ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Hindu ဘာသာရေး အသိပညာ

Hindu ဘာသာရေး အသိပညာ

الذهاب إلى القناة على Telegram

ဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။

إظهار المزيد
726
المشتركون
-124 ساعات
-37 أيام
-630 أيام

جارٍ تحميل البيانات

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26
أكتوبر '26
+8
في 0 قنوات
سبتمبر '26
+6
في 0 قنوات
Get PRO
أغسطس '26
+10
في 0 قنوات
Get PRO
يوليو '26
+2
في 0 قنوات
Get PRO
يونيو '26
+13
في 0 قنوات
Get PRO
مايو '26
+11
في 0 قنوات
Get PRO
أبريل '26
+7
في 0 قنوات
Get PRO
مارس '26
+2
في 0 قنوات
Get PRO
فبراير '26
+11
في 0 قنوات
Get PRO
يناير '26
+9
في 0 قنوات
Get PRO
ديسمبر '25
+11
في 0 قنوات
Get PRO
نوفمبر '25
+10
في 0 قنوات
Get PRO
أكتوبر '25
+10
في 0 قنوات
Get PRO
سبتمبر '25
+18
في 0 قنوات
Get PRO
أغسطس '25
+17
في 0 قنوات
Get PRO
يوليو '25
+17
في 0 قنوات
Get PRO
يونيو '25
+14
في 0 قنوات
Get PRO
مايو '25
+24
في 1 قنوات
Get PRO
أبريل '25
+12
في 1 قنوات
Get PRO
مارس '25
+17
في 0 قنوات
Get PRO
فبراير '25
+25
في 0 قنوات
Get PRO
يناير '25
+37
في 0 قنوات
Get PRO
ديسمبر '24
+12
في 0 قنوات
Get PRO
نوفمبر '24
+14
في 0 قنوات
Get PRO
أكتوبر '24
+16
في 0 قنوات
Get PRO
سبتمبر '24
+18
في 0 قنوات
Get PRO
أغسطس '24
+14
في 0 قنوات
Get PRO
يوليو '24
+9
في 0 قنوات
Get PRO
يونيو '24
+13
في 0 قنوات
Get PRO
مايو '24
+12
في 0 قنوات
Get PRO
أبريل '24
+13
في 0 قنوات
Get PRO
مارس '24
+18
في 0 قنوات
Get PRO
فبراير '24
+20
في 0 قنوات
Get PRO
يناير '24
+44
في 0 قنوات
Get PRO
ديسمبر '23
+922
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
26 أكتوبر0
25 أكتوبر0
24 أكتوبر+1
23 أكتوبر0
22 أكتوبر0
21 أكتوبر0
20 أكتوبر0
19 أكتوبر0
18 أكتوبر0
17 أكتوبر0
16 أكتوبر0
15 أكتوبر0
14 أكتوبر0
13 أكتوبر+1
12 أكتوبر+1
11 أكتوبر+1
10 أكتوبر0
09 أكتوبر0
08 أكتوبر0
07 أكتوبر0
06 أكتوبر0
05 أكتوبر+1
04 أكتوبر0
03 أكتوبر+3
02 أكتوبر0
01 أكتوبر0
منشورات القناة
ကမလ် ဂဌားမာလား ကြာစေ့ပုတီးနှင့် သူလ်ဆီးမာလား ပင်စိမ်းပုတီး လိုချင်သူများအတွက်။ ဟိန္ဒူဘာသာတွင် မန္တြများရွတ်ဖတ်ရာတွင် သက်ဆိုင်
ကမလ် ဂဌားမာလား ကြာစေ့ပုတီးနှင့် သူလ်ဆီးမာလား ပင်စိမ်းပုတီး လိုချင်သူများအတွက်။ ဟိန္ဒူဘာသာတွင် မန္တြများရွတ်ဖတ်ရာတွင် သက်ဆိုင်ရာဘုရားပေါ်မူတည်၍ အသုံးပြုရသော ပုတီးများ ကွဲပြားပါတယ်။ - လက်ရှ်မီးမယ်တော်နှင့် ပတ်သက်သောမန္တြများ ရွတ်ဖတ်ရာတွင် ကမလ် ဂဌားမာလား ကြာစေ့ပုတီးဟာ အသုံးပြုပြီး ပြည့်စုံကြွယ်၀ခြင်း လာဘ်လာဘများအတွက် အထောက်အပံ့ပေးပါတယ်။ ကြာစေ့ပုတီးက ပြည့်စုံကြွယ်၀ခြင်း၊ ဥစ္စာဓနပေါများခြင်း၊ နွံကြားမှ ပေါ်ထွက်သောကြာပန်းကဲ့သို့ အသိဉာဏ်တိုးပွားစေခြင်း၊ သန့်စင်ခြင်းတို့အတွက် အထောက်အပံ့ပေးပါတယ်။ - ဗိသ်ျှဏုဘုရားနှင့် ပတ်သက်သော မန္တြများ ရွတ်ဖတ်ရာတွင် သူလ်ဆီးမာလား ပင်စိမ်းပုတီးကို အသုံးပြုပြီး သန့်စင်မွန်မြတ်ခြင်းနှင့် ခိုလှုံဆည်းကပ်ခြင်း ဘက်သီးအတွက် အထောက်အပံ့ပေးပါတယ်။ လိုအပ်သူများဟာ ပင်စိမ်းပုတီးကို ၉၀,၀၀၀ ကျပ်။ ကြာစေ့ပုတီးကို ၁၃၅,၀၀၀ ကျပ်ဖြင့်မှာယူနိုင်ပါတယ်။ ပထမဆုံး မှာယူသူ ၃ ဦးအား Kedarnath Badrinath မှ သိဒ္ဓိတင်ထားသော ရွှေဒင်္ဂါး အဆောင်ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ #HRK

2
ယနေ့ န၀ရာသ်ရီးရဲ့ ၆ ရက်မြောက်နေ့မှာ ပူဇော်ရတဲ့ ရူပတော်ကတော့ ရန်စွယ်မှန်သမျှ မကောင်းမှုမှန်သမျှကို ဖျက်သုဉ်းတော်မူသော ကာသ်ယာယန
ယနေ့ န၀ရာသ်ရီးရဲ့ ၆ ရက်မြောက်နေ့မှာ ပူဇော်ရတဲ့ ရူပတော်ကတော့ ရန်စွယ်မှန်သမျှ မကောင်းမှုမှန်သမျှကို ဖျက်သုဉ်းတော်မူသော ကာသ်ယာယနီးမယ်တော်ပဲဖြစ်ပါတယ်။ ကာသ်ယာယနီးမယ်တော်ဟာ မူလပကတိ အာဒိရှက်သီးကိုယ်တော်တိုင် လောကသို့ ဆင်းသက်ခဲ့သော ရူပတော်ဖြစ်ပါတယ်။ ဘုရားရှင်၊ နတ်ဒေ၀တာတို့ရဲ့ စွမ်းအားများ အားလုံးပေါင်းစည်းရာမှ မူလပကတိဖြစ်တော်မူသော အာဒိရှက်သီးဟာ ဤရူပတော်ဖြင့် ပွင့်ထွန်းတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ထို့အတွက် ဒူရ်ဂါမယ်တော်ရူပတော်ပဲဖြစ်ပါတယ်။ သာ၀ကတိုင်းဟာ ယနေ့ညမြတ်မှာ မားကာသ်ယာယနီးရဲ့ မေတ္တာကို ခံယူခြင်းဖြင့် မိမိတို့ရဲ့ ဘ၀တွင်ရှိသော မသိနားမလည်မှု အဝိဇ္ဇာ အမိုက်အမှောင် (မဟေးရှစူးရ်) အား တိုက်ထုတ်ရန် အထောက်အပံ့ကို ရရှိနိုင်ပါတယ်။ မိမိတို့ရဲ့ ဘ၀မှာ အိမ်ထောင်ဖက်ကောင်းကို လိုချင်သူများအနေဖြင့်လည်း ယနေ့ ကာသ်ယာယနီးရူပတော်ကို ပူဇော်ဆုတောင်း မေတ္တာခံယူနိုင်ပါတယ်။ #HRK
125
3
🔱 The Shield of MahaShakti 🔱 မဟာရှက်သီး၏ အကာအကွယ်ဒိုင်းမြတ်။ Facebook Group ကို Join ရန်။ https://www.facebook.com/groups/1441400204764627/?ref=share&mibextid=NSMWBT
123
4
لا يوجد نص...
