Kham Fight News - Van live
الذهاب إلى القناة على Telegram
ဗန်ပွဲကြည့်ရန်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
📈 نظرة تحليلية على قناة تيليجرام Kham Fight News - Van live
تُعد قناة Kham Fight News - Van live (@khamfightnews6) لاعباً نشطاً. يضم المجتمع حالياً 28 120 مشتركاً، محتلاً المرتبة في فئة اخرى.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 28 120 مشتركاً.
بحسب آخر البيانات بتاريخ 12 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 593، وفي آخر 24 ساعة بمقدار -38، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 1.75%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 0.95% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 493 مشاهدة. وخلال اليوم الأول يجمع عادةً 268 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ဗန်ပွဲကြည့်ရန်”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.
28 120
المشتركون
-3824 ساعات
-3637 أيام
-1 59330 أيام
أرشيف المشاركات
Repost from Kham Fight News
ပွဲတိုင်းနိုင်နေတဲ့ ဂျိုရှူအာဗန်ရဲ့ Gym ထဲက ညီကိုတို့ လုံးဝမသိသေးတဲ့လျှို့ဝှက်ချက်များ🇲🇲🥰🔥
အောက်က အပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ်👇🏻👇🏻
https://youtu.be/m-dQ3qF_3IM?si=hALe9Q-zKHDiq8PC
Repost from Kham Fight News Live
White House Card ပွဲစဉ်ကလည်း နောက်ထပ် တစ်လပဲ လိုတော့တာကြောင့် Topuria အနေနဲ့ ဒီလောက်ကြီးမားတဲ့ ဝိတ်ပမာဏကို အချိန်တိုအတွင်း ဘယ်လိုချမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တကယ်လို့ ဝိတ်ချရင်း ခန္ဓာကိုယ် ချည့်နဲ့သွားခဲ့ရင်တော့ ဒါဟာ ပြိုင်ဘက်ဖြစ်တဲ့ Justin Gaethje အတွက်တော့ အခွင့်ကောင်းကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်
ဝိတ်ချတာ များလွန်းရင် အမောမခံနိုင်တာ၊ မေးရိုးခံနိုင်ရည် (Chin) လျော့နည်းသွားတာမျိုးတွေ ဖြစ်တတ်လို့ Topuria တစ်ယောက် ဒီတစ်ခေါက်မှာ ဘယ်လို ပုံစံနဲ့ ထွက်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ🔥🥊
Repost from Kham Fight News Live
သံဇကာကြိုးဝိုင်းထဲက တိုက်ပွဲထက် ပိုကြောက်စရာကောင်းတဲ့ ဝိတ်ချခြင်း (Weight Cut) 😢⚖️
MMA ဖိုက်တာတော်တော်များများအတွက်တော့ ပြိုင်ဘက်နဲ့ ထိုးသတ်ရတာထက် ဝိတ်ချရတာက ပိုပြီး ငရဲကျသလို ခံစားရတာပါ။ ဝိတ်ချရတာ ပြင်းထန်လွန်းရင် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
Khamzat Chimaev က ဝိတ်ချတဲ့အပိုင်းမှာ အမြဲတမ်း ရုန်းကန်ခဲ့ရသူဖြစ်ပြီး ဒါဟာ သူ့ရဲ့ ကြိုးဝိုင်းထဲက စွမ်းဆောင်ရည်တွေအပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိခဲ့တာ အားလုံးအသိပါပဲ။
Michael Moralesဆိုရင်လည်း မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ သူဟာ ပုံမှန်အချိန်မှာ ၂၂၀ ပေါင် (220 lbs) အထိ ရှိနေတာကြောင့် ပွဲထိုးဖို့အတွက် ပေါင် ၅၀ ကျော် ပြန်ချနေရတာပါ။ ဒါဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် တကယ့်ကို အန္တရာယ်များလွန်းတဲ့ ပမာဏပါ။
အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ Topuria တစ်ယောက် တော်တော်လေးကို ဗလတက်ပြီး ထွားနေတာကို တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း Camp မဝင်ခင်မှာ ၁၉၀ ပေါင် (190 lbs) ဝန်းကျင်ရှိတယ်လို့ ပြောဖူးထားတာကြောင့် အခုဆိုရင် အဲ့ဒီထက်တောင် ပိုနိုင်ပါတယ်။
Conor McGregor တစ်ယောက် ဒဏ်ရာတွေ၊ အနားယူမှုတွေနဲ့ အောက်တိုဂွန် (Octagon) ထဲ ပြန်မလာနိုင်သေးတဲ့ ဒီ ၄ နှစ်တာ ကာလလေးအတွင်းမှာတင် ဗန်ဟာ Pro MMA လောကထဲ စတင်ဝင်ရောက်ခဲ့သလို၊ ပွဲပေါင်းများစွာ ကစားပြီး UFC ရဲ့ ခေါ်ယူခြင်းကိုပါ ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ UFC မှာ ၁၀ ပွဲနိုင် ၁ ပွဲရှုံး ဆိုတဲ့ မယုံနိုင်စရာစံချိန်နဲ့အတူ Flyweight ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အောင်မြင်စွာလည်း ကာကွယ် (Title Defence) ပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စုစုပေါင်းစံချိန် ၁၇ ပွဲနိုင် ၂ ပွဲရှုံး နဲ့အတူ ကမ္ဘာ့အဆင့်မီ ဖိုက်တာတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီဖြစ်ပါတယ်။🔥🔥
ဒါဟာ တကယ့်ကို ရူးချင်စရာကောင်းတဲ့ အချက်အလက်ပါ။ McGregor တစ်ယောက် ပွဲမကစားဘဲ အနားယူနေတဲ့ အချိန်အတွင်းမှာ ဗန်ကတော့ Debut ကနေ Champion အထိ ခရီးစဉ်တစ်ခုလုံးကို အပြီးသတ်ပစ်ခဲ့တာပါ🔥🇲🇲
UFC လောကရဲ့ အကြီးမားဆုံး စူပါစတားဖိုက်တာ Conor McGregor အနားယူနေတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် The Fearless Joshua Van ဟာ ကစားသမားဘဝတစ်ခုလုံးကို အစကနေ အဆုံးထိ အောင်မြင်စွာ တည်ဆောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဗန်ရဲ့ တိုးတက်မှုနှုန်းက ဘယ်လောက်အထိ မြန်ဆန်ပြီး အံ့ဩဖို့ကောင်းသလဲဆိုတာ သိသာစေပါတယ်
အချိန်ကာလာနှိုင်းယှဉ်ကြည့်မယ်ဆိုရင် Conor McGregor ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (Dustin Poirier နဲ့ ပွဲစဉ်) တုန်းက Joshua Van ဆိုတာ Pro MMA လောကထဲမှာတောင် မရှိသေးပါဘူး။ McGregor ပွဲကစားပြီး ၃ လအကြာ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ) မှာမှ ဗန်ဟာ သူ့ရဲ့ ပထမဆုံးသော Pro MMA ပွဲကို စတင်ကစားခဲ့တာပါ။
