Kham Fight News - Van live
الذهاب إلى القناة على Telegram
ဗန်ပွဲကြည့်ရန်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
📈 نظرة تحليلية على قناة تيليجرام Kham Fight News - Van live
تُعد قناة Kham Fight News - Van live (@khamfightnews6) لاعباً نشطاً. يضم المجتمع حالياً 28 065 مشتركاً، محتلاً المرتبة في فئة اخرى.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 28 065 مشتركاً.
بحسب آخر البيانات بتاريخ 12 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 593، وفي آخر 24 ساعة بمقدار -38، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 1.75%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 0.95% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 493 مشاهدة. وخلال اليوم الأول يجمع عادةً 268 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ဗန်ပွဲကြည့်ရန်”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.
28 065
المشتركون
-3824 ساعات
-3637 أيام
-1 59330 أيام
أرشيف المشاركات
Repost from Kham Fight News
အခုချိန်မှာတော့ ဗန်ဟာ တစ်မိနစ်ကို လက်သီး ၈.၄၃ ချက် အထိ အပစ်နိုင်ဆုံး ကမ္ဘာ့စံချိန်ရှင် ဖြစ်နေသလို၊ ဒေါ်လာ ၇ သိန်းကျော် အထိ ထိုးကြေးရတဲ့ ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်နေပါပြီ။ ပွဲဦးထွက်တုန်းက ရှိခဲ့တဲ့ အဲ့ဒီ "ကြောက်စိတ်" ကိုသာ သူ အနိုင်မယူနိုင်ခဲ့ရင် အခုလို Flyweight တန်းရဲ့ ဘုရင်တစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါဟာ ကြောက်တာ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ သဘာဝ စိတ်လှုပ်ရှားမှုသာ ဖြစ်ပြီး ဗန်ဟာ အဲ့ဒီစိတ်ကို အသုံးချပြီး ပိုမိုမာကျောတဲ့ ဖိုက်တာတစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်🔥🔥🇲🇲
ညီကိုတို့ရော ဗန်ရဲ့ ပွဲဦးထွက်တုန်းက ပုံစံလေးကို မှတ်မိကြသေးလား?😍
Repost from Kham Fight News
"ကျွန်တော် ဒီနေရာနဲ့ ထိုက်တန်ရဲ့လား မသိဘူး" ကြောက်စိတ်ကို အနိုင်ယူခဲ့တဲ့ ဗန်😍💪🏻🔥
Short Notice (အချိန်တိုအတွင်း ပွဲလက်ခံခြင်း) နဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဗန်ဟာ ပွဲမစခင်မှာ တကယ့်ကို စိုးရိမ်ထိတ်လန့်နေခဲ့တာပါ။ Brad Tate က အခုလို ပြန်ပြောပြခဲ့ပါတယ်
"ဓာတ်လှေကားထဲမှာ သူနဲ့ဆုံတော့ သူက 'အစ်ကို... ကျွန်တော် ဒီနေရာ (UFC) နဲ့ တကယ်ရော ထိုက်တန်ရဲ့လား မသိဘူး' လို့ ခဏခဏ ပြောနေခဲ့တာ။
