ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Haami 2 (2022)
⭐IMDB: 8.5/10 (830 Votes)
🎬 #Bollywood #Comedy #Drama #Family
🗓 2022 🎞 movie
🌎 #India
⏰ 2 နာရီ 19 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Haami 2 (2023)
ဒီဇာတ်လမ်းလေးကတော့ IMDb 8.5/10 ရထားတဲ့ ကလေးဉာဏ်ကြီးရှင်ကားလေးပဲ ဖြစ်ပါတယ်။သုံးတန်းတတ်နေတဲ့ အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေးသိဒ္ဓတ္ထကတော့ သင်္ချာနဲ့ပတ်သတ်ရင်အတွက်အချက်အရမ်းတော်ပြီးတော့ မှတ်ဉာဏ်လည်းအရမ်းကိုကောင်းတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။
သူဟာ သူ့အသက်အရွယ်နဲ့မလိုက်တဲ့စာပေတွေကိုလည်း ဖတ်နိုင်နေပြီးတော့ သိပ္ပံကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။သူ့ရဲ့အဖေကတော့ ကျောင်းဆရာလုပ်ချင်ပေမဲ့လည်း ဝင်ခွင့်မအောင်လို့ အရောင်းစာရေးလုပ်နေရတဲ့သူတစ်ယောက်ပေါ့။
တစ်ရက်မှာတော့ သူ့ရဲ့ပညာအစွမ်းကို လူတစ်ယောက်က ဗီဒီယိုရိုက်ထားလိုက်ရာကနေ သူ့ရဲ့ အရည်အချင်းကို မြင်ပြီးကလေးအနုပညာရှင်တွေစုဆောင်းတဲ့အေးဂျင့်ကနေလာပြီးတော့ သိဒ္ဓတ္ထလေးကို ဗီဒီယိုရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းပါတော့တယ်။အဖေဖြစ်သူက သူ့သားကို အဲဒီလိုမလုပ်စေချင်ပေမဲ့လည်း အမေဖြစ်သူရဲ့ ဆန္ဒအရ သိဒ္ဓတ္ထလေးဟာ ဗီဒီယိုရိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ကလေးလေးက နာမည်ကြီးလာပြီးတဲ့နောက် အရည်အချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲ……ဉာဏ်ကြီးရှင်ကလေးလေးကို မိဘဖြစ်တဲ့သူတွေကရော ဘယ်လိုတွေ ထိန်းကျောင်းသွားမလဲ……ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Kandasamys: The Baby (2023)
⭐IMDB: 6.0/10 (62 Votes)
🎬 #Bollywood #Comedy
🗓 2023 🎞 movie
🌎 #USA #SouthAfrica
⏰ 1 နာရီ 34 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kandasamys The Baby (2023) “ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ”
CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ်IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော်
ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း “Trippin’ with Kandasamys”,“Keeping up with Kandasamys” နဲ့ “Kandasamys : The Wedding” ဆိုပြီးထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါ
ပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကိုသိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ်
တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့်မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ်စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ်
စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ အင်္ဂလိပ်ဗန်းစကား အသုံးအနှုန်းကတော့ ရှိတ်စပီးယားတောင် ထိုင်ငိုသွားလောက်တယ်ဗျအဲဒီကနေ အထည်ကြီးဂွကျကျ ကန်ဒါဆာမီ မိသားစု ဘယ်လိုတွေ ပြဿနာတွေ တက်ကြမလဲဆိုတာကိုအားလပ်ချိန်လေး အပန်းပြေ ကြည့်ရှုခံစားပေးကြပါဦးအိန္ဒိယကားဆိုပေမယ့် ဒီကားက အသက် ၈၀ အရွယ် အဘွားကြီးကအစ အီးလိုပဲ slang တွေ အထိထိုင်မှုတ်နေတာကြောင့် အီးစကေး တက်ချင်တဲ့သူတွေလည်း ပညာယူစရာရှိကြောင်းပါ(ဤကား စကားချပ်)
အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ V ~ KKKZ ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Corona Dhavan (2023)
⭐IMDB: 6.7/10 (183 Votes)
🎬 #Bollywood #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 9 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Corona Dhavan (2023) ယမကာလုလင်လေးများ
IMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းကအရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာအခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲအရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။
ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ …“အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး” ဆိုတဲ့ခံယူချက်နဲ့ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့…..ဆက်လက်ကြည့်ရှုပေးကြပါဦး…
အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
