ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Buddy's Mom (2015) ⭐IMDB: 4.8/10 (141 Votes) 🎬 #Adult #Drama #Romance 🗓 2015 🎞 movie 📺 #720p #1080p 💿 734.5 MB ⦿ 1.5 GB 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုးရီယား နုနုရွရွလေးတွေကို ခံစားကြည့်ရအောင်လောကဓံတွေကြောင့် အရွယ်နဲ့ မမျှအောင်တည်ငြိမ်နေတဲ့အသက်ရွယ်ကောင်း အမျိုးသမီးတစ်ယောက်ရယ်သွက်လက်ဖျက်လက်ပြီး အရာရာမှာဦးဆောင်ပြီးပျော်ပျော်နေတက်တဲ့ အမျိုးသမီးတစ်ယောက်ရယ်သူတို့ရဲ့ အလှတွေရယ်ကို တစ်လှည့်စီခံစားရမှာပါ နှစ်ယောက်လုံးကတော့ အလှလေးတွေချည်းပါပဲသူတို့ရဲ့ကျွမ်းကျင်မှုတွေကြားမှာလူပျိုပေါက်စ ဂျောင်ဆူး ဗျာများရတာပဲဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလိုကောင်မလေးတွေရဲ့ ကောက်ကြောင်းတွေကလဲ ပေါ်လွင်လွန်းတာမို့DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်...

Corner Office (2022) ⭐IMDB: 6.0/10 (846 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 407.5 MB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။...

The Passenger (2023) ⭐IMDB: 5.9/10 (366 Votes) 🎬 #Horror #Thriller #Drama 🗓 2023 🎞 tv movie 📺 #720p #1080p 💿 553.7 MB ⦿ 2.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Passenger (2023) ~ IMDb – 5.9/10, Rotten Tomatoes – 76% ~ နာမည်ကျော် Horror ဇာတ်ကား‌တွေကို ထုတ်ထုတ်ပေးနေကျBlumhouseရဲ့ နောက်ဆုံးထွက်ကားပါ။ ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ သူများအတွက် ရှယ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Copacul Dorintelor: Amintiri din Copilarie (2021) ⭐IMDB: 7.8/10 (420 Votes) 🎬 #Family #Fantasy 🗓 2021 🎞 movie 📺 #720p #1080p 💿 804.2 MB ⦿ 1.3 GB 🌎 #Romania ⏰ 1 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wishing Tree လို့အမည်ရတဲ့ရိုမေးနီးယန်းစိတ်ကူးယဥ်ဇာတ်ကားဖြစ်ပြီး IMDb 7.8/10 အထိရရှိထားပါတယ် Hospice ဆိုတဲ့ဆေးကုသရေးစင်တာကရောဂါသည်ကလေးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ ကုလို့မရတော့တဲ့ကင်ဆာဝေဒနာရှင်လေးမာယာဟာအဖိုးနဲ့အတူနေပြီးဆုံးသွားတဲ့အမေဖြစ်သူကိုအမြဲတွေ့ချင်နေခဲ့တာပါ တစ်နေ့တော့မာယာဟာ Hospice ဆိုတဲ့ဆေးကုသရေးစင်တာကိုရောက်သွားရာကနေ ဆုတောင်းပြည့်သစ်ပင်မှာဆုတစ်ခုတောင်းခဲ့ပါတော့တယ် အဲဒီဆုတောင်းပြည့်သစ်ပင်ကမှော်သစ်ပင်ဖြစ်ပြီး ဆုတောင်းလိုက်တဲ့သူကိုပုံပြင်တစ်ခုထဲခေါ်သွားပြီး တာဝန်တွေအောင်မြင်မှဆန္ဒကိုဖြည့်ဆည်းပေးမှာပါ မာယာတစ်ယောက်ပုံပြင်ကမ္ဘာထဲမှာသူ့ရဲ့တာဝန်တွေကိုဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲ သူ့ရဲ့ဆုတောင်းကရောပြည့်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် နူးနူးညံ့ညံ့နဲ့ခံစားရစေတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့လက်မလွှတ်သင့်ပါဘူး...

Mona Lisa Smile (2003) ⭐IMDB: 6.5/10 (87 k Votes) 🎬 #Drama 🗓 2003 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 3.5 GB 🌎 #UnitedStates ⏰ 1 နာရီ 59 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mona Lisa Smile (2003)=================IMDb Rating – 6.5/10 ၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့်ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီးတယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်းမပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှလူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီစနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ်ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့်တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲသွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေးဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာမလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကိုအတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာလကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်းတွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်းသူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက်လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့်အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက်မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြုဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ်ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။(ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...

