ar
Feedback
ThayNinGa Institute

ThayNinGa Institute

الذهاب إلى القناة على Telegram

Official Channel of TISS

إظهار المزيد
1 889
المشتركون
+124 ساعات
-37 أيام
-2430 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
يوليو '26
يوليو '26
+3
في 1 قنوات
يونيو '26
+12
في 1 قنوات
Get PRO
مايو '26
+4
في 0 قنوات
Get PRO
أبريل '26
+10
في 1 قنوات
Get PRO
مارس '26
+7
في 1 قنوات
Get PRO
فبراير '26
+11
في 1 قنوات
Get PRO
يناير '26
+10
في 1 قنوات
Get PRO
ديسمبر '25
+8
في 1 قنوات
Get PRO
نوفمبر '25
+9
في 0 قنوات
Get PRO
أكتوبر '25
+8
في 0 قنوات
Get PRO
سبتمبر '25
+15
في 2 قنوات
Get PRO
أغسطس '25
+4
في 1 قنوات
Get PRO
يوليو '25
+11
في 1 قنوات
Get PRO
يونيو '25
+12
في 0 قنوات
Get PRO
مايو '25
+17
في 0 قنوات
Get PRO
أبريل '25
+7
في 0 قنوات
Get PRO
مارس '25
+5
في 0 قنوات
Get PRO
فبراير '25
+12
في 1 قنوات
Get PRO
يناير '25
+28
في 0 قنوات
Get PRO
ديسمبر '24
+22
في 0 قنوات
Get PRO
نوفمبر '24
+18
في 0 قنوات
Get PRO
أكتوبر '24
+14
في 0 قنوات
Get PRO
سبتمبر '24
+27
في 0 قنوات
Get PRO
أغسطس '24
+57
في 0 قنوات
Get PRO
يوليو '24
+10
في 1 قنوات
Get PRO
يونيو '24
+15
في 0 قنوات
Get PRO
مايو '24
+10
في 0 قنوات
Get PRO
أبريل '24
+14
في 1 قنوات
Get PRO
مارس '24
+12
في 0 قنوات
Get PRO
فبراير '24
+23
في 2 قنوات
Get PRO
يناير '24
+86
في 0 قنوات
Get PRO
ديسمبر '23
+57
في 0 قنوات
Get PRO
نوفمبر '23
+13
في 1 قنوات
Get PRO
أكتوبر '23
+14
في 0 قنوات
Get PRO
سبتمبر '23
+5
في 0 قنوات
Get PRO
أغسطس '23
+10
في 0 قنوات
Get PRO
يوليو '23
+5
في 0 قنوات
Get PRO
يونيو '23
+11
في 0 قنوات
Get PRO
مايو '23
+6
في 0 قنوات
Get PRO
أبريل '23
+6
في 0 قنوات
Get PRO
مارس '23
+13
في 0 قنوات
Get PRO
فبراير '23
+9
في 0 قنوات
Get PRO
يناير '23
+11
في 0 قنوات
Get PRO
ديسمبر '22
+54
في 0 قنوات
Get PRO
نوفمبر '22
+13
في 0 قنوات
Get PRO
أكتوبر '22
+137
في 0 قنوات
Get PRO
سبتمبر '22
+29
في 0 قنوات
Get PRO
أغسطس '22
+37
في 0 قنوات
Get PRO
يوليو '22
+31
في 0 قنوات
Get PRO
يونيو '22
+80
في 0 قنوات
Get PRO
مايو '22
+118
في 0 قنوات
Get PRO
أبريل '22
+166
في 0 قنوات
Get PRO
مارس '22
+52
في 0 قنوات
Get PRO
فبراير '22
+281
في 0 قنوات
Get PRO
يناير '22
+1 074
في 0 قنوات
Get PRO
ديسمبر '21
+86
في 0 قنوات
Get PRO
نوفمبر '21
+1 903
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
09 يوليو0
08 يوليو+1
07 يوليو+1
06 يوليو0
05 يوليو0
04 يوليو0
03 يوليو+1
02 يوليو0
01 يوليو0
منشورات القناة
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား အိန္ဒိယ-မြန်မာ-ထိုင်း သု
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်စေရေးသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်နှင့် သတ်မှတ်ထားသည့် ၅ နှစ်အတွင်း အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်းကြောင်းတွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

