ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Chef Chidambara (2024) ⭐IMDB: 8.7/10 (1 k Votes) 🎬 #Bollywood #Drama #Thriller #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chef Chidambara (2024)==================== ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ ဇာတ်လမ်းအကျဉ်း ချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကိုပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။ သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်းသူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ဘယ်သူကတွေ့ပြီး ချီဒူးတစ်ယောက် အလောင်းကိုဘယ်လိုရှင်း ဘယ်လိုဆက် ၂ပါးသွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးကို အခုပဲဒေါင်းလုပ်ဒ် လုပ်ပြီးကြည့်ရှူနိုင်ပါပြီ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျ။
...

The Goat Life (2024) ⭐IMDB: 8.5/10 (8 k Votes) 🎬 #Adventure #Bollywood #Drama 🗓 2024 🎞 movie 🌎 #India #UnitedStates #Haiti #UnitedStatesofAmerica ⏰ 2 နာရီ 51 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aadujeevitham – The Goat Life (2024)“ကန္တာရအလယ်” IMDb 8.6 ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင်Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲကမင်းသား Prithviraj Sukumaran ပါဝင်ထားပြီးရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံးမလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ် ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါအရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ်သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန်အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါ အဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ် အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ လိိုက်လာတာ တဖြည်းဖြည်းညဥ့်နက်လို့ဝေးလံခေါင်ဖျားတဲ့ သဲကန္တရကို ရောက်သွားတယ် တစ်နေရာရောက်တော့ သူတို့နှစ်ယောက်ကို တစ်နေရာစီပို့ခံလိုက်ရပြီး ဘာသာစကားလည်းမသိ၊ပြောဆိုဆက်ဆံစရာ ကုလားအုတ်တွေပဲ ရှိတဲ့ သဲကန္တာရမှာ ပင်ပန်းဆင်းရဲကြီးစွာကျွန်လိုအလုပ်လုပ်ရင်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်ဦးမှာလား ဆိုတာကတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Paatal Lok (2020) ⭐IMDB: 8.1/10 (65 k Votes) 🎬 #Crime #Drama #Thriller 🗓 2020 🎞 tv series 🌎 #India ⏰ 44 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paatal Lok (2020) ငရဲပြည်… အခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့Amazon Prime ကနေ Streaming ပြနေတဲ့ Crime-Thriller စီးရီးလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကိုက ဘာသာပြန်လိုက်ရင် ငရဲပြည်လို့ အဓိပ္ပာယ်ရပါတယ်ဇာတ်လမ်းထဲမှာ နတ်ပြတ် လူ့ပြည် ငရဲပြည်ဆိုတဲ့ လောကသုံးပါးကိုအိန္ဒိယရဲ့လူတန်းစားအလွှာတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ ဒီငရဲပြည်နဲ့တူတဲ့အောက်ခြေလူတန်းစားအလွှာ‌တွေရှိတဲ့မှာ ရဲလုပ်နေရတဲ့ချောင်ဒရီအတွက်ကတေ့ာ ကိုယ်တိုင်ငရဲကျနေသလိုပါပဲ နေ့စဉ် ရိုက်မှုခိုးမှုတွေနဲ့ ပတ်လည်ရိုက်နေပြီးတော့ ရာထူးလဲမတက်စခန်းလဲမပြောင်း ရဲဘဝကို စိတ်ကုန်နေသူတစ်ယောက်ပါပဲအဲ့အချိန် သူ့နယ်ထဲမှာ အထက်ဌာနချုပ်ကပါ လူကြားထဲကိုယ်တိုင်လိုက်ဖမ်းရတဲ့ လူသတ်ဖို့ကြံနေတဲ့လူဆိုးလေးယောက်ကို သူ့စခန်းမှာချုပ်ပြီးတော့ စစ်ဆေးစုံစမ်းရဖို့ ဖြစ်လာပါတယ်…. သူတို့သတ်ဖို့ကြံနေတဲ့သူကလည်း အမှန်တွေတအားဖော်တဲ့နာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်နေတာ သိလိုက်ရတဲ့အခါဒီလိုလုပ်ဖို့ကြံတာ ဘယ်သူလဲ ဘယ်အဖွဲ့အစည်းကလဲ နောက်ကွယ်မှာဘယ်သူတွေရှိနေလဲဆိုတာ ရဲမှူးချောင်ဒရီတစ်ယောက်စုံစမ်းရင်းနဲ့ဘယ်အတိုင်းအတာထိ နက်ရှိုင်းသွားမလဲဆိုတာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
...

