2 465
Obunachilar
-224 soatlar
-47 kunlar
+7830 kunlar
Postlar arxiv
+2
Thingyan နဲ့ပတ်သတ်တဲ့ reading လေးတွေနဲ့ vocabulary အချို့ကိုလေ့လာရအောင်💛
ဒီ 4လပိုင်းထဲ free class လေးတွေ ထပ်ဖွင့်ပေးသွားပါမယ်နော်❤️
သင်ကြားပေးမည့်ဆရာ/ဆရာမတွေကလဲ စေတနာထားပြီး မိမိအားတဲ့ချိန်လေးမှာ ပညာဒါန လေးတွေလုပ်ပေးတာဖြစ်သည့်အတွက် တန်ဖိုးထားလေးစားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🌸
သင်တန်းjoin ပြီးဆုံးအောင်မတက်သည့် ကလေးတွေအရမ်းများလာတာကြောင့်
နောက်ထပ်ဖွင့်မည့် free class တိုင်းကို ပြီးဆုံးအောင်မတက်ပါက
Smart Start မှာ အပြီးအတိုင် ban မှာဖြစ်ပါတယ်ရှင်
လူတိုင်းခက်ခဲနေချိန်မှာ quality ရှိတဲ့ Free class တွေ ဖွင့်လှစ်သွားနိုင်အောင် ထပ်ကြိုးစားပေးပါမယ်ရှင်🌸
+1
Present Tense နဲ့သက်ဆိုင်တဲ့ exercise လေး ဖြေကြည့်ပါဦးနော်🌸
ဖြေကြည့်ပြီးဘယ်နှစ်မှတ်ရတယ်ဆိုတာလေးလဲမန့်ခဲ့ဦးနော်❤️
ကဲကဲ ဖြေကြည့်ရအောင်💗
What is a synonym for the word "Meticulous"?
Hello everyone 🍀
ယူတို့ Tr ပြန်လာပါပြီရှင် 🌸
Sharing လေးတွေရော အတန်းအသစ်လေးတွေရော ဖွင့်ပေးဖို့ရှိပါတယ်နော် ❤️
Tr.Mariella သင်ကြားတဲ့ အတန်းလေးတွေ Exam လေးရှိလို့ ပိတ်ထားပါမယ်ရှင်
ပညာဒါနအတန်းလေးတွေကိုလဲ exam ပြီးတာနဲ့ထပ်ဖွင့်ပေးပါမယ်ရှင့်
Certificate လေးတွေပေးရမဲ့အတန်းလေးကိုလဲ ပြီးတာနဲ့တင်ပေးပါ့မယ်နော်❤️
နောက်လာမဲ့အတန်းလေးတွေလဲ စောင့်ပေးပါဦးနော်
+1
ကိုယ့်ရဲ့ English level ကို prove လုပ်ဖို့ဆိုရင်
အခုထိ vocabulary တွေကို အလွတ်ကျက်နေရတုန်းပဲလား? 🤔
ဒါဆိုရင်တော့ Reading (စာဖတ်ခြင်း) အလေ့အကျင့် ကို ပြောင်းလဲအသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်။
✨ စာဖတ်ခြင်း က စာလုံးအသစ်တွေကို အလွတ်ကျက်စရာမလိုဘဲ
စာကြောင်းထဲမှာ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို အလိုအလျောက် နားလည်လာစေပါတယ်။
ဒါ့အပြင် Grammar structure တွေကိုပါ ပုံပြင်တွေ၊ စာပိုဒ်တွေထဲကနေတစ်ဆင့်
သဘာဝကျကျ ရင်းနှီးလာစေပါတယ်။
ဒီလို Worksheet လေးတွေ ကို အသုံးပြုပြီး
ကိုယ့်ရဲ့ နားလည်နိုင်စွမ်း (comprehension) ကို အိမ်မှာတင် လေ့ကျင့်လို့ရပါတယ်။
နေ့စဉ် အနည်းငယ်စီ လေ့ကျင့်သွားရုံနဲ့
Reading Skill က တစ်နေ့ထက်တစ်နေ့ ပိုပြီး ခိုင်မာလာမယ်ဆိုတာ အသေအချာပါပဲ
Tr.Jeremy
ကိုယ့်ရဲ့ English level ကို prove လုပ်ဖို့ဆိုရင်
အခုထိ vocabulary တွေကို အလွတ်ကျက်နေရတုန်းပဲလား? 🤔
ဒါဆိုရင်တော့ Reading (စာဖတ်ခြင်း) အလေ့အကျင့် ကို ပြောင်းလဲအသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်။
✨ စာဖတ်ခြင်း က စာလုံးအသစ်တွေကို အလွတ်ကျက်စရာမလိုဘဲ
စာကြောင်းထဲမှာ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို အလိုအလျောက် နားလည်လာစေပါတယ်။
ဒါ့အပြင် Grammar structure တွေကိုပါ ပုံပြင်တွေ၊ စာပိုဒ်တွေထဲကနေတစ်ဆင့်
သဘာဝကျကျ ရင်းနှီးလာစေပါတယ်။
ဒီလို Worksheet လေးတွေ ကို အသုံးပြုပြီး
ကိုယ့်ရဲ့ နားလည်နိုင်စွမ်း (comprehension) ကို အိမ်မှာတင် လေ့ကျင့်လို့ရပါတယ်။
နေ့စဉ် အနည်းငယ်စီ လေ့ကျင့်သွားရုံနဲ့
Reading Skill က တစ်နေ့ထက်တစ်နေ့ ပိုပြီး ခိုင်မာလာမယ်ဆိုတာ အသေအချာပါပဲ
Tr.Jeremy
နှစ်ကူးမှာပြောလို့ရမဲ့ ဝေါဟာရတွေ စကားစုလေးတွေလေ့လာကြရအောင်နော်🙈❤️
နှစ်ကူးမှာလဲ မုန့်ဖိုးတွေအများကြီးရကြပါစေရှင်❤️
What are phrasal verbs?