110
5
မဟာရှက်သီး၏ အကာအကွယ်ဒိုင်းမြတ်။ မဟာန၀ရာသ်ရီးဟာ ဟိန္ဒူဘာသာအရ စကြဝဠာ၏ ပင်မစွမ်းအားဖြစ်တော်မူသော၊ စကြဝဠာ၏မိခင်ဖြစ်တော်မူသော မဟာရှက်သီးဖြစ်တော်မူသော မယ်တော်ဒူရ်ဂါအား ပူဇော်ရသော အလွန်အင်မတန် မွန်မြတ်တဲ့ ကိုညထိတိဆင်နွှဲရသောပွဲတော်ကာလမြတ်ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် မဟာန၀ရာသ်ရီးအတွက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ နှစ်စဉ်ပြုလုပ်သော အထူးအစီအစဉ်အဖြစ် The Shield of MahaShakti အား ဖန်တီးပေးထားပါတယ်။ ဒီအစီအစဉ်ဟာ ၃ ရက်တိတိပြုလုပ်ရမဲ့ Session ဖြစ်ပြီး မန္တြရွတ်ဖတ်ခြင်း၊ တရားရှုမှတ်ခြင်း၊ မယ်တော်မြတ်အား ပူဇော်ခြင်း စသည်တို့ကို စနစ်တကျပြုလုပ်ကာ မယ်တော်မြတ်ရဲ့ အနန္တမေတ္တာကို ခံယူကြရမှာဖြစ်ပါတယ်။ ဤသုံးရက်တာကာလအတွင်း ဆရာကိုကောင်းခန့်နိုင်၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကာ မိမိတို့ရဲ့ ဘ၀သို့ မယ်တော်မြတ်ရဲ့ အနန္တမေတ္တာကို လက်ခံရမှာဖြစ်ပါတယ်။ ၃ ရက်တာအတွင်း လမ်းညွှန်တဲ့အတိုင်း လိုက်နာ ဆောင်ရွက်မဲ့သူအားလုံးဟာ စကြ၀ဠာရဲ့ အနန္တစွမ်းအားပိုင်ရှင်ဖြစ်တော်မူတဲ့ မဟာရှက်သီး ဒူရ်ဂါမယ်တော်မြတ်ရဲ့ အကာအကွယ် မေတ္တာတရားကြောင့် အခက်အခဲ၊ ဘေးအန္တရာယ် အပေါင်းကို ကျော်လွှားအောင်နိုင်ကာ အောင်မြင်ခြင်း၊ ပြည့်စုံကြွယ်၀ခြင်းနှင့် သုခ၊ မင်္ဂလာတို့ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Zoom Session သို့မဟုတ် Live Session ဖြင့်လည်း Meditation Session ကို နောက်ဆုံးည အောက်တိုဘာလ ၂၀ ရက်နေ့ညတွင် ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ အဓိကအနေဖြင့် သက်သတ်လွတ်စားရန် (မစားနိုင်ပါက အဓိက ခြေလေးချောင်း၊ အရက်သေစာအစရှိသော အရာများကို ရှောင်ရှားရန်) လိုအပ်ပါတယ်။ မယ်တော့်မေတ္တာကို စုပေါင်း ခံယူမှာဖြစ်တဲ့အတွက် အမှန်တကယ် ယုံကြည်သက်၀င်လုပ်ဆောင်မည့်သူများသာ ပါ၀င်ရန်အထူးအရေးကြီးပါတယ်။ ပါ၀င်လိုသူများအနေဖြင့် Comment တွင် ဖော်ပြထားသော Facebook Group သို့ Join ထားရန်လိုအပ်ပါတယ်။ #HRK
114
6
ယနေ့ဟာ သျှာရ်ဒီယ န၀ရာသ်ရီး ခေါ် မဟာန၀ရာသ်ရီးရဲ့ တတိယနေ့မြတ်ဖြစ်ပါတယ်။ ယနေ့တွင် ပူဇော်ရန် မယ်တော်မြတ်ဟာ ကျန္ဒြဂန္တာရူပတော်ပဲဖြ
ယနေ့ဟာ သျှာရ်ဒီယ န၀ရာသ်ရီး ခေါ် မဟာန၀ရာသ်ရီးရဲ့ တတိယနေ့မြတ်ဖြစ်ပါတယ်။ ယနေ့တွင် ပူဇော်ရန် မယ်တော်မြတ်ဟာ ကျန္ဒြဂန္တာရူပတော်ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်မှာ ဦးခေါင်းထက်တွင် လခြမ်းကို ပန်ဆင်ကာ ခေါင်းလောင်းတီး၍မကောင်းမှုအား ပယ်ဖျက်သူပဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ဘုရားပူဂျားများတွင် အသုံးပြုတဲ့ ခရုသင်း၊ ခေါင်းလောင်း၊ ဒမရုစည်၊ ဗုံ အစရှိသော အသံများဟာ မကောင်းသောစွမ်းအားများ အသူရာများကို နှင်ထုတ်ဖယ်ရှားနိုင်ပါတယ်။ ထို့အတွက် ယနေ့ညမြတ်မှာ မယ်တော်ကို ပူဇော်ရင်း ခေါင်းလောင်းတီး၍ ပူဇော်ရန်အထူးလိုအပ်ပါတယ်။ #HRK
115
7
စကြ၀ဠာ၏ ပင်မစွမ်းအားဖြစ်တော်မူသော၊ လောကခပ်သိမ်း၏ မိခင်ဖြစ်တော်မူသော၊ လောက၏ အမှောင်ထုကို ဖျက်သုဉ်း၍ ဓမ္မတရားကို ဖြစ်ထွန်းစေသော
စကြ၀ဠာ၏ ပင်မစွမ်းအားဖြစ်တော်မူသော၊ လောကခပ်သိမ်း၏ မိခင်ဖြစ်တော်မူသော၊ လောက၏ အမှောင်ထုကို ဖျက်သုဉ်း၍ ဓမ္မတရားကို ဖြစ်ထွန်းစေသော အာဒိရှက်သီး ဘဗာနီး ဒူရ်ဂါမယ်တော်အား ပူဇော်သော န၀ရာသ်ရီးပူဇော်ပွဲဟာ ယနေ့စတင်ပါပြီ။ #HRK
164
8
لا يوجد نص...
