က အချိုရည်ကို သောက်ရင်း မျက်လုံးကို အစွမ်းကုန် ပြူးပြီး ချစ်သူကို ရှာဖွေနေမိတယ်။ကိုဘုန်း ဒီဆိုင်ကို ကောင်မလေးတစ်ယောက်နဲ့အမြဲလိုလို လာတတ်တယ်ဆိုတဲ့ သတင်း အတိအကျ ရထားလို့ အနီရင့် လာစောင့်ဖမ်းခြင်းပင်။တကယ်လို့ ကို ဘုန်းနဲ့ မဆုံရရင်လည်း ဝတ္ထုအတွက် ကုန်ကြမ်းရတာမို့ အနီရင့် အရဲစွန့်ပြီး တစ်ယောက် တည်းထွက်လာခဲ့တာ။ဒီလိုအချိန်မျိုးတွေမှာ အနီရင့်ဘေးနားမှာ အပေါင်းအသင်း သူငယ်ချင်းတွေမရှိတာကို နောင်တရမိတာတော့အမှန်ပင်။တစ်ချိန်လုံး၊ ဘဝတစ်လျှောက်လုံး ကိုဘုန်း တစ်ယောက်တည်းကိုပဲ ကြည့်ပြီး နေထိုင်လာခဲ့မိတာကို ခုချိန်မှာ နောင်တရချင်နေမိသလိုလိုပင်။အချိန်တွေကြာလာတာနဲ့ အမျှ အနီရင့်ဘက်ကသာ ကိုဘုန်းအပေါ်မှာ ချစ်ခင်တွယ်တာတာတွေ ၊ ယုံကြည်အားကို တာတွေ ပိုလာခဲ့ပေမဲ့ ကိုဘုန်းကတော့ အနီရန်အပေါ် တဖြည်းဖြည်း အေးစက်စိမ်းကားလာခဲ့တာကို အနီရင့် သေချာသိနေတယ်။ အနက်ရောင်ဘောင်းဘီရှည်နဲ့ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ အနီရင့်ပုံစံက သေးသေးသွယ် ယောကျာ်းလေးတစ်ယောက်နဲ့ ပင်တူနေတာမို့ ကိုဘုန်းမြင်ရင်ပင် အနီရင့်ကို မှတ်မိလိမ့်မယ် မထင်မိဘူး။အနီရင့် အချိုရည်ကို သောက်နေရင်း အရက်သောက်နေကြတဲ့ မိန်းမတွေကို တအံ့တဩလိုက်ငေးနေမိတယ်။အနီရင့် အရင်က အရက်ရော၊ ဘီယာပါသောက်ဖူးတယ်။ ဒါပေမဲ့ ခါးသက်ပြီး မီးလိုပူတဲ့ အရသာကြောင့် အနီရင့်မှာ တစ်ငုံ ထက်ပို မသောက်နိုင်ခဲ့။ဒါတောင် အဲ့ဒီ တစ်ငုံသောက်ပြီး သုံးလေးရက်လောက် နှာခေါင်းနဲ့ လျှာမှာ အနံ့နဲ့ အရသာတွေစွဲနေလို့ အန်လို့မဆုံးဖြစ်ခဲ့သေးတာ။ အနီရင့် ငေးချင်ရာငေးပြီး တွေးချင်ရာတွေးနေမိရင်းက

ဖုန်းမှန်းသိလိုက်ရတယ်။ဖုန်းပိုင်ရှင်က အသက်လေးဆယ်ကျော် အစ်မကြီး ။ သူက နည်းနည်းတော့ ထူးခြားတယ်။ သူ့ရဲ့ခင်ပွန်းက နယ်မှာ အလုပ်လုပ်နေတာ။ သူတို့မှာရှိတဲ့ သားကလည်း အိမ်ထောင်ကျပြီး အဝေးမှာပဲနေတာ။နေ့ခင်းဘက်မှာ ကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့ အရာရှိမမကြီး။ညဘက် အိမ်ပြန်ရောက်ရင် အထီးကျန်နေတဲ့ ဘဝပေါ့။အမျိုးသားကို ဖြစ်လာဖို့ခေါ်တော့လည်း ပြန်မလာဘူးတဲ့။နယ်မှာ နောက်အိမ်ထောင် ထပ်ပြုထားသလို ဘာလိုလိုသတင်းရတဲ့ ။ လိုက်သွားပြီး စုံစမ်းတော့လည်း မရေရာပြန်ဘူးတဲ့။ ဒါက အဲ့ဒီအစ်မကြီး ဘီယာတွေမူးနေတဲ့ အခါ အပ်ကြောင်း ထပ်နေအောင် ပြောတဲ့စကားတွေပေါ့။ အဲ့ဒီအစ်မကြီး လင်းရိပ်ကို ခေါ်တဲ့အဓိကရည်ရွယ်ချက်က လင်းရိပ်နဲ့ ပျော်ပါးဖို့ မဟုတ်ဘူး။ သူ့ယောက်ျားကို ပြောမထွက်တဲ့စကားတွေ။ သူ့သားနဲ့ ချွေးမ ကိုမကျေနပ်တာတွေကို ရင်ဖွင့်တာ။လင်းရိပ်က ကိုယ်စား ထုရိုက်ခံပေးရတာပေါ့။ဘာပဲဖြစ်ဖြစ် အသွေးအသားနဲ့ မရင်းနှီးဘဲ ငွေရတဲ့ ဖောက်သည် မျိုးဆိုတော့ လင်းရိပ် အဲ့ဒီအစ်မကြီးခေါ်တိုင်း စိတ်ပါလက်ပါ သွားမိတယ် ။ မသကာ ပါးလေးရိုက်ခံရရုံပဲရှိတတ်တာလေ။ သူ အရက်မူးပြီးငိုနေရင်တော့ နည်းနည်းပါး ချော့ပေး ဘာပေး။ရင်ခွင်ထဲ ဖက်ပြီး နှစ်သိမ့်ပေးရတဲ့ အခါလည်း ရှိတာပေါ့။ " ဟယ်လို " လင်းရိပ် ဖုန်းကို ပါးစပ်နားကပ်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။ " ကောင်လေး( .......) ဆိုင်ကို လာခဲ့ပေး ... အစ်မ မူးနေလို့မပြန်နိုင်လို့ " " ဟုတ်ကဲ့ ' လင်းရိပ် ဖုန်းကို ချပြီးတော့ သွားဖို့ပြင်ဆင်ရင်းနဲ့ ချစ်သူဆီကို ဖုန်းဆက်လိုက်တယ်။ **** နှင်းသီရိမှာ ကိုထက်နဲ့ ဖုန်းပြောနေတုန်း ချစ်သူလင်းရိပ်ဆီက ဖုန်းဝင်လာတာမို့ ကိုထက်ကို ခွင့်တောင်းပြီး လင်းရိပ်ရဲ့ဖုန်းကို ကိုင်လိုက်တယ်။ "ကိုထက် ...နှင်း ဖုန်းခဏချလိုက်မယ်နော် ... ဟိုမှာ အမေခေါ်နေလို့ ပြီးမှ နှင်းမစ်ကော ပြန်ပေးလိုက်မယ် " " ဟယ်လို ... ပြောလေ မောင်.." ############### အပိုင်း( ၆ ) ဆက်ရန် ဧကြည်ဖြူ "တစ်နေကုန် မီးပျက်နေလို့ ဖုန်းအားမရှိလို့ ညနေမှ ရေးရတယ် စာမူ တိုသွားရင့်သည်းခံပေးကြပါ" သတ်ပုံ ပြန်မစစ်အားလို့ မှားရင် ပြင်ဖတ်ပေးကြပါနော်

အားလုံးအတူစုပြီးချက်ကြရတာပေါ့။ထမင်းဟင်းချက်စားလို့မရတဲ့အဆောင်တွေလည်းရှိတယ်။အဲ့ဒီလို အဆောင်မျိုးကျတော့ အဆောင်မှူးတွေ ရှိတယ်။၀င်ချိန် ထွက်ချိန်ကို သတ်မှတ်ထားတတ်တယ်။ လင်းရိပ် ရန်ကုန် ရောက်စက အဲ့လို အဆောင်မှာ နေခဲ့ဖူးတယ်။နောက်တော့လည်း လည်လည်ဝယ်ဝယ်ရှိလာပြီး ကိုယ်နဲ့အဆင်ပြေမယ့် အဆောင်ကို ပြောင်းခဲ့ရတာပေါ့။ ရန်ကုန်မှာက အဆောင်တွေပေါတယ်။တစ်ယောက်စာ တစ်အိပ်ရာစာကို တစ်လ(20000) လောက်ကစပြီး သိန်းကျော်ထိရှိတယ်။ စျေးမြင့်ရင်မြင့်သလို အခန်းမရှိဘဲ ( hall ) ခန်းထဲ စုနေရတာမျိုးလည်း ရှိသလို တစ်ယောက်ခန်းကို အဲကွန်း ၊ ပန်ကာ ၊ ဗီဒို၊ စာကြည့်စားပွဲခုံကအစပါတဲ့ အခန်းမျိုးတွေလဲရှိတယ်။ လင်းရိပ်ကတော့ တစ်ယောက်ခန်းမှာ ပန်ကာ အသေးလေးတစ်လုံးပါရုံလောက် သာမန်အခန်းလေးမှာပဲနေခဲ့တယ်။ လင်းရိပ်နေတဲ့ အဆောင်မှာ က အဆောင်မှူးမရှိဘူး။ပြောရမယ်ဆိုရင် ရန်ကုန်မှာ လူရည်လည်းလည်ပြီးအဆောင်နဲ့ ပတ်သက်ရင်ကျွမ်းကျင်တဲ့သူက တိုက်ခန်းတစ်ခန်းကို လချုပ် နှစ်ချုပ်တွေနဲ့ ငှါးပြီး အဆောင်တွေအဖြစ် ပြန်ငှါးစားတာ။ တိုက်ခန်းက ရေ၊ မီးအပြီးအစီးကို တစ်လ သုံးသိန်း ကုန်ကျမယ်ဆိုရင် တစ်လကို ငါးသိန်းလောက်ရအောင် လူဦးရေတွက်ချက်ပြီး အငှါးတင်တာပေါ့။လင်းရိပ်နေတဲ့ အဆောင်ကို ငှါးတဲ့ သူဆိုရင် သူအဲ့ဒီလို ငှါးထားတဲ့ တိုက်ခန်းသုံးခန်းတောင်ရှိတယ်။သူ့အဆောင်တွေ လူမပြည့်ဘူးဆိုတာလည်းမရှိဘူး ။အမြဲ လူအပြည့်ပဲ။ ဘာပဲဖြစ်ဖြစ် လင်းရိပ်တို့လို နယ်ကလာတဲ့သူတွေအတွက် ဒီလို အဆောင်တွေရှိနေတာက ကျေးဇူးတင်စရာပါပဲ။ အဆောင်လခက လချင်းပေးဖြစ်လို့ တစ်လပဲ နေပြီး မနေ့ချင်ရင် အလွယ်တကူပြောင်းသွားရုံပဲလေ။ တစ်ခုတော့ရှိတာပေါ့ အဆောင်မှူးမရှိတော့ ကိုယ့််သော့နဲ့ ကိုယ် လွတ်လွတ်လပ်လပ် ၀င်ထွက်လို့ရတယ်ဆိုပေမဲ့ စည်းမရှိကမ်းမရှိ၊ နာလည်းမှု မရှိတဲ့လူတွေပါလာခဲ့ရင်တော့ အတော်လေးစိတ်ညစ်ရတာပေါ့။ဥပမာ လင်းရိပ်တို့အဆောင်က အခန်း(၁၀) ခန်းမှာ အခန်း (၂)၊ အခန်း ( ၅) နဲ့ (6) (7) (8) တို့မှာနေတဲ့သူတွေလိုပေါ့။ထူးခြားတာက အဲ့ဒီလူတွေက နိုင်ငံခြားသွားဖို့လုပ်နေကြတဲ့ လူတွေချည်းပဲ။ သူတို့က အဆောင်မှာ အမှိုက်ဖွ၊ အမှိုက်ရှုပ်ရုံအပြင် ဘာကိုမှ ဝိုင်းမကူတဲ့သူတွေလို့ပဲ ဆိုရမလား။ ***** လင်းရိပ် ဈေးထဲက၀ယ်လာတံ့အထုပ်တွေကိုဆွဲပြီး အဆောင် ရှေ့ကိုရောက်တော့ ထုံးစံအတိုင်း အဆောင်ရဲ့ လှေကားတွေက မှောင်မှောင်နဲ့မည်းမည်း ။လင်းရိပ် အမှောင်ထဲမှာ လှေကားတွေကို စမ်းတဝါးဝါး နင်းပြီး တက်ခဲ့လိုက်တယ်။ ****** မီးဖိုခန်းကိုကြည့်ပြီး လင်းရိပ် စိတ်ပျက်သွားမိတယ်။ဖော့ဘူးခွံတွေ့ မီးဖိုခန်းထဲမှာ ပွနေတာပဲ။ ကိုယ့်အမှိုက်ထုပ်ကိုယ်ပစ်ရမယ့်အနေအထားမှာ မပစ်ပဲထား တားတဲ့ အမှိုက်ထုပ်တွေက ပလုံစီနေတာပဲ။ အရင်ကတော့ အမြင်မတော်တာနဲ့ အမှိုက်ပစ်တာကအစ သောက်ရေ သုံးရေအထိ လင်းရိပ် လုပ်ပေးခဲ့တာ။ကြာတော့ ဘာဖြစ်လာလည်းဆိုတော့ အဲ့ဒီအလုပ်တွေက လင်းရိပ်ရဲ့တာဝန်ကြီးလို့ သူတို့က ထင်လာကြတာပဲ။ လင်းရိပ်လည်း သူတို့လို ငွေပေးပြီး ငှါးနေတဲ့သူလို့မမြင်တော့ဘဲ သူတို့ ရှုပ်သမျှ ဖွသမျှကို ရှင်းပေးရမယ် သူ ။ သူတို့ သောက်ဖို့ သုံးဖို့ ရေကုန်တာက အစ လင်းရိပ်ပဲလုပ်ရမယ်လို့ ထင်နေကြတာလေ။ အခုတော့ လင်းရိပ်လည်း လုပ်ပေးသင့်တာကိုပဲ လုပ်ပေးပြီး မသိချင်ယောင်ဆောင်နေတတ်လာပါပြီ။ " တီ ...