ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Detrimental (2023) ⭐TMDB: 0.0% User Score 🎬 #Action #Horror 🗓 2023 🎞 Movie 📺 #720p #1080p 💿 462.9 MB ⦿ 843.7 MB 🌎 #China ⏰ 1 နာရီ 19 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကုန်းမကြီးနဲ့ဝေးလံတဲ့ကျွန်းတစ်ကျွန်းမှာ သလင်းကျောက်တွေကိုမျက်မမြင်အဖွဲ့တစ်ဖွဲ့နဲ့ လုပ်သမားတစ်ဖွဲ့ဟာ တူးဖော်ထုတ်လုပ်ကြရပါတယ်။မတော်တဆဖြစ်ပြီး သူတို့ရဲစားနှိပ်ရိက္ခာတွေဟာ ရေမြုပ်သွားပါတယ်။ဗဟိုဌာနကိုအကူအညီတောင်းပေမယ့် သဲမုန်တိုင်းကြီးတိုက်ခတ်နေတာကြောင့်အကူအညီတွေဟာချက်ချင်းရောက်မလာနိုင်ပါဘူး။ ကျွန်းပေါ်ကအစာရေစာတွေအားလုံးကညစ်ညမ်းနေတာဖြစ်တဲ့အတွက်သူတို့တွေဟာအပြင်မှာကြာကြာအသက်ရှင်နိုင်ဖို့ခက်ခဲကြပါတယ်။ရိက္ခာတွေမလောက်နဲ့အတွက် သူတို့ဟာမျက်ကန်းအဖွဲ့ကိုမောင်းထုတ်လိုက်ပါတယ်။သူတို့တွေမထင်မှတ်ထားတာက ကျောက်မိုင်းထဲမှာထူးဆန်းသတ္တဝါတစ်ကောင်ရှိနေတယ်ဆိုတာကိုပဲ…..ဘေးကြပ်နံကြပ်အခြေနေမှာ ရိက္ခာမလုံလောက်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပြီး ထူးဆန်းသတ္တဝါကြီးကို မျက်ကန်းတစ်ဖွဲ့နဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။...

Last Sunrise (2019) ⭐IMDB: 6.3/10 (370 Votes) 🎬 #Adventure #Drama #ScienceFiction #Romance #SciFi #Thriller 🗓 2019 🎞 movie 📺 #720p #1080p 💿 561.0 MB ⦿ 1010.6 MB 🌎 #China ⏰ 1 နာရီ 45 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “တကယ်လို့ ဒီနေ့ဟာကမ္ဘာပျက်မယ့်နေ့ဆိုရင် မင်းဘာလုပ်မှာလဲ”“ကျွန်တော်အသက်ဆက်ရှင်သွားမယ်” အနာဂတ်တစ်နေ့မှာ ကမ္ဘာပေါ်ကသဘာဝစွမ်းအင်တွေကိုထုတ်ယူသုံးစွဲလို့ကုန်ခန်းသွားတဲ့အခါ နေရောင်ခြည်စွမ်းအင်ကိုအားကိုးပြီးသုံးစွဲရပါတယ်။ဒီတောက်ပနေတဲ့နေမင်းကြီးဟာ တစ်နေ့မှာပျောက်ကွယ်သွားမယ်လို့ဘယ်သူကမှမထင်ထားခဲ့ပါဘူး။ဆိုလာစွမ်းအင်ခေတ်ကြီးမှာ နေကြီးကရုတ်တရက်ပျောက်သွားခဲ့ပြီးတစ်ကမ္ဘာလုံးမဲမှောင်သွားခဲ့ပါတယ်။ နေမရှိတော့တဲ့အတွက်ကမ္ဘာအပါဝင်ဂြိုလ်ကြီး(၉)လုံးနဲ့လည်ပတ်နေတဲ့ နေအဖွဲ့အစည်းကြီးဟာနေပတ်လမ်းကြောင်းတွေပျောက်ပြီး ကစဉ့်ကလျားဖြစ်သွားပါတော့တယ်။ ကမ္ဘာပေါ်မှာအောက်စီဂျင်တွေတဖြည်းဖြည်းကျလာပြီးအပူချိန်ကလဲအရှိန်နဲ့ကျနေတဲ့အတွက် လူသားတွေဟာအသက်ရှင်နိုင်ဖို့ ကြိုးစားပြီးနည်းလမ်းရှာကြရပါတော့တယ်။ အဲ့ဒီအချိန်မှာ နက္ခတ်ဗေဒအလွတ်တမ်းပညာရှင် စွန်းယန် နဲ့သူ့ရဲ့ဘေးတိုက်ခန်းက ချန်မု တို့ဟာ အသက်ရှင်ဖို့အတွက်အတူအဖော်ပြုရင်းအခက်အခဲတွေအတူကျော်ဖြတ်ပြီး နယ်မြေတစ်ခုပြီးတစ်ခုကျော်ဖြတ်ကာမျှော်လင့်ချက်တွေရှိတဲ့နယ်မြေကို ခရီးနှင်ကြပါတယ်။အချိန်နဲ့အမျှအေးခဲလာပြီး အသက်ရှင်ဖို့ခက်ခဲတဲ့ကမ္ဘာမြေကြီးပေါ်မှာသူတို့နစ်ယောက်ဟာ အသက်ဆက်ရှင်နိုင်ပါ့မလား…… Sci-fi Drama ဇာတ်ကားကောင်းလေးကို မလွတ်တမ်းကြည့်စေချင်ပါတယ်နော်...

