ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
His Highness Fox Lord Falls in Love (2019) ⭐TMDB: 0.0% User Score 🎬 #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ်ကူးယဉ်အချစ်ရုပ်ရှင် ချိုချိုလေးတွေကြိုက်တဲ့ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို သဘောကျမှာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-ဖန်ရှီးယွိဆိုတဲ့ ကံဆိုးမလေးဟာ အဆင့်မြင့်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပေမယ့်ကျောင်းစရိတ်ပေးပြီးနောက်မှာတော့ အဆောင်စရိတ်ပေးစရာမရှိဖြစ်နေပါတယ်။သူ့ဘဝမှာ အလွန်ဒုက္ခရောက်နေချိန်မှာ ရုပ်ရည်ချောမောပြီးမာနကြီးတဲ့ သူဌေးလေး ယန်ယွီက သူမရဲ့ အစ်ကိုဆိုပြီးအတူတူနေဖို့အတွက် နေစရာနေရာပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအစ်ကိုမှာ လျှို့ဝှက်ချက်ရှိနေသလိုပါပဲ။ သူမကိုတခြားယောကျာ်းလေးနဲ့ အဆက်အဆံလုပ်ခွင့်မပေးတဲ့အပြင်ကျောင်းဒါရိုက်တာအဖြစ်နဲ့ သူမကို လာစောင့်ကြပ်နေပါသေးတယ်။ပြီးတော့တခါတလေကျရင်လဲ သူမကမြေခွေးအမြီး ၉ ချောင်းကို တွေ့မိနေသလိုပါပဲ။ နေ့စဉ်နဲ့အမျှ တူတူရှိနေတဲ့ မောင်နှမဟန်ဆောင်ထားတဲ့နှစ်ယောက်ဟာအချင်းချင်းအချစ်တွေ ပိုလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ……မြေခွေးမင်းသားလေးမှာလည်း ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာကို……စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော်။...

She Came to Me (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 She Came to Me (2023) ~ IMDb – 6.1/10, Rotten Tomatoes – 47% ~ လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland’s Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ယောက်ျားဖြစ်သူကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူဖြစ်ပါ။ ကတ်ထရီနာကတော့ အချစ်နဲ့လိင်စိတ်လွန်ကဲတဲ့ရောဂါရှိနေသူဖြစ်ပါတယ်။ ဒီဇာတ်ကောင်သုံးယောက်ကြားက ပတ်သက်မှုတွေအပြင် စတီဗင်ရဲ့မယားပါသားအရှုပ်တော်ပုံတွေကိုပါ တစ်နာရီမိနစ်လေးဆယ်အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို မပျင်းရိစေဘဲ ကောင်းကောင်းဆွဲခေါ်သွားနိုင်လို့ အချိန်ပေးရတာတန်စေမယ့်ကားမျိုးပါပဲ။ ဒီဇာတ်လမ်းဟာ ဇာတ်လမ်းသက်သက်ဆိုရင်တော့ ဒီလောက်တော့ အားရစရာကောင်းမနေပေမဲ့ Peter Dinklage, Anne Hathaway နဲ့ Marisa Tomei တို့ရဲ့ သမ္ဘာက ဒီကားကို အများကြီး ပိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကလည်း အချစ်က ဘယ်လိုဆိုတာကို သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်သွားခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ ရုပ်ရှင်တစ်ကားကို ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို ဒါရိုက်တာတွေနားလည်သေးကြောင်း မျှော်လင့်ချက်ပေးနိုင်ခဲ့တယ်လို့ တချို့ကတော့ပြောကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

The Road (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Crime #Thriller #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Road (2023) အဝေးပြေးလမ်းမIMDb(8.8/10) ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ…လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု… မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက်ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်… အဲဒါ‌ကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလားနောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး….ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

In the Name of Love (2012) ⭐IMDB: 8.2/10 (70 Votes) 🎬 #Drama #Romance #Thriller 🗓 2012 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 57 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂) (ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့်၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ) တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။ လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...

