ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Underworld: Evolution (2006)
⭐TMDB: 66.0% User Score
🎬 #Action #Fantasy #Thriller
🗓 2006 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Underworld: Evolution(2006)
***************************
Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း
အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည်
ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်…..
လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့
စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်…
ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ
အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို
တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်…
underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်...
The Exorcist: Believer (2023)
⭐IMDB: 5.1/10 (15 k Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Exorcist: Believer(2023)
*************************ဇာတ်လမ်းအကျဉ်း
ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။
အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။
ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး
ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့
အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ….
ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။
သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို
ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။
အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။
ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ
ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။
လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။
ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။
The Exorcist (1973)Exorcist II: The Heretic (1977)The Exorcist III (1990)Exorcist: The Beginning (2004)Dominion: Prequel to the Exorcist (2005)The Exorcist: Believer (2023)The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး
မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။
၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ
ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။
Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။
အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို
၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021),
Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။
ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့
ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။...
Underworld (2003)
⭐TMDB: 68.0% User Score
🎬 #Action #Fantasy #Thriller
🗓 2003 🎞 movie
🌎 #UnitedStates #UnitedKingdom #Germany #Hungary #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Underworld(2003)
*****************
Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း
အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည်
ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်…..
လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့
စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်…
ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ
အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို
တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်…
underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်...
Piaffe (2022)
⭐IMDB: 6.0/10 (226 Votes)
🎬 #Drama #Fantasy #Thriller
🗓 2022 🎞 movie
🌎 #Germany
⏰ 1 နာရီ 27 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Piaffe (2022)
~ IMDb – 6/10, Rotten Tomatoes – 92% ~
