ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Love's Whirlpool (2014)
⭐IMDB: 6.3/10 (455 Votes)
🎬 #Adult #Romance #Drama
🗓 2014 🎞 movie
🌎 #Japan
⏰ 2 နာရီ 3 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချစ်ဆိုတာ ဘာလဲ?ကာမတဏှာနဲ့ရော ဘယ်လို အဆက်စပ်ရှိလဲ?ဒါတွေသိချင်ရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ..တိုကျိုမြို့တနေရာမှာ သုခဘုံလေး ရှိနေပါတယ်။
နေရာလေးက ကျဉ်းပြီး အချိန်အကန့်သတ်ရှိပါတယ်…အဲဒီအချိန်ပိုင်း သုခဘုံကျဉ်းလေးထဲကို ဝင်လိုတဲ့သူတွေက ငွေကြေးပေးရပါတယ်ကောင်လေးဆိုရင်တမျိုး ကောင်မလေးဆိုရင်တမျိုး စုံတွဲတွေဆိုရင်တမျိုး ဈေးအသီးသီးသတ်မှတ်ထားပါတယ်….။
စည်းကမ်းချက်ကတော့ လာကမ်းလှမ်းတဲ့သူကို အကြောင်းပြချက်မခိုင်လုံပဲမငြင်းရဘူးအကုန်လုံး အခန်းထဲမှာ အဝတ်ဗလာနဲ့ လူစုံဆိုဒ်စုံ………အချစ်မပါတဲ့ ခံစားချက်တွေနဲ့ အထိအတွေ့တွေ ဘယ်လောက်လေးနက်မလဲဘယ်လို ခံစားရလဲဆိုတာ အတွေးကိုယ်စီနဲ့ ကြည့်ရမဲ့ DS Fans တွေအကြိုက်ဇာတ်ကားကောင်းလေးပါပဲ
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Joyeux Noel (2023)
⭐IMDB: 6.2/10 (380 Votes)
🎬 #Romance #TVMovie #Comedy #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #France #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်နဲ့ အချစ်ဇာတ်လမ်းချိုချိုလေးတွေဆိုတာ ခွဲမရတဲ့အရာတွေပါပဲနော်။
အခု ခရစ္စမတ်အချိန်လည်းနီးပြီဆိုတော့ ဆောင်းရဲ့အအေးဓါတ်လေးနဲ့
စောင်ခြုံပြီး အချစ်ဇာတ်လမ်းလေးတစ်ခုကို ရင်ခုန်ခံစားနိုင်ကြရအောင်လို့
အသစ်စက်စက်ထွက်ရှိလာတဲ့ Joyeux Noel ဇာတ်ကားလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအညွှန်း
ပြင်သစ်နိုင်ငံကရွာလေးတစ်ရွာမှာ ရိုးရာပုံပြင်လေးတစ်ခုရှိပါသတဲ့။
ခရစ္စမတ်အချိန်ကိုရောက်ရင် အဲဒီက ခရစ္စမတ်စျေးလေးထဲမှာ
ကိုယ့်ရဲ့ဖူးစာဖက်ကိုရှာတွေ့နိုင်တယ်ဆိုတာပါပဲ။
အမေရိကန်နိုင်ငံက စာနယ်ဇင်းတိုက်မှာအလုပ်လုပ်နေတဲ့ လီယာဆိုတဲ့သူဟာ
အရမ်းစိတ်ကူးယဥ်ဆန်ပြီး သူ့ရဲ့ဖူးစာဖက်ကို ပုံပြင်ဆန်ဆန်တွေ့နိုင်မယ်လို့
ယုံကြည်နေတဲ့သူပါ။ သူဟာ တစ်ရက်မှာတော့ သူ့အမေနဲ့ခရစ္စမတ်လက်မှု
ပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့ တေးဂီတသေတ္တာဟောင်းလေးတစ်ခုကို
ဝယ်ခဲ့ပါတယ်။ အဲဒီသေတ္တာဟောင်းလေးထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို
ရှာတွေ့ခဲ့ပြီး အဲဒီဒိုင်ယာရီစာအုပ်ဟာ ပြင်သစ်က ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့
အချစ်ဇာတ်လမ်းတစ်ခုကိုရေးထားတာပါ။ ပြီးတော့ လတ်တလောအရမ်းနာမည်
ကြီးနေတဲ့ ပန်းချီကားတစ်ချပ်နဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒါကြောင့်
အဲဒီဇာတ်လမ်းကို ဆောင်းပါးအဖြစ်ထုတ်ဝေဖို့ကြိုးစားပေမဲ့ အဲဒီဒိုင်ယာရီရဲ့
နောက်ဆုံးစာရွက်အချို့ဟာစုတ်ပြဲနေခဲ့ပြီး ဘယ်လိုအဆုံးသတ်လဲဆိုတာကို
မသိရပါဘူး။ ဒီလိုနဲ့ ပြင်သစ်နိုင်ငံက အဲဒီမြို့လေးကို လီယာနဲ့ မက်ခ်လို့ခေါ်တဲ့
နှစ်ယောက်က အတူသွားပြီး ဒိုင်ယာရီရဲ့အဆုံးသတ်ကိုရှာဖို့ဖြစ်လာပါတော့တယ်။
လီယာနဲ့မက်ခ်တို့နှစ်ယောက် လှပလွန်းတဲ့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့ထဲမှာ
ဒိုင်ယာရီစာအုပ်ရဲ့ဇာတ်ကောင်နှစ်ယောက်ကို ဘယ်လိုရှာဖွေကြမလဲ
ဒိုင်ယာရီထဲကဇာတ်ကောင်နှစ်ယောက်က ပျော်ရွင်ဖွယ်အဆုံးသတ်ကို
ပိုင်ဆိုင်ခဲ့ကြရပါ့မလား၊
ပြီးတော့ အကျင့်စရိုက်လုံးဝမတူတဲ့ လီယာနဲ့ မက်ခ်တို့ကြားက
အချစ်ဇာတ်လမ်းလေးကလည်း ဘယ်လိုစတင်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါး
ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။...