2
နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော
နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၆) တွင် နိုင်ငံ၏ ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်လျှော့ချရေး၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ အလေးထားမှာကြားခဲ့ပြီး အစည်းအဝေး ကောက်နုတ်ချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် - (၁) အစိုးရသစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်အကဲဖြတ်ကာ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း။ (၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply နှင့် Demand မျှတစေရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၃) နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေ မျှတစေရေးအတွက် ပို့ကုန်တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်ကျဆင်းရသည့် အကြောင်းရင်းများကို သုတေသနပြုသုံးသပ်ရန် လိုအပ်ကြောင်း။ (၄) Export နှင့် Import အခြေအနေများကို Volume နှင့် Value နှစ်မျိုးစလုံးဖြင့် စနစ်တကျ သုံးသပ်စိစစ်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်တိကျရန် လိုအပ်ကြောင်း။ (၅) စားအုန်းဆီနှင့် စက်သုံးဆီတင်သွင်းမှု မြင့်မားနေခြင်းကြောင့် သွင်းကုန်လျှော့ချနိုင်မည့် နည်းလမ်းများကို ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဆန်းသစ်သော အကြံဉာဏ်များဖြင့် ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၆) လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် စက်သုံးဆီအသုံးပြုမှု လျှော့ချနိုင်ရေး၊ ကျောက်မီးသွေး၊ ဆိုလာနှင့် အခြားအစားထိုးစွမ်းအင်များကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၇) သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မီးရထားကဏ္ဍကို ဦးစားပေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် EV မော်တော်ယာဉ်ထုတ်လုပ်မှုတွင် CKD/SKD စနစ်များဖြင့် ပြည်တွင်းအလုပ်အကိုင်ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၈) စားသုံးဆီဖူလုံရေးအတွက် နှမ်း၊ နေကြာ၊ ပဲပုတ် အပါအဝင် ဆီထွက်သီးနှံများကို ရည်မှန်းချက်ကြီးကြီးထား၍ စိုက်ပျိုးထုတ်လုပ်ရေး၊ သုတေသနနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၉) ကြက်သွန်၊ အာလူး၊ ပဲပုတ်၊ နှမ်းနှင့် နေကြာတို့အတွက် ပြည်ပဈေးကွက်၊ အထူးသဖြင့် အိန္ဒိယဈေးကွက်အပါအဝင် နိုင်ငံတကာဈေးကွက်များကို သုတေသနပြုကာ ပို့ကုန်တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၁၀) မှောင်ခိုတင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားကို စည်းကမ်းတကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၁၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
91
3
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့၌ ဇူလိုင် ၆ ရက်က ပြုလုပ်သည့် Network of East Asian Think Tanks ၏ Work+8
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့၌ ဇူလိုင် ၆ ရက်က ပြုလုပ်သည့် Network of East Asian Think Tanks ၏ Working Group Meeting on Green Transition and Energy Security in ASEAN Plus Three (APT) Cooperation သို့ တက်ရောက် ဆွေးနွေးခြင်း ဒေါက်တာနိုင်ဆွေဦး #NaingSweOo [07072026]
142
4
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ဒုတိယအကြီးအကဲ/ သံမှူးကြီး Mr. Shen Dan က မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ဒုတိယအကြီးအကဲ/ သံမှူးကြီး Mr. Shen Dan က မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ရုံးသို့ ဇူလိုင် ၁ ရက်နေ့တွင် လာရောက် တွေ့ဆုံ ဆွေးနွေးခြင်း ဒေါက်တာ နိုင်ဆွေဦး #NaingSweOo [06072026]
157
5
Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. M
Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် လာရောက် တွေ့ဆုံခြင်း ဒေါက်တာနိုင်ဆွေဦး #NaingSweOo [05072026]
166
6
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးခ+1
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ အလုပ်သမားရေးရာ၊ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်အကောင်အထည်ဖော်သွားရန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲရလဒ်များမှာ အောက်ဖော်ပြအပါအတိုင်း ဖြစ်ပါသည် - ၁။ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန် ဆွေးနွေးခဲ့ကြပါသည်။ ၂။ သံတမန်ဆက်ဆံရေး နှစ် (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရန်နှင့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၃။ နယ်စပ်ကုန်သွယ်ရေး၊ Border Trade၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။ ၄။ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၅။ တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင်ရာ MoU များ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၆။ Online လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်းသွားရန် သဘောတူညီခဲ့ကြပါသည်။ ၇။ Joint Border Committee (JBC/JBSC) နှင့် Regional Border Committee (RBC) အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၈။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ MSME၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာစကားသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူညီခဲ့ကြပါသည်။ ၉။ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဒေသတွင်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၁၀။ လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုအတွင်း ပုံမှန်ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၁၁။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ပံ့ပိုးပေးမှုနှင့် မန္တလေးငလျင်ဘေးအတွက် ကူညီထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လာအိုဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
179
7
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စ+2