Vanished Into the Night (2024) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုဇာတ်ကားလေးကတော့ ဒရမ်မာအမျိုးအစားဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေပြီး မိန်းမနဲ့ပါ ကွာရှင်းဖို့ တရားရင်ဆိုင်နေရတဲ့ Pietro တစ်ယောက် မိန်းမဖြစ်သူ Elena မှ ခရီးသွားဖို့ ရှိတာကြောင့် ကလေးနှစ်ယောက်ကို Pietro ရဲ့အိမ်မှာ ထားခဲ့ရာ ကလေးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားမှ ပြန်ပေးငွေတောင်းရာ Pietro တစ်ယောက် ကလေးတွေကို ကယ်တင်ဖို့ ငွေကို ဘယ်လိုရှာမလဲ၊ ကလေးတွေကိုရော အန္တရာယ်ကင်းကင်းနဲ့ ပြန်ပေးသမားလက်ထဲကနေ ပြန်ခေါ်နိုင်ပါ့မလား၊ ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့
...

Moorane Krishnappa (2024) ⭐IMDB: 8.6/10 (29 Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moorane Krishnappa (2024)“အထူးဧည့်သည်တော်” ဝေဖန်ရေးဆရာတွေရဲ့ ရီဗျူးကောင်းတွေ ရထားတဲ့ အသစ်ထွက် ကန်နားဒါးကျေးလက်ဟာသ ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ် ကျေးရွာဥက္ကဌတစ်ဦးဟာ ရွာဘုရားကျောင်းသစ်ကို တည်ဆောက်ပေးထားပြီးဖွင့်လှစ်ပွဲအတွက် အထူးဧည့်သည်တော် နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ကိုဖိတ်ခေါ်ထားတာ ဖြစ်ပါတယ် အကြောင်းမှာဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲအသာရစေဖို့ဘာသာရေးအမည်တပ်ပြီး ရွာသားတွေအကြိုက်ဆောင်ဖို့ပါပဲဖြစ်ချင်တော့ ငါးရက်အလိုမှာ အဆိုပါနာမည်ကြီးမင်းသားဟာရုတ်တရက်ဆုံးသွားလို့ ဘုရားကျောင်းဖွင့်ပွဲအတွက်အထူးဧည့်သည်တော်တစ်ဦးကို အလျင်အမြန်ရှာဖွေဖို့လိုလာတဲ့အခါမှာခရစ်ရှ်နာပါဆိုသူ ရွာက သင်္ချာဆရာတစ်ယောက်ကို ခေါ်ပြီးသူ့ရဲ့အဆက်အသွယ်နဲ့ နာမည်ကြီးပုဂ္ဂိုလ် ရှာပုံတော်ဖွင့်ကြပုံကိုဟာသလေးနှောပြီး ပရိသတ်ပြုံးပျော်စေနိုင်ဖို့ တင်ဆက်ထားတဲ့ဒီရုပ်ရှင်လေးမှာ ဆက်လက်အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်က​တော့ CM Bollywood Team က ဖြစ်ပါတယ်
...

The Rose Tattoo (1955) ⭐TMDB: 69% User Score 🎬 #Comedy #Drama #Romance 🗓 1955 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ 1955 တုန်းက ထွက်ခဲ့တဲ့ အဖြူအမည်းကားလေးပါ။ IMDB rating 6.9 (nice) ရထားပြီးတော့ ဆုတွေအတော်များများရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ လင့်မျက်နှာ တစ်ကမ္ဘာဆိုတဲ့ ဆယ်ရာဖီနာ ဟာ ယောင်္ကျားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ နှစ်နဲ့ချီ ပူဆွေးပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ ဒီလိုနေလာရင်းကနေ အိမ်ကို အဝတ်ချုပ်ဖို့ လာအပ်တဲ့ မိန်းမနှစ်ယောက်နဲ့ စကားများရာက သူ့ ယောင်္ကျားဟာ သူ့အပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါကိုပဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ရင်း ချစ်ရသူကို ဆုံးရှုံးရတာရော သစ္စာဖောက်ခံရတာရောကို ဘယ်လိုဘယ်နည်းနဲ့ ကုစားမယ်ဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။
...