The Cake Dynasty (2022)
⭐IMDB: 5.3/10 (168 Votes)
🎬 #Comedy #Drama
🗓 2022 🎞 movie
🌎 #Denmark
⏰ 1 နာရီ 45 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ်ကျရှုံးနေချိန် ၊ အနီးဆုံးလူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရချိန်၊ မသွားသင့်တဲ့ထွက်ပေါက်တစ်ခုဆီသွားဖို့ကြံနေချိန် အနားရောက်လာပြီးကယ်တင်ဖေးမပေးသူနဲ့ကြုံတဲ့အခိုက်အတန့်….
ဒိန်းမတ်နိုင်ငံထုတ် ဒီဇာတ်ကားလေးမှာ အရှုံးပေါ်ခါနီးစက်ရုံပိုင်ရှင်ဖြစ်တဲ့ နီရယ်လ်ရဲ့ဘဝအဆုံးသတ်ခါနီးမှာပေါ်လာတဲ့ကယ်တင်ရှင်မွတ်စလင်အမျိုးသမီးဇိုင်နတ်…..
အမျိုးသားဖြစ်သူစိတ်ဓာတ်ကျနေတာမကြည့်ရက်လို့ အဲလ်စ် ကအဝေးရောက်စီးပွါးရေးကျောင်းဆင်း သမီးလေးဂျွန့်ကိုပြန်လာခိုင်းပြီးလုပ်ငန်းကိုဝင်စီမံစေပါတယ်။ တနေ့ထက်တနေ့ပိုနီးစပ်လာတဲ့ နီရယ်လ်နဲ့ ဇိုင်နတ်တို့နှစ်ဦး တားမြစ်ထားတဲ့ဘောင်ကျော်လွန်လာချိန်မှာတော့ သူတို့နှစ်ဦးနဲ့ အဲလ်စ်တို့ဘယ်လိုကျော်ဖြတ်ကြမလဲ၊
ဒီဇာတ်ကားက သာမာန်အချစ်ဇာတ်လမ်းထက်ပိုပါတယ်။ အဝလွန်ရောဂါအကြောင်း၊ စိတ်ဓာတ်ကျမှု၊ဘာသာရေးလူမျိူးရေးခွဲခြားပုံတွေ၊ ဘာသာပြောင်းလဲခံယူမှု သက်ဝင်ယုံကြည်ပုံတွေ၊နိုင်ငံခြားဒုက္ခသည်တို့ရဲ့ဘဝမျိုးစုံတို့ကို တဖဲ့စီ တဖဲ့စီပေါင်းထည့်ပေးထားတာမို့ သုတရသစုံနေမှာပါ။...
Kramer vs. Kramer (1979)
⭐TMDB: 76.0% User Score
🎬 #Drama
🗓 1979 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်ထိဟောလိဝုဒ်မှာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Dustin Hoffman နှင့် Meryl Streep တို့ အပြိုင်အဆိုင် ပါဝင်အစွမ်းပြထားတဲ့ ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာ အိမ်ထောင်ရေး အဆင်မပြေမှု ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်ဒ်ခရေးမားနှင့် ဂျိုအန်နာခရေးမားတို့ဟာ ရှစ်နှစ်ကြာအိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားနိုင်ပြီး ခုနှစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။
တက်ဒ်က ကြော်ငြာလုပ်ငန်းကုမ္မဏီမှာ ရာထူးကောင်း လစာကောင်းနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး တစ်နေ့မှာတော့ ရာထူးတိုးတဲ့အတွက် ဒီသတင်းကောင်းကို မိန်းမဖြစ်သူကို ပြောဖို့ ဝမ်းသာအားရပြန်လာပေမယ့် ဂျိုအန်နာတစ်ယောက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ဒီအိမ်ကြီးမှာ ဘယ်လိုမှမနေနိုင်တော့ကြောင်း မွန်းကြပ်နေပြီဖြစ်ကြောင်း သားကိုလည်း တက်ဒ်နဲ့ ထားခဲ့ပြီး ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အရင်လိုစိတ်ဆိုးတာလို့ထင်ပြီး မကြာခင်အိမ်ပြန်လာမယ်လို့ ထင်တဲ့ တက်ဒ်ဟာ သိပ်စိတ်မပူခဲ့ပေမယ့် ဒီတစ်ခါတော့ ဂျိုအန်နာဟာ ပြန်မလာတော့ဘဲ သားလေးကို ထားခဲ့ရလို့ စိတ်မကောင်းကြောင်းစာပဲ ပို့လာခဲ့ပါတော့တယ်။
ဒီအချိန်မှာ ရာထူးတိုးစ တက်ဒ်တစ်ယောက်ဟာ အလုပ်ရော ကလေးကိုရော ဂရုစိုက်ရင်းဗျာများရပါတော့တယ်။ သားအဖနှစ်ယောက် အခြေကျစပြုခါမှာ ဂျိုအန်နာတစ်ယောက်ပြန်ပေါ်လာပြီး သားဖြစ်သူကို ပြန်လိုချင်တဲ့အတွက် အုပ်ထိန်းခွင့်ရဖို့ လင်မယားနှစ်ယောက် တရားရုံးတက်ရပါတော့တယ်။ ဒီအချိန်မှာ သူတို့နှစ်ယောက်ကြားက လိုအပ်ချက်တွေ သူ့အလွန် ကိုယ့်အလွန်တွေသိရပြီး အုပ်ထိန်းခွင့်ကို ဘယ်သူရသွားမလဲဆိုတာ နှစ်ဖက်စလုံးကို သနားကြင်နာပြီး ကြည့်ရှုရမယ့် အဓိပ္ပါယ်ရှိလွန်းလှတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်း လေး ဖြစ်တဲ့အတွက် တကယ်ကိုဘဝမှာကြည်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။...