The Beanie Bubble (2023) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 660.1 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Beanie Bubble (2023)===================IMDb Rating – 6.3/10 Apple TV+ က ထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ IMDb မating 6.3, Rotten Tomatoes 47% ရရှိထားပါတယ်။ The Great Beanie Baby Bubble: Mass Delusion and theDark Side of Cute ဆိုတဲ့ စာရေးဆရာ Zac Bissonnette ရဲ့ ၂၀၁၅ ခုနှစ်ထုတ်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အဲစာအုပ်ဟာဆိုရင်လည်းအပြင်မှာ တကယ်ဖြစ်ခဲ့တာကိုရေးသားထားတာပါ။ ဒီဇာတ်ကားဟာဆိုရင်Comedy, Drama အမျိုးအစားပါ။ ဒီဇာတ်ကားဟာဆိုရင် Beanie Babiesတွေကို ထုတ်လုပ်ခဲ့တဲ့ Ty Inc. ရဲ့ တည်ထောင်သူဖြစ်တဲ့ တိုင်ဝါနာရဲ့ ဘဝစတင်ဖြစ်တည်လာတာကနေ ကျရှုံးတဲ့အချိန်အထိကို ရော်ဘီ, ရှီလာနဲ့ မာယာဆိုတဲ့ အမျိုးသမီးသုံးယောက်ရဲ့ အမြင်ကနေ တင်ဆက်ထားတာပါ။ ပထမဆုံးအမျိုးသမီး ရော်ဘီဟာဆိုရင် တိုင် ကို Ty Inc. ထူထောင်ဖို့ အတူတူလက်တွဲလုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ ဒုတိယအမျိုးသမီး ရှီလာ ကတော့ တိုင်ကိုBeanie Babies ဆိုတဲ့ အရုပ်တွေ ထုတ်လုပ်ဖို့ စိတ်ကူးရစေခဲ့သူ ဖြစ်ပါတယ်။တတိယအမျိုးသမီး မာယာ ဆိုတာကတော့ ၁၇ နှစ်ကတည်းက Ty Inc. မှာဧည့်ကြိုအဖြစ်အလုပ်ဝင်ခဲ့ပြီး Ty Inc. ကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အရုပ်ကုမ္ပဏီဖြစ်အောင် ကူညီပေးခဲ့တဲ့သူပါ။ ဒီလိုအမျိုးသမီး သုံးယောက်နဲ့ တိုင် ကြားမှာ ဘာတွေဖြစ်ခဲ့တယ် ဘာပြဿနာတွေ ကြုံရတယ်ဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...