Liberty Stands Still (2002) ⭐TMDB: 54% User Score 🎬 #Action #Drama #Thriller 🗓 2002 🎞 movie 🌎 #Canada #Germany #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Liberty Stands Still လို့ခေါ်တဲ့ Action/Thriller ဇာတ်ကားလေးဖြစ်ပါတယ်…..Blade မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Wesley Snipes ရဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ….. သူ့ရဲ့ ဇာတ်လမ်းလေးကတော့… Liberty လို့ခေါ်တဲ့သေနတ်ထုတ်လုပ်သူတစ်ဦးရဲ့ ဇနီးက သူ့သမီးသေဆုံးမှုကို ကလဲ့စားချေချင်နေတဲ့လူတစ်ဦးရဲ့ခြိမ်းခြောက်ခြင်းကိုခံရပြီးဗုံးတစ်လုံးနဲ့အတူချည်နှောင်ခံခဲ့ရပါတယ် အဲဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတဖြည်းဖြည်းချင်းကြည့်ရူရမယ့်ကားလေးဖြစ်ပါတယ်‌ Action ဆိုပင်မဲ့လည်းအရမ်းကြီးချနေတာမျိုးမဟုတ်ဘဲဖြည်းဖြည်းချင်းစကားပြောတာတွေကိုနားထောင်ပြီးဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ့်ရုပ်ရှင်မျိုးဖြစ်ပါတယ်
...

Project Papa (2018) ⭐IMDB: 6.2/10 (44 Votes) 🎬 #Bollywood #Drama 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 33 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Project Papa (2018)IMDb – 6.2/10 သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲစိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့အမျိုးသမီးတစ်ယောက်။ သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာအယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။ မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုးတစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။ အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်)
...

Meet You at the Blossom (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 # ⏰ 40 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ တရုတ် BL လောကရဲ့နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Shui Qian Chengရေးသားထားတဲ့ ဝတ္ထုလေးကို ထိုင်ဝမ်နဲ့ထိုင်းနိုင်ငံပူးပေါင်းပြီးတရုတ်ပြည်မကြီးမှာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ : ကျန်းနန်နယ်မှာ အချမ်းသာဆုံးသူဌေးကြီးရဲ့ သား ‌ရှောင်းပေါင်ဟာခရီးသွားရင်းနဲ့ လူဆိုးတွေလိုက်သတ်နေတဲ့ဝတ်ရုံဖြူနဲ့မိန်းမပျိုလေးတစ်ယောက်ကိုကယ်တင်လိုက်ပါတယ် ။ သူဟာ ကောင်မလေးကို မြင်မြင်ချင်းပဲ သူ့အနာဂတ်ဇနီးသည်လို့မြင်ပြီးချစ်မိသွားပါတော့တယ် ။ ဒါပေမဲ့လည်း သူချစ်မိသွားတဲ့အဖြူရောင်ဝတ်မိန်းကလေးဟာ မိန်းကလေးမဟုတ်ဘဲအရမ်းချောတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတယ်ဆိုတာကို သိသွားချိန်မှာတော့… ကဲဇာတ်လမ်းလေးထဲမှာပဲ ရယ်စရာ မောစရာလေးတွေနဲ့စိတ်အပန်းဖြေရအောင်အဆုံးထိ ကြည့်ရှူ့အားပေးလိုက်ကြရအောင်နော်
...

Gerald's Game (2017) ⭐IMDB: 6.5/10 (129 k Votes) 🎬 #Drama #Horror #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gerald’s Game (2017) IMDb Rating (6.5) / Rotten Tomatoes (91%) အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ  ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ… ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Gerald ဟာ လိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်… ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ရဲ့ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်… Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး… ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်… သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ
...