STARS-123 Mana Sakura Goes To Work For The First Time In 5 Years! ! Full Membership System Soap That Lets You Cum Inside Continuous With Unlimited Firing OK (2019)
⭐TMDB: 0.0% User Score
🎬 #Adult #Asian
🗓 2019 🎞 movie
🌎 #Japan
⏰ 2 နာရီ 20 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆံပင်တိုလေးနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ Sakura Mana လေးအလှည့်ကျပါပြီမျက်နှာလေးက ချစ်ဖို့ကောင်းပြီး baby face လေးသဖွယ် အသွင်ဆောင်တာကြောင့်အသဲထဲရင်ထဲ တယားယားနဲ့ ကြည့်ရှုရမှာပါ…
ဒီရုပ်ရှင်လေးမှာလဲ သူမရဲ့ cutieစတိုင်လေးကိုဝိုးတဝါးပုံရိပ်တချို့ မပါပဲ တင်ဆက်ထားတာကြောင့်တင်ဆက်ပေးလိုက်ပါတယ်
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Birthright Outlaw (2023)
⭐IMDB: 5.8/10 (114 Votes)
🎬 #Drama #Western
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းနာမည်က “ရာဇဝတ်သားအမွေခံ”…။
ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်
အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ…
အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့
အမွေအနှစ်ကြီးပေါ့….။
ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ…။
ဇာတ်လမ်းအကျဥ်းကတော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့
သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်း
အေးအေးချမ်းချမ်းနေကြတယ်ပေါ့…။
တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုက
ပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်…။
ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှ
အဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်…။
ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား…၊
သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...
The Morning After (2018)
⭐IMDB: 2.7/10 (44 Votes)
🎬 #Adventure #Comedy
🗓 2018 🎞 movie
🌎 #China
⏰ 1 နာရီ 35 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက်နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှလင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေးတုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲအချစ်ရေးတော့ကံမကောင်းကြပါဘူး
တစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကိုသူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကိုခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။
သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီးဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။...
Awareness (2023)
⭐IMDB: 5.2/10 (1 k Votes)
🎬 #Mystery #SciFi #Thriller #ScienceFiction #Action
🗓 2023 🎞 movie
🌎 #Spain
⏰ 1 နာရီ 54 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။
Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။
သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။
Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။...
Jigen Daisuke (2023)
⭐IMDB: 6.0/10 (103 Votes)
🎬 #Action #Adventure #Crime #Drama
🗓 2023 🎞 movie
🌎 #Japan
⏰ 2 နာရီ 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂန္တဝင်သေနတ်သမား တစ်ယောက်ဖြစ်တဲ့ Jigen.Daisukeဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပစ္စတိုတစ်လက်ကိုပဲ သုံးခဲ့တယ်။ ဒီသေနတ်ကို ပြင်ဆင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဒုစရိုက်မြို့တော် Deigyo-gai ကိုရောက်ရှိလာပါတော့တယ်။ Deigyo-gaiဟာ သာမန်ဒုစရိုက်မြို့တော်တင်မကပဲ မကောင်းတာမှန်သမျှ စုပြုံနေတဲ့အပြင်ဖုံးကွယ်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကရော ဘာဖြစ်မလဲ၊ သေနတ်တစ်လက်ပြင်ဖို့လာရာ ကနေ တစ်မြို့လုံးနဲ့ တစ်ယောက်ရင်ဆိုင်လာရတဲ့အခါမှာ…
ဂျပန် mangaတစ်ခုဖြစ်တဲ့ Lupin III series ထဲကArsène lupin IIIရဲ့ အချစ်ဆုံးသူငယ်ချင်းJigen Daisuke ကို Live actionအဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီအတွင်းမှာ ဘယ်လိုအချိန်ကုန်သွားမှန်း မသိရအောင် အက်ရှင်အကြမ်းစားတွေနဲ့ dark secretတွေပါ ပါတာမို့လို့ ကြည့်ရတာတော်တော်တန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်...