Phrasal verb တွေဆိုတာဘာလည်း?
- Verbတစ်ခုနဲ့ particles( adverb or preposition) တစ်ခု ဒါမှမဟုတ် တစ်ခုထပ်ပိုပြီး ပေါင်းထားတဲ့ စာလုံးတွေကို ပြောတာဖြစ်ပါတယ်။ Verb တွေ particleတွေ မှာသူတို့အတွက် သက်သက် meaningရှိပေမဲ့ နှစ်ခု ပူးထားရင်တော့ phrasal verbအနေနဲ့ အဓိပ္ပာယ်ပြောင်းသွားပါတယ်။
ဉပမာ: run into
Run ကပြေးတာဆိုပေမဲ့ run into + somebody ဆိုပြီးပေါင်းရေးလိုက်မယ်ဆိုရင်တော့အဓိပ္ပာယ်ကပြောင်းသွားပြီ။
E.g., I ran into Steve in the supermarket the day before.
(ဒီနေရာမှာ run into က “ပြေးတာ” မဟုတ်တော့ပဲ ”မထင်မှတ်ပဲတွေ့တာ” လို့ပြောင်းသွားပြီ) ။
Phrasal verbs တွေနဲ့ပတ်သတ်ပြီး သိထားရမဲ့နောက်တစ်ခုက သူတို့ကခွဲရေးလို့ရတဲ့
( Transitive and separable) နဲ့ ခွဲရေးလို့မရတဲ့ ( Transitive and inseparable ) ဆိုပြီးနှစ်မျိုးရှိပါတယ်။
P.s တစ်ကယ်တော့နှစ်မျိုးထဲရှိတာမဟုတ်ဘူး BUT, we’ll save it for later ;)
Transitive and Separable
- ဒီလို phrasal verbတွေက object ကို particle ရဲ့နောက်မှာလည်းထားလို့ရတယ်ဒါမှမဟုတ် verb နဲ့ particleရဲ့ကြားမှာလည်းထည့်ရေးလိုက်လို့ရတယ်။
ဉပမာ: We brought up this child.
Sbj + Verb+Particle + object
We brought this child up.
Sbj + Verb + Object + Particle
Transitive and Inseparable
- ဒီဟာတွေကိုကြတော့ object ကိုနေရာခွဲလို့မရဘူး particle ရဲ့အနောက်မှာပဲနေရပါမယ် verbနဲ့ particle ကိုလည်းလုံးဝခွဲရေးလို့မရပါဘူး.
ဉပမာ: I love tea. I can’t do without it. ( do it without ဆိုလုံးဝမှားပါတယ်).
Phrasal verbတွေအကြောင်းကိသိပြီးပြီဆိုတော့ phrasal verbအသစ်နည်းနည်းလေ့လာကြရအောင်
Transitive and Separable
-Carry out ( to act upon/ ဆောင်ရွက်သည်)
Used for tasks, duties, or experiments.
The scientists carried the experiment out.
The scientist carried out the experiment.
- Call of (to cancel/ ဖျက်သိမ်းသည်)
Used for meetings, events, or weddings.
The football match was called off due to the heavy rain.
T-Think over (To consider carefully/စဉ်းစားချင့်ချိန်သည်)
Used when thinking about a decision before making it.
She thought over the contract before signing it.
She thought the contract over before signing it.
Transitive and Inseparable
-Come across ( To find by chance/ တိုက်တိုက်ဆိုင်ဆိုင်ရှာတွေ့သည်)
Use this when you weren't looking for something, but it "appeared." It’s about luck or coincidence.
I came across this piece of news while I was surfing the internet.
-See to ( Attend to, take care of/ စီစဉ်ပေးသည် / ကိုင်တွယ်ဖြေရှင်းသည်)
Use this when there is a problem, a task, or a person that needs attention. It implies "I will handle it so you don't have to."
Don’t bother cooking, I’ll see to it.
-Go over (To review / Examine carefully/ပြန်လည်သုံးသပ်သည် / ပြန်စစ်သည်)
Use this for accuracy or learning. It’s about repetition to ensure there are no mistakes.
Hello class, we’ll go over unit-6 today, so please turn to page number sixty-seven.
#Tr_ThawZin
ဒီနေ့တော့ kanji redical တူရာစုလေးတွေ sharing လုပ်ပေးချင်ပါတယ်ဗျ
1.言う いうပြောသည်
2.話す はなすစကားပြောသည်
3.語 ご ဘာသာစကား
4.読む よむ စာဖတ်သည်
5.信じる しんじる ယုံကြည်သည်
6.調べる しらべる ရှာဖွေစုံစမ်းသည်
7.説 せつ ရှင်းပြချက်
8.識 しきသိထားခြင်း
9.計る はかる တိုင်းတာသည်
10.認める みとめる အသိမှတ်ပြုသည်
11.試す ためす စမ်းသပ်သည်
12.許す ゆるす ခွင့်လွှတ်သည်
13.警 けい ရဲ
1⒋誤まる あやまる မှားယွင်းသည်
15.誓う ちかう တိုင်တည်သည်
16.訳す やくす ဘာသာပြန်သည်
17.課 か ငှါန
18.訓 くんလေ့ကျင့်ပေးခြင်း
19.議 ぎ ဆွေးနွေးတိူင်ပင်ခြင်း
20.診る みる စမ်းသပ်ကုသသည်
Crd 先生 tskimi
