ကဗျာပြတိုက်
Kanalga Telegram’da o‘tish
Owner_ @kabyar_pyatike 🐍ကဗျာများသည် စိတ်ကိုရူးသွပ်စေနိုင်သောကြောင့် နှလုံးသားဖြင့်ဖတ်ပါရန် မေတ္တာရပ်ခံပါသည်။🐍
Ko'proq ko'rsatishMyanma25 699Toif belgilanmagan
1 495
Obunachilar
+324 soatlar
+27 kunlar
-1030 kunlar
Postlar arxiv
1 495
မျှော်လင့်တယ်ဆိုတာ
ချစ်စရာလောဘလေးတစ်ခု
စိုက်ပျိုးသလိုပါပဲ
ဉာဏ်မမှီတဲ့သူပီပီ
ကိုယ့်လောဘလေးနဲ့ကိုယ်
ရောင့်ရဲနေတတ်ခဲ့။
-ဂန္ဓမာ (၂၀၁၇)
1 495
အာဇာနည်နေ့ ဘယ်တော့အခါမှ မမေ့မေ့
နံနက်အရုဏ်ဦး နေကြည်သန်းချိန်
နေမင်းကြီး ထွန်းလင်းကစား မှိုင်းပြပြရှိနေ၏။
တရိပ်ရိပ်တက်လာသော မိုးညိုတိမ်လိပ်များက
ကျွန်ုပ်၏စိတ်အား လှုပ်ခတ်နေသယောင်
မိုးကောင်းကင်ဝယ် ပြေးလွှားနေသော
တိမ်တိုက်များရယ်
ကျွန်ုပ်ကိုသာ ခေါ်ဆောင်သွားပါတော့။
သင်ပြေးနေသောအရပ်၊ သင်သွားနေသောဌာန
ကျွန်ုပ် မခန့်မှန်းတတ်တော့။
ရွာမယ်ဆိုလည်း ရွာလိုက်ပါတော့လား မိုးတိမ်ညိုရယ်
ဒီထက်ပိုပြီး မညှိုးနွမ်းပါနှင့်တော့။
ဆန့်ငင် ဆန့်ငင် တငင်ငင်နဲ့ ဥဩမြည်သံ ကြားရတာ
နှလုံးခုန်သံပင် ရပ်သွားသလား အောက်မေ့ရတယ်။
အဲဒီနေ့ အဲဒီအချိန် ထပ်မရောက်ချင်မိတော့
ထားခဲ့သူက စိတ်ဖြောင့်ဖြောင့်နှင့် သွားပြီဖြစ်သော်လည်း
ကျန်ခဲ့သူအဖို့ ယနေ့အထိ မဖြေဆည်နိုင်သေးပါ။
နှစ်စဉ် ဇူလိုင်(၁၉)နှင့်အတူ ရွာသွန်းနေဆဲပါ၊
သင်တို့ ၉ဦး သွေးမြေကျခဲ့တဲ့ ဤမြေကြီးဝယ်
ကျွန်ုပ် ရပ်နေဆဲ ရပ်နေလျက်ပါ
သို့သော် ဒူးတုန်မိ၏ ၊ စိုးထိတ်မိ၏။
နိုင်ငံအတွက် ၊ ပြည်သူတွက် ၊ အများအကျိုးအတွက်
အသက်နှင့် လဲလှယ်ခဲ့သော ရဲဘော်၉ဦး
ကျေးဇူးအထူး ကြီးမားလှ၏။
ဘယ်တော့အခါမှ မေ့၍မရသော
အာဇာနည် ၉ဦး။ ။
Z.Mee
1 495
ကိုယ်က အစွမ်းကုန် ချစ်ပေးခဲ့တာမို့ သူ့ဖက်ကလွန်ဆန်ရင်
တစ်ဖက်တတ်ဆွဲထားဖို့ စိတ်ကူးလုံးဝမရှိပါဘူး။
ချစ်တတ်ဖို့လည်းသင်ထားသလို စွန့်လွှတ်တတ်ဖို့လည်း သင်ထားပါတယ်။
Zmee
1 495
ချစ်တယ်လို့ ပြောခဲ့တုန်းက အတူတူ.... လမ်းခွဲတဲ့အခါကျတော့မှ ဘာလို့ ငါတစ်ယောက်တည်း နာကျင်နေရတာလဲUnknown
1 495
ပိုင်ဆိုင်ခွင့်ရမှ
အချစ်လို့သတ်မှတ်ရင်