Splinter (2021) ⭐IMDB: 4.6/10 (51 Votes) 🎬 #Horror #Thriller 🗓 2021 🎞 movie 📺 #720p #1080p 💿 269.3 MB ⦿ 828.2 MB 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 15 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Splinter (2022)=========== ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် ‌လက်ဆောင်တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင်ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းပါတဲ့လေ။ ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်းဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ်ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခုပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွားရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The First Myth: Daji (2021) ⭐TMDB: 60.0% User Score 🎬 #Drama #Fantasy 🗓 2021 🎞 Movie 📺 #720p #1080p 💿 574.7 MB ⦿ 1.0 GB 🌎 #China ⏰ 1 နာရီ 12 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရှေး‌ဟောင်းမှော်ဆန်ဖွယ်ဒဏ္ဍာရီကားကြိုက်နှစ်သက်သူများအတွက်ဇာတ်ကားလေးတစ်ခုတင်ဆက်ချင်ပါတယ်တစ်ခါကအရမ်းတင့်တယ်လှပတဲ့မြေခွေးမျိုးနွယ်ကဘုရင်မတစ်ယောက်ရှိတယ်။ကံမကောင်းစွာနဲ့မေရှန်တောင်ကမိစ္ဆာခုနှစ်ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယွမ်ဟုန်ကဖမ်းဆီးသွားတယ်။ အဲ့အချိန်မှာ ကျန်းကျီယာကမိစ္ဆာတွေကိုလိုက်နှိမ်နင်းရင်းမတော်တဆနဲ့မြေခွေးဘုရင်မကိုကယ်တင်ခဲ့ပေမယ့်သူ့အမြီးတစ်ချောင်းကိုဖြတ်ပစ်ခဲ့ရာမှဘာတွေဆက်ဖြစ်ခဲ့သလဲ။ နွီဝါးမယ်တော်ရဲ့ညွန်ပြမှုဖြင့် ကျိကျိုးမြို့ရဲ့မြို့စားမင်းစူးဟုရဲ့သမီးဖြစ်သူတာကျီပေါ်လူဝင်စားလိုက်တဲ့အခါ…..ရှန်မင်းဆက်ဘုရင်ဖြစ်တဲ့ကျုံးမင်းကြီးကကျိကျိုးမြို့ကိုလာတိုက်ခိုက်ရင်းနဲ့ မင်းသမီးတာကျီကိုဖမ်းဆီးလိုက်တယ်။ သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ပြီးတိုင်းပြည်ကိုအုပ်ချုပ်ဖို့ပြန်သွားကြတဲ့အချိန်မှာတိုင်းပြည်ကတည်မြဲမလား၊ပဋိပက္ခဖြစ်မလားဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Argantara (2022) ⭐IMDB: 3.5/10 (202 Votes) 🎬 #Action #Drama #Romance #Crime 🗓 2022 🎞 movie 📺 #720p #1080p 💿 775.0 MB ⦿ 1.3 GB 🌎 #Indonesia ⏰ 1 နာရီ 49 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Argantara (2022) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့်သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့်အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့်Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။...