တီ ..တီ " လင်းရိပ် ထမင်းဟင်းချက်ပြီးတာနဲ့ ရေကို အသည်း အသန် ချိုးရတယ်။မကြာခင်မှာ အသီးသီး အလုပ်က ပြန်လည်း ရေတန်းစီချိုးကြတော့မှာလေ။ရေချိုးပြီးမှ နောက်တစ်ကြိမ် အပြင်ပြန်ထွက်ကြတာပေါ့။ ****** " တီ ...တီ...တီ " လင်းရိပ် ထမင်းစားပြီးတော့ အိပ်ရာပေါ် လှဲနေချိန်မှာ လင်းရိပ်ရဲ့ဒုတိယမြောက် လျှို့ဝှက် ဖုန်းလေးက အသံမြည်လာတယ် ။ဒီဖုန်းက လင်းရိပ် တစ်ခါတလေမှ ဖွင့်တဲ့ဖုန်း ။ တစ်လမှာ သုံးလေးခါပဲ ဖွင့်တဲ့ဖုန်းလို့ ပြောရမလား။ ဒီဖုန်းထဲမှာ လျှိုဝှက်ဖေ့ဘုတ်အကောင့် တစ်ခုရှိတယ်။အဲ့ဒီအကောင့်ကနေပဲ ဖောက်သည်ရှာရတာပေါ့။ ဒီကနေပဲ ဈေးစကားပြော ၊ အချိန်ညှိ၊ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် စည်းကမ်း တွေကို သတ်မှတ်ပြီးအဆင်ပြေရင် ချိန်းတဲ့ နေရာသွားလိုက်ရုံပဲ။ ဒီလောကမှာ ကျင်လည်ရင်း လင်းရိပ်ကို စပွန်ဆာပေးချင်တဲ့ ကျေးဇူးရှင်မမတွေနဲ့လည်း ဆုံခဲ့ဖူးတယ်။ ဒါပေမဲ့ လင်းရိပ်လက်မခံခဲ့ဘူး။ စပွန်ဆာရရင် အငြိမ်နေရုံပဲ ။ ဒါပေမဲ့ စပွန်ဆာရရင် လိုက်နာရမယ့်အချက်တွေ ရှိတယ်။ လင်းရိပ်က ဒါကို သဘောမကျဘူး။ချစ်သူကိုလည်း မစွန့်လွှတ်နိုင်ဘူး။ပြီးတော့ လင်းရိပ် ဒီအလုပ်ကို အမြဲလုပ်ဖို့ အတွေးလည်းမရှိဘူး။ လင်းရိပ်ရဲ့အလုပ်က အပြောကောင်းရင် ကောင်းသလို တစ်ညတည်း သိန်းချီ ရတတ်ပေမဲ့ လူတွေမသတီတဲ့ အလုပ်မဟုတ်လား။ လင်းရိပ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ရွံရှာမှုတွေ ၊ စိတ်မလုံခြုံမှုတွေနဲ့ နေထိုင်နေရတာကို စိတ်ပျက်မိတယ်။ လင်းရိပ် ဒီလောကထဲကို ရောက်လာပုံက ခါးသီးမူတွေအပြည့်နဲ့ပေါ့။ မှန်ရာကို ဝန်ခံရမယ်ဆိုရင် ငွေကြေးအတွက် အလွန်အမင်းခက်ခဲနေချိန်မှာ ငွေအလွယ်ရလိုက်တော့ အလွယ်လမ်းလိုက်မိရာက ခုချိန်ထိရုန်းမထွက်နိုင်ဘဲဖြစ်ခဲ့ရတယ်။ လင်းရိပ် ဖုန်းကို ကြည့်လိုက်တယ်။သူ့ဆီကို တစ်လတစ်ခါလောက်ဆက်တတ်တဲ့

ဧကြည်ဖြူ " ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၅ ) ***** " မင်းစိတ်က သူ့အပေါ်မှာ တကယ် သေချာပြီလား သားကြီးရယ် ... အမေကတော့ သားဒီလို တွေဝေနေတာကို မြင်နေရတော့ လက်ထပ်တာကို ပြန်စဉ်းစားစေချင်တယ်ကွယ်...အမေ မပြောချင်လို့ နေနေတာ .. သူတစ်ယောက်တည်း တိုက်ခန်းမှာသွားနေတာကို အမေ သဘောမကျဘူးကွယ် ...သားက သူ့ဆီ အမြဲသွား နိုင်တာမဟုတ်ဘူး ... အုပ်ထိန်းသူ မရှိဘဲ သူတစ်ယောက်တည်း ဘယ်လောက် လွတ်လပ်နေမလဲ သား တွေးကြည့်ဘူးလား ...ဒီခေတ်ဒီခါကြီးထဲ အမေကတော့ ဘယ်သူ့ကိုမှမယုံနိုင်ဘူး " " ဟာ အမေကလည်း ...အနီရင့်က အဲ့ဒီလို မိန်းခလေး မဟုတ်ပါဘူး ....သားတို့ မျက်စိရှေ့မှာတင်ကြီးလာတာ ...သူ့အကြောင်းလည်း အမေသိရဲ့သားနဲ့ " "သိလို ပြောနေတာပေါ့သားရယ်...ပြန်မပြော နားမထောင် ကောင်မလေးလေ .." ကိုဘုန်းတို့အိမ်ရဲ့ တံခါးဝနားမှာ အနီရင့် ခြေစုံရပ်နေမိတယ်။အိမ်ထဲက ကိုဘုန်းနဲ့ အန်တီကေသီတို့ရဲ့ စကားသံတွေက အနီရင်ရှိရာဆီကို ပျံ့လွင့်လာတယ်။ဒီနေ့အဖို့မှာတော့ အနီရင့်အတွက် ကံမကောင်းခြင်းနေ့တစ်နေ့ ပေပဲလားလို့ အနီရင့် တွေးလိုက်မိတယ်။ "ကဲပါ အမေရယ် ...သားတို့လည်း လက်ထပ်ဖို့ အစီအစဉ်မဆွဲရသေးပါဘူး ....ဘာပဲဖြစ်ဖြစ် ... အနီးရင့်လာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါနော်..." အနီရင့် ဆိုဖာခုံပေါ်မှာ စိတ်လွတ်လက်လွတ်ပစ်လှဲချလိုက်ပြီး နေ့ခင်းကအဖြစ်တွေကိုပဲ တွေးနေမိတယ်။ ကိုဘုန်း ဘာလို့ပြောင်းလဲသွားတာလဲ။အနီရင့်အတွက် သူတစ်ယောက်ပဲ ရှိတာကို သိသိနဲ့ ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားတာလဲဆိုတာကို ဘယ်လိုမှ စဉ်းစားတွေးတောလို့မရပေ။ဘာပဲဖြစ်ဖြစ် အခုထက်စာရင် ဟိုအရင်ကမှ ကိုဘုန်းအပေါ် ဆိုးတာ ၊ ရစ်တာ ၊ ပြဿနာရှာတာတွေကို အနီရင့် လုပ်ခဲ့သေးတယ်။ အဘွားတို့အိမ်ကလူတွေကို မကျေနပ်သမျှ ကိုဘုန်းအပေါ် ဆိုးခဲ့ဘူးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ကိုဘုန်းရံ့ပုံစံတွေ မသိမသာ ပြောင်းလဲလာလို့ အနီရင့်ကိုယ့်ဘာသာ မကျေနပ်ချက်တွေကို မျိုသိပ်တတ်လာတယ်။တစ်ယောက်တည်း မျက်ရည်နဲ့ အဖော်ပြုတတ်လာခဲ့တယ်။တကယ်တော့ အနီရင့် ယုံကြည်အားကိုခဲ့ရတဲ့ ကိုဘုန်းရဲ့ ချစ်ခြင်းမေတ္တာက အနီရင့်အပေါ် ပါးလျလာခဲ့ပေမဲ့ အနီရင့်ကတော့ မိုက်မိုက်မဲမဲ့နဲ့ ကိုဘုန်း ပြန်ပြီး ပြောင်းလဲလာမယ့်နေ့။ပြီးတော့ အနီရင့်ကို လိုလိုလားလားနဲ့ လက်သပ်ခွင့် တောင်းလာမယ့်နေ့ကို စောင့်မျှော်နေမိဆဲပင်။ ***** " ဒါလေးက အသစ်ဝင်တဲ့ ဖုန်းလေ ... အရမ်းသုံးလို့ကောင်းတယ်...ကင်မရာ ရုပ်ထွက် လဲကောင်းတယ် ..." မြတ်ဘုန်း ဖုန်းဆိုင်ရဲ့ ကောင်တာနောက်မှာ ထိုင်ရင်း ၀ယ်သူကို ရှင်းပြနေတဲ့ အရောင်းစာရေးမလေးကိုငေးကြည့်နေမိတယ်။ကောင်မလေးက ဖြူဖြူသွယ်သွယ် ငယ်ငယ်ချောချောလေး။ကောင်မလေးကို ကြည့်ရင်း ချစ်သူ အနီရင့်ကို မျက်စိထဲမြင်ယောင်လာမိတယ်။အနီရင့်က မချောဘူးလားဆိုတော့ ချောပါတယ်။ချောတာထက် မျက်နှာဝိုင်းလေးနဲ့ ချစ်စရာကောင်းတယ်လိုပြောရင် ပိုမှန်မယ်ထင်ပါရဲ့။ မြတ်ဘုန်းလည်း သူမကို ချစ်ပါတယ်။ချစ်လို့လည်း ခုချိန်ထိ လက်မလွှတ်နိုင်သေးတာပေါ့။ဒါပေမဲ့ သူမနဲ့လက်ထပ်ဖို့ကိုတော့ ဘာကြောင့်မှန်းမသိ မြတ်ဘုန်းတွေဝေနေမိတယ်။လုပ်ချင်ရာကိုလုပ်တတ်ပြီး ပြည်မပြောနားမထောင်တတ်တဲ့ သူမရဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါမှမဟုတ် ငွေကြေးကို စိတ်မ၀င်စားဘဲ အနုပညာမှအနုပညာဆုံပြီး စာပဲရေးနေတတ်တဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါတော့လည်း မဖြစ်နိုင်ပြန်။အနီရင့်က သူမကိုယ်တိုင်က စာပဲရေးနေပေမဲ့ သူမရဲ့ ဖခင်ပို့ပေးတဲ့ငွေတွေကို သုံးဖြုန်းမနေဘဲ လုပ်ငန်း အချို့မှာ ရှယ်ယာထည့်ဝင်ပြီး စီးစီး ကုပ်ကုပ်နေတတ်မှန်း မြတ်ဘုန်းလည်းသိတယ်။ဒါဆို ဘာအတွက် မြတ်ဘုန်း တွေဝေနေမိမှန်း ကိုယ့်ကိုယ်ကို မသိပါလေတော့။ ****** " အရည်အသွေး ကတော့ စိတ်ချပါခင်ဗျာ...အီတလီနိုင်ငံထုတ် ပစ္စည်းတွေမို့ နှစ်ရှည်အသုံးခံပါတယ်...အချိန်ကြာလာလို့ ဝါတာ အရောင်ကျလာတာများ မရှိပါဘူး " လင်းရိပ် ဝယ်သူကို အသေအချာလေးရှင်း ဖြစ်နေမိတယ်။သူတို့ရဲ့ အရောင်းဆိုင်က အခြာ ကုန်ပစ္စည်းအရောင်းဆိုင်တွေလို တစ်နေကုန် ဝယ်သူတွေ တဖွဲဖွဲလာတဲ့ဆိုင်မျိုးတော့ မဟုတ်ဘူး။တစ်နေကုန်နေမှ ၀ယ်သူ့လေးငါးဆယ်ဦးပဲလာတာလည်း ရှိတယ်။ ဒါပေမဲ့ ဝယ်သုတစ်ဦးကိုအနည်းဆုံး သိန်းလေးငါးဆယ်ဖိုး ရောင်းရတာက များတယ်။ ဒါကြောင့်မို့လည်း ဝယ်သူ ဒီအတိုင်း ပြန်ထွက်မသွားရအောင် လုပ်ရမှာက လင်းရိပ်ရဲ့ အဓိက တာဝန်ပဲ။ဆိုင်မှာ ၀ယ်သူတွေပါးလာတယ်ထင်ရင် ဆောက်လုပ်ရေးဆိုက်တွေထဲကို အရောင်းဆင်းရတာပေါ့။ ခုလပိုင်းကတော့ သူဋ္ဌေး စိတ်ကျေနပ်အောင် အရောင်းအဝယ်ကောင်းတယ်။ လင်းရိပ်အရောင်းဆင်းခဲ့တဲ့ ဆိုက်တွေ တော်တော်များများကလည်း လင်းရိပ် တို့ဆိုင်ကပစ္စည်းတွေကို အသုံးပြုကြတယ်။ ****** ညနေ (၆) နာရီ ဆိုင်ပိတ်ပြီးတာနဲ့ လင်းရိပ် အဆောင်ကို တန်းမပြန်ဘဲ ဈေးထဲကို ဝင်ပြီး ၀ယ်စရာရှိတာကိုဝယ်တယ်။အဓိက ဆန်နဲ့ ဆီရယ် ၊ လက်ဖက်အကြော်စုံနဲ့ ကြက်ဥလောက်ပဲ ဝယ်တာ။ လောလောဆယ် ဒီညနေစားဖို့ ကန်စွန်းရွက် ဝယ်လိုက်တယ်။ အပြင်ဆိုင် ထမင်းဟင်းတွေက စျေးကြီးတော့ လင်းရိပ်အမြဲ ကိုယ့်ဘာသာချက်စားတယ်။အဆောင်မှာ က ထမင်းဟင်းချက် စားခွင့်ပြုထားတယ်။ မီးဖိုချောင်မှာ