သူ့လက်တွေက တုန်နေပြီး ချွေးတွေလည်း တရဟတ်ထွက်နေတယ်၊ ကွင်းထဲမှာလည်း လူတွေ မရှိသေးဘူး... သူ့ကြည့်ရတာ တကယ့်ကို ကြောက်လန့်နေတဲ့ ပုံစံမျိုးပါ။"
ဒါပေမဲ့ တကယ့်တမ်း ပွဲစချိန်မှာတော့ လူတိုင်းအံ့ဩသွားအောင် "Business is business" ဆိုတဲ့အတိုင်း သူ့ရဲ့ တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်ပြီး အောင်ပွဲခံပြသွားခဲ့တာပါ။
Repost from Kham Fight News
ဒီအချက်က ဘာကိုပြနေလဲဆိုရင် အခုခေတ် UFC မှာ ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံခါးပတ်ကို ထိန်းထားနိုင်ဖို့က ပိုပြီး ခက်ခဲလာတယ်ဆိုတာပါပဲ။ အထူးသဖြင့် အသက် ၂၄ နှစ်အရွယ်နဲ့တင် ဂန္တဝင် Volkanovski နဲ့အတူ Title Defence အောင်မြင်ထားတဲ့ တစ်ဦးတည်းသော ချန်ပီယံစာရင်းမှာ ပါဝင်နေတဲ့ Joshua Van ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ထူးခြားလွန်းလှပါတယ်။
ဗန်ဟာ Strikes Landed Per Minute မှာလည်း တစ်မိနစ် ၈.၄၃ ချက်နဲ့ ကမ္ဘာ့နံပါတ် (၁) စံချိန်တင်ထားသူဖြစ်လို့ သူ့ရဲ့ နန်းသက်ကလည်း Volkanovski လိုပဲ ကြာရှည်ဦးမှာ သေချာပါတယ်🥰🇲🇲🔥
Repost from Kham Fight News
UFC ဂန္တဝင် ဗိုကန်နော့ဗ့်စကီးနဲ့အတူ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဂျိုရှူအာဗန် 🇲🇲🔥🥰
လက်ရှိ UFC ရဲ့ ဝိတ်တန်းအားလုံးကို ခြုံငုံကြည့်ရင် အံ့ဩဖို့ကောင်းတာက Alexander Volkanovski နဲ့ Joshua Van တို့ နှစ်ဦးတည်းသာ သူတို့ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်သူတွေဆီကနေ အောင်မြင်စွာ ကာကွယ်ထားနိုင်တာ (Title Defence) ဖြစ်ပါတယ်။ ကျန်တဲ့ ဝိတ်တန်းက ချန်ပီယံတွေအားလုံးဟာ ခါးပတ်အသစ် ရရှိထားသူတွေ ဒါမှမဟုတ် ပွဲဦးထွက် ကာကွယ်ပွဲ မကစားရသေးသူတွေပဲ ဖြစ်နေကြတာပါ။
Featherweight ဘုရင်ကြီး Volkanovski ဟာ လက်ရှိ UFC Roster ထဲမှာ နန်းသက်အရှည်ဆုံး ချန်ပီယံအဖြစ် စံချိန်တင်ထားပြီး ခါးပတ်ကို လက်ဝယ်ပိုက် ပိုင်ဆိုင်ထားတာ ၃၉၆ ရက် တိတိ ရှိသွားပြီဖြစ်ပါတယ်။
Repost from Kham Fight News
ဂျင်မီလာ (Jim Miller) နဲ့ ပတ်ဒီ (Paddy Pimblett) တို့လို နာမည်ကြီးဖိုက်တာတွေကိုတောင် ထိုးကြေးပိုင်းမှာ ကျော်ဖြတ်နိုင်ခဲ့တာက ဗန်ရဲ့ UFC လောကအပေါ် လွှမ်းမိုးမှုကို ပြသနေတာပါ။