地师传人 (2023) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာ စွန့်စားခန်းတွေကြိုက်တဲ့သူတွေအတွက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။တရုတ်ပြည်အနှံ့ ရှင်ဘုရင်တွေ တော်ဝင်မျိုးနွယ်တွေရဲ့သင်္ချိုင်းတွေအများကြီးရှိတဲ့အတွက် အဲဒီသင်္ချိုင်းဆောက်ပုံဆောက်နည်းတွေကိုမှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ဟာ သင်္ချိုင်းဖောက်ထွင်းသမားတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။ သင်္ချိုင်းဖောက်ထွင်သမားတွေဟာ ဒီမှတ်စုစာအုပ်ကိုရဖို့အလုအယက်ဖြစ်နေကြချိန်မှာ သင်္ချိုင်းဆောက်တဲ့နေရာကိုတာဝန်ယူတဲ့ဖုန်းရွှေဆရာလေးကတော့ ဝင်မပါချင်ခဲ့ပါဘူး။ ကံမကောင်းခြင်းတော့ သင်္ချိုင်းဖောက်ထွင်းသမားတွေကအကြပ်ကိုင်ပြီးခေါ်သွားတာကိုခံရပါတယ်။ဒီလိုနဲ့ တတ်သိပညာမနေသာပဲ မှတ်စုစာအုပ်ရှိရာသင်္ချိုင်းထဲကိုဆင်းသွားကြပါတယ်။မြေအောက်သင်္ချိုင်းထဲမှာ ရှေးခေတ်သင်္ချိုင်းတွေရဲ့ထုံးစံအတိုင်း ဘယ်လိုထူးဆန်းတဲ့အရာတွေကိုထည့်သွင်းသဂြိုလ်ထားမလဲ……ဘယ်လိုအန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေမလဲ...

The Guilty Ones (2019) ⭐IMDB: 5.5/10 (93 Votes) 🎬 #Crime #Drama #Mystery 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကိုလူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကိုငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်….အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင်အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ကလေးမလေးအမေကလက်မလျော့ပဲအဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကိုဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ် တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုးကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ…ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်...

Pippa (2023) ⭐IMDB: 7.3/10 (57 Votes) 🎬 #Bollywood #Drama #War #Action #History 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pippa (2023) “စစ်သည်တော် ပစ်ပ်ပါ” Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။ “စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။“ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကိုမသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။ အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှစစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်းစစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့… တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex – ToMo – Zwe – V – BpL – Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Hours (2002) ⭐TMDB: 73.0% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedStates #UnitedKingdom #France #Canada #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia Wolf ဟာသူမရဲ့လိင်စိတ်ခံယူမှုကိုစတင်နားလည်လာချိန်ဖြစ်ပြီး ဘဝအပေါ်စိတ်ပျက်မှုနဲ့ခေါင်းကိုက်ဝေဒနာကိုခံစားနေရချိန်ဖြစ်ပါတယ်။ ညီမဖြစ်သူလာလည်စဉ်အတူပါလာတဲ့တူမလေးရဲ့ သေခြင်းတရာနဲ့ပတ်သတ်ပြီးမေးတဲ့မေးခွန်းဟာသူမအပေါ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒုတိယဇာတ်ဆောင်ဖြစ်တဲ့ Laura Brown အနေနဲ့ Julianne Moore ကသရုပ်ဆောင်ထားပါတယ်။ Laura Brown မှာ သားတစ်‌ယောက်ရှိပြီးနောက်ထပ်ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ သူမဟာဒုတိယကလေးပင်ရတော့မည်ဆိုသော်ငြားလည်း မိမိကိုယ်ကို မိခင်ဖြင်ဖို့မလုံလောက်သေးဘူးဟုထင်ပြီးစိတ်ကျဝေဒနာကိုခံစားနေရတာပါ။ ကြံရာမရတဲ့အဆုံးသူမဘာဆက်လုပ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ပါ။ တတိယဇာတ်ဆောင်ဖြစ်တဲ့ Clarissa Vaughan အနေနဲ့ Meryl Steep ကသရုပ်ဆောင်ထားပါတယ်။သူမဟာ ၂၀၀၁ ခုနှစ်မှာ New York မြို့မှာနေတဲ့ထုတ်ဝေသူတစ်ယောက်ပါ။ သူမဟာ AIDS ကြောင့်သေရတော့မဲ့သူမရဲ့သူငယ်ချင်း ရစ်ချတ်ကိုစောင့်ရှောက်ပေးနေခဲ့တာပါ။ ပြီးတော့သူမဟာလည်းမိန်းမချင်းကြိုက်နှစ်သက်သူဖြစ်ပြီး တချိန်တုန်းကပတ်သတ်ခဲ့ဖူးတဲ့ရစ်ချတ်အပေါ်စွဲလန်းနေသူပါ။ ဒီရုပ်ရှင်ကပြသချင်တဲ့အဓိကအကြောင်းအရာကတော့ ကိုယ့်ဘဝကိုကိုယ့်‌ပျော်ရွှင်မှုအတွက်ရှင်သန်မလား၊သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက်ရှင်သန်မလားဆိုတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်အမျိုးသမီးသုံးယောက်လုံးရဲ့ဘဝတွေကိုသေချာခံစားကြည့်ပါ၊ဒီသဘောထားကိုနားလည်ပါလိမ့်မယ်။ ပြီးတော့ဇာတ်လမ်းသွားကဘာမှသိပ်မရှိပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။နောက်ခံတီးလုံးရဲ့ပံ့ပိုးမှုကြောင့်တချို့ဇာတ်ကွက်တွေဟာဆိုရင် thriller vibe ‌တောင်ရစေပါတယ်။ခံစားကြည့်ကြပါခင်ဗျာ။...