ချစ်ရသူ။ တစ်ယောက်တည်းသော ယုံကြည်ရသူ ဖြစ်လာခဲ့တယ်။အနီရင့် ဘွဲ့ရပြီးတော့ အဖေ့ကို တိုက်ခန်းတစ်ခန်း ဝယ်ပေးခိုင်းပြီး အိမ်ပြောင်းလာခဲ့တော့လည်း ကိုဘုန်းက အားပေးကူညီခဲ့တယ်။အနီရင့်သိသလောက် အရင်တုန်းက ကိုဘုန်းက အနီရင့်အပေါ် သိပ်ကို ကောင်းခဲ့သလို နားလည်မှုအပြည့်လည်း ပေးခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ကိုဘုန်းပုံစံတွေ ပြောင်းလာခဲ့တယ်။အပြင်မှာ ကောင်မလေးတွေနဲ့ တွဲသွားတွဲလာ လုပ်တဲ့ သတင်းတွေ လည်းကြားရတယ်။ဒီလိုသတင်းတွေကြောင့် အနီရင့် စိတ်တို ခဲ့ရပေမဲ့ ကိုဘုန်းကို ဖွင့်မမေးရက်ခဲ့ဘူး။ ကိုဘုန်းပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုဘုန်းပုံစံက တဖြည်းဖြည်းနဲ့ သိသိသာသာကို ပြောင်းလဲ အေးစက်လာတာကို အနီရင့် သိနေခဲ့တယ်။တကယ်ဆို ဒီနေ့ ကိုဘုန်းတို့အိမ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကိုဘုန် ဘယ်လောက်အထိပြောင်းလဲလာတယ်ဆိုတာ အရမ်းကို သိသာနေခဲ့တယ်။ ################# အပိုင်း ( ၅ ) ဆက်ရန် ဧကြည်ဖြူ

တစ်ဖက်က ရဲမင်းထက် ဖုန်းချသွားတော့ နှင်းသီရိ ချစ်သူဆီကို ဖုန်းခေါ်လိုက်တယ်။ "ဟယ်လို နှင်း ပြောလေ " လင်းရိပ်ရဲ့ အသံချိုချိုလေးကို နှင်းသီရိ ကြားလိုက် ရတယ်။နှင်းသီရိ အသံကို အီအီ ချိုချိုလေးဖြစ်အောင် ပြောလိုက်တယ်။ " မောင် ... ညနေ လာမကြိုနဲ့တော့နော်... အိမ်က ညနေ စောစော ပြန်လာဖို့ ဖုန်းဆက်လို့လေ ... နောက်နေ့မှ တွေ့ရအောင်နော်... " ချစ်သူနဲ့ ဖုန်းပြော ပြီးလို့ ချလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် နှင်းသီရိ ညနေ အတွက် ကြိုတင်ပြင်ဆင်ဖို့ စဉ်းစားလိုက်တယ်။ ****** အနီရင့် စိတ်နဲ့ လူမကပ်သလို့ လမ်းလျှောက်လာခဲရင်း နှစ်လွှာတိုက်ခန်းပေါ်ကို ရောက်မှန်း မသိရောက်လာခဲ့တယ်။ကိုဘုန်းကတော့ အနီရင့်ကို တိုက်ခန်းရှေ့မှာ ချပေးခဲ့ပြီးပြန်သွားခဲ့ပြီ။အနီရင့် ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ ကိုဘုန်းစိတ်မဝင်စားမှန်းအနီရင့် သိတယ်။ အနီရင့်တိုက်ခန်းသော့ကို ဖွင့်နေရင်း တစ်နေ့လုံး ကြုံခဲ့ရတာတွေကို ပြန်မြင်ယောင်နေမိတယ်။ " သူက ဘာလာလုပ်တာလဲ " အနီရင့်ရဲ့ အစ်မတစ်ဝမ်းကွဲ ကေဇင်ကျော်ရဲ့ အမေးကို သူမရဲ့မိခင်ကမဲ့ကာရွဲ့ကာနဲ့ ပြန်ဖြေလိုက်တယ်။ "နင့် အဘွား ခေါ်လိုက်တာမှာပေါ့ " " အဘွားက ဘာလုပ်ဖို့ခေါ်တာလဲ အမေ ...ကြည့်ရတာ အဘွားက သူ့သား အကြီး ငွေရှာနိုင်တော့ သူ့သားဘက်ကို ပါသွားပြီး ထင်တယ်... ပြီးတော့ ကြီးကြီးလဲ ဘာထူးလဲ အရင်ကနဲ့ ကို မတူဘူး...အနီရင့်လာရင် အသံကို ချိုနေတာပဲ ....တိုက်ခန်းလေးတစ်ခန်းပိုင်ပြီး.. ဖအေက လစဉ်ငွေထောက်ပံ့နေတယ်ဆိုတာနဲ့ မာန်တက်နေတာကြည့်လို့ကို မရဘူး " " ထားလိုက်ပါ သမီးရယ် ... သူဘယ်လောက် မာန်တက်နိုင်မှာလဲ ... သူ့အဖေဆိုတာကလဲ ဟိုမှာအိမ်ထောင်ပြုလိုက်ပြီမို့ အရင်လို ငွေမပို့ပေးနိုင်တော့ ပါဘူးအေ ... မောင်မြတ်ဘုန်းရှိနေလို့ ဟန်မပျက်နေနိုင်နေတာပါအေ " "ဒါနဲ့ ကိုဘုန်းနဲ့ သူက ဘယ်တော့ လက်ထပ်ကြမှာတဲ့လဲ...အမေ သတင်းကြားမိသေးလား " ကေဇင်ကျော်ရဲ့ အမေးကြောင့် မိခင်ဖြစ်သူက သမီးဖြစ်တံ့ကေဇင်ကျော်ကို ကြည့်လိုက်ပြီး " သမီးမေးမှပဲ သတိရမိတယ် ...ကြည့်စမ်းအရေးကြီးတဲ့ စကားကို မေ့နေခဲတာ...ဟိုနေ့က မကေသီနဲ့ စကားပြောဖြစ်ကြတော့ မကေသီက စသလို နောက်သလို့ သမီးကေဇင်လေးကို ချွေးမတော်ရရင် သိပ်ကောင်းမှာပဲလို့ ...စကားလမ်းကြောင်း နေသေးတာ " " ဟယ်...တကယ်လားအမေ ...အန်တီ ကေသီက အဲ့ဒီလိုပြောတာလားဟင် " အခန်းထဲက အသံတွေကို အနီရင့် ဆက်ပြီး နားမထောင်ချင်တော့ဘူး။အနီရင့်အနေနဲ့ အခြားသူတွေနဲ့အဆင်မပြေပေမဲ့ မကေဇင်ကိုတော့ ယုံကြည်မိခဲ့တာအမှန်ပါ ပင်။တကယ်တော့ မကေဇင်ကလည်း ဒီပုတ်ထဲကဒီပဲမို့ ရှေ့တစ်မျိုးကွယ်ရာ တစ်မျိုးလူစားပါပင်။ဘာပဲဖြစ်ဖြစ် ကို ဘုန်းရဲ့အမေ အန်တီကေသီရဲ့ အတွင်းစိတ်ကိုပါ သိလိုက်ရတာကတော့ ဒီအိမ်ကို ပြန်လာခဲ့တဲ့ အမြတ်ပဲလို့ အနီရင့်တွေးလိုက်မိတယ်။ **** "လုပ်ပါ မြေးလေးရေ ... သမီးပြောရင် သမီးအဖေက လက်ခံမှာပါ " အဘွားက အနီရင့်လက်ကို ဆွဲပြီး တတွတ်တွတ် ပြောနေတယ်။ကြီးတော် အပျိုကြီးကလည်း ဘေးတစ်ဖက်က ကပ်ထိုင်ပြီး တတွတ်တွတ်ပြောနဲ့ ကြာတော့ အနီရင့် ခေါင်းတွေပါ ကိုက်လာတယ်။ " ငါ့တူမ ပြောရင် လက်ခံမှာ သေချာတယ်... ပြောပေးပါနော်သမီး ....အချိန်တန်တော့ လည်း ဒီအိမ်က ငါ့တူမတို့ပဲ ရမှာပဲ မဟုတ်လား ... အခုဟာက သမီးဦးလေးမသိအောင် သမီးရဲ့အဘွားနဲ့ ကြီးကြီးက ပေါင်ထားမိလို့ပါကွယ်..." အဘွားနဲ့ ကြီးကြီးရဲ့ ကြားမှာ အနီရင့် ဘာမှပြန်မပြောမိဘဲ ခေါင်းကိုပဲ တွင်တွင် ငုံ့ထားမိတယ်။ " ဒါမှမဟုတ် ...သမီးရဲ့ တိုက်ခန်းကိုရောင်းထုတ်လိုက်ပြီး အိမ်မှာလာပြန်နေလေ ... အမွေခွဲတဲ့ အခါကျတော့ သမီးကို ပိုပေးမှာပေါ့ကွယ် ... " ကြားလိုက်ရတဲ့ စကားကြောင့် အနီရင့် စိတ်တိုသွားရပြီး ထိုင်ရာကနေ ဆတ်ခနဲ ထရပ်လိုက်မိတယ်။ " အဖေ့ကို ပြောကြည့်ပေးပါ့မယ် ... ဒါပဲ ပြောချင်တာ မဟုတ်လား ..သမီး ပြန်တော့မယ် " " ပြန်တော့ မလို့လား ...ထမင်းစားသွားအုံးလေ " ဝတ်ကျေတမ်းကျေပြောလိုက်တဲ့ စကားလုံးတွေကို ကျောခိုင်းပြီး အနီရင့်အခန်းထဲက အမြန်ဆုံးထွက်ခဲ့လိုက်တယ်။ အနီရင့်ရဲ့အဘွားနဲ့ကြီးတော်တို့က အနီရင့်နဲ့ပတ်သက်လာရင် အမြဲဒီလိုပါပဲ။ ကိုးတန်းကျောင်းသူ ဘဝကနေ ဘွဲ့ရတဲ့ အထိ နှစ်ပေါင်းများစွာ အတူနေခဲ့ပေမဲ့ အနီရင့်အပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိတာ အနီရင့် သိပြီးသားပါ။အဖေက အနီရင့်အတွက် စရိတ်ငွေ ဘယ်လောက် ပို့ပို့ အနီရင့်မသုံးရ။ မစားရ။ယုတ်စွအဆုံး အိမ်မှာ ဟင်းကောင်းချက်ရင်တောင်မကေဇင်တို့ မောင်နှမကိုပဲ ခိုးကျွေးတတ်တာကို အနီရင့်က သိပြီးသားပင်။ဒါတွေကို အနီရင့်မသိချင်ယောင်ဆောင်ပြီးနေခဲ့တာ။ အဘွားအိမ်မှာ နေခဲ့တဲ့ တစ်ချိန်လုံး အနီရင့် သည်းခံခဲ့တယ်။အစားအသောက်က အစ အတ်အစား အဆုံး အဘွားတို့ကျွေးသမျှ ဆင်သမျှနဲ့ ကျေနပ်ခဲ့ရတာ။ အဲ့ဒီအချိန်တွေတုန်းက ကိုဘုန်းသာ အနားမှာ မရှိခဲ့ရင် အနီရင့် ဒုက္ခ ဘယ်လောက်များမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။ ဒါကြောင့်မို့ပင် အနီရင့်အနေနဲ့ ကိုဘုန်းကို အားကိုးခဲ့မိတယ်။ ယုံကြည်ခဲ့မိတယ်။ ဖခင်ဖြစ်သူနိုင်ငံခြားမှာ အိပ်ထောင်ပြုလိုက်တဲ့ သတင်းကို ကြားရတဲ့နေ့ကစလို့ ကိုဘုန်းက အနီရင့်ရဲ့ ကမ္ဘာမှာ တစ်ယောက်တည်းသော

