ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 429
المشتركون
-4224 ساعات
-2667 أيام
-50630 أيام
أرشيف المشاركات
4 414
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၄)
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ် ၂၀ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ရေးရာဆက်ဆံမှုများအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၄)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 414
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည့်မှတ်တမ်း
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံ၊မင့်စ်မြို့ရှိ Victory Monument တွင် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ ခြင်းမှတ်တမ်း
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ခရီးစဉ် ရောက်ရှိသည့် မှတ်တမ်း
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ရန်ကုန်၊ ဩဂုတ်လ- ၂၀ ရက်။
https://t.me/phoehmann007
#ဖိုးမှန်
4 414
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ (၉) ကြိမ်မြောက် ထိုင်း- မြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) ကျင်းပ၊ သဘောတူညီချက်များကို လက်မှတ်ထိုးပြီး အပြန်အလှန်လဲလှယ်
==============================
🔸 ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း- မြန်မာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(9th Thailand- Myanmar High Level Committee Meeting) ကို ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatrium Grand Hotel ရှိ Grand Ballroom ၌ ကျင်းပပြုလုပ်
🔸 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့် အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
4 414
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်လေ့လာ
ဘီလာရုစ်နိုင်ငံ၊ Grodno မြို့တွင် တည်ရှိသည့် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ သွားရောက်လေ့လာခဲ့သည်။
🔸စက်ရုံ၏ သမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် နှစ်အလိုက် ဓာတ်မြေဩဇာထုတ်လုပ်နိုင်မှု၊ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနေမှု၊ ဓာတ်မြေဩဇာများအပြင် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချိနေမှု၊ မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းတင်ပြ
🔸နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ခဲ့
🌾 Grodno Azot သည် ဘီလာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှစတင်၍ လည်ပတ်ခဲ့သည့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်း ထုတ်လုပ်ရေးစက်ရုံကြီးဖြစ်ကာ Ammonia၊ Urea နှင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာများကို အဓိကထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ
4 414
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံ၊မင့်စ်မြို့ရှိ Victory Monument တွင် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့တက်ရောက်အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၂၀
မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို၊ President ဟိုတယ်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
Repost from နရီမိုး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြုတပ်ဖွဲ့နဲ့ တရားဝင်ကြိုဆိုတာမျိုးက စစ်ဘက်ဆိုင်ရာ နယ်ပယ်မှာတော့ အမြင့်ဆုံး Protocol ပဲ။
------
ထိုင်းရဲ့ မူဝါဒကိုက အိမ်နီးခြင်းနိုင်ငံ ဦးစားပေးရေးနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို ရွေးချယ်ထားတယ်။ ဆိုလိုတာက နှစ်နိုင်ငံကြားထဲက ပြဿနာကို အစိုးရခြင်းလည်း ဆက်သွယ်မယ်။ နယ်စပ်လုံခြုံရေးအတွက်ဆိုရင်လည်း တပ်မတော်ချင်း ဆက်သွယ်မှုကလည်း အရေးကြီးတဲ့ channel တစ်ခုဆိုတာမျိုး ဖွင့်ထားတယ်။
-----
ထုံးစံအတိုင်း Thailand–Myanmar High Level Committee Meeting ဆိုတာမျိုးက...ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရင်.....ထိုင်း–မြန်မာ နယ်စပ်လုံခြုံရေးအတွက် တပ်မတော်နှစ်ရပ်ကြားမှာ တိုက်ရိုက်ဆက်သွယ်နိုင်တယ်။ တဖက်မှာ နယ်စပ်ဖြတ်ကျော်နဲ့ဒုက္ခသည်ကိစ္စတွေကို ညှိနှိုင်းနိုင်သလို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေရဲ့ လုံခြုံရေး
၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးတွေအတွက် သိပ်ကို အရေးပါတယ်။
------
မြန်မာ့နိုင်ငံရေးမှာ သမ္မတကြီးနဲ့ တပ်ချုပ်ကြီးတို့ အတွဲညီညီ ၊ တက်တက်ကြွကြွ ဦးဆောင်နေတာမျိုးက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အတွက်တော့ ပိုကောင်းတဲ့ အရွေ့ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရတယ်။ ဥပမာ အစိုးရရဲ့ နိုင်ငံရေး လိုလားချက် ဖြစ်တဲ့ စီမံကိန်း နယ်မြေတွေ ပြန်ရဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ဆိုတာက....တပ်မတော် မပါဘဲ ဖြစ်မှ မဖြစ်နိုင်ဘဲ။ တကယ်လို့ ထိုင်းသာ တချို့ အကြမ်းဖက်တွေကို နယ်စပ်မှာ ခိုလှုံခွင့်မပြုရင်....နယ်စပ်ကုန်သွယ်ရေးနဲ့ ပြာ်တွင်းငြိမ်းချမ်းရေးက ရှေ့ကို ပိုရောက်လာနိုင်မယ့် အနေအထား ရှိပါတယ်။
(နရီမိုး)
4 414
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်ထွက်ခွာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်ရန် ယနေ့ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်
🇲🇲🤝🇧🇾
https://t.me/phoehmann007
#ဖိုးမှန်
4 414
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃)
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ် ၁၉ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော လှုပ်ရှားမှုများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ပညာရေး၊ စီးပွားရေးနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။
4 414
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး H.E Lieutenant General(Ret.) Adul Boonthamcharoen အား တွေ့ဆုံသည်။
ရန်ကုန်၊ ဩဂုတ်လ- ၁၉ ရက်။
4 414
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေးသည်။
ရန်ကုန်၊ ဩဂုတ်လ- ၁၉ ရက်။
4 414
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ရောက်ရန်ထွက်ခွာသည်။
ရန်ကုန်၊ ဩဂုတ်လ- ၁၉ ရက်။
