ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Paranormal Activity 3 (2011)
⭐IMDB: 5.8/10 (98 k Votes)
🎬 #Horror #Mystery
🗓 2011 🎞 movie
📺 #720p #1080p
💿 751.5 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating – 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။...
Raven Song (2022)
⭐IMDB: 5.9/10 (223 Votes)
🎬 #Comedy #Uncategorized #Drama #Mystery
🗓 2022 🎞 movie
📺 #720p #1080p
💿 629.0 MB ⦿ 1.2 GB
🌎 #SaudiArabia
⏰ 1 နာရီ 49 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Just My Luck (2006)
⭐IMDB: 5.4/10 (59 k Votes)
🎬 #Comedy #Fantasy #Romance
🗓 2006 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.1 GB
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Just My Luck (2006)================
ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ်လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေနှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။
Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက်နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက်အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။
Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလိုဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီးတစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြောရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။
အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ဘယ်သူကကံကောင်းပြီး ဘယ်သူက ကံဆိုးသွားမလဲဆိုတာကို ရယ်ရယ်မောမောကြည်ကြည်နူနူး ကြည့်ကြရမှာဖြစ်ပါတယ်။
၂၀၀၆ က ရိုက်ထားတာဖြစ်ပေမဲ့ မရိုးမဆန်းနဲ့ ကြည့်လို့ကောင်းနေသေးတဲ့ ဇာတ်လမ်းမျိုးပါ။ အဲဒါကြောင့် အချစ်ဟာသဇာတ်မြူးကြိုက်သူတွေအတွက် တစ်ချိန်ကသူ့ခေတ်သူ့အခါ လူကြိုက်များခဲ့တဲ့ Chris Pine နဲ့ Lindsay Lohan တို့ရဲ့ ဒီဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
The Guard (2011)
⭐IMDB: 7.3/10 (93 k Votes)
🎬 #Action #Comedy #Crime #Thriller
🗓 2011 🎞 movie
📺 #720p #1080p
💿 606.0 MB ⦿ 1.4 GB
🌎 #UnitedKingdom #Ireland #UnitedStates
⏰ 1 နာရီ 36 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ Oscar ဆုပေါင်းများစွာရခဲ့တဲ့ Director Martin McDonagh ရဲ့ညီဖြစ်သူ ဇာတ်ညွှန်းဆရာ John McDonagh ကပဲ ရေးသားရိုက်ကူးထားတဲ့ action-comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားကတော့ 2012 မှာ IFTA award နဲ့ BAFTA awardတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာကတော့ Brendan Gleeson ဖြစ်ပြီးတော့ ဇာတ်ညွှန်းဆရာ John McDonagh နောက်အနေနဲ့ ရေးသားတင်ဆက်ထားတဲ့ ရုပ်ရှင် နှစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ ဇာတ်ညွှန်းဆရာ Martin McDonagh တင်ဆက်ထားတဲ့ “In Bruges” ထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
~ ဇာတ်လမ်း အကျဥ်း ~ ဒီကားထဲမှာတော့ Main သရုပ်ဆောင်အနေနဲ့ Brendan Gleeson က ဘယ်အခြေအနေကိုမှအတည်လို့ ရဲစောင့်တစ်ယောက်အနေနဲ့သရုပ်ဖော်ပြထားပါတယ်။ တစ်နေ့မှာ ရဲစောင့်အသစ်ကဌာနကိုရောက်ရှိလာတဲ့နေ့မှာ သူတို့နှစ်ယောက်သား လူသတ်မှုတစ်မှုရဲ့ မှာခင်းကို စုံစမ်းခဲ့ပြီးနောက်ပိုင်း အမည်မသိလူတစ်ယောက်က ဆက်သွယ်သတင်းပေးခဲ့ပါတယ်။ ဘီလီယန်များစွာတန်တဲ့ မူးယစ်ဆေးဝါးကုန်သွယ်ရေး အမှုနှင့်ရောက်ရှိလာသော အထူးအရာရှိနဲ့ ဆွေးနွေးနေသောအခါမှာ ရဲစောင့်အသစ်ကဘာအကြောင်းကြောင့်မသိပဲပျောက်ဆုံးသွားပါတယ်။ မူးယစ်ဆေးကို ကုန်ကူးနေတဲ့လူ ၃ယောက်ရဲ့တည်နေရာကို ဆက်လက်စုံစမ်းရာ ဘယ်လိုမျိုးအမှုကို အရာရှိနဲ့ ရဲက ပူးပေါင်းဖြေရှင်းဖော်ထုတ်သွားလဲကိုမြင်တွေ့ရမှာပါ။...
