ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဖိုးမှန်

ဖိုးမှန်

الذهاب إلى القناة على Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
4 429
المشتركون
-4224 ساعات
-2667 أيام
-50630 أيام
أرشيف المشاركات
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ နေပြည်တော
+3
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဩဂုတ် - ၁၉ 🔹 ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ 🔹 နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ မြစ်ကြောင်းများ ထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။ 🔹 မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်တစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေပန်းခြံများရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ခရီးသွားလုပ်ငန်းအချက်အချာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား တွေ့ဆုံစဉ်... 🔹ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အတွက် ခိုင်ခိုင်မာမာဖြင့်တာဝန်ထမ်းဆောင်လိုသည့်စိတ်၊ 🔹မိမိတို့နိုင်ငံကိုထိလျှင် မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ 🔹နိုင်ငံအတွက်ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင် ကြစေလိုကြောင်း၊ 🔹သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့် သမိုင်းမှန်များကို သိရှိအောင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့် အခြေအနေ မှန်များကိုမသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာ
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာသမှတ်တမ်းပြတိုက်) သို့ သွားရောက်ကြည့်ရှုလေ့လာ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာ
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာသမှတ်တမ်းပြတိုက်) သို့ သွားရောက်ကြည့်ရှုလေ့လာ https://t.me/phoehmann007 #ဖိုးမှန်

+5
20.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ 🇲🇲🤝🇷🇺 https://t.me/phoehmann007 #ဖိုးမှန်

၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရော
+9
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား 🇲🇲🤝🇷🇺 https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ G.V. Plekhanov စီးပွားရေးတ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်း နေပြည်တော်၊ ဩဂုတ် - ၁၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂) ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ဩဂုတ် ၁၈ ရက်နေ့၌ ဆောင်ရွက်ခဲ့သည့် အရေးပါသည့် လှုပ်ရှားမှုများ၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။ 🇲🇲🤝🇷🇺 https://t.me/phoehmann007 #ဖိုးမှန်

+5
19.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြ
+9
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ပြုလုပ်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာများအား နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ ထို့နောက် ကရင်မလင်နန်းတော်၌ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည့် မှတ်တမ်း https://t.me/phoehmann007 #ဖိုးမှန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည့်မှတ်တမ်း https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်နိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladim
+6
ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်နိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၁၈ နိုင်ငံအစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပ အာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့်အာကာသ သိပ္ပံ နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ အာကာသ ယာဉ်မှူးများအာကာသခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း ရွေးချယ်လေ့ကျင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အသေး စားနျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် ရေထွက် ပစ္စည်းများ ယခုထက်ပိုမိုတင်ပို့နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ https://t.me/phoehmann007 #ဖိုးမှန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လှိုင်းဘွဲမြို့နယ် ယာယီရေဘေးရှောင်စ
+4
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လှိုင်းဘွဲမြို့နယ် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု 🇲🇲❤️🇷🇺 https://t.me/phoehmann007 #ဖိုးမှန်