Foe (2023)
⭐IMDB: 5.6/10 (778 Votes)
🎬 #Drama #SciFi #Thriller #ScienceFiction #Romance
🗓 2023 🎞 movie
🌎 #Australia #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Foe (2023)
Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။
ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။ ဒါပါပဲ။
တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Wanted (2008)
⭐TMDB: 65.0% User Score
🎬 #Action #Crime #Thriller
🗓 2008 🎞 movie
🌎 #Germany #USA #UnitedStates #Russia #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wanted (2008)
IMDb Rating (6.7) / Rotten Tomatoes (71%)
တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။
ဇာတ်လမ်းကတော့….
Spoiler Alert….
ဝီစလေ ဂစ်(ဘ်)ဆင်[James McAvoy]ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲကကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီးမိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်
တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူကသူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့်သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက်သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ …ဖော့(စ်)[Angelina Jolie]ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညကသူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံကသူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင်အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ်
ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီးသူတို့စခန်းရှိရာကို ခေါ်သွားပါတယ်အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဆလိုအန်[Morgan Freeman]နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် ကဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ်ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှနောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီးလျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကိုသူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီးဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက်ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပေမယ့်ဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က တကယ့်ဇာတ်ရုပ်မှန်ကိုသိရှိသွားတဲ့အခါမှာတော့…..။
(ရုပ်ရှင်အညွှန်းကို Carey Nyein မှ ရေးသားပြီး ဘာသာပြန်ကိုတော့ Garfield မှ တင်ဆက်ထားပါတယ်။)...
Blow Out (1981)
⭐TMDB: 73.0% User Score
🎬 #Crime #Drama #Mystery #Thriller
🗓 1981 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blow Out (1981)
~ IMDb – 7.4/10, Rotten Tomatoes – 87% ~
၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။
ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း သိလာရတဲ့အခါ၊ ကောင်မလေးနဲ့ မြို့တော်၀န်ကြားကဆက်ဆံရေးတွေနဲ့ ကိစ္စတွေက ရှုပ်ထွေးလာတဲ့ကြားထဲမှာမှ ဂျက်တစ်ယောက် အဖြစ်မှန်ပေါ်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ ဆွဲသွင်းမိပါတော့တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Valatty (2023)
⭐IMDB: 8.6/10 (339 Votes)
🎬 #Adventure #Bollywood #Comedy #Romance #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 53 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Valatty (2023)
“အာဝု တို့ရဲ့ ချစ်ပုံပြင်”
IMDb 8.6
လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါ
ခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ…ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်းရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး “တွန်မီ”ကခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီး
သားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီးဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်
တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ “အာမလူ” ဆိုတဲ့ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်
ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့
နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ခိုးပြေးခဲ့ကြပြီး တစ်နေ့မှာတော့ ခွေးမလေးကိုတရားမဝင်ခွေးတွေလိုက်ဖမ်းပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ စီးပွားရေးသမားက ပြန်ပေးဆွဲသွားပါတော့တယ်
အချစ်အတွက်နဲ့ ချမ်းသာတဲ့ သခင်မိသားစုကို ကျောခိုင်းခဲ့တဲ့ သူတို့လေးနှစ်ကောင်လူဆိုးတွေရန်က ဘယ်လို လွတ်အောင်ကြံပြီး တိုက်ပွဲဝင်ကြမလဲ ဆိုတာကိုတော့ CM ပရိသတ်ကြီးပဲ ဆက်ကြည့်လိုက်ပါဗျ
မိသားစုနဲ့အတူ အပန်းပြေ ကြည့်လို့ရတဲ့ family drama ဖြစ်တာနဲ့အညီ ကြည်နူးစရာကောင်းတဲ့ပေါ့ပေါ့ပါးပါး ဇာတ်လမ်းမျိုးလည်းဖြစ်…သရုပ်ဆောင်ခွေးလေးတွေကလည်း အစစ်တွေနဲ့ ရိုက်ထားတာမလို့အချိန်ပေးကြည့်ရတာ တန်မယ့် ကားလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က Thaik San ~ KKKZ ~ Aditi ~ Dee တို့ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
An Uninvited Guest In A Villa ( 2023 )
⭐-
🎬 #Horror #Mystery
🗓 2023 🎞 tv movie
🌎 #China
⏰ 32 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ အကြွေးပင်လယ်ဝေနေတဲ့လူတစ်ယောက်ဟာသူဌေးတစ်ယောက်ကိုမတော်တဆသတ်မိသွားတဲ့အချိန်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဝမ်ယုံကရှယ်ယာကစားရင်းအရှုံးပေါ်ပြီး အကြွေးတွေတင်နေတာကြောင့်အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းဆီကနေပိုက်ဆံချေးဖို့ကြိုးစားရင်း လက်လွန်ပြီးချောက်ကမ်းပါးပေါ်ကတွန်းချလိုက်မိသွားပါတယ်။
သူကမထူးဇာတ်ခင်းရင်း သူဌေးအိမ်မှာတန်ဖိုးကြီးတဲ့ပစ္စည်းတွေသွားယူတဲ့အချိန်မှာယွမ်သိန်း(၅၀)ရဲ့စွဲဆောင်မှုကြောင့် သူဌေးအိမ်ကမထွက်သွားနိုင်ပဲလောဘတက်ပြီးဆက်နေမိသွားပါတယ်။သူကဒီပစ္စည်းဥစ္စာတွေရဲ့စွဲဆောင်မှုကနေလွတ်မြောက်နိုင်ပါ့မလား……အမှားတွေပဲဆက်တိုက်လုပ်ရင်း ရုန်းထွက်နိုင်ပါ့မလား...
Shot Boot Three (2023)
⭐IMDB: 8.6/10 (188 Votes)
🎬 #Adventure #Bollywood #Uncategorized #Comedy #Family
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 56 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shot Boot Three (2023) “ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု”
IMDb-8.7/10
မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။
တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူကခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီးခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။
မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
BLUE EYE SAMURAI (2023)
⭐TMDB: 87.0% User Score
🎬 #Action #Adventure #Animation #Drama
🗓 2023 🎞 movie
🌎 #France #UnitedStatesofAmerica
⏰ 50 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
BLUE EYE SAMURAI (2023)Blue Eye Samurai (2023)Nov 3 ကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ animated series လေးပါ။
Animation ဆိုပေမဲ့ PG 13 ဖြစ်ကြောင်း ကြိုတင် warning ပေးပါတယ်။
Your browser does not support the video tag.နာမည်မှာ မြင်တဲ့အတိုင်း ဆာမူရိုင်းသိုင်းကားပါခင်ဗျ။
ဂျပန်ခေတ် Edo Period ကို နောက်ခံထားပြီး သိုင်းကွက်တွေ
မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မြင်တွေ့ရပါမယ်။ဇာတ်ကြောင်းကတော့ ကပြား ဓားသမားတစ်ယောက် ရုပ်ဖျက်ပြီး
ငယ်စဉ်က စိတ်ဒဏ်ရာတစ်ခုအတွက်
လက်စားချေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းမျိုးပါ။သူဘာလို့ ရုပ်ဖျက်ထားတာလဲ
ဘာကို လက်စားချေချင်တာလဲ
ဘယ်သူ့ကို လက်စားချေချင်တာလဲ သိရဖို့
အပိုင်း 8 ပိုင်းပါဝင်တဲ့ ဒီစီးရီးကို ကြည့်ရှုပေးကြပါဦးခင်ဗျာ...
Diary Of Security (2021)
⭐TMDB: 0.0% User Score
🎬 #Comedy #Mystery
🗓 2021 🎞 tv movie
🌎 #China
⏰ 1 နာရီ 11 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လင်ရှောင်းဖုန်း ခေါင်းဆောင်တဲ့ လုံခြုံရေးအဖွဲ့ ၁၉ ဟာသူများကိစ္စတွေဝင်ပါပြီး အလေးအနက်တွေလုပ်လွန်းတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတယ်…အလုပ်ထုတ်ခံရပြီး သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေတဲ့ အချိန်ရှေးဟောင်းပစ္စည်းဆိုင် သူဌေးတစ်ယောက်ရဲ့ ဆိုင်လုံခြုံရေးအတွက်ဌားရမ်းခဲ့ပါတယ်…
သူဌေးက သူ့ရဲ့ ရှေးဟောင်းပန်အိုးပြည်ပမှာ ပြသထားချိန် အတုဖန်တီးကာဆိုင်မှာတင်ထားပြီး စျေးပေါပေါနဲ့လုံခြုံရေးဌားကာ ဟန်ဆောင်စောင့်ခိုင်းထားတာဖြစ်နေခဲ့တယ် ….
