uz
Feedback
The Standard Time Digital

The Standard Time Digital

Kanalga Telegram’da o‘tish

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
273
Obunachilar
-124 soatlar
+47 kunlar
+2530 kunlar
Postlar arxiv
◾️ဂျီ-၂၀ ညီလာခံအတွက် ရုရှားသမ္မတ ပူတင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဖိတ်ကြားမ မိုင်ယာမီမြို့တော်၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် ရုရှား သမ္မတပူတင်ကို ဖိတ်ကြားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း ဧပြီ ၂၄ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ အနောက် အုပ်စု ဒီမိုကရေစီနိုင်ငံများက ရုရှားနိုင်ငံအား သံတ မန်ရေးအရ ဖယ်ကြဉ်ထားချိန်တွင် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးတက်ရောက်ရေးအတွက် ဖိတ်ကြား ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထား ခြင်းဖြစ်သည်။ မိုင်ယာမီမြို့တော်၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ကြားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြား ထားသည်။ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး တက်ရောက် ရေးအတွက် အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်ကို လက်ခံရရှိ ထားကြောင်း ရုရှားတာဝန်ရှိသူများက လည်း အတည်ပြုထားသည်။သို့ရာတွင် သမ္မတပူတင်အနေဖြင့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲဖိတ်ကြားချက်ကို လက်ခံရေး အတွက် အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။ ဂျီ-၂၀ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် သမ္မတပူတင်အား ဖိတ်ကြားမည့် ဆုံးဖြတ်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ရုရှား နှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ဆန္ဒရှိနေပုံကို သက်သေပြလျက်ရှိသည်။ ဂျီ-၂၀ ထိပ်သီးညီလာခံကို ဒီဇင်ဘာ ၁၄ ရက် မှ ၁၅ ရက်အထိ မိုင်ယာမီမြို့တော်၌ ကျင်းပရန် စီစဉ် ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ မြောက်ပိုင်း ဖယောင်း(Phayao)ခရိုင်ရှိ အိမ် တစ်အိမ်အတွင်း ပုန်းအောင်းနေသည့် အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၆၃ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။ ဖယောင်းခရိုင် မယ်တမ်တိုက် နယ်ရှိ အဆိုပါအိမ်ကို ဧပြီ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ ထဲတွင် ပအိုဝ်း၊ ရှမ်း၊ ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုဝင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့အား ပွဲစားဖြစ်သူများက မော်တော်ယာဉ်ငယ်များဖြင့် အဆင့် ဆင့်သယ်ဆောင်လာခဲ့ပြီး ဗန် ကောက်နှင့် ဖိစနုလောက်ခရိုင်က ရထားလမ်းအနီးရှိ နေရာများကို ဆက်လက်ထွက်ခွာရန် ဖယောင်းက နေအိမ်တစ်အိမ်တွင် ရောက်ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား တရား မဝင် ဝင်ရောက်မှုဖြင့် အရေးယူရန် ဖယောင်းရဲစခန်းကို လွှဲပြောင်းထား ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းများချနေသော အီရန်သင်္ဘောများကို ချေမှုန်းရန် ရေတပ်ကို