ဧကြည်ဖြူ " ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း (၄ ) **** လင်းရိပ် ဖုန်းကို ကြည့်လိုက်တော့ ချစ်သူဆီက ဆက်တဲ့ ဖုန်းမို့ ဖုန်းကို နားမှာကပ်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်တယ်။ "ဟယ်လို နှင်း " " မောင် ..ညနေ အချိန်ပိုဆင်းရမှာလား ... မဆင်းရရင် ခဏလောက် တွေ့ရအောင် " " ဒါဆို စောင့်နေလေ နှင်း ... မောင် အလုပ်ဆင်းတာနဲ့ လာခဲ့မယ်လေ " ချစ်သူရဲ့ စကားကို လင်းရိပ် မဆိုင်းမတွ အဖြေပြန်ပေးလိုက်တယ်။ညနေကို တကူးတက ချိန်းတယ်ဆိုတော့ အရေးကြီး ကိစ္စများ ရှိလေသလား။ ဒါမှမဟုတ် ဘယ်ဆိုင်က ဘာကိုစားချင်ပြန်ပြီးလဲမသိ။တွေးရင်း လင်းရိပ်ပြုံးလိုက်မိတယ်။မိန်းခလေးဆိုတာလား အခက်သားလား။ အလှအပနဲ့ ပတ်သက်လာရင်လည်း မလွတ်။အစားအသောက်ဆိုရင်လည်း မကြိုက်တာကို မရှိ။စာသောက်ဆိုင်ကြီး ကနေ လမ်းဘေးစားသောက်တန်းအထိ အလွတ်မပေးတတ်ကြ။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေအတွက်တော့ ချစ်သူကို လင်းရိပ်မငြိုငြင်ပါ။ချစ်သူကြိုက်တာလုပ် ကြိုက်တာဝယ် လင်းရိပ် ပဲအကုန်အကျခံပေးချင်တာ ။ ဘဝပေး အခြေအနေကြောင့် ချစ်သူကို လျစ်လျူရှုရတဲ့အခါမျိုးတွေမှာ လင်းရိပ် ရင်ထဲ စိတ်မကောင်းဖြစ်ရတာကအမှန်ပါပင်။မိခင်ကို ဆေးကုသပေးပြီး ညီငယ်လေး အလုပ်ရသွားရင်တော့ လင်းရိပ်လည်း အသက်ရှူချောင်သွားမယ် ထင်ပါရဲ့။ပြီးတော့ မိသားစုကိုလည်း လင်းရိပ် ရန်ကုန်ကိုခေါ်ချင်မိတယ်။နယ်မှာက ဆွေမျိုးသားချင်းတွေ ရှိတယ်ဆိုပေမဲ့ မိခင်အတွက် ဆေးရုံဆေးခန်းနဲ့ က ဝေးလွန်းလှတယ်လေး။အဲ့ဒါတွေထက် လင်းရိပ်မိသားစုနဲ့ အတူနေချင်တယ်။ လင်းရိပ်အိမ်ထောင်မပြုခင်မှာ မိသားစုကို အိုးနဲ့ အိမ်နဲ့ ထားပေးချင်မိတယ်။လင်းရိပ်ရဲ့ စီမံကိန်းထဲမှာလည်း အများဆုံး သုံးနှစ်ပေါ့ ။ သုံးနှစ်အတွင်းမှာ လင်းရိပ်ရဲ့စိတ်ကူးအိပ်က်တွေ အကောင်အထည်ဖော်နိုင်ဖို အစွမ်းကုန် ကြိုးစားရမှာပေါ့။ ဒီလိုကြိုးစားနေတဲ့ အချိန်မှာ ချစ်သူက ဖေ့ဘုတ်အကောင့်မှာ လင်းရိပ် အကောင့်ကို (Tag ) တွဲပြီး အ၀တ်အစားတွေ ၊အိတ်တွေ ၊ ဖိနပ်အရောင်း ပို့စ်တွေ မျှဝေလာခဲ့ရင် မသိချင်ယောင်ဆောင်နေသင့်ရင်လည်း ဆောင်နေရတာပေါ့လေ။ **** နှင်းသီရိလက်ထဲက ဖုန်းကို ချလိုက်ပြီး အနာဂတ်ကိုစိတ်ကူးကြည့်လိုက်မိတယ်။အနာဂတ်မှာ လင်းရိပ်နဲ့နှင်းသီရိကိုယ်ပိုင် ကမ္ဘာလေးနဲ့ နေကြမယ်။ဟိုဘက်မိဘရော ဒီဘက်မိဘရော ဘယ်မိသားစုနဲ့မှ အတူမနေချင်ဘူး ။ပြီးတော့ နှင်းသီရိ က မြို့သစ်မှာကိုယ်ပိုင်ခြံလေးနဲ့လည်း မနေချင်ပြန်ဘူး။မြို့သစ်ကမြို့ထဲနဲ့ဝေးတဲ့အပြင် လမ်းတွေက မကောင်း ၊ကွင်းခေါင်ခေါင်တွေထဲ ရပ်ကွက်လေးမှာ မနေချင်တာကအမှန်ပင်။နှင်းသီရိ စိတ်ကူးက မြို့ထဲဘက်မှာပဲ စျေးသက်သာတဲ့ တိုက်ခန်းလေးလောက်ဖြစ်ဖြစ် ငှါးနေချင်တာ။ တိုက်ခန်းမှာ နေလာသူမို့ တိုက်ခန်းမှာပဲနေချင်တယ်ပြောရမလား။ မိဘတွေရဲ့ တိုက်ခန်းမှာ ခိုကပ်နေလို့လည်းမဖြစ်လောက်ဘူး။ အခုတောင် မိဘနှစ်ပါးနဲ့နှင်းသီရိတို့ မောင်နှမသုံးယောက်မှာ အနေကျဉ်းကြပ်လွန်းတယ်လေ။ နှင်းသီရိ စိတ်ကူးတွေပုံဖော်နေတုန်း လက်ထဲက ဖုန်းသံမြည်လာတာမို့ ကမန်းကတန်း ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ နံပတ်ကြောင့် ရင်ထဲလှိုက်ခန် ဝမ်းသာပျော်ရွှင်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။ " ဟယ်လို ... ကိုထက် " နှင်းသီရိ ဖုန်းကို ကိုင်ပြီး ရွှင်မြူးမြူးလေးထူးလိုက်တယ်။ " ဟယ်လို နှင်းလေး ....တော်ပါသေးရဲ့ကွာ... ကိုယ့်ကို စိတ်ဆိုးပြီး ဖုန်းကိုင်ပါ့မလား တွေးနေတာ " " မပြောမဆိုနဲ့ ပေါ်မလာတော့ စိတ်တော့ တိုတာပေါ့...ဒါနဲ့ ဘယ်တွေပျောက်နေတာလဲ...." နှင်းသီရီ မူနွဲ့နွဲ့လေသံနဲ့ ပြန်ပြောလိုက်တယ် " ကိုယ်တောင်းပန်ပါတယ် နှင်းရယ် ...နယ်ဘက်ကို အရေးပေါ် အလုပ်ကိစ္စ ပေါ်လာလို့ ...ဒါနဲ့ ဒီညနေ တွေ့လို့ရမလား ... " ကိုထက်ခေါ်ရဲမင်းထက်ရဲ့ စကားကြောင့် နှင်းသီရိ စိတ်ထဲက ပျော်ရွှင်သွားပြီးလက်ခံလိုက်တယ်။ ကိုထက်က အသေးစား လုပ်ငန်းပိုင်ရှင်တစ်ယောက်။အသက်က (၃၀) ကျော်ပဲရှိသေးတာ။လွန်ခဲ့တဲ့သုံးလကျော်က နှင်းသီရိ အလုပ်လုပ်နေတဲ့ဆိုင်မှာ သူ့ရုံးခန်းအတွက် ပရိဘောဂတွေ လာဝယ်ရင်းနဲ့ စတွေ့ခဲ့ကြတာ။ရဲမင်းထက် က ရုပ်ရည် သိပ်ကြည့်ကောင်းသူ မဟုတ်ပေမဲ့၀င်ငွေကောင်းတယ်။အဲ့ဒါ့ကြောင့် နှင်းသီရိက ရဲမင်းထက် ချဉ်းကပ်လာတော့ အပြတ် မငြင်းဘဲ အသာလေးမျောထားလိုက်တယ်။နှင်းသီရိ အနေနဲ့ လက်ထပ်ရမယ်ဆိုရင် ချစ်သူ လင်းရိပ်ကိုပဲ လက်ထပ်ချင်ပေမဲ့ ကိုယ်လိုချင်တာတွေကို ဘာမဆို ဖြည့်ဆည်းပေးနိုင်တဲ့ချစ်သူတစ်ယောက်လောက် လိုချင်မိတာတော့ အမှန်ပဲ။လင်းရိပ်ကို ကြည့်လိုက်ရင် အမြဲမိသားစုအတွက် ဗျာများနေတာကို နှင်းသီရိ သဘောမကျဘူး။ခွင့်ရက်ယူပြီး ခရီးလေးဘာလေး သွားဖို့ပြောရင်လည်း အင်းမလှုပ် အဲမလှုပ်နဲ့။တစ်ခါတလေးချစ်သူကို နှင်းသီရိ စိတ်တိုင်းမကျဖြစ်မိတယ်။ ကိုယ်က မတောင်းဆိုဘဲ အလိုက်တသိ ဝယ်ပေးတဲ့ လက်ဆောင်ပစ္စည်းဆိုတာလဲဘာမှကို မရှိဘူး။ပြောလိုက်ရင်တော့ အနာဂတ်အတွက် ဆိုတာနဲ့ပဲ အမြဲကိုင် ပေါက်နေတယ်လို့ နှင်းသီရိ စိတ်ထဲ ထင်နေမိတယ်။ ဒါပေမဲ့ သေချာတာက နှင်းသီရိ ဘယ်သူနဲ့တွဲတွဲ ချစ်သူလင်းရိပ်ကိုတော့ စွန့်ပစ်ဖို့စိတ်ကူးမရှိဘူး။လင်းရိပ်က နှင်းသီရိရဲ့ အပိုင်ပဲ ဖြစ်စေရမယ်လို့ နှင်းသီရိခံယူထားပြီးသားပင်။

မတော်တော့တဲ့အဝတ်တွေကို အထုပ်လိုက်ကြီးလာပေးသွားတယ်။ မကေဇင်ဆိုတာက ဦးလေးရဲ့ သမီးကြီးပေါ့။အနီရင့်ထက် တစ်နှစ်ကြီးတယ်လေ။ လူတွေပြောပြောနေတဲ့ အတူနေ မြေးနဲ့ အတူမနေတဲ့မြေး ကွာခြားတာ ဆိုတာ ဒါပဲဖြစ်မယ်ထင်ပါတယ်။ဒီကြားထဲ မကေဇင်နဲ့ သူ့အမက ဆွေမျိုးတွေစုံရင် သူတို့က အနီရင့်ကို အဝတ်အစားက အစပေးဝတ်ထားတယ်ဆိုပြီး အသံကောင်းဟစ်ကြသေးတာ။အနီရင့်မှာ ဒါတွေကို ဖခင်ကြီးသိအောင် ပြောချင်ပေမဲ့ ပြောခွင်မသာခဲ့ဘူး။ နိုင်ငံခြားက အဖေ့ဖုန်းလာပြီဆိုရင် အဘွားနဲ့ကြီး တော်အပျိုကြီးကပဲ ဒိုင်ခံပြောတာ။ သူတို့ပြောလို့ ကျေနပ်မှ အနီရင့်ကို ဖုန်းပေးတာ။ဖုန်းပေးပြီးတော့လည်း အဝေးကို သွားတာမဟုတ်ဘူး။အနားမှာ ငုတ်တုတ်ထိုင်စောင့်နေကြတာလေ။ "နိုနေတာ ကြာပြီလား ...ဘာထိုင်လုပ် နေတာလဲ ရေချိုး လေကွာ... ဒီနေ့ အိမ်ကို လိုက်ခဲ့လို့ပြောပြီး သားလေ " အနီရင့် ခုံပေါ်မှာထိုင်ပြီး အတွေး အိမ်ထဲ နစ်မျောနေတုန်း ကိုဘုန်းရဲ့ စကားသံကြားလိုက်တာမို့ ရေချိုးဖို့ ပြင်လိုက်ရတယ်။ " ဒီနေ့တော့ အနက်ရောင်မဝတ်နဲ့နော် " ရေချိုးခန်းထဲ၀င်ခါနီး ကြားလိုက်ရတဲ့ ကိုဘုန်း စကားကြောင့် အနီရင့် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိတယ်။ ***** ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ထွက်လာတော့ အချိန်က နေလယ်နှစ်နာရီကျော်။လင်းရိပ် ဗိုက်ထဲမှာလည်း တဂွီဂွီမြည်လို့ပေါ့။ဒီနေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို မာကတ်တင်းဆင်းလာတာ။အင်ဂျင်နီယာနဲ့ တွေ့အောင် စောင့်နေရတာမို့ ဗိုက်ဆာနေပေမဲ့ ဂရုမစိုက်အား ခဲ့။ဒီဆောက်လက်စတိုက်ကြီး ပြီးသွားတဲ့အခါ လင်းရိပ်တို့ဆိုင်က ပစ္စည်းတွေကို သုံးဖို့အရေး ရှင်းပြပြောပြရတာပေါ့။တစ်ခါတလေ အင်ဂျင်နီယာက ဆောက်လုပ်ရေးပိုင်းပဲတာဝန်ယူရတာဖြစ်ပြီး အိမ်တွင်းဒီဇိုင်းကို သူဋ္ဌေးတွေကိုယ်တိုင်က ပြင်ဆင်မှာဆိုရင် သူဋ္ဌေးရဲ့လိပ်စာကို ရအောင်း စုံစမ်းပြီးသူဋ္ဌေးဆီကို ထပ်လိုက်ရသေးတာ။ဒီကြားထဲ သူဋ္ဌေး ကိုယ်တိုင်စိတ်ကြိုက် ပြင်ဆင်မှာမဟုတ်ဘဲ ဒီဇိုင်နာဆီမှာ အပ်ထားတာဆိုရင် တစ်ခါ ထပ်လိုက်။လူတွေအမြင်မှာ သာ ကိုယ်ပိုင်ရုံးကားနဲ့ ကျော့ကျော့လေးသွားရတာဆိုပေမဲ့ အိမ်တစ်လုံးစာအတွက် အနည်းဆုံး သိန်းရာချီဖိုး ရောင်းရရေးက လွယ်တော့ ဘယ်မလွယ်ပါ့မလဲ။အိမ်တစ်လုံးစာအတွက် အော်ဒါရပြီဆိုပါတော့ သူဋ္ဌေးတွေရဲ့ အိမ်ဆိုတာ အနည်းဆုံး အခန်းငါးခန်းလောက်ပါတယ်။ အခန်းတိုင်းမှာလည်း ရေချိုးခန်း၊ အိမ်သာပါ ထည့်ထားတတ်တယ်။တစ်ချို့ဆို အိမ်က အလုပ်သမားတွေအတွက်က တစ်ခန်းနဲ့ ရှောင်တခင် ဧည့်သည်တွေလာရင် သုံးဖို့ပါသီးသန့်လုပ်ပေးထားကြတာလေ။ တစ်ခုတော့ ရှိတာပေါ့။အိမ်အလုပ်သမားတွေအတွက်ကတော့ ဈေးနည်းနည်းချိုတဲ့ ပစ္စည်းတွေပဲ သုံးကြတာပေါ့လေ။ လင်းရိပ် ကားပေါ် ရောက်တာနဲ့ ကျောပိုးအိတ်ထဲက ပေါင်မုန့်ထုပ်ကို ဖောက်ပြီး ပေါင်မုန့်ကို ရေနဲ့မျှောချလိုက်တယ်။ ကားဆရာက လင်းရိပ်ကို စာနာတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။ "ဗိုက်ဆာနေရင် ထမင်းဝင်စားလိုက်ပါလား ညီ...