ရှေးဟောင်းပန်းအိုးရဲ့သတင်းကိုကြားတဲ့ သူခိုးအဖွဲ့ကလည်းအဲ့ဒီပန်းအိုးကို သူတို့သုံးယောက်ကိုလှည့်စားကာခိုးယူနိုင်ခဲ့တယ်…ပန်းအိုးပျောက်သွားတဲ့အတွက် သူဌေးဟာ သူတို့သုံးယောက်ကိုအလုပ်ထုတ်ပြီးသတင်းမပေါက်ကြားစေရန်အတွက် ပြည်ပက ပန်းအိုးအစစ်ကိုသွားယူခဲ့တယ်…
ပန်းအိုးပြန်သွားယူနေတဲ့အချိန် သူဌေးရဲ့သမီးဖြစ်သူနဲ့သူတို့သုံးယောက်က ပန်းအိုးကို အတုမှန်းမသိပဲ လိုက်ရှာဖို့လုပ်ခဲ့ကြတယ်….သူတို့ရော သူခိုးကိုရှာတွေ့ပြီး ပန်းအိုးကို ပြန်ရှာတွေ့နိုင်မှာလား…ပြသာနာတွေရောရင်ဆိုင်ရဦးမှာလား…ဘာတွေဆက်ဖြစ်နိုင်ဦးမလဲဆိုတောတော့ဆက်လက်စောင်မျှော်ကြည့်ရှုပေးကြပါဦးနော်...
Whisper of Silent Body (2019)
⭐TMDB: 38.0% User Score
🎬 #Uncategorized #Crime #Mystery
🗓 2019 🎞 tv movie
🌎 #China
⏰ 1 နာရီ 46 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကတော့ အလောင်းခွဲမှုထောင်ချီမှာ တစ်ခါမှအမှားမဖြစ်ဖူးတဲ့ထူးချွန်မှုခင်းဆရာဝန်ချင်မင်က ဆေးတက္ကသိုလ်ကိုလာရောက်ဟောပြောနေတုန်းဖော်မလင်မှာခြောက်နှစ်တာစိမ်ထားတဲ့ အသံတိတ်ဆရာ(သေဆုံးပြီးနောက် ဆေးတက္ကသိုလ်သို့လှူဒါန်းသောကိုယ်ခန္ဓာ)ကိုသာမန်သေဆုံးခြင်းမဟုတ်ပဲ အသတ်ခံရတာဖြစ်ကြောင်း မထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ်အဲ့တော့မှ အချိန်ကြာညောင်းလှပြီဖြစ်တဲ့အမှုရဲ့အဖြစ်မှန်နဲ့နောက်ကွယ်ကပုံပြင်ကို စတင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်
ချင်မင်အမှုစစ်ဆေးတဲ့လမ်းတစ်လျှောက်မှာ အမှုနဲ့ပက်သက်တဲ့လူသက်သေတွေကတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ် အဖြစ်မှန်ကိုသိရှိနိုင်ဖို့အတွက်ချင်မင်နဲ့ကျန်းကျား ရဲမှူးချုပ်လင်ထောင်းတို့က အတူလက်တွဲပြီးလွန်ခဲ့တဲ့၁၆နှစ်ကအမှုကို ပြန်လည်ရှာဖွေစစ်ဆေးခဲ့ကြတယ်ဒီ၁၆နှစ်တာကြာနေတဲ့အမှုကြီးကို ချင်မင်ကဘယ်လိုဖြေရှင်းပြီးနောက်ဆုံးတရားခံကဘယ်သူဖြစ်လိမ့်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့...
Nyad (2023)
⭐IMDB: 7.1/10 (4 k Votes)
🎬 #Biography #Drama #Sport #History
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိက
ပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော်
မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Foster
တို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့
သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး..
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီး
အဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိ
တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း
၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကို
ကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ်
ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။
Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူး
ခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့
ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့
ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့
အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့
အချစ်ဆုံးသူငယ်ချင်း Borney က ကော ဘယ်လို ကူညီနိုင်မှာလဲ အကြိမ်ကြိမ်
ထပ်မံကြိုးစားပေမဲ့လည်း မအောင်မြင်နိုင်တဲ့ ဒီခရီးကြမ်းကြီ:ကို သူအောင်မြင်စွာ
ကျော်ဖြတ်နိုင်မှာလား…
ဇာတ်ကားတစ်ကားလုံး ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်နေရသလို ခံစားရမှာ
ဖြစ်ပြီး စိတ်ခွန်အားတွေကို တိုးစေမဲ့ ဇာတ်ကားကောင်းလေးတစ်ခုလည်း ဖြစ်လို့
ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ...