ဒီထိုးကြေးတွေက ဖိုက်တာတွေရဲ့ ကြိုးစားမှုနဲ့ UFC လောကမှာ သူတို့ရဲ့ ရောင်းတမ်းဝင်မှုကို အတိအကျ ဖော်ပြနေတာပါ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာ့သားကောင်း ဗန် အနေနဲ့ အခုလို ထိုးကြေးမျိုး ရရှိလာတာဟာ သူ့ရဲ့ အဆင့်အတန်းက ကမ္ဘာ့ထိပ်တန်း ဖိုက်တာတွေနဲ့ တန်းတူဖြစ်နေပြီဆိုတာ အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ် 🇲🇲🔥
Repost from Kham Fight News
UFC 328 မှာ ဒေါ်လာ ၇သိန်းကျော်အထိ ထိုက်ထိုက်တန်တန်ထိုးကြေးရရှိခဲ့တဲ့ ဂျိုရှူအာဗန် 😱💸💰
UFC 328 ဟာ ပွဲကောင်းတွေတင်မကဘဲ ဖိုက်တာတွေအတွက်လည်း အိတ်သွန်ဖာမှောက် ရရှိခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲရှုံးနိမ့်ခဲ့ပေမဲ့လည်း ကမ္ဘာ့အဆင့် ဆွဲဆောင်မှုအရှိဆုံး ဖိုက်တာတစ်ဦးဖြစ်တဲ့ Khamzat Chimaev ကတော့ ဒေါ်လာ ၃ သန်းကျော် ($3,090,000) နဲ့ ထိုးကြေးအမြင့်ဆုံး ရရှိခဲ့တာကို တွေ့ရပါတယ်။
သူ့ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ Sean Strickland ကတော့ ဒေါ်လာ ၁ သန်းကျော် ($1,080,000) ရရှိခဲ့ပြီး သူ့ရဲ့ တန်ဖိုးကို သက်သေပြနိုင်ခဲ့ပါတယ်။
အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် The Fearless Joshua Van ပဲ ဖြစ်ပါတယ်။ ဗန်ဟာ Flyweight တန်းရဲ့ ဘုရင်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေသလို၊ UFC သမိုင်းတစ်လျှောက် တစ်မိနစ်အတွင်း လက်သီးအပစ်နိုင်ဆုံး စံချိန်ရှင် ဖြစ်တာနဲ့အညီ ဒေါ်လာ ၇ သိန်းကျော် ($740,000) အထိ ထိုက်ထိုက်တန်တန် ရရှိခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။
ဗန်ကိုရှုံးနိမ့်ခဲ့တဲ့ တိုင်ရာကတော့ ဒေါ်လာ ၅သိန်းကျော်အထိကို ပိုင်ဆိုင်သွားပါတယ်
Repost from Kham Fight News
+2
ဒါကတော့ ကျွန်တော့်ရဲ့ Facebook , TikTok နဲ့ YouTube အကောင့်လေးတွေပဲဖြစ်ပါတယ်🥰
Kham Fight News မှာ မိတ်ဆွေတို့အတွက် စစ်မှန်သော အားကစားသတင်းများကို နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ၊ Source အတိအကျ သတင်းအရင်းမြစ် အတိအကျနဲ့ တင်ပေးသွားမှာဖြစ်လို့ အစစ်အမှန်သတင်းတွေကြည့်ချင်တဲ့သူတွေ အကောင့်လေးတွေကို follow လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ် 🥰🤝
👉🏻FOLLOW ME🤝🏻
…………………………..
👉🏻Facebook Page
https://www.facebook.com/share/18VkW1tUPD/?mibextid=wwXIfr
👉🏻YouTube
https://youtube.com/@khamfightnews?si=Sg5Q1M4n6t7M4sV5
👉🏻TikTok
https://www.tiktok.com/@khamfightnews?_r=1&_t=ZS-933s7uvlJix