The Spencer Sisters (2023- )
⭐IMDB: 6.4/10 (555 Votes)
🎬 #Drama #Comedy #Mystery #Crime
🗓 2023- 🎞 tv series
🌎 #Canada
⏰ 43 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Spencer Sisters (2023)CM ပရိသတ်ကြီးတို့ကို အမှုလိုက်တဲ့ ဇာတ်ကားမျိုးကိုမှ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Spencer Sisters လို့ခေါ်ပြီးတော့ ၂၀၂၃ နှစ်အစပိုင်းကမှ ထုတ်လွှင့်ခဲ့တာပါ။ ဒီဇာတ်ကားက female lead ဇာတ်ကားမျိုးဖြစ်ပြီး ဖော်ထုတ်တဲ့ အမှုတွေကလည်း ပေါ့ပေါ့ပါးပါးပဲမလို့ လူတိုင်းအကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒါဘီစပန်ဆာဆိုတဲ့ ကောင်မလေးက မြို့ကြီးပြကြီးမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ လုယက်မှုတစ်ခုရဲ့ တရားခံကို လိုက်ဖမ်းတဲ့အချိန် တာဝန်ရှိ စုံထောက်စကားကို နားမထောင်ဘဲ သူ့နည်းသူဟန်နဲ့ တရားခံကို ဖမ်းဖို့ကြိုးစားခဲ့တာကြောင့် စုံထောက်နဲ့ စကားအချေအတင်များပြီး အလုပ်ထွက်ခဲ့ရတယ်။ အလုပ်ထွက်ပြီး အိမ်ပြန်တဲ့အခါမှာလည်း ချစ်သူက ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပြန်တယ်။ဒီလိုနဲ့ပဲ ဒါဘီဟာ အိမ်ပေါ်ကဆင်းလာရင်း ဘယ်မှသွားစရာမရှိတာမလို့ အယ်ဒါဘလက်ဖ်မှာရှိတဲ့ သူ့အမေအိမ်ကို ပြန်လာခဲ့ရတော့တယ်။
Your browser does not support the video tag.ဒါဘီနဲ့ သူ့အမေက တကျက်ကျက် စကားများ ရန်ဖြစ်တတ်သူတွေပါ။ တစ်နေ့ သူ့အမေရဲ့ စာအုပ်ဖတ်ပွဲမှာ ဒါဘီ သူငယ်ချင်းဖြစ်သူ ကလိုင်ရာ ကျောင်းထုတ်ခံရတဲ့ကိစ္စကို အဖြစ်မှန်ဖော်ထုတ်ပေးရာကနေ စပန်ဆာညီအစ်မများဆိုတဲ့ အဖွဲ့ကို စတင်ဖြစ်ခဲ့ပါတယ်။ စပန်ဆာညီအစ်မများ အဖွဲ့က အယ်ဒါဘလက်ဖ်မြို့လေးမှာ ဘယ်လိုအမှုတွေကို ဖြေရှင်းပေးကြရမလဲ၊ မိန်းကလေးနှစ်ယောက်တည်းနဲ့ အမှုတွေကို သဲလွန်စ ဘယ်လိုရှာကြမလဲဆိုတာကို ပရိသတ်ကြီးတို့ကိုယ်တိုင် The Spencer Sisters ဆိုတဲ့ ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။...