The Ship Show (2023) ⭐TMDB: 80.0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 2 နာရီ 2 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ship Show (2023) ဒိတ်တင်းရှိုးပရိသတ်တွေအတွက် ကိုရီးယားဒိတ်တင်ရှိုးတွေကို ကြည့်ရတာငြီးငွေ့နေပြီလား။ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်ဒိတ်တင်ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Ship Show လို့ခေါ်တဲ့ အစီအစဉ်တစ်ခုအနေနဲ့ တင်ဆက်ထားပြီးတော့ဆန်ကာတင်ရှိုးတွေရဲ့ထုံးစံအတိုင်း ထုတ်လုပ်ရေးဘက်က ဖောင်လာတင်တဲ့လူတွေအများကြီးထဲကကာတင် ၁၂ ယောက်ကို ရွေးချယ်ပြီး အတွဲ ၆တွဲကနေ နောက်ဆုံးအနိုင်ရရှိသူကို ဆုကြေးငွေအများကြီးနဲ့ ရုပ်ရှင်တစ်ကားရိုက်ခွင့်ပေးသွားမှာပါ။ အဲထဲမှာမှ မိဘတွေဖောင်တင်ပေးလို့ နောက်ဆုံးဆန်ကာတင် ပါမှ သိရတဲ့ Araw နဲ့မင်းသမီးအရမ်းဖြစ်ချင်လွန်းလို့ ဒိတ်တင်ရှိုးကိုသရုပ်ဆောင်လာလုပ်တဲ့ Chia တို့လည်း ပါဝင်တာပေါ့။မင်ရှင်တစ်ခုပြီးတိုင်း မဲအနည်းဆုံးတစ်တွဲကိုဖြုတ်မှာဆိုတော့ မဲအနိုင်ရအောင် သရုပ်ဆောင်ပြရပါတော့တယ်။ဒိတ်တင်ရှိုးတွေရဲ့ဓလေ့အတိုင်း အတွဲတွေရဲ့ပြသနာတွေကို ဖောဖောသီသီမြင်ရမှာပါ။ဒိတ်တင်းရှိုးတွေရဲ့ Behind the scenes ပုံစံအတိုင်းလေးအတိုင်းပါတာဆိုတော့အဆင်လေးတွေကို တစ်ဝကြီးငန်းရင်း ကြည့်ရှုလိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...

Stay Awake (2022) ⭐IMDB: 6.8/10 (214 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။...

Tabu: Mengusik Gerbang Iblis (2019) ⭐IMDB: 5.5/10 (72 Votes) 🎬 #Horror 🗓 2019 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 37 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tabu: Mengusik Gerbang Iblis (2019) အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့်သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

Butcher's Crossing (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Drama #Western 🗓 2022 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Butcher’s Crossing (2022)===================IMDb Rating -5.9/10 Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီးရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် – အင်ဒီးယန်း ကျွဲမုဆိုးတွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့သေချာပေါက်ကြည့်သင့်ပါတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေးလက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ်စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ(bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံတွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲမှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆိုပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့်လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေအခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါတယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှအလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့်မုဆိုးကြီးက သူနဲ့ ကျွဲအမဲလိုက်ဖို့ သဘောတူလိုက်ပြီး၊ လူသူအရောက်ပေါက်နည်းပြီး ရှားပါးကျွဲကြီးတွေရှိတဲ့ တောင်တန်းတွေပေါ် ခရီးဆက်ပြီးစွန့်စားခန်းထွက်ခဲ့ကြပုံတွေကို ဆက်လက်ကြည့်ရှူလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...

