cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

BAHAN Scout & News Channel

All about Bahan : news, scout, updates News Channel 📡 : @Bahan_SNC Discussion 💬 : @Public_PDG_Bahan Contact 📧 : @BSNinformer

إظهار المزيد
مشاركات الإعلانات
3 294
المشتركون
+1024 ساعات
+217 أيام
+530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

New Recording 5.m4a1.99 KB
လင့်လမ်းမီးပွိုင့် အနောက်ရွေဂုံတိုင်လမ်းမပေါ် လင့်လမ်းမီးပွိုင့် ဘဲဥရုံနား ရဲခွေး faw 1 စီး ကျောက်ချရပ်ထား ကားခေါင်း တကောင်ထိုင်၊ ကားနောက် ရဲခွေးလက်နက်နဲ့စောင့် 4:45 PM From - @BSNinformer
إظهار الكل...
👍 1
ဗိုလ်ချုပ်ကြေးရုပ် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ရခ ၂ ကောင်စောင့်နေ 3:55 PM From - @BSNinformer
إظهار الكل...
Repost from RSN WEB
ရန်ကုန်မှတ်တမ်း (ဇွန် ၂၃ - ၃၀၊ ၂၀၂၄) •••••••••••••••®••••••••••••••• ▪️မြို့ပြစစ်ဆင်ရေး ဇွန်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ဂမုန်းပွင့်ရှေ့ ဇလုံထမင်းဆိုင်လမ်းကြား၌ အထုပ်မဲ ၂ ထုပ်တွေ့လို့ဟုဆိုကာ စစ်ကောင်စီတပ်သားများရောက်လာ၍ လမ်းပိတ်စစ်ဆေးခဲ့ကြသည်။ အထုပ်များအတွင်း ဗုံးများတွေ့ပြီးနောက် သိမ်းဆည်း၍ တွေ့ရာလူတစ်ဦးကိုလည်း ရမ်းသမ်းဖမ်းဆီးသွားခဲ့ကြသည်။ ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်က ကမာရွတ်မြို့နယ်၊ ရဲစခန်းထဲ လက်ပစ်ဗုံး ၂ လုံး ကျရောက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ဇွန်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က တောင်ဥက္ကလာမြို့နယ်၊ ၉ ရပ်ကွက်၊ သူရလမ်းသွယ်ရှိ မူလတန်းကျောင်းအုတ်တံတိုင်းပေါ် မသင်္ကာဖွယ်အထုပ်တွေ့၍ဟုဆိုကာ စစ်ကောင်စီတပ်သားများခြေရှုပ်ခဲ့ကြသည်။ ထို့နောက် ပြန်ထွက်သွားသည်ဟုသိရသဖြင့် သာမန်အထုပ်သာဖြစ်ပုံရသည်။ ▪️သပိတ်လှုပ်ရှားမှု ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်သူ့အင်အားစု သပိတ်အဖွဲ့မှ တော်လှန်လူငယ်များက သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသည်။ ဇွန်လ ၂၆ ရက်နေ့က ဗကသများအဖွဲ့ချုပ်မှ ကြည့်မြင်တိုင်မြို့နယ်တွင် အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း (၄၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ဇွန်လ ၂၆ ရက်နေ့က ပတ္တိနိက္ကုဇ္ဇနကံဆောင်သံဃာ့သပိတ်ကို ပူးပေါင်းဝန်းရံသည့် အနေဖြင့် Owl Community၊ LYNYA၊ KMD18 နှင့် MDF အဖွဲ့တို့ပူးပေါင်း၍ ဘုရားစေတီ ရုပ်ပွားတော်များရှေ့တွင် ပတ္တိနိက္ကုဇ္ဇနကံဆောင်သပိတ်ဟု ရေးသားထားသည့်စာများဖြင့် လှုပ်ရှားမှုပြုခဲ့ကြသည်။ ဇွန်လ ၂၆ ရက်နေ့တွင် "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ" စသည့် စာသားများပါသော စတေကာများဖြန့်ဝေကာ NDOPSC အဖွဲ့မှ လှုပ်ရှားခဲ့ကြသည်။ ဇွန်လ ၂၄ ရက်နေ့က အလုံမြို့နယ်၊ စံပယ်လမ်းထဲ "PDF များကို ကူညီပါ" ဟူသည့် စာ ရေးဆွဲသွားခဲ့ကြောင်း သိရှိရသည်။ ▪️စစ်မှုထမ်း ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။ ထို့နောက် လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးဝင်း၌ စစ်ကားကြီးများ အဝင်အထွက်များပြားခဲ့ပြီး အဆိုပါနေရာ၌ သင်တန်းသားများကို ထိန်းသိမ်းထားသည်ဟု သိရှိရသည်။ ထောင်တွင်း အကျဉ်းကျနေသကဲ့သို့ပင် မိဘဆွေမျိုးများကို ခဏတာသာ အပြင်မှ လာရောက်တွေ့ဆုံခွင့်ပေးပြီး သင်တန်းဆင်းများကို မကြာမီ ရှေ့တန်းစစ်မြေပြင်အသီးသီးသို့ ပို့ဆောင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ သင်တန်းအပတ်စဉ် ၄ အတွက် စာရင်းကောက်ယူနေမှုများ၊ လူဖမ်းခေါ်မှုများ ဆက်လက်လုပ်ဆောင်နေကာ လူပါသွားသူများ၊ စာရင်းပါသွားသူများ၏ မိဘဆွေမျိုးများ ပူဆွေးသောက ရောက်နေကြရသည်။ လူစားထိုးဈေးကွက် အရှိန်ရနေပြီး စစ်မှုထမ်းစာရင်းအတွက် ငွေညစ်လိုက်၊ လူစားထိုးရန်အတွက် ဈေးကစားလိုက်ဖြင့် ပြည်သူတို့၏ မျက်ရည်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နောက်လိုက်များ အတော်စီးပွားဖြစ်နေကြသည်။ ▪️အင်းစိန်ထောင် ဇွန်လ ၂၃ ရက်နေ့ မနက်က အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အယောက် ၂၀၀ ကျော်ကို ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်များသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်ဆင်နွှဲခဲ့ကြသူတချို့ ပါသွားခဲ့ပြီး နောက်လာမည့် သပိတ်လှုပ်ရှားမှုများတွင် စုစည်းမှုမရှိစေရန် လူစုခွဲလိုက်ပုံရသည်ဟု ဆိုကြသည်။ ▪️VPN လမ်းမပေါ် ရှောင်တခင်ဖြစ်စေ၊ ဧည့်စစ်ဝင်ရင်းဖြစ်စေ၊ တိုးဂိတ်များတွင်ဖြစ်စေ ပုံစံမျိုးစုံဖြင့် စစ်ကောင်စီတပ်သားများနှင့် နောက်လိုက်များမှ ကြုံသလို ဖုန်းယူစစ်နေပြီး VPN ဆော့ဝဲသွင်းထားသည်ကို တွေ့ပါက ပိုက်ဆံတောင်း ငွေညစ်၊ ဖမ်းဆီးမှုများ ပြုလုပ်နေကြသည်မှာ ပုံမှန်ဖြစ်လာသည်။ ▪️ဆန်၊ ဆီ ဇွန်လ ၃၀ ရက်နေ့က ဆန်ဈေးကွက်တွင် သတ်မှတ်နှုန်းထားထက် ဈေးတင်ရောင်း၍ဟုဆိုကာ ထိန်းသိမ်းထားသော လုပ်ငန်းရှင်များကို ဓာတ်ပုံများ၊ နာမည်များဖြင့် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ စိန်ဂေဟာ၊ City Mart၊ Orange မှ ဒါရိုက်တာအဆင့်များပါသည့်အပြင် ဆန်ပွဲရုံ၊ ဆန်လုပ်ငန်းတို့၏ ပိုင်ရှင်များလည်း ပါဝင်သည်။ စူပါမားကတ်များ၊ ဈေးဝယ်စင်တာများတွင် သိုလှောင်ထားသောဆန်များကို သတ်မှတ်ဈေးဖြင့်သာရောင်းပြီး အရောင်းအဝယ်စာရင်း ပုံမှန်ပို့ဖို့ ပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ခံဝန်ထိုးခိုင်းကြောင်း သိရသည်။ စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြုခဲ့သည်ဟုဆိုကာ ဆီကုန်သည်အသင်းဝင် ကုမ္ပဏီ ၈ ခုကိုလည်း စစ်ကောင်စီမှ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေက ကြေညာသည်။ စားသုံးဆီ ရှားပါးနေပြီး စစ်ကောင်စီ၏ သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးများလည်း တောက်လျှောက်မြင့်တက်လာသည်။ စစ်ကောင်စီသတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်ရောင်းချသည့်နေရာများတွင်လည်း အိမ်ထောင်စုဇယားများပြပြီးမှသာ ဝယ်ယူလို့ရကြောင်း သိရှိရသည်။ #rangoonscoutnetwork
إظهار الكل...
👍 2
ရွှေဂုံတိုင်လမ်း စခ SC 1 စီး ရွှေဂုံတိုင်လမ်းအတိုင်း ရွှေဂုံတိုင်ပွိုင့်ကနေ အုတ်လမ်းဘက်သွား 12:10 PM From - @BSNinformer
إظهار الكل...
ကမ္ဘာအေးဘုရားလမ်း စခ DC တစ်စီး ရွှေဂုံတိုင်ဂုံးတံတားပေါ်ကနေ ရေခဲဆိုင်ဘက်သွား 10:33 AM From - @BSNinformer
إظهار الكل...
⚠️ ရေတာရှည်လမ်းသစ်လမ်း ရေတာရှည်လမ်းသစ်ထဲ စခ DC တစ်စီးရောက်နေပြီး ရခများလဲရောက်နေကာ လမ်းတောက်လျှောက်ကင်းပုန်းများချထား 9:40 AM From - @BSNinformer
إظهار الكل...
တက္ကသိုလ်ရိပ်သာလမ်း စခ DC ၁ စီး နောက်ခန်း ၃ ကောင်ပါနဲ့ တိုင်တွေလဲပါ Alsatian ခွေးတစ်ကောင်လဲပါ တက္ကသိုလ်ရိပ်သာလမ်းကနေ ကမ္ဘာအေးဘုရားဘက်ရှေ့ရှု 9:10 AM From - @BSNinformer
إظهار الكل...
အနောက်ရွှေဂုံတိုင်လမ်း အချုပ်ကားတစ်စီး ၅၇၇၂ ရွှေဂုံတိုင်ပွိုင့်ကနေ ဦးဝိစာရလမ်းဘက်သွား 9:12 AM From - @BSNinformer
إظهار الكل...
ဗဟန်းရဲစခန်း ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင်တံတားအဆင်း ဗဟန်းစခန်းကွေ့ ရခ ၃ ကောင်ရှိနေ 8:12 AM From - @BSNinformer
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.