Qimen Flying Armor (2023) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓 2023 🎞 Movie 📺 #720p #1080p 💿 629.0 MB ⦿ 1.0 GB 🌎 #China ⏰ 1 နာရီ 17 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့်ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့- ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာမျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကိုပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက်ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်-သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ……သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

The Aura (2005) ⭐IMDB: 7.1/10 (14 k Votes) 🎬 #Crime #Drama #Thriller 🗓 2005 🎞 movie 📺 #720p 💿 968.5 MB 🌎 #Argentina #Spain #France ⏰ 2 နာရီ 8 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Aura (2005)=============IMDb Rating – 7.1/10 The Aura ဆိုတဲ့ psychologic ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။လက်တင်စကားနဲ့ ကားမလို့ ကြည့်နေကျ English ကားတွေနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားမှာတော့ ဆုတွေတသီကြီး ရထားတဲ့ ကားကောင်းတစ်ကားပါလို့ ပြောပါရစေ။ အာဂျင်တီးနားရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Fabian Bielinskyကိုယ်တိုင် ဇာတ်ညွန်းရေး ကိုယ်တိုင်ရိုက်ကူးထားပြီး၊ Main Character အနေနဲ့အာဂျင်တီးနား ရုပ်ရင်လောကရဲ့ GOAT တစ်ယောက်လို့ တင်စားရတဲ့ Ricardo Darinပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ဒါရိုက်တာ Fabian မကွယ်လွန်ခင် ဖန်တီးခဲ့တဲ့ နောက်ဆုံးသော အနုပညာလက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ Darin ဟာ မွေးရာပါဝက်ရူးပြန်ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး ထုံးစံအတိုင်း Psycho လည်းရှိတဲ့သူပေါ့။ ဒါပေမဲ့ သူ့မှာ တစ်ခုခုကိုတစ်ခါမြင်လိုက်ရုံနဲ့ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ တစ်ရက်သားစိတ်အပန်းဖြေရအောင် သူငယ်ချင်းဖြစ်သူနဲ့ အမဲလိုက်ထွက်ဖို့လိုက်သွားရင်း သူငယ်ချင်းနဲ့ စကားများပြီး တစ်ယောက်တည်းတောလည်ဖို့ဖြစ်လာတဲ့နောက်မှာ ရောဂါထဖောက်ပြီးသမင်ကိုပစ်မယ့်အစား တောထဲကတခြားမုဆိုးကိုမတော်တဆပစ်မိပြီး လူသတ်မှုဖြစ်သွားပါတော့တယ်။ အဲတော့ သူသတ်လိုက်မိတဲ့သူကရောဘယ်သူဖြစ်မလဲ Darin တစ်ယောက်ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