The Ron Clark Story (2006)
⭐TMDB: 74.0% User Score
🎬 #Biography #Drama #TVMovie
🗓 2006 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Ron Clark Story (2006)
~ IMDb – 7.5/10, Rotten Tomatoes – 85% ~
အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။
ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။
နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။
ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း ဆရာအလုပ်ကို ရှာနေရင်းမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအများစုနေထိုင်ကြတဲ့ ဟာလမ်က မူလတန်းကျောင်းဆရာ အလုပ်တစ်ခုကိုက သူ့ရှေ့ကို မှောက်လျက်လဲပြီး ကျလာတယ်ပြောရမယ်ထင်တယ်။ သူအလုပ်သွားလျှောက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်နဲ့ ဆရာ ရန်ဖြစ်ပြီး ဆရာက သူ့မျက်စိရှေ့တင်ပဲအလုပ်ထွက်သွားတော့ တန်းဝင်လျှောက်လိုက်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြမ်းကြမ်းနဲ့ အပြင်လူတွေကို သူစိမ်းလို သတ်မှတ်တဲ့ ဟာလမ်ကတော့ သူ့ကို လွယ်လွယ်နဲ့တော့ လက်မခံပါဘူး။
သူ့ရဲ့အရည်အချင်းက လိုတာထက်ပိုနေတော့လည်း လက်လွှတ်မခံချင်လို့ လက်ခံလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ဆရာဝင်မလုပ်ချင်တဲ့ အဆိုးဆုံးအတန်းကိုမှ ရလာဒ်ကောင်းတွေရလာအောင် ဖန်တီးနိုင်ပါတယ်လို့ သူကိုယ်တိုင်ပဲ တာဝန်ခံပြီး ယူလိုက်တယ်။ အဲဒီအတန်းရဲ့ ဂုဏ်သတင်းကတော့ ဝင်သွားတဲ့ ဆရာတိုင်း အကောင်းအတိုင်းပြန်ထွက်မလာနိုင်ဘူးလို့ အာမခံထားတဲ့ အတန်းမျိုးပါ။ သူအဲဒီအတန်းကို ဝင်ပြီဆိုတာသိကြတော့ အသုဘလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားကြဖို့တောင် စဉ်းစားမိကြတဲ့သူတွေရှိပါသေးတယ်။
ဘယ်ဆရာမှမနိုင်အောင် ကြမ်းတဲ့ အတန်းမှာ ဆရာလေး ရွန်ကလက်က တစ်တန်းလုံးကို မိသားစုတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး ရလာဒ်ကောင်းတွေကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်ကားက အဓိကပြပေးသွားမှာပါ။
” Every child is Special ” ဆိုတဲ့အတိုင်း သူတို့ရဲ့ မိဘတွေကိုယ်တိုင်အပါအဝင် ဘယ်သူကမှ အလေးမထားကြတဲ့အပြင် သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေကို တောက်ပလာအောင် သွေးယူပေးခဲ့ပြီး ဒီလိုရယူနိုင်ဖို့လည်း သွေး၊ချွေးတွေရင်းနှီးခဲ့ရတဲ့အကြောင်းကိုလည်းတွေ့ရမှာပါ။ ဆရာ့နောက်စေ့မှာ မျက်စိပါတယ်လို့ ပြောရလောက်အောင် နောက်ကိုလှည့်မကြည့်ဘဲ၊ အတန်းထဲကို မရောက်ဘဲနဲ့တောင် အတန်းထဲက ဘယ်ကလေးတွေက ဘာလုပ်နေလဲဆိုတာကိုပါ သိနိုင်လောက်တဲ့ထိ နားလည်နေအောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက လေးစား၊ အားကျစရာပါပဲ။
ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်အများစုက အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအတိုင်း အတိအကျရိုက်ကူးထားတာလို့သိရပါတယ်။ ဆရာနဲ့ တပည့်ဆက်ဆံရေးထက် မိသားစုဆန်ပြီး နွေးထွေးတဲ့ စာသင်ခန်းကို ဖန်တီးခဲ့ပြီး သင်ကြားရေးပုံစံသစ်ဆိုတဲ့ စာမျက်နှာကို ဖွင့်လှစ်စေခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
အဲဒီအတန်းမှာ သူသတ်မှတ်ထားခဲ့တဲ့ စည်းကမ်း ၅၅ ချက်အကြောင်း ” Essential 55 ” ဆိုတဲ့နာမည်နဲ့ ရေးထားခဲ့တဲ့စာအုပ်က New York Times မှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆရာရွန်ကလက်က ရွန်ကလက်အကယ်ဒမီဆိုတဲ့ ပရဟိတအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးတွေကို ပညာပေးရင်း၊ သူ့ရဲ့ပညာရေးရဲဘော်ရဲဘက်များအတွက် Motivational Speaker အဖြစ်နဲ့ ပညာရေးလောကမှာ အကျိုးဆောင်နေလျှက်ရှိပါတယ်။
ဒီဇာတ်ကားကို အဓိကရေးဖြစ်တဲ့အကြောင်းကတော့ အခုနှစ် ၂၀၂၃ အောက်တိုဘာ ၂၈ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ Friends TV Series က Chandler Bing ဆိုတဲ့ ဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ သရုပ်ဆောင် Matthew Perry ကြောင့်ပါပဲ။ Matthew က ဒီဇာတ်ကားမှာလည်း သူက Chandler Bing မဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသသွားတာ မြင်ရမှာပါ။ ဆရာနေရာကသရုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ဟာသပါရမီကတော့ ဖုံးဖိထားလို့မရတာကို တွေ့ရပါလိမ့်မယ်။
ငိုနေတဲ့ မျက်ဝန်းတွေကို အပြုံးမျက်နှာဖုံးကွယ်ပြီး ဖျော်ဖြေခဲ့သူ ဟာသပါရမီရှင် သူကတော့ သူ့ရဲ့အစားမထိုးနိုင်တဲ့ Sarcasm တွေကို ကျွန်တော်တို့အတွက် ထားခဲ့ပြီး ထွက်သွားခဲ့...