Repost from Kham Fight News Live
၁၁နှစ်အကြာမှာ ပြန်တွေ့မယ့် ဂန္တဝင် ၂ဦးရဲ့ မကျေပွဲ 🔥😍
Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံပွဲကတော့ ဖြစ်လာဖို့ အလွန်နီးစပ်နေပြီလို့ New York Post က ဖော်ပြလာပါတယ်။ 🚨🇮🇪🇺🇸
ဒီပွဲစဉ်ကို လာမယ့် ဇူလိုင်လ ၁၁ ရက်၊ UFC 329 (International Fight Week) မှာ ကျင်းပဖို့ စီစဉ်နေတာပါ။ဝိတ်တန်းက တကယ့်ကို အံ့ဩစရာပါ။ ဒီပွဲကို 170 lbs (Welterweight) တန်းမှာ ထိုးသ-တ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ BMF ချန်ပီယံ Max Holloway အတွက်တော့ Welterweight တန်းကို ပထမဆုံး စတင်ဝင်ရောက်
မယ့်ပွဲ (Debut) လည်း ဖြစ်လာမှာပါ။
လက်ရှိအခြေအနေအရ The Notorious Conor McGregor ကတော့ ဒီပွဲအတွက် လေ့ကျင့်ရေးစခန်း (Training Camp) ကို စတင်ဝင်ရောက်နေပြီလို့ သိရပါတယ် 🔥
Conor နဲ့ Max Holloway တို့ဟာ လွန်ခဲ့တဲ့ ၁၁ နှစ် (၂၀၁၃ ခုနှစ်) တုန်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ Conor က အမှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အခုချိန်မှာတော့ နှစ်ယောက်လုံးက ဂန္တဝင်အဆင့်ကို ရောက်နေကြပြီဖြစ်သလို၊ အထူးသဖြင့် Max Holloway ကလည်း သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးပုံစံ (Prime) ကို ရောက်နေတာ ဖြစ်ပါတယ် 🔥🔥
Repost from Kham Fight News
မြန်မာဖိုက်တာ ထွန်းမင်းနိုင် ပွဲ နဲ့ ကိုစိုးလင်းဦးတပည့် အောင်ထွန်းဘိုတို့ပွဲ ဒီမှာ လွှင့်ပေးထားပါတယ် 🇲🇲👇🏻👇🏻
https://t.me/khamfightnews7
Repost from Kham Fight News
+3
မာလီခင်ကြီး ရုရုကို ၄ချီမှာ အလဲထိုးပြီး ဖိုက်တာဘဝပါ အပြီးသတ် အနားယူသွားပါပြီ 😭🥺
Photo crd - Myanmar Sports
Repost from Kham Fight News
ဒီမှာလွှင့်ပေးထားပြီ ညီကိုတို့ရေ 🥰😍👇🏻👇🏻
Channel လေးကို အရင် join ပြီးမှ ကြည့်ပေးပါဗျ 🥰
https://t.me/khamfightnews7
Repost from Kham Fight News
မကြာခင် မြန်မာဖိုက်တာ ထွန်းမင်းနိုင်ပွဲ နဲ့ ကိုစိုးလင်းဦးတပည့် အောင်ထွန်းဘိုပွဲ လာပါတော့မယ် ၊ မြန်မာစံတော်ချိန် ၆နာရီ ( ထိုင်းစံတော်ချိန် ၆နာရီခွဲ) ပါ😍🇲🇲
မြန်မာဖိုက်တာတွေ နိုင်ပွဲရရှိကြပါစေ😍
Repost from Kham Fight News
"အမေသာမရှိရင် ကျွန်တော်ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး" ဆိုတဲ့ သားလိမ္မာလေး ဗန်🥰😍
Repost from Kham Fight News