All American Bikini Car Wash (2015) ⭐IMDB: 3.4/10 (1 k Votes) 🎬 #Adult #Comedy 🗓 2015 🎞 movie 📺 #720p #1080p 💿 857.3 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 All American Bikini Car Wash (2015)========================== ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကတော့ ပုရိသအပေါင်းတို့ မျက်စိအစာကျွေးလို့ကောင်းမဲ့ ကားလေးပဲဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ။ ကားရေဆေးလုပ်ငန်းပေါ့။ဒါပေမဲ့ ဘီကီနီဝတ်ထားတဲ့ကောင်မလေးတွေကိုယ်တိုင် Hand wash only ဆေးပေးမဲ့ကားရေဆေးပါတဲ့ဗျာ။ မမတွေ၊ညီမလေးတွေရဲ့အလှကိုတစ်ကားလုံး မကြည့်ချင်မှအဆုံးမြင်ရမှာပါ။ ဘွင်းရှင်းလှတဲ့ရိုက်ကွက်တွေကြောင့် ၁၈ယောက်စုကြည့်ရမဲ့ကားဖြစ်ကြောင်းပါ။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ ဂျက်ခ်က စီးပွားရေးမေဂျာကျောင်းသားတစ်ယောက်။ သူတို့အိမ်ကချမ်းသာပေမဲ့ ဖအေဖြစ်သူက စည်းကမ်းတင်းကြပ်သူ။ ကိုယ့်သားကိုတောင် အိမ်ငှားခတောင်းတဲ့သူမျိုး။တစ်နေ့ကျ ဖိုင်နယ်စာမေးပွဲလည်းကျ၊ အလုပ်လည်းပြုတ်၊ ငှားခလည်းပေးစရာမရှိဖြစ်နေတုန်း ပရော်ဖက်ဆာဖြစ်သူက သူ့ကားရေဆေးလုပ်ငန်းကို တစ်ပတ်တိတိအမြတ်ရအောင်လုပ်ပြနိုင်ရင် အအောင်ပေးပေးမယ်လို့ အပေးအယူလုပ်လာတော့ စာမေးပွဲကျလို့ အဘေခံရတော့မဲ့ ဇာတ်လိုက်ကျော်ကြီးက လက်ခံလိုက်ပါတယ်။ သူ့သူငယ်ချင်း ဂေါ်မစွံကောင်ရယ်၊ လိုက်သမျှစော်တိုင်းရနေတဲ့ စော်ကြည်ဘဲရယ်ပေါင်းပြီး ပရော်ဖက်ဆာရဲ့ရိုးရိုးကားရေဆေးလုပ်ငန်းကို ဘီကီနီကားရေဆေးလုပ်ငန်းအဖြစ် ပြောင်းပစ်လိုက်ပါတော့တယ်။ လူငယ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကျန်တာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The Father Who Moves Mountains (2021) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Drama #Thriller 🗓 2021 🎞 movie 📺 #720p #1080p 💿 733.4 MB ⦿ 1.7 GB 🌎 #Romania #Sweden ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Father Who Moves Mountains (2021)=============================== ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu ကရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီးအိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ်တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင်လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေကအကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သားလေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်းကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင်တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့်ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင်ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...

I Am Not an Easy Man (2018) ⭐IMDB: 6.3/10 (15 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2018 🎞 movie 📺 #720p #1080p 💿 682.9 MB ⦿ 1.6 GB 🌎 #France ⏰ 1 နာရီ 39 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Am Not an Easy Man (2018)======================IMDb Rating – 6.3/10 အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွားမလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။ တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွားတယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှုရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...

Aquamarine (2006) ⭐IMDB: 5.4/10 (44 k Votes) 🎬 #Comedy #Family #Fantasy #Romance 🗓 2006 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.3 GB 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aquamarine (2006)============== ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူမလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်းပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlightအပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကိုဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလိုအထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင်မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါးလေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက်မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းကလှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာမရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့်မယ်လို့ပြောပါတယ်။ မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင်ကူညီပေးပါတော့တယ်။ ကဲ ငယ်ဘဝက ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း အမှတ်တရတွေ ပြန်လည်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Lost in Florence (2017) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Adventure #Drama #Romance 🗓 2017 🎞 movie 📺 #720p #1080p 💿 938.6 MB ⦿ 2.0 GB 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lost in Florence (2017)================= လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်ကလက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်းမသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ်ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော်လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့်တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက်နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲသောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမလျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

Pu-239 (2006) ⭐IMDB: 6.7/10 (4 k Votes) 🎬 #Drama 🗓 2006 🎞 movie 📺 #720p #1080p 💿 842.7 MB ⦿ 2.1 GB 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pu-239 (2006)============IMDb Rating – 6.7/10 ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယိုသတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစားခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစားရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့တယ်။ အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလောဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ်စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေးတောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက်သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်းအချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ်နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်းပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ်ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက်ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Air Bud (1997) ⭐IMDB: 5.3/10 (19 k Votes) 🎬 #Comedy #Drama #Family #Sport 🗓 1997 🎞 movie 📺 #720p #1080p 💿 970.4 MB ⦿ 2.1 GB 🌎 #Canada #UnitedStates ⏰ 1 နာရီ 38 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Air Bud (1997)=========== “ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ” ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ်ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊သနားစရာ တွေ့မြင်ကြရမှာပါ။ ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ်တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ်စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ်တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘောသံယောဇဉ်လို့ ပြောရမလိုပါပဲ။ ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ်ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ်ညွှန်းပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