Coyote's Deadly Action (2023)
⭐TMDB: 0.0% User Score
🎬 #Action #War
🗓 2023 🎞 Movie
📺 #720p #1080p
💿 533.7 MB ⦿ 1001.9 MB
🌎 #China
⏰ 1 နာရီ 33 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာတချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။
ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကိုဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင်ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။
ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာမေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက်ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့ကပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။
ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်...
Martial Universe (2018)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy
🗓 2018 🎞 Movie
📺 #720p #1080p
💿 922.4 MB ⦿ 1.6 GB
🌎 #China
⏰ 1 နာရီ 22 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော်လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကိုကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီးကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။
ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကိုတိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။
တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီးဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ …
-မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ-လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာအသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ...
Will You Be My Ex? (2023)
⭐IMDB: 6.0/10 (20 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 1.9 GB ⦿ 882.2 MB
🌎 #Philippines
⏰ 1 နာရီ 51 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Will you be my Ex? (2023)
ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက်တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူတွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့်ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။
ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီးချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။
သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက်Joey မိဘတွေက ပေးတဲ့ ကွန်ဒိုအခန်းတစ်ခုမှ အတူတူနေထိုင်ပြီး ဘဝကို ဖြတ်သန်းဖို့ စီစဉ်ထားကြပါတယ်။မတူညီတဲ့ မိသားစုအသိုင်းအဝိုင်း၊ မတူညီတဲ့ ပင်ကိုယ်စိတ်နေစိတ်ထားတွေ၊ မတူညီတဲ့ ဘဝရည်မှန်းချက်တွေကြောင့်မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံပြီး ဝေးခဲ့ကြရပါတယ်။ကာလအတန်ကြာမှ ပြန်ဆုံကြတဲ့အခါ သူတို့အကြားက ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့နှစ်ယောက်လုံးက ကြိုးစားကြည့်ကြပေမယ့် အဆင်ပြေကြပါ့မလား?
ဇာတ်လမ်းကတော့ သာမန် အချစ်ဒရမာကားတွေ ထုံးစံအတိုင်း ချစ်ကြိုက်ကွဲ( မငြား) လေးပါပဲ။ဇာတ်လမ်းနာမည်ကိုက Will You Be My Ex? လို့ ပေးထားတဲ့အတွက်အဓိက ဇာတ်ကောင်နှစ်ယောက် ကွဲပြီး မငြားခဲ့ကြရတာကိုတော့ ကြိုသိနေကြပါပြီ။ချစ်လျက်နဲ့များ ဘာလို့ ဝေးကွာခဲ့ရတာလဲ။သူတို့နှစ်ယောက်အကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေက အပြောင်းအလဲ ဖြစ်ခဲ့တာလဲပြန်လည်ဆုံဆည်းကြတဲ့ အချိန်မှာရော ဘာတွေ ဆက်ဖြစ်ဲကြမလဲ ဆိုတာကိုတော့အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ အပြိုင်အဆိုင် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်တစားကြည့်ကြရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Masuji Onoပဲ ဖြစ်ပါတယ်။...
Moonrise Kingdom (2012)
⭐IMDB: 7.8/10 (360 k Votes)
🎬 #Comedy #Romance #Drama #Family
🗓 2012 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။
ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း Best Leading Young Actor and Actress Nominations တွေဝင်ထားတာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။...