Under the Boardwalk (2023)
⭐IMDB: 7.2/10 (83 Votes)
🎬 #Adventure #Animation #Comedy #Family #Romance #Musical
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Under the Boardwalk (2023)
~ IMDb – 7.3/10, Rotten Tomatoes – 90% ~
ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။
ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး လောကကြီးကို ရင်ဆိုင်ရဲဖို့ ဘာညာ ပညာပေးမက်ဆေ့နည်းနည်းထည့်ပြီး ရိုမီရို ဂျူးလိယက်ဇာတ်ကို အသက်သွင်းထားပါတယ်။ ဒီလိုဆိုလို့ ပျင်းစရာကောင်းမယ်လည်း မထင်ပါနဲ့။ ဟာသတွေလည်း ဖောဖောသီသီထည့်ပြီး ကြည့်ရှုသူကို ဆွဲဆောင်ထားတယ်။ Rotten Tomatoes – 90% ရထားတာမို့ ပေါ့သေးသေးကားတော့ မဟုတ်ပြန်ပါဘူး။ကိုယ်တိုင်ပဲ အပျင်းပြေကြည့်ကြည့် ကလေးတွေကိုပဲပြပြ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရအဆင်ပြေမယ့် ကာတွန်းရုပ်ရှင်လေးပါပဲ။ ဒီနှစ်ထဲထွက်တဲ့ ကာတွန်းရုပ်ရှင် လန်းလန်းလည်း သိပ်မရှိသေးဘူးဆိုတော့ ဒီရုပ်ရှင်ဟာ ဒီနှစ်ရဲ့ကာတွန်းရုပ်ရှင်ကွက်လပ်ကို ဖြည့်ပေးနိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်သလို ကာတွန်းရုပ်ရှင်ကောင်းကောင်းမျှော်နေတဲ့လူတွေအတွက် အများကြီးမဟုတ်တောင် အဆာတော့ပြေစေမယ့် ကာတွန်းရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Mumbai Diaries (2021- )
⭐IMDB: 8.6/10 (30 k Votes)
🎬 #Drama #Mystery #Thriller
🗓 2021- 🎞 tv series
🌎 #India
⏰ 35 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mumbai Diaries (2021) Season 1Mumbai Diaries (TV Series)(2021)
IMDb-8.6/10အချိန်အတော်ကြာတောင်းဆိုနေကြတဲ့ အကောင်းစားအိန္ဒိယမှုခင်းဒရာမာစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။
9/11က စက်တင်ဘာလ ၁၁ရက်နေ့မှာ နယူးယောက်က အမွှာမျှော်စင် အကြမ်းဖက်ခံလိုက်ရတဲ့နေ့ပေါ့။
ဒီမွန်ဘိုင်းဒိုင်ယာရီကတော့ 26/11…၊ နိုဝင်ဘာ ၂၆ရက်နေ့ညမှာ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံရမှုကို အခြေခံထားပြီး
ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးပေါ့။Amazon Prime Videoကနေ ၂၀၂၁ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပထမတွဲထွက်ရှိထားပြီး
အခု ၂၀၂၃ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပဲ ဒုတိယတွဲထပ်မံထုတ်လွှင့်ခဲ့တဲ့အတွက် နှစ်တွဲလုံးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
Your browser does not support the video tag.စက်တင်ဘာလထဲတုန်းက ကျွန်တော်တို့ချယ်နယ်မြန်မာကနေ တင်ဆက်ပေးခဲ့ပြီး
အကြိုက်တွေ့ခဲ့ကြတဲ့ The Freelancer(2023)နာမည်နဲ့ အက်ရှင်စီးရီးထဲက
ဇာတ်လိုက်ကျော်မင်းသားကြီး မိုဟစ်ရိန်နာက ဒီဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံလိုက်ရတယ်။အကြမ်းဖက်သမားတွေ နေရာစုံမှာ
ဖောက်ခွဲဖျက်ဆီးနေတာတွေထဲကမှ အဓိကအနေနဲ့ ဘုံဘေအထွေထွေရောဂါကုဆေးရုံကြီးကို အကြမ်းဖက်ခံရတာကို
တင်ပြထားပါတယ်။ဆေးရုံထဲမှာရှိနေကြတဲ့ ဆရာဝန်တွေ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ကြရပုံ
သူတို့တွေကြားထဲက မိသားစုပြဿနာတွေ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက သံယောဇဉ်
ချစ်ခြင်းတရားတွေကို ကြည့်မြင်ခံစားကြရမှာပါ။ဆေးရုံမှာတက်နေတဲ့ အမေကြီးပြောတဲ့ ဘာသာတရားတိုင်းဟာ ချစ်ခြင်းမေတ္တာကို အခြေခံပါတယ်
လူတစ်ယောက်ကို သူကိုးကွယ်တဲ့ဘာသာနဲ့မဆုံးဖြတ်ပါနဲ့ သားရယ်ဆိုတာကိုတွေ့တော့
My Name Is Khan(2010)ထဲမှာ ဘာသာရေးအထိကရုဏ်းတွေဖြစ်တော့ ရှာရွတ်ခန်းအမေနေရာက ရာဇီယာခန်းပြောတာ သတိရမိတယ်။“တစ်ခုမှတ်ထား သား..လောကမှာ လူနှစ်မျိုးပဲရှိတယ်
ကောင်းတာလုပ်တဲ့လူရယ် မကောင်းတာလုပ်တဲ့လူရယ်
လူရယ်လို့ဖြစ်လာရယ် အဲဒါပဲကွဲပြားတယ် တခြားဘာခြားနားမှုမှမရှိဘူး”တဲ့။
ဒီတော့ အခုတင်ဆက်ပေးတဲ့ စီးရီးလေးကိုကြည့်ရှုခံစားရင်း မကောင်းတာတွေပယ်
ကောင်းတာတွေပဲသယ်ဆောင်တတ်တဲ့စိတ်လေးမွေးကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Irugapatru (2023)