Blame the Game (2024) ⭐IMDB: 5.4/10 (910 Votes) 🎬 #Comedy #Romance #Thriller 🗓 2024 🎞 movie 🌎 #Germany ⏰ 1 နာရီ 32 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
...

I Want You (2012) ⭐TMDB: 74% User Score 🎬 #Drama #Romance 🗓 2012 🎞 tv movie 🌎 #Spain ⏰ 2 နာရီ 4 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊ မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာ အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာ နှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာ ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်း ဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာ အာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကို ခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရော လွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
...

A Good Girl's Guide to Murder (2024) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓 2024 🎞 tv series 🌎 #UnitedKingdom #Germany ⏰ 40 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wednesday ထဲက သမန်းဝံပုလွေမလေး”Emma Myers”ပါဝင်ထားတဲ့ “A Good Girl’s Guide To Murder “ဆိုတဲ့ Mystery Thriller စီးရီးလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးက Holly Jacksonရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းလေးကတော့……..ချောမောလှပပြီး ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့”အန်ဒီဘဲလ်”ဟာအသတ်ခံခဲ့ရပါတယ် နောက်တော့သူမရဲ့ရည်းစားဖြစ်သူ”ဆာလ်ဆင်း”က သူသတ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပြီး သူ့ကိုယ်သူလည်းသတ်သေသွားပါတယ် အန်ဒီဘဲလ်ရဲ့အလောင်းကိုလည်းရှာမတွေ့ခဲ့တာကြောင့် ဒီလူသတ်မှုကို သေသေချာချာရုံးတင်စစ်ဆေးခြင်းမပြုဘဲ ကိုယ်တိုင်ဝန်ခံခဲ့တဲ့”ဆာလ်ဆင်း”ကိုပဲ တရားခံလို့သတ်မှတ်လိုက်ပြီး အမှုပိတ်လိုက်ပါတယ် ထို့နောက် ၅နှစ်ကြာပြီးနောက်မှာ ထက်မြတ်ပြီးဥာဏ်ကောင်းတဲ့ “ပစ်ပ်”ဆိုတဲ့ကျောင်းသူလေးဟာ ကျောင်းကပရောဂျက်တစ်ခုအတွက် ဒီအမှုကိုပြန်ပြီးအစဖော်ပါတော့တယ် သူမဒီအမှုကိုစုံစမ်းရတဲ့အကြောင်းက ကျောင်းပရောဂျက်ဆိုတာထက် “ဆာလ်ဆင်း”မှာ အပြစ်မရှိဘူးလို့ယုံကြည်နေလို့ပါ အဲဒါကြောင့် အဲအမှုနဲ့ပက်သက်ခဲ့တဲ့လူမှန်သမျှဆီကိုသွားပြီး အင်တာဗျူးတာတွေလုပ်ပါတော့တယ် အဲ့လိုစုံစမ်းရင်းနဲ့ တကယ့်တရားခံအစစ်ကအခုထိအပြင်မှာလွတ်နေသေးတယ်ဆိုတာကို သူသိလာရပါတယ် သူအမှန်တရားကိုရှာတွေ့ဖို့နီးလာတာနဲ့အမျှ အန္တရာယ်တွေလည်းကြုံတွေ့လာရပါတယ် အဆုံးသတ်မှာ “ပစ်ပ်”တစ်ယောက်တကယ့်တရားခံအစစ်ကို ရှာတွေ့ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...