I Love You, Man (2009)
⭐IMDB: 7.0/10 (213 k Votes)
🎬 #Comedy #Romance
🗓 2009 🎞 movie
📺 #720p #1080p
💿 801.7 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I Love You, Man (2009)
~ IMDb – 7/10, Rotten Tomatoes – 83% ~
ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။
ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။
မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။
ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
“ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်”
(ဒီဇာတ်ကားနဲ့အညွှန်းကိုChuckမှ ပြန်ဆို ရေးသားထားပါတယ်)...
The First Myth: Clash of Gods (2021)
⭐TMDB: 53.0% User Score
🎬 #Action #Adventure #Fantasy #Drama
🗓 2021 🎞 Movie
📺 #720p #1080p
💿 836.3 MB ⦿ 1.4 GB
🌎 #China
⏰ 1 နာရီ 32 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义)တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။
ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်းထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင်ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကိုနှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။
ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော်ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။
လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့အမတအပေါင်းတို့ရဲ့စွမ်းအားတွေကိုပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား,လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေကဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~...
Bloodshot (2020)
⭐IMDB: 5.7/10 (82 k Votes)
🎬 #Action #Drama #SciFi #ScienceFiction #Adventure
🗓 2020 🎞 movie
📺 #720p
💿 1.1 GB
🌎 #UnitedStates #Canada #China #Hungary #SouthAfrica #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။
ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။
ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။
ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။
တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကို
သူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။
ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့
ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊
ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့
စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။
ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။
အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။
ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။...
Bheemadevarapally Branchi (2023)
⭐IMDB: 7.9/10 (1 k Votes)
🎬 #Bollywood #Comedy #Family
🗓 2023 🎞 movie
📺 #720p
💿 1.2 GB
🌎 #India
⏰ 2 နာရီ 12 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bheemadevarapally Branchi (2023)IMDb-7.9/10
လတ်တလောထွက်ရှိထားတဲ့ တောင်ပိုင်းဘောလိဝုဒ်ဟာသအရောလေးနဲ့မိသားစုဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။
ပညာတတ်နည်းပါးလှတဲ့ ရွာလေးဆီကိုကောလဟလတခုရောက်လာတယ်။အစိုးရကနေပြီး ဆင်းရဲတဲ့လူတွေကို ဘဏ်ကနေတဆင့်ပိုက်ဆံထောက်ပံ့မယ်ဆိုတဲ့ ကောလဟလ။ဘာလုပ်ရမလဲဆိုတော့ ဘဏ်ကိုသွားပြီး ဘဏ်စာအုပ်ဖွင့်ရမယ်ဆိုတော့ပညာလည်းမတတ် ဆင်းလည်းဆင်းရဲကြတဲ့ရွာသူရွာသားတွေ အကုန်လုံး ဘဏ်မှာသွားတန်းဆီပြီးဘဏ်အကောင့်ဖွင့်ကြတော့တာပေါ့။
ကံကောင်းတာလား ဆိုးတာလားမသိ ဂျမ်ပန်နားအမေရဲ့အကောင့်ထဲကို ရူပီးဆယ့်ငါးသိန်းဝင်လာပါရော။အစိုးရက ပြောထားတဲ့အတိုင်းပေးတယ်ဆိုပြီး ဂျမ်ပန်နားတယောက် ရသမျှပိုက်ဆံထင်ရာလျောက်သုံး လျောက်ဖြုန်းပါတော့တယ်။
လူတွေဟာ လောဘသားကောင်တွေ ဖြစ်ကြတယ်ဆိုတဲ့အတိုင်း လောဘကြောင့်ဘာမှမမြင်တော့တဲ့အခါအခွင့်ကောင်းစောင့်နေတဲ့ လူယုတ်မာတွေဆိုတာပေါ်လာကြတာပဲလေ။အသိဉာဏ်နည်းပါးတဲ့ရွာသားတစ်စုကပါ သူတို့အကောင့်တွေဆီကိုလည်း ဂျမ်ပန်နားတို့လို ရောက်လာမလားဆိုပြီးပွဲစားကိုပိုက်ဆံတွေပေးကြတဲ့အခါ။
ဂျမ်ပန်နားတယောက် သူ့ဆီရောက်လာတဲ့ပိုက်ဆံတွေကနေ ကြုံလာရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာလား။လောဘနဲ့ ပွဲစားကိုယုံအပ်မိကြတဲ့ရွာသားတစ်စုရော ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာ။ရယ်ရင်း မောရင်းနဲ့ပဲ ဒီလောဘသားကောင်တွေ ဘယ်လိုရင်ဆိုင်ကြမလဲကြည့်ကြတာပေါ့။(အညွှန်းနဲ့ဘာသာပြန်သူတွေက V ~ Cherry ~ Zwe ~ BpL ~ Yunniတို့ပါပဲ)...