ဒီကားကို German Expressionist Cinema ရုပ်ရှင်လို့ပြောလို့ရလောက်မယ်။ ဂျာမန်တွေဟာ German Expressionist ရုပ်ရှင်တွေကို ပထမကမ္ဘာစစ်လွန်ကာလတွေကတည်းက ရိုက်ခဲ့ကြတာဆိုတော့ ဒီလိုင်းမှာ ဂျာမန်တွေရဲ့စကေးက အထင်တော့သေးမရဘူး။ The Cabinet of Dr. Caligari (1920), Nosferatu (1922), Metropolis (1927) နဲ့ M (1931) တို့လို ရုပ်ရှင်သမိုင်းရဲ့ မှတ်ကျောက်တစ်ခု အထင်ကရတစ်ခုဖြစ်ခဲ့ကြတဲ့ Expressionist ရုပ်ရှင်တွေလည်း ဂျာမန်က ဟိုးကတည်းက ထုတ်ခဲ့ဖူးတယ်။ ဒီတော့ ဂျာမန် Expressionist ရုပ်ရှင်တွေကို အထင်သေးလို့မရပါဘူး။ ဒီကားလည်း ခရမ်းချဉ်သီး ၉၂လုံးရထားတဲ့ကားပါပဲ။
ဇာတ်ကတော့ စားတယ်။ Expressionist ရုပ်ရှင်ပီသအောင်ပဲ Realism ကိုပယ်ပြီး ထင်ယောင်ထင်မှားအမြင်တွေ အတွင်းစိတ်ကိုထင်ဟပ်နေတာတွေကို နိမိတ်ပုံဆန်ဆန်ပြထားတယ်။ ဇာတ်လမ်းအကျဉ်းတော့ မလိုပါဘူး။ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မရဘူး ဇာတ်လမ်းသိချင်သပဆိုရင်တော့ ဒီလို… ကောင်မလေးတစ်ယောက်က သူ့မောင် ဆေးရုံရောက်နေတုန်း သူ့မောင်အလုပ်ကို အစားဝင်လုပ်ပေးတယ်။ သူက Introvert ဆိုတော့ လူတွေနဲ့ ဆက်ဆံရတာကို သိပ်အသားမကျဘူး။ ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း သူ့မြှီးညှောင့်ရိုးကနေ မြင်းမြီးကြီးထွက်လာခဲ့တယ်။ ဒါပါပဲ။ ပြောခဲ့သလိုပဲ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မောင်နဲ့နှမ သားနဲ့အမေ တူယှဉ်တွဲမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေတော့ ဖောဖောသီသီပါပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Broil (2020)
⭐IMDB: 4.6/10 (2 k Votes)
🎬 #Horror #Thriller #Fantasy
🗓 2020 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၂၀ ခုနှစ်ထဲ ထွက်ထားတဲ့ Fantasy, Horror, Thriller အမျိုးအစားထဲ ပါတဲ့
ဒီဇာတ်ကားလေးက လူတကာက လက်ခံထားတဲ့ ထူးဆန်းလွန်းတဲ့စင်ကလဲ
မိသားစုရဲ့ အကြောင်းအရာဆိုတာထက် မိသားစုတွင်း ပြဿနာတွေကြား ကြားညှပ်မိသလိုလို
ဖြစ်သွားတဲ့ ဇာတ်ကောင်တချို့ ၊ ပြီးတော့ မမျှော်လင့်ထားတဲ့
လှည့်ကွက်လိုမျိုးတွေနဲ့ မထင်မှတ်နိုင်လောက်တဲ့ ရာဇဝင်တွေ၊
မှော်ဆန်ဆန် အဖြစ်အပျက်တွေကို
အချိတ်အဆက်မိအောင်လည်း ပြထားတယ်။
အော်ဂလီဆန်စရာ အဖြစ်လေးတချို့ပါပေမယ့် သွေးထွက်သံယို
အခန်းတွေပါတာမျိုးလည်း မဟုတ်ပြန်ဘူး။
အဲ့ဒါကိုက ထူးဆန်းနေတာမျိုးဆိုတော့ ထူးဆန်းတာတွေ
သဘောကျတတ်တဲ့သူတွေအနေနဲ့ အမြန်သာ
ဒေါင်းပြီး ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။...
Jack Strong (2014)
⭐IMDB: 7.0/10 (5 k Votes)
🎬 #Thriller #Drama #History
🗓 2014 🎞 movie
🌎 #Poland
⏰ 2 နာရီ 8 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး
စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို
ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ
အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။
သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့
စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။
ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့
သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး
အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။
ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ
တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။
ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ
ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။
စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ
ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့
သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
The Mean One (2022)
⭐IMDB: 3.7/10 (656 Votes)
🎬 #Comedy #Horror
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Mean One (2022)=================
Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်းလူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ရေးသားတဲ့ Howthe Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinchပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီးထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh:Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေတယ်တော့ ဆိုရပါမယ်။
ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက်အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်ပေးဖို့ လုပ်ပါတယ်။ အဲလိုလုပ်ရင်းစင်ဒီ့အမေလည်း သေသွားပါတယ်။ စင်ဒီလည်း နယူးဗေးလ်မြို့လေးကထွက်ခွာသွားခဲ့ပြီး ၁၀ နှစ်ကျော် ကြာပြီးတဲ့နောက်မှ အဖေဖြစ်သူနဲ့ မြို့လေးကို ပြန်လာပါတယ်။ မြို့လေးမှာ ခရစ္စမတ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေမရောင်းချသလို၊ ခရစ္စမတ်ပွဲတော်ကိုလည်း ဆင်နွှဲခြင်းမပြုကြပါဘူး။ ခရစ္မတ်ကို မုန်းတီးတဲ့ ဂရင့်ချ် တစ်ယောက် မြို့ငယ်လေးကို ကြောက်လန့်အောင်ဘယ်လိုလုပ်ထားတယ်ဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
Prem Kumar (2023)
⭐IMDB: 6.7/10 (895 Votes)
🎬 #Bollywood #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 30 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Prem Kumar (2023) သို့ မချောနှစ်ယောက် ကိုယ်တစ်ယောက်
IMDB 6.7 ရထားတဲ့ Telugu ကားသစ်ဖြစ်ပါတယ်Telugu မျက်နှာသိ မင်းသား Santosh Sobhan ပါဝင်ထားတဲ့ အချစ်ဟာသ ကားပါ
ကျွန်တော်တို့ အိန္ဒိယရုပ်ရှင်လောက က romantic comedy အများစုမှာ ဇာတ်သိမ်းဆို မင်းသမီးကမင်္ဂလာဆောင်၊ မင်းသားက လက်ထပ်ပွဲကိုလာပြီး ပွဲဖျက်၊ မင်းသမီးရဲ့ မိဘတွေကို တရားချ၊ အားလုံးကကြွေဆင်းပြီး သတို့သမီးကို လွှတ်ပေး၊ မင်းသားနဲ့ မင်းသမီးနဲ့ ဆည်းဆာချိန်ကိုအတူတူလက်တွဲပြီး ပြေးသွား၊ ပိတ်ကားချ၊ ပြီးပါပြီဒါတွေနဲ့ပဲ သံသရာလည်နေတာပါ
ဘယ်သူကမှ မင်းသမီးနဲ့ လက်ထပ်မယ့် သတို့သားက ဘယ်ပုံ ဘယ်ချမ်းသာ သူရဲ့ အိမ်မက် ရည်မှန်းချက်တွေ ခံစားချက်တွေ အသာထားမင်္ဂလာဆောင်ခမ်းခမ်းနားနားကြီးဖြစ်အောင် ဘယ်လို အကုန်အကျခံပြီး ပြင်ဆင်ထားလဲ ဆိုတာတောင် ဂရုစိုက်ကြမှာ မဟုတ်ပါဘူး
ဇာတ်လိုက် PK ဆိုတဲ့ ပရမ်ကူမာ ကတော့ အဲဒီသတို့သားဖြစ်ပါတယ် သူ့ရဲ့ ကံဆိုးလှတဲ့ ရယ်ရခက် ငိုရခက် ဘဝဇာတ်ကြောင်းပါအိမ်ထောင်ရေးကံမကောင်းတဲ့သူလို့ ပြောရအောင်လည်း ပီကေ က လက်ထပ်တဲ့နေ့မှာပဲ သတို့သားဘဝ ကနေ မတက်ပဲဖော်အဲဗား groom ဖြစ်နေပြီး မိန်းမလိုချင်တဲ့ အိပ်မက်က အပြီးမသတ်ပဲဖြစ်နေသူပါ…လူစင်စစ်ကနေ ဂျိုပေါက်ချင်နေတဲ့ သူဖြစ်ပါတယ် အဲဒီကနေ ဘယ်သို့ဘယ်ပုံပီကေတစ်ယောက် လက်ထပ်ပွဲပါရဂူတစ်ယောက်ဖြစ်လာလဲ ဆိုတာဆက်ကြည့်ရင်း CM ပရိသတ်ကြီး တစ်နေ့တာ အမောဖြေနိုင်ကြပါစေ
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်ခင်ဗျာ
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Bedevilled (2010)
⭐IMDB: 7.3/10 (17 k Votes)
🎬 #Drama #Horror #Thriller #Crime
🗓 2010 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 58 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကားဟောင်းလေးဆိုပေမယ့် ရင်ထဲကို ထိစေမယ့် ရုပ်ရှင်လေးတစ်ပုဒ်ပါ။
ဟယ်ဝန်းတစ်ယောက် ငယ်ငယ်ကအဖိုးနဲ့ကြီးပျင်းလာခဲ့တဲ့
မွန်းဒုံကျွန်းကို အလည်သွားပါတယ်။
ထူးဆန်းတာက ကျွန်းပေါ်မှာ ဖိုဝါဒကြီးစိုးနေတယ်လို့ ပြောနိုင်တဲ့
ယောက်ျားလေးတွေကို အထူးနေရာပေးထားတာပါ။
ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီး
သမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်
လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လို
တိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။
မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်
ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။
ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလိုကိုးကွယ်တဲ့ရွာမှာ
ဘို့နမ်အတွက်တော့နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။
ဒီလိုမျိုး နေရတဲ့ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကို
သမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။
ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်း
ဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။
တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကို လိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေ၊
အယူသီးပြီး ယောက်ျားတွေကိုမှမြတ်တယ်လို့ သတ်မှတ်ထားပြီး
မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ
ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။
ဒီလိုနဲ့ ဆိုးလ်ကိုသမီးလေးနဲ့ထွက်ပြေးဖို့လုပ်တုန်း ယောက်ျားက မိသွားတဲ့အခါ
သူတို့ သားအမိရဲ့ ဘ၀လေး စတင်ပြီး ကံဆိုးမိုးမှောင်ကျတော့တာပါပဲ...