Repost from Kham Fight News
ပန်တိုဂျာကြီးကတော့ တကယ်ကို သူ့ကိုယ်သူအကောင်းမြင်လွန်းနေတာပါပဲ။ ဗန်ဟာ လက်ရှိမှာ Flyweight တန်းရဲ့ Significant Strikes မှာ ၁၂၃၀ ချက် အထိ ပစ်သွင်းနိုင်တဲ့ လက်သီးဘုရင်ဖြစ်နေသလို၊ နိုင်ပွဲဆက်စံချိန် (Win Streak) မှာလည်း ၇ ပွဲဆက်တိုက် နိုင်ထားပြီး အရှိန်တက်နေတာပါ။
ပန်တိုဂျာပြောသလို ၅ ချီလုံး အေးဆေးနှိပ်စက်ဖို့ဆိုတာထက် ဗန်ရဲ့ တရစပ်လက်သီးချက်တွေအောက်မှာ သူ့ရဲ့အရိုးတွေ ရှင်သန်နိုင်ပါ့မလားဆိုတာက ပိုပြီး စဉ်းစားစရာပါ။ ၅ ချီလုံး ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ်နေတာက ဗန်ရဲ့ Cardio (အမောခံနိုင်ရည်) ကို လျှော့တွက်နေတာပဲ ဖြစ်မှာပါ။🥱
အရင်ဆုံး ကိုယ့်အရိုးတွေခိုင်အောင် နွားနို့ပဲ နေ့တိုင်းသောက်နေပါ ပန်တိုဂျာရေ 🥹
Repost from Kham Fight News
ဗန်ကို စိတ်အေးလက်အေးနဲ့ ၅ချီလုံး နှိပ်စက်ပြမယ်ဆိုတဲ့ ပန်တိုဂျာ🥹🤣 ဒီဘဲက ဆံပင်ဖြူနေပြီ စိတ်ကူးကယဉ်နေတုန်း🤣🤣
"ကျွန်တော်က မာနကြီးတယ် ဒါမှမဟုတ် အဲ့ဒီလိုမျိုး တစ်ခုခု ပုံစံပေါက်သွားမှာကို မလိုလားပါဘူး။ ဒါပေမဲ့ သူ (Joshua Vann) က ကျွန်တော်နဲ့ နောက်တစ်ကြိမ် ထပ်တိုက်ချင်ပါတယ်လို့ ပြောတဲ့အခါ သူ အမှန်အတိုင်း ပြောနေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။"
"ဒါပေမဲ့ အဲ့ဒီပွဲက ဖြစ်လာမှာပါ။ ပြီးတော့ ကျွန်တော် တစ်ခု ကတိပေးနိုင်တာကတော့... တကယ်လို့ Joshua Vann နဲ့ နောက်တစ်ခါ ထပ်တိုက်ရမယ်ဆိုရင် ကျွန်တော် လုံးဝ အလောတကြီး မလုပ်ဘူး၊ မြန်မြန်ဆန်ဆန် ဖြစ်သွားအောင်လည်း မကြိုးစားဘူး။"
"သူ့ကို ကျွန်တော် (ပွဲထဲမှာ) နှိပ်စက်ဦးမှာပါ။ ကျွန်တော် အရမ်း စိတ်အေးလက်အေးနဲ့ (၅) ချီအထိတောင် ယှဉ်ပြိုင်သွားမှာပါ။ အဲ့ဒီပွဲက မြန်မြန်ဆန်ဆန် ပြီးသွားမှာ မဟုတ်ဘူး။ အဲ့ဒါ ကျွန်တော် ဖြစ်ချင်တဲ့ ပုံစံပါပဲ “
Repost from Kham Fight News
ဗန်ကိုအထင်သေးပြီး တိုင်ရာဘက်ကနေ လောင်းခဲ့ကြလို့ ပွဲအပြီးမှာ ငိုခဲ့ကြရတဲ့ ဆရာကြီးများ🤣
အောက်က အပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻
https://youtu.be/ASQkptO1Iq0?si=EgKEA52JvZGpbEvA
Repost from Kham Fight News
ဗန်ရဲ့ ကစားဟန်ဟာ အမြဲတမ်း ရှေ့တိုးထိုးသတ်လေ့ရှိပြီး လက်သီးအပစ်များတာကြောင့် အခုလို Significant Strikes အရေအတွက်မှာ ထိပ်ဆုံးက ပြေးနေတာ ဖြစ်ပါတယ်။ လက်ရှိ Flyweight တန်းရဲ့ အဆင့်သတ်မှတ်ချက်တွေမှာလည်း ထိပ်ဆုံးမှာဘုရင်အဖြစ်ရပ်တည်နေပြီး သူဟာ Islam Makhachev (No. 1) လိုမျိုး ထိပ်သီးတွေပါဝင်တဲ့ P4P Rankings မှာ အဆင့် (၉) အထိ တက်လှမ်းထားနိုင်ခဲ့ပါပြီ။
