cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ထွေရာလေးပါး သတင်းစုံ

إظهار المزيد
مشاركات الإعلانات
1 793
المشتركون
لا توجد بيانات24 ساعات
+57 أيام
-330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from Ko Thet
Rခေါင်လွမ်း(ဂွတို) သေဆုံးမှုနောက်ကွယ်က အကြောင်းအရင်း KIA အဖွဲ့က စစ်ဦးစီးချုပ် ခေါင်လွမ်း(ဂွတို) မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ခြင်းကို အသည်းကင်ဆာဖြင့် လိုင်ဇာမြို့တွင် သေဆုံးကြောင်း KIA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် KIA တပ်ဖွဲ့အတွင်း သဘောထားလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ - KIA အဖွဲ့အနေဖြင့် ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ဗန်းမော်တောင်ဘက် မံစီမြို့နဲ့ ဗန်းမော် မြောက်ဘက် မိုးမောက်မြို့ကို မေလဆန်းပိုင်းကစပြီး အပြင်းအထန်တိုက်ခိုက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် များရဲ့ ဝိုင်းပတ်တိုက်ခိုက်မှု၊ အမြောက်လေကြောင်းပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်။ - အဲဒီတိုက်ပွဲတွေကို ခေါင်လွမ်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲတိုက်ခိုက်နေခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့က မိုးမောက်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် KIA ၂၀၀ ဦးခန့် ကျဆုံးသွားခြင်းမှာ တာဝန်ရှိသူ ခေါင်လွမ်းကို KIO ဥက္ကဋ္ဌ အင်ဘန်လက အပြစ်တင်ပြောဆိုခဲ့ပြီး မိုးမောက်တိုက်ပွဲကို အနီးကပ်ကြပ်မတ်ဖို့ တာဝန်ပေးခဲ့ကြောင်း သိရပါတယ်။ - ဒါကြောင့် ခေါင်လွှမ်းဟာ တိုက်ပွဲအတွေ့အကြုံရှိသူပီပီ၊ သူ့ရဲဘော်တွေ ကျဆုံးမှုများတာကို မခံချင်စိတ်၊ အင်ဘန်လရဲ့ဖိအားပေးမှုကို မလွန်ဆန်နိုင်မှုတို့ကြောင့် မေလ ၁၂ ရက်နေ့က စတင်ပြီး မိုးမောက်မြို့နဲ့ ကျောက်စခန်းကြားရှိ KIA တပ်ဖွဲ့များ နဲ့အတူ ရှိနေစဉ် မေလ ၁၃ ရက်နေ့လည်ပိုင်းမှာ စစ်တပ်ဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»
إظهار الكل...
Rခေါင်လွမ်း(ဂွတို) သေဆုံးမှုနောက်ကွယ်က အကြောင်းအရင်း

KIA အဖွဲ့က စစ်ဦးစီးချုပ် ခေါင်လွမ်း(ဂွတို) မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ခြင်းကို အသည်းကင်ဆာဖြင့် လိုင်ဇာမြို့တွ...

👏 1
- ကော့ကရိတ်- ရန်ကုတ်-နောင်နိုင်းကျေးရွာသွား ကားလမ်းပေါ်ရှိ တံတားအား အကြမ်းဖက် KNU/PDF များ မိုင်းခွဲဖျက်ဆီး **** မေလ ၁၅ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်က ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်- ရန်ကုတ်-နောင်နိုင်းကျေးရွာသွား ကျေးရွာချင်းဆက်ကားလမ်းပေါ်ရှိ အရှည် ၂၀ ပေ၊ ခံနိုင်ဝန် တန် ၃၀၊ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၂)အား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ အကြမ်းဖက် KNU/PDF များ၏ မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် တံတား၏တောင်ဘက်ခြမ်းကမ်းကပ်ခုံ ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး ကာလတန်ဖိုးငွေကျပ် သိန်း ၄၀၀ ခန့်ဆုံးရှုံးခဲ့ကာ တံတားပျက်စီးမှုကြောင့် ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာ နိုင်မှုမရှိတော့ကြောင်း သိရှိရပါသည်။ Saw Ba Maung
إظهار الكل...