Hall Pass Nightmare (2022) ⭐IMDB: 4.7/10 (157 Votes) 🎬 #Thriller #TVMovie 🗓 2022 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကယ်ရီနဲ့ဂျပ်စတင်တို့စုံတွဲဟာ လက်ထပ်သက်တမ်းကြာပြီး လူတိုင်းအားကျရတဲ့စုံတွဲဖြစ်ပါတယ် သက်တမ်းကြာလာတဲ့စုံတွဲတွေရဲ့ထုံးစံအတိုင်း တကယ်တမ်းကျသူတို့အိမ်ထောင်ရေးဟာခြောက်သွေ့စပြုနေပါပြီ ဒီလိုနဲ့ ကယ်ရီ့သူငယ်ချင်းနှစ်ယောက်က သူမကို” Hall Pass”ထားကြည့်ဖို့ အကြံပေးကြတယ် Hall Passဆိုတာ စုံတွဲတွေအကြားမှာ နှစ်ဦးသဘောတူနားလည်မှုယူပြီး တခြားနှစ်သက်ရာအပြင်လူတစ်ယောက်နဲ့အပျော်တမ်းအိပ်ခွင့်ပေါ့ တချို့ကနာမည်ကြီးဆယ်လီအိုင်ဒေါတွေနဲ့Hall Passအဖြစ်နေချင်ကြတယ် ဒီလိုနဲ့ကယ်ရီအလုပ်ခရီးထွက်ရာက ဘားတစ်ခုမှာ သူ့အိုင်ဒေါရော့ခ်စတား”ဒန်တေး” နဲ့ဆုံမိပါတော့တယ် ဒန်တေးရဲ့ပရိတ်သတ်အကြီးစားဖြစ်တဲ့ကယ်ရီဟာ ဒန်တေးနဲ့ရင်းနှီးလာပြီးအဖွဲ့ကျသွားရာကနေ နှစ်ယောက်သားခဏတာငြိတွယ်သွားကြပါတော့တယ် ကယ်ရီဟာ လက်ထပ်ပြီးသားမို့လို့ ငြင်းခဲ့ပေမဲ့ ကယ်ရီ့ကိုစွဲလမ်းသွားတဲ့ ဒန်တေးဟာ ကယ်ရီ့ကိုရနိုင်ဖို့ ဘယ်လ်ိုတွေဆက်ပြီး လှုပ်ရှားသွားမလဲဆိုတာ
...

RV (2006) ⭐TMDB: 59% User Score 🎬 #Adventure #Comedy #Family #Romance #Drama 🗓 2006 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။ အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။
...

Kaulayaw (2024) ⭐IMDB: 6.0/10 (41 Votes) 🎬 #Adult #Drama #Crime 🗓 2024 🎞 movie 🌎 #Philippines ⏰ 48 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လာနဲ့ကာရာဟာကျောင်းနေဘက်တွေဖြစ်သလို တိုက်ခန်းတစ်ခန်းမှာအတူစပ်နေထိုင်ကြတဲ့အခန်းဖော်တွေလည်းဖြစ်ပါတယ်။ကာရာမှာတော့ချစ်သူလည်းဖြစ် စပွန်ဆာလည်းဖြစ်တဲ့ရည်းစားရှိပြီးဆင်ဂယ်ဖြစ်တဲ့ အယ်လာကတော့ သူ့ရဲ့အဓိကအလုပ်မှာလူလျှော့ခံလိုက်ရတဲ့နောက် PleasureHub ဆိုတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ Camgirl အလုပ်နဲ့ဝင်ငွေဖြောင့်လာပါတယ်။ကာရာရဲ့ချစ်သူသစ္စာဖောက်မှုကြောင့်သူတို့နှစ်ယောက်ပြတ်စဲသွားချိန်မှာတော့ အသုံးစရိတ်လိုလာတဲ့ ကာရာလည်း အယ်လာနဲ့အတူပူးတွဲဖျော်ဖြေငွေရှာရာက ခံစားချက်တွေ ပါလာခဲ့ပြီး..။ မတွေ့ရတာကြာတဲ့ Robb Guinto နဲ့ Micaella Raz တို့ပူးတွဲပွဲကြမ်းထားတဲ့ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Trespassers (2024) ⭐TMDB: 69% User Score 🎬 #Drama #Fancy #Mystery #Comedy 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေရဲ့စိတ်ဆိုတာတစ်ခါတစ်လေမှာ ဖြောင့်မတ်တည်ကြည်မူ့တွေရှိနေတတ်ပေမယ့် တစ်ခါ‌တစ်လေကျတော့လည်း မြစ်တစ်စင်းလိုကောက်ကွေ့ကြစမြဲပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ Kanae San သူငယ်ချင်း OGAWA နဲ့ TANAKA တိုသုံးယောက်က ကုမ္ပဏီတစ်ခုထဲမှာ အရမ်းကိုခင်ကြတဲ့သူငယ်ချင်းသုံးယောက်ပါ။သုံးယောက်လုံးက သွားအတူ လာအတူ စားအတူနဲ့အရမ်းကိုခင်မင်ကြပါတယ်။ တစ်နေ့မှာတော့ သူတိုရဲ့ကုမ္ပဏီက လစာငွေပေးတာအရမ်းနည်းတဲ့အတွက် သူတိုအတွက်အခက်အခဲတွေအရမ်းဖြစ်လာပါတော့တယ်။အဲ့ဒီတော့ အဲ့ဒီကိစ္စကိုသုံးယောက်သားတိုင်ပင်ပြီး သူဌေးအိမ်ကို ဖောက်ထွင်းဖိုကြံပါတော့တယ်။ သူတိုရဲ့လုပ်ရပ်က ရက်စက်ရာကြတယ်ဆိုပေမယ့် သူ‌တိုရဲ့မသိစိတ်မှာတော့ လူတစ်ဖတ်သားကိုအာနာမိတဲ့အသိစိတ်လေးဝင်လာတာကြောင့် သူတိုလုပ်ရပ်ကို ချက်ချင်းဘဲရပ်လိုက်ပါတော့တယ်။နောက်ဆုံး သူတိုရဲ့လုပ်ရပ်တွေအားလုံး သူဌေးသိသွားတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးမူ့တွေနဲ့ ထပ်ပြီးရင်ဆိုင်ရမလဲဆိုတာ
...

