ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Pizza (2012) ⭐IMDB: 7.9/10 (9 k Votes) 🎬 #Bollywood #Horror #Thriller #Comedy #Romance 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pizza (2012) ဆန်းကြယ်လေစွ ပရလောကGenre – Thriller, HorrorIMDB – 7.9/10 ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက်ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ဒါရိုက်တာဆိုလည်း မမှားပါဘူး။ နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ်လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေကခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့်သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီးချစ်သူ အာနူနဲ့ အတူတူနေထိုင်လျက်ရှိပါတယ်။ ကောင်မလေးက သရဲတစ္ဆေအကြောင်းတွေ အလွန်စိတ်ဝင်စားပြီးဝတ္ထုရေးဖို့ ကြိုးစားနေသူဆိုပေမဲ့ မိုက်ကယ်ကတော့ ပြောင်းပြန် ဒီသရဲကိစ္စတွေကို အယုံအကြည်မရှိပေမဲ့ကြောက်လန့်တတ်သူတစ်ယောက်ပါ။ တစ်ရက်ကျ ကောင်မလေးဖြစ်သူက ကိုယ်ဝန်ရှိလာပြီး မင်္ဂလာပွဲလေးကိုလည်း အကျဉ်းရုံးလုပ်ပြီးတဲ့နောက်မိုက်ကယ်ကို လူတိုင်းမှာ ဒီလို သဘာဝဖြစ်ရပ်တွေနဲ့ ကြုံဆုံလာရမယ့် အခိုက်အတန့်ဆိုတာ ရှိတယ်အဲဒါကြောင့် နင်လည်း ဒီနေ့ကစပြီး ဒီလို အခိုက်အတန့်တွေ ကြုံရတော့မှာပါဆိုပြီး ပြောပြီးတဲ့နောက်မှာတော့…မိုက်ကယ်တစ်ယောက် ပီဇာပို့ရင်း ထူးခြားဆန်းကြယ် ပရလောက အတွေ့အကြုံ ဖြစ်ရပ်တွေနဲ့ မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ….။ ထုံးစံအတိုင်း ဇာတ်လမ်းရဲ့သဘောသဘာဝအရ လူတွေကို အံ့သြမှင်သက်သွားအောင်လုပ်မယ့် အကွက်တွေ ပါဝင်နေတဲ့အတွက် ဒီလောက်လေးပဲ ပြောပြလိုက်ပြီးကျန်တာကိုတော့ ဖန်သားပြင်ထက် ခံစားကြစေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)...
It Boy (2013) ⭐IMDB: 6.3/10 (12 k Votes) 🎬 #Comedy #Romance 🗓 2013 🎞 movie 🌎 #France ⏰ 1 နာရီ 33 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 It Boy(2013)IMDb: 6.3/10Rotten Tomatoes: 45%Genre: Comedy/Romance It Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ ဇာတ်ညွှန်းအဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ဇာတ်လမ်းကဘယ်လိုများဖြစ်သွားမှာလဲ။...
Saramsha (2024) ⭐IMDB: 8.0/10 (235 Votes) 🎬 #Bollywood #Drama #Uncategorized #Fantasy #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်) မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်းမိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်ကသူနဲ့အတူတူ စကားပြောပေးတာပါပဲ။ ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ …….စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ …… ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ ….တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ….. ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)...
Tyler Perry's Divorce in the Black (2024) ⭐IMDB: 4.5/10 (2 k Votes) 🎬 #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကို Medea movie Franchise နဲ့ နာမည်ကြီးလာတဲ့ Tyler Perry က director အဖြစ်နဲ့ရော ဇာတ်ညွှန်းဆရာအဖြစ်ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လူမည်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်ရေး Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် Ava ဟာ သူ့ယောကျ်ားကို အရမ်းချစ်ပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ား Dallas ကတော့ Ava ကို အကောင်းမမြင်ပဲနဲ့ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းပြီးသွားတာတောင်မှ မကျေနပ်နိုင်သေးပဲ Ava ကို လိုက်နှောင့်ယှက်နေပါတယ်။ Dallas က Ava ကို ဘယ်လိုတွေလိုက်နှောင့်ယှက်မလဲ.. ဘာလို့လိုက်နှောင့်ယှက်နေတာလဲ.. Ava ကရော သူ့လက်ထဲကနေလွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ရသမျိုးစုံခံစားရအောင် ကြည့်ရမှာဖြစ်ပါတယ်။...