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် PPIB Links Youtube | Tiktok | Telegram | Website
139
8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လ+3
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ် PPIB Links Youtube | Tiktok | Telegram | Website
139
9
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု ခြင်းမှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website
111
10
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ သည့် မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website
97
11
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့+5
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆိုသည်။ President of the Republic of the Union of Myanmar,U Min Aung Hlaing, who is currently on a State Visit to the Lao People's Democratic Republic at the invitation of the Lao President Mr. Thongloun Sisoulith, was welcomed with a Guard of Honour by the Lao President Mr. Thongloun Sisoulith this morning. PPIB Links Youtube | Tiktok | Telegram | Website
108
12
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသည့် မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website
72
13
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ+3
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု A high-level Myanmar delegation led by President of the Republic of the Union of Myanmar, U Min Aung Hlaing and his wife, Daw Kyu Kyu Hla, who are currently on a State Visit to the Lao People's Democratic Republic, laid a wreath and paid tribute at the Monument of the Unknown Soldier. PPIB Links Youtube | Tiktok | Telegram | Website
83
14
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စ+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ A high-level Myanmar delegation led by the President of the Republic of the Union of Myanmar,U Min Aung Hlaing and his wife, Daw Kyu Kyu Hla, arrives in the Lao People's Democratic Republic for a State Visit. PPIB Links Youtube | Tiktok | Telegram | Website
97
15
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။ At the invitation of the President of the Lao People's Democratic Republic, Mr. Thongloun Sisoulith, a high-level Myanmar delegation led by the President of the Republic of the Union of Myanmar, U Min Aung Hlaing and His wife, Daw Kyu Kyu Hla, departed from Nay Pyi Taw Tatmadaw Airport by special aircraft this morning to pay a State Visit to the Lao People's Democratic Republic. Source: PPIB
125
16
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နှင့် တွေ့ဆုံဆွေးနွေး  နေပြည်တော်၊ ဇူလိုင် - ၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို အလုပ်သဘောခရီး ရောက်ရှိလာသည့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲဝင်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်၊ ဧည့် ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ President U Min Aung Hlaing Holds Talks with President of the Republic of Belarus, H.E. Mr. Aleksandr Lukashenko Nay Pyi Taw, July 2 The President of the Republic of the Union of Myanmar, U Min Aung Hlaing held talks with the delegation led by the President of the Republic of Belarus, H.E. Mr. Aleksandr Lukashenko, who arrived in Myanmar for a working visit at the invitation of The President of the Republic of the Union of Myanmar, U Min Aung Hlaing, at the Reception Hall of the Presidential Palace this evening. Source: PPIB
143
17
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတေ
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ လာရောက်လျက်ရှိပြီး၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့သည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးပွဲ (One-on-One Meeting) ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲအကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လျက်ရှိပါသည်။
121
18
ဇွန်လ (၂၂) ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ သံတမန် သင်တန်းကျောင်း (Myanmar Diplomatic Academy) တွင် ဖွင့်လှစ်လျက်ရှိသည့်+2
ဇွန်လ (၂၂) ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ သံတမန် သင်တန်းကျောင်း (Myanmar Diplomatic Academy) တွင် ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း (Diploma in Diplomacy) အမှတ်စဉ် (၂/၂၀၂၆) တွင် သင်ခန်းစာ ပို့ချခြင်း ဒေါက်တာနိုင်ဆွေဦး #NaingSweOo [02072026]
187
19
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ ကို ၃၀-၆-၂၀၂၆ (အင်္ဂါနေ့) ၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ PPIB Links
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ ကို ၃၀-၆-၂၀၂၆ (အင်္ဂါနေ့) ၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ PPIB Links Youtube | Tiktok | Telegram | Website
186
20
🇲🇲🇱🇦 Myanmar President Min Aung Hlaing will pay a state visit to Laos from 3–5 July at the invitation of Lao President Th
🇲🇲🇱🇦 Myanmar President Min Aung Hlaing will pay a state visit to Laos from 3–5 July at the invitation of Lao President Thongloun Sisoulith. The visit marks the 70th anniversary of diplomatic relations between Laos and Myanmar and aims to further strengthen bilateral friendship, cooperation, and ties between the two neighboring countries. Source: The Laotian Times
198