ဟိုရှေ့ လမ်းဆုံနားက ထမင်းဆိုင်တွေ ဈေးသက်သာပါတယ်ကွ..." ကားဆရာရဲ့ အပြောကို လင်းရိပ်ခေါင်းကိုခါပြရင်း ငြင်းဆန်လိုက်တယ်။ "ရတယ် အစ်ကို ...ဒီဇိုင်းနာဆီ အမြန်သွားမှဖြစ်မှာ ----- တော်ကြာ တခြားဆိုင်က ဦးသွားမှဖြင့် ... ထမင်းဝင်စားလို့ မဖြစ်သေးပါဘူးအစ်ကိုရာ ..." ကားဆရာက လင်းရိပ်ကိုကြည့်ပြီးခေါင်းကိုတဆတ်ဆတ်ငြိမ့်တယ်။ လင်းရိပ် အလုပ်ကြိုးစားတာကို သူဋ္ဌေး အပါအဝင်ဆိုင်က၀န်ထမ်းအားလုံးသိကြတယ်။ လင်းရိပ် အနေနဲ့ကလည်း ဆိုင်တိုးတက်မှ သူတို့ ဝန်ထမ်းတွေရဲ့ ဘ၀ပါ တိုးတက်မှာမို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ပေါင်မုန့်ကို တစ်ကိုက် ကိုက်ပြီး ရေသောက်ဖို့ပြင်နေတုန်းမှာ အိတ်ထဲက ဖုန်းသံ ထွက်ပေါ်လာတာမို့ လင်းရိပ် ရေဘူးကို ပြန်ပိတ်ပြီး ဖုန်းကို ကြည့်လိုက်မိတယ်။ @@@@@@@@@@@@@ အပိုင်း ( ၄ ) ဆက်ရန် ဧကြည်ဖြူ

ကျိကျိတက်ချမ်းသာသူတွေမဟုတ်ပေမဲ့ ကိုယ်ပိုင် လုပ်ငန်းတွေနဲ့ လေ။ကိုဘုန်းက သားအကြီးဆုံးဆိုပေမဲ့ ကိုဘုန်းရဲ့ ညီ ရော ညီမပါ လုပ်ငန်းခွင်ထဲဝင်နေကြပြီမို့ မိသားစုကို သိပ်ပူစရာမရှိတာလည်း အမှန်။ပြီးတော့ကိုဘုန်းရဲ့ ဖုန်းအရောင်းဆိုင်က ဆိုင်ခွဲတွေပါ ဖွင့်ထားရတဲ့အထိ လုပ်ငန်း အောင်မြင်နေတာကို ရှယ်ယာထည့်ထားတဲ့ အနီရင့်က မသိဘဲနေမတဲ့လား။တစ်ခါတလေ အနီရင့်တွေးမိတာက ကိုဘုန်းကအနီရင့်ကိုမချစ်တော့တာလား။ ဒါမှမဟုတ် အနီရင့်ဆီမှာ အိပ်ချင်တဲ့အချိန် လာအိပ်ခွင့်ရနေတော့ လက်ထပ်ယူရလောက်အောင် တန်ဖိုးမထားတော့လားဆိုတဲ့ အတွေးတွေပဲ မကြာခဏ တွေးနေမိတယ်။ အချစ်စစ် ဆိုတာဘာလဲ။ချစ်ရသူရဲ့ လိုအင်တွေကို ဖြည့် ဆည်းပေးနိုင်တာက အချစ်စစ်လား။ချစ်သူကို အချိန်ကြာမြင့်စွာ စောင့်နေနိုင်တာက အချစ်စစ်လား။သွေးသားရမ္မက်ဖြစ်ပေါ်စေတာက အချစ်စစ်လား။သေချာတာက အချစ်စစ်နဲ့ချစ်ကြတဲ့ချစ်သူစုံတွဲတွေ ဆိုတာ ဘယ်လို ပုံစံမျိုးလဲ အနီရင့်လည်မသိပါ။အနီရင့် ကိုးတန်းကျောင်းသူ ဘဝမှာ မိခင်ဆုံးသွားခဲ့တာမို့ ဖခင်ဖြစ်သူရဲ့ ဆွေးမျိုး သားချင်းများအိမ်ကို အနီရင့်တို့သားအဖ ပြောင်းရွေ့ခဲ့ကြတယ်။အဲ့ဒီအိမ်မှာ ဖခင်ဖြစ်သူရဲ့ အမေရယ်၊ အစ်မ အပျိုကြီးရယ် ၊ ညီ မိသားစုရယ်ရှိတယ်။တစ်အိမ်ထဲမှာ မိသားစုအားလုံး စုနေတာဟာ ပျော်စရာကောင်းတာလား မကောင်းဘူးလားဆိုတာကို အနီရင့် မနေဘူးလို့ မသိခဲ့တာအမှန်ပင်။အဘွားတုန်း အိမ်ရောက်တော့ ခေါင်းရင်းခြံ မှာနေတဲ့ကိုဘုန်းနဲ့ ဆုံစည်းခဲ့ရတယ်။ **** "ဒါဆို မင်းက ...ငါ့ကို ကလေးလာထိန်းခိုင်းတာပေါ့လေ ဟုတ်စ င နိုင်ရဲ့ " "ဟာ ...အဲ့ဒီလို မဟုတ်ပါဘူးအမေရယ်...ဘာပဲဖြစ်ဖြစ် အမေ့အိမ်မှာက သူစိမ်းယောကျာ်းလေး မရှိဘူးလေ... ဟိုဘက်က သူ့အဒေါ်တွေကခေါ်ပေမဲ့ သူစိမ်းယောကျာ်းတွေ ရှိတော့ မထားချင်ဘူး.... ပြီးတော့ သမီးလေးက လိမ္မာပါတယ် အမေရဲ့ " "အေး ပြောတာပဲ ...ငါအဘွားကြီးက အသက်ကြီးမှ ဒုက္ခတော့ မများချင်ဘူးနော် ...မနိုင်ရင် မင်းပြန်လာခဲ့...ဒါနဲ့ မင်းက ဘယ်လောက်ကြာမှာလဲ " " သုံးလေးနှစ်ပါပဲ အမေ ... သမီးလေး တက္ကသိုလ်တက်တဲ့ အခါ မပူမပင် အေးအေးဆေးဆေး တက်စေချင်တယ်... အဓိက ကအမေ့ကို လည်း ထောက်ပံ့ပေးချင်တယ် " "အမလေး တော်ပါ ငနိုင်ရယ် မထောက်ပံ့ရင်နေပါ ဒုက္ခမပေးရင်ရပါပြီ " အဖေနဲ့ အဘွားတို့ ပြောနေတာတွေကို အခန်းအပြင်က နားထောင်ရင်း အနီရင့် ငိုချင်လာမိတယ်။အမေမရှိတော့လို့ ဝမ်းနည်း ကြေကွဲနေရချိန်မှာ အဖေကပါ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ဆိုတော့ အနီရင့်ရင်ထဲမှာ ဖြေမဆည်နိုင်အောင် ဖြစ်နေမိတယ်။"မသွားပါနဲ့ အဖေရယ်... ဒီမှာပဲ သမီးတို့အတူတူ အလုပ်လုပ်ကြတာပေါ့ "လို့ ဖခင်ဖြစ်သူကို ပြောခဲ့ပေမဲ့ အနီရင့် မအောင်မြင်ခဲ့ပါ။ ဆုံးဖြတ်ပြီးသွားရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အဖေက အနီရင့်ကို အဘွားတို့အိမ်မှာ ထားရစ်ခဲ့ပြီး တိုင်းတစ်ပါးကို ရအောင် ကိုထွက်သွားခဲ့ပါတယ်။ **** " ဟိတ် ဘာလုပ်နေတာလဲ " အနီရင့် စိတ်ညစ်ညစ်နဲ့ ခြံနောက်ဘက်မှာ လာထိုင်နေတုန်း ဘေးခြံက အသံကြောင့် မော့ကြည့်လိုက်တော့ ကိုဘုန်းကိုတွေ့လိုက်ရတယ်။အဖနိုင်ငံခြားထွက်သွားပြီးကတည်းက ကိုဘုန်းက အနီရင့်အတွက် အားကိုးရတဲ့တစ်ဦးတည်းသောသူပါပဲ။အဖေ့အဖေ့အမျိုးတွေရဲ့ လူတွေရှေ့တစ်မျိုး လူတွေနောက်ကွယ်မှာတစ်မျိုး ဆက်ဆံတတ်တာကို ခံနိုင်ရည်ရှိနေတာက ကိုဘုန်းရှိနေလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ကိုဘုန်းက တက္ကသိုလ်ကျောင်းသား။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ။အနီရင့်က ဆယ်တန်းကျောင်းသူ။ဒါပေမဲ့ အနီရင့်တို့ အချိန်အားတိုင်း တပူးတွဲတွဲ ရှိခဲ့ကြတယ်။ "ဘာလဲ ...အဘွားနဲ့ စကားများ ပြန်ပြီလား အရူးမလေး " " အင်း " ကိုဘုန်း အမေးကို အနီရင့် ခေါင်းကို ငြိမ့်ပြီး ဖြေလိုက်တယ်။ "ကဲပါကွာ စိတ်မကောင်းဖြစ်မနေနဲ့ ...ထွက်လာခဲ့ ကိုမုန့်လိုက်ကျွေးမယ်နော် " ကိုဘုန်း စကားကြောင့် အနီရင့် ရင်ထဲက ဝမ်းနည်းတာတွေက ချက်ချင်း ပျောက်ပျက်သွားတယ်။စာအုပ်လေးကိုကိုင်ပြီး ခြံရှေ့ကို ရွှင်းမြူးစွာတွယ်ခဲ့လိုက်တယ်။အနီရင့်ထွက်လာတာကို ဦးလေးရဲ့ မိန်းမက မျက်ထောင့်နီကြီးနဲ့လှမ်းကြည်နေတာကို သိပေမဲ့ အနီရင့် မသိချင်ယောင်ဆောင်ပြီးကျောခိုင်းပစ်လိုက်တယ်။ အဘွားအပါအဝင် ကြီးတော်နဲ့ဦးလေးပါ မက ဦးလေးရဲ့ သားနဲ့သမီးကပါ အနီရင့်ကို ဆိုရင် အပြစ်ပြောချင်တဲ့ မျက်လုံး တွေနဲ့ပဲ ကြည့်နေကြတာလေ။ မသိရင် သူတို့လုပ်စာကို အနီရင့်က အခန့်သား ထိုင်စားနေတဲ့ပုံမျိုးနဲ့။ အဖေနိုင်ငံခြားကို ထွက်သွားပြီးတစ်လကျော်မှာပဲ အနီရင့်အတွက် စရိတ်ရယ် အဘွားအတွက် သုံးဖို့ ငွေပါ ပို့ပေးတာကို အနီရင့် မသိဘဲနေမလား။ သိတာပေါ့။အဖေပို့တဲ့ ငွေထဲကနေ အနီရင့်ကို မသဒ္ဓါရေစာ အစွန်းထွက်လောက်လေးပေးတာကိုလည်း အနီရင့်သိတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ပြောချင်စိတ်မရှိလို့ အနိုရင့် မပြောခဲ့တာကို အဘွားတို့က အနီရင့်ကို အတယ်ထင်နေကြတာ။ အဖေပို့တဲ့ ဖိုက်ဆံထဲကနေ ဦးလေးရဲ့သားနဲ့သမီးအတွက် ပစ္စည်းအမျိုးမျိုးကို အဘွားဝယ်ပေးနေတာလည်း အနီရင့်သိတာပေါ့။အနီရင့်မှာတော့ အမေရှိတုန်းကဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေကို ဝတ်နေရတာ။"ကျောင်းမှာပွဲရှိလို့ အဝတ်တစ်စုံလောက် ဝယ်ပေးပါလား အဘွား " လို့အရဲစွန့်ပြောမိတော့ မကေဇင်ရဲ့