Svaha: The Sixth Finger (2019) ⭐IMDB: 6.3/10 (5 k Votes) 🎬 #Crime #Horror #Mystery #Thriller 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Svaha: The Sixth Finger (2016) IMDb Rating (6.3) / Rotten Tomatoes (75%) ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ… ဇာတ်လမ်းကတော့…ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြလူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကိုအယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီးအမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ဘာသာရေးအသုံးအနှုန်းတွေပေါ်မူတည်ပြီး အမှုကိုအဖြေရှာဖွေဖော်ထုတ်ထားတာမလို့စိတ်ဝင်တစားလိုက်ပါကြည့်ရှုမှသာ အပြည့်အဝနားလည်မယ့်ရုပ်ရှင်ကားမျိုးပါ။...
A Cure for Wellness (2016) ⭐IMDB: 6.4/10 (111 k Votes) 🎬 #Drama #Fantasy #Horror #Mystery #ScienceFiction #SciFi #Thriller 🗓 2016 🎞 movie 🌎 #Germany #Luxembourg #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Cure for Wellness (2016) IMDb Rating (6.4) ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ဇာတ်လမ်းကတော့….ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီးကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ...
The Devil's Honey (1986) ⭐TMDB: 54% User Score 🎬 #Adult #Drama #Thriller 🗓 1986 🎞 movie 🌎 #Italy #Spain ⏰ 1 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Devil’s Honey (1986)——————————- ဒီဇာတ်ကားလေးကတော့ အီတလီဒါရိုက်တာ Lucio Fulci ရိုက်ကူးထားတဲ့ Italian erotic drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Naked အခန်းတွေပေါပေါသီသီပါတဲ့အတွက် မိသားစုနဲ့အတူတူကြည့်လို့တော့မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂဲတာနိုဟာ ဆက်ဆိုဖုန်း မှုတ်တဲ့သူတစ်ယောက်ပါ။ သူ့မှာ စီဆီလီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပြီး အရမ်းကျူးကြတဲ့ အတွဲလေးဖြစ်ပါတယ်။ တစ်နေ့တော့ ဂဲတာနိုဟာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ ခွဲစိတ်ခန်း၀င်ရတဲ့အခါ ဆရာ၀န်ရဲ့အမှားကြောင့် ဂဲတာနိုတစ်ယောက် အသက်ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့ချစ်သူ စီဆီလီယာဟာ ဆိုက်ကို၀င်ပြီးဝောာ့ ဆရာ၀န်ကိုလက်စားချေဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ချစ်ခြင်းအပြင် Erotic ဖြစ်ခြင်း၊ တပ်မက်ခြင်း၊ စိတ္တဇဖြစ်ခြင်းတို့ရဲ့ dark side ကိုထင်ထင်ရှားရှားရိုက်ကူးပြထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Only 3 Days Left (2023) ⭐IMDB: 5.2/10 (985 Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရယ်ချင်မောချင်ပျော်ချင်သူတွေကြည့်သင့်တဲ့ဇာတ်ကားလေးလာပါပြီ။ ရတ်ယန်ဆိုတဲ့ရဲဟာ အမြဲတလွဲတချော်လုပ်တတတ်တဲ့တယောက်ပါ တရက်မှာသူရဲ့အဘွားပြန်ပေးဆွဲခံလိုက်ရပါတယ်။ အဘွားကိုကယ်ဖို့ရာအတွက် အချိန်၃ရက်အတွင်း ‘မြ’ကျောက်တုံး၂တုံးကိုယူပေးရမှာပါ။ တလွဲတချောလုပ်တတ်တဲ့ ရတ်ယန်တယောက် ၃ရက်အတွင်းယူနိုင်ပါ့မလား? ဘယ်လိုတလွဲတချော်တွေလုပ်ပြီး ခွီရမလဲဆိုတာကြည့်ရှူခံစားရမှာပါ...
Bottom Feeders (2024) ⭐IMDB: 4.8/10 (14 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Bottom Feeders” ဆိုတဲ့ ရုပ်ရှင်ဟာ လူမှုရေး ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး စိတ်ဝင်စားဖွယ် ဇာတ်အိမ်တစ်ခုနဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းက ၂၀ နှစ်အရွယ် Dmitri ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားပြီးတော့ သူက အတော်ကိုစရိုက်ဆန်တဲ့ ဖခင်နဲ့အတူ ရက်စက်တဲ့အိမ်ခြေမဲ့ ဘဝကို ရက်ရှည်ဖြတ်သန်းနေရတာပါ။ ငယ်သူငယ်ချင်း Benny က ခရစ်စမတ်မှာ သူ့ရဲ့ သိပ်လှတဲ့ ချစ်သူ Jess နဲ့အတူ ပြန်လာတဲ့အခါမှာ Dmitri ရဲ့ တကယ့်အိပ်မက်တွေပြောင်းလဲလာပြီး ထွက်ပေါက်အသစ်တွေ ရှာတွေ့သလို ဖြစ်လာပါတယ်။ သူဟာ သူ့အိပ်မက်တွေကို အမှန်တကယ်မှီငြမ်းဖို့ Benny နဲ့ Jess တို့ရဲ့ ဆက်ဆံရေးထဲ ထိုးဖောက်ရင်း ဒီရက်စက်တဲ့ ဘဝကနေ ထွက်ပေါက်ရမလားဆိုတာကို ကြည့်ရှူပြီးခံစားပေးပါဦး။...