Jemputan Ke Neraka (2023)
⭐TMDB: 0.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #Malaysia
⏰ 1 နာရီ 46 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jemputan Ke Neraka 2023
CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲကလက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့… ။
ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီးAditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။)...
The Last Flim Of Makoto Toda – Decencored (FSDSS- 531)
⭐-
🎬 #Asian #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 38 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ညိုကီတို့အားပေးနေကျ အီမီလေးတို့ ယူယာမီကာမီလေးတို့အနားယူသွားတဲ့တစ်နေ့ကျရင် ညီကိုတို့စိတ်ထဲဘယ်လိုခံစားရမလဲအနားယူသွားတဲ့ သူတို့စိတ်ထဲမှာရော ဘယ်လိုခံစားရမယ်ထင်လဲ
ခုဇာတ်ကားလေးရဲ့ အဓိကမင်းသမီးလေး Makoto Toda ဟာဆိုရင်တော့ဖြင့်Jav လောကနဲ့မစိမ်းတဲ့သူတွေအတွက် သိကြမဲ့မင်းသမီးလေးပါပဲဇာတ်ကောင်စရိုက် ဇာတ်လမ်းပေါင်းစုံ သရုပ်ဆောင်ခဲ့တဲ့အပြင်လှပပြီးချစ်ဖို့ကောင်းတဲ့မျက်နှာလေး မကြီးမသေးသွယ်လျကျော့ဆင်းတဲ့ခန္ဓာကိုယ်လေးနဲ့အတူ ဝင်းမွတ်ညီညာလှပတဲ့ အသားအရေလေးတို့နဲ့အတူပုရိသတွေရဲ့ အသဲနှလုံးကို အချိန်တစ်ခုထိသိမ်းပိုက်ထားခဲ့တာပါ
၁၉၉၆ မှာမွေးခဲ့ပြီး လွန်ခဲ့တဲ့ ၇နှစ်လောက်က စတင်ပွဲထွက်ခဲ့တဲ့မာကိုတိုလေးရဲ့ AV လောကနှုတ်ဆက် မှတ်တမ်းဇာတ်ကားလေးထဲမှာသူသဘောအကျဆုံးဖောင်းဒိုင်းပုံစံတွေ သူနဲ့အခင်မင်ဆုံးမင်းသားတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေနဲ့အတူအပြုံးနဲ့ယှဉ်တွဲ ကွဲခဲ့ဖူးတာလဲ အခါခါဆိုတဲ့ နှုတ်ဆက်ကြပုံလေးတွေကို ပရိသတ်ညိုကီတို့လဲ ဝိုင်းနှုတ်ဆက်နိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The Last Flim Of Makoto Toda – Decencored (FSDSS- 531)
⭐-
🎬 #Asian #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 38 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ညိုကီတို့အားပေးနေကျ အီမီလေးတို့ ယူယာမီကာမီလေးတို့အနားယူသွားတဲ့တစ်နေ့ကျရင် ညီကိုတို့စိတ်ထဲဘယ်လိုခံစားရမလဲအနားယူသွားတဲ့ သူတို့စိတ်ထဲမှာရော ဘယ်လိုခံစားရမယ်ထင်လဲ
ခုဇာတ်ကားလေးရဲ့ အဓိကမင်းသမီးလေး Makoto Toda ဟာဆိုရင်တော့ဖြင့်Jav လောကနဲ့မစိမ်းတဲ့သူတွေအတွက် သိကြမဲ့မင်းသမီးလေးပါပဲဇာတ်ကောင်စရိုက် ဇာတ်လမ်းပေါင်းစုံ သရုပ်ဆောင်ခဲ့တဲ့အပြင်လှပပြီးချစ်ဖို့ကောင်းတဲ့မျက်နှာလေး မကြီးမသေးသွယ်လျကျော့ဆင်းတဲ့ခန္ဓာကိုယ်လေးနဲ့အတူ ဝင်းမွတ်ညီညာလှပတဲ့ အသားအရေလေးတို့နဲ့အတူပုရိသတွေရဲ့ အသဲနှလုံးကို အချိန်တစ်ခုထိသိမ်းပိုက်ထားခဲ့တာပါ
၁၉၉၆ မှာမွေးခဲ့ပြီး လွန်ခဲ့တဲ့ ၇နှစ်လောက်က စတင်ပွဲထွက်ခဲ့တဲ့မာကိုတိုလေးရဲ့ AV လောကနှုတ်ဆက် မှတ်တမ်းဇာတ်ကားလေးထဲမှာသူသဘောအကျဆုံးဖောင်းဒိုင်းပုံစံတွေ သူနဲ့အခင်မင်ဆုံးမင်းသားတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေနဲ့အတူအပြုံးနဲ့ယှဉ်တွဲ ကွဲခဲ့ဖူးတာလဲ အခါခါဆိုတဲ့ နှုတ်ဆက်ကြပုံလေးတွေကို ပရိသတ်ညိုကီတို့လဲ ဝိုင်းနှုတ်ဆက်နိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
SLEEP ()
⭐TMDB: 70.0% User Score
🎬 #Comedy #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 36 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sleep (2023)