Fukrey 3 (2023) ⭐IMDB: 7.7/10 (21 k Votes) 🎬 #Bollywood #Comedy #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fukrey 3 (2023) “ဆန်ကုန်မြေ‌လေးများအဖွဲ့”IMDb – 7.7/10 ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက်ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Zombie General (2023) ⭐TMDB: 90.0% User Score 🎬 #Horror #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မှောင်မိုက်တဲ့ညနက်သန်းခေါင်အချိန်မှာ မရဏစစ်သည်တွေချီတက်လာကြတယ်။အဲဒီအချိန်မှာပဲ ဖုတ်ကောင်တပ်ဖွဲ့ကရောက်လာပြီးမရဏစစ်သည်တွေကိုတိုက်ခိုက်ကြပါတယ်။ ဒီထူးခြားတဲ့မြင်ကွင်းကိုအမှောင်ကွယ်ရာကနေ တိတ်တဆိတ်ကြည့်နေတာကတော့ပြိုင်ဘက်ကင်းတဲ့တာအိုဆရာကြီးရှီတို့ဆရာတပည့်ပဲဖြစ်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းပြီး လောကကြီးကိုကာကွယ်နေတဲ့ဆရာကြီးရှီတို့ဆရာတပည့်ကိုတစ်နေ့မှာတော့အရာရှိကြီးတစ်ယောက်ဟာဖုတ်ကောင်ရှင်းလင်းဖို့အကူအညီလာတောင်းပါတယ်။အဲဒါကြောင့်ဆရာတပည့်တွေဟာ ဖုတ်ကောင်တွေရဲ့ဇာစ်မြစ်ကိုလိုက်စုံစမ်းရင်းဒါဟာဘိန်းသယ်ပို့တဲ့လမ်းကြောင်းဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့မကောင်းဆိုးဝါးနှိမ်နင်းမယ့်ဆရာတပည့်ဟာဘိန်းဂိုဏ်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။သူတို့အင်အားလေးနဲ့ ဘိန်းဂိုဏ်းကြီးနဲ့ရင်ဆိုင်ကြမလဲ…မရဏစစ်သည်နဲ့ဖုတ်ကောင်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ...

Hero Forgive (2023) ⭐TMDB: 60.0% User Score 🎬 #Action #Comedy #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းမှုထမ်း တွေရဲ့ လစာ ငွေ တွေ အလွဲသုံးစားပြုတဲ့အမှုနဲ့ စွပ်စွဲခံရတဲ့ဝမ်အမတ်ကြီးတို့ တစ်မိသားစုလုံးကို ဧကရာဇ်မင်းမြတ်ကအကျဥ်းချထားတဲ့အချိန်မှာ အမတ်ကြီးအိမ်က မြင်းထိန်း ဝမ် ဟောင်ဟန့်နဲ့အမတ်ကြီးရဲ့ သမီးဖြစ်သူ ဝမ်ဝမ်အာတိုဟာ စွပ်စွဲခံရမှုအတွက်သက် သေရှာဖို အကျဥ်း ထောင် ဖောက်ပြီး ထွက် ပြေးခဲ့ကြပါတယ်။ နောက်ကလိုက်ဖမ်းတဲ့ ရဲမက် တွေလက်ကလွတ် အောင် ထွက် ပြေးရင်းဝမ်အမတ်ကြီးရဲ့ တပည့်ဖြစ်သူ စစ်သူကြီး ယောင်ယွမ်က လမ်းမှာသူတို့ ၂ ယောက်ကို ကယ်ခဲ့ပါတယ်။ ကံဆိုးချင် တော့စစ်သူကြီး ယောင်ယွမ်လည်း ရန်သူဘက်က အဆိပ်အပ် ကြောင့် သေဆုံးသွားခဲ့ပါတယ်။ စစ်သူကြီး ယောင်ယွမ်ဟာ ဧကရာဇ်မင်းမြတ်ဆီက သေဒဏ်ကင်းလွတ်ခွင့်ရွှေတံဆိပ်ပြားလက်ခံယူဖို့ မြို တော်ကို ပြန်လာတာဖြစ်လို့ဝမ် ဟောင်ဟန့်ကို စစ်သူကြီး ယောင်ယွမ်အဖြစ် ဟန် ဆောင်ပြီးရွှေတံဆိပ်ပြားရ အောင် ယူခိုင်းဖို ဝမ်အာတစ် ယောက် ကြိုးစားပါ တော့တယ်။ လာဘ်စားမှုရဲ့ နောက်ကွယ်က တရားခံအစစ်က ရော ဘယ်သူလဲစစ်သူကြီး ယောင်ယွမ်က ရော တကယ် သေသွားတာလားဝမ် ဟောင်ဟန့်နဲ့ ဝမ်အာတို့ ဝမ်အမတ်ကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦး...