Pleasantville (1998)
⭐IMDB: 7.5/10 (133 k Votes)
🎬 #Comedy #Drama #Fantasy
🗓 1998 🎞 movie
📺 #720p
💿 1.0 GB
🌎 #UnitedStates
⏰ 2 နာရီ 4 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pleasantville (1998)
~ IMDb – 7.5/10, Rotten Tomatoes – 86% ~
ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။
ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။
ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။
အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။
အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။
လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ…ဘာကြောင့် အရောင်စုံလာတာလဲ…ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။
ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။
ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။
ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။
ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။
ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။
ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။
“Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Super Hollow Man (2023)
⭐⁉️
🎬 #Mystery #Action
🗓 2023 🎞 movie
📺 #1080p #720p
💿 0.0 B
🌎 #China
⏰ ⁉️
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်တန်းလမ်းရဲ့ သင်္ချိုင််းမြေတစ်ခုမှာ သရဲခြောက်တယ်ဆိုပြီး ကောလဟာလတွေထွက်နေတဲ့အချိန်…အဲဒီလမ်းမှာသော့ပြင်တဲ့အလုပ်နဲ့ ဘဝကိုပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ ဖုန့်သာ့ရှန်း…
တစ်နေ့သူငယ်ချင်းနဲ့အတူ လောင်းကစားဝိုင်းမှာလိမ်လည်ပြီးဆော့တာကိုမိသွားတာကြောင့်လောင်းကစားဝိုင်းခေါင်းဆောင်က သရဲခြောက်ပါတယ်ဆိုတဲ့ သင်္ချိုင်းမှာ သူတို့ကို ပစ်ထားခဲ့ခံရတယ်…
မမျှော်လင့်ပဲ ပြည်ပက တရားမဝင် သုတေသနလုပ်ငန်းရဲ့ လျို့ဝှက်သုတေသနလုပ်ရင်းတူးမိတဲ့ နေရာထဲကိုပြုတ်ကျသွားကာ အဲ့ဒီနေရာက ထူးဆန်းတဲ့မှိုတစ်မျိုးကိုမတော်တဆစားမိပြီး ကို်ယ်ပျောက်တဲ့စွမ်းအင်ကိုရသွားခဲ့တယ်….
ဖုန့်သာ့ရှန်းက ကိုယ်ပျောက်စွမ်းအင်ကို အသုံးချပြီး လျှောက်လုပ်နေတုန်းမှာပြည်ပက တရားမဝင် သုတေသနအဖွဲ့တွေရဲ့အာရုံစိုက်မှုကိုရသွားပြီးအဖမ်းခံရကာ ဘယ်လိုတွေဆက်လုပ်ဦးမလဲ….ဒီသုတေသနကရော ဘယ်လိုအစပြုခဲ့လဲ… သူကရော ဒါတွေကိုဘယ်လိုမျိုး အဆုံးသတ်ထိဖြေရှင်းနိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…....