Korea Box Office မှာ No.1 ရခဲ့တဲ့ Thriller Horror ဇာတ်လမ်းကောင်းကောင်းလေး လာပါပြီနော်
အိပ်ပျော်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်တာတို့ စကားပြောတာတို့က တချို့တွေမှာဖြစ်တတ်ကြပါတယ်ဒါပေမဲ့ ဟျွန်းဆူကတော့ အိပ်တဲ့အချိန် ပိုဆိုးတဲ့အပြုအမူတွေ လုပ်လာပါတယ်
အိမ်ထောင်ဦး သာသာယာယာဖြစ်ရမယ့်အချိန်မှာ အိပ်ရင်းနဲ့ ဆိုးဆိုးဝါးဝါးတွေ ပြုမူတတ်တဲ့ ခင်ပွန်းဖြစ်တဲ့သူကြောင့်တစ်မျိုးမဟုတ် တစ်မျိုး စိတ်သောကရောက်နေရတော့ ဆူဂျင်းလည်း အမျိုးမျိုးကြံရပါတော့တယ်
နောက်ဆုံးတော့ ဒီအိပ်ရင်းယောင်တတ်တဲ့အကျင့်ကို ကုသနိုင်တဲ့နည်းလမ်းတွေ့မလားဘယ်လိုမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြိးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်။...
A Most Wanted Man (2014)
⭐IMDB: 6.7/10 (79 k Votes)
🎬 #Crime #Drama #Thriller
🗓 2014 🎞 movie
🌎 #UnitedKingdom #UnitedStates #Germany #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Philip Seymor Hoffman နဲ့ Rachael Mcadmas
အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီး
Willem Dafoe,Daniel Bruhl, Robin Wright တို့ပါ ပ
ါဝင်အားဖြည့်ထားတဲ့ စပိုင်ဇာတ်ကားကောင်းလေးနဲ့
မိတ်ဆက်ပေးချင် ပါတယ်
၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာ
အမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့
အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာ ဖြစ်လာခဲ့ပါတယ်
အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟု
သတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာ
ဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့
ဝင်ရောက်လာပြီး ခိုလှုံခွင့်တစ်နေရာရရှိဖို့
ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့
ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့
ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ်
ဘေရွတ်က နောက်ဆုံး စစ်ဆင်ရေးအပြီးမှာ
ဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကို
ဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်း
သူ လပေါင်းများစွာ နောက်ယောင်ခံလိုက်နေတဲ့
အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူ
အက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ်
အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
အစ်စာကာပေါ့ဗ်ဟာ တွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူ
လွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကို
သိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့
အမေရိကန်လုံခြုံရေးအေဂျင်စီများကပါ
အစ်စာကာပေါ့ဗ်အရေးကို စိတ်ဝင်စား လာပါတော့တယ်
နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ်
ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့
ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ ကတိစကားအတွက်
အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့
ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကို
လှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ်
အစ်စာကာပေါ့ဗ်ကရော သူပြောသလို အပြစ်မဲ့သူလား..