163
9
မဟာန၀ရာသ်ရီးကာလ၌ မယ်တော်ဒုရ်ဂါ၏ ရူပတော် (၉) ပါးအား ပူဇော်နည်း။ တစ်နှစ်ပတ်လုံးတွင် န၀ရာသ်ရီး (၄) ကြိမ်ရှိသည့်အနက် သျှာရ်ဒီယန၀ရာသ်ရီးသည် လူသိအများဆုံး မယ်တော်ပူဇော်ပွဲဖြစ်ပြီး များသောအားဖြင့် န၀ဒုရ်ဂါ ရူပတော် (၉) ပါးကို ပူဇော်ကြပါသည်။ မယ်တော်ဒုရ်ဂါ၏ ရူပတော် (၉) ပါးသည် မယ်တော်ပါရ်ဗသီး၏ ဘ၀ဖြစ်စဉ် ၉ ဆင့်ကို ရည်ညွှန်းပြီး လူသားတို့အား လမ်းညွှန်ပြ‌သသော သင်ခန်းစာများနှင့် ဓမ္မတရားများကို ဖော်ညွှန်းသော အသွင် (၉) ပါးလည်းဖြစ်ပါသည်။ ထို (၉) ပါး၏ အမည်နာမတော်များမှာ ၁) ရှဲလ်ပွသ်ရီး ၂) ဗရဟ်မာကျာရိဏီး ၃) ကျန္ဒြဂန္တာ ၄) ကုရှ်မန်ဒါ ၅) စကန္ဒမာသား ၆) ကာသ်ယာယနီး ၇) ကာလ်ရာသ်ရီး ၈) မဟာဂေါ်ရီ ၉) စစ္ဒိဓါသ်ရီး တို့ဖြစ်ကြပါသည်။ မယ်တော်ကိုးပါး၏သမိုင်းကြောင်းနှင့် မန္တြအသေးစိတ်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/15uYX32Rkd/ န၀ရာသ်ရီး ပထမဆုံးရက် မနက်အစောပိုင်းတွင် ဆံကလ်ပ် ခေါ် သစ္စာပြုရပါမည်။ ဆံကလ်ပ်ယူရနိ အလွယ်ကူဆုံးနည်းလမ်းမှာ နံနက်နေထွက်ချိန် အစောပိုင်းတွင် အိပ်ရာမှထ၍ ကျွန်ုပ် မည်သူမည်ဝါသည် ဤန၀ရာသ်ရီးတွင် ဥပုသ်စောင့်တည်ကာ မားဒုရ်ဂါအား ပူဇော်ပါမည်။ ထို့အတွက် မိမိအား ဘ၀တစ်လျှောက်တွင် မားဒုရ်ဂါသည် အမေမိခင်တစ်ယောက်အနေဖြင့် မှန်ကန်သင့်တော်ရာကို လမ်းညွှန်ပြသ၍ မေတ္တာ၊ ကရုဏာတို့ဖြင့် သား/သမီးအား အကာအကွယ်ပြု ကောင်းချီးပေးတော်မူပါ။ စသဖြင့်ဖြစ်ပါသည်။ ထို့နောက် မငြိမ်းမီးထွန်းရန်အချိန်တွင် ဆီမီးထွန်း၍ အောက်ပါ မန္တြကို ရွတ်ဖတ် ပုတီးစိပ်ပါ။ ပုတီးမစိပ်ခင် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် မယ်တော်မြတ်အား အာရုံပြု၍ တရားရှုမှတ်ရပါမည်။ https://youtu.be/Ln0uksYdzLk?si=mYwNeTzm81FzBuEM ဤမန္တြအား ကိုးရက်တိတိ မိမိနိုင်သလို ရွတ်ဖတ် ပုတီးစိပ်ကာ ပူဇော်နိုင်ပါသည်။ ဥပုသ်ယူနည်းနှင့် ပူဇော်ရန်အသေးစိတ်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1C8pe1zKuz/ ထိုနောက် ညတိုင်းတွင် အာရ်သီးပူဇော်ရပါမည်။ https://youtu.be/Iyki_pDrOUM?si=WBK0ZWSlrJFrBKyj ညတိုင်းတွင် တစ်ညဆီ မယ်တော်ကိုးပါး၏ ရူပတော်များကို အာရုံပြုကာ ပူဇော်ရမည်ဖြစ်ပါသည်။ သျှသ်ျှထိ သိထိသည် ၂ ရက်ကျရောက်၍ ကတျာယနီးမယ်တော်အား နှစ်ညပူဇော်ရပါမည်။ အောက်ပါ မန္တြတို့ဖြင့်လည်း အာရုံပြုတရားရှုမှတ်နိုင်ပါသည်။ https://youtube.com/playlist?list=PLOR73wNpDRDe7zrXa_jN6JUXg4J-QsKqE&si=ghrNZT8pVGvtRr8Z ဤနည်းလမ်းဟာ လူတိုင်းပြုလုပ်နိုင်သော အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ အကာအကွယ်ယူလိုသူများသည်လည်း ဤ Devi Kavach ကို နေ့စဉ် နားထောင်ပူဇော်နိုင်ပါသည်။ https://youtu.be/MWK9-Ztl5j8?si=yzbmvAuzU8qEfp6T တခြားသောနည်းလမ်းများဖြစ်သည့် Devi Kavach Argala Stotram Kilaka Stotram Ratri Suktam Durga Suktam Navakshri Mantra Durga Saptashloki Durga Saptashati Siddha Kunjika Stotram Devi Suktam Durga Dwatrimsha Namavali Durga Chalisa Bhavani Ashtakam Apradha Kshamapana Stotram အစရှိသည်တို့ကို ရွတ်ဖတ် ပူဇော်နည်းများလည်း ရှိသည်ဖြစ်ပြီး ထိုနည်းလမ်းများဟာ ကျွမ်းကျင်သူများသာ ပြုလုပ်သင့်သော Sadhana နည်းလမ်းများဖြစ်ပါသည်။ န၀ရာသ်ရီးတွင် အဓိကပူဂျားပြုလုပ်ရန်မှာ နောက်ဆုံး ၃ ရက် Saptami, Ashtami နှင့် Navami တို့ဖြစ်ပါသည်။ ထိုသုံးရက်တွင် ဥပုသ်စောင့်တည်သင့်ပြီး ဥပုသ်ယူနည်းများမှာ ကြက်သွန်ဖြူ၊ နီ၊ အသား၊ ငါးတို့ကို ရှောင်ရှား၍ ၁) ရေပင်မသောက်ဘဲ နိရ်ဂျလားဥပုသ်ယူခြင်း။ ၂) သစ်သီး၊ နွားနို့တို့ကိုသာ သင့်တင့်မျှတစွာ သုံးဆောင်၍ ဥပုသ်ယူခြင်း။ ၃) တစ်နေ့တာတွင် သက်သတ်လွတ် ထမင်းဟင်း တစ်နှပ်သာစား၍ ဥပုသ်ယူခြင်း တို့ဖြစ်ပါသည်။ ထို့နောက် မငြိမ်းမီးပူဇော်ခြင်း၊ ညစဉ် ဆီမီးပူဇော်ခြင်းနှင့် ညစဉ် ဘုရား၀တ်ပြုခြင်းတို့ကို ပြုလုပ်ရပါမည်။ န၀ရာသ်ရီးကာလတွင် ညအချိန်ဟာ အစွမ်းအထက်ဆုံးဖြစ်သောကြောင့် ညကာလတွင် ပုတီးစိပ်ခြင်း၊ တရားမှတ်ခြင်းတို့ကို အထူးပြုလုပ်သင့်ပါသည်။ #HRK
163
10
لا يوجد نص...