အခုချိန်မှာတော့ ဗန်ဟာ တစ်မိနစ်ကို လက်သီး ၈.၄၃ ချက် အထိ အပစ်နိုင်ဆုံး ကမ္ဘာ့စံချိန်ရှင် ဖြစ်နေသလို၊ ဒေါ်လာ ၇ သိန်းကျော် အထိ ထိုးကြေးရတဲ့ ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်နေပါပြီ။ ပွဲဦးထွက်တုန်းက ရှိခဲ့တဲ့ အဲ့ဒီ "ကြောက်စိတ်" ကိုသာ သူ အနိုင်မယူနိုင်ခဲ့ရင် အခုလို Flyweight တန်းရဲ့ ဘုရင်တစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါဟာ ကြောက်တာ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ သဘာဝ စိတ်လှုပ်ရှားမှုသာ ဖြစ်ပြီး ဗန်ဟာ အဲ့ဒီစိတ်ကို အသုံးချပြီး ပိုမိုမာကျောတဲ့ ဖိုက်တာတစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်🔥🔥🇲🇲
ညီကိုတို့ရော ဗန်ရဲ့ ပွဲဦးထွက်တုန်းက ပုံစံလေးကို မှတ်မိကြသေးလား?😍
Repost from Kham Fight News
"ကျွန်တော် ဒီနေရာနဲ့ ထိုက်တန်ရဲ့လား မသိဘူး" ကြောက်စိတ်ကို အနိုင်ယူခဲ့တဲ့ ဗန်😍💪🏻🔥
Short Notice (အချိန်တိုအတွင်း ပွဲလက်ခံခြင်း) နဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဗန်ဟာ ပွဲမစခင်မှာ တကယ့်ကို စိုးရိမ်ထိတ်လန့်နေခဲ့တာပါ။ Brad Tate က အခုလို ပြန်ပြောပြခဲ့ပါတယ်
"ဓာတ်လှေကားထဲမှာ သူနဲ့ဆုံတော့ သူက 'အစ်ကို... ကျွန်တော် ဒီနေရာ (UFC) နဲ့ တကယ်ရော ထိုက်တန်ရဲ့လား မသိဘူး' လို့ ခဏခဏ ပြောနေခဲ့တာ။
သူ့လက်တွေက တုန်နေပြီး ချွေးတွေလည်း တရဟတ်ထွက်နေတယ်၊ ကွင်းထဲမှာလည်း လူတွေ မရှိသေးဘူး... သူ့ကြည့်ရတာ တကယ့်ကို ကြောက်လန့်နေတဲ့ ပုံစံမျိုးပါ။"
ဒါပေမဲ့ တကယ့်တမ်း ပွဲစချိန်မှာတော့ လူတိုင်းအံ့ဩသွားအောင် "Business is business" ဆိုတဲ့အတိုင်း သူ့ရဲ့ တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်ပြီး အောင်ပွဲခံပြသွားခဲ့တာပါ။
Repost from Kham Fight News
ဒီအချက်က ဘာကိုပြနေလဲဆိုရင် အခုခေတ် UFC မှာ ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံခါးပတ်ကို ထိန်းထားနိုင်ဖို့က ပိုပြီး ခက်ခဲလာတယ်ဆိုတာပါပဲ။ အထူးသဖြင့် အသက် ၂၄ နှစ်အရွယ်နဲ့တင် ဂန္တဝင် Volkanovski နဲ့အတူ Title Defence အောင်မြင်ထားတဲ့ တစ်ဦးတည်းသော ချန်ပီယံစာရင်းမှာ ပါဝင်နေတဲ့ Joshua Van ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ထူးခြားလွန်းလှပါတယ်။
ဗန်ဟာ Strikes Landed Per Minute မှာလည်း တစ်မိနစ် ၈.၄၃ ချက်နဲ့ ကမ္ဘာ့နံပါတ် (၁) စံချိန်တင်ထားသူဖြစ်လို့ သူ့ရဲ့ နန်းသက်ကလည်း Volkanovski လိုပဲ ကြာရှည်ဦးမှာ သေချာပါတယ်🥰🇲🇲🔥
Repost from Kham Fight News
UFC ဂန္တဝင် ဗိုကန်နော့ဗ့်စကီးနဲ့အတူ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဂျိုရှူအာဗန် 🇲🇲🔥🥰