အက်ဘဒူလာရဲ့ လျှိ့ဝှက်ချက်တွေကိုရော
ဖော်ထုတ်နိုင်မှာလား. ဟားရ်ဘတ်ခ်မန်း အနေနဲ့ အစ်စာကာပေါ့ဗ်ကို ဖမ်းဆီးလိုတဲ့
ဂျာမနီနဲ့အမေရိကန်တို့ရဲ့ လက်တံတွေကိုရော
ရှောင်ရှားနိုင်မလား. မေးခွန်းပေါင်းများစွာ နဲ့
နောက်ဆုံးခန်းအထိ စိတ်ဝင်စားဖွယ် မငြီးငွေ့ရအောင်
ဖန်တီးပေးနိုင်သော Spy/Thriller
ဇာတ်ကားလေးကို CM က ပရိသတ်များ
ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ်...
The Whisperer in Darkness (2011)
⭐IMDB: 6.5/10 (3 k Votes)
🎬 #SciFi #Thriller #Horror #Mystery #ScienceFiction
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ
H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့
၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့်
Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ
ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး
ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို
ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ
ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့
ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။
အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့်
ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။
ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။
ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။
ဂြိုလ်သားတွေတကယ်ရှိသလား။
ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို
အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ
တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။...
Force Majeure (2014)
⭐IMDB: 7.2/10 (64 k Votes)
🎬 #Comedy #Drama
🗓 2014 🎞 movie
🌎 #Sweden #France #Norway #Denmark #Italy
⏰ 2 နာရီ 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကို
သဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကို
သဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။
ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။
ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာ
ဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။
သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့်
နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။
နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာ
စားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။
သူတို့ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့်
စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ
တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။
ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ
အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး
သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ
ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊
အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ
စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့
ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Dragon Gate Posthouse 7: New Wedding Dress (2018)
⭐TMDB: 0.0% User Score
🎬 #Action #DragonGatePosthouse #History #Mystery
🗓 2018 🎞 movie
🌎 #China
⏰ 1 နာရီ 22 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကိုတစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်
ဒီမှာရှာပါ
ဒီအပိုင်းမှာတော့ ယွဲ့ယာမြို့ဟောင်းမှာရှိတဲ့မာတာ့လုဟာတစ်နေ့မှာ စာပို့စရာရှိတာကြောင့်မုံ့မြို့ဆီကို ရက်အတော်ကြာသွားဖို့ကိစ္စဖန်လာခဲ့ပါတယ်။ဒါပေမဲ့မုံ့မြို့ရဲ့ ထုံတမ်းစဉ်လာအရသရဲမင်္ဂလာပွဲဆိုတဲ့ ဓလေ့ထုံတမ်းစဉ်လာတစ်ခုရှိခဲ့တယ်။
အဲ့ဒါကတော့ အိမ်ထောင်မကျသေးတဲ့မိန်းမပျိုလေးတွေ ဆုံးပါးသွားတဲ့အခါသက်ရှိထင်ရှားရှိနေတဲ့ယောကျ်ားတစ်ယောက်ကိုသေဆုံးသွားတဲ့မိန်းမပျိုလေးနဲ့လက်ထပ်ခိုင်းပြီးအဲ့မိန်းမပျိုရဲ့ကမ္ပတည်းတိုင်ကိုအိမ်ဆီခေါ်သွားခိုင်းတာပေါ့။
ဒီလိုနဲ့မာတာ့လုတစ်ယောက်အမှတ်မထင်ဒီကိစ္စထဲပါဝင်ပတ်သက်လာမိတယ်။ဒါတင်မကပဲ မုံ့မြို့ညဘက်ရောက်တိုင်းသစ်ပင်တစ်ပင်အောက်မှာဗြက်စောင်းထိုင်တီးတတ်တဲ့ရူးကြောင်ကြောင် အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့။
သူက ညရောက်တိုင်းအိမ်ထောင်မကျသေးတဲ့လုလင်ပျိုတွေကို မြှားခေါ်လေ့ရှိတယ်။သူ့နာမည်ကတော့ယွိလင်းလုံခေါ်တာပေါ့။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အရင်တုန်းကသူအရမ်းချစ်ရတဲ့ ဝမ်းကွဲအစ်ကိုကြောင့်ပဲ။
ဒီလိုနဲ့ မာတာ့လုနဲ့အမှတ်မထင်တွေ့ကြရာကနေဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဘာကြောင့်များဒီယွိလင်းလုံမိန်းကလေးက ဒီလိုတွေလုပ်နေရတာလဲ။မာတာ့လုကကောဒီပြဿနာကိုဖြေရှင်းနိုင်ပါ့မလားစတဲ့စိတ်ဝင်စားစရာတွေတွေအပြင် အချစ်ကိုဘုရားလိုကိုးကွယ်တဲ့ယွိလင်းလုံရဲ့သနားစရာဇာတ်လမ်းလေးကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်...