ဒေါ်နယ်ထရန့် ညွှန်ကြား ‎ ‎မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား၌ ရေမြုပ်မိုင်းများ ဖြန့်ကြက်နေသည့် အီရန်ရေယာဉ်မှန်သမျှ ကိုတိုက်ခိုက်ချေမှုန်းရန် သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၂၄ ရက်တွင် အမေရိကန်စစ်ဘက်ကို ညွှန်ကြားထားကြောင်း သိရသည်။ ‎ ‎ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ ပင်လယ်ကွေ့ရေပြင်မှ ထွက်ခွာ ရန် ကြိုးပမ်းခဲ့သော ကုန်သေတ္တာတင် သင်္ဘောနှစ်စင်းကို အီရန်တော်လှန်ရေး အစောင့်တပ်က ဟော်မုဇ်ရေလက်ကြားအတွင်း ဖမ်းဆီးခဲ့ပြီးနောက် သမ္မတဒေါ် နယ် ထရန့်၏ အထက်ပါညွှန်ကြားချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ‎ ‎ဟော်မုဇ်ရေလက်ကြား ရေပြင်များအတွင်း ရေမြုပ်မိုင်းများ ချနေသော မည်သည့်အီရန်သင်္ဘောမျိုးကိုမဆိုတိုက်ခိုက်ဖျက်ဆီးရန် အမေရိကန်ရေတပ်ကို မိမိညွှန်ကြားထား ကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်နှာ ပေါ်တွင် ရေးသားထားသည်။ ‎ ‎အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားချိန်တွင် အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းရန် ကြိုးပမ်းခဲ့သောသင်္ဘောများကို အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ‎ ‎အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့သည် ပါကစ္စတန်၏ ကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူထားသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်မှု မရှိသေးပေ။ ‎ ‎လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှု စုစု ပေါင်း၏ ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းနေသော ဟော်မုဇ်ရေလက်ကြားကို အီရန် က ပိတ်ဆို့ထားဆဲဖြစ်သလို အမေရိကန်ရေတပ်ကလည်း အီရန်ရေနံကုန်သွယ် ရေးလုပ်ငန်းကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ‎ ‎ဒုတိယအကျော့ အမေရိကန်အစိုးရနှင့် အီရန်တို့သည် ယခုသီတင်းပတ်အတွင်း ပါကစ္စ တန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့၌ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း ဖြစ်မြောက်မည့်အရိပ် အယောင် မရှိသေးပေ။ ‎ ‎သတင်း-ဗျည်းနွဲ့ ‎ကိုးကား-ရိုက်တာ ‎#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️မလေးရှားတွင်မြန်မာအလုပ်သမားများအပါအ၀င် တရားမ၀င် နိုင်ငံခြားသားအလုပ်သမား ၁၁၄ဦးဖမ်းခံရ ‎ ‎မလေးရှားနိုင်ငံကလန်တန်ပြည်နယ်တွင် မြန်မာအလုပ်သမားများအပါအ၀င် တရားမ၀င်နိုင်ငံခြားသားအလုပ်သမား ၁၁၄ဦးကိုရဲတပ်ဖွဲ့က ဧပြီ ၂၀ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ‎ ‎ကလန်တန်ပြည်နယ်ဒါဘောင်ရှိရေအားလျှပ်စစ်စီမံကိန်းခွင်ကို မလေးရှား လူ၀င်မှုကြီးကြပ်ရေးဌာန(JIM)ပါသည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က၀င်ရောက်စစ်ဆေးခဲ့ပြီး တရားမ၀င် ၀င်ရောက်နေထိုင်သူ(PATI)စုစုပေါင်း ၁၁၄ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ‎ ‎ဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊မြန်မာ၊အင်ဒိုနီးရှားနှင့်တရုတ်များပါ၀င်နေပြီး