Bajao (2023- )
⭐IMDB: 7.7/10 (4 k Votes)
🎬 #Comedy
🗓 2023- 🎞 tv series
🌎 #India
⏰ 44 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bajao (2023)Bajao (TV Series)(2023)
IMDb – 7.7/10ဒီစီးရီးက အပိုင်းရှစ်ပိုင်းပါဝင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဟာသဇာတ်မြူးဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ပေါက်အောင် မြူးဇစ်ဗီဒီယိုရိုက်ချင်ကြတဲ့ သူငယ်ချင်းတစ်သိုက်။
မြူးဇစ်ဗီဒီယိုတစ်ခုရိုက်နေရင်း လူမိုက်ခေါင်းဆောင်က ရက်ပ်ပါတစ်ယောက်ရဲ့ ခြေထောက်ကို သေနတ်နဲ့ပစ်မိသွားတဲ့ဗီဒီယိုကို တေးသံထုတ်လုပ်ရေးချန်နယ်လ်မှာ အဲဒီသူငယ်ချင်းအုပ်ထဲကတစ်ယောက်က တင်လိုက်မိပါရော။
Your browser does not support the video tag.တစ်ရက် သူတို့တွေ ကလပ်မှာ သောက်ကြစားကြရင်း ညကဘာတွေဖြစ်ခဲ့မှန်းမသိအောင်ထိ
ပတ်လတ်တွေကျွတ်၊ မနက်နိုးလာတဲ့ အချိန်မှာတော့ သူငယ်ချင်းတစ်ယောက် ပျောက်နေတဲ့အပြင်
သူတို့နောက်ဆုံးမှတ်မိတာကအဲဒီဘော်ဒါနဲ့အတူ ပိုက်ဆံတွေအပြည့်ပါတဲ့အိတ်တစ်အိတ်ပါ ပျောက်နေတာကိုပဲ။
ပျောက်နေတဲ့သူငယ်ချင်းကို လိုက်ရှာရင်းနဲ့ ဘယ်လိုအခွီတွေဆက်ဖြစ်ကြမလဲ…
သူတို့ ပြဿနာရှာမိထားတဲ့ လူမိုက်ခေါင်းဆောင်နဲ့ရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲ…..
သူတို့ မှတ်မိလိုက်တဲ့ ငွေအပြည့်နဲ့အိတ်ကရော ဘယ်ကနေဘယ်လိုရောက်လာရတာလဲ ….. စတဲ့ဇာတ်ကြောင်းလေးတွေကို ဟာသလေးတွေနဲ့ စခွီထရင်း
တပြုံးပြုံး ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Alibi.com (2016)
⭐IMDB: 6.5/10 (9 k Votes)
🎬 #Comedy #Romance
🗓 2016 🎞 movie
🌎 #France
⏰ 1 နာရီ 29 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။
ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။
သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။...
Alibi.com 2 (2023)
⭐IMDB: 6.5/10 (2 k Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #France
⏰ 1 နာရီ 28 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ
သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။
ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး
လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။
အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး
အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။
ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့
အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး
အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့
Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့
တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့
ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ်
တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး
အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ
ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။...
Thudikkum Karangal (2023)
⭐IMDB: 7.4/10 (20 Votes)
🎬 #Action #Bollywood #Uncategorized #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 8 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thudikkum Karangal 2023IMDb-7.5/10
အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကိုဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။
ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကိုYouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။
တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကိုရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့…
အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက်ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Dragon Fist (1979)
⭐TMDB: 62.0% User Score
🎬 #Action #Drama #JackieChan
🗓 1979 🎞 movie
🌎 #HongKong #Taiwan #HongKong
⏰ 1 နာရီ 37 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jackie Chan ရဲ့ အရင်ကားလေးတွေထဲကတစ်ခုကို ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ဗျာ
Jackie Chan ဟာ မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ သူ့ကို သူ့ဆရာဖြစ်သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။
တစ်ရက်မှာတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ သူ့ဆရာကို ပြိုင်ပွဲပြီးမှ ရောက်လာတဲ့သူတစ်ဦးက စိန်ခေါ်ခဲ့ပြီး အနိုင်ပိုင်းကာ မင်းသားတို့ သင်တန်းကျောင်း ဆိုင်းဘုတ်ကိုပါ ဖျက်စီးခဲ့ပါတယ် မင်းသားရဲ့ ဆရာဖြစ်သူဟာလည်း အရှုံးပေးခဲ့ပေမဲ့ ဆက်လက် တိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ သေဆုံးသွားပါတော့တယ်။
ထိုအခါမှာတော့ မင်းသားတစ်ယောက် ကွန်ဖူးကို အပြင်းအထန်လေ့ကျင့်ပြီး သူ့ဆရာသေဆုံးခြင်းနဲ့ သင်တန်းကျောင်းရဲ့ သိက္ခာအတွက် ပြန်ပြီး လက်စားချေဖို့ လုပ်ပါတော့တယ်...
Mia and the Dragon Princess (2023)
⭐TMDB: 52.0% User Score
🎬 #Action #Crime #Fantasy
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 25 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ Mia And The Dragon Princess ဆိုတဲ့ Live action ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားလေးကတော့ဘားဝန်ထမ်းမလေးမီယာဟာ တစ်နေ့မှာ ပဟေဠိဆန်တဲ့မိန်းကလေးတစ်ယောက် သူတို့ဆိုင်နားမှာပုန်းနေတာကိုတွေ့လို့ကူညီပေးခဲ့ပါတယ်။ အဲ့မိန်းကလေးဟာ အင်္ဂလိပ်စကားလည်းမတတ်တာကြောင့် ပြောဆိုဆက်သွယ်ဖို့အခက်အခဲရှိနေပြီး ဘာမှလည်းမေးမရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ သူမကိုလိုက်ရှာတဲ့ လူမိုက်တစ်ဖွဲ့ရောက်လာပြီး သူတို့ဘားကို လာဖျက်စီးကြပါတော့တယ် အဲ့လူမိုက်တွေဟာ ဟိုးနှစ်ပေါင်းများစွာက ပင်လယ်ဓားပြမလေး ရက်ဒ်ကတ်မော်ဂန်ရဲ့ ရတနာတွေကိုလိုက်လံရှာဖွေနေကြတာပါ
သူတို့ရှာနေတဲ့ရတနာနဲ့ ပဟေဠိဆန်တဲ့မိန်းကလေးတို့ကဘယ်လိုပက်သက်နေတာလဲ မီယာတစ်ယောက်လည်း သူမကယ်ဆယ်ခဲ့တဲ့ ထိုမိန်းကလေးကို အဆုံးထိကယ်ဆယ်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
Maama Mascheendra (2023)
⭐TMDB: 0.0% User Score
🎬 #Action #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 27 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mama Mascheendra (2023)
IMDb – 7.4/10
မင်းသားချော ဆူဒီယားဘာဘူအထူးသရုပ်ဆောင်ထားတဲ့ဒရာမာအက်ရှင်တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကောင်သုံးမျိုးကို တစ်ယောက်တည်းလို့မထင်မှတ်ရလောက်အောင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့မို့ အထူးသရုပ်ဆောင်ထားတယ်လို့ သုံးလိုက်တာပါ။
ရာဗီနဲ့ ရတ်ဘာဆိုတဲ့ မင်းသမီးချောနှစ်လက်လည်း ပါဝင်ထားပါတယ်။
ခံစားချက်တွေကို ရင်ဖွင့်ချင်ရင် ဒိုင်ယာရီချရေး လျှို့ဝှက်ချက်ကိုရင်ဖွင့်ချင်ရင်တော့ ချရေး ဖြဲပြီးမီးရှို့ရတယ်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့လူဆိုတာ မိမိ မိမိ ပြီးတော့ မိမိကိုယ်တိုင်ပါပဲဖခင်တစ်ယောက်ရယ်လို့မဖြစ်လာခင်မှာ ဆရာဖြစ်သူအတွက် လူသတ်ပေးဖို့လုပ်ရင်းသတ်ရမဲ့အထဲက ကလေး၂ယောက်က လွတ်သွားခဲ့တယ် ဒီအမြွှာကလေး၂ယောက်ကနောင်တစ်ချိန်ကြီးလာရင် ကောင်းကောင်းကြီးလက်စားပြန်ချေမှာကို သိနေလေတော့ဖခင်ဖြစ်လာမဲ့တစ်ချိန်မှာ ဘယ်လိုကာကွယ်မှုတွေလုပ်မလဲ…
အဖေတစ်ယောက်ရဲ့ ရင်သွေးအပေါ် ကာကွယ်စောင့်ရှောက်မှုက မွေးကင်းစလေးကနေစပြီးအရွယ်ရောက်တဲ့အခါပြီးဆုံးသွားတာမျိုးမဟုတ်ဘူးမလား။ဒီဇာတ်လမ်းထဲမှာရန်သူတွေများတဲ့ ဂန်းစတားအဖေကြီးတစ်ယောက်ကသူ့သမီးအပေါ်မှာ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊သမီးဖြစ်သူရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်သဘောထားနဲ့လုပ်ရပ်တွေသူတို့သားဖတွေရဲ့ တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေအပြင်မထင်မှတ်ထားတဲ့ လူသတ်မှုတွေပါ မှန်းမရလောက်အောင် ရှုပ်ထွေးတဲ့Plot Twist တွေပါတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်
(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~V ~Alex ~Zwe ~Tomo တို့ပဲဖြစ်ပါတယ် )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Haunted Harmony Mysteries: Murder in G Major (2023)