ဂန္တဝင် Demetrious Johnson ရဲ့ စံချိန်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗန်ဟာ နောက်ပိုင်းပွဲတွေမှာလည်း ဒီထက်မကတဲ့ စံချိန်သစ်တွေကို ဆက်လက်တင်နိုင်ဦးမှာ သေချာပါတယ်🔥🇲🇲😍
ဂုဏ်ယူပါတယ် မြန်မာ့ဂုဏ်ဆောင် ချင်းလေးဗန် 😍🇲🇲
ဗန်ကို ဆက်လက်အားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်🔥
Repost from Kham Fight News
UFC ဂန္တဝင်ကြီး DJ ရဲ့ စံချိန်ကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗန် 🇲🇲🔥😍
အသက် (၂၄) နှစ်အရွယ်သာ ရှိသေးတဲ့ ကျွန်တော်တို့ရဲ့ The Fearless Joshua Van ဟာ UFC ကစားသမားသက်တမ်း တိုတိုလေးအတွင်းမှာတင် ဂန္တဝင်ဖိုက်တာကြီး Demetrious Johnson (Mighty Mouse) ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း Career Significant Strikes Landed (ကစားသမားသက်တမ်းတစ်လျှောက် ထိရောက်တဲ့ ထိုးနှက်ချက်များ) မှာ -
• Demetrious Johnson: ၁၀၅၉ ချက်
• Joshua Van: ၁၂၃၀ ချက်🇲🇲🔥
ဒါဟာ တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အချက်အလက်ပါပဲ။ ဒီထက်ပိုပြီး ထူးခြားတာက ဗန်ဟာ ဒီစံချိန်ကို ရရှိဖို့အတွက် အသက် ၂၄ နှစ်ပဲ ရှိသေးသလို၊ ပွဲအရေအတွက်လည်း အများကြီး မကစားရသေးဘဲ အခုလို ထိပ်ဆုံးက ဖိုက်တာတွေကို ကျော်တက်နိုင်ခဲ့တာပါ။
Repost from Kham Fight News
အခုလက်ရှိ ချန်ပီယံစာရင်းကို ကြည့်ရင် ဝိတ်တန်းအနိမ့်ပိုင်းကနေ အမြင့်ပိုင်းအထိ Striker (လက်သီး၊ ခြေထောက် အားကိုးသူ) တွေ စိုးမိုးလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် Flyweight မှာ Joshua Van၊ Bantamweight မှာ Petr Yan ၊ Featherweight မှာ Volkanovski နဲ့ Lightweight တန်းမှာ Topuria တို့လို ဝါရင့်နဲ့ လူငယ်ကြယ်ပွင့်တွေရဲ့ အားပြိုင်မှုက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်
ဒီချန်ပီယံတွေထဲမှာ ညီကိုတို့ အကြိုက်ဆုံးက ဘယ်သူဖြစ်မလဲ 🔥🤔
ကျွန်တော်ကတော့ ဗန် ၊ တိုပူရီးယားနဲ့ အစ္စလာမ်မာခါချက်ဗ့်ပါ ၊ အကြိုက်ချင်းတူရင် React တစ်ခုခုပေးခဲ့ဗျာ🥰
Repost from Kham Fight News
မြန်မာ့ဂုဏ်ဆောင် Joshua Van နဲ့အတူ UFC နန်းပလ္လင်ကို သိမ်းပိုက်ထားတဲ့ ကမ္ဘာ့ထိပ်သီးချန်ပီယံများ 🔥🏆
Flyweight - Joshua Van - 🇲🇲 Myanmar
Bantamweight. -Petr Yan - 🇷🇺 Russia