Sharktopus (2023)
⭐TMDB: 0.0% User Score
🎬 #Action #Horror #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 20 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကိုဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-
ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။
ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက်သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကိုပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက်မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။
တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာတရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ...
The Box (2009)
⭐TMDB: 56.0% User Score
🎬 #ScienceFiction #Thriller #Drama #Mystery
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ
ဇာတ်လမ်းအကျဉ်း…..အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ…. လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ……
လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...
The Road Dog (2023)
⭐IMDB: 6.1/10 (185 Votes)
🎬 #Comedy #Drama #Uncategorized
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 47 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ရက်မှာ လက်တန်းပြက်လုံးပြက်ရင်းလူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ဂျင်မီကွင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဆီကို သူဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်မိုရွန်တိုရောက်ရှိလာတဲ့နောက်မှာတော့ လူရွှင်တော်အရက်သမားကြီး ဂျင်မီကွင်းရဲ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့အရေးနဲ့ကြုံတွေ့လာရပါတော့တယ်။
အဖေ့သွေးပါတဲ့ သားဖြစ်သူဒေးဗစ်ဟာလည်း လူရွှင်တော်လုပ်ရတာကိုဝါသနာပါသူဖြစ်ပြီးလူရွှင်တော်အလုပ်နဲ့အသက်မွေးဖို့ ဆေးကျောင်းကနေထွက်လာပြီး နယူးယော့ခ်မြို့ကိုအသွားမှာ တစ်သက်လုံးမတွေ့ဖူးခဲ့တဲ့ အဖေဖြစ်သူဂျင်မီကွင်းရဲ့လိပ်စာကိုရအောင်စုံစမ်းပြီး သူ့အခန်းရှေ့ကိုရောက်ချလာခဲ့တာပါ။
ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကားတစ်စီးနဲ့ အဖေဖြစ်သူရဲ့ လူရွှင်တော်အလုပ်လုပ်တဲ့နေရာတွေကိုလိုက်ပို့ပေးရင် အဖေ့ဆီကဟာသပြက်လုံးတွေကိုသင်ယူရင်းကနေ ခရီးတလျှောက် ဂျင်မီကွင်းဟာလည်း တစ်သက်လုံး တွေ့ဆုံဖို့ရာ ငြင်းဆန်ခဲ့တဲ့ဆွေမျိုးတွေ၊အသိတွေကို သားဖြစ်သူမျက်နှာကြောင့် ပြန်လည်ဆုံတွေ့ရဖို့ကြုံလာရတဲ့အခါမှာတော့… အရက်သမားကြီးဂျင်မီကွင်းအနေနဲ့ နောက်ဆုံးမှာအရက်ပြတ်သွားမလား၊ သူ့ဘ၀ရဲ့အရေးပါခဲ့တဲ့ ဘယ်လိုလူတွေနဲ့ ပြန်ဆုံတွေ့ရမလဲဆိုတာကို ဟာသနဲ့ဒရာမာကို ရောစပ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။...