⭐IMDB: 8.4/10 (456 Votes)
🎬 #Bollywood #Drama #Romance #Family
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 32 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Irugapatru (2023) (အချစ်ရနံ့တို့မွှေးပျံ့ရာဆီသို့)
IMDb Rating 8.2/10 ရရှိထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ သရုပ်ဆောင် ရှရက်ဒါစရီနာ့သ်၊ ဗစ်ကရမ်ပရာဘူ၊ ဗစ်ဟာ့တို့ ပါဝင်သရုပ်ဆောင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်မယ့် နည်းလမ်းလေးတွေကို ထောက်ပြပေးသွားမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
“အရင်ကလို အချိန်မပေးဖြစ်တော့ဘူး အရင်ကလို အတူရယ်မောပြီး စကားတွေ မပြောဖြစ်ကြတော့ဘူး ကိုယ်က နီးစပ်ဖို့ ကြိုးစားလေလေ မင်းက နောက်ကို ဆုတ်သွားလေလေ” တစ်ဖက်မှာတော့ ” မင်းကနီးစပ်ဖို့ကြိုးစားတိုင်း သူကပိုပြီး စိတ်တွေမွန်းကြပ်လာလေ ” ဒီလို ပြဿနာတွေကို စုံတွဲတိုင်းလိုလို ကြုံဖူးကြမှာပါ။
ဒီလိုတွေကြုံတွေ့လာရပြီး ဘယ်လိုတွေဖြေရှင်းရမလဲဆိုတဲ့နည်းလေးကိုတော့ ဒီဇာတ်လမ်းထဲက စိတ်ပညာကုထုံးဆရာဝန်တစ်ယောက်ဖြစ်သလို အိမ်ထောင်ရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ မစ်တရာမာနူဟာရဲ့ အိမ်ထောင်ရေးလမ်းညွှန်ချက်တွေကနေ ထောက်ပြပေးသွားမှာပါ ။ ဒါ့အပြင် စုံတွဲပေါင်းများစွာရဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေပါ ပြောပြပေးထားတာမလို့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးတို့ သမီးရည်းစားဆက်ဆံရေးတို့မှာ အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကို ကြည့်ရှုရမှာမလို့ ကြည့်ရှုရင်း ခံစားအားပေးကြည့်ကြပါဦး…
ဒီဇာတ်လမ်းလေးကိုတော့ Dee ~ Aditi ~ YH ~ KKKZ မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
I Can’t Resist My Boss-Shoko Takahashi [MIDE-964-Decensored]
⭐-
🎬 #Adult #Asian
🗓 - 🎞 tv movie
🌎 #Japan
⏰ 3 နာရီ 5 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
JAV Model တွေအများကြီးရှိပေမယ့် တကယ်ဆွဲဆောင်မှုရှိတဲ့သူတွေက လက်ချိုးရေလို့ရပါတယ်…
ဒီထဲမှာ Shoko Takahashi ကတော့ မပါမဖြစ်ပါပဲ…
jav မင်းသမီးတွေထဲ သူ့လို အရပ်ရှည်တဲ့သူ ရှားတာကလဲ သူ့ကို မြင့်မြင့်မားမား ပြည့်ပြည့်တင်းတင်းလေးအဖြစ် ပိုလို့မှတ်မိနေစေပါတယ်။
ဒါပေမယ့် သူ့ရဲ့အဓိက ဆွဲဆောင်မှုက ပြည့်ဝန်းလှပတဲ့ခန္ဓာကိုယ်ထက် ပိုမိုထူးခြားတဲ့ မျက်ဝန်းအကြည့်တွေလို့ ထင်တာပါပဲ…
ဘယ်အချိန်ဖြစ်ဖြစ် မှိုင်းညှို့အထီးကျန်နေသလို မမှိတ်မသုန်ကြည့်တတ်တာလေးက
တစ်ဖက်သူကို ဂရုဏာစမ်းချောင်းလေးတွေ ရင်ထဲ ဖြတ်စီးစေပါတယ်…
MIDE-964-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို Boss တစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး
သူမရဲ့အလှကိုမလွန်ဆန်နိုင်တဲ့ မနူးမနပ်ကောင်လေးတစ်ယောက်ကို သူမ စိတ်ကြိုက်ကစားပြမှာပါ။
၃ နာရီကျော်ကြာပြီး Decensored Version နဲ့ဆိုတော့ Shoko Takahashi ပရိတ်သတ်တွေ လုံးဝကျေနပ်သွားကြမယ့်ဇာတ်ကားဖြစ်ပါကြောင်း။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Kingdom: Ashin of the North (2021)
⭐IMDB: 7.0/10 (13 k Votes)
🎬 #Action #Drama #Fantasy #Thriller #Horror
🗓 2021 🎞 tv movie
🌎 #SouthKorea
⏰ 1 နာရီ 34 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ်။
လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ။ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့
သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်။
အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်။
အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်။
အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ။
Kingdom ပရိသတ်ကြီးတို့ Season 3 မလာခင် ဒါလေးကို အရင်ကြည့်ထားလိုက်ကြပါဦး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်...