115
11
ကျွန်တော်တို့ HRK Team ကနေ အိန္ဒိယနိုင်ငံ Tamil Nadu ဘက်ကို ဘာသာရေးခရီးစဉ် Tirth Yatra သွားတဲ့အခါမှာ အလွန်အဆင်ပြေတဲ့ Tour Company တစ်ခုကို ပြောပြပေးချင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဘုရားဖူးသွားလိုတဲ့သူတွေ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်ရန်ဖြစ်ပါတယ်။ ကျွန်တော်တို့ Team မှ ဆရာ ကိုကောင်းခန့်နိုင်ဟာ M Travel နဲ့အတူ အိန္ဒိယနိုင်ငံ Tamil Nadu ဘက်ရှိ Chennai, Kanchipuram, Thanjavur, Kumbhakoanam, Tiruvannamalai, Chidambaram, Trichy ဘက်ကို ဘုရားဖူးခရီးစဉ် သွားရောက်ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး အစစအရာရာ တကယ်ကို အဆင်ပြေပြေနဲ့ စိတ်ချမ်းသာခဲ့ရပါတယ်။ ဘာသာရေးခရီးစဉ်ဖြစ်တဲ့အတွက် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ဖို့က အဓိကပါပဲ။ M Travel ဘက်က စီစဉ်ပေးတဲ့ ဟိုတယ်တွေဆိုရင်လည်း သန့်ရှင်းသပ်ရပ်ပြီး အနားယူရတာ အဆင်ပြေတဲ့အပြင် ခရီးစဉ်ရေးဆွဲထားပုံကလည်း စိတ်အေးလက်အေး ဖူးမြော်လေ့လာနိုင်အောင် သေချာဂရုတစိုက် လုပ်ပေးထားပါတယ်။ Service ပိုင်းမှာဆိုရင်လည်း လိုလေသေးမရှိ အသေးစိတ်ကအစ လိုက်လျောညီထွေ စီစဉ်ပေးလို့ အတော်အဆင်ပြေခဲ့ပါတယ်။ အဲ့အတွက် အိန္ဒိယခရီးစဉ်တွေ ဒါမှမဟုတ် ဘာသာရေးခရီးစဉ်တွေ သွားဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အစစအရာရာ စိတ်ချလက်ချ အပ်နှံလို့ရတဲ့ M Travel ကို ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။ M Travel သို့ ဆက်သွယ်နိုင်ရန်။ https://www.facebook.com/share/1AqiKaLA2s/ — ကိုကောင်းခန့်နိုင် #HRK
122
12
لا يوجد نص...
153
13
မဟာန၀ရာသ်ရီး မယ်တော် ဘုရားပွဲပူဇော်ပွဲအလှူ။ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ဇီးကုန်းမြို့ မယ်တော်ဘုရားကျောင်းတွင် န၀ရာသ်ရီးပူဇော်ကျင်းပရန်အတွက် အလှူရှင်များလိုအပ်လျက်ရှိပါတယ်။ သို့အတွက် မဟာန၀ရာသ်ရီး ပင်မမယ်တော်ပူဇော်ပွဲအတွက် နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ ပန်း၊ ဆီမီး၊ ဆာရီ ၁ ရက်လျှင် - ၃ သိန်းကျပ် ။ ပူဇော်ပွဲ သီးသန့် (နေ့စဉ်) - ၅ သောင်းကျပ်။ မီးဟုမ်း (ပထမရက်နှင့် နောက်ဆုံးရက်) - ၇ သိန်းခွဲကျပ်။ ဘုရားတင်မည့်ဆွမ်း၊ သစ်သီး ၁ ရက်လျှင် - ၁ သိန်းကျပ် ။ နောက်ဆုံး အောင်ပွဲနေ့မြတ် စတုဒိသာအတွက် - ၁၅ သိန်းကျပ်။ မုန့်ချိုစတုဒိသာ - ၃ သိန်းကျပ်။ ဒံပေါက် စတုဒိသာတစ်ဦးစာလ - ၅ ထောင်ကျပ်။ *အထူးအလှူ* *ဘုရားကျောင်း စတီးလှေကား - ၈ သိန်းကျပ်။ * မယ်တော့် ဘယက် - ၁၀ သိန်းကျပ်။ အထက်ပါအလှူများအတွက် လှူဒါန်းနိုင်သလို နည်းများမဆိုလည်း ပါ၀င်လှူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing
162
14
لا يوجد نص...
155
15
ပန်း - တရုတ်စကားပန်း။ ၂) ဤနေ့တွင်ပင် မဟာန၀မီးပူဂျား ပြုလုပ်ရမည်။ ၃) န၀ရာသ်ရီး န၀မီး မီးဟုမ်းပူဇော်ရန်အချိန်မြတ်မှာ နံနက် ၁၁ နာရီ ၅၁ မိနစ်မှ ညနေ ၅ နာရီ ၄၂ မိနစ်အတိ ကြာချိန် ၅ နာရီ ၅၀ မိနစ်တိတိဖြစ်သည်။ ၄) န၀ရာသ်ရီးဥပုသ်ဖြေရန်နေ့။ အောက်တိုဘာလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်နောက်ပိုင်းတွင် ဥပုသ်ထွက်နိုင်ပြီဖြစ်သည်။ ၅) ဒူရ်ဂါ ဗီဆာဂျန်း ရေချပွဲ။ ရေမျှော ပူဇော်ရန် အချိန်ကောင်းမှာ နေ့လယ် ၁ နာရီ ၅၀ မိနစ်မှ နေ့လယ် ၃ နာရီ ၂၁ မိနစ်အထိဖြစ်ပြီး ကြာချိန်မှာ ၁ နာရီ ၃၁ မိနစ်ဖြစ်သည်။ ၆) ဗီဂျဲယား ဒက်ရှမီး။ အချိန်မြတ် - နေ့လယ် ၁ နာရီ ၄၇ မိနစ်မှ ၂ နာရီ ၃၄မိနစ်။ ကြာချိန် - ၄၇ မိနစ်။ ၇) အာယုဓ် ပူဂျားခေါ် မယ်တော်မြတ်၏ လက်နက်တော်မျာအားပူဇော်ရန် အချိန်ကောင်းမှာ နေ့လယ် ၁ နာရီ ၄‌၇ မိနစ်မှ ၂ နာရီ ၃၄ မိနစ်အထိ ၄၇ မိနစ်တိတိဖြစ်သည်။ ဤနေ့တွင် မယ်တော်ဘုရားရွှံ့ရုပ်ပွားတော်ကို ဘုရားကျောင်းများမှ ရေမျှောသလို န၀ရာသ်ရီးကာလ၌ ပြုလုပ်ခဲ့သော ကလက်ရှ်အိုးမြတ်နှင့် ရေမျှောရန်လိုအပ်သော ပစ္စည်းတို့ကို ရေမျှောရမည်ဖြစ်သည်။ ဆိတ်ဖလူးပန်း၊ အောင်မဲညိုပန်း၊ နှင်းဆီပန်းစသော ရနံ့သင်းပျံ့သောပန်းမျိုးစုံ လှူဒါန်းနိုင်သည်။ သန့်ရှင်းသောနေရာ၌ ပေါက်သောပန်း အဆင်းရှိသောပန်း၊ အငုံ အဖူးမဟုတ်သော ပန်းပွင့်တို့ကို လှူဒါန်းရပါမည်။ ပန်း ၁၀၈ ပွင့် ကပ်လှူနိုင်ပါက ပို၍ကောင်းပါသည်။ ဥသျှစ်ရွက်နှင့် တမာရွက်အဓိက လှူရပါမည်။ အခြားသော အသုံးအဆောင်များဖြစ်သော ဆင်ဒူးရ်၊ ပြာ၊ အဘီးလ် စတာတွေ ကပ်လှူရပါမည်။ - န၀ရာသ်ရီး ဥပုသ်ယူနည်း။ န၀ရာသ်ရီး ဥပုသ် ၁ ရက်ဟာ မနက် ၄ နာရီမှ နောက်နေ့မနက် ၄ နာရီနေထွက်ချိန်ထိအကျုံးဝင်သည်။ ၉ ရက်ဆက်တိုက် ဥပုသ်စောင့်သူများသည် နေ့လယ် ၁၂ နာရီကျော်မှသာထမင်း ၁ နပ်စားရမည်။ ၉ ရက်အပြည့်မစောင့်သူများ ဥပုသ်စောင့်သည့်နေ့တွင် ထမင်းမစားဘဲ နေ့လယ်အခါမှ အသီးများ အချိုပွဲများသာ စားရမည်။ ဥပုသ်စောင့်တည်နည်းသည် အမျိုးမျိုးရှိသည်။ ၉ ရက် ဥပုသ်စောင့်သူများ ထမင်းစားရာတွင်လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းသီး၊ ပဲနီလေးတို့ကို မစားရပါ။ ဖြစ်နိုင်လျှင် အိမ်သုံးဆားအစား သိန္နောဆားကို သုံးပါ။ ထိုသို့ ထမင်းစားချိန်တွင်လည်း ထိုင်ရာမှမထတမ်းစားရမည်။ ထမိပြီဆိုပါကပြန်ထိုင်စားလို့မရတော့ပါ။ ဥပုသ်စည်းမျဉ်းများ။ လိုက်နာပြုလုပ်ရန် အချက်များ။ ၁) ဗြဟ္မစရိယအကျင့်ကို စောင့်ထိန်းပါ။ န၀ရာသ်ရီးကာလမှာ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ခြင်း၊ မိမိ၏ဖြစ်တည်မှုကို သုံးသပ်ခြင်း၊ သီလသိက္ခာစောင့်ထိန်းခြင်း စသော လောကုတ္တရာရေးရာများ တိုးတက်အောင် ကြိုးပမ်းပါ။ ၂) မနက်စောစောထပါ။ နေမထွက်ခင် ၂ နာရီအလိုထပါ။ ရေချိုးသန့်စင်ပြီး သန့်ရှင်းသော အ၀တ်ကို၀တ်ပါ။ ၃) စိတ်အာရုံစုစည်းမှုအား ကောင်းမွန်ရန် တရားရှုမှတ်ပါ။ ခိုင်မာသော သန္နိဋ္ဌာန်ချပြီး သစ္စာပြုပါ။ ၄) မယ်တော်မြတ်နှင့် သက်ဆိုင်သော မန္တရားများ၊ ကျန္ဒီးပါ့ထ် စတာတွေကို ပူဇော်ပွဲ ၉ ရက်လုံးမှာ ရွတ်ဖတ်ပါ။ ၅) ဥပုသ် စောင့်ထိန်းပါ။ လိုအပ်ရင် လိုအပ်သလို နွားနို့ သစ်သီးတို့ကို သုံးဆောင်နိုင်ပါတယ်။ ၆) ကိုးရက်လုံးမှာ မယ်တော် ၉ ပါးလုံးကို ပူဇော်ပါ။ ရှောင်ကြဉ်ရန် အချက်များ။ ၁) အမျိုးသမီးတိုင်းကို လေးစားပါ။ မစော်ကားပါနှင့်။ ၂) အရက်၊ ဆေးလိပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အသားငါး ရှောင်ရှားပါ။ ၃) အမည်းရောင် အ၀တ်အစား၊ သားရေ ဖိနပ် နှင့် ခါးပတ်အား မ၀တ်ရ။ ၄) ၉ ရက်အတွင်း ဆံပင် အမွှေးရိတ်ခြင်း၊ လက်သည်းညှပ်ခြင်း မပြုရ။ ၅) အခြားသူကို ထိခိုက်စေမည့် စကားဆိုခြင်း၊ အလုပ်လုပ်ခြင်းကို ရှောင်ရှားပါ။ တစ်နေကုန် မယ်တော်ဘုရား၏ ဂုဏ်တော်များကို နှလုံးသွင်းပြီး "ဒူရ်ဂါမာသားယဲ နမဟ်" သို့မဟုတ် "ဂျဲ မာသားဒီ" ဟူ၍အနုဿတိပွားများပါ။ #HRK
153
16
အရောင် - အနီရောင်။ အနီရောင်သည် ချစ်ခြင်းမေတ္တာ နှင့် ရဲရင့်ခြင်းကို ဂုဏ်ဖော်သည်။ မိမိ၏ ဘ၀တွင် ရဲစွမ်းသတ္တိခွန်အား၊ သစ္စာနှင့် အလှတရားကို ဆောင်ကြဉ်းပေးနိုင်သည်။ ☞︎︎︎ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့) ကုရှ်မန်ဒါမယ်တော် ပူဂျား။ ကုရှ်မန်ဒါမယ်တော်သည် နေမင်း၏ အလင်းရောင်ဖြစ်ပြီး သက်ရှိသတ္တဝါအပေါင်းအား စွမ်းအင်ပေးသနားသော အသွင်ဖြစ်သည်။ ကပ်လှူရန်များ - ဂျုံ မုန့်ဆီကြော်။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား ကောင်းသောအသိဉာဏ်ပညာ၊ ကောင်းသော ဆုံးဖြတ်ချက်ချနိုင်ရန် အထောက်အပံ့ပေးသလို ရောဂါဘေးဘယ အပေါင်းမှ ကင်းဝေးစေသည်။ ပန်း - စံပယ်ပန်း။ အရောင် - အပြာရင့်ရောင် အပြာရင့်ရောင်သည် ဇွဲ၊ လုံ့လ၊ ကျက်သရေကို ရည်ညွှန်းသည်။ ☞︎︎︎ အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆ (ကြာသပတေးနေ့) စကန္ဒမာသားမယ်တော် ပူဂျား။ စကန္ဒမာသားသည် စကန္ဒာ ခ) ကာသီကေးယ် ၏ မိခင်အသွင်မြတ်ဖြစ်သည်။ ကပ်လှူရန်များ - ငှက်ပျောသီး။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား လိုအင်ဆန္ဒအပေါင်း ပြည့်၀စေပြီး ခွန်အားဗလတိုးပွားစေသည်။ ပန်း - အဝါရောင်နှင်းဆီပန်း။ အရောင် - အဝါရောင်။ အဝါရောင်သည် လူ့ဘ၀မှာ ပျော်ရွှင် ကောင်းမွန်မှုတွေ ရရှိစေခြင်းကို ထင်ဟပ်စေသလို နွေးထွေး ငြိမ်းချမ်းမှုကိုလည်း ကိုယ်စားပြုသည်။ ☞︎︎︎ အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၆ (သောကြာနေ့) ကတျာယနီးမယ်တော် ပူဂျား။ ကတျာယနီးမယ်တော်သည် မဟေးရှစူးရ်ကို