Painted Heart: Twin Tribulations (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Fantasy 🗓 2023 🎞 Movie 📺 #720p #1080p 💿 462.4 MB ⦿ 890.7 MB 🌎 #China ⏰ 1 နာရီ 16 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့နတ်ဘုရားနဲ့ကြာပန်းလေးရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်နတ်ဘုရားရွှမ်ထျန်းရဲ့ပေါ့ဆမှုကြောင့်မကောင်းဆိုးဝါးဘုရင်ကမိစ္ဆာကြာပန်းကိုလုယူဖို့ကြိုးစားရင်းလူ့ပြည်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်နတ်ဘုရားနဲ့မကောင်းဆိုဝါးဘုရင်တို့ တိုက်ခိုက်ကြရင် သူချစ်မြတ်နိုးတဲ့ကြာပန်းစတေးသွားခဲ့တာပေါ့။နတ်ဘုရားတို့မည်သည် ကာမဂုဏ်တွေရှောင်ကြဉ်ရတယ်ဆိုပေမဲ့စစ်နတ်ဘုရားကမရှောင်ကြဉ်မိတာကြောင့် မိုးနတ်မင်းသိသွားပြီးလူ့ပြည်ကိုစေလွှတ်ကာမကောင်းဆိုးဝါးမိစ္ဆာတွေ အပြီးတိုင်ရှင်းလင်းတဲ့နေ့မှနတ်ပြည်ကိုပြန်လာဖို့ အမိန့်ပေးခဲ့တယ်။ ဒီလိုနဲ့ကြာပန်းလေးက ချီအာနဲ့ယောင်အာဆိုပြီးနှစ်ကိုယ်ခွဲထွက်တာလူသားအဖြစ်ပြောင်းလဲဖို့ကျင့်ကြံရင်းနဲ့ ယောင်အာကအောင်မြင်ပြီးလူ့ပြည်ကိုဆင်းကာမကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဆီးခဲ့တယ်။ အဲ့အချိန်မှာပဲ ငယ်ရွယ်ပြီးလက်ရုံးရည်ပြည့်ဝတဲ့ဝမ်ထျန်းရှန်းစစ်သူကြီးကလည်း မကောင်းဆိုးဝါးမိစ္ဆာတွေကိုလိုက်လံရှင်းလင်းရင်း ယောင်အာနဲ့အမှတ်တမဲ့တွေ့ဆုံခဲ့တာပေါ့။အမှတ်တမဲ့ကနေတစ်ဘဝစာဆိုတဲ့အတိုင်းနှစ်ဦးသား တဖြည်းဖြည်းဘယ်လိုသံယောဇဉ်တွေတွယ်လာကြလဲ။ဘယ်လိုမျိုးမကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းကြမလဲ။မကောင်းဆိုးဝါးဘုရင်ကကောဘယ်ရောက်သွားတာလဲဆိုတာကိုတော့………....

Clouds of Chernobyl (2022) ⭐IMDB: 5.8/10 (190 Votes) 🎬 #Drama #History #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 676.5 MB ⦿ 1.2 GB 🌎 #Romania ⏰ 1 နာရီ 14 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။...

Zoey 102 (2023) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Comedy #Romance #Drama #Family 🗓 2023 🎞 movie 📺 #720p #1080p 💿 878.4 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Zoey 102 (2023) ဘဝမှာဖြစ်ချင်တာတွေများပြီး ဟိုဟာလည်းလုပ်ချင် သည်ဟာလည်းလုပ်ချင်နဲ့ အလွဲတွေဖြစ်ကုန်တဲ့ဇိုအီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသ ဒရာမာအရောလေးတွေနဲ့ကြည့်ရှုကြရမှာပါ။ ဇိုအီဆိုတာက ရသစုံတီဗွီရှိုးထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ဇိုအီတို့က LOVE:Fully Charged ဆိုတဲ့ ချိန်းတွေ့တဲ့တီဗွီရှိုးတစ်ခုရိုက်နေတာဖြစ်ပြီးအဲဒီရှိုးမှာ ဇိုအီ မရှိလို့မဖြစ်တဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့ ပါဝင်သူတစ်ယောက်ရှိနေပါတယ်။အဲဒါနဲ့ပဲ ဇိုအီလည်းရာထူးတိုးပြီး ရှိုးရဲ့ဇာတ်သိမ်းပိုင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့က ဇိုအီ့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မယ့်ရက်နဲ့တိုက်နေပါတယ်။အောင်မြင်မယ့်အခွင့်အရေးနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ကြားမှာ နှစ်ခုလုံးကိုဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒါအပြင် ရည်းစားဟောင်းနဲ့ပြတ်ပြီးကတည်းက ဘဲမရှိသေးလို့ဆိုပြီးအနှိမ်မခံရအောင် အယောင်ဆောင်ရည်းစားလည်းငှားလိုက်ပါသေးတယ်။တကယ့်မင်္ဂလာပွဲနေ့နဲ့ ရှိုးပွဲနောက်ဆုံးပိုင်းနေ့ရောက်တဲ့အခါ ဘာတွေဖြစ်မလဲဇိုအီတစ်ယောက်ဘယ်လိုအမျိုးစုံကြိုးခုန်မလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hnin Ei Paiပဲ ဖြစ်ပါတယ်။...