လက်ရှိ UFC ရဲ့ ဝိတ်တန်းအားလုံးကို ခြုံငုံကြည့်ရင် အံ့ဩဖို့ကောင်းတာက Alexander Volkanovski နဲ့ Joshua Van တို့ နှစ်ဦးတည်းသာ သူတို့ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်သူတွေဆီကနေ အောင်မြင်စွာ ကာကွယ်ထားနိုင်တာ (Title Defence) ဖြစ်ပါတယ်။ ကျန်တဲ့ ဝိတ်တန်းက ချန်ပီယံတွေအားလုံးဟာ ခါးပတ်အသစ် ရရှိထားသူတွေ ဒါမှမဟုတ် ပွဲဦးထွက် ကာကွယ်ပွဲ မကစားရသေးသူတွေပဲ ဖြစ်နေကြတာပါ။
Featherweight ဘုရင်ကြီး Volkanovski ဟာ လက်ရှိ UFC Roster ထဲမှာ နန်းသက်အရှည်ဆုံး ချန်ပီယံအဖြစ် စံချိန်တင်ထားပြီး ခါးပတ်ကို လက်ဝယ်ပိုက် ပိုင်ဆိုင်ထားတာ ၃၉၆ ရက် တိတိ ရှိသွားပြီဖြစ်ပါတယ်။
Repost from Kham Fight News
ဂျင်မီလာ (Jim Miller) နဲ့ ပတ်ဒီ (Paddy Pimblett) တို့လို နာမည်ကြီးဖိုက်တာတွေကိုတောင် ထိုးကြေးပိုင်းမှာ ကျော်ဖြတ်နိုင်ခဲ့တာက ဗန်ရဲ့ UFC လောကအပေါ် လွှမ်းမိုးမှုကို ပြသနေတာပါ။
ဒီထိုးကြေးတွေက ဖိုက်တာတွေရဲ့ ကြိုးစားမှုနဲ့ UFC လောကမှာ သူတို့ရဲ့ ရောင်းတမ်းဝင်မှုကို အတိအကျ ဖော်ပြနေတာပါ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာ့သားကောင်း ဗန် အနေနဲ့ အခုလို ထိုးကြေးမျိုး ရရှိလာတာဟာ သူ့ရဲ့ အဆင့်အတန်းက ကမ္ဘာ့ထိပ်တန်း ဖိုက်တာတွေနဲ့ တန်းတူဖြစ်နေပြီဆိုတာ အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ် 🇲🇲🔥
Repost from Kham Fight News
UFC 328 မှာ ဒေါ်လာ ၇သိန်းကျော်အထိ ထိုက်ထိုက်တန်တန်ထိုးကြေးရရှိခဲ့တဲ့ ဂျိုရှူအာဗန် 😱💸💰
UFC 328 ဟာ ပွဲကောင်းတွေတင်မကဘဲ ဖိုက်တာတွေအတွက်လည်း အိတ်သွန်ဖာမှောက် ရရှိခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲရှုံးနိမ့်ခဲ့ပေမဲ့လည်း ကမ္ဘာ့အဆင့် ဆွဲဆောင်မှုအရှိဆုံး ဖိုက်တာတစ်ဦးဖြစ်တဲ့ Khamzat Chimaev ကတော့ ဒေါ်လာ ၃ သန်းကျော် ($3,090,000) နဲ့ ထိုးကြေးအမြင့်ဆုံး ရရှိခဲ့တာကို တွေ့ရပါတယ်။
သူ့ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ Sean Strickland ကတော့ ဒေါ်လာ ၁ သန်းကျော် ($1,080,000) ရရှိခဲ့ပြီး သူ့ရဲ့ တန်ဖိုးကို သက်သေပြနိုင်ခဲ့ပါတယ်။
အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် The Fearless Joshua Van ပဲ ဖြစ်ပါတယ်။ ဗန်ဟာ Flyweight တန်းရဲ့ ဘုရင်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေသလို၊ UFC သမိုင်းတစ်လျှောက် တစ်မိနစ်အတွင်း လက်သီးအပစ်နိုင်ဆုံး စံချိန်ရှင် ဖြစ်တာနဲ့အညီ ဒေါ်လာ ၇ သိန်းကျော် ($740,000) အထိ ထိုက်ထိုက်တန်တန် ရရှိခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။
ဗန်ကိုရှုံးနိမ့်ခဲ့တဲ့ တိုင်ရာကတော့ ဒေါ်လာ ၅သိန်းကျော်အထိကို ပိုင်ဆိုင်သွားပါတယ်