ဧကြည်ဖြူ "ရင်ဘက်ပေါ်က နှင်းဆီ " အပိုင်း (၃) ******* မူမူနွဲ့နွဲ့ဟန်နဲ့ တစ်လှမ်းချင်း လှမ်းလျှောက်လာတဲ့ နှင်းသီရိက ပန်းဆီရောင် ဝမ်းဆက်လေးနဲ့လှချင်းတိုင်းကို လှနေခဲ့တယ်။ လင်းရိပ် နှင်းသီရိကို ငေးမောကြည့်နေခဲ့မိတယ်။ လင်းရိပ်ရဲ့ ဘ၀မှာအချစ်ကအရေးမပါဘူးလို့ ထင်ခဲ့မိဘူးတယ်။ ဒါပေမဲ့ ရန်ကုန်ရောက်ပြီး နှင်းသီရိ နဲ့ ဆုံခဲ့ရချိန်မှာ နှင်းသီရိရဲ့အလှကြောင့်ပင်လား လင်းရိပ် ရင်ခုန်သံတွေ မြန်ခဲ့ရတယ်။ လင်းရိပ်က နယ်ဘက်ကနေ ရန်ကုန်မှာအလုပ် လာလုပ်တာ။နှင်းသီရိက ရန်ကုန်သူ ။ နှစ်ယောက်သား အရောင်း မာကတ်တင်းဆင်းရင်း အမှတ်မထင်တွေ့ဆုံခဲ့ကြရတာ။တွေ့တွေ့ချင်းနှစ်ယောက်သား အကြည့်ချင်းဆုံရင်တွေခုန်ပေါ့။နောက်တော့ သူ့ဆိုင်ကိုယ့်ဆိုင် ကြေညာဝင်ပြီး ဖုန်းနံပတ်ချင်းဖလှယ်ကြတာပေါ့လေ။လင်းရိပ်ဆိုတာကလဲ နယ်ကလာတယ်ဆိုပေမဲ့ အရပ်အမောင်းရော ရုပ်ရည်ရော အဖြစ်ပြောစရာမရှိအောင် ကြည့်ကောင်းတဲ့သူလေ။ " မောင် ဘာတွေ ကြည့်နေတာလဲ သွားမယ်လေ " နှင်းသီရိက သူမကို တမေ့တမော ငေးကြည့်နေတဲ့ ချစ်သူလင်းရိပ်ရဲ့လက်ကို ဆွဲပြီးပြောလိုက်တယ်။ ဒီတော့မှ လင်းရိပ်လည်း သတိဝင်လာပြီး ချစ်သူလေးကို အပြုံးနဲ့ နှုတ်ဆက်လိုက်ရတာပေါ့။ " မောင့်ရဲ့ချစ်သူက လှလွန်းလို့ငေးကြည်နေမိတာပါကွာ...အခုမောင်တို့ ဘယ်သွားကြမလဲ ...အင်းလျား ဘက်သွားမလား ...မုန့်သွားစားကြမလား " "အင်း ...ဂမုန်းပွင့်ကို သွားရအောင် မောင် ...နှင်းဝယ်စရာလေး နည်းနည်း ရှိလို့ " နှင်းသီရိရဲ့ စကားကြောင့် လင်းရိပ် ကျောပိုးအိတ်လေးကို ယောင်ယမ်းပြီး ဖျစ်ညှစ်လိုက်မိတယ်။တော်သေးတာက မနက်က အိမ်ကို ငွေအကုန်မလွှဲဘဲ ချန်ထားမိလို့ပေါ့။ ဒီလိုဆိုတော့ ညတုန်းက ငွေ ပိုပိုသာသာပေးလိုက်တဲ့ ခပ်ကြောင်ကြောင် အမျိုးသမီးကို ပြေးပြီး သတိရလိုက်မိတယ်။ ***** ဂမုန်းပွင့်ကုန်တိုက်ထဲကို ၀င်တော့ နှင်းသီရိရံ့ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေပေမဲ့ လင်းရိပ်ရဲ့ ခြေထောက်တွေကတော့ ခဲဆွဲခံထားရသလို လေးပင်နေမိတယ်။တကယ်တော့ ကိုယ်ချစ်ရတဲ့သူပဲ လင်းရိပ်ဝယ်ပေးချင်တာပေါ့။ဝယ်ပေးချင်တာမှကမ္ဘာအကောင်းဆုံးပစ္စည်းတွေကိုပဲ ဝယ်ပေးချင်တာ။ ဒါပေမဲ့ လင်းရိပ် ဝင်ငွေက အဲ့လောက်မရှိဘူးလေ။ မိသားစုရဲ့စရိတ် ၊ လင်းရိပ်ရဲ့ စရိတ် ၊ချစ်သူအတွက် ဟိုဟာဒီဟာဝယ်ပေးတဲ့ စရိတ်တွေ ပေါင်းလိုက်ရင်တစ်လ ထွက်ငွေက ဆယ်သိန်းနီးပါးပင်ကပ်နေမလားမသိ။ လင်းရိပ် လုပ်အားခက တစ်လမှ လေးသိန်း အိုဒီကြေး ဘာညာပေါင်းမှ ငါးသိန်းလောက်ရတာ။ရှင်းရှင်းပြောရရင် ရင်ဘက်မှာနှင်းဆီပွင့် ထိုးပြီး မိန်းမတွေကို မြူဆွယ်ရတဲ့အလုပ်ကို လင်းရိပ် မလုပ်ချင်ဘူး။ ဒါပေမဲ့ လင်းရိပ်အခြေအနေက မလုပ်လို့မဖြစ်။ ဒါကြောင့်မို့ လင်းရိပ် ကိုယ့်အသုံးစရိတ်ကို တတ်နိုင်သမျှ ချွေတာသုံးပြီး တစ်လမှ နှစ်ခါ ၊ အများဆုံး သုံးခါပဲ အလုပ်လုပ်တယ် ။ ဒီထက် မပိုဘူး ။ အထူးသဖြင့် ရောဂါဆိုးကြီးရသွားမှာ ၊တစ်ခုခုအမှားအယွင်း ဖြစ်သွားမှာကို ကြောက်နေမိတယ်။ အကာအကွယ်တွေ သုံးနေတယ်ဆိုပေမဲ့ ကံကြမ္မာ အပါအဝင် ဘယ်အရာကိုမှ ယုံကြည်လို့မရဘူး မဟုတ်လား။ပြီးတော့ ချစ်သူနှင်းသီရိသာသိသွားခဲ့ရင် ဆိုတဲ့အတွေးတွေကလည်း လင်းရိပ်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ဒါကြောင့်မို့လည်း ဒီဘဝကနေ ရုန်းထွက်နိုင်ဖို့ လင်းရိပ် အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။အမေ့ရဲ့ ကျန်းမာရေ၊မိသားစု အသုံးစရိတ်၊ ချစ်သူရဲ့လိုအပ်ချက်တွေက လင်းရိပ်ကို ဒီနွံထဲကိုပဲတွန်းပို့ပေးနေလေ ရောသလားမသိ။ မစွပ်စွဲရက်ပါ။ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုအတွက် လင်းရိပ် ဘယ်သူ့ကို မှ အပြစ်မတင်ချင်ပါလေတော့။ " ( ၅၂၀၀၀) ပါရှင် " ကောင်တာမှ စာရေးမလေးရဲ့ အသံက လင်းရိပ်နားထဲကို စူးခနဲ ၀င်ရောက်လာတယ်။ လင်းရိပ် ချစ်သူကို မသိမသာအကဲခတ်လိုက်တော့ သူမက လွယ်ထားတဲ့ စလင်းဘတ်အိတ်လေးကို ဖွင့်မယောင်နဲ့ခေါင်းကို ငုံ့ထားတယ်။ လင်းရိပ် သက်ပြင်းမချမိပါ။ကျောပိုးအိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး ငွေရှင်းပေးလိုက်တယ်။ပြီးတော့ ကောင်တာပေါ်က အိတ်ထုတ်လေးကို ကောက်ယူလိုက်ပြီး ချစ်သူလက်ကိုဆွဲလို့ ကုန်တိုက်ထဲက အမြန်ဆုံးပြန်ထွက်ခဲ့တယ်။ဘယ်မှာလည်း အိပ်မက် ။ဘယ်မှာလည်း အနာဂတ်။ လင်းရိပ်ရဲ့ မျှော်လင့်ချက်အိပ်မက်တွေက ဓါတုဆေးဝါးတွေရဲ့အောက် ၊ ပြီးတော့ အလှပြင်ပစ္စည်းတွေ ၊ အိတ်တွေ ၊ ဖိနပ်တွေနဲ့ အဝတ်အစား တောက်တောက်ပပတွေ အောက်မှာ အမြဲ မှေးမှိန်ပျောက်ကွယ်ခဲ့ရမြဲ။ သေချာတာက မကြာခင်ရက်ပိုင်းအတွင်းမှာ လင်းရိပ်ရဲ့ရင်ဘတ်ပေါ်မှာ နင်းဆီတစ်ပွင့် မထိုးမဖြစ် ထိုးရအုံးမယ်ဆိုတာပါပဲ။ ****** အနီရင့် မှန်တင်ခုံရှေက ခုံပုလေးမှာထိုင်နေမိပြီး ခုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကိုဘုန်း ကို ငေးကြည့်ပြီး စဉ်းစားတွေးတောနေမိတယ်။အနီရင့်နဲ့ ကိုဘုန်းတို့ ချစ်သူသက်တမ်းက မကြာခင် ဆယ်နှစ် တင်းတင်းပြည့်တော့မယ်။ကိုဘုန်း အနေနဲ့ ခုချိန်ထိ အနီရင့်ကို လက်ထပ်ခွင့် မတောင်းသေး။တစ်ခါတော့ လက်ထပ်ဖို့အကြောင်းကို အနီရင့်ကပ် မိန်းမတန်းမဲ့အရင်စပြောမိသေးတယ်။ပြောတော့လည်း ပြောတာပဲ အဖက်တင်တယ် ။ကိုဘုန်းပုံစံကအင်းမလှုပ်အဲမလှုပ်နဲ့လေ။ မိသားစုကိုပဲ စိတ်မချသလိုလို ပုံနဲ့လေ။ မိသားစုကို စိတ်မချရအောင် ကိုဘုန်းတို့မိသားစုက

တော့မနေနိုင်ပြန်။ဒါကအချစ်ကြောင့်ပဲ ဆိုရင်တော့ မြတ်ဘုန်း အနီရင့်ကို ချစ်နေတုန်းပါပင်။ "သွားမယ်လေ ကိုဘုန်း " အနီးရင့််ရဲ့ အသံကို အနီးကပ် ကြားလိုက်ရမှ မြတ်ဘုန်းသတိဖျတ်ခနဲ ပြန်ဝင်လာမိတယ်။မြတ်ဘုန်း အနီရင့်ကို ကြည့်လိုက်တော့ ထဘီလိုလို စကပ်လိုလို အနက်ရောင်စကပ်ရှည်နဲ့ မီးခိုးရောင်ရှပ်လက်တိုလေးကို တွဲဝတ်ထားတယ်။ မလှဘူးလားဆိုတော့ အရမ်းချည်း လှနေတာမဟုတ်ပေမဲ့ လှတော့လှပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောမလဲ အမြဲလိုလိုအနက်ရောင်ချည်းပဲ ဝတ်နေတတ်တဲ့ သူမကို မြတ်ဘုန်းစိတ်တိုင်းမကျ ဖြစ်မိတာတော့ အမှန်ပင်။ **** အခန်း ( ၃ ) နှင်းသီရိ လက်ကနာရီလေးကို ငုံ့ကြည့်လိုက်တော့ ညနေခြောက်နာရီ ထိုးတော့မယ်။ လင်းရိပ် မကြာခင်ရောက်လာတော့မှာမို့ နှင်းသီရိ မျက်နှာကို အလှအပ နည်းနည်းပြင်လိုက်တယ်။ အလှပြင်တယ်ဆိုပေမဲ့ ထွေထွေထူးထူးပြင်စရာတော့ သိပ်မလို။နှင်းသီရိက ငွေကြေး မချမ်းသာပေမဲ့ အလှတရားတော့ချမ်းသာတယ်ပြောရမလား။နှင်းသီရိကို မြင်သူတိုင်းက ကျိန်းသေးသမင်လည်ပြန်တစ်ခေါက်လောက်တော့ငေးကြည့်မြဲပင် မဟုတ်လား။ "အမလေး ပြင်မနေပါနဲ့ နှင်းရယ် ...နှင်းက မပြင်လဲ လှပြီးသားပဲဟာ ..." လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ယုဆွေရဲ့စကားကြောင့် နှင်း သီရိပြုံးလိုက်မိတယ်။ပြီးတော့ မှန်ရှေ့မှာရပ်ပြီး ခေါင်းလေးစောင်းလို့ ကိုယ့်ရဲ့ခန္ဓာကိုယ် အလှကို လှည့်ပတ်ကြည့်နေမိပြန်တယ်။ ခါးသေးရင်ချီ ဆိုတဲ့ စကားနဲ့ အညီ စွဲမက်တိမ်းညွတ်ဖွယ်လှပကျော့ရှင်းနေတဲ့ ခန္ဓာကိုယ်ကို ကြည်ပြီး နှင်းသီရိ ကျေနပ်စွာပြုံးလိုက်မိတယ်။ ***** လင်းရိပ် ချစ်သူနှင်းသီရိအလုပ်လုပ်တဲ့ ဆိုင်ရှေ့မလှမ်းမကမ်းမှာ နှင်းသီရိကို ရပ်စောင့်နေခဲ့တယ်။ လင်းရိပ် မျှော်နေတုန်းမှာပဲ နှင်းသီရိ တစ်လှမ်းချင်း လှမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။ @@@@@@@@@@@@@ အပိုင်း (၃) ဆက်ရန် ဧကြည်ဖြူ