Super Hollow Man (2023)
⭐⁉️
🎬 #Mystery #Action
🗓 2023 🎞 movie
📺 #720p #1080p
💿 408.3 MB ⦿ 796.0 MB
🌎 #China
⏰ 1 နာရီ 6 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်တန်းလမ်းရဲ့ သင်္ချိုင််းမြေတစ်ခုမှာ သရဲခြောက်တယ်ဆိုပြီး ကောလဟာလတွေထွက်နေတဲ့အချိန်…အဲဒီလမ်းမှာသော့ပြင်တဲ့အလုပ်နဲ့ ဘဝကိုပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ ဖုန့်သာ့ရှန်း…
တစ်နေ့သူငယ်ချင်းနဲ့အတူ လောင်းကစားဝိုင်းမှာလိမ်လည်ပြီးဆော့တာကိုမိသွားတာကြောင့်လောင်းကစားဝိုင်းခေါင်းဆောင်က သရဲခြောက်ပါတယ်ဆိုတဲ့ သင်္ချိုင်းမှာ သူတို့ကို ပစ်ထားခဲ့ခံရတယ်…
မမျှော်လင့်ပဲ ပြည်ပက တရားမဝင် သုတေသနလုပ်ငန်းရဲ့ လျို့ဝှက်သုတေသနလုပ်ရင်းတူးမိတဲ့ နေရာထဲကိုပြုတ်ကျသွားကာ အဲ့ဒီနေရာက ထူးဆန်းတဲ့မှိုတစ်မျိုးကိုမတော်တဆစားမိပြီး ကို်ယ်ပျောက်တဲ့စွမ်းအင်ကိုရသွားခဲ့တယ်….
ဖုန့်သာ့ရှန်းက ကိုယ်ပျောက်စွမ်းအင်ကို အသုံးချပြီး လျှောက်လုပ်နေတုန်းမှာပြည်ပက တရားမဝင် သုတေသနအဖွဲ့တွေရဲ့အာရုံစိုက်မှုကိုရသွားပြီးအဖမ်းခံရကာ ဘယ်လိုတွေဆက်လုပ်ဦးမလဲ….ဒီသုတေသနကရော ဘယ်လိုအစပြုခဲ့လဲ… သူကရော ဒါတွေကိုဘယ်လိုမျိုး အဆုံးသတ်ထိဖြေရှင်းနိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…....
Mother, May I? (2023)
⭐IMDB: 5.1/10 (215 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 460.3 MB ⦿ 1.0 GB
🌎 #UnitedStates
⏰ 1 နာရီ 40 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၅၂၈ မေတ္တာဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးချစ်ခြင်းမေတ္တာ
တရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲကိုယ်ဆိုးဆိုး ကိုယ့်မိဘတွေကတော့ကိုယ့်ကို
အချစ်စစ်နဲ့ မစွန့်ပစ်သွားပဲချစ်နေတုန်းပါ။ဒါပေမယ့်ဒီကားထဲက အမ်မက်ဆိုတဲ့
သူကတော့ အဲ့ဒီ ၅၂၈ မေတ္တာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။သူငယ်စဉ်က
သူ့အမေက သူ့ကိုစွန့်ပစ်သွားခဲ့ပြီးသေဆုံးတဲ့အချိန်အထိ သူ့ကိုအဆက်အသွယ်
မလုပ်ခဲ့ပါဘူး။သေတမ်းစာထဲမှာသူ့အတွက်အိမ်တစ်လုံးပဲချန်ထားပေးခဲ့ပါတယ်။
ဒီလိုနဲ့ အမ်မက်လဲ သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့အဲ့ဒီအိမ်ကိုသွားကြည့်ပြီး
ရောင်းဖို့အတွက် စီစဉ်ရင်းနဲ့အဲ့ဒီအိမ်မှာခဏတာနေခဲ့ကြပါတယ်။အဲ့ဒီအိမ်မှာက
သူ့အမေရဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး ခြောက်ခြားစရာလဲကောင်းလှပါတယ်။
အဆိုးဆုံးကတော့ သူ့ဇနီးလောင်းအန်ညာက အိမ်ပြင်မှာမေ့လဲသွားပြီးနောက်ပိုင်း
သူ့အမေလိုမျိုးစတင်ပြုမူလာတာပါပဲ။လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေက အစသူ့အမေနဲ့
တစ်ထပ်တည်းတူနေပြီးတော့ ရေမကူးတတ်ရာကနေ ချက်ချင်းတွေရေကူး
တတ်သွားလို့ အမ်မက်တစ်ယောက်လဲရူးချင်သလို ဖြစ်လာပါတော့တယ်။
အဲ့ထက်ပိုဆိုးတာကအဲ့လိုဖြစ်ပြီး သိပ်မကြာခင်မှာပဲချက်ချင်းကြီး အန်ညာ
တစ်ယောက်အရင်ပုံစံပြန်ဖြစ်သွားတာပါပဲ။ဒီလိုနဲ့အမ်မက်နဲ့အန်ညာနှစ်ယောက်
အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဆက်ဖြစ်ကြမလဲ။အဲ့ဒီအိမ်ကြီးထဲမှာရောဘယ်လိုအရာ
တွေရှိနေတာလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။...