Comic Girl Squad (2019) ⭐TMDB: 40.0% User Score 🎬 #Drama #ScienceFiction 🗓 2019 🎞 Movie 📺 #720p #1080p 💿 530.6 MB ⦿ 957.3 MB 🌎 #China ⏰ 1 နာရီ 25 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM တရုတ်ကားချစ်သူတို့အတွက် Comic Girl ဆိုတဲ့တရုတ်ဇာတ်လမ်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. ဒီကားလေးကတော့ manhua ကို ရူးးသွပ်ပြီး အိပ်မက်မက်ခဲ့သူကျောက်ယိချန်းတစ်ယောက် လောကဓံဒဏ်မခံနိုင်တဲ့အဆုံးဖန်တီးသူကနေ မန်နေဂျာအဖြစ်ပြောင်းသွားပြီး အိပ်မက်ဆိုတာထက် ငွေနောက်လိုက်လာတဲ့ လောဘသားအဖြစ် ပြောင်းသွားခဲ့တယ်ပေါ့… ဒါကြောင့် တစ်နေ့မှာ ယိချန်းရဲ့ လောဘနဲ့ ဆန္ဒတွေက သူ့မူလအိပ်မက်ကိုဖျက်စီးလုနီးနီးဖြစ်တဲ့အတွက်ကြောင့် သူ့အတွင်းစိတ်လောကထဲ ရောက်သွားခဲ့ပြီး..သူငယ်စဉ်က အိပ်မက်မက်ကာ စိတ်ကူးယဉ်ဖန်တီးခဲ့တဲ့ ကျောင်းသူအဖွဲ့ ကိုသူအတွင်းစိတ်လောကထဲရောက်ပြီးချိန် တစ်ဦးပြီးတစ်ဦးကို ရှာဖွေ နှိုးထဖို့ဖြစ်လာခဲ့တယ်… ကျောက်ယိချန်းကတော့ အမြန် သူ့လက်တွေ့လောကကိုပြန်ရောက်ချင်ပြီးဒီဗိုင်းရပ်စ်ကို စိတ်မဝင်စားဘူးဆိုပေမယ့်လည်း …အတွင်းစိတ်လောကကို ကြီးစိုးနေတဲ့ ဗိုင်းရပ်စ်ကိုချေမှုန်းနိုင်မှ ပြန်နိုင်တာမို့ ချေမှုန်းဖို့ ကြိုးစားတာပေါ့… ကဲ ဇာတ်သိမ်းမှာ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှာလား…ကျောက်ယိချန်းတစ်ယောက် နောက်ပြီး လက်တွေ့ဘဝကို ပြန်နိုင်မှာလား…နောက်ပြီး ဗိုင်းရပ်စ်နောက်ကွယ်က ကြိုးကိုင်သူကရော ဘယ်သူဖြစ်မလဲ…...

The Kept Mistress Killer (2023) ⭐IMDB: 5.1/10 (82 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 📺 #720p #1080p 💿 653.3 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Kept Mistress Killer (2023) The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကိုကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်ကကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

Waktu Maghrib (2023) ⭐IMDB: 6.0/10 (470 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 637.7 MB ⦿ 1.2 GB 🌎 #Indonesia ⏰ 1 နာရီ 45 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Waktu Maghrib (2023) အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ်နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလားဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲအနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

The Hand (2023) ⭐TMDB: 60.0% User Score 🎬 #Comedy #Horror 🗓 2023 🎞 movie 📺 #720p #1080p 💿 387.3 MB ⦿ 834.1 MB 🌎 #SouthKorea #SouthKorea ⏰ 52 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hand (2023) ဒီတစ်ခါတော့ အိပ်မက်ထဲကို လိုက်နှောင့်ယှက်နေတဲ့ လက်မည်းကြီး ကြော်ငြာလိုပဲလက်ကြီးက အိမ်ထဲရောက်လာတဲ့ Horror ဇာတ်လမ်း တစ်ပုဒ်တင်ဆက်ပါဦးမယ် တစ်ရက်မှာ ဘုံးဆူတို့ အိမ်က အိမ်သာခွက်ထဲကို ဘယ်ကလာမှန်းမသိတဲ့ လက်တစ်ဖက်က ထွက်လာပါလေတယ် အဲဒီလက်ကို ဘယ်လိုလုပ်ရမှန်းမသိလို့ အရေးပေါ်ကို အကြောင်းကြားလိုက်တဲ့အခါတပ်ကူတွေတော့ရောက်လာပါရဲ့ အကုန်လုံး အိမ်သာထဲမှာပိတ်မိကုန်ကြပါရော အဲလိုနဲ့ အိမ်သာထဲမှာ လက်တစ်ချောင်းနဲ့ အသက်ရှင်အောင် ကြိုးစားရမှာဖြစ်ပြီးလူတွေကိုဒုက္ခပေးတဲ့ အဲဒီလက်ကြီး ထွက်လာတဲ့အကြောင်းအရင်းကဘာလဲ၊ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