Shake Rattle & Roll Extreme (2023) ⭐IMDB: 4.5/10 (359 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Philippines ⏰ 2 နာရီ 27 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb rating- 4.5/10Genre- Horror ဖိလစ်ပိုင် Horror ကားလေးပါဒီကားမှာ ၃ပိုင်း ပါ၀င်ပါတယ်Glitch: ဒါကပထမပိုင်းပါ. ဒီအပိုင်းမှာ လိုင်ကာဆိုတဲ့ ကောင်မလေးဟာ တပ်ဘလတ်နဲ့ Gary the goat လို့ခေါ်တဲ့ကလေးပြပွဲတစ်ခုကြည့်နေရာမတော်တဆဂါထာတစ်ခုရွတ်ဖတ်မိလိုက်ပြီး မကောင်းးဆိုး၀ါးကိုဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်. ဒီမကောင်းဆိုး၀ါးကြီးက လိုင်ကာတို့မိသားစုကိုသတ်ဖြတ်ဖို့ကြိုးစားရာဘယ်လိုပြန်တိုက်ခိုက်ပြီး ရှင်သန်ကြမလဲဆိုတာကြည့်ရှုရမှာပါ Mukbang: ဒုတိယပိုင်းကတော့ Influencer ၂ယောက်ဖြစ်တဲ့ ရောဘင်နဲ့ရေး ဟာ အခြား influencer တွေကို Collab လုပ်ဖို့ သူတို့အိမ်ကိုဖိတ်ခေါ်လိုက်ပါတယ်. ဒါပေမယ့် ဒီအိမ်ကြီးက ရိုးရိုးအိမ်မဟုတ်ပဲ မကောင်းဆိုး၀ါးတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်တာကြောင့် ဒီ influencer တွေဟာ ဒီအိမ်ကြီးကနေဘယ်လိုထွက်ပြေးလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ Rage: ထရီနာ နဲ့ မို့ဇ် တို စုံတွဲဟာ သူငယ်ချင်းတွေနဲ့ခရီသွားနေတုန်း ဥက္ကာပျံကြွေတဲ့ဖြစ်စဥ်တစ်ခုနဲ့ကြုံတွေ့ကြရပါတယ်. ဒီကြွေကျလာတဲ့ ဥက္ကာပျံတွေက ကပ်ပါးကောင်တစ်မျိုးထွက်ပေါ်လာပြီ လူတွေကိုဇွန်ဘီအဖြစ်ပြောင်းလဲစေခဲ့ရာမှာ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုကြိုးစာရှင်သန်ရမလဲဆိုတာ ကြည့်ရှုရမှာပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Hide and Seek (2005) ⭐TMDB: 63% User Score 🎬 #Horror #Mystery 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။ Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Dreamer: Inspired By a True Story (2005) ⭐TMDB: 70% User Score 🎬 #Drama #Family #Sport 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။ Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...