Pdf အကြမ်းဖက်သမားများမှ ရွာထဲသို့ drop ဗုံးချသဖြင့် မိသားစုဝင် ၄ ဦးသေဆုံး ----------------------- ၂၀၂၄  မေ ၁၅ မေလ ၁၃ ရက် ည ၁၀ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရွာလေးကုန်းကျေးရွာအတွင်းသို့ pdf အကြမ်းဖက်သမားများမှ drone များအသုံးပြု၍ ဗုံးကြဲချခဲ့ရာ ရွာလေးကုန်းကျေးရွာနေ ဦးကျော်စိန် ၈၄ နှစ်ရဲ့နေအိမ်ဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရှိ မိသားစုဝင် (၄) ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။ Pdf အကြမ်းဖက်သမားတွေဟာ ညဘက်ဆိုရင် အရက်သေစာမူးယစ်သောက်စားပြီး ကျေးရွာများအတွင်းသို့ အကြောင်းမဲ့သက်သက် drop ဗုံးများချခြင်း၊သေနတ်ပစ်ဖောက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
إظهار الكل...
😢 1
- လားရှိုးမြို့အနီးဝန်းကျင်တွင် ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး MNDAA အကြမ်းဖက်အဖွဲ့ဝင်များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ================================================================ နေပြည်တော်၊ မေ ၁၅ ရှမ်းပြည်(မြောက်ပိုင်း)၊ လားရှိးမြို့ အရှေ့မြောက်ဘက်၌ လုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့က MNDAA အကြမ်းဖက်သမား အင်အား ၁၅ ဦးခန့်က မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိကာ ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက် ရှင်းလင်းခဲ့ရသည်။ MNDAA အကြမ်းဖက်အဖွဲ့သည် ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး လုံခြုံရေးတပ်များ အခြေပြုနေရာသို လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ရန်သူထိခိုက်မှု စုံစမ်းဆဲဖြစ်ပြီး တပ်မတော်သားများ ထိခိုက်မှုမရှိကြောင်း သိရသည်။ ကယားပြည်နယ်၊ လွိင်လင်းမြို့အနီး တပ်မတော်မှ သိမ်းယူထားသော ထီးစဲခါးတံတားရှိ ရဲကင်းစခန်းအား ယမန်နေ့က KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က နေရာ ၂ နေရာမှ Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာ၌ အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ ယမန်နေ့က သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများက ကျေးရွာနေအိမ်များအား မီးရှိထွက်ပြေးသွားခဲ့ပြီး- အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၅ လက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ အလယ်ခင်းကျေးရွာတွင် လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ - အကြမ်းဖက်သမားတစ်ဦးအား FCG-9 လက်လုပ်သေနတ်အတို ၃၀ လက်၊ ကျည်အိမ် ၄၀ ခု၊ ၉ မမကျည် ၁၅၀၀ တောင့်၊ Remote ၁၅ ခု၊ Reciver ၄၅ ခု၊ မိုင်းမျိုးစုံ ၃ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ ယမ်းကြိုး ၁ ခွေတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အလားတူ ဖြူးမြို အရှေ့မြောက်ဘက်၌ ပေါက်ကွဲသံကြားရသဖြင့် သွားရောက်ရှင်းလင်းစစ်ဆေးခဲ့ရာ မြို့ချောင်းနှင့် အောင်စည်ယွန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဖြူးချောင်း၊ ချောင်းကူးသံကူကွန်ကရစ်တံတားမှာ မြို့ချောင်း ကျေးရွာဘက်ခြမ်း အရှည် ၅၀ ပေခန့် ပြိုကျပျက်စီးလျက်ရှိကြောင်းနှင့် လူ/ယာဉ် ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရသည်။ Join - https://t.me/MyanmarNationalPost
إظهار الكل...
