2 463
Obunachilar
-224 soatlar
-47 kunlar
+7830 kunlar
Postlar arxiv
ဒီနေ့အတွက်အတန်းအပ်လို့ရပါပြီရှင်🩵🌸
ထိရောက်သောသင်ကြားမူရရှိရေးအတွက် လူဦးရေကန့်သတ်ထားတာမို့ မြန်မြန်လေးစာရင်းလာသွင်းတော့နော်🤭🌸
https://t.me/learnandgrowwithsmartstart/298
အသုံးများတဲ့ Adverb of frequency လေးတွေပါ။ ဘယ်လိုအချိန်မျိုးမှာ သုံးလေ့ရှိလဲ။
နေ့တိုင်း အမြဲတမ်း 100% လုပ်လေ့ရှိတဲ့အရာတွေမှာ always ကို သုံးလေ့ရှိပါတယ်။
I run on the treadmill every day.
နေ့တိုင်းတော့မဟုတ်ဘူး ၊ တစ်ပတ်မှာ ခြောက်ရက်လောက် 90% လောက်လုပ်ဖြစ်တယ်ဆိုရင်တော့ usually ကို သုံးနိုင်ပါတယ်။
I usually wake up at 6 a.m.
(ပိတ်ရက်တွေမှာ ထချင်မှ ထမယ်၊ ဒါပေမယ့် တစ်ပတ်မှာ ငါးရက်လောက်၊ ခြောက်ရက်လောက် ထလေ့ရှိတယ်ဆိုရင် usually ကို သုံး)
Generally က ကျတော့ ယေဘူယျအားဖြင့် မှန်တဲ့အရာတွေကို ပြောချင်တဲ့အခါမှာသုံးလေ့ရှိပါတယ်။
စည်းမျဉ်းတစ်ခုအနေနဲ့ မဟုတ်ဘဲ အများစုအတွက် မှန်တတ်တယ် လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်။ (80%လောက်ပေါ့)
Usually Vs Generally
Usually= လူတစ်ယောက် ၊ နေ့စဥ်လုပ်ငန်း ၊ 90% လောက်လုပ်လေ့ရှိတဲ့အရာ
Generally= လူအများ၊ အချက်အလက်များ၊ 80% လောက်ပဲ
Generally, Students feel nervous before exams.
Often= မကြာခဏ ၊ များသောအားဖြင့်
Usually ထက်တော့နည်းတယ်၊ Sometimes ထက်တော့များတယ်(70%လောက်)
She often goes to the market.
Sometimes=တစ်ခါတလေ ၊ အချိန်အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိတာမျိုး(50%)
> often/usually
< rarely
I sometimes eat fast food.
Rarely(5%)
လုံးဝမလုပ်တာမျိုးမဟုတ်ဘဲ ၊ လုပ်ခဲသည့်အရာမျိုး။ ဆယ်ကြိမ်မှာ တသ်ကြိမ်လောက်ပဲလုပ်တယ်ဆိုတဲ့ဟာမျိုးမှာသုံးပါတယ်။
I rarely eat Junk food.
Never(0%)
လုံးဝ လုံးဝ တစ်ခါမှ မလုပ်ဖူးသည့်အရာမျိုးကို ပြောနိုင်ပါတယ်။
I never smoke.
Always → ~100%
Usually → ~80–90%
Generally → ~70–85%
Often → ~60–70%
Sometimes → ~40–60%
Rarely → ~5–10%
Never → 0%
🇹🇭 Thai Language Level 1 (Online Class) 🇹🇭
"ထိုင်းစာကို အခြေခံကစပြီး ထိုင်းလူမျိုးတစ်ဦးလို ကျွမ်းကျင်စွာ တတ်မြှောက်ပြောဆိုနိုင်ဖို့ Teacher Shwe Zin Maw နဲ့အတူ လေ့လာကြရအောင်"
Tr တို့ basic 100% free class အတန်း (၂) တန်း ဖွင့်လှစ်ပြီးခဲ့ပြီးဖြစ်တာကြောင့် ခုအားလုံးစောင့်မျှော်နေကြတဲ့ level တန်းလေး ဖွင့်လှစ်လိုက်ပါပြီရှင်❤️
သင်တန်းကြေး သက်သက်သာသာနှင့် ထိရောက်သောသင်ကြားမူရရှိစေရေးအတွက် လူဦးရေကန့်သတ်ထားပါတယ်ရှင်🌸
ဒါကြောင့်အမြန်သာအပ်လိုက်တော့နော်🩵
သင်တန်းပြီးဆုံးပါက certificate လေးလဲရရှိမှာဖြစ်ပါတယ်ရှင်🤗
✅ သင်တန်းအသေးစိတ်
📅 Duration:3 Months
🗓️Date :(Fri, Sat, Sun)
🕗 Time: 8 to 9:30 pm
🚀 Start Date: 13.2.2026
💻 Platform: Zoom (Live Online Class)
👩🏫 သင်ကြားမည့်သူ: Instructor Shwe Zin Maw
✨ သင်တန်းမှာ ဘာတွေသင်ကြားရမှာလဲ?