Featherweight - Alexander Volkanovski - 🇦🇺 Australia
Lightweight - Ilia Topuria - 🇬🇪 Georgia
Welterweight - Islam Makhachev - 🇷🇺 Russia
Middleweight - Sean Strickland - 🇺🇸 USA
Light Heavyweight - Carlos Ulberg - 🇳🇿 New Zealand
Heavyweight - Tom Aspinall - 🏴 England
အမျိုးသမီး ဝိတ်တန်း ချန်ပီယံများ 🔥🏆
Strawweight - Mackenzie Dern 🇧🇷
Flyweight. - Valentina Shevchenko 🇰🇬
Bantamweight - Kayla Harrison 🇺🇸
Repost from Kham Fight News
"လဲကျနည်း သင်တန်းဆင်းနေတဲ့ ပန်တိုဂျာကြီး" ဒီဘဲ $ ခွက်တော်တော်ပြောင်နေတယ်🧐
ဒီမနက်မှာတော့ ပန်တိုဂျာတစ်ယောက် အလုပ်တွေ တအားရှုပ်နေတာပါ။ ဗီဒီယိုထဲမှာ ကြည့်လိုက်ရင် -
• အမြင့်ကန်ချက်တွေ (High Kicks) ကို ရှုထောင့်ပေါင်းစုံကနေ ကန်ပြနေတယ်။
• ကန်ပြီးတာနဲ့ မြေပြင်ပေါ်ကို သေသေချာချာ "ဘယ်လိုလဲကျရမလဲ" ဆိုတာကိုပါ ပရိသတ်တွေ မြင်အောင် ပြသနေတာပါ။ 🤸♂️💥
ဒါဟာ "ငါ လေ့ကျင့်နေပြီ၊ မကျေပွဲ (Rematch) အတွက် အသင့်ပြင်ထားတော့" ဆိုပြီး ဗန်ကို စစ်ကြေညာလိုက်တာပါပဲ။
ဒါပေမဲ့ ဗန်ကတော့ "မင်း လဲကျတတ်ဖို့ပဲ အရင်သင်ထားပါဦး" ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြန်စလိုက်တာကြောင့် ပန်တိုဂျာကြီး အတော်လေး အောင့်သက်သက် ဖြစ်သွားမှာ သေချာပါတယ်။
ပန်တိုဂျာကြီးကတော့ သူ့ရဲ့ အရိုးတွေ သန်မာဖို့ "နွားနို့" သောက်ပြဖို့တော့ ကျန်နေသေးတယ်နော်။ 🥛 အခုလောလောဆယ်တော့ "လဲကျနည်း" ကိုပဲ အပတ်တကုတ် လေ့ကျင့်နေပုံရပါတယ်။ ဗန် ပြောထားသလို အရိုးတွေ သန်မာအောင် နွားနို့ကိုတော့ နောက်နေ့မှပဲ သောက်ပြမလား၊ ဒါမှမဟုတ် ပွဲနီးမှပဲ သောက်မလား စောင့်ကြည့်ရဦးမှာပါပဲ
Repost from Kham Fight News
Joshua Van:
“အင်း... ခင်ဗျားသိတဲ့အတိုင်း သူကတော့ နို့ (နွားနို့) များများသောက်ဖို့ လိုမယ်ထင်တယ်ဗျ။”
Ariel Helwani:
“ခင်ဗျားက တော်တော်လေး အရွှန်းဖောက်တတ်တာပဲ။ သဘောကျဖို့ ကောင်းတယ် Joshua ရေ။ ကျွန်တော့်အတွက်တော့ ဒါက အဆင်ပြေပါတယ်။ ဒါက တကယ့်ကို ကောင်းတဲ့အချက်ပဲ။ ခင်ဗျားပြောချင်တာက သူ့ရဲ့အရိုးတွေ သန်မာလာဖို့အတွက် နို့များများ သောက်ရမယ်ပေါ့လေ။”
Joshua Van: “အဲဒါပေါ့... အဲဒါပေါ့... ခင်ဗျား သဘောပေါက်သွားပြီပဲ။”
Ariel Helwani: “အဲဒီတော့ ခင်ဗျားတို့ ပြန်ထိုးကြတဲ့အခါမှာ သူ့ရဲ့ဒဏ်ရာဟောင်းကို အခွင့်ကောင်းယူပြီး တိုက်စစ်ဆင်မှာလား? အဲဒီနေရာကိုပဲ ပစ်မှတ်ထားမှာလား?”