My Best Part (2020) ⭐IMDB: 5.5/10 (486 Votes) 🎬 #Comedy #Drama 🗓 2020 🎞 movie 📺 #720p #1080p 💿 619.2 MB ⦿ 1.6 GB 🌎 #France ⏰ 1 နာရီ 53 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Best Part (2020)=============== ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်းလှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင်သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင်တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင်ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက်အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါတယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော်ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင်သေးပါဘူး။ ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ်လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲLGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားကအချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ်ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Partဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Mary Queen of Scots (2018) ⭐IMDB: 6.3/10 (53 k Votes) 🎬 #Biography #Drama #History 🗓 2018 🎞 movie 📺 #720p #1080p 💿 667.9 MB ⦿ 1.9 GB 🌎 #UnitedKingdom #UnitedStates #China #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mary Queen of Scots (2018) ~ IMDb – 6.3/10, Rotten Tomatoes – 62% ~ 1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။ မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။ မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး မယ်ရီကို သူတို့ကြိုးကိုင်လို့ရမယ့် အင်္ဂလိပ်လူမျိုးမင်းမျိုးနွယ်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ပါတယ်။ မယ်ရီကလည်း သူ့တွက်ကိန်းနဲ့သူ လက်ခံခဲ့ပါတယ်။ မယ်ရီဘုရင်မဖြစ်တာကို ရိုမန်ကက်သလစ်တွေက မုန်းတီးပြီး သွေးထိုးလှုံ့ဆော်ကြပါတယ်။ ပြည်သူတွေကြားမှာ သူက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြည့်တန်ဆာသာသာပဲ ရှိပါတယ်။ မယ်ရီနဲ့ လက်ထပ်ရသူက သခင်ဒန်လီဖြစ်ပြီး မယ်ရီအတွက် မျိုးဆက်ဆောင်ယူပေးဖို့နဲ့ ဘုရင်ရာထူးမယူပါဘူးဆိုပြီး ကတိပေးထားပါတယ်။ ဒန်လီကိုလည်း ယောကျာ်းချင်းစိတ်၀င်စားသူအနေနဲ့ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဒန်လီလည်း သက်ဆိုးမရှည်လှပါဘူး။ ကောင်စီ၀င်တွေရဲ့ နိုင်ငံရေးလှည့်ကွက်ကြားမှာ လုပ်ကြံခံလိုက်ရပါတယ်။ မယ်ရီက သူမသားတော်ရဲ့ ကံကြမ္မာအတွက်ထီးနန်းစွန့်ခဲ့ရပြီး နောက်ဆုံးမှာ အသက်ပါစွန့်ခဲ့ရတဲ့ထိ ပေးဆပ်ခဲ့ရတာကို သံဝေဂရဖွယ် ရှုစားရမှာပါ။ ဒီရုပ်ရှင်ကို ပြဇာတ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Josie Rourke က ရိုက်ထားပြီး ထိတ်ထိတ်ကြဲ မင်းသမီး ၂ယောက်က မယ်ရီနဲ့ အယ်လီဇဘက် ဘုရင်မနှစ်ပါးအဖြစ် အပြိုင်သရုပ်ဆောင်ထားသေးပါတယ်။ အဲဒီ၂ယောက်ကတော့ ရုပ်ရှင်ပရိသတ်တွေအားလုံးချစ်ကြတဲ့ Saoirse Ronan နဲ့ Margot Robbie ပါပဲ။ Tag Line ကိုက Bow To No One ဆိုတော့ သူတို့၂ယောက် အားပြိုင်တာကို ကောင်းကောင်းကြီးမြင်ကြရမှာပါ။ အော်စကာဆန်ခါတင်လည်း ၂ဆုဝင်ထားပါသေးတယ်။ အဆစ်အနေနဲ့ Guy Pearce နဲ့ Gemma Chan ပါ ပါထားပါသေးတယ်။ John Guy ရဲ့ Queen of Scots: The True Life of Mary Stuart ဆိုတဲ့ နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတာဆိုတော့ ‌အင်္ဂလန်နန်းတွင်းကားတွေ အလယ်ခေတ်ကားတွေကြိုက်တဲ့လူတွေအတွက် သရုပ်ဆောင်ရော ဇာတ်လမ်းရော ဘာမှမပြောစရာမရှိအောင် ကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