Wildcat (2023) ⭐IMDB: 6.0/10 (676 Votes) 🎬 #Biography #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American စာရေးဆရာမ မယ်ရီဖလန်နရီ အိုကော်နာရဲ့ ပထမဆုံး ဝတ္ထုကိုရေးတုန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြန်သရုပ်ဖော်ထားတဲ့ biography ရုပ်ရှင်တစ်ခုပါ။ မင်းသမီးချော Maya Hawke က ဇာတ်လိုက်အနေနဲ့ ပါဝင်ပေးထားပြီး ဖခင်ဖြစ်သူ Ethan Hawke က ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ်တွေနဲ့ မပြတ်ဆွဲဆောင်သွားနိုင်တဲ့ဇာတ်ကားဖြစ်လို့ သာမန်ဘဝဇာတ်ကြောင်းရုပ်ရှင်တွေလို ပျင်းဖို့ကောင်းမှာ မဟုတ်တာတော့ အာမခံနိုင်ပါတယ်။...
Paradox Effect (2023) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၂၃ ထွက်action/thriller ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အရင်ကဆေးသမားလည်းဖြစ် သမီးလေးအတွက်အလုပ်ကိုပြန်ကြိုးစားလုပ်နေတဲ့အမေတစ်ယောက်နဲ့ ကံဆိုးချင်တော့ မှုခင်းရဲနဲ့မှူးရစ်ရာဇာတို့ရဲ့လက်စားချေရန်ပွဲကြားမှာကြားညပ်မိတဲ့သားအမိနှစ်ယောက်…… ဒီအရှုပ်အရှင်းတွေ ဆေးအရောင်းအဝယ်တွေ လက်စားချေကျတဲ့ရန်ပွဲထဲမှာ ဒီသားအမိနှစ်ယောက်အသက်ရှင်လျက်လွတ်နိုင်ပါ့မလားဆိုတာကြည့်ရှူရမှာပါ Drama တွေမကြိုက်ဘူး အက်ရှင်ခန်းတွေပဲကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေမယ့်ဇာတ်ကားလေးပါ အားပေးကြပါဦး...
The Imaginary (2023) ⭐IMDB: 6.7/10 (776 Votes) 🎬 #Adventure #Animation #Drama #Family #Fantasy 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ် အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့...
WondLa (2024) ⭐IMDB: 7.4/10 (686 Votes) 🎬 #SciFi #Fantasy #Animation #Family #Kids #Adventure 🗓 2024 🎞 tv series 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 24 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုနဲ့ကြည့်ဖို့ အသင့်တော်ဆုံး ကာတွန်းစီးရီးကောင်း အသစ်တစ်ခု တင်ဆက်ပေးထားပါပြီ။ ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီးနောက်ဆုံးတွဲ သိပ္ပံစိတ်ကူးယဉ်လောကတစ်ခုအကြောင်းပါပဲ။ အယ်ဗာဟာ မြေအောက်စခန်းတစ်ခုမှ ငယ်ငယ်ကတည်းက စက်ရုပ်တစ်ရုပ်နဲ့အတူ တစ်ယောက်တည်း ကြီးပြင်းလာတဲ့ ကလေးမလေး ဖြစ်ပါတယ်။ သူ့ကို မြေအောက်မှာ လေ့ကျင့်ပေးနေပြီး ရည်ရွယ်ချက်ကတော့ ကမ္ဘာမြေပေါ်မှာလူတွေပြန်နေလို့ရတဲ့အခါ အခြားလူသားမျိုးဆက်သစ်တွေနဲ့ ပြန်ပေါင်းစည်းပြီး ကမ္ဘာကြီးကို ပြန်ပြုပြင်ဖို့ပါပဲ။ ဒါပေမဲ့ မြေပေါ်ကို တက်ဖို့အဆင်သင့်မဖြစ်ခင်လေးမှာပဲ မြေအောက်စခန်းကို ရန်သူတွေလာတိုက်ပြီး မြေပေါ်ကို ထွက်ပြေးခဲ့ရပါတော့တယ်။ မြေပေါ်မှာ ဘယ်လိုထူးထူးဆန်းဆန်းအကောင်တွေနဲ့တွေ့ပြီး ဘယ်လို မိတ်ဆွေတွေနဲ့ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