👍 3
- Breaking News ကျောက်တော်မြို့နယ်ဝဲကြီးထောင့်ဆေးရုံAAစခန်းဌာနချုပ်နဲ့ဝဲကြီးထောင့်ဗုံးကြဲတိုက်ခိုက်သုတ်သင်ရှင်းခံရပြီးAA၅၀ကျော်သေဆုံးမှုရှိပြီး၊၃၀ဦးကျော်ဒဏ်ရာရ၊ မေ၁၅၊၂၀၂၄။ ရက္ခိုင်ပြည်၊ကျောက်တော်ဝဲကြီးထောင့်ဆေးရုံAAစခန်းဌာနချုပ်နှင့်  လမ်းမတော်ရွာစာသင်ကျောင်းတို့ကိုည၁၂နာရီတိတိအချိန်ဗုံးကြဲတိုက်ခိုက်သုတ်သင်ခဲ့သောကြောင့် AAအားလုံးနီးပါးသေဆုံးမှုရှိခဲ့ပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုပြောဆိုသည်။ AAသူနာပြုအမျိုးသမီးတစ်ဦး လည်းအပြင်းအထန်ဒဏ်ရာရသွားသည်။ ကျောက်တော်မြို့အနီးလမ်းမတော်ရွာစာသင်ကျောင်းAAစခန်းမှာ၂၀ကျော်သေဆုံး၄ဦးဒဏ်ရာပြင်းထန်ဟုကနဦးသိခဲ့ရသည်။ မောင်တောမြို့နယ်ကင်းချောင်းရွာAAရှေ့တန်းစခန်းကိုမေ၁၄ရက်၊ ၁၂နာရီ၂၀မိနစ်အချိန်ဗုံးကြဲတိုက်ခိုက်သုတ်သင်ရှင်းလင်းခဲ့သေးသည်။ #Crd
إظهار الكل...
👏 2
Repost from Ko Thet
ခေါင်လွမ်းကို လိုင်ဇာသို့ အဝင်မခံ အင်ဘန်လ၊ ဂမ်ရှောင်၊ ဂွမ်မော်၊ ခေါင်လွမ်းတို့ရဲ့ ပြဿနာက ရှုပ်တယ် .. တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စောင်းချိတ်နေကြတာ .. ခေါင်လွမ်းရဲ့ အားသာချက်က သူ့အောက်မှာ သူ့ကိုချစ်ကြတဲ့ KIA အဖွဲ့တွေရှိတာပါပဲ .. ဒါကြောင့် ခေါင်လွမ်းကို KIO/KIA ဘယ်ခေါင်းဆောင်ကမှ မထိရဲဘူး .. - KIA အဖွဲ့ဆိုတာ သိတဲ့အတိုင်းပဲ .. ဟိုးယခင်ကတည်းက ခေါင်းဆောင်တွေကို အချင်းချင်းလုပ်ကြံနေကြဆိုတာ .. - အခုလည်း မ(၄၃၇) (မိုးမောက်-မံစီ)ကို တိုက်နေတာ ရက်တော်တော်ကြာပြီ .. ဘာအောင်မြင်မှုမှ မရသလို KIA ၂၀၀ လောက် ကုန်သွားတယ် .. KIA တစ်ချို့ခေါင်းဆောင်တွေက မတိုက်စေချင်တော့ဘူး .. ဒါပေမယ့် ခေါင်လွမ်း က မရ ရအောင်တိုက်မယ်ပြောလို့ .. “မင်းကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး တိုက်”ဆိုပြီး မိုးမောက် ကို ခေါင်လွမ်းရောက်သွားတယ် .. ဆက်လက်ဖတ်ရှုနိုင်ပါရန်»
إظهار الكل...
ခေါင်လွမ်းကို လိုင်ဇာသို့ အဝင်မခံ

အင်ဘန်လ၊ ဂမ်ရှောင်၊ ဂွမ်မော်၊ ခေါင်လွမ်းတို့ရဲ့ ပြဿနာက ရှုပ်တယ် .. တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စောင်းချိတ်နေကြတာ .. ခေါင်လွမ်းရ...