One Day (2011) ⭐IMDB: 7.0/10 (159 k Votes) 🎬 #Drama #Romance 🗓 2011 🎞 movie 📺 #720p #1080p 💿 626.5 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One Day (2011) ~ IMDb rating – 7/10 ~ One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။ သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။ “အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…” ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ…“ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…” Goodbyeကမ္ဘာရဲ့အတွင်းထဲ နစ်ဝင်သွားသလိုသိပ်ရင်းနီးဖူးသော ဘဝကိုနှစ်ဦးသားရဲ့တစ်ရံတခါဆီမှာအမှားတွေဟာလည်း လွမ်းစရာရယ်လို့ဒီလိုတိုင်းသာဆို…ငါဟာ မင်းအမှားဖြစ်နေခဲ့တာရှေးလွန်လေခဲ့ပြီးသော ဘဝများစွာ။ Ref – ” ” – ကတ္တီပါလွမ်းချင်းမှ” ” – မေမြို့မိုးမှ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

The Mist (2007) ⭐IMDB: 7.1/10 (326 k Votes) 🎬 #Horror #SciFi #Thriller 🗓 2007 🎞 movie 📺 #720p #1080p 💿 1.1 GB ⦿ 2.6 GB 🌎 #UnitedStates #HongKong #Germany ⏰ 2 နာရီ 6 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင်ပေါ့) 😛 ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ… တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့ အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါ…. ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ရဲမာန်အောင် ဖြစ်ပြီး သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်...

Worth (2020) ⭐IMDB: 6.8/10 (17 k Votes) 🎬 #Biography #Drama #History 🗓 2020 🎞 movie 📺 #1080p #720p 💿 930.7 MB ⦿ 2.1 GB 🌎 #UnitedKingdom #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Worth (2020) ~ IMDb – 6.8/10, Rotten Tomatoes – 82% ~ အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ​ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။ ~ ဇာတ်လမ်းအကျဉ်း ~ ကန်တစ်​ယောက် နိုင်ငံ​ရဲ့ ထိပ်သီး ဥပ​ဒေလုပ်ငန်း​တစ်ခုကို ဦး​ဆောင်​​နေရင်း တစ်​​နေ့ 9/11 ဖြစ်စဥ်​ကြောင့် ​လူအမြောက်အများ​သေဆုံးမှုတစ်ခုဖြစ်​​ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူ​တွေ ​လေ​ကြောင်းလိုင်း​တွေကို တရားမစွဲ​ရေး လုပ်​ဆောင်ဖို့ ​လျော်​ကြေးကိစ္စတစ်ခုနဲ့ ​ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို​ အောင်‌အောင်မြင်မြင် အ​ကောင်အထည်​ဖော်ဖို့ ​ကန်တစ်​ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လူတစ်​ယောက်ရဲ့ အသက်တန်ဖိုးကို​ငွေပမာဏဘယ်​လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။ တစ်​ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်း​နေတာ​တွေကို ​ထောက်ပြဖို့ ချားစ်ဦး​ဆောင်တဲ့ အဖွဲ့​​ပေါ်​ပေါက်လာပြီး ကန်တို့အဖွဲ့ထက် လူကြိုက်များလာပါတယ်။ တကယ်ဆို ကန်ရဲ့​ဖော်မြူလာကဘာ​တွေမှား​နေတာလဲ… လူတစ်​ယောက်ရဲ့ အသက်ကို တကယ်ပဲ​ဖော်မြူလာနဲ့ ထုတ်တွက်လို့ရတာလား… နောက်ဆုံး တာဝန်ကို​ရော ​အောင်မြင်စွာလုပ်လိုက်နိုင်လား… ဆိုတာ ဖြစ်ရပ်မှန်​ပေါ် အ​ခြေတည်ပြီး စိတ်ဝင်စား​အောင် ရိုက်ပြထားနိုင်သလို 9/11 ကိစ္စအပြီးကာလတွေကို အနည်းအကျဉ်းသိရှိသွားနိုင်မယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Kaalkoot (2023- ) ⭐IMDB: 8.3/10 (6 k Votes) 🎬 #Crime #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 51 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kaalkoot (2023)Kaalkoot (2023)IMDb-8.4/10 Darling ကားထဲက မိန်းမကိုအနိုင်ကျင့်တဲ့ဂျစ်တစ်တစ်ရုပ်နဲ့ မင်းသား Vijay Varma နဲ့ ကပြားမင်းသမီးလေး Suzanna Mukherjee တို့ ပါဝင်ထားတဲ့ စီးရီးပါရဲအရာရှိတစ်ယောက်ဖြစ်ချင်လွန်းရူးသွပ်ကြလွန်းတဲ့ အိန္ဒိယကားများစွာကြည့်ခဲ့ဖူးကြပါတယ် ဒီကားကတော့ ရဲအရာရှိမဖြစ်ချင်ပါပဲ ဖြစ်နေရသူတစ်ယောက်ရဲ့ဘဝပါပဲရာဗီဟာ ရဲအရာအလုပ်ကိုစိတ်မဝင်စားလို့ နှုတ်ထွက်စာတင်ပေမဲ့ နှုတ်ထွက်မရဘဲဆက်တာဝန်ထမ်းနေရသူပါ အဲဒီအတောအတွင်းသူပျက်လိုက်တဲ့တစ်ရက်မှာပဲ ရဲစခန်းမှာလည်းအမှုတွေရှုပ် ၊ မိန်းကလေးတစ်ယောက် အက်စစ်နဲ့ပက်ခံရတဲ့အမှုကလည်း မထင်မှတ်ပဲသူကိုင်တွယ်လာရနဲ့ မပျော်လို့ထွက်ခါမှ ဝန်ပိနေရသူတစ်ယောက် နှုတ်မထွက်ရခင်ကာလအတွင်း ဘယ်လိုကောင်းကောင်းလုပ်ဆောင်နိုင်သွားမလဲ ဘယ်လိုအခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်ဖြတ်ရမလဲရှုစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Zwe ~ Yunni ~ Moon ~ Cherry တို့ပဲဖြစ်ပါတယ်)File Size – 800MB / 720pQuality – 1080p WEB DL / 720pDuration – 32minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime | Drama...