ဖမ်းဆီးရမိသူအားလုံးကိုစစ်ဆေးမှုများပြုလုပ်ရန် ကလန်တန်ပြည်နယ် လူ၀င်မှုကြီးကြပ်ရေးရုံး၀င်းသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။ ‎ ‎မလေးရှား လူ၀င်မှုကြီးကြပ်ရေးဌာန(JIM)၏ ထုတ်ပြန်ချက်အရ ဧပြီ ၂၃ရက်နံနက်ကလည်း ဆီလန်ဂေါပြည်နယ်အတွင်းရှိနေရာရှစ်ခုတွင် ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊အိန္ဒိယ၊နီ‌ပေါနှင့် အင်ဒိုနီးရှားနိုင်ငံသား ၄၅ဦးကို လူ၀င်မှုကြီးကြပ်ရေးအက်ဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ‎ ‎သတင်း-ဇော်ကိုထက် ‎ဓာတ်ပုံ-JIM ‎#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တိုက်တွန်း ‎ ‎နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံ လွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာအစိုးရကို ဧပြီ ၂၄ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ‎ ‎ယင်းအပြင် မြန်မာအစိုးရအဖွဲ့သစ်က ယခုလအတွင်းကြေညာခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းချန်းသာခွင့်များကိုအားလုံးပါ၀င်နိုင်မှုရှိသည့်အမျိုးသား ဆွေးနွေးပွဲများကျင်းပနိုင်ရေးအတွက် အပြုသဘောဆောင်သောခြေလှမ်းတစ်ရပ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကကြိုဆိုထားသည်။ ‎ ‎မိမိတို့အနေဖြင့်မြန်မာနိုင်ငံရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းအတွက် ငြိမ်းချမ်း၍ အဓွန့်ရှည်မည့်အဖြေတစ်ရပ်ရရှိရန် ဆက်လက်ကူညီမည်ဖြစ်ကြောင်းဖိလစ်ပိုင်နိုင်ငံ၏ သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ‎ ‎ဖိလစ်ပိုင်နိုင်ငံသည်အဖွဲ့၀င်နိုင်ငံ ၁၁နိုင်ငံပါ အာဆီယံအဖွဲ့၏ယခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်သည်။ ‎ ‎ယခုသီတင်းပတ်အတွင်းထိုင်းနိုင်ငံသို့လာရောက်ခဲ့သည့်ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဆီဟာဆက်ခ်သည် မြန်မာခေါင်းဆောင်သစ်များနှင့်တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏နေရေးထိုင်ရေးနှင့် ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ‎ ‎သတင်း-ဗျည်းနွဲ့ ‎ကိုးကား-ရိုက်တာ ‎#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ကိုရင်ငယ်အားရိုက်နှက်သည့် ဘုန်းကြီးကိုအမှုဖွင့်၊ ဆေးရုံပေါ်မှ ကိုရင်ပုံမှာပုံအမှားဖြစ် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်း၌ ကိုရင်လေးတစ်ပါးအား ပြင်းပြင်းထန်ထန်အင်အားသုံးရိုက်နှက်သည့် ကျောင်းထိုင်ဘုန်းကြီးကို ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းအမှုအားကူညီဆောင်ရွက်ပေးနေသူ ဥူးသုနန္ဒကမိန့်သည်။ ရိုက်နှက်ခံရသူကိုရင်လေးမှာ အသက်(၇) နှစ်အရွယ်ရှိပြီဖြစ်ပြီး ရိုက်နှက်သူဘုန်းကြီးမှာ သက်တော်(၄၁) နှစ်၊ ဝါတော်(၂၁) နှစ်ဖြစ်ကြောင်း၊ လက်ရှိတွင်ကိုရင်လေးမှာ ကျန်းမာရေးကောင်းမွန်ပြီး အဆိုပါဘုန်းကြီးကျောင်း၌ ဆက်လက်သီတင်းသုံးနေထိုင်လျက်ရှိကြောင်းသိရသည်။ "ကိုရင်လေးကိစ္စနဲ့ပတ်သတ်ပြီးပြောရရင် အခုအွန်လိုင်းမှာပျံ့နေတဲ့ ကိုရင်လေးတစ်ပါးဆေးရုံပေါ်ကပုံသည် လက်ရှိဖြစ်စဉ်ကိုရင်လေးမဟုတ်ပါဘူး။ မြိတ်ကကိုရင်လေးက ကျန်းမာစွာလက်ရှိကျောင်းမှာပဲ သီတင်းသုံးနေပါတယ်။ ဘယ်ဆေးရုံကိုမှလည်းမတက်ခဲ့ပါဘူး။ ရိုက်တဲ့ဘုန်းကြီး ဥူးတေဇကတော့ လူဝတ်လဲပြီးလူအမည် ဦးထွန်းလှိုင်၊ မြိတ်မြို့မရဲစခန်းမှ ပုဒ်မ ၂၉၅ (က)ဖြင့် အရေးယူထားပါတယ်" ဟု ဥူးသုနန္ဒက စံတော်ချိန်ဒစ်ဂျစ်တယ်သို့မိန့်သည်။ ယခုလဧပြီ ၂၁ ရက်၊ ညနေပိုင်းတွင် ကိုရင်လေးတစ်ပါးကို ဘုန်းကြီးတစ်ပါးကအင်အားထည့်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်နေသည့်ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ကြည့်ရှုသူများက၎င်းဘုန်းကြီးအားအရေးယူပေးရန် ဝေဖန်ရေးသာလာကြသည်။ ထို့နောက်တွင် သက်ဆိုင်ရာမြို့နယ် သာသနာရေးဦးစီးဌာနနှင့် ဆရာတော်၊ သံဃာတော်များ၊ ထွေ/အုပ်နှင့်ရဲများက အဆိုပါဘုန်းကြီးကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဘုန်းကြီး ဥူးတေဇကိုခေါ်ယူ မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက်ယမန်နေ့ညပိုင်းတွင် ၎င်းအားလူဝတ်လဲကာ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင်ကိုရင်လေးအားရိုက်နှက်နေသည်ကို ဗီဒီယိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ ခြိမ်းခြောက်ခံရမှုများရှိသောကြောင့် ရှောင်တိမ်းနေထိုင်နေရကြောင်း၊ ယင်းဗီဒီယိုဖိုင်အားလူမှုကွန်ရက်ပေါ်တင်ခဲ့သည့် သံဃာတော်မှာလည်း လူထွက်၍ရှောင်တိမ်းနေကြောင်း ဥူးသုနန္ဒကလူမှုကွန်ရက်တွင်အသိပေး ရေးသားထားသည်။ “အများသိအောင် video တင်ပေးတဲ့ ဦးဇင်းလေးနဲ့ရိုက်ကူးခဲ့တဲ့ဒကာမကို ခြိမ်းခြောက်တာတွေရှိလာလို့ ဒကာမကရှောင်နေရပါတယ်။ Video တင်ပေးတဲ့ ဥူးဇင်းလေးကတော့မီဒီယာပေါက်စတွေနဲ့ ဆယ်လီတွေကြားမှာတရားခံနဲ့မှားယွင်းကာ သူ့ရဲ့ပုံကိုတင်ပြမှုတွေကြောင့်ကြောက်လန့်ပြီး လူထွက်လိုက်ပါပြီ။ ဟုတ်ပါတယ်(လူထွက်လိုက်ပါပြီ) ။ စာတတ်ပေတတ်ရဟန်းပျိုတစ်ပါး ထပ်မံဆုံးရှုံးလိုက်ရပါပြီ” ဟု ယနေ့(ဧပြီ ၂၃ ရက်) မွန်းလွဲပိုင်းကရေးသားထားသည်။ ကိုရင်လေး၏မိဘများမှာ ပင်လယ်ပြင်တွင်အလုပ်လုပ်ကိုင်နေခြင်းကြောင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မသိရှိသေးကြောင်း၊ ပြန်ရောက်လာပါကအသိပေးသွားမည်ဖြစ်ကြောင်း ဥူးသုနန္ဒကမိန့်သည်။ "တချို့ကမေးတယ်။ ကိုရင်လေးမိဘတွေကမရှိတော့တာလား ဘာမှမလုပ်ဘူးလားလို့မေးကြတယ်။ တကယ်တော့ကိုရင်လေးမှာမိဘတွေရှိပါတယ်။ သူတို့ကပင်လယ်မှာ အလုပ်လုပ်နေရတဲ့အတွက် ဆက်သွယ်လို့မရဘူး၊ ဆက်သွယ်လို့ရရင်အသိပေးမှာပါ။ ပင်လယ်ပြင်သွားတယ်ဆိုတာ အနည်းဆုံးနှစ်လကနေ တစ်နှစ်အထိကြာတတ်တယ် "ဟု မိန့်သည်။ ယခုလဧပြီ ၂၂ ရက်တွင်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အသက်(၁၀) နှစ်အရွယ် ကလေးတစ်ဦးကို အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ချည်သည့်ရာဘာမျော့ကြိုးဖြင့်ရိုက်ခြင်း၊ ကလေးအားဝမ်းလျားမှောက်ခိုင်းကာ အပေါ်မှခေါင်းနှင့်ရင်ဘတ်ကိုဆောင့်နင်းခြင်း၊ တက်ခုန်ခြင်းများ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လျက်ရှိပြီး ယင်းအမျိုးသမီးအား ကလေးသူငယ်ညှင်းပန်း နှိပ်စက်မှုဖြင့် အမှုဖွင့်အရေးယူထားကောင်း လူမှုကွန်ရက်တွင်သတင်းများထွက်ပေါ်လျက်ရှိသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - ဥူးသုနန္ဒာ/FB #ပြည်တွင်းသတင်း