✅ဗျည်း၊သရများတတ်မြှောက်ပြီး
အခြေခံ စာဖတ်နည်း၊ စာရေးနည်းနှင့် ပေါင်းဖတ်နည်းများ။
✅နေ့စဉ်သုံး စကားပြောများနှင့် အသုံးဝင် ဝေါဟာရများ။
✅အသံမှန်မမှန်လေ့ကျင့်ပေးမှုများ။
အပတ်စဉ် အရေးအဖတ် အပြောတတ်မြှောက်မှုများ ပြုလုပ်ပေးခြင်း။ထိုင်းယဉ်ကျေးမှုနှင့် အတွေ့အကြုံများကိုပါ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
💳 အထူးအခွင့်အရေး: ငွေကြေးအခက်အခဲရှိသောကျောင်းသားကျောင်းသူများအနေဖြင့်
သင်တန်းကြေးကို (၂) ကြိမ်ခွဲသွင်းနိုင်ပါသည် (၁၅,၀၀၀ ကျပ် x ၂ ကြိမ်)။
📩 သင်တန်းအပ်နှံရန်
@Mariella8455 မှာလာရောက်စုံစမ်းနိုင်ပါပြီရှင်🌸
+1
ဒီအပတ်အတွက် level အလိုက်ဖတ်လို့ရမဲ့ စာအုပ်လေးတွေမျှဝေပေးလိုက်ပါတယ်ရှင်🩵🍀
Tr.Mariella
Level အလိုက် ဖတ်လို့ရမဲ့ စာအုပ်လေးတွေ တင်ပေးမယ်ဆိုရင်ရော ဖတ်ကြမလားကလေးတို့🥹❤️
Reading Skill တိုးတက်ဖို့ နည်းလမ်းကောင်းလေးများ 📚✨
Reading နဲ့ ပတ်သက်ပြီး ကျမ ကိုယ်တိုင်လည်း လိုက်နာဖြစ်သလို၊ အားလုံးအတွက်လည်း အကျိုးရှိမယ့် Tip လေးတွေကို Sharing လုပ်ပေးချင်ပါတယ်ရှင်။
📖 ၁။ Dictionary ကို ခဏဘေးဖယ်ထားပါ
စာဖတ်နေရင်း မသိတဲ့စာလုံးတွေ့တိုင်း အဘိဓာန် ချက်ချင်းလှန်တဲ့အကျင့်က စာဖတ်နှုန်းကို နှေးစေသလို စိတ်ပျက်ဖို့လည်း ကောင်းပါတယ်။ မသိတဲ့စာလုံးကို ရှေ့နောက်စာကြောင်းတွေ ကြည့်ပြီး အဓိပ္ပာယ် ခန့်မှန်းဖတ်ကြည့်ပါ (Context Clues)။ ဒီနည်းက မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။
💡 ၂။ ကိုယ်နှစ်သက်တာကို အရင်ရှာဖတ်ပါ
အင်္ဂလိပ်စာ တိုးတက်ချင်လို့ဆိုပြီး ခက်ခဲတဲ့ သတင်းစာတွေ၊ ဝတ္ထုရှည်ကြီးတွေကို အတင်းဖတ်စရာ မလိုပါဘူး။ ကိုယ်တကယ် စိတ်ဝင်စားတဲ့အကြောင်းအရာ (ဥပမာ- ချက်ပြုတ်နည်း၊ ခရီးသွားဆောင်းပါး၊ Beauty Tips) တွေကို အင်္ဂလိပ်လို ရှာဖတ်ကြည့်ပါ။ စိတ်ဝင်စားရင် ဖတ်ရတာ ပိုလွယ်ပါတယ်။
⏳ ၃။ တစ်နေ့ ၁၅ မိနစ် (Consistency)
တစ်ခါဖတ်ရင် အကြာကြီး ဖတ်တာထက် တစ်နေ့ကို ၁၅ မိနစ်ပဲဖြစ်ဖြစ် ပုံမှန်ဖတ်ပေးတဲ့အလေ့အကျင့်က Reading Skill ကို သိသိသာသာ တိုးတက်လာစေမှာပါ။
Reading လေ့ကျင့်နေသူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ✨💖
Tr.Eaint
+3
TikTok / Chatting English မှာ အသုံးများတဲ့ Wordsလေးတွေကို Tr.Eniddy နဲ့အတူလေ့လာကြရအောင်🍀
+5
Batch 2 Thai basic class လေးကတော့အောင်မြင်စွာပြီးဆုံးခဲ့ပါပြီရှင်🩵🌷
#lea@learnandgrowwithsmartstart
Question နဲ့ပတ်သတ်တဲ့ထိုင်းစကားလုံးလေးတွေလေ့လာရအောင်နော်😍
#lea@learnandgrowwithsmartstart
What are collocations?