The Seeds (2024) ⭐IMDB: 4.6/10 (57 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တိုဘိုင်းယက်ကတော့ ဗိသုကာပညာရှင်တယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်ဆန်နေတဲ့ဘဝကြောင့် သူငယ်ချင်းဖြစ်သူ ရှိန်း ဆီမှာ therapy ပြနေတဲ့သူပါ။ သူလိုချင်တာကတော့ သူနဲ့ကိုက်ညီပြီး energy တူမဲ့ soulmate ကောင်မလေးပါ။ တညမှာတော့ သူ့သူငယ်ချင်း ကယ်ဗင်ရဲ့ မွေးနေ့ပါတီကိုသွားရင်း မာလေဆိုတဲ့ ကောင်မလေးတယောက်ကို ချစ်မိသွားပါတယ်။ နှစ်ယောက်ကလည်း လိုက်ဖက်ညီပြီး တယောက်ကိုတယောက်ချစ်ကြပေမဲ့လည်း မာလေရဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေ တခုပြီးတခုပြန်ပေါ်လာချိန်မှာတော့ တိုဘိုင်းယက်နဲ့ မာလေတို့ ဘယ်လိုကျော်ဖြတ်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Site 13 (2023) ⭐IMDB: 3.6/10 (100 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ရောဂါကု ဆေးရုံတစ်ရုံမှာ လွန်ခဲ့တဲ့ 10နှစ်လောက်က ရောက်လာခဲ့တဲ့ လူနာတစ်ယောက် အဲဒီလူနာက ဘာကိုမှ လှုပ်ရှားမှုမရှိ တုံ့ပြန်မှုမရှိတဲ့ catatonic ရောဂါလက္ခဏာ အခြေအနေနဲ့ အတိတ်မေ့ပြီး ဆေးရုံကို ရောက်လာခဲ့တယ် ။ အဲဒီလူနာက Miskatonic University မှာ ဂမ္ဘီရနဲ့ဆိုင်တဲ့ ၊ ဒဏ္ဍာရီနဲ့ဆိုင်တဲ့၊မနုဿဗေဒနဲ့ဆိုင်တဲ့ ဘာသာတွေသင်ကြားပေးနေတဲ့ ပါမောက္ခတစ်ယောက် ။ သူဘာလို့ အဲလိုဖြစ်သွားခဲ့ရတာလဲဆိုတာ 10 နှစ်ကြာတဲ့အထိ အဖြေရှာလို့မရသေးတဲ့ စိတ်ရောဂါကုဆရာဝန် ။ တရက်မှာ အဲဒီ Catatonic အခြေအနေကနေ နိုးလာခဲ့တဲ့အခါ သူဘာဖြစ်ခဲ့တာလဲသိဖို့ ဆရာဝန်က သူ့ကိုပြန်မေးကြည့်တဲ့အခါမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို Video Tape ရိုက်ထားတာသိလိုက်ရတယ် .အဲဒီ တိတ်ခွေကနေတဆင့် ကမ္ဘာကြီးပေါ်က သက်ရှိတွေရဲ့ အဆုံးသတ်ဖြစ်စေမယ့် K’luta လို့ခေါ်တဲ့ Anti-God တစ်ပါးကို Professor လေ့လာနေတဲ့ နတ်ဆိုးစက်ဝိုင်းတွေရဲ့ 13 ခုမြောက် project ဖြစ်တဲ့ Site 13 ကနေတဆင့် ငရဲတံခါးကို ဖွင့်ပေးခဲ့မိကြောင်းသိရှိခဲ့တဲ့အခါမှာ ဘယ်လိုတားဆီးမလဲ ၊ Site 13 မှာကော ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဇာတ်လမ်းမှာ ဆက်လက်ရှုစားအားပေးပါဦးခင်ဗျာ...
The Edukators (2004) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 movie 🌎 #Germany #Austria ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က “The Edukators” ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့… ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲ ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုလိုက်ကြပါဦး...
Space Cadet (2024) ⭐IMDB: 4.9/10 (5 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။ တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။ လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Suspect Zero (2004) ⭐TMDB: 55% User Score 🎬 #Crime #Thriller 🗓 2004 🎞 tv movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O’Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ ဒီလိုနဲ့ O’Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O’Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊ တကယ်တော့ O’Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O’Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O’Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O’Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O’Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ...