Sa Muli (2023)
⭐⁉️
🎬 #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 903.9 MB ⦿ 2.0 GB
🌎 #Philippines
⏰ 2 နာရီ 8 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sa Muli(2023)
ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကားဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ
၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာနီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦးဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီးကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ်
၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲသူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီး နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာသူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့်ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီးဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူးဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်…
မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်
(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်)...
Mastemah (2022)
⭐IMDB: 4.3/10 (170 Votes)
🎬 #Horror #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 823.3 MB ⦿ 1.9 GB
🌎 #France #Belgium
⏰ 1 နာရီ 41 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mastemah (2022)
Mastemah ဆိုတဲ့ စကားလုံးကို ခရစ်ယာန်ကျမ်းစာထဲမှာတော့ အနက်မျိုးစုံနဲ့ ဖွင့်ထားကြပါတယ်။ နတ်ဆိုးနဲ့ အဆက်သွယ်လုပ်တဲ့သူ ဒါမှမဟုတ် ကျမ်းစကားအရဆိုရင်တော့ “မိမိကိုယ်ကို သတ်သေသည်အထိ ခဲယဉ်းဆိုးယုတ်သောသူ” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီကားထဲမှာကတော့ နတ်ဆိုးနဲ့ သွားကစားမိလို့ ဘဝကြီးတစ်ခုလုံး ပျက်သွားခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်ကောင်ဖြစ်တဲ့ လူးဝိစ်လေးဟာ သူ ချစ်ရတဲ့သူနဲ့ ဘဝချင်းကွေကွင်းခဲ့ရလို့ ကျေးလက်တစ်နေရာမှာ ဇာတ်လာမြှုပ်သူပေါ့။ ဒါပေမဲ့ သူ ကျေးလက်က အိမ်ကိုပြောင်းပြောင်းပြီးချင်းပဲ အနိဌာရုံတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ အလျောက် စစချင်းမှာ သူက သိပ္ပံနဲ့ အဖြေရှာဖို့ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ ပြဿနာတွေဟာ ပိုပိုပြီးဆိုးလာပါတယ်။ ဒီပြဿနာတွေကို သူ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို တစ်မေ့တစ်မောကြည့်ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင် ခရစ်ယာန်ဘာသာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲက ရူပါရုံတွေအကြောင်းအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့် Horror ကြိုက်တဲ့သူတွေအတွက် သုတကော ရသမျိုးစုံပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Prime Angel (2019)