Collocation ဆိုတာ ဘာလဲ။
Collocation ဆိုတာ စကားစုတစ်ခုထဲမှာ တွဲလျက်ပါတဲ့ စကားလုံးလေးတွေဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားပြောသူတွေ အတော်အများ အသုံးပြုကြပါတယ်။
Collocation က 'ခန့်မှန်းနိုင်ချေရှိတဲ့ စကားလုံးပေါင်းစပ်မှု' လေးတွေဆိုလည်း မမှားပါဘူး။ ဥပမာ မိုးသည်းထန်စွာရွာသည်ကို တီချယ်တို့ “heavey rain” လို့ဖတ်လို့ ရပေမဲ့ “strong rain” လို့ ပြောရင် မမှန်သလို တစ်မျိုးကြီး ခုနေတတ်ပါတယ်။ အဲ့လိုပဲ လေ့ကျင့်ခန်းလုပ်ပါကို “do exercise”လို့ပြောလို့ ရပေမဲ့ “make exercise” ဆိုပြီး မပြောကြပါဘူး။
ဒီလို Collocation တွေကိုတော့ တီချယ်တို့ Verbs (ကြိယာ)၊ Nouns (နာမ်)၊ Adverbs (ကြိယာဝိသေသန) နှင့် Adjectives (နာမဝိသေသန) စကားလုံး အမျိုးအစားတွေနဲ့လည်း ပေါင်းစပ်လို့ရပါတယ်။
Example Verb + Noun collocations လေးတွေ ကြည့်ကြည့် ရအောင်..
Common Verb + Noun Collocations (ကြိယာ + နာမ်)
• Have: have a bath, have a good time, have breakfast, have a break.
• Do: do nothing, do yoga, do housework.
• Make: make a mess, make a mistake, make dinner.
• Take: take a photo, take a shower, take a break, take a seat, take the bus.
• Go/Get: go shopping, go swimming, get married, get dressed
#Tr_YINN
+2
Let’s learn some idioms today!
Tr.May
#Sma@learnandgrowwithsmartstart #WeLearnTogether #wegrowtogether
ဒီနေ့အတွက်အတန်းအပ်လို့ရပါပြီရှင်🩵🌷
https://t.me/learnandgrowwithsmartstart/267?single
+7
အထူးသတင်းကောင်း! ၁၀၀% အခမဲ့ တက်ရောက်နိုင်မယ့် English Class လေးလာပါပြီ 📣
အင်္ဂလိပ်စာကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ Native Speaker တစ်ယောက်လို ယုံကြည်မှုရှိရှိ ပြောတတ်ချင်ပါသလား? 🤩
နိုင်ငံတကာ အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ Speaking Skill တွေ တိုးတက်စေဖို့ Smart Start ကနေ ၁၀၀% FREE ဖြစ်တဲ့ English Online Class လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ!
လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်!
သင်တန်းအပ်လိုပါက
@Mariella8455 မှာလာရောက်အပ်နှံနိုင်ပါပြီရှင်🩵
A1, A2, B1, B2, C1, C2 CEFR ဆိုတာဘာလဲ? 🤔
အဲဒါကတော့ (long form) Common European Framework of Reference for Languagesဖြစ်ပြီး (short form) CEFR လို့ ခေါ်ဝေါ်ကျပါတယ်💫
ပြီးတော့ ဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်ဘာသာ) ကို ကိုယ် ဘယ်လောက်ကျွမ်းကျင် ပြီးဘယ် Level မှာရှိနေတာလဲဆိုတာကို တိုင်းတာ သတ်မှတ်ဖို့အတွက် အသုံးပြုတဲ့ international method တစ်ခုပဲ ဖြစ်ပါတယ်။
👉ကိုယ့်ရဲ့ English Level ဘယ်Level လဲဆိုတာ သိရင်
Comment မှာ ပြောပြကြရအောင်နော်👇😊
အကယ်၍ကိုယ့်ရဲ့levelကိုမသိရင် *British council score * application လေးကို Dowload ပြီး အခမဲ့ စစ်ကြည့်လို့ရပါတယ်နော်🧐✨EF set wedisite မှာလဲfree စစ်ပြီးcertificateလဲ အခမဲ့ရယူနိုင်ပါတယ်နော်...
👉📌https://play.google.com/store/apps/details?id=com.englishscore
👉📌https://www.efset.org/
#Sma@learnandgrowwithsmartstart #WeLearnTogether #wegrowtogether
+4
Let's study some phrasal verbs!🍃
Tr.May နဲ့အတူ phrasal verb လေး (၅) လုံးလေ့လာကြရအောင်နော်❤️
#Sma@learnandgrowwithsmartstart #WeLearnTogether #wegrowtogether