သူပျော်ရွှင်ဖို့အတွက်
လက်လွှတ်လိုက်ရတာကိုတော့
အရှုံးလို့ သတ်မှတ်ချင်သတ်မှတ်ပေါ့
ကိုယ်အတွက်ကတော့ ချစ်မိရင်
ရှုံးတာပဲလို့ အစကတည်းက
တွေးထားသူမို့ အဆင်ပြေပါတယ်
ဘာဖြစ်လဲ ဒဿဂီရိလဲ
အရှုံးသမားတစ်ယောက်ပဲ
အချစ်တတ်ဆုံး
အရှုံးသမားကြီးပေါ့……
Z.Mee
1 495
သီချင်းတွေ နားထောင်တိုင်း တိုက်ဆိုင်မှုမျိူးကြုံဖူးလား အင်းပေါ့ သူလည်းကိုယ့်ကို သတိရတာမျိုး ဖြစ်နိုင်ပါတယ်။
1 495
ရှေ့လျှောက် တွယ်ကပ်နေတာမျိုးတွေ လုပ်ဖြစ်တော့မှာ မဟုတ်သလို ဘယ်သူ့ကိုမှ ဆွဲမထားဖြစ်လောက်တော့ဘူး ဝင်လာရင် welcome ထွက်သွားရင် good bye ပေါ့ ပြောင်းလဲသွားခြင်းတွေကို လက်ခံစပြုလာပြီ ဒီထက်ပိုပြီး တိတ်ဆိတ်သွားဖို့လည်းရှိတယ် ။
1 495
ချစ်တာနဲ့ကြိုက်တာက မတူဘူးလေ
ချစ်တယ်ဆိုတာ တစ်စုံတစ်ယောက်ကို ပျော်ရွှင်အောင်ထားတာ
ကြိုက်တာကတော့ ကိုယ်ပျော်ရွှင်ဖို့ပဲ
Z.Mee
1 495
ကိုယ်ပိုင်ဆိုင်တဲ့ တစ်စုံတစ်ယောက်ကို လုယူသွားမှာ ကြောက်နေရတာက အချစ်ဆိုရင်
ကိုယ်မပိုင်ဆိုင်တဲ့ တစ်စုံတစ်ယောက်ကို လုယူသွားမှာ ကြောက်နေရတာက ဝဋ်ကြွေးပေါ့
Z.Mee
1 495
လူတိုင်းမှာ မေ့လို့မရတဲ့ အချစ်ဦးတော့ ရှိခဲ့မှာပါ
မပိုင်ဆိုင်ရပေမဲ့ တိတ်တိတ်လေးတော့ချစ်ခဲ့တယ်။
အချစ်ဆိုတာ တစ်ခါတစ်လေနားလည်ရခက်တယ်
ပထမဆုံးဖြစ်ခဲ့ပေမယ့် နောက်ဆုံးထိ ဖြစ်ချင်မှဖြစ်မှာ
အချစ်ဦးက အချစ်ဆုံးဖြစ်ချင်မှဖြစ်မှာလေ၊ ဒါပေမဲ့လည်း
နောက်ဆုံးထိ အချစ်ဦးက ရင်ထဲတစ်နေရာမှာ အမြဲကျန်နေမှာပါ။ပထမဆုံးရင်ခုန်သံ အဖြစ်နဲ့ပေါ့…
Z.Mee
1 495
အများကြီးလည်းချစ်ခဲ့တာမို့
အများကြီး မျှော်လင့်ခဲ့မိတာပါ
အဲ့လောကိထိ နာကျင်ရမှန်းသိခဲ့ရင်
အစကတည်းက လက်လျှော့ခဲ့ပါတယ်
အဆုံးထိ အတူတူရှိမယ် ဆိုတဲ့ အိမ်မက်ကိုလည်း မက်ခဲ့မှာ မဟုတ်ပါဘူး……
1 495
မနက်ဖြန်ဆိုတာ ရှိပေမယ့် အဲဒီအနက်ဖြန်မှာ ကိုယ်ရှိချင်မှရှိမှာလေ၊ မသေချာမရေရာတဲ့ဘဝအတွက် ကိုယ့်စိတ်ကို အပင်ပန်းခံနေမယ့်အစား “ငါဒီနေ့ အကောင်းဆုံးလုပ်တယ် ဒါဆို ငါ့တာဝန်ကျေပြီ လောကြီးရေ….” ဆိုပြီး
ယုံကြည်မှုရှိရှိ ပြောကြည့်လိုက်ပါ။
တကယ့်စွမ်းရည်က မိမိစိတ်ပါ….