⭐IMDB: 7.0/10 (345 Votes)
🎬 #Mystery #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates
⏰ 1 နာရီ 26 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.1 ရရှိထားတဲ့ လူသတ်သရဲကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ Full House, Family Guy, Detention, Roommates အစရှိတဲ့ ရုပ်ရှင်စီးရီးတွေရဲ့ မင်းသမီး Tamera Mowryက ယခုရုပ်ရှင်မှာ ဂတ်ဆန်းမန်းနီး ဆိုတဲ့ ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Too close , Delicious , The Inheritance, Extra ordinary အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့ Risteárd Cooperကြီးကပါ အဆိုပါရုပ်ရှင်ကို အတွဲညီညီနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။
( အေမန် မက်ကာသီနဲ့ အော်လာတို့က နိုင်ငံကျော် အနုပညာရှင် ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့၂ယောက်ကို လူတိုင်းကလည်း ချစ်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူ၂ဦးကြားမှာ အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့ပါတယ်။ Official သတင်းအရဆိုရင် အေမန်က အော်လာကို သတ်ပြီး ကိုယ့်ကိုယ်ကို အဆိပ်သောက်သတ်သေသွားခဲ့တယ်လို့ဆိုပါတယ် …….. )
ဂတ်ဆန်းမန်းနီး ဘရောင်းလို့ခေါ်တဲ့ သီချင်းသင်တဲ့ ဆရာမက အိုင်ယာလန်မှာရှိတဲ့ ဘော်ဒါကျောင်းရဲ့ သံစုံတီးဝိုင်းက ကျောင်းသား/သူတွေကို သီချင်းသင်ပေးဖို့ အိုင်ယာလန်ကို ရောက်ရှိလာပါတယ်။ အိုင်ယာလန်ကို ရောက်လာတဲ့ ဂတ်ဆန်းမန်းနီးက စောနက အေမန့်ရဲ့အိမ်မှာ တည်းခွင့်ရပါတယ်။ အိုင်ယာလန်ကို ရောက်လာတဲ့ သူ(မ)ရဲ့ ရည်ရွယ်ချက်က သီချင်း သင်ပေးဖို့ပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားဘဲ အေမန့်ရဲ့ ဝိညာဉ်နဲ့ တွေ့ဆုံလိုက်ရတဲ့အခါမှာတော့ …..
အေမန်ကရော Official သတင်းက ပြောသလို သူ့ရဲ့ချစ်သူ အော်လာကို တကယ်ပဲ သတ်ခဲ့တာလား …. အေမန်က နစ်နာသူလား …. အေမန်က အသတ်ခံခဲ့ရတာလား ….. သူအသတ်ခံရတာဆိုရင် အေမန်တို့ကို ဘယ်သူက သတ်သွားတာလဲ ….. ဘာလို့ သတ်ရတာလဲ ….. အေမန်က သေသွားတာတောင် ဘယ်လိုဖြစ်လို့ မကျွတ်သေးဘဲ ဝိညာဉ်အနေနဲ့ ပိတ်မိနေသေးတာလဲ ….. အေမန်နဲ့ အော်လာသေဆုံးမှုမှာ မထင်မှတ်ထားတဲ့အရာတွေ မထင်မှတ်ထားတဲ့ ကိစ္စတွေ ပါဝင်လာတဲ့အခါမှာတော့ ……
ဂတ်ဆန်းမန်းနီးနဲ့ အေမန်တို့ အေမန် သေဆုံးရတဲ့အပေါ်ကို စုံစမ်းဖြေရှင်းတဲ့ပုံစံနဲ့ ယခုရုပ်ရှင်ကို စိတ်ဝင်တစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ တရားခံက နောက်ဆုံးအချိန်ထိ သို့လောသို့လောဖြစ်နေအောင် Plotကို လုပ်ထားတာကို အတော်ကြိုက်မိတယ်။ လူသတ်ကားကိုမှ သရဲလည်းပါပြီး စုံစမ်းစစ်ဆေးရေးပုံစံလည်း ပါတယ် ပြီးတော့ serious ဆန်ပေမယ့် တအားကြီး စိတ်ဖိစီးရလောက်တဲ့အထိ serious မဆန်ဘဲ တချို့နေရာလေးတွေ အလိုလိုရယ်ရတဲ့အခန်းတွေလည်း ပါတော့ ကြည့်ရတာ ဘက်ပေါင်းစုံကနေ ရသပေးနိုင်မှာ သေချာပါတယ်။ ဒီလိုဇာတ်လမ်းမျိုးက ကြည့်ပြီးတာနဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်လိုက်ရလို့ ကျေနပ်တဲ့feelingမျိုးပေးစွမ်းနိုင်မှာ သေချာပါတယ်လို့ပြောရင်း reviewကို အဆုံးသတ်ပရစေ။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Open Season (2006)