👏 1
Repost from Saw Ba Maung
ကော့ကရိတ်မြို့တွင် အကြမ်းဖက် KNU/PDF အဖွဲ့ ပစ်ထားခဲ့သော ဗုံးသီးပေါက်ကွဲပြီး ပြည်သူတစ်ဉီး thayဆုံး ============== ၂၀၂၄ ခုနှစ် မေလ ၁၄ ရက် နေ့လည် ၁၁ နာရီတွင် ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ဝင်းကြီးကွက်သစ်ပိုင်းနေ ဉီးထွန်းထွန်းအေးသည် နေအိမ်သို့ပြန်လည်နေထိုင်ပြီး ခြံသန့်ရှင်းရေးလုပ်စဉ် အကြမ်းဖက် KNU/PDF အဖွဲ့က ပစ်ခတ်ခဲ့သော မပေါက်ကွဲသေးသည့် မြေထဲစိုက်ဝင်နေသော ဗုံးသီးအား ဆွဲထုတ်ရာမှ ဗုံးသီးပေါက်ကွဲပြီး အခင်းနေရာတွင်ပင် ဆုံးပါးသွားကြောင်း သိရသည်။ အကြမ်းဖက်များဝင်လာလျင် ပြည်သူများ ဒုက္ခရောက်ရသလို ပြန်ထွက်သွားလျှင်လည်း ၎င်းတို့ချန်ထားခဲ့သည့် ဗုံးလက်နက်များကြောင့် ပြည်သူများ ဒုက္ခရောက်ရပြန်သည်... ဘယ်နေရာမှထားလို့မရသည့် ဗြဟ္မာ့ဉီးခေါင်းတွေ.. ငရဲပို့လိုက်တာပဲ အေးရော..😡😡 Saw Ba Maung
إظهار الكل...
😱 1
Repost from Sit Thwe Myanmar
ဒီသတင်းလေး မုံရွာ ခရိုင် ရေဦး မြို့နယ် ထဲက ကျေးရွာတွေက်ု စစ်ကြောင်း ထိုးသင့်နေပြီ ရွာတွေ မှာ ကလေးက အစ နွားကျောင်းသား ခွေး အဆုံး သေနပ် ကိုက် အဲလေ ယောင်လို့ သေနပ် ကိုင် နေကြတယ် မြေ ပြင် သတင်း confirn နော် သူငယ်ချင်း တယောက် သူ့ရွာ ရေဦးမြို့ နယ်ထဲက အဲကို အလှူသွားလုပ်တယ် သူ့ ရဲ့ သူငယ်ချင်းအားလုံးကလည်း PDF ဖြစ်နေပြီ တဲ့ သူ့အလျှူကိုတောင် သေနပ်နဲ့ ကင်းစောင့်ပေးတယ် ဆိုပဲ ကဲ နစက အနေ နဲ့ မုံရွာကို လွှတ်ထားပေးတော့မှာလား ပေါ့ မေးရတော့မည် t.me/ sitthwemyanmar
إظهار الكل...
May 15 အသားအပိုင်းအစတွေကိုသေတ္တာထဲထည့်ပြီး အလောင်းကိုလူကြည့်မခံဘဲ မီးရှို့လိုက်ရတဲ့ အကြမ်းဖက်သမားတို့ရဲ့နောက်ဆုံးသွားရာလမ်း။
إظهار الكل...
May 15 - 👉 ခေါင်လွှမ်းသေတာ ရန်သူ့ လနကြီးကြောင့် - 👉 စစ်မြေပြင်မှာ ငါကိုယ်တိုင်ရှိတယ် - 👉 ခွက်ခေါက်ဖို့ပဲ ကြိုးစားနေလိုက်ကြ - 👉 ဖာမဆန်ကြနဲ့ ကြည့်ဖာကြ - 👉 စပ့ ပဲတဲ့။🥴 ငစနိုး ဆဲပုနော် သူဆဲတာ။🙄 😁😁😁 --- ---- ---- ---- ---- ဖုန်းတဲ့သူက ဖုန်းကြပေမယ့်၊စမပ မှာရှိနေသူက ဖော်ပြီလေ။👏👏👏 #SQ🇲🇲
إظهار الكل...