သုတ်သင်ရန် ယူခဲ့သောရူပတော်ဖြစ်သည်။ ကပ်လှူရန်များ - ပျားရည်။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား သာလွန်ကောင်းမွန်၍ အများက နှစ်သက်ကြည်ညိုသော အဆင်းနှင့် အချင်းကို ပိုင်ဆိုင်စေနိုင်သည်။ ပန်း - လိမ္မော်ရောင် (သို့) အဝါရောင် ရှိသောထပ်တစ်ရာပန်း။ အရောင် - အစိမ်းရောင်။ အစိမ်းရောင်သည် ရင့်ကျက်ခြင်း၊ အပြုသဘောနှင့် ငြိမ်သက်တည်ငြိမ်ခြင်းကို ကိုယ်စားပြုသည်။ မိမိ၏ ဘ၀တွင် သောကဝေဒနာအပေါင်း ပပျောက်စေရန် ရည်ညွှန်းသော အရောင်ဖြစ်သည်။ ဆရဆွသီးမယ်တော် ပင့်ဖိတ်ပူဂျား။ ဤနေ့တွင် အနုပညာ၊ အပြောအဆိုနှင့် ပညာအားအစိုးရသော ဆရဆွသီးမယ်တော်အား ပင့်ဖိတ်ပူဇော်ရမည်ဖြစ်သည်။ မူလ နက္ခတ်အရ ပူဇော်ရန်အချိန်မြတ်မှာ ညနေ ၃ နာရီ ၂၂ မိနစ်မှ ညနေ ၅ နာရီ ၄၃ မိနစ်အထိ ကြာချိန် ၂ နာရီ ၂၁ မိနစ်တိတိဖြစ်သည်။ ☞︎︎︎ အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၆ (စနေနေ့) ၁) ယနေ့တွင်လည်း သျှသ်ျှထိ သိထိကျရောက်သည်။ အရောင် - မီးခိုးရောင် မီးခိုးရောင်ဟာ စိတ် နဲ့ စိတ်ခံစားချက်ကို မျှတစေခြင်း သဘောကို ဆောင်သည်။ နှိမ့်ချခြင်း နှင့် ကောင်းမွန်သော ပြောင်းလဲမှုကို ရည်ညွှန်းသည်။ ၂) ယနေ့တွင်ပင် ဆရဆွသီး ပူဂျားပြုလုပ်ရမည်ဖြစ်သည်။ အချိန်ကောင်းမှာ ညနေ ၃ နာရီ ၂၂ မိနစ်မှ ညနေ ၅ နာရီ ၄၃ မိနစ်အထိ ကြာချိန် ၂ နာရီ ၂၁ မိနစ်ဖြစ်သည်။ ☞︎︎︎ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့) ၁) ကာလ်ရာသ်ရီးမယ်တော် ပူဂျား။ ညမိုက်ကဲ့သို့ မှောင်မိုက်သော အသားအရေရှိသောကြောင့် ကာလ်ရာသ်ရီးမယ်တော်ဟုခေါ်သည်။ ကပ်လှူရန်များ - ကြံသကာ။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား အမှောင်ပယောဂအပေါင်းနှင့် ကိုက်ခဲနာကျင်မှုအပေါင်းမှ ကင်းဝေးစေနိုင်သည်။ ပန်း - စူကာပန်း သို့မဟုတ် အပြာရောင်ကြာပန်း (မရလျှင် အပြာရောင်ပန်း) အရောင် - ခရမ်းရောင်။ ခရမ်းရောင်သည် ငြိမ်းချမ်းမှုနှင့် ဂုဏ်သိက္ခာကြီးမားခြင်းကို ကိုယ်စားပြုသည်။ မိမိ၏ ဘ၀တွင် ကောင်းသော ဂုဏ်သင်းနံ့ နှင့် ကြွယ်၀ချမ်းသာမှုရရှိစေရန် အကူအညီပေးသည်။ ☞︎︎︎ အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆ (တနင်္လာနေ့) ၁) မဟာဂေါ်ရီမယ်တော်ပူဂျား။ အလွန်ချောမောလှပပြီး အသားအရေ တောက်ပဖြူဖွေးသောကြောင့် မဟာဂေါ်ရီမယ်တော်ဟုခေါ်သည်။ ကပ်လှူရန်များ - အုန်းသီး။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား ဆောင်ရွက်သမျှ ကိစ္စတိုင်းတွင် အောင်မြင်စေသလို မိခင်ဖြစ်ချင်သောသူများအတွက်လည်း သားသမီးဆုထူးကို ရရှိစေနိုင်သည်။ ပန်း - အိုးပုတ်စံပယ်ပန်း။ အရောင် - ဒေါင်းစိမ်းရောင်။ ဒေါင်းစိမ်းရောင်သည် အတုမရှိခြင်းနှင့် သီခြားရပ်တည်ဖြစ်တည်ခြင်းကို ရည်ညွှန်းသည်။ ၂) မဟာ ဒူရ်ဂါအရှ်တမီးပူဂျား။ မဟာအရှ်တမီးပူဂျားနေ့တွင် ကြာပန်းများ ၁၀၈ ပွင့် မရလျှင် နှင်းဆီအနီ ၁၀၈ပွင့် သို့မဟုတ် နှင်းဆီအနီမရပါက စံပယ်ပန်း ၁၀၈ပွင့်လှူရပါမည်။ အရှ်တမီးနေ့မှာ မာသားထံ မတူညီသည့် အသီး ၉ မျိုး၊ စာကောင်းသောက်ဖွယ်ဆွမ်း ၉ မျိုး စသောခဲဖွယ်များကပ်လှူရမည်။ အလားတူ ဥသျှစ်ရွက် ၁၀၈ ရွက်၊ ဆီမီး ၁၀၈ ခွက် (မရှိပါ ဆီမီးခွက်ထဲ ၁၀၈ခု မီးစာနဲ့ထွန်းပါ) စတာတွေနဲ့ ပူဇော်ရပါမည်။ ၃) ဤနေ့မြတ်တွင် ကျာမွန္ဒာမယ်တော်အား ပူဇော်ရန် ဆန်ဒီးဟ်ပူဂျားအချိန်မြတ်သည် မနက် ၁၁ နာရီ ၂၇ မိနစ်မှ စတင်၍ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အထိဖြစ်သည်။ ကြာချိန်မှာ ၄၈ မိနစ်ဖြစ်သည်။ ☞︎︎︎ အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆ (အင်္ဂါနေ့) ၁) စစ္ဒိဓါးတြီမယ်တော် ပူဂျား။ စစ္ဒိဓါးတြီမယ်တော်သည် စကြ၀ဠာအစက ရုဒြာ ခေါ် မဟာဒေ့ဗ်ဘုရားရှင်၏ ပူဇော်မှုကြောင့် ဖြစ်ထွန်းလာသော အာဒီရှက္တိ၏ မူလပကတိ မဟာလက်ရှ်မီးရူပတော်ဖြစ်သည်။ ကပ်လှူရန်များ - ကောက်ပဲသီးနှံများ။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့၏ မရဏတရားအား ကြောက်ရွံ့သော စိတ်ကို ပပျောက်စေသလို မတော်မဆသေဆုံးမှုရန်မှ ကင်ဝေးစေနိုင်သည်။
130
17