Joshua Van: “မဟုတ်ပါဘူးဗျာ... ကျွန်တော်ထင်တာကတော့ အဲဒီအချိန်ကျရင် သူ (ဒဏ်ရာ) သက်သာသွားလောက်ပါပြီ။ နောက်ထပ် နှစ်လလောက်ဆိုရင်တော့ လေ့ကျင့်ရေးစခန်း (Fight Camp) တွေ ဘာတွေနဲ့ဆိုတော့ သူ ၁၀၀ ရာခိုင်နှုန်း ပြည့်ဝနေမယ်လို့ ကျွန်တော်ထင်ပါတယ်။”
Repost from Kham Fight News
ပန်တိုဂျာရေ အရိုးမာအောင် နွားနို့များများသောက်ထားလိုက်အုန်းလို့ စိန်ခေါ်လိုက်တဲ့ ဗန် 🇲🇲🔥
Joshua Van🗣️
“သူသိသင့်တဲ့လူတွေထဲမှာ သူအသိဆုံးဖြစ်ရမှာလေ၊ ခင်ဗျားသိတယ်မဟုတ်လား။ သူပြောတာကတော့ ကျွန်တော်က သူ့ကိုမတိုက်ချင်လို့ (ပွဲဖျက်လိုက်ရတဲ့အပေါ်) ပျော်နေတယ်ဆိုတာကတော့ ရူးကြောင်ကြောင်နိုင်လွန်းပါတယ်။”
Ariel Helwani 🗣️
“ဒါပေမဲ့ ကျွန်တော်ဝန်ခံရမယ် Joshua ရေ၊ ဒီစကားတွေက ပရိသတ်တွေကို ခင်ဗျားတို့နှစ်ယောက်ရဲ့ ပြန်လည်ကစားမယ့်ပွဲ (Rematch) ကို ပိုပြီးကြည့်ချင်လာအောင် လုပ်နေသလိုပဲ။ ဒါက တကယ်ကို ပွဲကြီးပွဲကောင်း ဖြစ်လာတော့မယ်။ ခင်ဗျားလည်း အဲဒီလိုပဲ ထင်တယ်မဟုတ်လား?”
Joshua Van 🗣️
“ဟုတ်ပါတယ်၊ ဒါက တကယ်ကို ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ။”
Ariel Helwani 🗣️
“အဲဒီပွဲက ဘယ်တော့လောက် ဖြစ်လာနိုင်မယ်လို့ ခင်ဗျားထင်လဲ?”
Joshua Van 🗣️
“အင်း... ကျွန်တော်လည်း မသိသေးဘူး၊ မကြာခင် ဖြစ်လာဖို့တော့ မျှော်လင့်တာပဲ။”
Ariel Helwani 🗣️ “ခင်ဗျားရော အမြန်ဆုံး ပြန်ထိုးချင်နေပြီလား?”
Joshua Van: “ဟုတ်ကဲ့။”
Ariel Helwani: “အကုန်လုံး အဆင်ပြေရဲ့လား?”
Repost from Kham Fight News
အဆင့် ၁ နေရာမှာတော့ အစ္စလာမ်မာခါချက်ဗ့်က ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး နောက်လမှာ ကျင်းပမယ့် အိမ်ဖြူတော်ပွဲမှာ တိုပူရီးယားအနိုင်ရရင် တိုပူရီးယားက P4P အဆင့် ၁ ဖြစ်သွားမလားဆိုတာလည်း ဆက်လက်စောင့်ကြည့်ရမှာပါ🔥
P4P စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက်ထဲမှာ မြန်မာဖိုက်တာတစ်ယောက်ရဲ့ အမည်ကို မြင်တွေ့ရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ အထူးသဖြင့် ပုံထဲမှာ မြင်ရတဲ့အတိုင်း Islam Makhachev, Ilia Topuria, Alex Pereira တို့လို ကမ္ဘာ့ကြယ်ပွင့်ကြီးတွေနဲ့ တန်းတူစာရင်းဝင်နေတာဟာ ဗန်ရဲ့ အရှိန်အဝါ ဘယ်လောက်ထိ ကြီးမားနေပြီလဲဆိုတာ သက်သေပြနေတာပါပဲ🇲🇲😍🔥
ဂုဏ်ယူပါတယ် Joshua “The Fearless” Van 🇲🇲🔥😍
Repost from Kham Fight News