Z.Mee
1 495
ချစ်တတ်ခြင်းကလည်း မင်းနဲ့မှ
စွှန့်လွှတ်တတ်ခြင်းကလည်း မင်းနဲ့မှပါ
နာကျင်ရတယ်မလား…..
ကိုယ်မပိုင်တဲ့အရာကို ဖမ်းဆုပ်ထားရတာ။
ရှေ့တင်တော့ မင်းပျော်ရင်ရပါတယ်လို့
အပြုံးမပျက်ဘဲ ပြောခဲ့ပေမယ့်
ကွယ်ရာမှာတော့ “ငါဆိုတဲ့ကောင်က သူ့အတွက် အဲ့လောက်တောင် တန်ဖိုးမရှိတာလား။ ငါ့ကို နည်းနည်းလေတောင် ပြန်မကြည့်တော့ဘူးလား။”ဆိုပြီး အသဲကွဲမတတ် ခံစားနေရပေမယ့် ကိုယ်မှသူ့ကို လက်မလွှတ်နိုင်သေးတာ၊
ဆွဲထားရအုံးမှာပေါ့။
စွဲလမ်းခြင်းက နာကျင်ခြင်းဆိုလျှင်
စွန့်လွှတ်တတ်ခြင်းက အဖြေတစ်ခုပါ။
Z.Mee
1 495
ကိုယ့်မှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး
တစ်ခုက မင်းကို လက်လွှတ်ရမယ်၊
တစ်ခုက မင်းကို ထာဝရ ဆုံးရှုံးရမယ်။
မညီမျှတဲ့ ကံတရားကြီးကိုလည်း အပြစ်မတင်တော့ပါဘူး။
ကိုယ်ချစ်တဲ့သူပဲ ပိုင်ဆိုင်ချင်တာပေါ့၊
ဒါပေမယ့်လည်းလေ ဒါပေမယ့်လည်းပေါ့….
မင်းကို ဆုံးရှုံးရမှာထက်စာရင် ကိုယ်နာကျင်နေရတာက
ထိုက်တန်ပါတယ်။
နောင်တစ်ချိန် ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်လာရင်
မင်းကတော့ မင်းကိုလက်လွှတ်ခဲ့သူအဖြစ် မုန်းနေပေါ့
ကိုယ်ကတော့ အဝေးတစ်နေရာကပဲ လှမ်းကြည့်နေပါ့မယ်။
ကိုယ်ရင်းလိုက်ရတာ တနတယ်မို့လား
ဘာပဲဖြစ်ဖြစ် မင်းပျော်နေပြီပဲ
Z.Mee
1 495
မလိုပါဘူး……
တခြားတစ်ယောက်ရဲ့
ဂရုစိုက်မှုတွေထက်စာရင်
နင့်ဥပေက္ခာတွေက
ငါ့အတွက် ပိုချိုမြိန်လို့ပါ
Z Mee
1 495
မေ့ဖို့ကြိုးစားလေလေ ပိုလွမ်းလေပါပဲ
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ့်ဘဝကို နင်နားလည်နိုင်ပါ့မလား
ကိုယ်ချစ်ရတဲ့သူပဲ ပိုင်ဆိုင်ချင်တာပေါ့
ဒါပေမယ့်လည်းလေ….
ဒါပေမယ့်လည်းပေါ့…
အချစ်နဲ့ဘဝက အကြွေစေ့ပေါ်က
ခေါင်းနဲ့ပန်းလို အနီးဆုံးရှိနေပေမယ့်
ကျောချင်းကပ်နေခဲ့တော့လည်း….