သျှာရ်ဒီယ န၀ရာသ်ရီးကာလမြတ်အား ကြေညာခြင်း။ သျှာရ်ဒီယ န၀ရာသ်ရီး ခ) မဟာ န၀ရာသ်ရီးသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၁) ရက် တနင်္ဂနွေနေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၀) ရက် အင်္ဂါနေ့အထိ ကျရောက်မှာဖြစ်သည်။ ဤပို့စ်တွင် ပူဇော်ပွဲ စတင်ရန် အချိန်ကောင်းများ၊ ကပ်လှူရန် စားဖွယ်၊ ကပ်လှူရန် ပန်းနှင့် အရောင်၊ အရောင်တို့၏ အဓိပ္ပာယ်များ၊ လိုက်နာစောင့်ထိန်းရန်နှင့် ဥပုသ်အကြောင်းများကို ဖော်ပြထားပါသည်။ ယခုနှစ်တွင် မယ်တော်မြတ်သည် ဆင်စီး၍ လူ့လောကသို့ဆင်းသက်ကာ မြင်းကိုစီးလျက် ပြန်လည်ကြွချီမည်ဖြစ်သည်။ မင်္ဂလာတရားကို ကိုယ်စားပြုသော ဆင်ကိုစီးခြင်းသည် ဆန်ရေစပါး ပေါကြွယ်၀ခြင်းနှင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာကို သယ်ဆောင်လာမည့်နိမိတ်ဖြစ်သည်။ မြင်းကို စီး၍ ပြန်လည်ထွက်ခွာခြင်းသည် လာမည့်နှစ်မှစ၍ မတည်ငြိမ်မှု၊ အရှိန်အဟုန်နှင့် ပြောင်းလဲခြင်းတို့ရဲ့ နိမိတ်လက္ခဏာဖြစ်သည်။ နေ့ ၉ နေ့အတွက် အရောင် ၉ ရောင်မှာ လိမ္မော်ရောင်၊ အဖြူရောင်၊ အနီရောင်၊ အပြာရင့်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်၊ ခရမ်းရောင်၊ ဒေါင်းစိမ်းရောင်တို့ ဖြစ်ပါသည်။ န၀ရာသ်ရီးဟာ မယ်တော်မြတ် ဒူရ်ဂါ လူလောကသို့ (၉) ည (၁၀) ရက်တိတိ ကြွရောက် အပူဇော်ခံသော အမျိုးသမီးစွမ်းအားကို ရည်ညွှန်းသော ဘုရားပွဲတော်ဖြစ်ပြီး သာ၀က သားသမီးများအနေဖြင့် မယ်တော်မြတ်၏ မေတ္တာ၊ အကာအကွယ်၊ ကောင်းချီးမင်္ဂလာတို့ကို ရယူကြသော ဘုရားပွဲဖြစ်ပါသည်။ ဤ ၉ ညတာ ကာလတွင် မယ်တော်မြတ်အား ပူဇော်ခြင်းဖြင့် မိမိတို့ပေါ် သက်ရောက်သော ဂြိုဟ် (၉) ပါးအား ထိန်းညှိနိုင်သလို မိမိတို့ ခန္ဓာတွင်ရှိသော ချက္ကရာ (၇) ခုအား ထိန်းညှိနိုင်ပါသည်။ ဆယ်ရက်မြောက် ဒက်ရှမိနေ့သည် ဒုရ်ဂါမယ်တော်လက်ချက်ဖြင့် အသူရာ မဟေးရှစူးရ် သေဆုံးသောနေ့ဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်ရှရီရားမ်၏ လက်ချက်ဖြင့် အသူရာရာ၀ဏ သေဆုံးသောနေ့ဖြစ်သောကြောင့်လည်းကောင်း ဗီဂျဲယား ဒက်ရှမီးနေ့ ဟုခေါ်ဝေါ်သလို အဓမ္မမှုအပေါ် ဓမ္မ၊ အမှောင်ထုအပေါ် အလင်းက အနိုင်ရခြင်း၊ မကောင်းမှုအပေါ် ကောင်းမှုက အနိုင်ရခြင်းကြောင့် "ဒက်ဆ်ဟရာ" ဟုလည်း ခေါ်ဝေါ်သည်။ အလားတူ အမျိုးသမီး စွမ်းအားစု၏ ကြီးမြတ်မှုကိုပါ ဖော်ကျူးထားသော ပူဇော်ပွဲ ဖြစ်သည်။ ဤဆယ်ရက်တာကာလတွင် မယ်တော် ဒူရ်ဂါ၏ ရူပတော် ၉ မျိုးနှင့်တကွ ဂနေ့ရှ်ဂျီး၊ ကာသီကေးယ် (မူရူဂန်း)၊ ဆရဆွသီးမယ်တော်နှင့် လက်ရှ်မီးမယ်တော်တို့ကိုပါ တစ်ပါတည်း ပူဇော်လေ့ရှိသည်။ သက်သတ်လွတ်စားခြင်း၊ ဥပုသ်စောင့်တည်ခြင်းတို့ကို ပြုလုပ်သင့်သည်။ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းကိုလည်း ဆင်းရဲချို့တဲ့သူ ဗြဟ္မစရိယအကျင့် ကျင့်ကြံသော ပန်ဒစ် ၊ ပူဂျာရီ နှင့် ဆင်းရဲချို့တဲ့သူများကို ပြန်လည်လှူတန်းသင့်သည်။ ☞︎︎︎ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့) ၁) ကလက်ရှ်ပူဂျား။ ကလက်ရှ်အိုး စတင်ထားရန် အချိန်ကောင်းမှာ မနက် ၅ နာရီ ၅၇ မိနစ်မှ မနက် ၉ နာရီ ၅၄ မိနစ်အထိ ကြာချိန် ၃ နာရီ ၅၇ မိနစ်တိတိဖြစ်သည်။ မငြိမ်းမီး စတင်ထွန်းညှိရန် အချိန်မြတ်မှာ မနက် ၁၁ နာရီ ၂၈ မိနစ်မှ နေ့လယ် ၁၂ နာရီ ၁၆ မိနစ်အထိ ကြာချိန် ၄၇ မိနစ်တိတိဖြစ်သည်။ ၂) ရှဲလ်ပွသ်ရီးမယ်တော် ပူဂျား။ ရှဲလ်ပွသ်ရီးမယ်တော်သည် စက်သီးမယ်တော်အသွင် သေဆုံးပြီးနောက် ဟိမဗန်ရဲ့ သမီးတော်အဖြစ် မွေးဖွားသော အသွင်ဖြစ်သည်။ ရှဲလ် - တောင် ပွသ်ရီး - သမီးတော် တောင်တော်၏ သမီးတော်ဟု အဓိပ္ပါယ်ရသည်။ ကပ်လှူရန်များ - ဂီးရ် ထောပတ်။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား ကျန်းမာ အနာမဲ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါသည်။ ပန်း - ခေါင်ရန်းပန်း။ အရောင် - လိမ္မော်ရောင်။ လိမ္မော်ရောင်သည် တောက်ပထင်ရှားမှုကို ကိုယ်စားပြုသည်။ မိမ်ဘ၀တွင် ဒုက္ခလောကဓံများကို တည်ငြိမ်သောစိတ်ဖြင့် ဖြတ်ကျော်နိုင်ရန် အထောက်အကူပြုသည်။ ☞︎︎︎ အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၆ (တနင်္လာနေ့) ဗရဟ်မာကျာရိဏီမယ်တော် ပူဂျား။ ဗရဟ်မာကျာရိဏီအသွင်မြတ်သည် မယ်တော်၏ အိမ်ထောင်မကျခင် နှစ်ပေါင်းများစွာ တရားကျင့်ကြံခဲ့သောအသွင်ဖြစ်သည်။ ကပ်လှူရန်များ - သကြား၊ သကြားခဲ၊ နွားနို့၊ ဂီးရ် (ထောပတ်)၊ ဒိန်၊ သကြား၊ ပျားရည် ငါးမျိုးရောစပ်ထားသော ပန်ကျာမရိသ်ဖျော်ရည်။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့နှင့် မိမိ၏မိသားစုအား အသက်ရှည်ခြင်း အကျိုးကို ရရှိစေနိုင်ပါသည်။ ပန်း - ဂန္ဓမာပန်း။ အရောင် - အဖြူရောင်။ အဖြူရောင်သည် လူ့ဘ၀တွင် အလွန်အရေးပါသော ငြိမ်းချမ်းခြင်း နှင့် သဟဇာတဖြစ်ခြင်းကို ရည်ညွှန်းသည်။ မိမိ၏ ဘ၀တွင် ဖြူစင်သန့်ရှင်းမှု၊ လုံခြုံမှုကို ပေးသနားနိုင်သည်။ ☞︎︎︎ အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆ (အင်္ဂါနေ့) ကျန္ဒြဂန္တာမယ်တော် ပူဂျား။ ကျန္ဒြဂန္တာမယ်တော်သည် အိမ်ထောင်ကျပြီးနောက် လခြမ်းကို ဦးခေါင်းထက် ဆင်မြန်းရာမှ ဖြစ်ပေါ်လာသော အသွင်တစ်ပါးဖြစ်သည်။ ခေါင်းလောင်းသံတစ်ချက်တည်းဖြင့်ပင် အသူရာအားလုံးကို ရှင်းထုတ်နိုင်သော အသွင်ဖြစ်သည်။ ကပ်လှူရန်များ - နို့ ၊ ခီးရ် သို့ နို့ထမင်း။ ဤသို့ ကပ်လှူခြင်းဟာ သာ၀ကတို့အား ဒုက္ခ ဆင်းရဲအပေါင်းမှ ကင်းဝေးစေပြီး သုခ ချမ်းသာကိုသာ ရရှိစေနိုင်သည်။ ပန်း - ကြာပန်း။
138
18
Siddhi Vinayak ဘုရားကျောင်းမှ Siddhi Vinayak Karya Siddhi Maha Yantra နှင့် Kedarnath Badrinath ဘုရားကျောင်းမှ ရွှေဒင်္ဂါးတို
Siddhi Vinayak ဘုရားကျောင်းမှ Siddhi Vinayak Karya Siddhi Maha Yantra နှင့် Kedarnath Badrinath ဘုရားကျောင်းမှ ရွှေဒင်္ဂါးတို့ကိုလိုချင်သူများ မှာယူနိုင်ပါတယ်။ အဆောင် ၂ မျိုးလုံးကို သက်ဆိုင်ရာ Siddhi Vinayak ဘုရားကျောင်းနှင့် Kedarnath Badrinath ဘုရားကျောင်းတွေမှာ သိဒ္ဓိတင်ထားပြီးဖြစ်ပါတယ်။ တစ်ခုချင်းစီမှာယူလိုသူများဟာ တစ်ချပ်လျှင် ၃ သောင်းကျပ်ဖြင့်မှာယူနိုင်ပါတယ်။ ၂ ချပ်မှာယူလိုသူများက ၅ သောင်းကျပ်ဖြင့် ပင့်ဆောင်နိုင်ပါတယ်။
159
19
Rudraksh လက်ပတ် ကံထူးရှင် (၁၈) ဦး။ Rudraksh လက်ပတ် ကံစမ်းမဲတွင် ပါ၀င်ကံစမ်းခဲ့သူများ၏ Comment များကို ဖတ်ရှုပြီးနောက် ဟိန္ဒူဘ
Rudraksh လက်ပတ် ကံထူးရှင် (၁၈) ဦး။ Rudraksh လက်ပတ် ကံစမ်းမဲတွင် ပါ၀င်ကံစမ်းခဲ့သူများ၏ Comment များကို ဖတ်ရှုပြီးနောက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ ကံထူးရှင် (၁၈) ဦးတိတိ ရွေးချယ်ပေးခဲ့ပါတယ်။ ကံထူးသွားသူ (၁၈) ဦးလုံးရဲ့ Comment မှာ ဘုရားရှင်အပေါ်ထားရှိတဲ့ ယုံကြည်မှုကို ထင်ရှားစွာတွေ့ရတဲ့အတွက် တန်ဖိုးထား၀တ်ဆင်မည်ဟု ယုံကြည်ပါတယ်။ ကံထူးရှင်များမှာ - * Entt Bhone Kyaw * Phyo Theint Theint Aung * Ko Phoe Kyaw * Madev Rathi * MT Moe Thar * Francis Michael * Aye Sandar * Bhone Zen Khit - KiBo * Mi Shwe Thin * April Maung * Thiri Myint Hlaing * Chaw Thazin Soe * Saikokoyehtut Sai * May May Aung * Thidar San * Khaing Win Thu * Maw Maw Lynn * Sunny Nway ကံထူးရှင် (၁၈) ဦးကို Messenger မှတစ်ဆင့် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေးတွေ ပို့ပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။ ပါ၀င်ကံစမ်းသူ (၁) ဦး (၁) ယောက်တိုင်းလည်း အမြဲဘုရားရှင်ရဲ့ မေတ္တာကို ရရှိပါစေဟု တောင်းဆုပြုအပ်ပါတယ်။ Rudraksh လက်ပတ်အဆောင် ၀ယ်ယူလိုသူများဟာလည်း တစ်ကုံးလျှင် ၉ သောင်းကျပ်ဖြင့် ၀ယ်ယူနိုင်ပါတယ်။ #HRK
166
20
အခက်အခဲ ဒုက္ခအပေါင်းကို ဖယ်ရှားပေးပြီး သိဒ္ဓိဓာတ်အပေါင်းအား ပေးသနားတော်မူသော Siddhi Vinayak Ganesh ဘုရား ရုပ်ပွားတော် 🌺 Mumb
အခက်အခဲ ဒုက္ခအပေါင်းကို ဖယ်ရှားပေးပြီး သိဒ္ဓိဓာတ်အပေါင်းအား ပေးသနားတော်မူသော Siddhi Vinayak Ganesh ဘုရား ရုပ်ပွားတော် 🌺 Mumbai Siddhi Vinayak ဘုရားကျောင်းက အရမ်းတန်ခိုးကြီးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အဲ့ဘုရားကျောင်းမှာ သောကြာနေ့ရင် ပူဂျားလုပ်ပြီး ဘုရားရုပ်ပွားတော်တွေကို ဘုရားရင်ငွေ့လှုံပေးမှာဖြစ်ပါတယ်။ ပုံထဲက ကျောက်တွေနဲ့ စီခြယ်ထားတဲ့ ဘုရားရုပ်ပွားတော်အကြီး ၅ သိန်း ၄ သောင်း။ ကျောက်မပါ အကြီး ၃ သိန်း။ အသေး ၂ သိန်းဖြင့် ပင့်ဆောင် ပူဇော်နိုင်ပါတယ်။
169