ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

Our President 🇲🇲

Our President 🇲🇲

الذهاب إلى القناة على Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
216
المشتركون
لا توجد بيانات24 ساعات
-17 أيام
-230 أيام
أرشيف المشاركات
မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး မြန်မာ-ရုရှား န
+2
မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့ပါသည်။ နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့ပါသည်။

Repost from PPIB.Official
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု နေပြည်တော်၊ ဩဂုတ် - ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်(ပထမရက်) ရုပ်သံမှတ်တမ်း #HOS #Our

သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အစိုးရအဖွဲ့ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာသည့်မြင်ကွင်း #HOS #Our

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့ပါသည်။ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ Maxim Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံသံတမန်ရေးရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတအား ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုလည်း ခံယူခဲ့ပါသည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ တွေ့ဆုံမှုများတွင် မြန်မာ-ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန
+1
မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ
+3
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ဇွန်လအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထ
+3
မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ နေပြည်တော်၊ ဩဂုတ် ၁၇ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။

Repost from PPIB.Official
President U Min Aung Hlaing Departs for Official Visit to the Russian Federation Nay Pyi Taw, August 17 At the invitation of His Excellency Mr. Vladimir Putin, President of the Russian Federation, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, led a high-level Myanmar delegation in departing Nay Pyi Taw Airport by a special flight this morning for an official visit to the Russian Federation. PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတေ
ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ - မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၀ ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတက အဓိကထား ပြောကြားခဲ့သည့် အကြောင်းအရာများမှာ - ▪️ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ▪️ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ကလေးဘဝမှစ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံနှင့် အမူအကျင့်ကောင်းများ စွဲမြဲလာစေရေး လေ့ကျင့်ပေးရန်နှင့် ကျောင်းသားများမှတစ်ဆင့် မိသားစုနှင့် လူမှုအသိုက်အဝန်းအထိ ကျန်းမာရေးအသိ ပျံ့နှံ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ▪️ KG မှ Grade-12 အထိ ကျန်းမာရေးမှတ်တမ်း လွှမ်းခြုံရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ KG ကျောင်းသားများအတွက် စတင်ဆောင်ရွက်ခဲ့သည့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်စနစ်ကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ Grade-12 အထိ စဉ်ဆက်မပြတ် လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ▪️ ကျောင်းတွင်းအာဟာရအတွက် ကျပ် ၂ ဒသမ ၈၂ ဘီလီယံ KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း။ ▪️ ဆယ်ကျော်သက် ကျန်းမာရေးအခြေအနေကို အလေးထားရန် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁,၁၅၅ ဦးကို လေ့လာဆန်းစစ်ရာ ၂၃ ရာခိုင်နှုန်း ကိုယ်အလေးချိန်လျော့နည်းပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အဝလွန်နေသည်ကို တွေ့ရှိရကြောင်း။ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဆယ်ပုံတစ်ပုံခန့်မှာ စိတ်ဖိစီးမှုခံစားနေရသည်ကို တွေ့ရှိရကြောင်း။ ▪️ Vape၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကို ထိရောက်စွာ တားဆီးရန် ဆယ်ကျော်သက်ကျောင်းသားများအကြား Vape အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုများရှိနေသဖြင့် ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများ အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း။ ▪️ ကျောင်းမုန့်ဈေးတန်းနှင့် အစားအသောက်ဘေးကင်းရေး ကြပ်မတ်ရန် ကျောင်းမုန့်ဈေးတန်းများကို