◾️အက်ဆွာတီနီ ခရီးစဉ်ကို တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တီး ဖျက်သိမ်းခဲ့ တရုတ် (တိုင်ပေ) သမ္မတလိုင်ချင်တီးသည် ယခုသီတင်းပတ်အတွင်း အာဖရိကတိုက် အက်ဆွာတီနီနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းထားရကြောင်း တရုတ်(တိုင်ပေ) သမ္မတရုံးက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ တရုတ်အစိုးရ၏ ဖိအားများအရ အာဖရိကနိုင်ငံ သုံးနိုင်ငံတို့ကသမ္မတလိုင်ချင်တီး၏ လေယာဉ် ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကိုပိတ်ပင်ခဲ့ခြင်းကြောင့် အက်ဆွာတီနီခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း တရုတ် (တိုင်ပေ) သမ္မတရုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တီးသည် မူလက အက်ဆွာတီနီနိုင်ငံသို့ ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိသွားရောက်ရန် စီစဉ်ထားသည်။သို့ရာတွင် ခရီးလမ်းကြောင်းတစ်လျှောက်ရှိ ကျွန်းစုနိုင်ငံများဖြစ်ကြသော ဆေးရှဲလ်ကျွန်းစုနိုင်ငံ၊မောရစ်သျှနိုင်ငံနှင့် မဒါဂတ်စကားနိုင်ငံတို့က ဝေဟင်ပိုင်နက် အသုံးပြုခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်းတရုတ် (တိုင်ပေ) တာဝန်ရှိသူများကပြောကြားသည်။ အထက်ပါနိုင်ငံ သုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖိအားအမျိုးမျိုးကြောင့် ကြိုတင်သတိပေးခြင်းမရှိဘဲသမ္မတလိုင်ချင်တီး၏ လေယာဉ်ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကိုပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ် (တိုင်ပေ) တာဝန်ရှိသူများက ပြောကြားသည်။ အက်ဆွာတီနီ နိုင်ငံသည်တရုတ် (တိုင်ပေ)၏ တစ်ခုတည်းသော အာဖရိက မဟာမိတ်နိုင်ငံဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဟောမုဇ်ရေလက်ကြား ပိတ်ထားခြင်းကြောင့် အမေရိကန်ရေနံ ဝယ်လိုအား မြင့်တက်လာ တက္ကဆက်၊ လူဝီစီယားနား နှင့် အလာစကာ ကဲ့သို့သော အမေရိကန်၏ ရေနံကြွယ်ဝသော ပြည်နယ်များဆီသို့ ရာနှင့်ချီသော သင်္ဘောများရောက်ရှိသွားစေရန် အီရန်ခေါင်းဆောင်များက တွန်းအားပေးခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းပိုင် Truth Social လူမှုကွန်ရက်ပေါ်တွင် တနင်္လာနေ့ညတွင် ပြောကြားခဲ့သည်။ မည်ကဲ့သို့သော သင်္ဘောများကို ထရန့်က ရည်ညွှန်းခဲ့သည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း ဟောမုဇ်ရေလက်ကြားကို အီရန် က ပိတ်ဆို့ထားခြင်းကြောင့် အမေရိကန်ရေနံစိမ်းများအပေါ် ဝယ်လိုအား မြင့်တက်လာခဲ့သည်ဟု သင်္ဘောလုပ်ငန်းနှင့် ကုန်သွယ်ရေးလေ့လာဆန်းစစ်သူများက BBC Verify အား ပြောပြကြသည်။ ၎င်းရေလက်ကြားသည် ကမ္ဘာ့ရေနံ စီးဆင်းမှု၏ ဗူးလည်ဆို့ နေရာဖြစ်သည်။ သို့သော် ဖေဖော်ဝါရီ ၂၈ တွင် အမေရိကန် - အစ္စ‌‌‌ရေးတို့နှင့် အီရန်ကြားက စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ လုံးဝနီးပါး ပြတ်တောက်သွားခဲ့သည်။ ဟောမုဇ်အား ဖြတ်သန်း၍ အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းကို မဝယ်ယူနိုင်သော အချိန်တွင် ရေနံတင်သွင်းသူများက အခြားရေနံထောက်ပံ့ရေးလမ်းကြောင်းများကို ရှာဖွေကြရသည်။ ဧရာမရေနံတင်သင်္ဘောကြီးများ (VLCCs) ဟု