ကမ္ဘာ့အကောင်းဆုံးဖိုက်တာ P4P စာရင်းမှာ အဆင့် ၉ထိတက်လှမ်းလာပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန် 🇲🇲😍🔥
ပြီးခဲ့တဲ့ UFC 328 ပွဲစဉ်ကြီးမှာ ဗန်က တိုင်ရာကို အပြတ်အသတ်အနိုင်ယူပြီး ချန်ပီယံခါးပတ်ကြီးကို ကာကွယ်ထားနိုင်ခဲ့တာကြောင့်
အခုဆိုရင် Van ဟာ ဝိတ်တန်းအားလုံးပေါင်း ကမ္ဘာ့အကောင်းဆုံးဖိုက်တာ (Pound-for-Pound) စာရင်းမှာ အဆင့်တစ်ဆင့် ထပ်မံတိုးတက်လာပြီး အဆင့် (၉) နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အရင်က ပန်တိုဂျာက အဆင့် ၉ ၊ ဗန်က အဆင့် ၁၁ နေရာမှာရှိနေခဲ့တာဖြစ်ပြီး ခုက ပန်တိုဂျာက အဆင့် ၁၁ ထိကို ဆင်းပေးလိုက်ရပါပြီ
ခမ်းဇက်ကလည်း Strickland ကို ရှုံးပြီး အဆင့် ၁၀ ထိ ဆင်းပေးလိုက်ရပါပြီ
Repost from Kham Fight News
Ariel: ခင်ဗျားရဲ့ ချန်ပီယံခါးပတ်ကိုရော ယူသွားမှာလား?
Josh: ဟင့်အင်း။
Ariel: အင်းလေ... အရမ်းလေးလွန်းလို့ မဟုတ်လား?
Josh: ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော် ခါးပတ်ကြီးကို လျှောက်သယ်ရတာ သိပ်မကြိုက်ဘူးဗျ။
Ariel: ဒါပေမဲ့ ခင်ဗျား အောင်မြင်ခဲ့သမျှတွေနဲ့ ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီလဲဆိုတာကို ပြန်ကြည့်ရင် ဒါဟာ တကယ့်ကို အဓိပ္ပာယ်ရှိပြီး စိတ်လှုပ်ရှားစရာကောင်းမယ့် ခရီးစဉ်ဖြစ်မှာ သေချာပါတယ်။
Josh: ဟုတ်ပါတယ်၊ အရမ်းကောင်းမှာပါ၊ ကျွန်တော့်ရဲ့ ကျောင်းဟောင်းကိုလည်း ပြန်ကြည့်ချင်တယ်၊ ကျွန်တော် ပညာသင်ကြားခဲ့တဲ့ နေရာလေးပေါ့၊ အဲဒါက တကယ့်ကို ကောင်းမွန်တဲ့ အမှတ်တရတစ်ခု ဖြစ်လာမှာပါ။
Ariel: တကယ့်ကို အံ့ဩစရာပါပဲ။ အဲဒီအချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါဦး၊ ခင်ဗျားနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်၊ ပြီးတော့ "Fight of the Night" ဆု ရရှိခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဒီနှစ်မကုန်ခင်မှာ "Fight of the Year" ဆုတောင် ဖြစ်သွားနိုင်တာပဲ။ မနှစ်ကလည်း ခင်ဗျား တစ်ကြိမ် ရထားသေးတယ်မလား။
Josh: ဟုတ်ကဲ့၊ နောက်ထပ်တစ်ခုပေါ့။
Ariel: ဟုတ်တယ်၊ နောက်ထပ်တစ်ခု၊ အဲဒါကို ကျွန်တော် သဘောကျတယ်။ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် Josh။ လာရောက်စကားပြောပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်သလို ထပ်ပြီးတော့လည်း ဂုဏ်ယူပါတယ်။
Josh: ကျေးဇူးပါ အစ်ကို။