ပုံမှန်စစ်ဆေး၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေရန်နှင့် အစားအစာရောင်းချသူများကို ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း။ ▪️ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကိုပါ အလေးထားရန် လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ်ဖိစီးမှုခံစားနေရသည့် ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်း၍ ပံ့ပိုးကူညီနိုင်သည့် ပတ်ဝန်းကျင်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖန်တီးပေးရန် လိုအပ်ကြောင်း။ ▪️ ၂၀၃၀ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးနှင့် အရွယ်မတိုင်မီသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျောင်းနေအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း။ ▪️ ဝန်ကြီးဌာနများ ပူးပေါင်းအကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ဧရာဝတီ ဩဂုတ် ၉ အောက်မြန်မာပြည်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်ကြားရေးနှင့် ပညာရေးအရည်အသွေးများ မြှင့်တင်ကာ အနာဂတ်တွင် မဟာဘွဲ့ (Master) နှင့် ဒေါက်တာဘွဲ့ (Ph.D) များအထိ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် - အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့လွန်သင်တန်းများ ရည်မှန်းဆောင်ရွက်ရေး - “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေး အရည်အသွေး (Quality) ကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ပေးအပ်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် အယူအဆဆိုင်ရာ သင်ကြားရေး - စပါး၊ ပြောင်း၊ ပဲနှင့် နှစ်ရှည်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သီးသန့် အထူးပြုရမည့် သီးနှံများနှင့် နှစ်ရှည်ပင်များကို သေချာစွာ သင်ကြားပေးရန်လိုကြောင်း၊ “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံအချက်များအနက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ရေအရင်းအမြစ် အသုံးချရေးတို့ကို သာမန်သင်ကြားပေးရုံမကဘဲ အတွေးအခေါ်နှင့် အိုင်ဒီယာပါ ရရှိအောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ လက်တွေ့ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေး - ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ကျွဲ၊ ငါး အစရှိသည့် မွေးမြူရေးနည်းလမ်းများအပြင် ဘဲသားနှင့် ဘဲဥ ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများကိုပါ သေချာစွာ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် သရက်၊ သီဟိုဠ်နှင့် ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို လက်တွေ့ကျကျ ဆောင်ရွက်စေလိုပြီး ဖြစ်နိုင်ပါက ကျောင်းသားများအနေဖြင့် မဟာတန်းအထိ ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဗဟုသုတများ - သစ်ပင်စိုက်ပျိုးရာတွင် တွက်ချက်စိုက်ပျိုးနည်း၊ အရိပ်ရပင်နှင့် နေကာပင် စိုက်ပျိုးပုံများကို ဗဟုသုတ (Knowledge) တစ်ခုအနေဖြင့် သင်ကြားပေးရန်၊ ပန်းဥယျာဉ် ပြုပြင်ဖန်တီးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးရန် လိုကြောင်း၊ ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကို မြတ်နိုးဂုဏ်ယူတတ်စေရန်နှင့် အတွေးအခေါ်၊ အသိအမြင်ကောင်းများ ရရှိစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စာသင်ဆောင်များနှင့် အိပ်ဆောင်များကို စနစ်တကျ ပြုပြင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တိုးချဲ့ရေး - ကျောင်းသားဦးရေ တိုးတက်လာရေး ဆောင်ရွက်ရန်လိုပြီး အမှန်တကယ် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် အဆောက်အအုံများကို စနစ်တကျ တွက်ချက်တောင်းခံပါက သီးခြားဘတ်ဂျက်ဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ တိုးချဲ့ရေး - တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတိုင်း၌ စိုက်ပျိုး/မွေးမြူရေး သိပ္ပံများကို မဖြစ်မနေ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
+1
ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား ဧရာဝတီ၊ ဩဂုတ် ၉ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံစဉ် - ရေဘေးကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်လာရောက်အားပေးလိုသည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း မူလအခြေအနေအတိုင်း နီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းပြန်လည်တက်ရောက်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှု ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ် ထပ်မံမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ပြည်သူများ၏ အခက်အခဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းမှုများသည် ရေဘေးသင့်ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့ပါသည်။

လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကျော်စီးဝင်မှုနှင့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နောင်တွင် အလားတူသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် လူသားတို့၏ စီမံဆောင်ရွက်မှုဖြင့် ကြိုတင်ကာကွယ်နိုင်သည့် ရေရှည်ကာကွယ်ရေးအစီအမံများကို စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်လ (၈)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် လေးမျက်နှာမြို့နယ် ရေကျော်စီးဝင်ရေကြီးရေလျှံမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ ဖြစ်ပေါ်ခဲ့သည့် တာတမံနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုအခြေအနေ၊ ရေဘေးသင့်ဒေသများ၌ ဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ရေရှည်တွင် ရေကြီးရေလျှံမှုနှင့် ရေဘေးအန္တရာယ်များ လျော့နည်းစေရေးအတွက် ဆောင်ရွက်ရမည့် ကာကွယ်ရေးအစီအမံများကို ဆွေးနွေးခဲ့ကြပါသည်။ လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သဖြင့် ယင်းကာလအတွင်း ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်ထားသည်၊ ရေရှည်တွင် မည်သည့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုသည်ကို ပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ထို့ပြင် ဟင်္သာတဒေသအပါအဝင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့ ဆက်စပ်စီးဆင်းရာဒေသများ၏ ယခင်နှင့် လက်ရှိ ရေစီးရေလာအခြေအနေ၊ နုန်းနှင့်သဲ စုပုံမှု၊ အမှိုက်အပျက်အစီးများကြောင့် ရေလမ်းကြောင်း ပြောင်းလဲလာမှုတို့ကို ရှိပြီးသား မှတ်တမ်းအချက်အလက်များနှင့် နှိုင်းယှဉ်၍ ပြန်လည်လေ့လာရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြေနှင့်ရေအရင်းအမြစ် ပေါကြွယ်ဝသည့်ဒေသဖြစ်သဖြင့် ရှိပြီးသား အရင်းအမြစ်များကို မည်သို့ထိရောက်စွာ အသုံးချမည်ကို စနစ်တကျစဉ်းစားရန်လိုကြောင်း၊ အထူးသဖြင့် ရေချိုရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ရေငံဝင်ရောက်မှုတားဆီးရေးတို့ကို ရေရှည်အမြင်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ရေတင်စနစ်များတွင် ဆိုလာစနစ်အသုံးပြုခြင်းသည် သင့်လျော်သည့်နည်းလမ်းတစ်ခုဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဆိုလာစနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေးကို လေ့လာဆောင်ရွက်ရန်နှင့် ရေငံဝင်ရောက်မှုကို ထိန်းချုပ်နိုင်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် ဒေသ၏ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေပြီး အကျိုးရှိမည်ဆိုပါက နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။ ယင်းအတွက် သက်ဆိုင်ရာပညာရှင်များပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ရေငံတားဆီးရေး၊ ရေချိုသိုလှောင်အသုံးချရေး၊ ရေကြောင်းသွားလာရေးနှင့် စိုက်ပျိုးရေးအတွက် ရေအသုံးချရေးတို့ကို ပေါင်းစပ်စဉ်းစားကာ ဧရာဝတီတိုင်းဒေသကြီး၏ ရေရှည်ရေအရင်းအမြစ်စီမံခန့်ခွဲမှု Plan တစ်ရပ် ရေးဆွဲထားရန်လိုကြောင်း မှာကြားခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သည့်စီမံကိန်းများကို မည်သို့ဆောင်ရွက်မည်၊ တိုင်းဒေသကြီးဘဏ္ဍာငွေမှ မည်မျှအသုံးပြုနိုင်မည်နှင့် ပြည်ထောင်စုအစိုးရမှ မည်မျှပံ့ပိုးရန်လိုအပ်မည်တို့ကို စနစ်တကျတွက်ချက်၍ စီမံချက်များ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ကို အရေးပါသည့် ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ပင်လယ်ကူးဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရေးကိုလည်း ရေရှည်မျှော်မှန်း ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေးတွင် သဘာဝသယံဇာတများရှိရုံဖြင့် မလုံလောက်ဘဲ လူသားအရင်းအမြစ်၊ နည်းပညာနှင့် ပညာရေးတို့သည် အဓိကကျကြောင်း၊ ပညာရေးအဆင့်အတန်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ထင်ဟပ်စေသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မအူပင်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးထားသကဲ့သို့ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။

လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်
+3
လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်၊ စုစုပေါင်း ကျပ် ၁၄၆ သန်းကျော် ထောက်ပံ့ပြီးစီး ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် မြို့ပေါ်ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်လျက်ရှိရာ လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိထားပြီ ဖြစ်ပါသည်။ လက်ရှိတွင် လေးမျက်နှာမြို့နယ်၌ မိုဘိုင်းစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့ပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံး၌ Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို့၌ ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှု အခြေအနေများလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆-၈-၂၀၂၆ မှ ၇-၈-၂၀၂၆ ထိ) ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း

မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ- -ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ -နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။ -၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။ -ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။ -စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ -EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။ -မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။ -အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။ -နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ -တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ -ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။ -မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ -မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။