⭐TMDB: 61.0% User Score
🎬 #Adventure #Animation #Comedy #Family
🗓 2006 🎞 movie
🌎 #UnitedStates #Canada #France #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့
တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့
ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်
ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်
ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကို
ဖျော်ဖြေလေ့ ရှိပါတယ်…
တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာ
သမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာ
သနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်
ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီး
တည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါ
ဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်
လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် တစ်ယောက် တောတွင်းထဲမှာ ဘယ်လို ကမောက်ကမတွေ
ဆက်ဖြစ်မလဲ ဆိုတာတော့ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး
ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးပေးထားပြီး Fio မှ ဘာသာပြန်ပေးထားပါတယ်...
The Thaw (2009)
⭐IMDB: 5.2/10 (13 k Votes)
🎬 #Horror #ScienceFiction #Thriller #SciFi
🗓 2009 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror/Sci-fi အမျိုးအစားကားလေးပါ…….
ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ…အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီ
ဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
The Breaking Ice (2023)
⭐IMDB: 6.3/10 (297 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #China #Singapore
⏰ 1 နာရီ 37 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရလား။အဲ့လိုအချိန်မျိုးရောက်ရင် ခရီးထွက်လိုက်ပါ။ဒီရုပ်ရှင်လေးကတော့ ဘဝရည်မှန်းချက်ပျောက်နေကြတဲ့လူငယ် ၃ ယောက်တို့ ခရီးစဉ်တစ်ခုမှာ ခင်မင်ခဲ့ပြီးနောက်ပြောင်းလဲမှုများကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။
ယန်ဂျီဟာ တရုတ်မြောက်ပိုင်းနယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ရှန်ဟိုင်းကနေ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ဖို့လာတဲ့ ဟောက်ဖုန်းဟာဘဝအတွက် လမ်းပျောက်နေသလို ခံစားနေရပါတယ်။နယ်စပ်ကို လည်ပတ်တဲ့ ခရီးစဉ်တစ်ခုမှာ သူဟာ နာ့နာ့ဆိုတဲ့အသက်ငယ်ငယ်ဧည့်လမ်းညွှန်တစ်ယောက်ကို သဘောကျမိသွားပါတယ်။
နာ့နာ့ကတစ်ဆင့် သူမရဲ့ စားဖိုမှူးသူငယ်ချင်း ဟန်ရှောင်းနဲ့ ခင်မင်ခဲ့ရပြီးသူတို့ ၃ ယောက်ဟာလည်း ဟန်ရှောင်းရဲ့ ထမင်းတစ်နပ်ကြောင့်သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ တစ်ကြိမ်တစ်ခေါက်နွေးထွေးစွာ ထိတွေ့မှုဟာ သူတို့ကို သူတို့ရဲ့ အတိတ်နဲ့လျှို့ဝှက်ချက်တွေကို ရင်ဆိုင်စေဖို့အားအင်တွေဖြစ်လာစေခဲ့ပါတယ်
သူတို့ ၃ ယောက် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီးစိတ်လှုပ်ရှားမှုနဲ့ လွတ်လပ်မှုတွေကို ရှာဖွေကြမလဲဆိုတာကိုရုပ်ရှင်လေးထဲက ရှုခင်းလှလှလေးတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။...