သူများတွေများ မိုးလင်းလင်းခြင်း ချစ်သူ့ရဲ့ တီတီတာတာ အသံနဲ့ နှိုးထကြတယ်တဲ့။ အနီရင့်မှာတော့ ဒေါသသံကြီးပဲ စကြားရတာများမယ်ထင်တယ်။အနီရင့် ဖုန်းကို ပြန်ချပြီး အိပ်ရာပေါ်ကကြုံးရုံးထကာ တံခါးပေါက်ဆီကို အပြေးအလွှား ထသွားမိတယ်။ "ကိုဘုန်း ... အစောကြီးပဲ ....နေ့လည်လောက်မှ ပြန်လာမယ်ထင်တာ " တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက ကိုဘုန်းခေါ် မြတ်ဘုန်းသွင်ရဲ့ စိတ်တိုနေတဲ့မျက်နှာပင်။ မြတ်ဘုန်းက မနက်စောစောစီးစီး ဆံပင်စုတ်ဖွားနဲ့ အိပ်ချင်မူးတူးပုံစံဖြစ်နေတဲ့ အနီရင့်ကိုကြည့်ပြီး စိတ်ထဲက တွန့်ခနဲဖြစ်သွားမိသလိုပါပင်။သေချာတာက ငယ်သံယောစဉ်သာ မရှိခဲ့ရင် အနီရင့်ကို မြတ်ဘုန်းစွန့်ပစ်ခဲ့မိလေမလား ပင်မသိ။ "ညက ဘယ်အချိန်မှအိပ်တာလဲ ... ညဉ့်နက်သန်းခေါင် အထိစာရေးနေတုန်းပဲလား ... မင်းဘယ်အချိန်မှာ ရင့်ကျက်မှာလဲကွာ ... အလုပ်လေးတစ်ခုလောက် လုပ်ဖို့ မစဉ်းစားတော့ဘူးလား " ချစ်သူရဲ့ အမေးတွေကို အနီရင့် မဖြေမိ။ ညက အဖြစ်အပျက်ကိုသာ သူ့ကို အမှန်တိုင်းပြောပြကြည့်ပါလား။ အနီရင့် ခေါင်းကို ဆတ်ခနဲ ခါယမ်းပစ်လိုက်တယ်။တစ်ခါတလေ အမှန်တရားဆိုပေမဲ့ မသိတာ၊ မပြောတာက ပိုကောင်းမယ်ထင်ပါရဲ့။ ဥပမာ ညတုန်းက အနီရင့် သူစိမ်းယောက်ျားတစ်ယောက်နဲ့ရိုးသားစွာရှိနေခဲ့တာပါတို့။ကိုဘုန်းတစ်ယောက် ခရီးကို ဘယ်သူနဲ့အတူသွားတာလဲ ဆိုတဲ့ အဖြေမှန်လိုမျိုးကိုပေါ့။ဘာပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ရောက်ခြင်းမနက်မှာ ကိုယ့်ဆီကို ရောက်လာခဲ့တာတစ်ခုနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပေါ့လေ။ " ဒီမှာ ခဏလာထိုင်အုံး ပြောစရာရှိလို့..." မြတ်ဘုန်းက ဆိုဖာပေါ်မှာဝင်ထိုင်လိုက်ရင်း အနီရင့်ကိုပါ ထိုင်ခိုင်လိုက်တယ်။ မြတ်ဘုန်းရဲ့ စကားကြောင့် အနီရင့်လည်း မြတ်ဘုန်းနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။ချစ်ဦးသူ။ချစ်ရသူတဲ့။ ဆယ်စုနှစ်တစ်စုနီးပါးအထိရောက်ရှိတော့မယ့် အနီရင့်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အခြားသူတွေက အားကျနေကြမလားပင် မသိ။လက်တွေ့ ဘ၀မှာတော့ အနီရင့်တို့ရဲ့အချစ်ရေးက သွေးခဲလုမတက် အေးစက်နေတဲ့ လွင်ပြင်ကြီးထဲမှာ မီးဖိုလေးဖိုပြီး ထိုင်နေရသလိုအနေအထားမျိုးဖြစ်မယ်ထင်ပါရဲ့။ "မနေ့က အဘွားခေါ်တာကို မသွားဘူးဆို...မင်းဘာတွေဖြစ်နေတာလဲ ...မနေ့ညကတည်းက အမေက ကိုယ့်ဆီကိုဖုန်းဆက်တာ...ဒီပုံအတိုင်းဆို ကိုယ့်အမေ အမြင်မကြည် ဖြစ်မှာကို မင်း မစိုးရိမ်တော့ဘူးလား ....ဒီလိုပဲ ဆွေမရှိ မျိုးမရှိ တစ်ကောင် ကြွက်လိုနေတော့မှာလားပြော " မြတ်တုန်းရဲ့ အသံက ဒေါသသံတွေ ပါလာတယ်။အနီရင့် မြတ်ဘုန်း မျက်နှာကို ဆတ်ခနဲ မော့ကြည့်ပစ်လိုက်တယ်။ "အနီရင့်မှ မသွားချင်တာ...သွားလဲဘာထူးလို့လဲ ... နောက်ဆုံးကျ ငွေအကြောင်းပဲပြောတာကို " အနီရင့် မြတ်ဘုန်းကိုပက်ခနဲ ပြန်ပြောလိုက်တော့ မြတ်ဘုန်းရဲ့တင်းမာနေတဲ့ မျက်နှာက နည်းနည်းတော့ ပြေလျော့သွားတယ်။ "ဘာပဲဖြစ်ဖြစ်ကွာ ... သူက ချစ်ရဲ့ အဘွားအရင်းလေ... ပြီးတော့ အသက်ကြီးနေတဲ့သူ မဟုတ်လား ဒါကို ချစ်ကပဲနားလည်းပေးလိုက်ပါလားကွာ ....ခုလို ချစ်သဘောအတိုင်း ဆုံးဖြတ်ပြီး နေနေတော့ လူကြီးတွေစိတ်ထဲမှာ ချစ်ကို ရိုင်းတယ်လို့ထင်နေကြတာပေါ့ " အဲ့ဒီလူကြီးတွေထဲမှာ ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့မိသားစုက ထိပ်ဆုံးက မဟုတ်လားလို့ အနီရင့် စိတ်ထဲကပဲပြောလိုက်မိတယ်။လက်တွေ့မှာတော့ မနက်စောစောစီးစီးမှာပင် သန့်ပြန့်ကြည့်ကောင်းလွန်းနေတဲ့ချစ်သူ့မျက်နှာကို မသိမသာလေးခိုးဝှက် ကြည့်နေမိတယ်။တကယ်တော့ရွှေတိဂုံဘုရားရယ်၊ အင်းလျားရယ် ၊ ကန်တော်ကြီးရယ်၊ ကိုဘုန်းရယ်သာမရှိရင် ဟော့ဒီမြန်မာ့ပြည်ကနေ အနီရင့်ထွက်သွားမိတာ ကြာပြီ ထင်ပါရဲ့လေ။အခုတော့ သေးငယ်လွန်းလှတယ်လို့ထင်ခဲ့မိတဲ့ သံယောစဉ် ကြိုးမျှင်တွေက အနီရင့်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်နောင်ဖွဲ့ထားခဲ့ပြီလေ။ "ကဲပါကွာ ... ရေအမြန်သွားချိုး မုန့်သွားစားရအောင် ...ကိုယ်က အလုပ်ကိုသွားရအုံးမှာ " "မသွားဘူး "ဟု အနီရင့်စိတ်ထဲကနေ ကျယ်ကျယ်လှောင်လှောင်ပြောလိုက်ပေမဲ့ တကယ်တမ်းမှာ အနီရင့် ဆိုဖာကနေ ဖျတ်ခနဲထလိုက်ပြီး အတွင်းခန်းဘက်ကို တလွှားလွှားနဲ့လျှောက်လာခဲ့မိတယ်။ အနီရင့်ရဲ့ကျောပြင်ကို ကြည့်ပြီး မြတ်ဘုန်း သက်ပြင်းမောကို ချလိုက်မိတယ်။အနီရင့်နဲ့မြတ်ဘုန်းတို့က အနီရင့်အထက်တန်းကျောင်းသူအရွယ်မှာ စတင် ဆုံတွေ့ခဲ့ရတာ။ တိတိကျကျပြောရမယ်ဆိုရင် အနီရင့် သူ့အဘွားအိမ်ကို စတင်ရောက်ခဲ့တဲ့အချိန်ကစပြီး တွေ့ဆုံခဲ့ကြရတာဆိုပါတော့။မြတ်ဘုန်းတို့အိမ်နဲ့ အနီရင့်တို့ အဘွားအိမ်က ခြံချင်းကပ်နေကြတာလေ။အနီရင့်ထက် မြတ်ဘုန်းက အသက်သုံးနှစ်လောက်ကြီးတယ်။ဆယ့်ငါးနှစ်ကျော်အရွယ် အနီရင့်ကို စမြင်ဖူးကတည်းက မြတ်ဘုန်း ရင်ခုန်သံတွေ မြန်ခဲ့ရတာ။ ဒီလိုနဲ့ အနီရင့် ဆယ်တန်းအောင်ပြီးတော့မြတ်ဘုခုံးကို အဖြေပေးခဲ့တယ်။အဲ့ဒီအချိန်က ဒီလောကမှာ ကိုယ့်ဘ၀လောက် ပျော်စရာကောင်းတဲ့ ဘဝ ရှိမှာမဟုတ်ဘူးလို့မြတ်ဘုန်းထင်ခဲ့မိတာ။အချစ်က ပြောင်းလဲတတ်တာလား။ ဒါတော့ မဖြစ်နိုင်။ဒီနေ့အချိန်ထိ အနီရင့်ကို မြတ်ဘုန်း မစွန့်လွှတ်နိုင်သေးပါ။အနီရင့်ကိုတွေ့တဲ့အခါ အရင်လို ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲမနေတော့ပေမဲ့ ချစ်နေသေးတာ အသေအချာပင်။အနီရင့်ရဲ့ မျက်နှာလေးကိုတစ်ပတ်ဆယ်ရက်မတွေ့ရဘဲ နေနိုင်ပေမဲ့အဲ့ဒီ ထက်ပိုပြီး

ဧကြည်ဖြူ "ရင်ဘတ်ပေါ်ကနှင်းဆီ " (အပိုင်း ၂) ******* လင်းရိပ် ချစ်သူဖြစ်တဲ့ နှင်းကို ပျာပျာသလဲ တောင်းပန်းလိုက်ရတယ်။မတောင်းပန်လို့လဲ မဖြစ်ဘူး။နှင်းခေါ် နှင်းသီရိက လှသလောက် စိတ်တိုစိတ်ကောက်လွယ်သူပင်။နှင်း စိတ်ကောက်သွားပြီဆိုရင် တစ်ပတ် ဆယ်ရက် လင်းရိပ်ကို အဆက်အသွယ်မလုပ်တော့။ဒီလိုဆိုရင်ဖြင့် လင်ရိပ်မှာ အရူးကြီးပမာ ယောင်ချာချာကို ဖြစ်လို့ ။ဒါကြောင့်ပင် လင်းရိပ် နှင်းကို အမြဲအလျော့ပေး အရှုံးပေးရမြဲ။ လင်းရိပ် အတွက် နှင်းက မိသားစုဝင်တွေနဲ့ ထပ်တူ ချစ်ခင်တွယ်တာ ရသူပါပင်။ "မောင်တောင်းပန်ပါတယ်နော် နှင်း ....