သိရှိကြသော ရေနံတင်သင်္ဘောကြီး ၇၁ စီးသည် ရေနံတင်ဆောင်ရန် အမေရိကန်သို့ ဦးတည်ခဲ့ကြကြောင်း နှင့် ၎င်းနေ့စဉ်အရေအတွက်သည် ပြီးခဲ့သည့် နှစ်က တစ်နေ့လျှင် ပျှမ်းမျှ ၂၇ စီးသာ ရှိကြောင်း ရေကြောင်းလုပ်ငန်းအချက်အလက် ခွဲခြမ်းစိတ်ဖြာသော Kpler ကုမ္ပဏီ၏ အချက်အလက်များက ပြသနေသည်။ အမေရိကန်၏ ပင်လယ်ကွေ့ကမ်းရိုးတန်းအပါအဝင် အတ္တလန်တစ်သမုဒ္ဒရာ ရပ်ဝန်းတွင် ရေနံတင်ဆောင်ခြင်းသည် ထောက်ပံ့မှုကွာဟချက်ကို ဖြည့်တင်းရန် ပေါများသော၊ လွယ်ကူသော ဖြေရှင်းချက်အဖြစ် ဥရောပနှင့်အာရှမှ ဝယ်လက်များက ရှုမြင်ကြသည်ဟု Argus Media ဈေးကွက်ထောက်လှမ်းရေးလုပ်ငန်း မှ အမေရိကန်ရေနံစိမ်း သင်္ဘောတင်နှုန်း ဈေးဖြတ်ပေး‌ရေးခေါင်းဆောင် ဒေးဗစ်ဟေဒန် က ပြောသည်။ ထိုသို့သောရှုမြင်မှုက အမေရိကန် ရေနံစိမ်းတင်ပို့မှု မြင့်တက်မှုကို မောင်းနှင် နေပုံရသည်။ ဧပြီ ၁၀ ရက်တွင် အဆုံးသတ်သော သီတင်းပတ်အတွင်း အမေရိကန်ရေနံစိမ်းတင်ပို့မှုသည် တစ်နေ့လျှင် ၅ ဒသမ ၂ သန်းရှိပြီး ခုနှစ်လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ရေ‌ကြောင်းသုတေသနအတိုင်ပင်ခံ ဒရူဒရီ က ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-BBC #နိုင်ငံတကာသတင်း

◾️ရုရှားစစ်လေယာဉ်များကို ဘောလ်တစ်ဒေသ၌ နေတိုးအုပ်စု စောင့်ကြည့် ဘောလ်တစ် ပင်လယ်ဒေသ၌ကင်းလှည့်ပျံသန်းနေသော ရုရှားလေတပ်မှ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များကို မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့(နေတိုး) တိုက်လေယာဉ်များကအရေးပေါ် တက်ရောက်၍ စောင့်ကြည့်ခဲ့ကြကြောင်း ဧပြီ ၂၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များကို လစ်သူယေးနီးယားနိုင်ငံ၌တပ်စွဲထားသော ပြင်သစ်နိုင်ငံလုပ်ရာဖေးလ် အမျိုးအစား စစ်လေယာဉ်များက တက်ရောက်စောင့်ကြည့်ခဲ့ကြပြီး ဆွီဒင်၊ ဖင်လန်၊ ပိုလန်၊ ဒိန်းမတ်နှင့်ရိုမေးနီးယားနိုင်ငံတို့မှ တိုက်လေယာဉ်များကလည်း ပါဝင်ကူညီခဲ့ကြကြောင်းသိရသည်။ ဘောလ်တစ် ပင်လယ်ဒေသ၌မေ ၂၀ ရက်တွင် ကင်းလှည့်ပျံသန်းခဲ့ကြသော ရုရှားတိုက်လေယာဉ်များမှာတီယူ- ၂၂ အမ် (၃) အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းနှင့် တိုက်လေယာဉ် ၁၀ စင်း ပါဝင်ကြောင်း နေတိုးအုပ်စုက သတင်းထုတ်ပြန်ထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များ ဘောလ်တစ်ဒေသ၌ ကင်းလှည့်ပျံသန်းမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုထားသည်။ အဆိုပါ စစ်လေယာဉ်များသည် ကြိုတင်စီစဉ်ထားသော ကင်းလှည့်ပျံသန်းမှု အစီအစဉ်များအရ ဘောလ်တစ်ပင်လယ်ဒေသ နိုင်ငံတကာရေပြင်အတွင်း လေးနာရီကျော်ကြာ ပျံသန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းအပြင် ရုရှားစစ်လေယာဉ်များအနေဖြင့် ယင်းသို့ကင်းလှည့်ပျံသန်းရာတွင် နိုင်ငံတကာဥပဒေ များကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထားသည်။ ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဘောလ်တစ်ပင်လယ်ဒေသ၌မဟာဗျူဟာမြောက် တာဝေးပျံ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းမှုပေါင်း လေးကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း