⭐TMDB: 40.0% User Score
🎬 #Action #ScienceFiction
🗓 2019 🎞 Movie
📺 #720p #1080p
💿 493.5 MB ⦿ 869.7 MB
🌎 #China
⏰ 1 နာရီ 15 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတွေက အပြင်လောကထဲက နာကျင်မှုတွေဆီက ရှောင်ပြေးဖို့လောကအတုမှာ အတုအယောင်တွေကို ခံစားကြတယ်။နည်းပညာတွေ တိုးတက်လာတဲ့အလျောက် VR ဆိုတဲ့အရာဟာလည်း လူတွေနဲ့ ရင်းနှီးလာပါတယ်။
2050 ခုနှစ်မှာ ကျိုင်းထိန်စနစ်ရဲ့ဒါရိုက်တာရှီအန်းနာ့ဟာပရိုဂရမ်ထဲကို ဟက်ကာတွေဝင်ရောက်တိုက်ခိုက်ခြင်းခံရတာကိုသတိထားမိခဲ့ပါတယ်။ ဟက်ကာတွေက စနစ်ကိုဖျက်ဆီးပိတ်ပင်မှုကြောင့်အွန်လိုင်းအသုံးပြုသူ သိန်းပေါင်း 2700 က လိုင်းပေါ်မှ ထွက်ခွါလို့မရပဲ ပိတ်မိနေပါတယ်။အဲ့ဒီပြဿနာကို မဖြေရှင်းနိုင်ပါက ၁၂ နာရီကြာလျှင်အသုံးပြုသူအားလုံး ဦးနှောက်သေသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ရှီအန်းနာ့ဟာ နည်းပညာမန်နေဂျာဖြစ်သူ စူးဖေးနှင့် ရွှီထျန်းတို့ကိုဟက်ကာကို ရှာဖွေရန် အကူအညီတောင်းခဲ့ပါတယ်။ ဟက်ကာဟာအဖေ့ရဲ့ရည်းစားဟောင်းဖြစ်သူ ရဲ့ပါးလိကျီးဖြစ်နေပါတယ်။ရဲ့ပါးလိကျီးဟာ ရှီအန်းနာ့ကို ကလဲ့စားချေဖို့အတွက်ကျိုင်းထိန်စနစ်ထဲ ဝင်ရောက်ပြီး ရှီအန်းနာ့ရဲ့အဖေကိုဖျက်ဆီးပြီး ဗိုင်းရပ်စ်တွေနဲ့ အန်းနာ့ကို လိုက်လံတိုက်ခိုက်ပါတယ်။
နောက်ဆုံးမှာ တရားခံတွေကို အနိုင်ယူနိုင်ပါ့အလား…..ရှီအန်းနာ့ရော သူမအဖေကို ပြန်လည်သတိဝင်အောင်လုပ်နိုင်ပါ့မလား……လူသားကမ္ဘာကို VR ပရိုဂရမ်တွေက အနာဂတ်ကို ပြောင်းလဲသွားနိုင်မလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
My Friend's Husband (2017)
⭐TMDB: 10.0% User Score
🎬 #Adult #Drama #Romance
🗓 2017 🎞 Movie
📺 #720p
💿 555.0 MB
🌎 #SouthKorea
⏰ 1 နာရီ 29 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Friend’s Husband(2017)
**************************
(ကွီးယား 18+ မို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…)
Ji-eun ဆိုတဲ့အမျိုးသမီးဟာ အိမ်ထောင်သည်ဆိုသော်ငြား
သူ့ယောက်ျားနဲ့ပတ်သက်ပြီး အိပ်ရာပေါ်က အချစ်ချိန်တွေမှာတော့
အတော်လေး စိတ်မကျေနပ်မှုများတယ်…ဒါက သူမရဲ့ ရမ္မက်ပျင်းထန်လွန်းတာကြောင့်လား
သူမတူတဲ့ လိုအင်ဆန္ဒကြောင့်လားတော့ ဝေခွဲမရ..ဒီတော့ သူမရဲ့ အဖြစ်တွေကို
အိမ်နီးချင်း အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကိုရင်ဖွင့်မိတယ်…
အိမ်နီးချင်းအမျိုးသမီးကလည်း ဒီလို ကိစ္စတွေမှာ ဆရာမကြီးဆိုတော့ နည်းလမ်းတွေ
အများကြီးပေးတော့တာပဲ.ဒီလိုနည်းလမ်းတွေလိုက်လက်တည့်စမ်းတဲ့အခါမှာတော့…...