နှင်း အလုပ် သွားဖို့ပြင် နေပြီလား ... ညနေကျရင် မောင်တို့ တွေ့ကြမယ်လေ နော် ..." နှင်းဘက်က ကြည်ကြည်သာသာနဲ့ ဖုန်းချသွားမှပင် လင်းရိပ် လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုပ်လိုက်မိတယ်။ ***** ( Wave Money)ဆိုင်းဘုတ်ထောင်ထားတဲ့ ဆိုင်ရှေ့ကိုရောက်တော့ လင်းရိပ် ဆိုင်ထဲကို၀င်လိုက်တယ်။ဆိုင်က ခုမှဖွင့်ကာစ ဆိုင်ရှင်က အလုပ်ရှုပ်လို့ကောင်းတုန်း လင်းရိပ်ကိုတွေ့တော့ခေါင်းမော့ကြည့်ပြီး နှုတ်ဆက်တယ်။ငွေလွှဲနေကြမို့ ဆိုင်ရှင်ကြီးနဲ့ လင်းရိပ်တို မျက်မှန်းတန်းမိနေကြတဲ့ အခြေအနေပင်။ ဒါတောင် လင်းရိပ်က ဒီဆိုင်မှာ ငွေအမြဲလွှဲတာ မဟုတ်။လင်းရိပ် အိမ်ကို ငွေလွှဲပို့တဲ့အခါတိုင်း တစ်ဆိုင်တည်းက ပိုလေ့ မရှိဘဲ ဆိုင်ပေါင်းစုံ နေရာပေါင်းစုံက ပို့တတ်မြဲ ။ အဓိက က လင်းရိပ် ငွေတွေ တအားသုံးနိင်တာကို အခြားသူတွေ မသိစေချင်တာကြောင့်ပင်။ ****** လင်းရိပ် အလုပ်ကိုရောက်တော့ သန့်ရှင်းရေး ဝန်ထမ်းနှစ်ယောက်ပဲရောက်သေးတယ်။ ဒါက ထုံးစံပဲလို့ ပြောရလေမလား ။ သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ အလုပ်ချိန်က လင်းရိပ် တို့ထက် နာရီဝက် စောတယ်။မနက်ကိုးနာရီမှ လင်းရိပ်တို့က အလုပ်ချိန်စ၀င်ရတာ။ လင်းရိပ်ကတော့ အဆောင်မှာ ကြာရှည်မနေချင်တာကြောင့် အလုပ်ကို စောစောရောက်မြဲပင်။ လင်းရိပ်လုပ်တဲ့ အလုပ်က အရောင်းဆိုင်ရဲ့ မာကတ်တင်းပိုင်း။လင်းရိပ်တို့ဆိုင်မှာ ရောင်းတဲ့ ပစွည်း တွေက လွယ်လွယ်ပြောရမယ် ဆိုရင် ရေချိုးခန်း ၊ သန့်စင်ခန်းမှာသုံးတဲ့ ရေပိုက်ခေါင်း ၊ ရေပန်း၊ ဘေစင်ကနေ ရေချိုးဇလား အပါ ဘိုထိုင်အိမ်တွေ ရောင်းတဲ့ အရောင်းပြခန်း။ဆိုင်က ကြီးကျယ်ခမ်းနားလှတယ်။ခမ်းနားဆို အထဲမှာ ရောင်းတဲ့ပစ္စည်းအများစုက နိုင်ငံခြားထုတ်တွေချည်းပဲ ရောင်းတာ။ဈေးအနိမ့်ဆုံး ပိုက်ခေါင်းလေးတစ်ခုတောင် သုံးလေးသောင်းရှိတယ်။ လင်းရိပ်ဆိုင်ကို စရောက်တုန်းက ဆိုရင် ပစ္စည်းတန်ဖိုးတွေကြည့်ပြီး မျက်လုံးပြူးမျက်ဆံပြူးကို ဖြစ်လို့။ လင်းရိပ်မှာ အမေ့ကိုခွဲစိတ်ကုသဖို့ သိန်းငါးဆယ်ကို ဘ၀ရော သိက္ခာရောရင်းပြီး ရှာနေချိန်မှာ သိန်းခုနှစ်ဆယ်တန်ဘေစင်ကို ဈေးမဆစ်ဘဲ ဝယ်သွားတဲ့အခါဖြစ်စေ၊ သိန်းနှစ်ဆယ်ကျော်တန် ဘိုထိုင်ကို အလွယ်တကူ ဝယ်သွားတဲ့အခါ လင်းရိပ် ရင်ထဲမှာ ဘာမဆိုင်ညာမဆိုင်တဆစ်ဆစ်နာလာတတ်တယ်။တကယ်တော့ လင်းရိပ်ရဲ့ တစ်လစာ လခမှာပင် အီတလီနိုင်ငံထုတ် ရေပူရေအေး သုံးလို့ရတဲ့ရေပိုက်ခေါင်းတစ်ခုစာဖိုးပင်မရှိ။လင်းရိပ်ရဲ့လစာငွေ က တစ်လ လေးသိန်းသာ။ရေပိုက်ခေါင်းတစ်ခုဈေးနှုန်းမှာ ခုနှစ်သိန်းကျော်ကနေ သိန်းနှစ်ဆယ်ကြားရှိတယ်။ ဒီအလုပ်ကိုရောက်မှပင် လူတန်းစား ကွာဟခြားနားမှုကို လင်းရိပ်ပြတ်ပြတ်ထင်ထင် သိခဲ့ရတယ်။သိန်းငါးဆယ်ကျော်လောက် အကုန်ခံပြီးကုသ လိုက်ရင် ပြန်ပြီးကျန်းမာလာနိုင်တဲ့ အမေ။ရန်ကုန်မြို့ရဲ့အစွန်အဖျား တိုးချဲ့ကွက်သစ်တွေထဲက သိန်းရာကျော်တန် နှစ်ဆယ်ခြောက်ဆယ် မြေကွက်လေးတစ်ကွက် ။ဒါတွေက လင်းရိပ်ရဲ့အိပ်မက်တွေပင်။တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြို့စွန်ဇနပုဒ်လေးမှာပဲဖြစ်ဖြစ် မိသားစုနဲ့ အတူနေနိုင်ဖို့က လင်းရိပ်ရဲ့မျှော်လင့်ချက်ပင်။ခုချိန်မှာ တော့ ဒီအိပ်မက်တွေအတွက် လင်းရိပ် အစွမ်းကုန် ကြိုးစားနေဆဲ။ ***** အခန်း ( ၂ ) " ဒေါက် ...ဒေါက် ... ဒေါက် ..." မြတ်ဘုန်းတံခါးကို အဆက်မပြတ်ခေါက်လိုက်တယ်။ အခန်းထဲက တုတ်တုတ်လှုပ်သံပင်မကြားရပေ။မြတ်ဘုန်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်တယ်။ ****** အနီရင့်။အသက်က နှစ်ဆယ့်ခွန်။အနီရင့်ဆိုတဲ့ သူမက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ရုပ်လေးက အရမ်းလှ ။မိဘက ချမ်းသာ။ မိသားစုရဲ့ အလိုလိုက် ခံထားရသူ။ကိုယ်ပိုင် တိုက်ခန်းမှာတစ်ယောက်တည်းနေပြီး ဆိုးချင်တိုင်းဆိုးခွင့်ရနေတဲ့သူတော့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ အနီရင့်မှာ ကိုယ်ပိုင် တိုက်ခန်းတစ်ခန်းရယ်။မပူမပင် မကြောင့် မကျ နေစားနိုင်နေနိုင်တဲ့ဘ၀မျိုးတော့ ရှိတယ်။ပြီးတော့ အနီရင့်မှာလည်း နာကြည်းနာကျင်ရတဲ့ ဇာတ်လမ်းတွေရှိနေတယ်။ "ဘယ်လိုဖြေရမလဲ ....ပေါ့ပါးခြင်းနဲ့ ဘ၀....ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ .. ခရီးသည်တစ်ဦးရဲ့ ညနေများ ..." ဖုန်းသံက အဆက်မပြတ် မြည်နေတာမို့ အနီရင့် အိပ်ချင်မူးတူးနဲ့ဖုန်းကို လှမ်းယူလိုက်ရတယ်။ "ဟယ်လို "အိပ်ချင်းမူးထူးအသံနဲ့ ထူးလိုက်တော့ တစ်ဖက်ကနေ စိတ်မရှည်တဲ့ပုံနဲ့ စကားသံ ထွက်ပေါ်လာတယ်။ " အနီရင့် မင်း ခုချိန်ထိ အိပ်နေတုန်းလား ...တံခါ လာဖွင့်ပေးအုံး ..."

"အေး ..အေးပါ ဆိုင်တွေ ဖွင့်တာနဲ့ အစ်ကို ငွေလွှဲပေးလိုက်မယ်နော် ... အမေနဲ့ အငယ်ကောင်ကိုလဲ ဂရုစိုက်နော် ညီမလေး ... အစ်ကို ငွေပိုပြီးပို့လိုက်မယ်သိလား ...ညီမလေးလိုချင်တာရှိရင်လဲ ဝယ်နော်ကြားလား " "ဟုတ်ကဲ့ အစ်ကို ...ညီမလေး အတွက် မလိုပါဘူးအစ်ကိုရယ် ...ဒါပဲနော် အစ်ကို ...အမေဆေးရုံသွားဖို့ ပြင်ဆင်ပေးရအုံးမယ် ..." ညီမလေးက ပြောင်ပြောဆိုဆို ဖုန်းကို ချသွားတယ် ။လင်းရိပ်မှာသာ ရင်ထဲက အပူလုံးကြီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရတယ်။ လင်းရိပ်တို့မှာ အားကိုးစရာ အဖေက မရှိတော့။အမေက နှလုံးရောဂါသည်။မောင်နှမကသုံးယောက်။လင်းရိပ်က အကြီးဆုံး။အဖေဆုံးသွားပြီးကတည်းက လင်းရိပ်ကပဲ မိသားစုတာဝန်ကို လွှဲပြောင်းယူခဲ့ရတယ်။ လင်းရိပ်အောက်က အလတ်မလေးက ရောဂါသည် အမေ့ကို ပြုစုနေရတာနဲ့ အပြင်မှာ အလုပ်ထွက်လုပ်ခွင့် မရရှာဘူး။ ညီအငယ်ဆုံးကတော့ ခုမှ တက္ကသိုလ်တက်တုန်း။ ဘာပဲဖြစ်ဖြစ် အငယ်ကောင်ကျောင်းပြီးလို့ အလုပ်ရသွားရင် မိသားစုအတွက် အသက်ရှူပေါက်တစ်ပေါက် တိုးမယ်လို့တော့ လင်းရိပ် ယုံကြည်နေမိတယ်။ လင်းရိပ်ရဲ့ အဓိက ရည်ရွယ်ချက်က သိန်းငါးဆယ်လောက်ကုန်မယ်လို့ ပြောတဲ့ အမေ့ရဲ့ ခွဲစိတ်ကုသမှုအတွက် ငွေရဖို့နဲ့ နယ်မြို့လေးမှာ အမျိုးတွေ ခြံထဲခိုကပ်နေရတဲ့ မိသားစုကို ရန်ကုန်ကို ပြောင်းရွှေ့နေနိုင်ဖို့ပဲ။ အဲ့ဒါတွေ အဆင်ပြေသွားရင်တော့ ချစ်ရသူ့လေးအတွက် အရာအားလုံးကိုဖြည်ဆည်းပေးနိုင်ဖို့ လင်းရိပ်ကြိုးစားရမှာပေါ့။ခုချိန်မှာတော့ မျှော်လင့်ချက်တွေ ရင်မှာ ပိုက်ပြီး အဆောင် ခပ်ကျဉ်းကျဉ်းလေးထဲ အတောင်ပံတွေကို ဖြန့်နိုင်ဖို့အရေး အသေအကြေ ကြိုးစားနေရတာပေါ့။ အ၀တ်အစားလဲ ပြင်ဆင်ပြီးတော့ လင်းရိပ် အပြင်ထွက်ဖို့ပြင်လိုက်တယ်။အလုပ်သွားဖို့ စောသေးပေမဲ့ အိမ်ကို ငွေလွှဲပေးရမှာမို့ ခပ်စောစောပဲ ထွက်ခဲ့လိုက်တယ်။ ****** မှောင်မှောင်မည်းမည်းထဲမှာ လှေကားတွေကို စမ်းနင်းပြီးလျှောက်နေတုန်း ဖုန်းသံ ထွက်ပေါ်လာတာမို့ ကိုင်လိုက်တယ်။ " ဟယ်လို " " ဘာဟယ်လို့လဲ ...ညက ဘာလို့စက်ပိတ်ထားတာလဲပြော ...မောင် ဘာတွေ လုပ်နေတာလဲ ....အသစ်တွေ့နေတာလား ...." တစ်ဖက်မှ ဆူဆူအောင့်အောင့် အသံ နဲ့ပြောလာတဲ့ ချစ်ရသူကြောင့် လင်းရိပ် စိတ်ထဲ ပျာခနဲဖြစ်သွားမိတယ်။တကယ်တော့ ညဘက် အလုပ်ထွက် လုပ်တိုင်း ဆင်းကတ်ဟောင်းကို ပိတ်ပြီး အပိုထားတဲ့ ဆင်းကတ်ကိုပဲသုံးတာလေ။ညအလုပ်က ပြန်လာပြီဆိုမှ ကတ်ချင်းပြန်ချိန်း ထည့်ရတာလေ။ "မ ..မဟုတ်ပါဘူးချစ်ရဲ့ ...ညက မောင်တို့ဆီမှာ မီးပျက်နေလို့ ဖုန်းအား ကုန်နေလို့ပါ .... မောင် တောင်းပန်ပါတယ်နော် ချစ် " ############### (အပိုင်း ၂) ဆက်ရန် ဧကြည်ဖြူ အခန်းဆက်ဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ရက်ခြား တင်ပေးသွားပါမယ် ကြိုက်နှစ်သက်မှုရှိတယ်ဆိုရင် ဒီဝတ္ထုလေး (စ/ဆုံး) အတွက် Wave / K pay 1000 Ks ပဲ ကောက်ခံချင်ပါတယ်. Kpay (0r) Wave 09773745413 Lai Lai Win Lae Lae win မပေးဘဲနဲ့လည်း ဖတ်လို့ရပါတယ်ရှင် ခက်ခဲနေတဲ့ကာလမို့ အားလုံးကနားလည်ပေးမယ်လို့ထင်ပါတယ်