Emperor of Ocean Park (2024) ⭐IMDB: 6.7/10 (118 Votes) 🎬 #Drama #Crime #Mystery 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 51 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ series ဟာ ရဲ့ Stephen L Carter ရဲ့ Emperor of Ocean Park ၀တ္ထုကို ရုပ်ရှင် series အဖြစ် ပြန်လည် ရိုက်ထူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင် series မှာ အော်စကာဆုရှင် Forest Whitaker, Henry Simons တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Drama/Mystery အမျိုးအစားဖြစ်လို့ လျှို့ဝှက်နက်နဲတဲ့ ဇာတ်လမ်းကြိုက်သူများအတွက် ကြည့်လို့ကောင်းမဲ့ Series တစ်ခုပါ။ ဒီ series မှာတော့ Forest Whitaker ကို အမေရိကန် တရားရုံးချုပ် ရဲ့ တရားသူကြီးချုပ်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။ တရားသူကြီးဟာ “ဂုဏ်သိက္ခာ တာဝန်ဝတ္တရား တရားမျှတမှု” ဆိုတဲ့ စကားသုံးခွန်းကို လက်ကိုင်ထားခဲ့ပါတယ်။ တစ်နေ့မှာတော့ တရားသူကြီးဟာ ရုတ်တရက်သေဆုံးသွားခဲ့ပြီး သူ့သေဆုံးမှုရဲ့နောက်ကွယ်မှာ မသင်္ကာစရာကိစ္စတွေပေါ်ပေါက် လာခဲ့ပါတော့တယ်။ နောက်ကွယ်က ပဟေဠိတွေက ဘာတွေဖြစ်မလဲ.. အမေရိကန်ရဲ့ ရှုပ်ထွေးတဲ့နိုင်ငံရေးနဲ့ နောက်ကွယ်က လက်မည်းကြီးတွေအကြောင်းကို နိုင်ငံရေး၊ လျှို့ဝှက်နက်နဲမှု တွေနဲ့ တင်ဆက်ပြသထားတာဖြစ်လို့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ series ကောင်း တစ်ခုပါပဲ။ File Size – 735 MB / 334 MB Quality –WEB-DL 1080p 5.1CH , 720p Episodes – 10 Eps Duration – 51 min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Drama , Mystery Translator – Wil Encoder – Min Wai ( Season 1)Onging Season Ep-1 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-1 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb ကျန်ရှိသောအပိုင်းများကိုလဲ ဆက်လက်တင်ဆက်သွားပါမည်။...
Bad Cop (2024) ⭐IMDB: 6.4/10 (254 Votes) 🎬 #Drama #Crime #Thriller 🗓 2024 🎞 tv series 🌎 #India ⏰ 28 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Cop (2024)“ရဲဆိုး” IMDb 6.5 ပရိသတ်ကြီးအတွက် Disney+ Hotstar က အသစ်ထွက်ရှိလာတဲ့သည်းထိပ်ရင်ဖို ဟင်ဒီ မှုခင်းစီးရီးလေးကိုတင်ဆက်ပေးလိုက်ရပါတယ် ကာရန်က မဟုတ်မခံတဲ့ ရဲတစ်ယောက် အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ပေမယ့် သူများကျောတာကို မခံချင်သူဇနီးဖြစ်သူ ဒေဗီကာက အလုပ်မှာ ကာရန်ထက်ရာထူးတစ်ဆင့်မြင့်သွားချိန်ကစလို့ မာနတွေပြိုင်ပြီးသူတို့အိမ်ထောင်ရေး ယိုယွင်းလာတယ် အသေးစား သူခိုးတစ်ယောက်ဖြစ်တဲ့ ကာရန့်အစ်ကို အာဂျွန်ကလူတစ်ယောက်ဆီက ဓားပြတိုက်ရင်း လမ်းမှာ သေခါနီးလူတစ်ယောက်နဲ့ ပက်ပင်းတိုးမိတဲ့အခါဖြစ်ချင်တော့ အဲဒီလူက နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်နေပြီး ဘာမဆိုင်ညာမဆိုင်သံသယတရားခံဖြစ်သွားတဲ့အခါ ညီဖြစ်သူကာရန်နဲ့ ဒီအမှုကနေ ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမှာလဲ တစ်ဖက်မှာလည်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ မြေအောက်လောကမှဒုစရိုက်ရာဇာတစ်ပါးနဲ့ ဘယ်လိုအားပြိုင်ကြမှာလဲဆိုတာကတော့ ။ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ BpL ~ ToMo ~ Yunni ~ KKKZ တို့ပဲ ဖြစ်ပါတယ်...