The Blackening (2022) ⭐IMDB: 6.0/10 (9 k Votes) 🎬 #Comedy #Horror #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 560.6 MB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Blackening (2023) လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ်ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူးဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။သူတို့ထဲကတစ်ယောက်ယောက်ပဲလား။သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ဘယ်သူတွေရောသတ်ခံရမလဲ။ ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

Dream Wedding (2023) ⭐IMDB: 5.6/10 (76 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 759.0 MB ⦿ 1.7 GB 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dream Wedding (2023)================== ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက်ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁)သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်းရှိနေပါတယ်။ အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့  ကံစမ်းမဲထဲမှာကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုးတာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကိုခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Roman Nox ဖြစ်ပါတယ်)...

Skinford: Death Sentence (2023) ⭐IMDB: 4.3/10 (279 Votes) 🎬 #Crime #Thriller #Horror 🗓 2023 🎞 movie 📺 #720p #1080p 💿 632.1 MB ⦿ 944.0 MB 🌎 #Australia ⏰ 1 နာရီ 24 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 skinford: death sentence (2023) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ရှေ့မှာလည်း Skinford ဆိုပြီး ဇာတ်ကားတွေထွက်ရှိပြီးသားနောက်ဆက်တွဲ Thriller,Horror ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် အဓိကဇာတ်လိုက်ကျော် စကင်ဖို့ဒ်က သူ့ရဲ့နာမကျန်းဖြစ်နေတဲ့ အဖေကိုကယ်ဖို့ ပိုက်ဆံရအောင်ပစ္စည်းတစ်ခုကို ပို့ပေးဖို့ မှောင်ခိုဂိုဏ်းတစ်ခုနဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်အဲ့မှာသောက်တလွဲတွေစဖြစ်ပြီး ကိုယ့်ကိုသတ်ခိုင်းတဲ့သူကသူ့ဆီရောက်လာပြီး ကိုယ်ကျင်းကိုတူးနေရတဲ့အချိန်မှာ…ကျင်းထဲက စော်တစ်ပွေက ဝုန်းခနဲဆို အရှင်လတ်လတ်မြေမြှပ်ခံရကနေ ပေါ်လာပါတယ်ကံကောင်းချင်တော့ အဲ့စော်က မသေအောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိတော့စကင်ဖို့ဒ်ကြီးမှာ သူ့ကိုသတ်တာလဲမသေတဲ့အပြင် တွင်းထဲကစော်ကပါအူကြောင်ကြားနဲ့ အပြင်ထွက်လာတဲ့အခါ သူကို့ဘယ်သူကလာသတ်တာလဲသူပို့ပေးခဲ့တဲ့ပစ္စည်းတွေဘယ်မှာလဲ သူ့ဝေစုကဘယ်မှာလဲ စသည်ဖြင့်အရာရာကိုအဖြေရှာဖို့ကြိုးစားရပါတော့တယ်ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ခန်းတွေအပြင် မြှုပ်ကွက်များစွာနဲ့ရှယ်လန်းတဲ့ဇာတ်လမ်းလေးမို့ ပရိသတ်ကြီး အကြိုက်တွေ့မှာအမှန်ပဲမို့အားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...

My Husband's Worst Mistake (2023) ⭐IMDB: 5.5/10 (101 Votes) 🎬 #Crime #Drama #Thriller #TVMovie 🗓 2023 🎞 tv movie 📺 #720p #1080p 💿 637.5 MB ⦿ 1.4 GB 🌎 #Canada ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Husband’s Worst Mistake (2023) မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား?ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့်ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီးသူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင်ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီးကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့်ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို အမှုလိုက်ဖို့ အပ်လိုက်တဲ့အခါဘရက်တစ်ယောက် ကန့်ကို တကယ်ရော ရှေ့နေလိုက်ပေးချင်ရဲ့လားသူ့မှာ ဖုံးကွယ်ထားတဲ့ ဘာအချက်တွေရှိလဲဆိုတာကို ဆက်ပြီး ရှုစားကြည့်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Cho Zin Thanပဲ ဖြစ်ပါတယ်။...

Prisoner's Daughter (2022) ⭐IMDB: 6.3/10 (926 Votes) 🎬 #Drama #Mystery #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 706.9 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Prisoner’s Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီးသူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာFamily Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...