Fight Through The Yin-Yang House (2023) ⭐TMDB: 60.0% User Score 🎬 #Action #Mystery #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။“ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်” ဆိုပြီး ပြောနေကြပါတယ်။ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီးနေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။ မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကိုလာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိမိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလားအတုအယောင်တွေလား…… သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။ အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကိုရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။...

Parundhaaguthu Oor Kuruvi (2023) ⭐IMDB: 7.6/10 (17 Votes) 🎬 #Bollywood #Thriller #Action 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်)IMDb 8.2/10Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကိုလက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲအသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီးအခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက်မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Oppenheimer (2023) ⭐IMDB: 8.5/10 (475 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 3 နာရီ 1 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။...

Gwen Shamblin: Starving for Salvation (2023) ⭐IMDB: 5.8/10 (303 Votes) 🎬 #Drama #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ...

Do You Love Me? (2023) ⭐IMDB: 6.2/10 (111 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Ukraine #Sweden ⏰ 1 နာရီ 26 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Ukraine ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်က ဆိုဗီယက်ပြည်ထောင်စု မပြိုလဲခင် တစ်နှစ်အလို ၁၉၉၀ခုနှစ် ဆိုဗီယက်ယူကရိန်းနိုင်ငံမှာ ဇာတ်လမ်းတည်ထားပါတယ်။ ခီရာဆိုတဲ့ကောင်မလေးက လူကုန်ထံအသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ကောင်မလေး တစ်ယောက်ပါ။ ခီရာ့ရဲ့အဖေက ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ခီရာကလည်း သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးဖြစ်ပါတယ်။ တိုင်းပြည်က ခေတ်ပျက်နေတာတောင် ခီရာတို့မိသားစုက ပဲရစ်မြို့က တင်သွင်းထားတဲ့ Pepsi၊ နိုင်ငံခြားက တင်သွင်းတဲ့ နာရီလိုမျိူး လူသုံးကုန်ပစ္စည်းတွေကို ဝတ်နိုင်တဲ့အထိ ချမ်းသာတဲ့ မိသားစုတွေပါ။ ခီရာတို့က ချမ်းသာရုံတင် မဟုတ်ဘဲ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ပါတယ်။ အဖိုးဆိုရင် ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ် နာဇီ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့တဲ့ တပ်နီရဲဘော်တစ်ယောက်ပါ။ ဒါပေမယ့် ပိုက်ဆံနဲ့ ဂုဏ်တွေက ပျော်ရွှင်အောင် လုပ်ပေးနိုင်ပေမယ့် အတိုင်းတာတစ်ခုအထိပါပဲ။ အရာရာအဆင်ပြေနေတဲ့ ခီရာတစ်ယောက် မထင်မှတ်ထားတဲ့ ကိစ္စတွေကို ကြုံလာရတဲ့အခါတော့ အသက် ၁၇နှစ်ပဲ ရှိသေးတဲ့ ကလေးမဟုတ် လူကြီးမဟုတ်တဲ့ ကာလမှာ သူ့အရွယ်နဲ့ ရုန်းကန်လာရပါတော့တယ်။ ခေတ်ပျက်ကြီး ထဲမှာ ရုန်းကန်ရင်း ခီရာရဲ့ အချစ်ရေးအကြောင်းကိုလည်း ယှဥ်တွဲပြီး ဖော်ပြပေးသွားတာ တကယ်ကို အံ့မခန်းပါပဲ။ ဒီရုပ်ရှင်မှာ ဆိုဗီယက်မပြိုလဲခင် တိုင်းပြည်ရဲ့နေရာတကာမှာ အယိုင်ယိုင်အလဲလဲဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဆိုဗီယက်ရဲ့အခွန်စနစ်၊ ရိက္ခာ ခွဲဝေမှုစနစ်နဲ့ အစားသောက် ရှားပါးလာပုံတွေ မှောင်ခိုလောကတွေ အကုန်လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကဲ ခီရာတစ်ယောက် ခေတ်ပျက်ကြီးထဲမှာ သူ့ရဲ့ဘဝလေးကို ဘယ်လိုရုန်းကန်ရင်း အချစ်ပျောက်လိုက်ရှာမလဲဆိုတာကို ရုပ်ရှင်ကိုကြည့်ရင်း စီးမြောလိုက်ရအောင်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...