What If...? (2021- ) ⭐IMDB: 7.4/10 (128 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #Australia #Canada #France #UnitedStatesofAmerica ⏰ 33 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 What If…? (2021)What If…? (2021)======================================= IMDb Rating – 8.7/10Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animation အနေနဲ့ထွက်လာတာပါ။ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေးတစ်ချက် ခတ်လိုက်တာ​ပဲ…ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်းမှာ​တော့ ​လေဆင်နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ “Butterfly effect”ဆိုတာကို ကြားဖူးကြသလားဗျ၊“အကယ်၍များ” ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ “အကယ်၍များ” ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့်ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုးလူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ “အကယ်၍များ” ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံးက​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင်အပြိုင် World​အသစ်တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်….စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ့် Marvelရဲ့ Brand New Animation seriesအသစ်” What if….? ” ထွက်ရှိလာပါပြီ။Live actionက အသံသရုပ်​ဆောင်​ တော်​​တော်များများ ပြန်ပါလာသလို ပရိတ်သတ်​တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိ​သေးတဲ့ဇာတ်လမ်းဇာတ်ကွက်မျိုး​တွေကို Animationအ​နေနဲ့ ကြည့်ရှုခံစားရမှာပါ၊ အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း အပိုင်းသစ်ထွက်မှာဖြစ်ပြီး Channel Myanmarက​နေ အပတ်စဥ်တင်ဆက်​ပေးသွားမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ JimX, Pyi T. Nyein တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip...

The Substitute (1996) ⭐IMDB: 6.0/10 (15 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 1996 🎞 movie 📺 #720p #1080p 💿 1.4 GB ⦿ 4.0 GB 🌎 #UnitedStates ⏰ 1 နာရီ 55 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့….ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...